Friday, July 24, 2015

July,21-23 ရက်အတွင်း ဗမာတပ်နှင့် SSA/SSPP တို့ ထိတွေ့မှု

(Lachid Kachin)

21.7.2015 ရက်နေ့ နံနက် ပိုင်းမှ စတင်ကာ (စကခ-၁၇)
လက်အောက်ခံ (ခမရ-၅၉၆)တပ်မှ တပ်ရင်း မှုးကျော်ဝင်းလှိုင်
ဦးစီးသော အင်အား (၃၀) ခန့် ရှိစစ်ကြောင်း မှ မိမိ တို့ လွယ်နီုင်း
စခန်းရှိရာ ဘက်သို့ နယ်ကျော် ကာ ၀င်ရောက်ကျူးကျော်လှုပ်ရှား
ရန်စမှုများ စတင်ခဲ့ ကြောင်း သိရှိရပါသည်။


Thursday, July 23, 2015

တပ်မတော် ထိုးစစ်များ ရပ်ပေးရန် အဆင့်မြင့် ညှိနှိုင်းရေး အဖွဲ့ တောင်းဆို

(DVB)

တိုင်း ရင်းသားဒေသ များ သို့ တပ်မတော်မှ ထိုးစစ် ဆင်မှုများ ရပ်တန့်ပေး ရန် တိုင်းရင်းသား များ၏ အဆင့်မြင့်ညှိနှိုင်းရေး အဖွဲ့ (EAOs’ Senior Delegation)က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော် မတီ(UPWC)ထံသို့ တောင်း ဆိုလိုက်ကြောင်း သိရသည်။

ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဋ္ဌာန (MPC)တွင် ယနေ့ ကျင်းပသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်(NCA) ၈ ကြိမ်မြောက် ဆွေးနွေးပွဲတွင် အဆင့်မြင့် ညှိနှိုင်းရေး အဖွဲ့(SD) ခေါင်းဆောင်များက တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

Wednesday, July 22, 2015

ဗိုလ်မှူးချုပ်စောကျော်သက်နှင့် ဗိုလ်မှူးကြီးစောဆန်းအောင်တို့ကို ဒီကေဘီအေက အပြီးထုတ်ပယ်

(KIC)

ကလို ထူးဘော စစ်ဋ္ဌာန ချုပ် ဒီကေ ဘီအေ လက်အောက်ခံ ကလိုထူးဝါ စစ်ကွပ် ကဲရေးမှ စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စောကျော် သက်နှင့် ဗိုလ်မှူးကြီးစော ဆန်းအောင်တို့ အား အဖွဲ့ဝင်အဖြစ်မှ အပြီးအပိုင် ထုတ်ပယ် လိုက်ကြောင်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစော လားပွယ်၏ ကိုယ်စားထိုး ထားသည့် လက်မှတ်ဖြင့် ဇူလိုင်လ ၂၁ရက် က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဒီကေဘီအေ မြ၀တီဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီးစောစိုးမြင့်က ̏ဋ္ဌာနချုပ်မှာထိုင်တဲ့ ကျနော် အီးစီက လူကြီးတွေ အစည်းအ ဝေးထိုင်ပြီး ဆုံးဖြတ်ချတယ်။ ဆုံးဖြတ်ချက်ကို အဖိုး(စောလားပွယ်)ဆီကို တင်ပြပြီးတော့ အဖိုးကလည်း ဆုံးဖြတ်ချက်အတိုင်းပဲ ဆောင်ရွက်ဖို့ ညွှန်ကြားလိုက်တယ်။ ဒါက ဖြစ်စဉ်အပေါ် အကျိုးအကြောင်းချက်ကို အခြေခံပြီး ထုတ်ပယ်တာဖြစ်တယ်״ဟု ကေ အိုင်စီသို့ ပြောသည်။

ဟိုပုံးသူကို အစိုးရတပ် အဓမ္မ ပြုကျင့် သတ်ဖြတ် သည်ဟု သျှမ်း လူ့အခွင့် အရေး မဏ္ဌိုင် အစီရင်ခံစာ ထုတ်ပြန်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင် ပိုင်း ဟိုပုံးမြို့နယ် အတွင်းနေထိုင်သည့် ရွာသူ အိမ်ထောင် သည် အမျိုးသမီး တဦးအား အစိုးရ တပ်မတော် အခြေချ လှုပ်ရှားသည့် စစ်ကြောင်း တခုက အဓမ္မပြုကျင့် သတ်ဖြတ်လိုက် သည်ဟု သျှမ်းလူ့အခွင့်အရေး မဏ္ဌိုင်က ထုတ်ပြန် သည်။

ဂျူလိုင်လ ၂၀ ရက်နေ့ပါသျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ၏ ထုတ်ပြန်ကြေငြာ ချက်တွင်  ဂျွန် ၆ ရက် ၂၀၁၅ သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မြောက် ဘက်ခြမ်း ဝမ့်နားတောင်း ရွာသူ နန်းခက် (အသက် ၂၇ နှစ်) သည် ဘုန်းကြီးရှိ သားရှင် သာမဏေ အတွက် နေ့လည် ဆွမ်းသွား ကပ်ပြီးအပြန် တပ် စခန်းရှေ့ ဖြတ် သန်းစဉ် မြန်မာ အစိုးရတပ်မတော် ခလရ ၂၄၉ မှ တပ်ဖွဲ့ဝင်တဦးက တပ်အလွန် လမ်းတဝက်၌ အဓမ္မပြုကျင့် သတ်ဖြတ် ကာ ငွေ နှင့် နားကပ် များအား ယူသွားသည်ဟု ပါရှိသည်။

Tuesday, July 21, 2015

တန့်ယန်းမြို့အား သိမ်းပိုက် ခဲ့သူ သျှမ်းတပ် စစ်ဦးစီးချုပ်ဟောင်း ‘ဗိုလ်ဝ’ ကွယ်လွန်

(သျှမ်းသံတော်ဆင့်)

သျှမ်းအမျိုးသား ညီညွတ်ရေး တပ်ဦး SNUF စစ်ဦးချုပ်ဟောင်း ဗိုလ်ဝ အမည်ရ အိုက်ငင်း အသက် ၉၀ နှစ်သည် သက်ကြီး ရောဂါဖြင့် ချင်းမိုင်မြို့ နခွန်းဖင်း ဆေးရုံ၌  ကွယ်လွန် သွားခဲ့ သည်။

ဗိုလ်ဝ အမည်ရ အိုက်ငင်း အသက် ၉၀ သည် ဂျူလိုင်လ ၁၈ ညတွင် ကွယ်လွန်ပြီး တော် လှန် ရေးသမားဟောင်း စဝ်ဂဏ်းဂျစ် ဦးဆောင်မှုဖြင့် ၎င်းအား ဂျူလိုင် ၂၀ ရက်မွန်းလွဲပိုင်း က ချင်းမိုင်မြို့ ဝပ်ပါပေါက်ကျောင်းတိုက် မှ  ဆီဖုမ်းအုပ်စု ဆန်တီးထမ်း သုသာန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုလ်သည်။