Tuesday, July 22, 2014

ဒေသဖွံ့ဖြိုးရေးအတွက် အစိုးရနှင့် ဆွေးနွေးလိုဟု နာဂငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ပြော

(Mizzima)

အစိုးရနှင့် နိုင်ငံရေး ကိစ္စ၊ အပစ်ရပ်ကိစ္စများ မဆွေးနွေး လိုဘဲ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အစီအစဉ်များ သာ ဆွေးနွေး လိုသည်ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတစ်ခုဖြစ်သည့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့မှ ဥက္ကဋ္ဌ ဦးကျော်ဝမ်းစိန်က မဇ္ဈိမကို ပြောသည်။

၂၀၁၂ ခုနှစ်၊ ဧပြီ ၉ ရက်တွင် ပြည်နယ်အဆင့် ပဏာမအပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပြုလုပ်ထားပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးမှု မရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။

Monday, July 21, 2014

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့် အစိုးရတပ် တိုက်ပွဲ ဆက်ဖြစ်

(DVB)

ရှမ်းပြည် တပ်မတော်မြောက်ပိုင်း ဌာနချုပ် ၀မ်ဟိုင်း အနီးတ၀ိုက်မှာ အစိုးရတပ် နဲ့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း တပ်တွေကြား  ဒီကနေ့ တိုက်ပွဲတွေ ပြန်ဖြစ်နေ ပါတယ်။

ကျေးသီးမြို့နယ် ပန်စဲ့၊ လွယ်ရွဲ ကျေးရွာအနီး က တောအုပ်တွေမှာ ဒီကနေ့ မနက်စောစော ကနေ နေ့ခင်းထိ ရှမ်းပြည်တပ်မတော် ဌာနချုပ် အပြင်စည်း  လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နဲ့  စကခ – ၂၊  အရှေ့အလယ်ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့တွေကြား တိုက်ပွဲပြန်ဖြစ်နေတယ်လို့  ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ပြောခွင့်ရ ဗိုလ်မှူးးကြီး စိုင်းလက ဒီဗွီဘီကို ပြောပါတယ်။

အစိုးရတပ်နှင့် SSPP/SSA တိုက်ပွဲပြင်းထန် ကျေးလက်ရွာသား ၆ ရွာ စစ်ဘေး ထပ်ရှောင်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင် ပိုင်း ကျေးသီး မြို့နယ် အတွင်း အခြေစိုက် လှုပ်ရှား သည့် သျှမ်းပြည် တပ်မတော် SSPP/SSA တပ်စခန်း အား အစိုးရတပ် ခလရ ၂၄၈ နှင့် တခြားတပ်ဖွဲ့ စစ်ကြောင်းများက ဂျူလိုင် ၂၀ နှင့် ၂၁ ရက်နေ့ တို့တွင် ပစ်ခတ် တိုက်ခိုက်နေသည်ဟု ဒေသအတွင်း တပ်မှူးက ပြောသည်။
၂၀၁၄ ဂျူလိုင်လ ၂၀ ရက်နေ့ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အရှေ့ဘက် ၈ မိုင်ခန့် အကွာရှိ ဟာ့ဝမ့်ကျေးရွာအုပ်စု၊ ပန်စယ် ကျေးရွာအုပ်စု အတွင်း အစိုးရတပ် အင်အားဖြန့် လှုပ်ရှားသောကြောင့် သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာသည်ဟု ရှေ့တန်း တပ်မှူး စိုင်းဖှလျှပ်က ပြောသည်။

Saturday, July 19, 2014

နယ်မြေစိုးမိုးရေးစီမံကိန်း နေပြည်တော်အစိုးရထံ SSPP/SSA မေးခွန်းထုတ်

(သျှမ်းသံတော်ဆင့်)

သဘောတူညီချက်များအား သျှမ်းပြည်တပ်မတော် SSPP/SSA ဖေါက်ဖျက်သည်ဟု အစိုးရ၏ ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့်စွပ်စွဲပြီးနောက်ပိုင်း - ‘ မြန်မာ့တပ်မတော်၏ နယ်မြေစိုးမိုး ရေး ဆောင်ရွက်နေခြင်းသည် လက်နက်ကိုင်ပဋိပက္ခများကို လျှော့ချနိုင်ပါမည်လော’ ဆိုသည့်မေးခွန်း အား  သျှမ်းပြည်တပ်မတော် SSPP/SSA က နေပြည်တော်အစိုးရထံ မေးခွန်းထုတ် လိုက်ခြင်းဖြစ်သည်။

