Saturday, March 30, 2013

SSPP/SSA အား အစိုးရ စစ်ဆင်နေ

(ရွှေဟင်္သာသတင်းဌာန)


ယမာန်နေ့ ညနေပိုင်း အချိန်တွင် ရှမ်းပြည် မြောက်ပိုင်း၊ တန့်ယန်းမြို့ နယ်ရှိ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့တို့ တပ်ဖွဲ့တို့သည် လွယ်လန်း နှင့် လွယ်စေး တောင်ကြော တဝိုက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု အဖွဲ့၏ ပြော ခွင့်ရ ဗိုလ်မှူး စိုင်းလက ဆိုပါသည်။

“မတ်လ ၂၃ ရက်နေ့ ကတည်းက အဲဒီတောင်ကုန်း၂ ခုကို သူတို့ တပ်ဖွဲ့တွေ တက်တိုက်နေတာ မတ်လ ၂၅ ရက်နေ့ကျမှ နယ်မြေ ရှင်းမယ် ဆိုတာ အကြောင်းကြားလာပြီး ၂၆ ရက်နေ့အထိ ဆက်တိုက် ပြန်တယ်။ (၂၇) ရက်နေ့မှာ တရက်နား ပြီးတော့ ၂၈ ရက်နေ့ (၂) နာရီခွဲလောက်မှာ ပြင်းပြင်း ထန်ထန် လာတိုက်ပြန်တယ်။” ဟု ဆိုပါ သည်။

Thursday, March 28, 2013

SSA မြောက်ပိုင်း တပ်စခန်း ၂ ခု အစိုးရတပ်က ဖယ်ရှားခိုင်း

(ဧရာဝတီ)


ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ၏ လွယ်လန်းနှင့် လွယ်စေး တပ်စခန်း ၂ နေရာမှ ခေတ္တ ဖယ်ရှားပေးရန် အစိုးရတပ်က ပြောကြား ထားသော်လည်း ဆုတ်ခွာပေးမည်မဟုတ်ကြောင်း သတင်းရရှိသည်။

ယင်း တပ်စခန်း ၂ နေရာမှ ခေတ္တ ရှောင်ခွာပေးရန် အရှေ့မြောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်စိုးက ယခုလ ၂၅ ရက်နေ့က လားရှိုးမြို့နယ်ရှိ ရွှေလီရိပ်သာတွင် SSA မြောက်ပိုင်း တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စိုင်းထူး ဦးဆောင်သော ကိုယ်စားလှယ် ၃ ဦးနှင့် တွေ့ဆုံခဲ့စဉ် ပြောကြားခဲ့ကြောင်း၊ ၎င်းတို့၏ တပ်စခန်း အနီးအနား တွင်လည်း အစိုးရတပ် စစ်အင်အား တိုးချဲ့ထားကြောင်း SSA မြောက် ပိုင်းမှ ဗိုလ်မှူး စိုင်းလက ဧရာဝတီသို့ ပြောသည်။

တအာင်း ဘုံစာပေ ယဉ်ကျေးမှု နှင့် တအာင်း အမျိုးသား တော်လှန်ရေး

(ရွှေဟင်္သာသတင်းဌာန)


တအာင်း (ပလောင်) ဘုံစာပေနှင့် ယဉ်ကျေးမှု တစ်ရပ် ဖြစ်ပေါ်လာရေး အတွက် ပြီးခဲ့သည့် မတ်လ (၂၆) ရက်နေ့တွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ(၁၀) ကြိမ်မြောက် တအာင်း စာပေ ယဉ်ကျေးမှု ညီလာခံနှင့် ရွှေဖီလက်ဖက် ရာသီပွဲတော်ကို ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ် တွင် ကျင်းပ ပြီးစီးခဲ့ကြောင်း ညီလာခံ ဖြစ်မြောက်ရေး ဥက္ကဌ တာဝင် ကျော်က ပြောသည်။

ထို ညီလာခံနှင့် ပွဲတော်တို့သည် မတ်လ ၂၃ ရက်နေ့မှ ၂၆ ရက်နေ့ အထိ ကျင်းပ သွားခဲ့ပြီး တအာင်း တိုင်းရင်းသားများ တသောင်း ကျော် တက်ရောက် ခဲ့သည်။ ဤညီလာခံတွင် တအာင်း အမျိုးသားများ အတွက် ဘုံ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုများ သတ်မှတ်ရေး အတွက် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်သည်။

Wednesday, March 27, 2013

နယ်မြေ ရှင်းလင်းရေး တိုက်ပွဲ ဆင်နွှဲရန် အစိုးရ အကြောင်းကြား

(ရွှေဟင်္သာသတင်းဌာန)
 
လက်နက်ကိုင် တိုင်းရင်းသားများ တပ်စွဲထားသည့် ဒေသအား နယ်မြေ ရှင်းလင်းရေး တိုက်ပွဲများ စတင် ဆင်နွှဲမည်ဟု အရှေ့ မြောက်တိုင်း (ရမခ) တိုင်းမှူးက ယမာန်နေ့တွင် ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA အား ပြောကြား သွားခဲ့ကြောင်း အဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလက ပြောသည်။

“ တိုင်းမှူး ဗိုလ်ချုပ် အောင်စိုး က ကျနော်တို့ ရှိတဲ့ နေရာတွေကို နယ်မြေ ရှင်းလင်းရေး လုပ်ရမယ်လို့ မနေ့က ပြောလာတယ်။ တန့်ယန်းမြို့နယ်မှာ ရှိတဲ့ SSA တပ်မဟာ (၃၆) လက်အောက်ခံ တပ်ရင်း (၁၉၂) လွယ်လန်းတောင် တပ်စခန်းနှင့် လယ်စေးတောင် တပ်စခန်း (၂) နေရာကို စတင် ရှင်းတော့မှာ ဖြစ်တယ်၊ တိုက်ပွဲ မဖြစ်ချင် ရင်တော့ အဆင်သင့် ဆုတ်ထား ပေးပါဟု ပြောကြား ထားကြောင်း” ဆိုပါသည်။

KNU နယ်မြေတချို့တွင် အခွန်လျှော့ကောက်

(ဧရာဝတီ)

အစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီး နောက်ပိုင်းမှစတင်ကာ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်း ချုပ်နယ်မြေတချို့ရှိ ဒေသခံများထံမှ အခွန်များ လျှော့ချ ကောက်ခံလျက်ရှိကြောင်း KNU စစ်ဦးစီးချုပ်က ပြောသည်။

“တပ်မဟာ ၇ နယ်မြေထဲမှာ အခွန်တွေကို လျှော့ချလိုက်ပါပြီ။ အရင်က လယ် ၁ ဧကကို စပါး ၅ တင်း ကောက်တာကနေ၊ အခု ၃ တင်း ခွဲပဲ ကောာက်တော့တယ်” ဟု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ပြောသည်။

ကိုယ်ပိုင် ပြည်နယ်ရရှိရေး UWSA ဆက်ကြိုးပမ်းမည်

(ဧရာဝတီ)

ရှမ်းပြည်နယ်အတွင်း အခြေစိုက်ထားသည့် “၀ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော်(UWSA) အနေဖြင့် ကိုယ်ပိုင် ပြည်နယ် ရရှိရေး ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။

 “ကျနော်တို့ ကိုယ်ပိုင် ၀ပြည်နယ် တောင်းဆိုနေတာ ၁၉၈၉-၉၀ ငြိမ်းချမ်းရေးယူ ကတည်းကပါ၊ ဒါပေမယ့် အစိုးရဘက်ကတော့ အခု ချိန်အထိ တုံ့ပြန်မှု မရှိသေးပါဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံမှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းလို့ ပါလာတယ်”ဟု UWSA ၏ ပြောခွင့် ရသူ ဦးအောင်မြင့် က ဧရာဝတီကို ပြောသည်။

အစိုးရနှင့် အပစ်ရပ် ဆွေးနွေးနိုင်ရေး ညှိနှိုင်းမှု ပလောင်အဖွဲ့ အဖြေ မရသေး

(Mizzima)

ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) နှင့် အစိုးရ ကိုယ်စားလှယ် တို့အကြား ပထမဆုံး အကြိမ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ပြုလုပ်နိုင်ရန် ဝန်ကြီး ဦးအောင်မင်း မှ တာဝန်ပေးအပ်ထားသည့် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသော်လည်း ဆုံးဖြတ်ချက် မချမှတ် နိုင်သေးကြောင်း PSLF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူး မိုင်ဘုန်းကျော်မှ ပြောသည်။

“ဦးအောင်မင်း တာဝန် ပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လူတွေနဲ့ ဆွေးနွေးညှိနှိုင်း
နေတာပါ၊ နာမည် ထုတ်ပြောဖို့တော့ ခက်ပါသေးတယ်၊ အဓိက ကတော့ တွေ့ကြမယ့် နေရက် အချိန်တွေ၊
နေရာတွေကို ညှိနေတာပါ၊ အခုချိန် ထိတော့ ဘာမှ ရေရေရာရာ သဘောတူတာတော့ မရှိသေးပါဘူး” ဟု ဗိုလ်မှူး မိုင်ဘုန်းကျော်မှ မဇ္ဈိမအား ပြောသည်။

