Friday, November 30, 2012

တိုက်ပွဲ ဆက်လက် ဖြစ်ပွား နေမှုကို ဖြေရှင်းရ ခက်ခဲနေသော RCSS ပြသနာ


ရွှေဟင်္သာသတင်းဌာန

ဤပြသနာကို ပြေလည် လိုပါက ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) အနေနှင့် တပ်ဖွဲ့ လှုပ်ရှားမှုများကို တ၀က်ခန့် လျှော့ချရန် လိုအပ်ကြောင်း၊ နိုင်ငံတော် လုံခြုံရေး ၀န်ကြီး ဦးအောင်မင်းက ပြောကြား ခဲ့သည်ဟု RCSS ပြော ခွင့်ရသူ ဗိုလ်မှူး စိုင်းလောက်ဆိုင်က ဆိုပါသည်။  

“ ဒီကိစ္စကို ရန်ကုန် မြို့မှာရှိတဲ့ ငြိမ်းချမ်းရေး စင်တာ မှာပေါ့၊ ပြီးခဲ့တဲ့ နိုဝင်ဘာ (၂၆)ရက်နေ့က ကျင်းပသွားတဲ့ ငြိမ်းချမ်း ရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲကို ကျနော်တို့ တက်ရောက်တုန်းက ဦးအောင်မင်းနဲ့ ဒီပြသနာကို ဆွေးနွေးခဲ့တယ်။ ကျနော်တို့က အပစ်အခတ် ရပ်စဲထားတယ် ဆိုပေမဲ့လို့ တိုက်ပွဲက ဆက်လက် ဖြစ်ပွားတော့ ဒီပြသနာ ကိုပြေလည် စေချင်တာပါ” ဟု ဆိုပါသည်။

ကြောက်တတ်ရင် နောက် ထပ် သေကြလိမ့်မယ်

(ကေအိုင်စီ)

M. ထက်ခေါင်
(၁)
ယခုရက်များအတွင်း စာကို အနည်းငယ်မျှသာ ဖတ်ဖြစ်ပြီး၊ အွန်လိုင်းပေါ်မှာ လာနေသော ဗီဒီယို သတင်းတွေကို အများအပြား ကြည့်ဖြစ်သည်။ ရုပ်သံသတင်း  အတိုအရှည်တွေကို ကြည့်ရသည်မှာ အတော်ပင် ကြည့်၍ ကောင်းသည်။ ကျေနပ်ဝမ်းသာစရာ၊ ဒေါသဖြစ်စရာ၊ ကရုဏာသက်စရာ၊ တက်ကြွပျော်ရွှင်စရာ၊ စိတ်ချမ်းသာစရာ သတင်းဖိုင်များ ဖြစ်သည်။  ကိုယ့်ဟာကိုယ် ကြည့်ရုံနှင့် အားမရ၊ နီးစပ်ရာ မိတ်ဆွေတွေကိုပါ လှမ်း၍ အကြောင်းကြားရသည်။ အိမ်ကိုလာလည်သော ဧည့်သည်တွေကို ဖောက်သည် ချလိုက်သဖြင့် ၎င်းတို့ကပါ ကြည့်ချင်ကြသောကြောင့် အချို့သတင်းဖိုင်များကို နှစ်ကြိမ်သုံးကြိမ် ပြန်ဖွင့် ပြရသည်။

Thursday, November 29, 2012

ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး တာမလာဘော အနားယူမည်

(KIC)

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဥက္ကဌ ဗိုလ်ချုပ်ကြီးတာမလာဘောသည် လာမည့်သက်တမ်း တွင် အနားယူတော့ မည်ဖြစ် ကြောင်း နိုဝင်ဘာလ ၂၆ ရက်နေ့က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် အတွင်း လေးဝါးစခန်း၌ ကျင်းပပြုလုပ်ခဲ့သည့် ၁၅ ကြိမ်မြောက် KNU ကွန်ဂရက် ပထမရက်တွင် ထုတ်ဖော်ပြောဆို လိုက်သည်။