ကြုံတွေ့ရပြဿနာများ SSPP/SSA မှ ‘ငြိမ်းချမ်းစွာ ဖြေရှင်းလိုမှုမရှိ’ ဟု ဒု- ကက ဝန်ကြီးပြော

(သျှမ်းသံတော်ဆင့်)

နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသည့် နယ်မြေခံ တပ်မတော် စစ်ကြောင်းများအား SSA (ဝမ်ဟိုင်း) အဖွဲ့က အလစ်ငိုက်တိုက်ခိုက်မှုမှာ SSA (ဝမ်ဟိုင်း) မှ ပြဿနာများအား ငြိမ်းချမ်းစွာ ဖြေရှင်းလိုမှုမရှိဟု နေပြည်တော် အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က လွှတ်တော် အတွင်း ပြောကြားလိုက်သည်။

ချင်း အမျိုးသမီးတွေကို စစ်တပ်က အဓမ္မပြုကျင့်မှု အရေးယူပေးဖို့ CHRO တောင်းဆို

(ဧရာဝတီ)

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ လည်း မြန်မာ့ တပ်မတော်က ချင်းအမျိုးသမီးတွေ အပေါ် အဓမ္မ ပြုကျင့်မှုတွေ ဆက်ရှိနေပြီး အဆိုပါ ရာဇဝတ် မှုတွေ ကို အရေးယူ ဆောင်ရွက်ပေးဖို့ အစိုးရကို တောင်းဆိုကြောင်း ချင်း လူ့အခွင့်အရေးအဖွဲ့ (CHRO) က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

CHRO ရဲ့ ပြောရေး ဆိုခွင့်ရှိသူ မိုင်သင်းယုမွန်က “စစ်အစိုးရ လက်ထက် မှာလည်း အစိုးရ စစ်တပ်က ကျမတို့ ချင်း တိုင်းရင်းသူတွေကို အဓမ္မ ပြုကျင့်ခဲ့တယ် ဆိုတာ လူတိုင်းသိပြီးတဲ့ ကိစ္စပါ။ အခုတင်တဲ့ အစီရင်ခံစာ မှာတော့ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ စစ်တပ်က ဆက်လုပ်နေတဲ့ အဓမ္မ ပြုကျင့်မှုတွေ အရေးယူ ဆောင်ရွက်ခြင်း မရှိလို့ပါ” လို့ ဧရာဝတီကို ပြောပါတယ်။

ကရင်တိုင်းရင်းသားလက်နက်ကိုင်များ မူးယစ်ဆေးဝါး စတင် နှိမ်နင်း

(KIC)

ကရင်တိုင်းရင်းသားလက်နက်ကိုင်များ ညီညွတ်ရေးကော်မတီက ဖွဲ့စည်းထားသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီက မူးယစ်ဆေးဝါး နှိမ်နင်းမှုများကို ဇူလိုင်လ ၁၅ရက်နေ့မှစ၍ မူးယစ်ဆေးဝါးရောင်းဝယ်သူ၊ လက်ဝယ်တွေ့ရှိသူများကို ဖမ်းဆီးအ ရေးယူနေပြီဖြစ်ကြောင်း ယင်းကော်မတီက ကေအိုင်စီသို့ ယနေ့ ပြောဆိုသည်။

၎င်းကော်မတီဥက္ကဌဖြစ်သူ ဗိုလ်မှူးကြီးစောချစ်သူက “လူထုတွေက လူငယ်တွေ မူးယစ်ဆေးဝါးကြောင့် ပျက်စီးနေတာကို မင်းတို့ ကရင်လက်နက်ကိုင်တွေ ဘာမှ မလုပ်ပေးနိုင်တော့ဘူးလား မေးတယ်။ အနာဂတ်လူငယ်တွေ ပျက်စီးသွားမှာကို ကျနော်တို့ လည်း မလိုလားဘူး။ အခု အခြေအနေမှာ လူထုတွေရဲ့ တောင်းဆိုမှုနဲ့အညီ အရေးပေါ်အစည်းအဝေးတွေ ခေါ်၊ ကော်မတီဖွဲ့ပြီး အခုလို စတင် လုပ်ဆောင်တာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။

ရှမ်းပြည်နယ် TNLA ဒေသတွင် ခြောက်လအတွင်း တိုက်ပွဲပေါင်း ၁၀၀ကျော်ဖြစ်ပွား

(KIC)

