သျှမ်းပြည်မြောက်ပိုင်း
ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲအတွင်း ကျေးလက်ရွာများအပေါ်
လက်နက်ကြီးငယ်ဖြင့် ဦးတည်ပစ်ခတ်ခြိမ်းခြောက်မှု ရှောင်ရှားပေးပါရန်
မိုင်းငေါ့ ဒေသခံ များက ပြောသည်။
၂၀၁၄ ဂျန္နဝါရီလ အစောပိုင်းကစ၍ မိုင်းငေါ့မြို့နယ်ခွဲအတွင်း အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အကြိမ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နှစ်ဘက်တင်းမာနေသော အနေအထားကြောင့် ကျေးရွာဘက်သို့ လက်နက်ကြီး လက်နက်ငယ်ဖြင့် ဦးတည်ပစ်ခတ် ခြင်းဖြစ်ကြောင်း ရပ်မိရပ်ဖများကပြော သည်။