Wednesday, April 30, 2014

အမေအို တဦးရဲ့ အိမ်ပြန်ချိန် မျှော်လင့်ချက်

(Irrawaddy)

ဓနိမိုး ဝါးထရံ ကာ ဆောက်တည် ထားတဲ့ မြေစိုက် တဲ နိမ့်နိမ့်လေး ထဲကို ခေါင်းငုံ့ ဝင်လိုက် တယ် ဆိုရင်ပဲ မညီ မညာ ခင်းထားတဲ့ ဝါးကြမ်းပြင်ပေါ်မှာ ခပ်နွမ်းနွမ်း အနောက် တိုင်း ကုတ်အင်္ကျီ မည်းနက်နက် ကို ဝတ်ဆင်ထားပြီး ကွမ်းတမြုံ့မြုံ့ဝါးနေတဲ့ အသက် ၇၀ ကျော် အရွယ် အဘွားငဲ့ကို တွေ့ရပါတယ်။

မဖြီးမလိမ်းတာကြောင့် ထိုးထိုးထောင်ထောင် ရှုပ်ပွနေတဲ့ သူ့ရဲ့ ဆံနွယ်တွေကြားထဲမှာ ဆံပင်ဖြူဖြူဖွေဖွေး တွေလည်း တိုးထွက်နေ ပါတယ်။ ဆံပင်ဖြူဖြူတွေက အဘွားငဲ့ရဲ့ ဇရာကို ပြနေတယ် လို့ပဲ ပြောရမှာပါ။ ပါးရေ၊ နားရေတွေ တွန့်နေတဲ့ အဘွားငဲ့ရဲ့ မျက်နှာက ယုံကြည်ချက်တွေ ပျောက်ဆုံး ညှိုးနွမ်းနေပြီး မျက်ဝန်းတွေကလည်း တောက်ပမှု ကင်းမဲ့နေပါတယ်။

Tuesday, April 29, 2014

ရှမ်း မြောက်နှင့် ရှမ်းတောင် တပ်မတော် နှစ်ခု ပူးပေါင်းနိုင်ရေး မူဝါဒများ ညှိနှိုင်းနေ

(ရွှေဟင်္သာသတင်းဌာန)



ရှမ်းပြည် တွင်းရှိ အင်အားကြီး လက်နက်ကိုင် အဖွဲ့ နှစ်ခု ဖြစ်သည့် ရှမ်းမြောက်နှင့် ရှမ်းတောင် တပ်မတော် နှစ်ရပ် တို့သည် ပြည်သူ လူထုများ၏ ဆန္ဒ အရ ပေါင်းစဉ်း နိုင်ရန် အတွက် နှစ်ဖက် အကြား အခြေခံ ကျသည့် မူဝါဒ ရေးရာ များကို ညှိနှိုင်းလျက် ရှိကြောင်း နှစ်ဖက် ပြောရေး ဆိုခွင့် ရှိသူများ ဖြစ်ကြသည့် ရှမ်းမြောက် တပ်တော်မှ ဒုတိယ ဗိုလ်မှူးကြီး စိုင်းလှနှင့် ရှမ်းတောင် တပ်မတော်မှ ဗိုလ်မှူး ဆိုင်းလောင်းစိုင် တို့က ပြောကြား ကြသည်။

ပြည်သူ့စစ်တပ်ဖွဲ့ အပြစ်မဲ့ ရွာသားအား ရိုက်နှက်ခြိမ်းခြောက်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ် နားယိုင်းဒေသအခြေစိုက် ပြည်သူ့စစ်က ဒေသခံခြံလုပ် ရွာသားအား ရိုက်နှက်ခြိမ်းခြောက်သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းအရ သိရှိရသည်။


ဧပြီလ ၂၅ ရက် နံနက် ၉ နာရီခန့် နမ့်ဇန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု ဝမ့်ကောင်− လွယ်ပေါင်း ရွာသား  ၅ ဦး မိမိတို့ခြံ၌ ထွန်ယက်နေစဉ် နားယိုင်းပြည်သူ့စစ် ဗိုလ်မှူးလီမင်နှင့်တပည့် ၂ ဦး ကားဖြင့်ရောက်ရှိလာပြီး လွယ်ပေါင်းရွာသား စိုင်းဝန်း(၃၀ နှစ်) အား ရိုက်နှက်ကြောင်း နမ့်ဇန် ရောက် လွယ်ပေါင်းဒေသခံတစ်ဦးက ပြောပါသည်။

