Wednesday, November 6, 2013

ဖွဲ့စည်းပုံတွင် တိုင်းရင်းသားအရေးကာကွယ်ရန်အချက်များ တစ်ပါတည်းထည့်သွင်းနိုင်ရန် NBF ကြိုးပမ်းမည်

(Mizzima)

တိုင်းရင်းသားအခွင့်အရေး ကာကွယ်ရန်အချက်များ ဖွဲ့စည်းပုံတွင် ပါဝင်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ညီ နောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (Nationalities Bother-hoods Federation) ဒါရိုက်တာ ဒေါ် ချင်းသင်းက မဇ္ဈိမကို ပြောသည်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းက အလုပ်ရုံဆွေးနွေးပွဲ သုံးကြိမ်ကျင်းပခဲ့ပြီးနောက် တိုင်း ရင်းသားအခွင့်အရေး စောင့်ရှောက်မှုဆိုင်ရာအားနည်းမှုများကို တွေ့ရှိခဲ့ပြီး ယင်းကို အခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ “၂၀၀၈ မှာ တိုင်းရင်းသားတွေ အနေနဲ့မျှ တမှုမရှိတဲ့အပိုင်းတွေကို ရသင့်ရထိုက်တာတွေကို ရနိုင်ဖို့ရယ် အရင်တုန်းက ခံခဲ့ရတာတွေကို ကာကွယ်ဖို့ ဆိုတဲ့အချက်တွေကို တင်သွင်းသွားမယ်” ဟု ဒေါ်ချင်းသင်းကရှင်းပြသည်။

Tuesday, November 5, 2013

ABSDF နှင့် MPC ကိုယ်စားလှယ်များ ရန်ကုန်တွင် တွေ့မည်

(Mizzima)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)နှင့် မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)မှ ကိုယ်စားလှယ်များ နိုဝင်ဘာလ ၇ရက်တွင် ရန်ကုန်၌တွေ့ဆုံမည်ဟု ABSDF အနောက်ပိုင်း(အန္ဒိယနိုင်ငံ၊ မဏိပူရ်အခြေစိုက်) ကိုယ်စားလှယ် ဦးဇင်နိုင်က မဇ္ဈိမကို ပြောသည်။

Monday, November 4, 2013

ပိုင်ရှင်ရှေ့တင် ခွေးပစ်သတ်ပေါ်စား မြန်မာစစ်ကြောင်းအား လယ်သမားများထိပ်လန့်



ကောက်ရိတ်နေသည့် လယ်သမားတဦး၏ ခွေးတကောင်အား အစိုးရတပ်က ပစ်သတ်ကာ အသား ပေါ်စား ခဲ့သောကြောင့် မိမိဘ၀လုံခြုံရေးအတွက် ဒေသခံများစိုးရိမ် ကြောက်လှန့်နေသည်ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

နိုဝင်ဘာ ၄ ရက် ယနေ့နံနက် ၁၀ နာရီခွဲ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့နယ်ခွဲ မယ်အောကျေးရွာ လယ်သမားများ ကောက်ရိတ်နေစဉ် လယ်ကွင်းအနီး ပြေးလွှားဆော့ကစားနေသည့် ၎င်းတို့၏ခွေးတကောင်အား ပစ်သတ်ကာ ပိုင်ရှင်ရှေ့ရှိ ခြုံထဲဝင် အသားပေါ် ယူဆောင်သွားကြောင်း  လယ်သမားများ ကပြောသည်။

ဝ နှင့် မိုင်းလားအတွက် မှတ်ပုံတင် နှင့် နိုင်ငံကူးလက်မှတ်ထုတ်ပေး



ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် နှင့် မိုင်းလားတပ်ဖွဲ့ဝင်များအတွက် နိုင်ငံတော်အစိုးရ မှ မှတ်ပုံတင်နှင့် နိုင်ငံကူးလက်မှတ်များ ထုတ်ဝေပေခဲ့ကြောင်း အရာရှိကြီးများနှင့် နီးစပ်သည့် ပုဂ္ဂိုလ်များက ပြောပါသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ က ကျိုင်းတုံမြို့အခြေစိုက် ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ မိုင်းလားတပ်ဖွဲ့ဝင်များအတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) နှင့် နိုင်ငံကူး လက်မှတ်ထုတ်ပေးခဲ့ကြောင်း အရာရှိပိုင်း အယောက် ၆၀ ခန့် နေ့ချင်းပြီး ရရှိခဲ့ကြောင်း၊ ထို့နည်းတူ ဝ တပ်ဖွဲ့အတွက်လည်း  လုပ်ပေးခဲ့ကြောင်း ကြားသိရ ပါသည်။

