Monday, June 17, 2013

ကေအဲန်ယူနှင့် အစိုးရ ငြိမ်း ချမ်းရေးဖော်ဆောင်ရေး အ ဖွဲ့တို့အလွတ် သဘောဆွေးနွေး

(ကေအိုင်စီ)

ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာတွင်နှစ်ဖက် လိုက်နာရမည့်ကျင့်ဝတ် (Code of Conduct) နှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး-ကေအဲန်ယူနှင့်မြန်မာအစိုးရတို့ ဇွန်လ ၁၅ရက်နေ့ ညနေ ၆နာရီက ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ၌ အလွတ်သဘော ဆွေးနွေးခဲ့ကြသည်။


၎င်းဆွေးနွေးပွဲတွင် အစိုးရဖက်က ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌဖြစ်သူ သမ္မတရုံးဝန်ကြီး ဦးအောင် မင်း၊ ဦးခင်ရီ (ပြည်ထောင်စုဝန်ကြီး-လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန)၊ ပြည်ထောင်စု ၀န်ကြီး ဦးဇေယျာ အောင်၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နယ်စပ်ရေးရာနှင့်လုံခြုံရေး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်မှူးကြီးကျော်စိုးဝင်း၊ ကရင်ပြည်နယ် နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်တို့အပြင် ဦးတင်မောင်သန်း၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာမင်းဇော်ဦး၊ ဦးညိုအုန်းမြင့် စသည့် MPC မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Sunday, June 16, 2013

တအာင်းဌာနေ တိုင်းရင်းသား လူမျိုး အခြေချနေထိုင်နိုင်မည့် တအာင်းပြည်နယ် ဖော်ဆောင်ရန် သင့်/မသင့် လေ့လာရေး သုသေတန စစ်တမ်း

(ရွှေဟင်္သာသတင်းဌာန)

မွန်-ခမာ အနွယ်ဝင် တအာင်း (ပလောင်) လူမျိုးတို့သည် ရှေ့နှစ်ပေါင်း သုံးထောင်ကျော် ကတည်းကပင် ယခု တအာင်းလူမျိုးများ အခြချနေထိုင်သည့် ဒေသသို့ရေကြည်ရာမြက်နုရာ ပြောင်းရွေ့လာကာ အုပ်ချုပ်သူစော်ဘွား အစဉ်အဆက်ဖြင့် အဆက်ဆက်နေထိုင်လာခဲ့ကြသည်။ လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံအတွင်းတွင် တည်ရှိနေထိုင်နေကြသည့် တအာင်း လူမျိုးတို့သည် မြန်မာ-ဗမာလူမျိုးနှင့် မြန်မာနိုင်ငံဟူ၍မပေါ်ပေါက်သေးမီ ကာလကပင် ယခုတောင်တန်းနှင့် မြေပြန့်ဒေသများပေါ်တွင် အခြေချ နေထိုင်ခဲ့ကြသည့် လူမျိုးဖြစ်သည်။
 
 ဒုတိယ ကမ္ဘာစစ်အပြီး မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တိုင်းရင်းသားများ သွေးစည်း ညီညွတ်ရေး တည်ဆောက်နိုင်ရန်အတွက် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရှမ်းပြည်စော်ဘွားများကောင်စီ ဥက္ကဋ္ဌ ပလောင်အမျိုးသား တောင်ပိုင်စော်ဘွားကြီး စ၀်ခွန်ပန်းစိန်က တောင်တန်းနယ်ထိပ်တန်း ခေါင်းဆောင်အဖြစ် စွမ်းစွမ်းတမံ ဦးဆောင် ကြိုးပမ်းလာခဲ့သည်။ ထိုကြောင့်လည်း အချုပ်အချာ အာဏာပိုင် လွတ်လပ်သော ပြည်ထောင်စု မြန်မာ နိုင်ငံတော်ကြီး ပေါ်ထွန်းရေးတွင် သမိုင်းဝင် ပင်လုံစာချုပ်ကို တောင်တန်းသားများ၏ ဦးစီးခေါင်းဆောင် အဖြစ် ပလောင် အမျိုးသား ခေါင်းဆောင်ကြီး တောင်ပိုင် စော်ဘွားကြီး စ၀်ခွန်ပန်စိန်၏ ဦးစီးဦးဆောင်မှုဖြင့် သမိုင်းဝင် လက်မှတ်ရေးထိုး နိုင်ခဲ့ခြင်းဖြစ်သည်၊

မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဌ နိုင်ရဿ ကွယ်လွန်ခြင်း

(ရွှေဟင်္သာသတင်းဌာန)

မွန်ပြည်သစ် ပါတီဒုတိယ ဥက္ကဥ နိုင်ရဿသည် ယမာန်နေ့ ဒေသ စံတော်ချိန် ည () နာရီ (၂၃) မိနစ်တွင် ထိုင်းနိုင်ငံ စံခလဘူရီမြို့ ဆေးရုံ၌ အဆုတ် ကင်ဆာရောဂါဖြင့် ကွယ်လွန် သွားပါသည်။ ၄င်းကွယ်လွန်ချိန်တွင် ဇနီးသည် မိတနိုင်း ဗလိုနှင့် သမီး ()ဦး သား(၁) ဦး ကျန်ရစ်ခဲ့ပါသည်။ ဈာပဏကိုမူ ဇွန်လ (၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံ ဘုရားသုံးဆူမြို့ရှိ ဂျပန် ရေတွင်း ကျေးရွာ၌ သင်းဂြိုဟ်ကြမည်ဖြစ်သည်။ 

ဒုတိယ ဥက္ကဌသည် အသက် (၆၇) နှစ် ရှိပြီး၊ ပြီးခဲ့သည့် ဇန္နာဝါရီလတွင် သင်္ကန်းကျွန်း စံပြဆေးရုံတက်ရောက် ကုသခဲ့ ရပါသည်။ ထိုမှတဆင့် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၂) ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံသို့ တက်ရောက် ကုသ ခဲ့ရပါသည်။ ဘန်ကောက် ဆေးရုံတွင်လည်း အခြေအနေ ထူးခြားလာခြင်း မရှိသဖြင့် ဧပြီလနှောင်းပိုင်းတွင် ထိုင်းနိုင်ငံ စံခလဘူရီ ဆေးရုံသို့ ပြောင်းရွှေ့လာရာမှ ယမာန်နေ့ည (၈) နာရီ (၂၃) မိနစ်တွင် ကွယ်လွန် သွားခဲ့ခြင်း ဖြစ်ပါသည်။ 

Saturday, June 15, 2013

ကြားဖြတ်နဲ့ ၂၀၁၅ ရွေးကောက်ပွဲအကြို ရခိုင်ပါတီနှစ်ခု ပူးပေါင်း

(VOA)

၂၀၁၅ ရွေးကောက်ပွဲကို ရည်ရွယ်ဦးတည်ပြီး ရခိုင်ပြည်နယ်မှာ ၁၉၉၀ ပြည့်ရွေးကောက်ပွဲအနိုင်ရ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများ တိုးတက်
ရေးပါတီ (RNDP) တို့ တစ်ပါတီတည်း ပေါင်းစည်းဖို့ ဒီကနေ့ သဘောတူညီလိုက်ပြီဖြစ်ပါတယ်။ ဒီနှစ်  အောက်တိုဘာလ မတိုင်ခင် ပေါင်းစည်းရေး လုပ်သွားမယ့်အကြောင်း ရခိုင်ပါတီခေါင်းဆောင်တွေက ပြောပါတယ်။ အပြည့်စုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုကျော်ထင်က ရန်ကုန်ကနေ သတင်းပို့ထားပါတယ်။
 