ဗိုလ်ချုပ်ကြီးတာမလာဘောက “ကျနော်ကတော့ ဒီကွန်ဂရက်မှာ အနားယူတော့မှာ။ အဲဒီတော့ ကျန်တဲ့သူများက မှန်မှန်ကန် ကန်နဲ့ ခေါင်းဆောင် အသစ်တွေကို ရွေးပါ။ အခု ကွန်ဂရက်မှာ ခေါင်းဆောင်တွေ ပြန်ရွေးရင် မှန်ကန် တဲ့ ခေါင်းဆောင်ကို ရွေး ပါ။ နိုင်ငံရေးကိုလည်း သုံးသပ်တတ်ရမယ်။ ခေါင်းဆောင်ဆိုတာ လူထုနောက် မြီးဆွဲ မဟုတ်ပါ ဘူး” ဟု ကွန်ဂရက်အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ငြိမ်းချမ်းရေးဖြစ်စဉ် နောက်ပြန်မဆုတ်ရန် ရှမ်းညီလာခံ တိုက်တွန်း


(မဇ္ဈိမ) ။        ။ ပဋိပက္ခများ လုံးဝ အဆုံးသတ်၍ ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရန် အထူးလိုအပ်နေပြီး နောက်ပြန်မဆုတ်သော ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ညီလာခံက ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်သည်။

‘ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ’ ခေါင်းစဉ်ဖြင့် ပြုလုပ်သော ထိုညီလာခံကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် နိုဝင်ဘာလ ၂၆ ရက်နေ့မှ စ၍ သုံးရက်တိုင် ကျင်းပခဲ့ခြင်း
ဖြစ်သည်။

Friday, November 16, 2012

ငြိမ်းချမ်းရေးအတွက် သျှမ်းလူငယ်များ စစ်တမ်းကောက်

သျှမ်းသံတော်ဆင့်သတင်း 
 
စစ်မှန်သောငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ရန်ကုန်တွင် ကျင်းပမည့် သျှမ်းညီလာခံ၌ တင်ပြဆွေးနွေးနိုင်ရန် သျှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေး၊ ပဲခူး နှင့် ရန်ကုန်တိုင်းဒေသကြီးအပြင် ထိုင်းနိုင်ငံချင်းမိုင် နှင့် ဘန်ကောက်ရောက် သျှမ်းလူမျိုးများအကြား လူငယ်များက စစ်တမ်း ကောက်ယူ နေကြောင်း သိရသည်။

“အခုလုပ်မည့်အစည်းအဝေးက သျှမ်းတွေကြီးဘဲ ဆိုတော့ အခုကောက်မဲ့ စစ်တမ်းကလဲ သျှမ်းလူမျိုးတွေကြား ထဲမှာဘဲ ကောက်ယူမှာ။ ဒီလ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး စုစည်းမယ်လို့စီစဉ်ထားတယ်။ ပြီးရင်ရလာတဲ့ အချက် အလက်တွေကို အစည်းအဝေးမှာ တင်ပြ မယ်။ လူကြီး တွေအတွက် ဆွေးနွေးဆုံးဖြတ်ဖို့ အထောက် အကူ ဖြစ်ဖို့လေ” - ဟု မန္တလေးရောက် လူငယ်စိုင်းဇင့်က ပြောသည်။

Thursday, November 15, 2012

ရခိုင်၊ ကချင် ဒုက္ခသည်များအား ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ(၅)သန်း ထောက်ပံ့မည်