Tuesday, March 26, 2013

သျှမ်းပြည် သစ်တော၊ သယံဇာတ ထုတ်ယူမှုအားလုံး RCSS/SSA ပိတ်တော့မည်



သျှမ်းပြည်ထွက် သယံဇာတများဖြစ်သော သစ်တော၊ သတ္တုတွင်းထွက် ပစ္စည်းများတူးဖော်ခြင်းနှင့် လူထုအတွက် အကျိုးယုတ်စေသည့် စီမံကိန်းများအား RCSS ထံခွင့်ပြုချက်ရယူခြင်းမရှိ က အားလုံးပိတ်ပင် တော့ မည်ဟုဆိုသည်။

 “ကျနော်တို့ သျှမ်းပြည်မှာသစ်ထုတ်တဲ့ ကုမ္ပဏီတွေ၊ သတ္တုတူးဖေါ် နေတဲ့ ကုမ္ပဏီတွေကြောင့် လူထုဘ၀ ရှင်သန်ရပ်တည်ဖို့ အနှောင့် အယှက်ဖြစ်တယ်။ သောက်ရေထွက်ရာကို သစ်တောတွေ ခုတ်လိုက် တော့ နွေဘက်ဆို ရေက သုံးဖို့မရှိဘူး။ တာချီလိတ် တာလေဘက်ဆိုလဲ ရွှေတူးဖေါ် ရေး ကုမ္ပဏီတွေကြောင့် လယ်သမားတွေ လယ်လုပ်လို့မရ ဘူး၊ အဲဒါကြောင့် ကျနော်တို့က ဟန့်တားသွားမှာဖြစ်ပါတယ်” - ဟု ပြောခွင့်ရ စိုင်းဆိုင်မိန်းက သျှမ်းသံတော်ဆင့်အား ပြောသည်။

Monday, March 25, 2013

လက်နက်ကိုင် ဝ,အဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆို

(Mizzima)


ဝ,ပြည် သွေးစည်းညီညွတ်ရေး ပါတီ/တပ်မတော် (UWSP/UWSA)မှ ကိုယ်စားလှယ် တဦးက ဝ,ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် တောင်းဆိုကြောင်း  Shan Herald Agency for News (SHAN) သတင်းတရပ်တွင် ဖေါ်ပြထားသည်။

UWSA မှ ပြင်ပဆက်ဆံရေးဆိုင်ရာ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ရှောင်ဆမ်ကွန် (Xiao Samkun)က လားရှိုးမြို့တွင် တွေ့ဆုံဆွေးနွေးနေကြသည့် ရှမ်း-ကယား ယုံကြည်မှု တည်ဆောက်ရေး ကွန်ဖရင့်တွင် မတ်လ ၂၁ ရက်နေ့က ပြောကြားခြင်း ဖြစ်သည်။

စစ်ရေး ထိန်းချုပ်နယ်မြေ သတ်မှတ်ရန် RCSS/SSA တောင်းဆို


မတ်လ (၂၅) ရက်နေ့၊ ရွှေဟင်္သာသတင်း ဌာန

အစိုးရအား စစ်ရေး ထိန်းချုပ် နယ်မြေများ သတ်မှတ် ပေးရန် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ပါတီ RCSS/SSA အဖွဲ့မှ တောင်းဆိုစာ ရေးသား ပေးပို့ ထားပြီး ဖြစ်ကြောင်း  အဖွဲ့၏ ပြောခွင့်ရသူ ဗိုလ်ကြီး စိုင်းမိန်က ဆိုပါသည်။

 “ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ဦးအောင်မင်းနဲ့ ကျနော်တို့ အဖွဲ့ ခေါင်းဆောင် ထိုင်းနိုင်ငံမှာ တွေ့စဉ်က ရယူထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ကို မပျက်စီး စေရန်နှင့် နှစ်ဖက်စလုံး ထိန်းသိမ်း လုပ်ဆောင် ကြရန် ဦးအောင် မင်းက ပြောကြား ထားတယ်လေး။ အဲဒါကြောင့် အခုဖြစ်ပေါ်နေတဲ့ တိုက်ပွဲ အားလုံး ကိစ္စဟာ အစိုးရ ဘက်ကဘဲ စပြီး ချိုးဖောက် နေတာကို တွေ့ရတယ်။ ဒါကြောင့် နယ်မြေ သတ်မှတ်ရေး ဆွေးနွေးပွဲကို တောင်းဆိုရခြင်း ဖြစ်တယ်။” ဟု ဆိုပါသည်။

“ယုံကြည်မှုမရှိလို့ ယုံကြည်မှု တည်ဆောက်နေတယ်”

(ဧရာဝတီ)

ရှမ်းပြည် တိုးတက်ရေး ပါတီ(SSPP/SSA) သည် ၂၀၁၂ ခု ဇန်န၀ါရီ ၂၈ ရက်တွင် နိုင်ငံတော်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးပြီး လက်ရှိ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်နေစဉ် ကာလတွင် ၂၀၁၃ ခုနစ် ဖေဖော်ဝါရီက စပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေခြင်းများနှင့် ပတ်သက်ပြီး SSPP/SSA နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင် အား ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ် က တွေ့ဆုံ မေးမြန်းထားပါသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင် သည် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ် လားရှိုးမိုတယ်တွင် ရှမ်းပြည်နယ်နှင့် ကယား ပြည် နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် အဖွဲ့များ၏ မတ်လ ၂၀ ရက် မှ ၂၂ ရက်အထိ ကျင်းပသော ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ဖြစ်သည်။

မေး။     ။ ယုံကြည်မှုကို တည်ဆောက်နေတဲ့အချိန်မှာ တဖက်ကလည်း စစ်ဖြစ်နေတဲ့အပေါ် ဒု ဗိုလ်ချုပ်ကြီး ဦးဆေထင် အနေနဲ့ ဘယ်လို မြင်လဲ။

အခြေခံဥပဒေ ပြင်ဆင်ရေး တိုင်းရင်းသားအဖွဲ့များ ဆွေးနွေး

(ဧရာဝတီ)

ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲရန် လိုအပ်ကြောင်း ရှမ်းပြည်နယ် လာရှိုးမြို့တွင် ကျင်းပသော “ငြိမ်းချမ်းရေးအတွက် ယုံကြည်တည်ဆောက်မှု ဆွေးနွေးပွဲ (ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်)” တွင် ထည့်သွင်းဆွေးနွေးကြကြောင်း သိရသည်။

မတ်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပသော ယင်းအစည်းအဝေးသို့ တက်ရောက်သည့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် တိုင်းရင်းသားပါတီများက ၂၀၀၈ ဖွဲ့စည်းပုံ အခြေံ ဥပဒေကို ပြင်ဆင်ရေးဆွဲရန်နှင့် ပင်လုံစိတ်ဓာတ်ကို အခြေခံသည့် ညီလာခံ တရပ်ဖြစ်လာစေရန် ကြိုးစားသွားကြမည်ဟု ပြောဆိုကြသည်။

လားရှိုးငြိမ်းချမ်းရေး သတင်းစာရှင်းလင်းပွဲမှ အမေးအဖြေ



သျှမ်းပြည် မြောက်ပိုင်းလားရှိုးမြို့တွင် ကျင်းပသော သျှမ်းပြည်နယ် ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲအား မတ်ခ်ျလ ၂၀ မှ ၂၂ ရက်အထိ ၃ ရက်ကြာကျင်းပရာ အစည်း အဝေးတက်ရောက်သည့် နိုင်ငံရေးပါတီ ၁၀ ပါတီနှင့် လက် နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့ရှိကြောင်း သိရသည်။ ထို့အပြင် လေ့လာသူ အဖြစ် တက်ရောက်လာသည့် ပြင်ပအဖွဲ့အစည်း ၂၂ ဖွဲ့ရှိကြောင်းလည်း သိရသည်။ အစည်းအဝေး နောက်ဆုံးရက်ဖြစ်သော မတ်လ ၂၂ ရက် ၄ နာရီမှ ၄ နာရီ မိနစ် ၅၀ ခန့်အထိ သတင်းစာရှင်း လင်းပွဲ နှင့်အတူ သဘော ထားထုတ်ပြန်ကြေငြာချက် ၆ ချက်ကိုထုတ်ပြန်ခဲ့သည်။

သတင်းစာရှင်းလင်းပွဲ တက်ရောက်လာသည့် သတင်းသမားများ၏ မေးမြန်းချက်များနှင့် ပွဲဖြစ်မြောက်ရေး ကော်မတီအဖွဲ့မှ သက်ဆိုင်ရာ တာဝန်ရှိပုဂိုလ်များ၏ ဖြေကြားချက်များကို အောက်ပါအတိုင်း တင်ပြ လိုက် ပါသည်။