ပအိုဝ်းအမျိုးသား တပ်မတော် ပြည်သူ့စစ် ကွပ်ကဲရေးမှူးနှင့် …

(ဧရာဝတီ)

ပဒေသရာဇ် စနစ်ကို တော်လှန်ရန် ၁၉၄၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့သည် ၁၉၉၁ ခုနှစ်တွင် ယခင်စစ်အစိုးရ နှင့် အပစ်အခတ် ရပ်စဲလိုက်ပြီးနောက် မြန်မာအစိုးရ၊ ကာကွယ်ရေး ၀န်ကြီးဌာန၏ လက်အောက်ခံ ပြည်သူ့စစ်အဖြစ် ပအိုဝ်းအမျိုးသား တပ်မတော် (PNA) အမည်ဖြင့် အသွင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စောစီးစွာ လက်ခံခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ပါတီ (PNO) ထူထောင် ရွေးကောက်ပွဲဝင်ခဲ့သည်။ ပြည်သူ့စစ် အဖွဲ့အစည်းအဖြစ် ရပ်တည်နေသော PNA ၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး PNA ၏ ကွပ်ကဲရေးမှူး ဦးခွန်လနှင့် ဧရာဝတီသတင်းထောက် နန်းဆိုင်နွမ်က တွေ့ဆုံ မေးမြန်း ထားပါသည်။

ဖက်ဒရယ်မူနှင့် တိုင်းရင်းသားတို့ အမြင်(၇/၂၀၁၃)

(ရွှေဟင်္သာသတင်းဌာန)

နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ စီစဉ်တင်ဆက်သော ဖက်ဒရယ်မူနှင့် တိုင်းရင်းသားတို့အမြင်(၇/၂၀၁၃)ကို မွန်နိုင်ငံရေး ပါတီ ဖြစ်သည့် မွန်ပြည်သစ် ပါတီမှ နိုင်တလညီနှင့် အဖွဲ့က တက်ရောက် ဆွေးနွေးခဲ့သည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ တစ်ဦးက ဆိုပါသည်။ 

ဒါကတော့ မွန်ပြည်သစ် ပါတီရဲ့ အမြင် သဘောထားကို နိုင်တလညီက ဦးဆောင်ပြီး ရှင်းပြသွားတာပါ။ ဖက်ဒရယ် ဆိုတာက ပြည်နယ်နဲ့ ဗဟို အစိုးရတို့ရဲ့ အာဏာ ခွဲဝေခြင်း ပြသနာသာ ဖြစ်တယ်။ အဲဒီ ခွဲဝေရေးမှာ တန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် ရှိဖို့ အရေးဟာ အဓိကဖြစ်တယ်။ ဗဟိုအစိုးရကို အာဏာ သတ်မှတ်ပေးပြီး ကြွင်းကျန် အာဏာကို ပြည်နယ်မှာ ရှိရမည် ဆိုတဲ့ မူဘောင်ကို တင်ပြ သွားခဲ့ပါတယ်ဟု ဆိုပါသည်။ 

TNLA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့ကြား နမ့်ဆန်တွင် တိုက်ပွဲဖြစ်

(ရွှေဟင်္သာသတင်းဌာန)

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ရင်း (၂၅၆) နှင့် နောင်ချို အခြေစိုက် အစိုးရ ခလရ (၁၁၄) တို့သည် ယနေ့ မနက်ပိုင်း ၆ နာရီ အချိန်တွင် နမ့်ဆန်မြို့နယ် မန်လုံနှင့် ပန်အလော့ကျေးရွာ အကြားတွင် မိနစ် (၃၀) ခန့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း TNLA တပ်မှူး တစ်ဦးက ဆိုပါသည်။ 