THE ARAKAN TIMES

ရခိုင်ပြည်နယ်အတွင်းတွင် သောင်းကျန်းသူ အကြမ်းဖက်မှုများနှင့် ကချင်ပြည်နယ်အတွင်း စစ်ပွဲတို့ကြောင့် ဒုက္ခရောက်နေကြသော ရခိုင်၊ ကချင် ဒုက္ခသည်များအား ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ(၅)သန်း မကြာမီ ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
ယင်းကမ္ဘာ့ဘဏ်မှ ကူညီပေးသွားမည် သတင်းနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံမန်နေဂျာ Kanthan Shanker က "အခု ကျွန်တော်တို့ အပစ်အခတ် ရပ်စဲရေးဒေသတွေကို ကူညီပေးဖို့ လုပ်နေပါတယ်၊ ထောက်ပံ့ပေးမှာကတော့(၅)သန်းပါ။"ဟု ပြောဆိုကြောင်း hotnewsweekly တွင် ဖေါ်ပြထားသည်။

KBC အစည်းအဝေး တက်ရောက် ရန် KNU အဖွဲ့ဝင် ၃ဦး ဖိတ်ကြားခံရ

(KIC)

မြန်မာနိုင်ငံရှိ Karen Baptist Convention ခေါ် နှစ်ခြင်းခရစ်ယာန်အဖွဲ့ တစ်ခုက နိုဝင်ဘာလ ၁၇ရက်နေ့၌ အစည်းအဝေးတစ် ရပ် ပြုလုပ် မည်ဖြစ် ပြီးယင်း အစည်းအဝေးတွင် ကရင်အမျိုးသားအစည်းအရုံး-KNU မှ ကိုယ်စားလှယ် ၃ဦး အပါအ၀င် ထိုင်း-မြန် မာနယ်စပ်အခြေစိုက် ကရင်အဖွဲ့အစည်းအချို့ကို ဖိတ်ကြား ထားသည်။

၂ရက်ကြာ ပြုလုပ်မည့် ယင်းအစည်းအဝေးတွင် KBC အဖွဲ့ကိစ္စအပြင် လက်ရှိ ကေအဲန်ယူနှင့် မြန်မာအစိုးရတို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် မည်သည့်အဆင့်၌ ရှိနေကြောင်း၊ ရှေ့ဆက် မည်သို့လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် အခြေအနေပေါ် မူတည်၍ ဆောင်ရန်၊ ရှောင်ရန် ကိစ္စများကို မည်သို့ ပြင်ဆင်သင့်ကြောင်း စသည်တို့ကို ဆွေးနွေးသွားမည်ဟု KBC အမှုဆောင် အရာရှိဖြစ်သူ ဒေါက်တာဂါဘရီလ်(Dr. Gabriel)က ပြောသည်။

Tuesday, November 13, 2012

ဖမ်းဆီးမိသည့် TNLA တပ်ကြပ်တစ်ဦး အစိုးရတပ်၏ သတ်ဖြတ်ခြင်းခံရ




သျှမ်းပြည်မြောက်ပိုင်း၊ မန်းတုံမြို့နယ် အတွင်း လှုပ်ရှားနေသည့် တအာင်း (ပလောင်)အမျိုးသား လွတ်မြောက်ရေးတပ် မတော်-TNLA မှ တပ်ကြပ်တစ်ဦး ခွင့်ယူ၍ အိမ်ပြန်ခဲ့ရာ ၎င်း၏ဇာတိ မန်မောက်တန်တေး ရွာ မရောက်မီ ပန်ကူရွာ၌ အစိုးရတပ်၏ ဖမ်းဆီးခံရပြီး အသတ်ခံခဲ့ရ သည်။

မိသားစုဝင်တစ်ဦးနာမကျန်းသဖြင့် ဌာနေသို့ ပြန်လာသည့် တပ်ကြပ် အဆင့်ရှိ အသက် ၂၅ နှစ်အရွယ် အယိုင်အောင်သည် နိုဝင်ဘာလ ၁၀ ရက်နေ့က မန်တုံအခြေစိုက် မြန်မာအစိုးရစစ်တပ် ခြေလျင်တပ်ရင်း (ခလရ-၁၃၀) ၏ ဖမ်းဆီးမှု ခံခဲ့ရပြီး စစ်ဆေးခံရကာ နိုဝင်ဘာလ ၁၁ ရက်နေ့က အသတ်ခံရခြင်းဖြစ်သည်။