မကဒတ (၂၅) နှစ် ခရီးကြမ်း နဲ့ ရှေ့ အနာဂတ်

(VOA)

ဒီတပတ် မြန်မာ့ ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအရေးတော်ပုံမှာ သန္ဓေတည် လာခဲ့ တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့ ပေါ်ပေါက် လာတာ အခုဆိုရင် (၂၅) နှစ် ပြည့်မြောက် လာပါပြီ ဖြစ်ပါတယ်။ ဒါ အခါသာမယမှာ မကဒတ အဖွဲ့ရဲ့  ဥက္ကဋ္ဌဖြစ်သူ ရဲဘော်သံခဲ ကို ဗွီအိုအေဝိုင်းတော်သား ကိုဇော်ဝင်းလှိုင် က တွေ့ဆုံပြီး မကဒတအဖွဲ့ရဲ့  ရပ်တည်ချက်၊ ယုံကြည်ချက်တို့ကို မေးမြန်းဆွေးနွေး တင်ပြထားပါတယ်။ 

ကရင်လူ့အခွင့်အရေးအဖွဲ့ အာရှဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆု ချီးမြှင့်ခံရ

(ကေအိုင်စီ)

ထိုင်ဝမ်နိုင်ငံ တွင် အခြေစိုက်သော ထိုင်ဝမ်ဒီမိုကရေစီဖောင်ဒေးရှင်း (Taiwam Foundation For Democracy)က နှစ်စဉ် ချီး မြှင့်နေကျဖြစ်သော ၂၀၁၃ အာရှဒီမိုကရေစီနှင့် လူ့အခွင့်အရေး(Asia Democracy and Human Right Award 2013)ဆုအ တွက် ကရင် လူအခွင့်အရေး အဖွဲ့(KHRG)ကို ရွေးချယ်ချီးမြှင့်လိုက်သည်။

ထိုင်ဝမ်ဒီမိုကရေစီဖောင်ဒေးရှင်းက ယနေ့ နိုဝင်ဘာလ ၄ရက်နေ့တွင် အဆိုပါဆုကို ချီးမြှင့်ကြောင်း ၎င်းတို့၏ ၀က်ဘ်ဆိုက် အွန် လိုင်းစာမျက်နှာတွင် တရားဝင် ကြေငြာလိုက်ခြင်းဖြစ်ပြီး ထိုသို့ဆုချီးမြှင့်ခံရခြင်းနှင့် ပတ်သက်၍ KHRG မှ Program Manager နော်ခူးခူးဂျူးက ကေအိုင်စီသို့ ယခုလို ပြောသည်။

Friday, November 1, 2013

ရှမ်းပြည် မြောက်ပိုင်း SSPP/SSA ဒေသ ၌လည်း တိုက်ပွဲ ဖြစ်ပွား

(ရွှေဟင်္သာသတင်းဌာန)



ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင် မြို့နယ် ၌ လှုပ်ရှား နေသော ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တပ်ဖွဲ့ များကိုမြန်မာ အစိုးရ တပ်ဖွဲ့ တို့က လိုက်လံ တိုက်ခိုက် ခဲ့ရာ အောက်တို ဘာလ (၂၈) ရက်နေ့က နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု SSPP စစ်ရုံးချုပ်မှ ဗိုလ်မှူးခန္တက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်နှင့် သိန္နီ မြို့နယ် ကြား ရှိ SSPP ၏ တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၃၇) နှင့် တပ်ရင်း (၂၅) ပူးပေါင်း တပ်ဖွဲ့ ပျောက်ကျား လှုပ်ရှားမှု တပ်ဖွဲ့ တို့နှင့် အစိုးရ၏ စစ်ရေး ကွပ်ကဲမှု ဌာနချုပ် (၁၆) နှင့် စကခ (၁) လက်အောက်ခံ ပူးပေါင်း တပ်ဖွဲ့ တို့ကြား နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။

