Wednesday, October 2, 2013

သျှမ်း/မြောက်တွင် လူဦးရေကောက်ယူရေးကော်မတီဖွဲ့စည်း - လုပ်ငန်းစဉ်များချမှတ်

 

သျှမ်းနိုင်ငံရေးပါတီနှင့် သျှမ်းလူမှု အဖွဲ့အစည်း စုပေါင်းပြီး သျှမ်းပြည်မြောက်ပိုင်း လူဦးရေကောက်ယူရေး ကော်မတီကို  လားရှိုးမြို့ တွင် ဖွဲ့စည်းကာ လုပ်ငန်းစဉ်နှင့်တာဝန်များခွဲဝေ ယူနိုင်ပြီဖြစ်ကြောင်းသိရ သည်။


 စက်တင်ဘာလ ၂၈ နှင့် ၂၉ ရက်ကတွေ့ဆုံဆွေးနွေးကာ ကော်မတီဖွဲ့စည်းပြီး ခေါင်းစဉ် ၄ ခုဖြင့်ဆွေးနွေးခဲ့ကြောင်း ၊ နိုင်ငံရေး ပါတီများနှင့် လူမှုရေးအသင်းအဖွဲ့များ ဒေသတွင်းလူငယ်ထုများ စုစုပေါင်း ၃၁ ယောက် တက်ရောက်ခဲ့ကြောင်း ဆွေးနွေး ပွဲတက်ရောက်ခဲ့သည့် လဲချားမြို့နယ် ကျားဖြူပါတီ ပြည်နယ်လွှတ်တော်အမတ် စိုင်းကျော်ဇေယျကပြောသည်။

Monday, September 30, 2013

တပြည်လုံး အပစ်ရပ်ကြေညာပေးရန် မွန်ကွန်ဖရင့် တောင်းဆို

(DVB)

တပြည်လုံး အတိုင်းအတာနဲ့ အပစ်ခတ် ရပ်စဲရေးကို နိုင်ငံတော် အစိုးရက အတိအကျေကြ ညာပေးရမယ် လို့ မော်လမြိုင်မှာ ၃ ရက် တာ ကျင်းပ သွားတဲ့ မွန်အမျိုးသား ကွန်ဖရင့် က တောင်းဆို လိုက်ပါတယ်။

မွန်နိုင်ငံရေးပါတီ၊ မွန်လက်နက်ကိုင်အဖွဲ့နဲ့ လူထုလူတန်းစားအဖွဲ့အစည်း ကိုယ်စားလှယ်တွေ ၃ ရက်တာ ဆွေးနွေးညှိနှိုင်းခဲ့ပြီး တပြည်လုံး အပစ်ခတ်ရပ်စဲရေးလိုလားကြောင်း ဘုံသေဘာတူချက် ရရှိခဲ့တာဖြစ်ပါတယ်။

သျှမ်းတပ်နှစ်ခုနှင့် တိုက်ပွဲများကြောင့် အစိုးရ တပ် ဘက် ၈၀ ထက်မနည်းသေကြေဒဏ်ရာရ



၂၀၁၃ စက်တင်ဘာ လ လယ် အတွင်း မြန်မာအစိုးရ စစ်တပ် နှင့် သျှမ်းပြည် တပ်မတော် နှစ်ခု စလုံးနှင့် ဖြစ်ပွားခဲ့သော  တိုက်ပွဲ များကြောင့် အစိုးရတပ် ဘက် လူသူ ၈၀ ထက် မနည်း သေကြေ ဒဏ်ရာရရှိသည်ဟု RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြား လိုက်သည်။

အစိုးရ ငြိမ်းချမ်းရေး ကော်မီတီ သဘောထားကြောင့် TNLA တွေ့ဆုံရန်မရှိသေး

(ရွှေဟင်္သာသတင်းဌာန)

အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးခြင်း မပြုပါက ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF အဖွဲ့နှင့် နောက်ထပ် ပြန်လည် တွေ့ဆုံနိုင်မည် မဟုတ်ကြောင်း ငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အရာရှိ တဦးကပြန်ကြား ထားခဲ့သည်ဟု ပြောခွင့်ရ အတွင်းရေးမှူး ဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး တာဘုန်းကျော် ကဆိုပါသည်။ 