၂၀၁၄ခုနှစ်၊ ခြောက်လအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင်(တအာင်း)ဒေသတွင် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး(PSLF)လက်အောက်ခံ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအစိုးရစစ်တပ်တို့ တိုက်ပွဲ ပေါင်း ၁၀၀ကျော် ဖြစ်ပွားခဲ့သည်ဟု TNLA က ကြေညာချက် ထုတ်ပြန်လိုက်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း PSLF/TNLA အခြေစိုက်ရာနေရာ ဗဟိုဌာနချုပ်တွင် ဇူလိုင် ၁၂ရက်မှ ၁၅ရက်နေ့အထိ ပြုလုပ်သည့် PSLF/TNLA ၏ ဗဟိုကော်မတီ ခြောက်လပတ် အစည်းအဝေးပြီးနောက် အဆိုပါတိုက်ပွဲသတင်းများကို ဇူလိုင် ၁၇ရက်နေ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Friday, July 18, 2014

တာချီလိတ်ခရိုင်က ရွှေတူးဖော်ခြင်းရပ်ဆိုင်းရန် လယ်သမားများကွန်ယက် တောင်ကြီးတက်တောင်းဆို

(သျှမ်းသံတော်ဆင့်)

မိုင်းလင်းအုပ်စုသားများ အားထိခိုက် နစ်နာမှုဖြစ်စေ သည့် ရွှေတူးဖော်ရေးလုပ်ငန်းများ ချက်ချင်း ရပ်ဆိုင်း ပေးရန်နှင့် ပျက်စီးဆုံးရှုံးမှုများ ကို ပြန်လည်လျော်ပေး ရန် တောင်းဆိုခဲ့ သည့် သတင်းစာ ရှင်းလင်းပွဲ တရပ်ကို တောင်ကြီးမြို့ CLASSIC စားသောက်ဆိုင် တွင် တောင်သူလယ်သမားများ ကွန်ယက်က ပြုလုပ်ခဲ့ပါ သည်။ 

တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲအရှေ့ဘက် မိုင်းလင်းအနောက်အုပ်စု လွယ်ခမ်း တောင်ကြောတွင် ကုမ္ပဏီပေါင်း ၁၀ ကျော်ကရွှေတူးဖော်လျှက်ရှိသဖြင့် ဒေသခံလူထု အများအပြားက အခက်အခဲပေါင်း မြောက်များ စွာရင်ဆိုင်နေခဲ့ရကြောင်း ဒေသခံတဦးကပြောသည်။

နမ့်ခမ်းမြို့ ရွေးကောက်ပွဲကော်မရှင်ဖျက်သိမ်းပေးရန် ကျားဖြူပါတီတောင်းဆို

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက် ပိုင်း နမ့်ခမ်း မြို့နယ် ရွေးကောက် ပွဲကော်မရှင် အား ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ဖျက် သိမ်းပေးရန် နမ့်ခမ်းမြို့ ကျားဖြူပါတီ က ခရိုင်ရွေးကောက် ပွဲကော်မရှင် ထံ စာရေးတောင်း ဆိုလိုက်ပါ သည်။

နမ့်ခမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် အဖွဲ့ဝင်များအားလုံးအား အယုံအကြည်မရှိသော ကြောင့် အသစ်ပြန်လည်ရွေးချယ်ပေးရန် ဂျူလိုင် ၉ ရက်နေ့ ရက်စွဲဖြင့် သျှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ ဒုတိယ ဥက္ကဌ ဆရာစိုင်းစောလှ က သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် ရွေးကောက် ပွဲကော်မရှင်ထံ စာရေးတောင်းဆိုခဲ့ခြင်းဖြစ်သည်။

ရဲအရာရှိတဦးအား မူးယစ်ရမ်းကားသူတဦးက ပစ်သတ်

(သျှမ်းသံတော်ဆင့်)
တူမီးသေနတ်ထိမှန်သေဆုံးသည့် ဒု ရဲအုပ် ကျော်ဆန်းဦး  (ဓါတ်ပုံ- taifreedom.net)

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း မူးယစ်သုံးစွဲ ရမ်းကားသူ တဦးက  ၎င်းအားလာရောက် ဖမ်းဆီးထိန်းချုပ်ရန် ကြိုးပမ်းသည့် ရဲအရာရှိတဦးအား  တူမီးသေနတ်ဖြင့် ပစ်ခတ်ရာ ရဲအရာရှိ သေဆုံးသွားကြောင်း ဒေသခံသတင်းရပ် ကွက် က ပြောသည်။