Friday, March 22, 2013

သျှမ်း(မြောက်)တိုက်ပွဲဧရိယာ၌ မြန်မာစစ်သားများ နေ့စဉ်ရက်ဆက် တပ်ပြေးနေ


သျှမ်းသံတော်ဆင့်

ယခုနှစ်ဆန်းမှစ၍ သျှမ်းပြည်မြောက်ပိုင်း၌ SSPP/SSA နှင့်တိုက်ပွဲများဖြစ်ပွါးခဲ့သည့်နောက်ပိုင်း ထိုးစစ်ဆင်နေသည့် မြန်မာစစ်တပ်မှ တပ်သားများ ဆက်တိုက်တပ်ပြေးနေကြောင်း သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။


မိဘများနှင့်အတူ တွေ့ရသော မြန်မာ့တပ်မတော်မှကလေးစစ်သား (Photo: Uzo)

သဘောတူညီချက်များဖြင့် ရှမ်းနှင့် ကယား ညီလာခံ ပြီးဆုံး



(Mizzima)
 
တိုင်းရင်းသားအားလုံး၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရန် သို့မဟုတ် အခြေခံ ဥပဒေအသစ်တရပ် ရေးဆွဲရန်၊ ပင်လုံညီလာခံကို အခြေခံသော ညီလာခံကြီး တရပ် ကျင်းပသွားရန်တို့ အပါအဝင် အချက် ၄ ချက်ကို ရှမ်းနှင့် ကယား ညီလာခံ တက်ရောက်လာသော ကိုယ်စားလှယ်များ သဘောတူလိုက်ကြသည်။

လားရှိုးမြို့ရှိ လားရှိုးမိုတယ်တွင် ကျင်းပသော ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်မှ နိုင်ငံရေပါတီများနှင့် လက်နက် ကိုင် အဖွဲ့အစည်းများ၏ “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် သုံးရက်ကြာ ညီလာခံ ကျင်းပ အပြီးတွင် သောကြာနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ထိုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“ရည်မှန်းချက်က ကိုယ်ပိုင် အုပ်ချုပ်ရေး ပြည်နယ် ပေးဖို့ပါပဲ”



ရှမ်းပြည်နယ် မြောက်ပိုင်းလားရှိုးမြို့တွင် ကျင်းပသည့် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲသို့ လာရောက်လေ့လာသည့် မြန်မာနိုင်ငံ အထူးဒေသ ၂  “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) မှ ပြည်ပ ဆက်ဆံရေး ဒု – ဌာနကြီးမှူး ဦးဆမ်ခွန်းအား ၎င်းတို့ UWSA ၏ လက်ရှိ လုပ်ဆောင်ချက်၊ အစိုးရအပေါ် အမြင်နှင့် ၎င်းတို့၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။    ။ လက်ရှိ UWSA အနေနဲ့ လုပ်ဆောင်ချက်တွေကို ပြောပြပေးပါ။

အခြေခံ ဥပဒေသစ်ရေးဆွဲရန်သာ ဆန္ဒရှိကြောင်း လားရှိုးညီလာခံတက်ရောက်သူများပြော


သျှမ်းသံတော်ဆင့်
 
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း သျှမ်းပြည်နယ်-ကယားပြည်နယ် ဆွေးနွေးပွဲ၌ တက်ရောက်လာကြသူများက ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ပြန်လည်ရေးဆွဲရန်သာ ဆန္ဒရှိကြ ကြောင်း သိရှိရပါသည်။

“ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ကို ပြင်ဖို့တော့ အသံသိပ်မထွက်ကြဘူး။ ပြင်တာဟာ အသစ်ပြန်ရေးတာ ထက် အချိန်ပိုကြာတယ်။ အဲဒါကြောင့် အစကနေ ပြန်ရေးဖို့က အသံပိုထွက်ကြတယ်။ ခွန်ထွန်းဦးက မျက်နှာဖုံး ကိုပါ ပြောင်းသင့် ပြောင်းရမယ်လို့ပြောတယ်။ ဆိုလိုတာက အသစ်ရေး ဖို့ဘဲ” ဟု ညီလာခံ တက်ရောက်သူတစ်ဦးက ပြောသည်။

၂၀၁၅ တွင် ချင်းပြည်နယ် အစိုးရဖွဲ့နိုင်ရန် ချင်းပါတီနှစ်ခု ပူးပေါင်းတော့မည်

(ဧရာဝတီ)


လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရန် အတွက် ချင်းအမျိုးသားပါတီ (CNP) နှင့် ချင်းတိုးတက်ရေးပါတီ (CDP) တို့ ပူးပေါင်း၍ ပါတီတခုအဖြစ် ရပ်တည်သွားရန် အတည်ပြုလိုက်ပြီဖြစ် ကြောင်း (CNP) မှ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင် က ဧရာဝတီသို့ ပြောသည်။

ချင်းပြည်နယ် အစိုးရဖွဲ့နိုင်ရန် ပါတီ ၂ ခု အင်အားပူးပေါင်း၍ ကြိုးစားသွား မည်ဖြစ်ပြီး ပြည်နယ်အစိုးရ ဖွဲ့စည်းလိုခြင်းနှင့် ပတ်သတ်၍ ဆလိုင်းကျဲအို ဘိခ်ထောင်က “ချင်းပြည်နယ်အကြောင်းကို ချင်းတွေကပဲ ပိုသိမယ်။ အခုချင်းပြည်နယ်အစိုးရက ကြံ့ခိုင်ရေး ပါတီက ဖွဲ့ထားတာ။ ပြီးတော့ ပြည်နယ်အစိုးရ ပါတီက ပြည်ထောင်စုအစိုးရကို ဖွဲ့တဲ့ပါတီပဲ ဖြစ်နေ တယ်။ တခုခုဆို ရင် နေပြည်တော် မျက်နှာပဲကြည့်နေတော့ အလုပ် တွေနှောင့်နှေးတယ်” ဟု ဆိုသည်။

ကန် ဒုနိုင်ငံခြားရေး ၀န်ကြီး၏ လွိုင်ကော်ဆွေးနွေးပွဲ


ရွှေဟင်္သာသတင်းဌာန မတ်လ (၂၁) ရက်

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီးသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် မြေမြှုပ်မိုင်း အန္တရာယ် ကာကွယ် ရေး အတွက် ယမာန်နေ့တွင် ကယားပြည်နယ် လွိုင်ကော်မြို့၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သော ကရင်နီ တိုးတက်ရေး ပါတီမှ သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင် Daneil က ဆိုပါသည်။
 
ကျနော်တို့ လက်နက်ကိုင် အင်အားစုနဲ့ လွိုင်ကော်မြို့က ကယား ပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့ (ကလလတ) ရုံးမှာ မနက်၁၀ နာရီကနေ ၁၂ နာရီအထိ တွေ့ပါတယ်။ လက်နက်ကိုင် အဖွဲ့ () ဖွဲ့ ပါတယ်။ သူတို့ကတော့ အမေရိကန် အစိုးရရဲ့ မြေမြှုပ်မိုင်း အန္တရာယ် ကာကွယ်ရေးနဲ့ ပညာပေးရေး လုပ်ငန်း ကိစ္စတွေပေါ့ အဲဒီ အတွက် အစိုးရ အဖွဲ့အစည်းတစ်ခုကို အကူအညီ ပေးဖို့ ရှိတယ်။ ဒါကို ၀ိုင်းဝန်း ကူညီ ဆောင်ရွက်ကြဖို့ လာပြီး တိုက်တွန်းတဲ့ ပွဲလို့ပြောလို့ ရပါတယ်ဟု ဆိုပါသည်။  

သျှမ်း-ကယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ ၀ ပြည်နယ်ရရှိရေး UWSP/UWSA တောင်းဆို


သျှမ်းသံတော်ဆင့်
 
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ လားရှိုးမိုတယ်၌ ယမန်နေ့က စတင် ကျင်းပသော ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း သျှမ်းပြည်နယ်-ကယားပြည်နယ် ဆွေးနွေးပွဲ၌ ၀ တပ်ဖွဲ့ UWSP/UWSA က သီးခြား ၀ ပြည်နယ်ထူထောင်နိုင်ရန် တောင်းဆိုကြောင်း သိရှိရပါ သည်။

“ဆွေးနွေးပွဲမှာ ၀ ဖက်က သီးခြား ၀ ပြည် ထူထောင်ဖို့ တောင်းဆိုတယ်။ ၀ ဒေသကို လာရောက်တဲ့ သူတိုင်းကိုလည်း ဒီအကြောင်း ပြောပြတယ် ပေါ့။ ၁၉၉၃ ကတည်းက တောင်းဆိုလာတာပေါ့။ ၀ ပြည် မထူထောင်နိုင် သရွေ့ ဆက်ပြီး တောင်းဆိုသွားမယ်လို့ ၀တပ်ဖွဲ့ ကိုယ်စားလှယ် အဖြစ် တက်ရောက်တဲ့ သျှောင်းဆမ်ခွန်း က ပြောတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝင်ဆွေးနွေးတဲ့သူတော့ မရှိဘူး” ဟု ဆွေးနွေးပွဲ တက်ရောက်သူ တစ်ဦး က ပြောပါသည်။