အပစ် ရပ်စဲထားသော SSPP နှင့် အစိုးရ တိုက်ပွဲပြင်းထန်



ရွှေဟင်္သာသတင်းဌာန

အစိုးရနှင့် အပစ် ရပ်ထားသော ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) နှင့် အစိုးရ တပ်ဖွဲ့ တို့သည် ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင်၊ မိုးမိတ် မြို့နယ်နှင့် မိုင်းငေါ့ကြား၌ (၅) နာရီကြာ တိုက်ပွဲ ပြင်းထန် ခဲ့သည်ဟု အမည် မဖေါ် လိုသော SSPP ပြောခွင့်ရသူ ဗိုလ်မှူးကြီး တဦးက ဆိုပါသည်။

“အစိုးရ ဖက်ကတော့ တပ်ရင်း (၆) ရင်း သုံးပြီးတော့ ကျနော်တို့ တပ်မဟာ (၆၁၂) ကို စစ်ဆင်တာ ဖြစ်တယ်။ တိုက်ပွဲ တွေက ကြာလည်း ကြာသလို ပြင်းလည်း ပြင်းထန်တယ်။ လွိုင်လင့် တွတ်ဇံ ကျောက်မဲခရိုင် တောင်ကုန်းကို ဝင်တိုက် တာ (၅) နာရီလောက် ကြာသွားသလို၊ မိုင်းငေါ့နယ်မြေမှာ ရှိတဲ့ ကွန်ဖလမ်းပန်လော့ မှာဆိုရင် တိုက်ပွဲက (၂) နာရီ ခွဲကြာခဲ့ တယ်လေ။ အသေ အပျောက်တော့ နှစ်ဖက်စလုံး ရှိတယ်။ အတိအကျတော့ မပြောနိုင်သေးဘူး” ဟု ဆိုပါသည်။

Tuesday, October 30, 2012

SSA နဲ့ မြန်မာအစိုးရကြား မူးယစ်တိုက်ဖျက်ရေး သဘောတူညီမှုမရ

(VOA)



ရှမ်းပြည်တပ်မတော်SSA တောင်ပိုင်းခေါ် ရှမ်းပြည်ပြန်လည်ထူထောင် ရေး ကောင်စီRCSSနဲ့ အစိုးရအကြား မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ ဒေသတွင်း လုံခြုံရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက် မရတာကြောင့် ဆွေးနွေးပွဲဟာ မအောင်မမြင်ဖြစ်ခဲ့ ရပါတယ်။ ဒီဆွေးနွေးပွဲမှာ SSA တောင်ပိုင်းဖက်က အချက် ၁၀ချက် တင်ပြဆွေးနွေးခဲ့ပြီး နောက်ဆုံးအချက် ၂ချက်မှာ သဘောတူညီချက် မရခဲ့တာဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်းလို့ လူသိများတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီRCSSနဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့တို့ဟာ ဘိန်းအစားထိုးစိုက်ပျိုးရေးအတွက် စံပြစီမံကိန်းဖော်ဆောင်ဖို့ ဒီလ ၂၇ရက်နေ့ကစတင်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့က မြိုတော်ခမ်းမမှာ ၂ရက်ကြာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

SSA မြောက်ပိုင်းတပ်ဖွဲ့ဝင် ၄၈ ဦးကို အစိုးရတပ် ဖမ်းထား

(ဧရာဝတီ)



ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်ထဲတွင် စစ်သင်တန်းပြုလုပ်နေ သော ရှမ်းပြည်တပ်မတော် – မြောက်ပိုင်း (SSA-N) တပ်ဖွဲ့ဝင် ၄၈ ဦးကို အစိုးရတပ်များက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

