“ကုန်သည်တွေ
လုပ်ငန်းရှင်တွေ ငွေရှင် ကြေးရှင် တွေကို ထိခိုက် တာလည်း ထိခိုက် ပါတယ်၊
ဒါပေမယ့် သူတို့ တွေက ချက်ခြင်း ထမင်း မငတ်ဘူး။ ဥပမာ ဆိုင်ကယ် တက္ကစီ
သမားတွေ၊ စားသောက် ဆိုင်တို့၊ နေ့စား အလုပ်သမားတွေ စတဲ့ အခြေခံ လူတန်းစား
တွေရဲ့ မိသားစု အတွက် ဝင်ငွေရဖို့ အလုပ် လုပ်ဖို့ မဖြစ် တော့ဘူး၊ သူတို့
တွေက ဒီမတည်မငြိမ် ဖြစ်မှုကို အခံ ရဆုံး လူတွေပါ” ဟု မြဝတီမြို့ အမှတ် (၁)
ရပ်ကွက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးနောင်က ပြောသည်။
Tuesday, September 30, 2014
တောင်ကြီးခရိုင်အတွင်း အုပ်စု ဒု-အုပ်ချုပ်ရေးမှူးအား ရဲတပ်ဖွဲ့ ပစ်သတ်မှု မိသားစုများမကျေနပ်
(သျှမ်းသံတော်ဆင့်)
သျှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာမှ NLD ပါတီရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်းသတ်ဖြတ်ခံရမှုတွင် မိုင်းပျဉ်းကျေးရွာအုပ်စု ရပ်ကျေး ဒု-ဥက္ကဌ ဦးဆွေအား လူသတ်မှု တရားခံဟု ရဲများ သံသယရှိကာ လိုက်လံဖမ်းဆီး ပစ်သတ်ခဲ့သည့်အပေါ် မိသားစုဝင်များက ကျေနပ်မှုမရှိကြောင်း မိသားစုဝင် တဦးကပြော ပါသည်။
မိုင်းပျဉ်းအုပ်စု ရပ်ကျေးဒုဥက္ကဌ ဦးဆွေအား လူသတ်မှုတရားခံဟု သံသယရှိကာတောင်ကြီးမြို့နယ်ရဲများက စက်တင်ဘာ ၁၂ ရက်နေ့က လိုက်လံဖမ်းဆီးရာ ထွက်ပြေးသဖြင့် ရဲများပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။

အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်လေ့လာရေးသင်တန်းကို KNU ဦးစီးပြုလုပ်ခဲ့
(KIC)
ကရင် အမျိုးသား အစည်းအရုံး(KNU) စည်းရုံးရေးနှင့် ပြန်ကြားရေး ဌာနမှ ဦးဆောင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် ကာလနှင့် အပစ်အခတ် ရပ်စဲရေး ကာလ အတွင်း စောင့်ကြည့်လေ့ လာနိုင်ရေး အတွက် အထောက်အကူပြု သင်တန်းတစ်ရပ်ကို ထိုင်း-မြန် မာနယ်စပ် တစ်နေရာတွင် ယနေ့ ပြုလုပ်ပြီးစီးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို စက်တင်ဘာလ ၂၆ရက်နေ့မှ ၂၉ရက်နေ့အထိ အင်္ဂလန်နိုင်ငံ အခြေစိုက် အစိုးရမဟုတ်သည့်အဖွဲ့(NGO) အဖွဲ့ INTER/MEDIATE က သင်တန်းလာပေးခဲ့ခြင်းဖြစ်ပြီး သင်တန်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ KNU ဗဟိုစည်းရုံးရေးနှင့် ပြန်ကြားရေးဌာန အတွင်းရေးမှူး နော်ဖောဂေခုက ကေအိုင်စီသို့ ယခုလို ပြောသည်။

တိုက်ပွဲများကြောင့် DKBA တပ်သား ၅ ဦး သေဆုံး၍ အစိုးရစစ်သား၂ ဦးဒဏ်ရာရ
(ဧရာဝတီ)
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တွင် ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)နှင့် အစိုးရ စစ်တပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား လျက်ရှိရာ DKBA တပ်သား ၅ ဦးသေဆုံးပြီး အစိုးရ စစ်တပ်မှ စစ်သား ၂ ဦးဒဏ်ရာ ရရှိကာ တိုက်ပွဲ များကြောင့် ဒေသခံ ရာချီ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သတင်း ရရှိသည်။