အစိုးရတပ်နှင့် ပြည်သူ့စစ် - ကျေးလက်တောင်ယာထဲ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်


သျှမ်းသံတော်ဆင့်
 
သျှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ်အနီးရှိ ကျေးလက်လူထု ၏ တောင် ယာထဲသို့ မြန်မာစစ်တပ်မှ ယမန်နေ့ က လက်နက် ကြီးများ စက်သေ နတ်များဖြင့် နာရီဝက်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထိုင်းနယ်စပ်သို့ ထွက်ပြေး ရောက်ရှိသည့် ဒေသခံများပြောပြချက်အရသိရပါသည်။

“ကျနော့်  ယာဘေးက ယာထဲကို ပစ်ချတာ။  အားဟုန်ဆိုသူရဲ့တောင်ယာ လုပ်ကွက် ပေါ့။ သျှမ်းစစ်သားတွေ လာတယ်ဆိုပြီး လိုက်ပစ်တဲ့သဘော။ ဒါပေမယ့် အဲဒီမှာ ဘယ်သူမှ မရှိဘူး၊ ကျနော်လဲ ကြောက်ကြောက်နဲ့ ဒီဘက်ခြမ်းကူးလာတာ” ဟု တောင်ယာ လုပ်သားတဦးက ပြောပါသည်။

SSA တောင်ပိုင်း တပ်စခန်း အစိုးရတပ် ထပ်ရွှေ့ခိုင်း

(ဧရာဝတီ)


ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း တပ်ဖွဲ့ဝင်များ အခြေစိုက် လှုပ်ရှားနေသည့် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းထမြို့ နယ်ခွဲရှိ လွိုင်မို့နန်းလျန်း တပ်စခန်းကို ယနေ့ နောက်ဆုံးထားပြီး ဆုတ်ခွာပေးရန် အစိုးရ စစ်တပ်က အကြောင်းကြားထားကြောင်း သတင်းရရှိသည်။

ယင်း လွိုင်မို့နန်းလျန်း တပ်စခန်းကို အစိုးရ တြိဂံတိုင်း စစ်ဌာနချုပ်မှ ဒု တိုင်းမှူး အဆင့်ရှိသူတဦးက ပြီးခဲ့သည့် တပတ်က အကြောင်းကြားထား ကြောင်း၊ ၎င်းတို့၏ တပ်စခန်း အနီးအနားတွင် အစိုးရတပ် စစ်အင်အား လည်း တိုးချဲ့ထားကြောင်း SSA တောင်ပိုင်းမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။

Wednesday, March 20, 2013

တိုင်းရင်းသားများ တောင်းဆိုမှုအားလုံးကို လက်ခံဆွေးနွေးပေးမည်ဖြစ်ကြောင်း လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အစိုးရတာဝန်ရှိသူများ ပါဝင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောကြား


Created on Wednesday, 20 March 2013 (Eleven Media Group)



ဆွေးနွေးပွဲသို့တက်ရောက်လာသည့် SSA နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင်နှင့် ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်များအားတွေ့ရစဉ်

လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အစိုးရတာဝန်ရှိ သူများ ပါဝင်သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း (ရှမ်းပြည်နယ်၊ ကယားပြည်နယ်) ဆွေးနွေးပွဲကို မတ် ၂၀ ရက်က ရှမ်း ပြည်နယ် လားရှိုးမြို့၌ ပြုလုပ်ခဲ့သည်။

အစိုးရနှင့် တိုင်းရင်းသားများအကြား အခြေခံ ယုံကြည်မှုတည်ဆောက်ရန် လိုအပ်ဟုဆို

(ဧရာဝတီ)


မြန်မာအစိုးရနှင့် တိုင်းရင်းသားများအကြား အခြေခံ ယုံကြည်မှု မတည်ဆောက်နိုင်လျှင် အချိန်မရွေး ငြိမ်းချမ်းရေး ပျက်ပြယ်သွားနိုင်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ယနေ့ကျင်းပပြုလုပ်သော ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ရေး ဆွေးနွေးပွဲတွင် ဦးခွန်ထွန်းဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသားအများစု လိုချင်နေကြသည့် ငြိမ်းချမ်းရေး ရရှိသော်လည်း၊ တဦးကိုတဦး ယုံကြည်မှု မတည်ဆောက်နိုင်ကြ သေးကြောင်း၊ အစိုးရကို မယုံကြည်နိုင်သေးသည့်အတွက် စစ်များတိုက်နေ ကြသေးကြောင်း၊ တိုင်းရင်းသားများနှင့် မြန်မာအစိုးရအကြား ယုံကြည်မှုရရှိလာစေရန် ထပ်မံကြိုးစားပြီး ကျန်ရှိနေသေးသည့် တိုင်းရင်းသား များကိုလည်း ပါဝင်လာနိုင်ရန် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးခွန်ထွန်းဦးက ဆိုသည်။

SNLD ၏ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း


ရွှေဟင်္သာသတင်းဌာန

စစ်မှန်သော ငြိမ်းချမ်းမှု တည်ဆောက်ရေး အပေါ် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် မှီတင်း နေထိုင်ကြသော တိုင်းရင်း သားများ၏ သဘောထား အမြင်များ ရယူရန် ဒုတိယ အကြိမ် ဆွေးနွေးပွဲ ဖိတ်ခေါ်ချက်ကို ကရင်နီ တိုးတက်ရေး ပါတီ (KNPP) မှ တက်ရောကနိုင်ခြင်း မရှိသေးကြောင်း KNPP အတွင်းရေးမှူး () ဖြစ်သူ ခူးဦးရယ်က ဆိုပါသည်။

ဖိတ်ထားတာတော့ ရှိပါတယ်။ ဖိတ်စာထဲမှာက ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ရေး အမြင်တွေ တင်ပြ ဖို့ ပြောထား ပါတယ်။ ဒါပေမဲ့ နားမလည်တာက ရှမ်းပြည်နယ် ကိစ္စလား၊ ကယားပြည်နယ် ကိစ္စလား ရောနေတော့ ဘာပြောရမှန်း မသိလို့ မတက်ဖြစ်တာပါ။ မတက်ချင်လို့တော့ မဟုတ်ပါဘူးဟု ဆိုပါသည်။

ဦးအောင်မင်းနှင့် PNLO ရန်ကုန်မြို့မှာ ဆွေးနွေးမည်

(Mizzima)


အပစ်အခတ် ရပ်စဲဖြစ်ပြီးသော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO နှင့် အစိုးရ ငြိမ်းချမ်းရေးအဖွဲ့တို့ မတ်လ ၂၂ နှင့် ၂၃ ရက်နေ့များတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေး နွေးမည် ဖြစ်သည်။

ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးစင်တာတွင် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စား လှယ် များနှင့် PNLO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ပါဝင်သော ကိုယ် စားလှယ်အဖွဲ့တို့ ဆွေးနွေးမည်ဟု ဗိုလ်မှူးကြီး က ပြောသည်။

ဌာနချုပ်ထားရှိရေး သဘောတူညီချက် တပ်မတော်က ဖျက်နေဟု RCSS ပြော



သျှမ်းပြည်အရှေ့ပိုင်း မိုင်းထားမြို့နယ်နှင့် တောင်ပိုင်းရှိ ဟိုမိန်းမြို့နယ် အား RCSS/SSA ဌာန ချုပ်ထားရှိရန်၊ တပ်မိသားစုများ နေရာချထားရန် အစိုးရနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဆွေးနွေးစဉ် သဘောတူညီမှု ရထားသော်လည်း အကောင်အထည်ဖော်ခွင့်အား မြန်မာ့တပ်မတော်က အဟန့်အတားပြုနေသည်ဟု RCSS/SSA ကပြောသည်။

“ကျနော်တို့ဘက်ကတော့ အတတ်နိုင်ဆုံး ငြိမ်းချမ်းရေး သဘောတူညီ ချက် အတိုင်း လိုက်နာမယ်။ နောက်ဆုံးရွေးလမ်းမရှိရင်တော့ မတတ် နိုင် ဘူး။ ဟိုမိန်း၊ မိုင်းထား ကျနော်တို့ကို အစိုးရက ပေးထားတယ် ဆို ပေမယ့် စစ်တပ်ကလုံးဝ မပေးချင်ဘူးလေ။ သူတို့ထားမယ့်နေရာမှာ ဘဲနေရမယ်။ သူတို့လက်ခုပ်ထဲ ကရေလိုဘဲ ထားချင်တာလေ။ လက် နက်မပါဘဲ။ သွားလာစေချင်တယ်။ ကျနော်တို့က စစ်တပ်ဘဲဗျာ။ လက် နက်မပါလို့ဘယ်ဖြစ်မလဲ။ အဲဒီနေရာကနေ ထွက်မယ်မထွက်မယ် ကျနော် တို့ မဆုံးဖြတ်ရသေးဘူး” ဟု ဗိုလ်မှူးစိုင်းလောင်ဆိုင်က ပြော သည်။