Wednesday, April 23, 2014

တပ်မတော်နှင့် ပန်းဆေး ကျော်မြင့် ပူးပေါင်း စစ်ကြောင်းနှင့် မူးယစ် နှိမ်နှင်းသည့် PSLF တို့ တိုက်ပွဲဖြစ်

(ရွှေဟင်္သာသတင်းဌာန)



အစိုးရ စကခ (၁၆) လက်အောက်ခံ တပ်များနှင့် ပန်းဆေး ကျော်မြင့် ပြည်သူ့စစ် ပူးပေါင်း ထားသည့် စစ်ကြောင်း တို့နှင့် တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ ယနေ့ ဧပြီလ ၂၃ ရက်နေ့၌ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ် အတွင်း (၃) နေရာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း ဒုတိယ စစ်ဦးစီးချုပ် ဒု-ဗိုလ်မှူးကြီး တာခူးလမ်းက ဆိုပါသည်။

“ကျနော်တို့ အဖွဲ့က မူးယစ် ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်း စဉ်မှာ လူထု ရှင်းလင်းပွဲ လုပ်နေတဲ့ အချိန်မှာ အစိုးရ စစ်ကြောင်း တွေက ကျနော်တို့ကို လိုက်လံ တိုက်ခိုက်တယ်၊  သူတို့ (စကခ ၁၆ လက်အောက်ခံ အစိုးရတပ်) တွေနဲ့ အတူ ပန်းဆေး ကျော်မြင့် ပြည်သူ့စစ် တပ်ဖွဲ့ဝင် တွေကလည်း အစိုးရတပ် ယူနီဖောင်း ဝတ်ပြီး လမ်းပြ အဖြစ် လိုက်ပါ လာကြတယ်” ဟု ဒုတိယ စစ်ဦးစီး ချုပ်က ဆိုပါသည်။

Monday, April 21, 2014

RCSS/SSA ထံ တိုက်ယူသည့် စခန်းနှစ်ခုအား UWSA သို့ အစိုးရတပ်လွှဲပေး

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တပ်မတော် RCSS/SSA ထံမှ တိုက်ယူသည့် မိုင်းတုံမြို့နယ်အတွင်းက တပ်စခန်းနှစ်ခုအား ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ထံသို့ မြန်မာအစိုးရတပ် လွှဲအပ်ပေးလိုက်သည်ဟု ဒေသအတွင်း သတင်းရပ်ကွက်က ပြောသည်။
UWSA သို့ ပေးလိုက်သည့် တပ်စခန်းနှစ်ခုမှာ မတ်လနှောင်းပိုင်းက အစိုးရတပ် ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်လိုက်သည့် သျှမ်းပြည်တပ်မတော် RCSS/SSA ၏ သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် လွယ် လိတ်စီး နှင့် လွယ်ပန်းတုန်း တပ်စခန်းများ ဖြစ်သည်ဟု သျှမ်းပြည်တပ်မတော် အရာရှိကြီးတဦးကပြော သည်။

Saturday, April 5, 2014

သံလွင်အနောက်ကမ်းကူးသည့် ဝ တပ်ဖွဲ့ နှင့် RCSS/SSA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း သံလွင်အရှေ့ခြမ်း မှ အနောက်ဘက်ခြမ်းသို့ ကူးကာ ရွှေတူးဖေါ်နေသည့် UWSA ဝ တပ်ဖွဲ့နှင့် RCSS/ SSA တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု ဆိုသည်။

ဧပြီလ ၂ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့ အရှေ့တောင်ဘက် သံလွင်မြစ်အနောက်ခြမ်း ကူးကာ ရွှေတူးဖေါ်သည့် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် RCSS/SSA တို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။ တိုက်ပွဲတွင် RCSS/ SSA ဘက်မှ လက်နက်ကြီးငယ် သုံးလက်ထက်မနည်း သိမ်း ဆည်းရရှိကြောင်း၊ လူသေလောင်းလဲ တွေ့ရှိကြောင်း မိုင်းပန်ဒေသခံပီစိုင်းကပြောသည်။

Thursday, April 3, 2014

အဓမ္မစစ်မှုထမ်းခိုင်း၍ ပလောင်ဒေသရှိ လီဆူးတိုင်းရင်းသားများ ရွာလုံးကျွတ် ထွက်ပြေး

(The Voice Weekly)

ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မန်လုံးကျေးရွာအုပ်စု တာလတ်ကျေးရွာတွင် ပလောင် စကားပြော လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့က အဓမ္မ စစ်သားစုဆောင်းမှုများ ပြုလုပ်နေပြီး စစ်မှုထမ်းရန် ငြင်းဆန်သူများကို သတ်ပစ်သဖြင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ကာယကံရှင် လီဆူး တိုင်းရင်းသားများထံမှ သိရှိရသည်။

အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့ တာလတ်ကျေးရွာက အိမ်တစ်အိမ်လျှင် လူတစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရမည်ဟု ဆင့်ခေါ်ခဲ့ပြီး စစ်မှုထမ်းခြင်းမှ ကင်းလွတ်ပေးရန် သွားရောက် တောင်းပန်သည့် ရွာလူကြီး ဦးမောင်စိန်နှင့် ၎င်း၏ တူတော်စပ်သူ ဦးစိုင်းမြင့်အောင်တို့ကို လက်နက်ကိုင်များက သတ်ဖြတ်ခဲ့ကြောင်း တိမ်းရှောင်လာသူတစ်ဦးက ပြောကြားသည်။

“ဝ” နှင့် ရှမ်းပြည်နယ် တွင်းရှိ “လားဟူ” လူမျိုး များကိုလည်း သန်းကောင်စာရင်း ကောက်နေ

(ရွှေဟင်္သာသတင်းဌာန)

ထိန်းချုပ် ဒေသနှင့် ရှမ်းပြည် နယ် အတွင်း တွင် နေထိုင်သည့် လားဟူ လူမျိုးများ ကိုလည်း မတ်လ ၃၀ ရက်နေ့မှ စ၍ သန်းခေါင် စာရင်း စတင် ကောက် ယူ နေပြီး ဖြစ်ကြောင်း လားဟူ ဒီမိုကရက်တစ် ယူနီယံ (LDU) မှ ပြောရေး ဆို ခွင့် ရှိသူ ကြာရင်ရှဲလ်က ပြောသည်။
 
ထိန်းချုပ် ဒေသမှာရှိတဲ့ လားဟူ လူမျိုး တွေကိုတော့ ပြီးခဲ့တဲ့ တစ်ပတ်လောက် ကတည်းက ကြိုပြီး ကောက်ယူ ထားတာ ရှိတယ်၊ အခုကတော့ ရှမ်းပြည်နယ် ထဲမှာ ရှိတဲ့ လားဟူ လူမျိုး တွေကို သန်းခေါင် စာရင်း စကောက် နေပါ တယ်ဟု ကြာရင်ရှဲလ်က ဆိုပါသည်။

Wednesday, April 2, 2014

တိုင်းရင်းသားတပ်ဖွဲ့များအပေါ် ထိုးစစ်ဆင်မှု ရေကာတာစီမံကိန်းနှင့်ပတ်သက်

သျှမ်းသံတော်ဆင့်

၁၉၉၆ မှ စ၍ ယနေ့အထိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအပေါ် အစိုးရထိုးစစ်ဆင် တိုက်ခိုက်မှု သည် သတ္တုတူးဖေါ်မှု၊ ရေကာတာတည်ဆောက်မှုများနှင့် အဓိက ပတ်သက်ဆက်နွယ်နေ ကြောင်း သျှမ်းလူထု အခြေပြု လူမှုအဖွဲ့အစည်းကပြောလိုက်ပါသည်။

“သံလွင်မြစ်တလျှောက်က ရေကာတာဆောက်မယ့်နေရာတိုင်းမှာ မအေးချမ်းတာကိုလေ့လာ တွေ့ရှိရ တယ်။ ဒါတင်မက ကချင်ပြည်နယ် မြစ်ဆုံရေကာတာကိုလဲ ကြည့်ပြန်ရင်လည်း တိုက်ပွဲတွေဖြစ် နေ တယ်။ ကချင်တပ်မတော်နဲ့ အစိုးရတပ်မတော် အပစ်ရပ်တာကြာလှပြီ။ ဘာအကျိုးအမြတ်ရသလဲ။ ကားလမ်းတောင်မကောင်းဘူး။ ရေကာတာစီမံကိန်းလဲစရော တိုက်ပွဲတွေလည်း ပြန်ဖြစ်ရောဘဲ” ဟု အဖွဲ့ပြောခွင့်ရ စိုင်းခေးဆိုင်က ပြောသည်။