KNU ၏ သယံဇာတ အပေါ် သဘောထား

(ရွှေဟင်္သာသတင်းဌာန)

ကရင် အမျိုးသား အစည်းအရုံး (KNU) သည် ၄င်းတို့ ထိမ်းချုပ်သော နေရာဒေသ တွင်ရှိသော သယံဇာတ များကို တရားမ၀င် ထုတ်ယူ နေမှုကို ထိမ်းချုပ် တော့မည်ဟု ပြီးခဲ့သည့် အောက်တိုဘာ (၂၀) ရက်နေ့၌ ကျင်းပသော မြန်မာ့ငြိမ်းချမ်း ရေးစင်တာ မှ သတင်းစာ ရှင်းလင်းပွဲ အပြီး မီဒီယာများ နှင့် တွေ့ဆုံစဉ် KNU ဗဟိုအလုပ် အမှုဆောင် ပဒိုမန်းငြိမ်းမောင် က ပြောကြား ခဲ့ပါသည်။

အထူးသဖြင့် KNU အောက်ခြေပိုင်း တွင် စီးပွားရေး လုပ်ငန်းရှင်များ နှင့် ပူးပေါင်း လုပ်ကိုင် ဆောင်ရွက် မှုများရှိနေ သဖြင့် ၄င်းကိစ္စအား ထိမ်းချုပ် သွားမည် ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။

Thursday, October 31, 2013

ပလောင် (တအာင်း) ဒေသ၌ စစ်ပြေး ဒုက္ခသည်များ တိုးလာ နေခြင်း

(ရွှေဟင်္သာသတင်းဌာန)

ပြည်တွင်း ထဲတွင် တိုက်ပွဲ ခဏခဏ ဖြစ်လာသည့် အတွက် ပြည်တွင်း စစ်ပြေး ဒုက္ခသည်များ ဖြစ်လာ ပေသည်။ အစိုးရတပ် များသည် ပလောင် ဒေသ ဖြစ်သည့် နမ်းဆန်၊ ကွတ်ခိုင်၊ နမ့်မတူ၊ တန့်ယန်း၊ နမ့်ခမ်း နှင့် မန်တုန် မြို့နယ် တလျှောက်၌ ထိုးစစ်ဆင်လျှက် ရှိပါသည်။
 
ဒေသ စိုးမိုးရေး၊ လုံခြုံရေး နှင့် ငြိမ်းချမ်းရေး အတွက် ဖိအားပေးရေး စသည့် အကြောင်း အမျိုးမျိုး ပြကာ စစ်ဆင်နေပြီး ဒေသခံများအား အဓမ္မ စွပ်စွဲကာ ရိုက်နှက်ခြင်း၊ ပေါ်တာခေါ်ခြင်း၊ အကြောင်းမဲ့ ပစ်သတ်ခြင်း၊ ကျေးရွာအတွင်း တိုက်ပွဲဖေါ်ခြင်း၊ ရွာအပြင် မထွက်စေခြင်း စသဖြင့် ဒေသခံ လူထုအား ကြောက်လန့် နေစေရန် ဖန်တီး နေခဲ့ပါသည်။
ဤကဲ့သို့ ကြောက်လန့် တကြား စိုးရိမ်နေရသော လူထုများသည် နီးစပ်ရာမြို့ သို့ လည်းကောင်း၊ တောထဲတွင် လှည့်လည် သွားလာ နေရခြင်း (IDP)၊ စစ်ထဲ မ၀င်မဖြစ် ၀င်ခဲ့ရခြင်းများ ဖြစ်လာ ခဲ့ပါသည်။ အလုပ် လက်မဲ့များ ဖြစ်လာခြင်း၊ မူးရစ်ဆေးဝါး ပြသနာ ထူပြောလာခြင်း၊ အကျင့်ပျက်မှုများ နှင့်ကျေးရွာ ရွှေ့ပြောင်းခြင်း ကြောင့် ဒုက္ခသည် ဘ၀များ ဖြစ်လာ ခဲ့ပါသည်။

ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရ နှင့် တိုင်းရင်းသားတပ်ဖွဲ့တိုက်ပွဲဖြစ်

 

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲတနာရီခန့်ဖြစ် ပွားကာ နှစ်ဘက်ဆုံးရှုံးမှုရှိကြောင်းဒေသခံများကပြောသည်။

အောက်တိုဘာ ၂၈ ရက် ၂၀၁၃ ခု မွန်းတည့်ချိန် တွင် ဟိုပန်မြို့အခြေစိုက် အစိုးရတပ်ရင်း ခလရ ၁၄၃ အင်အား ၆၀ ကျော် က မိုင်းယုမြို့နယ်ခွဲအတွင်းရှိ တအာင်း( TNLA ပလောင်) နှင့် သျှမ်း (SSPP/SSA) တို့ ပူးပေါင်းတပ်အား  တနာရီကျော် ပစ်ခတ်တိုက်ခိုက် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

Wednesday, October 30, 2013

အားလုံးအတွက် ငြိမ်းချမ်းရေး လိုလားဟု KNLA ဒုစစ်ဦးစီးချုပ် ထုတ်ဖော်ပြောဆို

(KIC)

မြန်မာနိုင်ငံရှိ တိုင်းရင်းသား အားလုံးအတွက် ငြိမ်းချမ်းရေးနှင့် တန်းတူ အခွင့်အရေးရရှိရန် အခြား တိုင်းရင်းသား များနှင့် ရှေ့ဆက် လက်တွဲသွားလိုကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU)၏ ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော်(KNLA)မှ ဒု-စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ထုတ်ဖော်ပြောကြား လိုက် သည်။ 

ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၏ လိုင်ဇာဌာနချုပ်ရှိ ယနေ့ အောက်တိုဘာ ၃၀ ရက်နေ့၊ တိုင်းရင်းသားလူမျိုးများညီလာခံ စတင်ကျင်းပနေချိန်၌ KNLA ဒု-စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက လက်ရှိ၎င်းနေထိုင်ရာ ကရင်ပြည်နယ်၊ ဖာပွန်ဒေသ KNU တပ်မဟာ(၅)တွင် ယခုလို ပြောကြားလိုက်ခြင်းဖြစ်သည်။

တစ်ရက်တည်း မြန်မာတပ်နှင့်တအာင်းတပ်တို့ သုံးကြိမ်ဆက်တိုက်ပွဲဖြစ်


29 October 2013 by Ta'ang Land
 
မြန်မာစစ်တပ်တို့၏ အပြင်းအထန် ထိုးစစ်ဆင်နေ မှုကြောင့် အောက် တိုဘာလ ၂၈ ရက်နေ့ တစ်ရက် တည်း တအာင်း လွတ်မြောက်ရေး တပ်မတော်နှင့် တိုက်ပွဲ သုံးကြိမ်ဆက် တိုက်ဖြစ်ပွားခဲ့သည် ဟုသိရသည်။

ကွတ်ခိုင်မြို့နယ် လုံကန်ရွာနှင့်လွယ်ကျယ်လန် နားတစ်ဝိုက်တွင် အစိုးရစစ်တပ်ဘက်မှ ကွမ်လုံ-ဟိုပန်အခြေစိုက် ဒု-ဗိုလ်မှူးကြီးအောင်မျိုးဦးဆောင်သော ခလရ-၁၄၃၊ ဒု-ဗိုလ်မှူးကြီး ထွန်းထွန်းဇော်ဦးဆောင်သော ကွတ်ခိုင်အခြေစိုက် - ခရလ - ၄၅ တို့နှင့် TNLA ဘက်မှ တပ်ရင်း - ၁၁၂ တို့ တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ်ဘက် ၃ ဦးကျဆုံးကာ ၁၃ ဦးဒဏ်ရာ ရရှိခဲ့ပြီး TNLA ဘက်မှ အထိအခိုက်မရှိကြောင်းသိရှိရသည်။