Tuesday, March 19, 2013

ကရင်အဖွဲ့စုံ ပထမဆုံးအကြိမ် ဘားအံမှာတွေ့ကြမယ်

(ဧရာဝတီ)


နှစ်ပေါင်း ၆၀ ကျော် ကာလအတွင်း မတရားအသင်း ကြေညာခံထား ရသည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ကရင်အမျိုးသား အရေး လုပ်ဆောင် နေကြသည့် မြို့ပေါ်မှ အဖွဲ့အစည်းများက ပထမဆုံး အကြိမ် တွေ့ဆုံရန် ပြင်ဆင်နေကြသည်။ 
ကရင့် အနာဂတ်ရေးဆိုင်ရာ အစည်းအဝေးကို ကရင် ပြည်နယ်မြို့တော် ဘားအံရှိ ဇွဲကပင် ကလပ်ခန်းမတွင် ကျင်းပမည့်နေ့မှာ ယခုလ ၂၉-၃၀ ရက်နေ့များတွင် ဖြစ်ပြီး ကရင့် အနာဂတ် အရေးများနှင့် သက်ဆိုင် သည့် အကြောင်းအရာများကို ဆွေးနွေးကြမည်ဟု သိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ဝင် ၂၀ နှင့်အတူ ထိုင်း-မြန်မာ နယ်စပ်အ ခြေစိုက် ကရင်လူထု အခြေပြုအဖွဲများနှင့် အခြားကရင် အမျိုး သားအရေး ဆောင်ရွက်နေကြသည့် အဖွဲ့ဝင်များ အပါအ၀င် ကိုယ်စားလှယ် ၅၀ ဦး တက်ရောက် ကြမည်ဟု အစည်းအဝေး ဖြစ် မြောက်ရေး လုပ်ငန်းအဖွဲ့၏ တာဝန်ရှိသူတဦးဖြစ်သည့် စောလှထွန်းက ပြောသည်။

အလျှော့ပေး နေသော RCSS/SSA အား ဆက်လက် ဖိအားပေးနေ


မတ်လ (၁၈) ရက်နေ့ ၊ ရွှေဟသာင်္သတင်းဌာန

အစိုးရ တပ်ဖွဲ့သည် ရှမ်းပြည် ပြန်လည် ထူထောင်ရေး အဖွဲ့ RCSS/ SSA အား မတ်လ (၂၀) ရက်နေ့ကို နောက်ဆုံး ထားပြီး ၄င်းတို့၏ မိုင်းထား မြို့နယ်ခွဲရှိ လွယ်လမွတ် နံလန် တပ်စခန်းမှ ဆုတ်ခွာပေးရန် ထပ်မံပြီး ရာဇသံ ပေးထား ခဲ့သည်ဟု အဖွဲ့၏ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်က ဆိုပါသည်။

“ရာဇသံ ပေးသူကတော့ ရှမ်းးပြည်နယ် တြိဂံတိုင်း ဒုတိုင်းမှူးပေါ့ဗျာ။ ဒါပေမဲ့ ဒီစခန်းကို ဆုတ်ခွာ ပေးမယ် မပေးဘူး ဆိုတာ ကိုတော့ ကျနော် တို့ ဘက်က မဆုံးဖြတ် ရသေးပါဘူး” ဟု ဆိုပါသည်။

RCSS စခန်းဟောင်းအား မြန်မာစစ်တပ်မှ ၂ ရက် ကြာတိုက်ခိုက်



သျှမ်းပြည်တောင်ပိုင်း ဟိုမိန်းမြို့နယ်အတွင်း လွယ်နဂါးတောင်ကြောရှိ RCSS/SSA ၏ လွယ်လန်းတပ်စခန်း ဟောင်းအား မြန်မာအစိုးရ စစ်တပ်က ၂ ရက်ကြာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း သျှမ်းပြည် တပ်မတော်က ပြောသည်။

“၁၅ နဲ့ ၁၆ ရက်နေ့ ၂ ရက်စလုံး ပစ်တယ်။ ၁၂၀ မမ၊ ၁၀၅ မမ တွေနဲ့ ပစ်တယ်။ ကျနော်တို့ စခန်းဟောင်း ဆီကိုပစ်တာ။ အဲဒီစခန်းကနေ ကျနော်တို့ အရင်အပတ်ကတည်းက ခွါလိုက်တာလေ။ ကျနော်တို့ ဘက်ကတော့ ပြန်မပစ်ခတ်ပါဘူး” ဟု သျှမ်းပြည်တပ်မတော်မှ အရာ ရှိတဦးကပြောသည်။

Monday, March 18, 2013

ကရင် လက်နက်ကိုင် ခွဲထွက်အဖွဲ့များ ပေါင်းစည်းရေး KNU ကြိုးပမ်းမည်

(ဧရာဝတီ)


ကွဲပြားနေသော ကရင်လက်နက်ကိုင် အဖွဲ့များ ပြန်လည်ပေါင်းစည်းရေး ဦးတည်ဆောင်ရွက်နိုင်ရန် ကရင် အမျိုးသား အစည်းအရုံး (KNU)က ကော်မတီတခု ဖွဲ့စည်းပြီး ဖြစ်ကြောင်း သိရှိရသည်။

“ကွဲပြားနေသော ကရင် လက်နက်ကိုင်အဖွဲ့များ ပေါင်းစည်းရေး ကော် မတီ”ဟု အမည်ပေးထားသည့် ကော်မတီတွင် ဥက္ကဌ အဖြစ် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်(KNLA)၏ စစ်ဦးစီးချူပ် ဗိုလ်ချုပ် စောဂျော်နီ က တာဝန်ယူထားသည်။

ရှမ်းနှင့် ကယား တိုင်းရင်းသား ညီလာခံ ကျင်းပတော့မည်

(Mizzima)


ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အထောက်အကူပြုရန်အတွက် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီ အများအပြား ပါဝင်သည့် ညီလာခံ တရပ်ကို လားရှိုးမြို့တွင် ကျင်းပကြမည် ဖြစ်သည်။

မတ်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ထိ သုံးရက်တာ ကျင်းပမည့် ညီလာခံသို့ တိုင်းရင်းသား အဖွဲ့အစည်းပေါင်း ၂၅ ဖွဲ့အား ဖိတ်ခေါ်ထားရာမှ ၁၇ ဖွဲ့ တက်ရောက်ရန် စာရင်း လက်ခံထားပြီး ဖြစ်ကြောင်း ဦးဆောင် စီစသ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က ပြောသည်။

Friday, March 15, 2013

UWSA တို့၏ မြို့တော်ကို ခြိမ်းခြောက် နိုင်ရန် ပြင်ဆင်နေပြီလော


ရွှေဟသာင်္သတင်း ဌာန

အစိုးရ တပ်များသည် SSPP/SSA ဒေသများအပေါ် လတ်တလော စစ်ဆင်နေမှုများသည်  ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၏ မြို့တော်ကို စစ်ရေးအရ ခြိမ်းခြောက်နိုင်သည့် အဓိက မဟာဗျူဟာ ကျသည့် တောင်ကုန်း များကို ရယူလိုကြောင်း ရှမ်းပြည် တိုးတက်ရေး တပ်မတော်မှ ဗိုလ်မှူးကြီးဖိန်ဖမှ ဆိုပါသည်။

အစိုးရ စစ်ဆင်ရေးများမှာ ရှမ်းပြည် မြောက်ပိုင်းရှိ တန့်ယန်းမြို့နဲ့ မိုးကောင်း မြို့ကြား၌ရှိသော SSPP ၏ လွယ်စေး စခန်းအား မတ်လ၁၂ ရက်နေ့နေ့လည် ၁၂ နာရီတွင် တကြိမ်နှင့် ယမာန်နေ့ နံနက် () နာရီ ခွဲတွင် တကြိမ် တိုက်ခိုက် သွားခဲ့ပါသည်။ 

ဟိုမိန်းမြို့နယ်ခွဲရှိ RCSS/SSA စခန်းရှိရာအား အစိုးရတပ်လက်နက်ကြီးပစ်ခတ်


သျှမ်းသံတော်ဆင့်
 
သျှမ်းပြည်တောင်ပိုင်း ဟိုမိန်းမြို့နယ်ရှိ သျှမ်းပြည်တပ်မတော်စခန်းရှိရာ လွယ်နဂါးတောင်ကြောသို့ ယနေ့မနက်က မြန်မာစစ်တပ်မှ လက်နက်ကြီး များ စက်သေနတ်များဖြင့် ပစ်ခတ်နေကြောင်း သျှမ်းပြည်တပ်မတော် RCSS/SSA ကပြောပါသည်။