ဒီစကားကတော့ စက်တင်ဘာလ (၈) ရက်နေ့မှာ  UNFC နဲ့ ဦးအောင်မင်း တို့တွေ့တုန်းက MPC က ဦးလှမောင်ရွှေ ပြောလိုက်တဲ့ စကားပါ။  လက်မှတ် မထိုးဘူး ဆိုရင် ပြန်တွေ့ဖို့ မရှိဘူးလို့ ကျနော်တို့ရဲ့ UNFC ကိုယ်စားလှယ်တွေ ကို အဲဒီလို ပြောလိုက်တဟု ဆိုသည်။

Sunday, September 29, 2013

အစိုးရတပ်မှ ပြည်သူ့စစ်စခန်းတွင်းကျူးကျော်ကာစခန်းပိုင်ပစ္စည်းများ ဖျက်ဆီး

(by-တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး)


ရှမ်းပြည် နယ်မြောက် ပိုင်း ၊ကျောက်မဲ ခရိုင်၊ မန်တုံမြို့နယ် တွင် အခြေ စိုက်သော ခလရ (၁၃၀) မှ ဗိုလ်ကြီးကျော်စွာ တိုးဝင်၊ ဗိုလ်ကြီးကျော်ဇေယျ တို့ နှင့် တပ်သား (၂) ဦးစုစုပေါင်း (၄)ဦးတို့ သည် မန်တုံမြို့ပြည်သူ့ စစ်ကုန်း သို့ (၂၈.၉.၂၀၁၃) ည ၁၀နာရီ ခွဲ တွင် ၀င်ရောက်ခြိမ်းခြောက် ရန်ရှာခဲ့ယုံမျှမက တပ်စခန်း ရုံးခန်း အတွင်း ပစ္စည်း များကို ပါ ရိုက်ခွဲ ဖျက်ဆီး ခဲ့ကြောင်း သိရသည်၊၊

ပြည်သူ့စစ်ကုန်း တွင် ပြည်သူ့ စစ်အင်အား (၄၀) ခန့်  အခြေစိုက် လှုပ်ရှားလျက်ရှိပြီး တပ်စခန်း ရုံး အပြင်ဘက် တွင် စိုက်ထူထားသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်းဘုတ် အား အကြောင်းပြချက်ဖြင့် တပ်စခန်း အတွင်းရှိ တာဝန်ရှိသူများ ထံခွင့်မတောင်းဘဲ စာရွက်စာ တမ်းနံရံချိတ်များမှတ်တမ်ပုံများ၊ ပိုစတာများ ဖယ်ရှားပစ်ခဲ့သည့်အပြင် ရုံးသုံး ပစ္စည်းများပါရိုက်ခွဲဖျက်ဆီးခဲ့သည်၊၊

ကာ/ချုပ် နဲ့ KNU ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်မှာ တွေ့ဆုံ

(Irrawaddy)

မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကရင်အမျိုးသား အစည်း အရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အပါအ၀င် KNU ကိုယ်စားလှယ်အဖွဲ့နဲ့ မနေ့က နေပြည်တော် မှာ တွေ့ဆုံကြတယ်လို့ သတင်းရပါတယ်။ 

အခုလို KNU ခေါင်းဆောင်တွေနဲ့ ကာ/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံမှုဟာ ဒါဆို ၂ ကြိမ် မြောက်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ အဖွဲ့ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြစဉ်က ညစာစားပွဲတခုမှာ ကာ/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရင်းတနှီး တွေ့ဆုံခဲ့ဖူးကြပါသေးတယ်။

Saturday, September 28, 2013

မွန်ပြည်သစ်ပါတီ ဗဟိုကော်မီတီ အစည်းအဝေး၏ ရလာဒ်

(ရွှေဟင်္သာသတင်းဌာန)

မွန်ပြည်သစ်ပါတီ၏ပုံမှန်ဗဟိုကော်မီတီ အစည်းအဝေးကို စက်တင်ဘာလ (၁)ရက်နေ့မှာ စတင်ကျင်းပပြီး၊ (၃) ရက်နေ့မှာ ပြီးဆုံးသွားပါသည်။ ဤအစည်းအဝေးကို မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ် ဖြစ်သည့် ရေးချောင်းဖျားဒေသ၌ ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ 

စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားပြီးနောက်ပိုင်း ပထမအကြိမ်ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ ဤသို့ဆိုလျှင် ယခု(၃)ရက်ကြာကျင်းပပြီးစီးသွားသည့် မွန်ပြည်သစ်ပါတီ၏ ဗဟိုကော်မီတီ အစည်းအဝေးမှာ ဘာများဆုံးဖြတ်ခဲ့ပါသလဲ။ ကာယကံရှင် ဗဟိုကော်မီတီတချို့ နှင့် တွေ့ဆုံမေးမြန်းပြီးတင်ပြသွားမည်ဖြစ်ပါသည်။

Friday, September 27, 2013

အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည့် အခြေအနေ အပေါ် KNPP ပြန်သုံးသပ်

(ရွှေဟင်္သာသတင်းဌာန)

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ရယူထားခြင်းသည် မရေမရာနှင့် အဆုံးသတ်ရန်ရှိပြီး အစိုးရ၏ အကျိုးစီးပွား အတွက်သာ ဖြစ်ကြောင်း တိုင်းရင်းသားများ အသုံးချခံ အခြေအနေ ဖြစ်နေရသည်ဟု ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP ၏ အထွေထွေ အတွင်းရေးမှူး ခူဦးရယ်က ဆိုပါသည်။ 

တကယ်လို့နောက်ထပ် တကြိမ်တွေ့ဆုံခဲ့ကြမယ် ဆိုရင် တိကျပြီး ရေရာတဲ့အဖြေ တစ်ခု ရမှ သာလျှင် လက်မှတ် ထိုးဖို့ စဉ်းစားသင့်တယ်လို့ မြင်တယ်။ လက်မှတ် ထိုးပေမယ့် ရေရာတဲ့ အဖြေ မထွက်ခဲ့ရင် ခိုင်မာတဲ့ အာမခံချက် မရှိရင် လက်မှတ် ထိုးတာက အစိုးရ အတွက် ကမ္ဘာကို ပြသဖို့အတွက်လောက်ပဲ အကျိုးဖြစ်ထွန်း စေတယ် တိုင်းရင်းသားတွေ အတွက် ဘာမှ အကျိုး ဖြစ်ထွန်းမှု မရှိဘူးလို့အမြင်မျိုး သုံးသပ်ကြပါတယ်” ဆိုပါသည်။

Thursday, September 26, 2013

အကြိမ် (၁၃၀) ကျော် အတိုက်ခိုက် ခံရသည်ကို RCSS ပြန်လည်သုံးသပ်

(ရွှေဟင်္သာသတင်းဌာန)

၅ ကြိမ်မျှ အပစ်ရပ်ရေး လက်မှတ် ထိုးထား ပါလျှက်နှင့် အကြိမ် (၁၃၀) ကျော် အတိုက်ခိုက် ခံခဲ့ ရသဖြင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)သည် ဒေသတွင်း တိုက်ပွဲလျှော့ချရေး အတွက် အကြို ညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ်ကို ပြီးခဲ့သည့် စက်တင်ဘာလ လယ်ပိုင်းတွင် ကျင်းပ ခဲ့ကြောင်း ပြောခွင့်ရသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆိုင်မိဏ်း ကဆိုပါသည်။ 

 “ကျနော်တို့ ဆက်ဆံရေးရုံး ဖွင့်ထားတဲ့ မြို့နယ် တဝိုက်မှာ ဆိုရင် တိုက်ပွဲတွေ မဖြစ်သလောက် ပါဘဲ။ ဆိုတော့ နောက်ထပ် ဆက်ဆံရေးရုံးတွေ ထပ်ပြီး ဖွင့်လှစ်ရမဲ့ အခြေအနေမှာ ရှိနေတယ်။ ပြီးတော့ သက်ဆိုင်ရာ တပ်မှူးတွေ လှုပ်ရှားတဲ့ အခါမှာလည်း ဘယ်ဆက်ဆံရေးရုံးကို ဆက်သွယ် အကြောင်းကြား ထားရမယ်ဆိုတဲ့ ညှိနှိုင်းတဲ့ တွေ့ဆုံပွဲ ဖြစ်ပါတယ်” ဟုဆိုပါသည်။

လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ (၄) ဖွဲ့ဖြင့် အစိုးရ MPC အဖွဲ့ ဆွေးနွေးမည်