မူဆယ်ခရိုင်ထဲတွင် SSA-N က အသစ်စုဆောင်းထားသော တပ်ဖွဲ့ဝင်များ ကို သင်တန်းပေးနေကြောင်း ဒေသခံများ၏ သတင်းပို့မှုမှတဆင့် နယ်မြေခံ အစိုးရ စစ်ကြောင်းက ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အစိုးရ စစ်တပ်အာဘော် မြဝတီ အွန်လိုင်းသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

Saturday, October 20, 2012

သျှမ်းတမျိုးသားလုံးစုပေါင်း၍ ကျိုင်းတုံ၌ အထူးနှစ်သစ်ကူးပွဲကျင်းပမည်



ဒီဇင်ဘာ ၁၄ ရက် ကျရောက်မည့် ၂၁၀၇ ခုနှစ် သျှမ်းနှစ်သစ်ကြိုဆိုပွဲ တော် အား သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌တမျိုး သားလုံးစုပေါင်း၍ အထူးအစီအစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲဖြစ် မြောက်ရေး ကော်မတီများကပြောသည်။
ယခုလ ၉ ရက် ဗဟိုသျှမ်းစာပေယဉ်ကျေးမှုအဖွဲ့မှ ဦးစီးကျင်းပသည့် ရန်ကုန်မြို့ ကိုးမိုင်သျှမ်းကျောင်း အစည်းအဝေးမှ ထို ကဲ့သို့ ကျင်းပရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီအတွင်း ရေးမှူး စိုင်းလာ ကပြောသည်။

“ဗဟိုသျှမ်းစာပေ ယဉ်ကျေးမှုကနေ ဦးဆောင်ပြီးလုပ်မယ်။ ဘာလို့လဲဆို တော့ သံလွင်အရှေ့ခြမ်းကျိုင်းတုံမှာ က ရှေးထုံး မပျက်ပြယ်သေးတဲ့ အဆောင်အယောင် တွေအများကြီးရှိနေသေးတယ်။ ဗမာစကားနဲ့ မရောသေးတဲ့ သျှမ်းစကား စစ်စစ်တွေ အများကြီးပြောနေကြသေးတယ်။ ပြောရင်တော့ သျှမ်းရိုးရာယဉ်ကျေး မှုစစ်စစ်ဆိုတာ အများကြီးရှိနေသေး တယ်  ” ဟု စိုင်းလာကပြောသည်။

ရှမ်းပြည်နယ်သို့ ထိုင်း လောင်စာဆီများ တရားမ၀င် တင်သွင်းနေ



ရှမ်းပြည်နယ် တောင်ပိုင်းရှိ လက်နက်ကိုင် တပ်ဖွဲ့တခုက ထိုင်းနိုင်ငံမှ လောင်စာဆီများအား တရားမ၀င် တင်သွင်းနေပြီး သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်အတွင်း အခြေစိုက်သည့် အစိုးရတပ်က တလီတာ (ထိုင်းငွေ) နှစ်ဘတ်နှုန်းဖြင့် ကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။

“စက်တင်ဘာလလယ်ကနေ ဒီနေ့အထိဘဲ။ ဆီဘောက်ဆာကားနဲ့ နေ့တိုင်း တင်သွင်းနေတယ် ။ "ဝ" တပ် ဌာနချုပ် ဟွေ့အော့်မှာ သို လှောင်ထားတယ်လို့ ပြောတယ်” - ဟု ထိုင်းနယ်စပ်ရောက် မိုင်းဟန် ရွာသား တဦး ကပြောသည်။

သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ်အတွင်း အခြေစိုက်သည့် "ဝ" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်မဟာ ၁၇၁ လက် အောက်ခံ တပ်မဟာတခု၏ ဌာနချုပ် တည်ရှိရာ ဟွေအော့်တပ်စခန်းသို့  ဂါလံ ၁၆၀၀ ဆန့် တရုတ်လုပ် ဆီဘောက်ဆာကားဖြင့် တရက်လျင် နှစ်စီးနှုန်း နေ့စဉ် သယ်ယူနေကြောင်း "ဝ" တပ်ဖွဲ့နှင့်နီးစပ်သည့် ဒေသခံ တဦးက ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးများ အစိုးရတပ်၏ ဖမ်းဆီးရိုက်နှက်ခံရ