Thursday, July 17, 2014

ရှမ်းပြည်နယ်မှ စစ်ပြေးဒုက္ခသည်ထွက်ရှိ

(Irrawaddy)
 ရှမ်းပြည်နယ်ကနေ ဘာတွေ ထွက်သလဲ။
လောလောဆယ် ကြားသိရတာ ပြောရရင်တော့  ရှမ်းပြည်နယ်ကနေ စစ်ပြေးဒုက္ခသည်ထွက်တယ်လို့ ဆိုရမလို ဖြစ်နေပါပြီ။ 

ရှမ်းပြည်နယ်က ဒေသတခုအကြောင်း သတင်းထောက် နန်းဆိုင်နွမ် ရေးသားပေးပို့ထားတာက ဒီလိုပါ.....

ရှမ်းပြည်နယ်  ကျေးသီးမြို့နယ်တွင် တိုက်ပွဲဖြစ်နေသောကြောင့်  ထွက်ပြေးနေရသည့် ဒေသခံ၂၀၀ ကျော်ရှိကြောင်း သိရသည်။

SSPP/SSA နှင့် အစိုးရတပ်မတော် စစ်ရေးတင်းမာမှု အမြန်ဆုံးရပ်တန့်ရန် UNA ပြော

(Mizzima)

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)နှင့် အစိုးရတပ်မတော်တို့ စစ်ရေး လှုပ်ရှားမှု အပြိုင်အဆိုင်ပြုလုပ်နေခြင်း အမြန်ဆုံးရပ်တန့်ရန် စည်လုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က ဇူလိုင် ၁၆ရက်က ကြေငြာချက် ထုတ်ပြန်လိုက်သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA)လှုပ်ရှားနေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ မှိုင်းရှူးမြို့နယ်နှင့် တန်ယန်းမြို့နယ်များ ထဲသို့ အစိုးရတပ်မတော်မှ အင်အား ထောင်ချီဝင်ရောက် တပ်စွဲခြင်း၊ နှစ်ဘက်တပ်များ စစ်ရေးလှုပ်ရှားမှု အပြိုင်အဆိုင် ပြုလုပ်နေခြင်းတို့ကြောင့် လွန်ခဲ့သည့် ဇွန်လ ၂၆ရက်မှ စတင်ပြီး ယခုတိုင် စစ်ရေးတင်းမာမှုများ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားလျှက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Wednesday, July 16, 2014

ရှမ်းပြည်နယ်အတွင်း တပ်မတော်စစ်ကြောင်းများနှင့် SSPP/SSA တို့၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ဒေသခံပြည်သူများ လုံခြုံမှုမရှိ၍ စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ပေးရန် လွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်း

(Eleven Media Group)


ရှမ်းပြည်နယ် လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်အတွင်းရှိ ဝမ်ဝပ်ကျေးရွာအုပ်စု၊ ဝမ်ဝပ်ကျေးရွာ တာဖာဆောင်တံတားတွင် တပ်မတော်စစ်ကြောင်းများနှင့် SSPP/SSA တို့၏ စစ်ရေးလှုပ်ရှားမှုကြောင့် ဒေသခံပြည်သူများမှာ လုံခြုံမှုမရှိသည့်အတွက် နီးစပ်ရာ ဝမ်ဝပ်ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသောကြောင့် စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်ပေးရန် အရေးကြီးအဆိုအား ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့သည်။

Monday, July 14, 2014

RCSS/SSA က တိုက်ပွဲဖြစ်ပွားနေသဖြင့် စစ်ရှိန်လျော့ချရေး လုပ်ဆောင်ရန် MPC ထံ တင်ပြ

(Mizzima)

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ ရှမ်းပြည် တပ်မတော် (RCSS/SSA)နှင့် အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေ မှုကြောင့် လျှော့ချရေးနှင့် ပတ်သက် ၍ မြန်မာငြိမ်းချမ်းရေး စင်တာ (MPC)ထံ ဇူလိုင် ၁၄ရက် က တင်ပြခဲ့ သည်ဟု RCSS/SSA ၏ အတိုင်ပင်ခံ ဦးခွန်ဆိုင်း က မဇ္ဈိမကို ပြောသည်။

ဇူလိုင်လ ၁၄ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌ ဝန်ကြီးဦးအောင်မင်း၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောထားများကို (MPC)က RCSS/SSAထံ လာရောက် တင်ပြစဉ် ထည့်သွင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။