ဟိုမိန်းမြို့နယ်အနောက် တောင်ဘက် ကီလိုမီတာ ၂၀ ကျော်၊ ထိုင်းနိုင်ငံ မယ့်ဟောင့်ဆောင် ဘန့်ရတ်ထိုင်းရွာ အနောက် မြောက်ဘက် ၇ ကီလို မီတာ ဝမ့်မိုင်ရွာအနီး လွယ်နဂါးတောင်ကျောဘက်သို့ မြန်မာစစ်တပ်မှ လက်နက်ကြီးဖြစ် ပစ်ခတ် နေခြင်းဖြစ်ပြီး သျှမ်းပြည်တပ်မတော်ဘက်မှမူ တုန့်ပြန်ပစ်ခတ်ခြင်းမရှိကြောင်း ခေါင်းဆောင်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါသည်။

တိုက်ပွဲဆက်မလုပ်တော့ဟု SSPP အား ရမခ တိုင်းမှူးခေါ်ပြော


သျှမ်းသံတော်ဆင့်
 
၂ ရက်တာ တိုက်ပွဲခေတ္တငြိမ်သက်သွားချိန်တွင် ရမခ တိုင်းမှူးက သျှမ်းပြည်တပ်မတော်၏ လားရှိုးရုံးထိုင်အား လွတ်လပ် စွာလှုပ်ရှားသွား လာနိုင်ပြီဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်မှ လိုက်လံ နှောင့်ယှက် ပစ် ခတ်ခြင်း ပြုလုပ်မည် မဟုတ်တော့ ကြောင်းပြောကြားသည်ဟု  SSPP/SSA ကပြောပါသည်။ 

“မနေ့က မနက် ၉ နာရီမှာ ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်စိုးက ကျနော် တို့ရဲ့ လားရှိုးမြို့ ဆက်ဆံ ရေးရုံးထိုင် အရာရှိကို ခေါ်ပြီးတော့ ‘ခင်ဗျားတို့ စခန်းကို တက်တိုက်တဲ့ ကျနော်တို့စစ်ကြောင်းကို နောက်ဆုတ်ဖို့ ထွက် ပေါက်ပေးလို့ ကျေးဇူးတင် တယ်။ ရှေ့ဆက်ပြီးတော့ ခင်ဗျားတို့ကို မနှောင့်ယှက်တော့ဘူး။ ခင်ဗျားတို့ အဲဒီဘက်မှာ လွတ်လွတ်လပ်လပ် လှုပ်ရှား သွားလာပါ့’ လို့ပြောတယ်” ဟု သျှမ်းပြည်တိုးတက်ရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ က ပြောသည်။

Wednesday, March 13, 2013

UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရအကြား ခိုင်မာသော အပစ်အခတ် ရပ်စဲရေးအဆင့်သို့ မရောက်ရှိသေး

(Eleven Media Group)

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရတို့အကြား ခိုင်မာသော အပစ်အခတ်ရပ်စဲရေး အဆင့်သို့ မရောက်ရှိသေးကြောင်းUNFC ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ  ဦးခွန်ဥက္ကာက မတ်လ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

“အခု UNFC အဖွဲ့ဝင်တွေ အပစ်အခတ်ရပ်စဲရေး ယူထားတယ်ဆိုပေမဲ့ အပစ်အခတ်ရပ်စဲရေး အားလုံးဟာ ပဏာမ အပစ်အခတ် ရပ်စဲရေးလို့ပဲ သတ်မှတ်ထားတယ်။ ခိုင်မာသော အပစ်အခတ် ရပ်စဲရေးဆိုတာ မရောက်ဘူး။ KNU ဖြစ်စေ၊ ကရင်နီ ဖြစ်စေ အားလုံးကတော့ ပဏာမ အပစ်အခတ်ရပ်စဲရေး အဆင့်မှာ ရထားပြီ။ ခိုင်မာသော အပစ်အခတ် ရပ်စဲရေး မရသေးဘူး။ ခိုင်မာသော အပစ်အခတ် ရပ်စဲရေး ရပြီးတဲ့ နောက်မှာ နိုင်ငံရေးအရ အဖြေရှာဖို့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို လုပ်သွားမယ်”ဟု ဦးခွန်ဥက္ကာက ပြောပါသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ပြည်တွင်းသို့ ၀င်ရောက်ဆွေးနွေးရန် အခက်အခဲ ရှိနေ

(Eleven Media Group)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ပြည်တွင်းသို့ ၀င်ရောက်ပြီး အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ရန်အတွက် အခက်အခဲ ရှိနေကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ပအိုဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ  ဦးခွန်ဥက္ကာက မတ်လ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

“ပြည်တွင်းမှာ လုပ်ဖို့က UNFC ပဲ ဖြစ်ဖြစ်၊ KIO ပဲ ဖြစ်ဖြစ်ပေါ့လေ။ condition က နှစ်ခုလောက် ရှိတယ်။ တစ်ခုက ဘာလဲဆိုတော့ အပစ်အခတ် ရပ်စဲရေး အဆင့်က လုံခြုံစိတ်ချပြီးတော့ ခိုင်မာတဲ့ အဆင့် စိတ်ချရတဲ့ အဆင့် ဖြစ်စေချင်တယ်။ အပစ်အခတ်ရပ်စဲရေး ပဏာမလောက်နဲ့ စိတ်ပူနေရတယ်။ တစ်ချို့ အောက်ခြေမှာ

Tuesday, March 12, 2013

သျှမ်း - ကယား ညီလာခံ UWSP/UWSA တက်မည်


သျှမ်းသံတော်ဆင့်
 
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ လာမည့်အပတ်အတွင်းကျင်းပမည့် ငြိမ်းချမ်းရေးဆိုင်ရာ သျှမ်း -ကယားညီလာခံအား ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ကိုယ်စားလှယ်တက် ရောက်မည်ဟု စုံစမ်းသိရှိရပါသည်။
“လားရှိုးမှာ ကျင်းပမယ့် သျှမ်း - ကယား ဆွေးနွေးပွဲအတွက် ကျနော်တို့ ၂၅ ဖွဲ့ဖိတ်ထားတယ်။ အခု ပထမဦးဆုံး တက်မယ့်သူနာမည် စာရင်းတင်လာတာ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် က၊ နှစ်ယောက်လာတယ်မယ်။ တက်မယ့်သူတွေ တော်တော်များများ စာရင်းရောက်နေပါပြီ” ဟု သျှမ်း - ကယား ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီ ပြောခွင့်ရ စိုင်းလိတ်ကပြောသည်။

မတ်ခ်ျလ ၂၀ မှ ၂၂ အထိ သုံးရက်ကြာကျင်းပမည့် သျှမ်းပြည်နယ်- ကယားပြည်နယ် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှုတည် ဆောက်ခြင်းဆွေးနွေးပွဲအတွက် ဝ ပြည်သွေးစည်း ညီညွတ်ရေး ပါတီ/ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA  ၏ ပြင်ပဆက်ဆံရေး ဒုဌာနမှူး ဦးရှောက်ဆမ်ခွန်း နှင့် ပန်ဝိုင်မှ စော်ဘွားမျိုးနွယ် တာ့ယီ့ပလစ်တို့အား ကိုယ်စားလှယ်အဖြစ် ရွေးချယ်ထား သည်ဟု နီးစပ်သည့် အသိုင်းအဝိုင်းကလည်း ပြောပါသည်။

Thursday, March 7, 2013

မြို့ပိုင်း၌အနည်းအကျဉ်းလုပ်ခွင့်ပေး တောပိုင်း၌ ဦးသူပစ်


သျှမ်းသံတော်ဆင့်
 
အစိုးရ နှင့် အပစ်ရပ်ထားသည့် သျှမ်းပြည်တပ်မတော် တပ်ဖွဲ့ဝင် များ သည် လက်နက်မပါဘဲ မြို့ပိုင်း၌လွတ်လွတ် လပ် လပ်သွားလာ နိုင်သော် လည်း တောတွင်းပိုင်း၌မူ  ဦးသူပစ်ခတ်တိုက်ခိုက်မှုစနစ်မှာ အပစ်မရပ် ခင်ကာလ ကဲ့သို့ ရှိနေသေးကြောင်း RCSS ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါ သည်။

“အပစ်ရပ်တာ တနှစ်ကျော်ရှိပြီဖြစ်ပေမယ့် သဘောတူညီချက်အတိုင်း ဘာမှ အကောင်အထည်မဖေါ်နိုင်သေးဘူး၊ မြို့ပေါ် ကိုယ် စား လှယ် ရုံးစိုက်ခွင့်၊ စီးပွားရေးအနည်းအကျဉ်းလုပ်ခွင့်က လွဲလို့ သဘော တူညီချက်ကို ဘာမှ အကောင်အထည် မဖေါ် နိုင် သေးဘူး။ တောပိုင်းမှာ တွေ့ရင်လဲ ဦးသူပစ်ပဲ” - ဟု RCSS ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။