သျှမ်းပြည်မြောက်ပိုင်းရှိ နမ္မတူမြို့နယ် အပါအ၀င် ပလောင်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ ဒေသအတွင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူး ၁၀ ဦး ကျော်အား နမ္မတူမြို့နယ် မန့်စံတပ်စခန်းမှ ဖမ်းဆီးခေါ်ဆောင်၍ စစ်ဆေးမေးမြန်း ရိုက်နှက် ခဲ့ကြောင်းသိရသည်။
အောက်တိုဘာလ ၁၇ ရက်နေ့က စကခ ၁ လက်အောက်ခံ မန့်စံ အခြေစိုက် တပ်မှူးတဦးဖြစ်သည့် ဒုဗိုလ်မှူးကြီး သိန်းလွင်မှ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား အစည်းအဝေးဆင့်ခေါ်ကာ ၄င်းတပ်ရင်းသို့ ဖမ်းဆီးခေါ် ဆောင်သွား သည်ဟု တအာင်း(ပလောင်) လူငယ် အထွေ ထွေအတွင်းရေးမှူး မိုင်းအောင်ကို ကပြောပြသည်။

Wednesday, October 17, 2012

KNU တပ်မဟာ(၆)တွင် လူထုရှင်းလင်းပွဲပြုလုပ်



ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကရင်အမျိုးသား အစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၆)တွင် ကော့ကရိတ်မြို့နယ် အတွင်းရေးမှူး အပါအ၀င် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်အချို့တို့က ဒေသတွင်းကျေးရွာ လူထုများအား ယခုရက်ပိုင်းအတွင်း ရှင်းလင်းပွဲပြု လုပ်ခဲ့သည်။
ရှင်းလင်းပွဲသို့ တက်ရောက်သည့် လူထုများက ကေအဲန်ယူခေါင်းဆောင် များအကြား သဘောထားကွဲ လွဲကြောင်း သတင်းထွက်ပေါ်ခဲ့မှုနှင့် ပတ်သက်၍ ခေါင်းဆောင်များအချင်းချင်း စည်းလုံးညီညွှတ်မှုရှိကြရန်  တိုက်တွန်းခဲ့ကြောင်း သိရသည်။

ယင်းကိစ္စအပေါ် ကော့ကရိတ်မြို့နယ် အတွင်းရေးမှူး ပဒိုစောအယ်ကော် သောက “ကေအဲန်ယူမှာဖြစ်တဲ့ ခေါင်းဆောင်အချင်းချင်း တခဏတာ အတွင်း မှာ အမြင်မတူမှုကြောင့် အလုပ်မှာ လုပ်နည်းလုပ်ဟန် မတူကြ ပေမယ့် ပန်းတိုင်ဟာ တစ်ခုတည်းပဲဖြစ်တဲ့အတွက် ဘာမှစိုးရိမ်စရာ မလိုဘူးလို့ လူထုတွေကို ကျနော်တို့ ရှင်းပြခဲ့ပါ တယ်”ဟု ပြောဆိုသည်။

ယခု အောက်တိုဘာလ ၁၃ရက် မှ ၁၆ရက်နေ့အထိ ကေအဲန်ယူ ကော့ ကရိတ်မြို့နယ်အတွင်းရေးမှူး ပဒိုစောအယ်ကော်သော၊ တပ်မဟာ (၆)မှ တပ်ရင်း(၂၀၁)မှူး ဒုဗိုလ်မှူးကြီးဘူးဖော၊ တပ်ရင်း(၁၀၃)မှူး ဒုဗိုလ်မှူးကြီး နေစေးနှင့် အခြားခေါင်းဆောင်အချို့က နိုင်ငံရေး၊ ပညာရေး နှင့် ကျန်းမာရေးကိစ္စများနှင့် ပတ်သက်၍ လူထုအား ရှင်းလင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။