Tuesday, October 29, 2013

တိုင်းရင်းသား နယ်မြေများတွင် စီမံကိန်းကြီးများ မဆောက်သင့်ဟုဆို

(ဧရာဝတီ)

မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးနေစဉ် တိုင်းရင်းသားနယ်မြေ အတွင်း ကြီးမားသည့် စီမံကိန်းများ လာရောက် လုပ်ကိုင်မည်ဆိုပါက ပဋိပက္ခများ ထပ်မံ ဖြစ်ပွားနိုင်ကြောင်း မြန်မာ မြစ်ချောင်းများ ကွန်ရက်က ပြောကြားလိုက်သည်။

လက်ရှိ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားသည့် နယ်မြေဖြစ်သော သံလွင်မြစ် တလျှောက်တွင် ရေကာတာများ
တည်ဆောက်ပါက ငြိမ်းချမ်းရေး အတွက် အဟန့်အတား ဖြစ်နိုင်ကြောင်း၊ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်များ ထိခိုက်နိုင်ပြီး ဒေသခံ ပြည်သူများ နစ်နားမှုများစွာ ကြုံတွေ့နိုင်ကြောင်း အဆိုပါကွန်ရက်က ရန်ကုန် ပြည်လမ်းရှိ ဒိုင်းမွန်း ကွန်ဒိုတွင် ယနေ့ ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တက်ရောက်လာသည့် သတင်းဌာန များကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းရင်းသားအရေး ပြောကြားပေး လိုဟု BNI ပြောဆို

(KIC)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ ပြောသင့်ပြောထိုက် သည်များကို ပြောကြားရန် လိုကြောင်း နိုင်ငံတကာမြန်မာ့သတင်း- BNI ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ကဆုမွန်က ပြောကြားလိုက် သည်။

အောက်တိုဘာ ၂၈ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ Myanmar Media Library ၌ BNI ၏ မြန်မာ့ငြိမ်းချမ်း ရေးစောင့်ကြည့်ရေးအဖွဲ့က “ငြိမ်းချမ်းရေးနှင့် ပဋိပက္ခစစ်ပွဲများဆိုင်ရာ မြန်မာ့စီးပွားရေး အခြေအနေ” အစီရင်ခံစာနှင့် ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲသို့ လာရောက်သတင်းယူသူ ဒီလှိုင်းစာစောင်မှ သတင်းထောက်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည် အပေါ် မည်သို့သဘောထားရှိကြောင်း မေးမြန်းမှုကို တုန့်ပြန်ဖြေကြားလိုက်ခြင်းဖြစ်သည်။

ပြည်သူ့စစ်နှင့်အစိုးရပူးပေါင်းတပ် က သျှမ်းနှင့် ဝ တပ်စခန်း အား အမ် ၇၉ ဖြင့်ပစ်ခတ်



ပြည်သူ့စစ်နှင့်အစိုးရတပ် ပူးပေါင်းအင်အားအချို့က ထိုင်း - သျှမ်း နယ်စပ်ရှိ သျှမ်းတပ်စခန်းနှင့်
ဝ တပ်စခန်းအား ၇၉ မမဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တပ်မှူးတဦးက ပြောပါသည်။


အောက်တိုဘာ ၂၆ ရက် ညနေ ၅  နာရီခွဲခန့်က ဟိုမိန်းမြို့ အခြေစိုက် စစ်ဗျူဟာ လက်အောက်ခံ
တပ် ရင်း ၂၈၇ ဗိုလ်မှူး ဝင်းဇော်လင်း ဦးဆောင် အင်အား ၃၀၊ ပြည်သူ့စစ်တပ်ဖွဲ့ အင်အား ၂၀
ပူးပေါင်း တပ်တို့က ဟိုဟ တောင်ကြော ရှိ သျှမ်း RCSS/SSA ၊ ဝ တပ် WNA တို့၏ တပ်စခန်း
အား အမ် ၇၉ (၄၀ မမ) ဖြင့် ပစ်ခတ်ခဲ့သည်ဟုဆိုသည်။