Wednesday, March 6, 2013

စစ်မှန်တဲ့ပြည်ထောင်စုရဖို့ ၂၀၀၈ ကိုမပြင်လို့မရ


သျှမ်းသံတော်ဆင့်
 
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့  ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေ ဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

မေး။    ။ လာမယ့် ၂၀ ရက်နေ့ကစပြီး သျှမ်း-ကယား ယုံကြည်မှုအတွက် တည်ဆောက်ခြင်းဆွေးနွေးပွဲအတွက်  လုပ်မယ် လို့ကြားသိရပါတယ်။ ဆရာတို့အနေနဲ့ ဘယ်လိုရည်ရွယ်ချက်ကြောင့် အဲဒီ ခရီးစဉ်မှာပါဝင်ရ သလဲ။

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်


သျှမ်းသံတော်ဆင့်
 
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။ အဲဒီထဲမှာ အစိုးရနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည် ဆောက်နေဆဲဖြစ်တဲ့ ကရင် နီအမျိုးသားတိုးတက်ရေးပါတီ KNPP လဲပါတယ်လို့ဆိုပါတယ်။ အခုလို အပစ်ရပ်ရေး နဲ့ ငြိမ်းချမ်းရေးအတွက် အလုပ်များ နေချိန်မှာ ဒီ သျှမ်း-ကယား ဆွေးနွေးရေးအပေါ် ဘယ်လို သဘောထားသလဲ ဆိုတာသိရ အောင် KNPP ရဲ့အတွင်းရေးမှူး ၁ ခူးဦးရယ် ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။    ။ သျှမ်း- ကယားငြိမ်းချမ်းရေးအတွက် လားရှိုးမှာ ပူးပေါင်းလုပ် ဆောင်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဘယ်လို မြင်ပါသလဲ။

ဖြေ။    ။ ကျနော်တို့အနေနဲ့ အသေးစိပ်ဘယ်လိုစီစဉ်ပြီးလုပ်ကြမယ် လို့တော့ မကြားသိရသေးပါဘူး။ ပြောတာကတော့ သျှမ်း- ကယားမှာရှိတဲ့ နိုင်ငံရေးပါတီ လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးခေါ်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လို ပူးပေါင်းလုပ်ဆောင်ကြမယ်ဆိုတဲ့ ကိစ္စတွေကိုဆွေးနွေးမယ်လို့တော့ ယေဘုယျ အားဖြင့်သိထားပါတယ်။ ဘယ်လို ရည်ရွယ် ချက်တွေကြီးကြီးမားမားထားပြီး လုပ်နေကြလဲ ဆိုတာတော့ ကျနော်တို့မသိရသေးဘူး။  ကျနော်တို့ကိုဖိတ်တယ်လို့ တော့ကြား တာပါဘဲ။ ကျနော်တို့လွယ်ကော်မှာရှိတဲ့ ဆက်ဆံရေး ရုံးကတဆင့်ပေါ့နော်။ ကျနော်တို့ဘက်ကလဲ တက်ရောက်မယ် မတက် ရောက်သေးပါဘူးလို့မသိရသေးပါဘူး ကျနော်တို့မဆုံးဖြတ်ရ သေးဘူး လေ။

သထုံခရိုင် ဆက်ဆံရေးရုံးဖွင့်ပွဲ သွားသည့် KNU ခေါင်းဆောင်များ အစိုးရနှင့် အလွတ်သဘော ဆွေးနွေးမည်


(ကေအိုင်စီ)
မွန်ပြည်နယ်၊ သထုံမြို့နယ် နောင်ဘိုကျေးရွာ၌ မတ်လ ၅ရက်နေ့တွင် ဖွင့်လှစ်မည့် ကရင်အမျိုးသား အစည်းအရုံး-KNU ၏ သထုံခရိုင်/ တပ်မဟာ(၁) ဆက်ဆံရေးရုံးဖွင့်ပွဲတွင် KNU နှင့် မြန်မာအစိုးရတို့ အလွတ်သဘောဖြင့် နိုင်ငံရေးဆွေးနွေးမည် ဟု ယနေ့(မတ်လ ၄ရက် နေ့)ထုတ် KNU ကြေညာချက်အရ သိရသည်။

အလွတ်သဘောဆွေးနွေးပွဲတွင် နှစ်ဘက်အကြား မည်သည့်အကြောင်း အရာများ ဆွေးနွေးကြမည်ကို အတိအကျ မသိရ သေးသော်လည်း KNU က ၎င်းတို့ချမှတ်ထားသည့် နိုင်ငံရေးလမ်းစဉ်အတိုင်း ပြောဆိုသွားမည်ဟု KNU ဗဟိုစည်းရုံးရေးနှင့် ပြန်ကြားရေးဌာနမှ တာဝန်ခံ ပဒိုစောလှထွန်းက ကေအိုင်စီသို့ ပြောသည်။

Tuesday, March 5, 2013

ရှမ်းပြည်နယ်လူမျိုးစုကြား ယုံကြည်မှုရရှိရန် SNLD ကြိုးပမ်း


မတ်လ (၅) ရက်နေ့၊ ရွှေဟသာင်္သတင်း ဌာန

ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD မှ ကမကထပြုလုပ် ကျင်းပသော ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အတွင်းရှိ လူမျိုးစုများ အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရန် ရည်ရွယ်သည့် ဆွေးနွေးပွဲ တရပ်ကို လာမည့် မတ်လ၂၀ ရက် နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ကျင်းပရန် ရှိကြောင်း SNLD ၏ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့် လွင် က ဆိုပါသည်။

“အဓိက ကတော့ ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဖြစ်ပါတယ်။ ယခင်က ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင် တာမှာ ရှမ်းတိုင်းရင်းသားတွေ သက်သက်ပါတဲ့ ဆွေးနွေးပွဲကို ကျင်းပ ခဲ့ဘူးပါတယ်။  အဲဒါကို အကြောင်းပြုပြီး အစိုးရဘက် က ကျနော်တို့ အပေါ် ယုံကြည်လာတဲ့ အတွက် အခု ဒီဆွေးနွေးပွဲကို ဆက်လုပ်သွားဖို့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။”ဟု ဆိုပါသည်။

ဖက်ဒရယ် ပြည်ထောင်စု သဘောတရားဆိုတာ ဘာလဲ

(မိုးမခ)

ဦးမျိုး (ဥပဒေ)
မတ်လ ၃၊ ၂၀၁၃
ဖက်ဒရယ်ဆိုတာ သဘောတူညီသည့် စာချု့ပ် လို့အဓိပ္ပါယ်ရပါတယ်။ ဖက်ဒရယ်စနစ်မှာ လက်တင်ဘာသာစကား ‘foedus’ မှဆင်းသက် လာပြီး သဘောတူညီမှု “covenant” လို့ အဓိပ္ပါယ် ထွက်ပါတယ်။ နှစ်ဦး နှစ်ဖက် သဘောတူညီမှုနဲ့ အပြန်အလှန် လေးစား အသိအမှတ်ပြုမှုကို အခြေခံလို့ နိုင်ငံတခုကို အတူတကွ ပူးပေါင်းတည်ဆောက်ကြတာပဲ ဖြစ်ပါတယ်။

ဖက်ဒရယ် ပြည်ထောင်စု စနစ်မှာ တဦးတဖွဲ့ချင်း အသိအမှတ်ပြုခြင်းနဲ့ ခွဲခြားလို့ မရဘဲ တစည်းတလုံးတည်း တန်းတူရည်တူ ဖြစ်မှုဟာ တပြိုင် နက်တည်း တည်ရှိနေပါတယ်။(Individual indentity and Integrity) အတူတကွ ပူးပေါင်းပါဝင် တည်ဆောက်နေကြသူအားလုံးက ငါတို့ အတူ တကွ ပူးပေါင်းနေထိုင်ကြစို့ ပါလို့ အားလုံးက မိမိတို့ရဲ့ ဆန္ဒသဘော ထားကို အလိုအလျှောက် ဖော်ထုတ်ကြပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ ကောင်းမြတ်မှန်ကန်တဲ့ စိတ်ဆန္ဒ (good will) ကို အလိုအလျှောက်ကိုယ့်သဘောနဲ့ကိုယ် (voluntarily) ပါဝင်ဆောင်ရွက် သဘောတူညီကြရပါတယ်။ ဒီဥပဒေရေးရာ ၀ိညာဉ်ဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ သဘောထား (concept) ကျမှ လက်တွေ့လုပ်လို့ ရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ တိုင်းရင်းသားဒေသမှာ လူမျိုးစုတွေသာ ယှဉ်ပြိုင်လို


