နိုင်ငံရေး
တွေ့ဆုံ ဆွေးနွေးပွဲ အပြီးတွင် လက်နက်များ ဖြုတ်သိမ်း သွားမည်ဟု သမ္မတ
ဦးသိန်းစိန်၏ တဆင့် စကားကို ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းမှ နိုင်ဟံသာ
ဦးဆောင်သည့် UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်
ကောင်စီတို့ တွေ့ဆုံ ပွှဲ၌ ပြောဆို ခဲ့သည်ဟု သတင်း ဖေါ်ပြ ချက်သည်
မှားယွင်းမှု ဖြစ်ကြောင်း UNFC ဒုတိယ ဥက္ကဌ နိုင်ဟံသာက အောက်တိုဘာလ (၁၈) ရက်နေ့၌ ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြား ခဲ့သည်။
“သတင်းမီဒီယာ တွေက အဓိပ္ပါယ်ကောက် လွှဲမှား ရေးလိုက်တယ် လို့ပဲ ကျွန်တော် မြင်တယ်။ ဦးအောင်မင်း တို့နဲ့ တွေ့တုန်းက နိုင်ငံရေး အရ ဆွေးနွေး ပြီးတဲ့ နောက်ပိုင်းမှာ လက်နက် စွန့်ရမယ်လို့ သမ္မတလဲ မပြော ပါဘူး။ ဦးအောင်မင်းလဲ မပြောပါဘူး”ဟု နိုင်ငံသာက ရွှေဟင်္သာ သတင်းဌာနအား ပြောကြား ခဲ့သည်။