“ အစိုးရ ခလရ (၁၁၄) က အင်းအား (၅၀) လောက် ရှိမယ်။ စစ်ကြောင်း တကြောင်းပေါ့။ သူတို့က နမ့်ဆန်မြို့ နယ်ရဲ့ TNLA တပ်ရင်း (၂၅၆) ရဲ့ တပ်ကွင်းထဲကို ၀င်လာတော့ မလွဲမရှောင်သာဘဲ တိုက်ရမှာဘဲလေ။ သူတို့ကလည်း တမင်ကို သိလျှက်နဲ့ စစ်ဆင်နေတာ ဆိုတော့  မိနစ် ၃၀ လောက် ရင်ဆိုင် လိုက်တယ်။ ပြီးတော့ သူတို့ ဆုတ်သွားတယ်” ဟု ဆို ပါသည်။

DKBA ကြီးမှူးသော တိုင်းရင်းသား ပေါင်းစုံ နှီးနှောဖလှယ်ပွဲ ကျင်းပခြင်း

(ရွှေဟင်္သာသတင်းဌာန)

ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA ) သည် လူထု လူတန်းစား ပေါင်းစုံ ပါဝင်သော တိုင်းရင်းသား ပေါင်းစုံ သဘောထားအမြင်များ နှီးနှော ဖလှယ်ပွဲ တရပ်ကို ယနေ့ မနက်ပိုင်း၌ ကရင်ပြည်နယ် မြ၀တီမြို့နယ် ဆုံစည်းမြိုင် (ကော်သူးမွဲခီး) ကျေးရွာတွင် ကျင်းပခဲ့သည်ဟု DKBA ပြော ခွင့်ရသူ ဗိုလ်မှူး ထွန်းထွန်းက ဆိုပါသည်။ 

ကျနော်တို့ နိုင်ငံမှာ ပြုပြင်ပြောင်းလဲနေတယ် ဆိုပေမဲ့ တိုးတက်မှုတော့ မတွေ့ရသေးပါဘူး။ တဖက်မှာလည်း အချိန်တွေ ကြာလာတာနဲ့အမျှ ကျနော်တို့ရဲ့ ရည်မှန်းထားတဲ့ ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသား အခွင့်အရေးအတွက် ကြိုးစားတဲ့ နေရာမှာ နိုင်ငံရေး အဖွဲ့အစည်းတွေဟာ  တဖြည်းဖြည်းနဲ့ ရည်မှန်းချက်တွေ မှေးမှိန်လာနေတာ တွေ့ရပါတယ်ဟုဆိုပါ သည်။ 

'၀' ပြည်နယ်တောင်းဆိုမှု ပေးနိုင်၊ မပေးနိုင် ဆိုခြင်းမှာ ပြည်သူများ၏ ဆန္ဒနှင့်သာ ဆိုင်ကြောင်း RCSS/SSA ဥက္ကဋ္ဌ ပြောကြား

(Eleven Media Group)

'၀' သွေးစည်း ညီညွတ်ရေးပါတီမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းအား '၀' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဆင့်သို့ တိုးမြှင့်တောင်းဆိုမှုအား ပေးနိုင်မပေးနိုင်မှာ ပြည်သူများ၏ ဆန္ဒနှင့်သာ ဆိုင်ကြောင်း RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အဖွဲ့အစည်းများ တွေ့ဆုံပွဲအပြီးတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မည်ဆိုပါက ပြည်နယ်များတွင် ပြည်နယ်ကာကွယ်ရေးတပ်များရှိရန် လိုသည် ဟူသောအချက်ကို ထည့်သွင်းသင့်ကြောင်း RCSS/SSA အတိုင်ပင်ခံပြောကြား

(Eleven Media Group)

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်မည်ဆိုပါက ပြည်နယ်များတွင် ပြည်နယ်ကာကွယ်ရေး တပ်များရှိရန် လိုအပ်သည် ဟူသောအချက်ကို ထည့်သွင်းပါက ကောင်းမည်ဟုထင်ကြောင်း RCSS/SSA အတိုင်ပင်ခံ စ၀်ခွန်ဆိုင်က ပြောကြားသည်။

