တန်းတူအခွင့်အရေး အတွက် ကိုယ်ပိုင်ပြည်နယ်စစ်တပ် ကိုယ်ပိုင်ရဲတပ်ဖွဲ့ ရှိသင့်သည်ဟု တာချီလိတ်ဒေသခံများနှင့်တွေ့ ဆုံစဉ် သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ကပြောဆိုခဲ့သည်ဟုသိရသည်။
ယမန်နေ့မနက်ပိုင်းက ဝမ့်ဟောင်ရပ်ကွက်သားတဦးအား ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က “ ကျနော်တို့ ငြိမ်းချမ်းရေးတည် ဆောက်မှုဟာ ၇ ဆင့်ရှိတဲ့ လှေကားထစ်ကို တက်နေတာနဲ့တူတယ်။ အခုကျနော်တို့လုပ်နေတာ ပထမအဆင့်ဘဲရှိ သေး တယ်။ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ မိဘပြည်သူတွေနဲ့ လက်တွဲရမယ် အဖက်ဖက်က လက်တွဲရမယ်။ နိုင်ငံရေးဆွေးနွေး ဖို့ဟာ ထွက်လမ်းပါဘဲ။ ဘာဘဲဖြစ်ဖြစ် တန်းတူအခွင့်အရေးရဖို့ တန်းတူညီမျှရှိဖို့ တိုင်းရင်းသားတွေ ပါဝင်တဲ့ မိမိပြည်နယ် အတွက် စစ်တပ်၊ ရဲတပ်ဖွဲ့ ရှိလိုတယ်” ဟုပြောဆိုခဲ့ ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်နားထောင်သူ စိုင်းပီးက ပြောဆို ပါသည်။