(ရွှေဟင်္သာသတင်းဌာန)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၄) ဖွဲ့သည် အစိုးရ ငြိမ်းချမ်းရေး စင်တာ ဗဟို အဖွဲ့၏ ဖိတ်ကြားချက် အရ လာမည့် စက်တင်ဘာ (၂၈) ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင် မြို့တွင် ကျင်းပတော့မည် ဖြစ်သည်ဟု ကရင် အမျိုးသား အစည်းအရုံး (KNU) စစ်ရေး တာဝန်ခံ ရော်ကြာခင်က ဆိုပါသည်။

ကျနော် ကတော့ ဆေးစစ်ဖို့ ရှိတော့ မသွားဖြစ်ဘူး။ ကျနော်တို့ ဖက်ကတော့ အရေးကြီး ပုဂိုလ်တွေဘဲ တက်မယ်။ ကြားတာက (၄) ဖွဲ့ဖြစ်မယ်။ အဓိက ဆွေးနွေးမှာက နိုင်ငံရေး ဆွေးနွေးပွဲ စတင်ဖို့ အကြို လုပ်ငန်း စဉ်တွေကို ဆွေးနွေးဖို့ ဖြစ်မယ်။ အခု အစိုးရ ဖက်က ဖိတ်တာလေ” ဟုဆိုပါသည်။

မွန်- ကရင်လက်နက်ကိုင် ၄ ဖွဲ့နှင့် အစိုးရ ဆွေးနွေးမည်

(DVB)

အစိုးရနဲ့  အပစ်ရပ်ရေး သဘောတူ ထားတဲ့ မွန်နဲ့ကရင် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့ ၄ ဖွဲ့နဲ့   ဦးအောင်မင်းခေါင်းဆောင် တဲ့ ပြည်ထောင် စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ အခုရက်ပိုင်း အတွင်း တွေ့ဖို့ရှိပါတယ်။

လာမယ့်  စက်တင်ဘာလ ၂၈ ရက်နေ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ကျင်းပဖို့ ရှိနေတဲ့ မွန် အမျိုးသားနှီးနှောဖလှယ်ပွဲကို  တက်ရောက်ရင်းနဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို တွေ့ဆုံကြမှာပါ။

Wednesday, September 25, 2013

အစိုးရတပ် နှင့် SSPP တိုက်ပွဲကြောင့် ကျေးလက်ဒေသခံ တဦးသေဆုံး

 


ယခုတပတ် အတွင်း သျှမ်းပြည်မြောက် ပိုင်းတွင် သျှမ်းပြည် တပ်မတော် SSPP/ SSA နှင့် အစိုးရ တပ်တို့ တိုက်ပွဲဖြစ် ပွား ပြီး နောက်ပိုင်းဒေ သခံလူထု လည်း စစ်ကြောင်းနှင့် အတူ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရရာ ယမန်နေ့က သေနတ်ဒဏ်ရာဖြင့် ရွာသားအလောင်းတလောင်းအားတွေ့ရှိကြောင်း ဒေသခံများ က ပြောပါသည်။

“သေဆုံးသူ ရဲ့ ကိုယ်မှာ ကျည်ဆံ ထိမှန်တဲ့ ဒဏ်ရာတွေ အများကြီးဘဲ။ စစ်ဆေးကြည့်လိုက်တော့ ဝမ့်ဆာလုံ ကျေးရွာ အုပ်စု ဝမ့်အိုင် ရွာသား လုံးစိုင်းလိတ် ဆိုသူ ဖြစ်နေတယ်။ သူတို့ရွာက တိုက်ပွဲ ဖြစ်ပွားတဲ့နေရာ နဲ့ သိပ်မဝေးဘူး” - ဟု ဒေသခံ စိုင်းလုံသောင်း က ပြောပါသည်။

လွှတ်တော်အမတ်ဦးဆောင်သည့် ရေလွှမ်းမိုးမှုပြဿနာဖြေရှင်းရေးလုပ်ငန်း တိုက်ပွဲကြောင့် ရပ်နားထားရ

 

လယ်မြေ ဧကပေါင်း များစွာ ရေလွှမ်း မိုးမှုပြဿနာ၊ ရေ လွှဲမြောင်းပိတ် ဆို့မှု ပြဿ နာ အား ကျားဖြူပါတီ လွှတ်တော် အမတ် (ဒေါ်) နန်းခမ်းအေး ဦးဆောင် ကူညီဖြေရှင်းပေးနေ ချိန် အစိုးရတပ် နှင့် တိုင်းရင်း သား လက်နက် ကိုင်တပ် ဖွဲ့ကြားတိုက်ပွဲကြောင့် လုပ်ငန်းအားလုံး ရပ်နားထားရသည်ဟုဆိုသည်။