ဇွန် ၁၄ ရက်က ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော်နှင့် နိုင်ငံရေးပါတီများ၊ လူထုအဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် အတိုင်ပင်ခံ စ၀်ခွန်ဆိုင်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

Friday, June 14, 2013

ပြည်တွင်းပစ်ခတ်ရပ်စဲရေးသည် သွားလာရေးကလွဲလို့ ဒုက္ခသည်အိမ်ပြန်ဖို့ မဖြစ်နိုင်သေး

(KTimes)

ကယား(ကရင်နီ)ပြည်နယ်ရဲ့ လက်ရှိ အပစ်အခတ်ရပ်စဲရေးဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေးဖေါ်ဆောင်နိုင်ဖို့ လက်နက်ကိုင် အဖွဲ့အစည်းအတွက် ပြည်တွင်းသွားရေး၊ လာရေးလွယ်ကူစေတဲ့အခြေအနေကလွဲလို့ နယ်စပ်ဒုက္ခသည်တွေ ဌာနေဟောင်းသို့ပြန် လှည်အခြေချနေထိုင်နိုင်ဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ကရင်နီဒုက္ခသည် ပင်မကော်မီတီကပြောဆိုပါတယ်။

လာမည့်ဇွန်လ ၂၀ရက်နေ့မှာကျရောက်မည့် ကမ္ဘာ့ဒုက္ခသည်များနေ့အတွက် ကရင်နီအမှတ်-၁ဒုက္ခသည်စခန်းမှာ ယနေ့အကြို ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ KnRC ပင်မကော်မီတီ ဥက္ကဌ ဆရာမန်းစောက ယခုလိုပြောဆိုလိုက်တာပါ။

နို့ဖိုးဒုက္ခသည် စခန်းသို့ UNHCR အရာရှိမှ ဆန္ဒ ခံယူပွဲ ကျင်းပ

(ရွှေဟင်္သာသတင်းဌာန)

UNHCR ၏ ဒုက္ခသည် စခန်း ဆိုင်ရာ ကာကွယ် စောင့်ရှောက်ရေး အရာရှိသည် ဒုက္ခသည်များ ဘ၀ရှေ့ရေး အတွက် အမြင်ဖလှယ်ပွဲ တရပ် ကျင်းပပြီး ဆန္ဒကောက်ခံမှုပါ ပြုလုပ် သွားခဲ့သည်ဟု ဆွေးနွေးပွဲကို တက်ရောက် ခဲ့သော နို့ဖိုး စခန်း ကော်မီတီဝင် တစ်ဦးက ဆိုပါသည်။ 

“ နို့ဖိုးစခန်းမှာ ပြုလုပ်ပါတယ်။ သူလာပြောတာက တတိယ နိုင်ငံသွားရေးဟာ ထိုင်းအစိုးရ အပေါ်မှာသာ မူတည်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခြေအနေ ကတော့ ထွက်ခွင့် နည်းသွားပါပြီး။ ဒါကြောင့် ကိုယ့်ရဲ့ရှေ့ရေးကို ဘယ်လို လုပ်ကြမလဲ၊ မေးမြန်းချင်တဲ့ ကိစ္စတွေကို မေးခိုင်းတယ်။ ပြီးတော့ အခြေအနေတွေကို ရှင်းပြတယ်” ဟုဆိုပါသည်။ 

အပစ်ရပ်ပြီးသော်လည်း ဖားအံ-သံလွင်တံတားဖြတ်ကျော်ခွင့် အချိန်ကန့်သတ်မှု ရှိနေဆဲ

(KIC)

ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု တနှစ်ကျော်ကြာပြီးဖြစ် သော်လည်း ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ သံလွင်တံတားကို ခရီးသွားလာဖြတ်ကျော်ခွင့်မှာ အစိုးရမှ အချိန်ကန့်သတ်မှု ထားရှိ နေဆဲဖြစ်ကြောင်း ခရီးသည်များက ပြောသည်။