04.03.2013 (VOA)
မြန်မာနိုင်ငံမှာ နောက်တကြိမ် ပါတီစုံ ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ တိုင်းရင်းသားဒေသ တွေမှာ လူမျိုးစုနိုင်ငံရေး ပါတီတွေသာ အဓိကထား ယှဉ်ပြိုင်တာမျိုး လိုလားတဲ့အကြောင်း တိုင်းရင်းသား မဟာမိတ်ပါတီ တွေက ပြောဆိုလိုက်ကြပါတယ်။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး အတွက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံရေး ပါတီကြီးတွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ လူမျိုးစုဒေသတွေ အ တွက် ၀င်ရောက် ယှဉ်ပြိုင်တာတွေ မလုပ်ကြဖို့ တိုက်တွန်းလိုက်တာပါ။ ဒါပေမဲ့လည်း ဒီတိုက်တွန်းချက်ဟာ ဒီမိုကရေစီ အခြေခံတွေကို ဆန့်ကျင် ရာ ကျနေတယ်လို့ အဓိကနိုင်ငံရေးပါတီ ကြီးတခုဖြစ်တဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြောလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တည်ဆောက် နိုင်ဖို့ အ တွက်ဆိုရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျရင် တိုင်းရင်းသား ဒေသ တွေက မဲဆန္ဒနယ်တွေမှာ အင်အားကြီး ပါတီတွေ ၀င်ရောက် ယှဉ်ပြိုင် တာကို ရှောင်ရှားကြဖို့ လူမျိုးစုပါတီတွေက ကြေညာချက်တစောင် ထုတ် ပြန် လိုက်တာ ဖြစ်ပါတယ်။

သျှမ်း၊မြောက် နမ့်ခမ်းမြို့တွင် SSPP/ SSA စီးပွားရေးရုံးဖွင့်လှစ်



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ပေါက်တိုက်မရပ်ကွက်၌ သျှမ်း ပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော် SSPP/ SSA ၏ စီးပွား ရေးရုံး ကို ယနေ့ ၈ နာရီခွဲက ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

“ဒီနေ့မနက် ၈ နာရီခွဲမှာ SSPP/ SSA ဒု-အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းထူး ကိုယ်တိုင် ရုံးဖွင့်ပွဲဆိုင်းဘုတ်  ဖွင့်ပေးတယ်၊ ဌာနဆိုင်ရာ အစိုးရဝန်ထမ်း တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဒေသခံပြည်သူ နှစ်ရာကျော် တက်ရောက်တယ်၊ ဆိုင်းဘုတ် ဖွင့်ပေးပြီးတော့ စဝ်စိုင်းထူးက မိန့်ခွန်း ပြောကြားတယ်၊ အဲဒီနောက်မှာတော့ သံဃာတော် တွေကို ပင့်ဖိတ် ပရိတ်ရွတ်ပြီးပူဇော်ကြတယ်” ဟု ဖွင့်ပွဲအခမ်းအနား တက်ရောက်သော ဒေသခံ လုံးစိုင်းပီးက ပြောသည်။

Saturday, March 2, 2013

SSPP/SSA ထိန်းချုပ်နယ်မြေသို့ ဗမာ့တပ်မတော်တင့်ကားများပို့



တိုက်ခိုက်နေမှုများ ရပ်ဆိုင်းရန် ပြည်ပသို့ခရီးမထွက်မှီ သမ္မတက ညွှန်ကြားလိုက်သဖြင့် တိုက်ပွဲများ ခေတ္တငြိမ်နေသော်လည်း သျှမ်းပြည်တိုးတက်ရေး ပါတီ၏ ထိန်းချုပ်နယ်မြေသို့ မြန်မာ့တပ်မတော်က တင့်ကားများ ပို့ဆောင်နေကြောင်း သျှမ်းပြည်တပ်မတော် SSPP/SSA  သတင်းရပ်ကွက်ကဆိုသည်။

“ကျနော်တို့နယ်ထဲဝင်လာပြီး ကျနော်တို့ကိုတိုက်ခိုက်နေတဲ့ ခလရ ၃၂၂ နဲ့ ၃၃ တပ်တွေ တပ်ဆုတ် သွားပြီလို့သတင်းတွေ ထွက်နေပေမယ့် လုံးဝလျော့သွားတာမရှိပါဘူး။ အရင်ကထက် တဆ တောင်ပို များလာသေးတယ်။ အခုထပ်ရောက်လာတဲ့ အထဲမှာ ထူးခြားတာက ပွိုင့် ၅ လက်နက်တပ်ဆင်ထားတဲ့ သံချပ်ကာကားနှစ်စီး၊ ၇၅ မမ တပ်ဆင်ထားတဲ့ တင့်ကား နှစ်စီးပါတယ်” ဟု ရှေ့တန်းရောက် SSPP/SSA အရာရှိတဦးက ပြောသည်။

Friday, March 1, 2013

ခွဲထွက်အဖွဲ့များနှင့် နားလည်မှု ရရေး ကော်မတီတရပ် ဖွဲ့စည်းသွားရန် KNU ချမှတ်


ဖေဖော်ဝါရီလ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ခွဲထွက်သွားသည့် ကရင်လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် နားလည် မှုရယူသွားရန် လုပ်ငန်းကော်မတီတရပ် ဖွဲ့စည်းသွားမည် ဟု ဖားအံခရိုင်၊ လေးဝါးနေရာ၌ ဖေဖော်ဝါရီလ ၁၈ရက်နေ့မှ ၂၆ရက်နေ့အထိ ကျင်းပ သည့် ဗဟိုအမြဲတမ်းကော်မတီ အစည်းအ ဝေးတွင် ကရင်အမျိုးသား အစည်းအရုံး-KNU က ချမှတ်ခဲ့သည်။

KNU ၏ ၁၅ ကြိမ်မြောက်ညီလာခံအပြီး ပြုလုပ်သော ၎င်းပထမအကြိမ် ဗဟိုအမြဲတမ်း ကော်မတီအစည်းအဝေး၌ ရှေ့ဆက်လုပ် ဆောင်မည့် လုပ်ငန်းစဉ်များထဲတွင် ကရင်တမျိုးသားလုံးစည်းလုံးညီညွတ်မှု ပိုမိုခိုင် မာစေရေးအတွက် ရည်ရွယ်၍ ထိုသို့ ကော်မ တီတရပ် ဖွဲ့သွားရန် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု KNU တွဲဖက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းက ကေအိုင်စီသို့ ပြောသည်။

RCSS/SSA နှင့် တိုက်ပွဲဖြစ်သည့် ဒေသသို့ အစိုးရတပ် အင်အားထပ်ဖြည့်



ယခင်အပတ်က သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်ခွဲအတွင်း သျှမ်း ပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA နှင့် မြန်မာ့တပ်မ တော်တို့ တိုက်ပွဲများဖြစ်ပွါးပြီးနောက်ပိုင်း စစ်ရေးငြိမ်သက်မှုမရှိဘဲ ယမန့်က အစိုးရတပ် အင်အားထပ်ဖြည့် နေကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီး ၃ ရက်အကြာ ယမန်နေ့ကမူ တပ်အပြောင်းအလဲ ဟုဆိုကာ နမ့်စန်မြို့နယ်မှ တက်လာသည့် စစ်ဖိုးဝီးကား အစီး ၄၀ ခန့် မှာတိုက်ပွဲဖြစ်ပွားရာ နေရာဘက်တို့ သွားနေသောကြောင့် ဒေသခံလူ ထုက စစ်ရေးပြန်လည် တင်းမာလာမည်ကို စိုးရိမ်နေကြောင်း ရပ်ရွာ အကြီးအကဲများကပြောသည်။

တိုက်ပွဲများ ပြန်ဖြစ်ရခြင်းကို ရှမ်း (မြောက်၊ တောင်) တပ်ဖွဲ့များ သမ္မတထံ စာပို့


(မဇ္ဈိမ)။   ။ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) တို့နှင့် အစိုးရတပ်များ အကြား ဖေဖော်ဝါရီ လလယ်ပိုင်းက တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ခြင်း များ အပေါ် ထိုနှစ်ဖွဲ့စလုံးမှ သမ္မတ ဦးသိန်းစိန် ထံသို့ လိပ်မူ၍ စာရေး အကြောင်းကြားခဲ့ကြကြောင်း ရှမ်းပြည်တပ်မတော် အရာရှိကြီးများက ပြောသည်။

တန့်ယန်း မြို့နယ်တွင်းရှိ SSPP/SSA ၏ လွယ်လန်း တပ်စခန်း ဆုတ်ပေး ရန် အစိုးရတပ်ဘက်မှ ပြောကြားလာခြင်းနှင့်အတူ တိုက်ပွဲများ ဆက် တိုက် ဖြစ်ပွားလာပြီးနောက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နောက်ပိုင်း၌ SSPP/SSA ဘက်မှ ၎င်းကိစ္စကို သမ္မတထံ စာရေး တင်ပြခဲ့ပြီး သမ္မတ မှလည်း အကြောင်းပြန်ခဲ့ကြောင်း SSPP/SSA မှ တပ်ပေါင်းစုရေးရာ ဒု-တာဝန်ခံ ဗိုလ်မှူးကြီး ဖိန်ဖ က မဇ္ဈိမကို ပြောသည်။