“ပြည်နယ်လွှတ်တော်အစည်းအဝေးပြီးတာနဲ့ ဒီဘက်ကိုကျမရောက်နေတယ်။ ရေလွှမ်းမိုးမှုကြောင့် မြေတွေ နှုန်းတွေ ပြည့်လျှံ နေတဲ့ ရေလွှဲမြောင်းကို ရွာသားတွေနဲ့ ကျမတို့ ဝိုင်းတူးဖေါ်နေချိန် တိုက်ပွဲက စဖြစ်တော့ တာဘဲ။ ၁၇ ရက်နေ့ တုန်းက ပေါ့။ အခုလဲ ထပ်ဖြစ်တော့ အလုပ်ပျက်တယ်။ ရွာသားတွေဘဲ ဒဏ်ခံရတာ လေ” - ဟု ကျားဖြူပါတီ နမ္မတူမြို့နယ် ပြည်နယ်လွှတ်တော်အမတ် နန်းခမ်းအေးက ပြောပါသည်။

ယုံကြည်မှုမရှိလို့ မငြိမ်းချမ်းသေးတာပါ

 

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း (သျှမ်းပြည်နယ်- ကယားပြည်နယ်နှင့် မွန်ပြည်နယ်) သုံးပြည်နယ် ဆွေး နွေးပွဲကို စက်တင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ သျှမ်းပြည်နယ် တောင်ကြီးမြို့၊ သျှမ်းစာပေယဉ်ကျေးမှု အသင်းခန်းမမှာ ကျင်းပခဲ့ပါတယ်။ နိုင်ငံရေးပါတီ ၂၀၊ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နဲ့ အရပ်ဖက်လူ့အဖွဲ့အစည်း ၃ ခု နဲ့ လေ့လာသူ  စုစုပေါင်း ၃၃၁ ဦး တက်ရောက်ခဲ့ပါတယ်။  ဆွေးနွေးပွဲကနေ  တိုင်းရင်း စည်းလုံးညီညွတ်မှု ဘယ်လောက်ရခဲ့ သလဲ။ ဆွေးနွေးပွဲကနေ ငြိမ်းချမ်းတဲ့ပန်းတိုင်ဆီ လျှောက်လှမ်းဖို့ ကြာဦးမှာလား။ ဘယ်သူ့အပေါ်မူတည်နေသလဲဆိုတာ သိရအောင်လို့ ငြိမ်းချမ်းရေးအတွက် တဖက်တလှမ်းက အဓိ ကပါဝင်နေတဲ့ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

ကရင် လက်နက်ကိုင် အဖွဲ့အစည်းများ ကရင်နှစ်သစ်ကူးကို စုပေါင်းကျင်းပရန် စီစဉ်

(ရွှေဟင်္သာသတင်းဌာန)

၂၀၁၃ ခုနှစ် ကရင်နှစ်သစ်ကူး ပွဲတော်ကို ကရင် လက်နက်ကိုင် အဖွဲ့အစည်းများမှ တနေရာတည်း စည်းကား သိုက်မြိုက်စွာ ကျင်းပနိုင်ရန် မြ၀တီ ခရိုင် ရွှေကုက္ကိုမြိုင် ယနေ့ အစည်းအဝေး ကျင်းပ သွားခဲ့ သည်ဟု ပြောခွင့်ရသူ အစိုးရ နယ်ခြား စောင့်တပ်မှ ဗိုလ်မှူးချုပ် ချစ်သူက ဆိုပါသည်။ 

“ မြို့နယ် ငါးခုကို တနေရာထဲ စုပေါင်း ကျင်းပဖို့ ဆွေးနွေးနေကြတာ ဖြစ်တယ်။ အပြီးသတ် အစီအစဉ် ကိုတော့ လာမည့် အောက်တိုဘာ (၁၅)ရက်နေ့မှာ ထပ်မံ ဆွေးနွေးကြမှာ ဖြစ်တယ်။ လူပေါင်း သုံးရာလောက် တက်မယ် ထင်ပါတယ်” ဟု ဆိုပါသည်။