ဖားအံ-မြိုင်ကလေးကို ဆက်သွယ်ထားသည့် ၎င်းသံလွင်မြစ်ကူးတံတားကို ည ၁၀နာရီခွဲအချိန်၌ ဖြတ်သန်းသွားလာခွင့် စတင် ပိတ်လိုက်ပြီး နံနက် ၃နာရီအချိန်မှသာ ပြန်လည် ဖွင့်ပေးသောကြောင့် ရန်ကုန်-ဖားအံ ပြေးဆွဲနေသည့် အမြန်လိုင်းကား စီးနင်း လိုက်ပါသူ ညခရီးသွားများမှာ တံတားဖွင့်ချိန် မရောက်မချင်း မြိုင်ကလေးကျေးရွာ အဝေးပြေးလမ်းပေါ်တွင် ကားပေါ်၊ ကား အောက် အိပ်စောင့်နေရ၍ အချိန်ကြန့်ကြာမှုများ ဖြစ်နေရသည်။

ချင်းပြည်သူတွေအတွက် အဲန်ဂျီအို ထောက်ပံ့မှု ရပ်ဆိုင်းသွားတဲ့ တနေ့မှာ

(Khonumthung)
ဆောင်းပါး၊ ဇလပ်ထက်နီ ၁၃ ဇွန် ၂၀၁၃ – ယခုတလော ချင်းပြည်နယ် မတူပီမြို့နယ်၊ ဇိုတုန်၊ မရာ၊ ဒေသ ကျေးရွာပေါင်း ၃၀ ခန့်မှာ ကို ဌေးဝင်း၊ ကို ဇပဲန်း ဆိုတဲ့ နာမည်က ရေပန်းစားနေလေရဲ့၊ သူတို့ဟာ ADRA ( အရှည်ကောက်တော့ မသိပါ) ဆိုတဲ့ အဲန်ဂျီအို အဖွဲ့က ဒေသခံတွေရဲ့ ဖိုခနောက်ပေါ်ထမင်းအိုးမြဲရေးအတွက် ဖြေရှင်းပေးနေတဲ့သူတွေပေါ့၊ ကို ဇာပဲန်းဆိုယင် ဆိုင်ကယ်တစီးနဲ့ တရွာဝင် တရွာ ထွက် လှုပ်ရှားနေရတယ်၊ သူ့ အပြောအရ ကျေးရွာအုပ်စု (၇)ခုရဲ့ ၀မ်းရေးကို တာဝန်ယူ နေသူပါ၊ သူ့အထက်က ကို ဌေး ၀င်းဆိုပဲ။

RCSS သည် ပြည်တွင်း တိုင်းရင်းသား ပါတီများနှင့် နိုင်ငံရေး အမြင် ဖလှယ်ပွဲ ကျင်းပ

(ရွှေဟင်္သာသတင်းဌာန)

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) သည် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက် ပြည်တွင်း နိုင်ငံရေး ပါတီများနှင့်  လူထု အခြေပြု အဖွဲ့အစည်း များအား နိုင်ငံရေး အမြင်ဖလှယ်ပွဲတစ်ရပ် ထပ်မံ ကျင်းပ ခဲ့ကြောင်း ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်က ဆိုပါသည်။ 

ရန်ကုန်မှာဘဲ ဒီနေ့မနက်က ကျင်းပခဲ့တာပါ။ ကျနော်တို့ ရည်ရွယ်ခဲ့တာက ကျနော်တို့ သမ္မတ ဦးသိန်းစိန်ထံ တင်ပြ ထားတဲ့ အချက်တွေအပေါ် မူတည်ပြီးတော့ ပြည်တွင်းက အစုအဖွဲ့တွေနဲ့ နိုင်ငံရေး ပါတီတွေရဲ့အမြင်သဘောထား ဆွေးနွေးချက်တွေ ပြန်လည် ရယူဖို့အတွက် ဒီတွေ့ဆုံပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်ဟု ဆိုပါသည်။