မြဝတီမြို့၏ စစ်ရေး မငြိမ်သက်မှုတွင် လုပ်ငန်းရှင် များထက် အခြေခံ လူတန်းစားများ ပိုမိုထိခိုက်
(ရွှေဟင်္သာသတင်းဌာန)
ဒီမိုကရေစီ
အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) နှင့် တပ်မတော် တပ်ဖွဲ့
တို့အကြား စက်တင်ဘာလ ၂၇ ရက်နေ့ မြဝတီမြို့၌ ပစ်ခတ်မှု ဖြစ်ပွား ခဲ့ခြင်း၏
အကျိုးဆက် စီးပွားရေးနှင့် နေထိုင်မှု ဘဝ ရိုက်ခတ်မှု များကို မြဝတီ မြို့ခံ
အခြေခံ လူတန်း စားများ ပိုမို ခံရကြောင်း မြဝတီမြို့ ရပ်ကွက်
အုပ်ချုပ်ရေးမှူးနှင့် မြဝတီမြို့ စီးပွာရေး လုပ်ငန်းရှင် များက ပြောသည်။
Monday, September 29, 2014
နှစ်ဖက်ထိတွေ့မှု ပြသနာ များအား ငြိမ်းချမ်းစွာ ဖြေရှင်းရန် DKBA စစ်ဦးချုပ် သဘောထားရှိ
(ရွှေဟင်္သာသတင်းဌာန)
ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား
တပ်မတော် (DKBA) နှင့် အစိုးရ တပ်များ အကြား ဖြစ်ပွား နေသည့် လက်နက်ကိုင် ပဋိပက္ခ
ဆက်လက် မကြီးထွားရေး ညှိနှိုင်း ဆောင်ရွက် ကြရန် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်
စောလားပွယ်မှ သဘောထား ရှိကြောင်း DKBA အဖွဲ့၏ မြဝတီ ဆက်ဆံရေးရုံး တာဝန်ခံ
ဗိုလ်ကြီး စောစိုးမြင့်က ပြောသည်။
“စစ်ဦးစီးချုပ် သဘောထား ကတော့
တတ်နိုင် သလောက် ငြိမ်းငြိမ်း ချမ်းချမ်း ဖြေရှင်း စေချင်တဲ့ သဘောထား ရှိတယ်၊
လက်ရှိ မှာတော့ အပြေ လည်လုံး ဖြစ်အောင်တို့ ကျနော်တို့ ညှိနှိုင်း ထားပါတယ် ခင်ဗျ၊
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့က နိုင်ဟံသာနဲ့ ဝန်ကြီး
ဦးအောင်မင်း၊ ကျနော်တို့ ဆီက ဗိုလ်မှူးလုံလုံနဲ့ တို့နဲ့ တပ်မတော် ခေါင်းဆောင်တွေ
ဝိုင်းဝန်း ညှိနှိုင်း ပေးဖို့လည်း အကူအညီ တောင်းထား ပါတယ်” ဟု ဗိုလ်ကြီး စိုးမြင့်
ပြောသည်။
အစိုးရတပ်ပစ်ခတ်မှုကြောင့် ကေအန်ယူတပ်သား ၁ ဦး သေဆုံး
(DVB)
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် အတွင်း အစိုးရတပ် နဲ့ ကေအန်ယူ တပ်ဖွဲ့တွေ အကြား တိုက်ပွဲဖြစ် မှုကြောင့် ကေအန်ယူ တပ်သား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
အစိုးရတပ် စကခ ၁၀ လက်အောက်ခံ ခမရ ၃၆၁ တပ်ရင်းက တပ်ဖွဲ့ဝင်တွေနဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) လက်အောက်ခံ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (ကေအန်ဒီအို) တပ်ရင်း ၃ က တပ်ဖွဲ့တွေ စက်တင်ဘာလ ၂၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

DKBAအား ကိုယ့်တပ် ကိုယ်ထိန်းရန် အစိုးရတပ် သတိပေး
(Mizzima)
အစိုးရ တပ်နှင့် ဒီမိုကရေ စီ အကျိုးပြု ကရင် တပ်မတော် (DKBA) တို့အကြား လက်နက် ကိုင် ပဋိပက္ခ ဆက်လက် မကြီးထွားစေရန် အတွက် အောက်ခြေတပ်များအား ထိန်းချုပ်ရန် စစ်ဆင်ရေးအထူးအဖွဲ့ (၄) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ညွှန်ကြားထားသည်ဟု DKBA အဖွဲ့၏ မြဝတီ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က မဇ္ဈိမကို ပြောသည်။
“ကျွန်တော်တို့ အဖွဲ့ရဲ့ ဗိုလ်မှူး စောလုံလုံကနေတဆင့် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးက ကိုယ့်တပ်တွေ ကိုယ် ထိန်းဖို့ ညွှန်ကြားထားတာ ရှိပါတယ်။ အခုဆိုရင် ကျွန်တော်တို့ အောက်ခြေ တပ်တွေကို ထပ်မံ ထိတွေ့မှု မဖြစ်အောင် အတတ်နိုင်ဆုံး ညှိနှိုင်း ဆောင်ရွက်နေပါတယ်။ မလိုအပ်ဘဲ လှုပ်ရှားမှုတွေ မလုပ် အောင်လည်း ညွှန်ကြားထားပါတယ်” ဟု ဗိုလ်ကြီး စောစိုးမြင့်က ပြောသည်။

Saturday, September 27, 2014
DKBA နှင့် အစိုးရတပ်တို့ မြဝတီတွင် တိုက်ပွဲ ထပ်မံဖြစ်ပွားနေ
(Mizzima)
အစိုးရစစ်တပ်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) တို့ ယခု နေ့လည်တွင် မြဝတီမြို့၌ ပစ်ခတ်မှု ဖြစ်ပွားနေသည်ဟု နယ်ခြားစောင့်တပ်မှ အရာရှိတစ်ဦးနှင့် မြဝတီ မြို့ခံတစ်ဦးက မဇ္ဈိမကို စက်တင်ဘာ ၂၇ ရက် က အတည်ပြု ပြောဆို သည်။
နယ်ခြားစောင့်တပ်ရင်းမှ ဗိုလ်မှူး နိုင်မော်ဇော်က “မြဝတီမြို့မောနင်းစတား လက်ဖက်ရည်ဆိုင် အနောက် ဘက်မှာ ခလရ ၂၄ တပ်က နေရာတက်ယူတာကို DKBA ဘက်က စတင် ပစ်ခတ်တာ၊ အခု ပစ်နေတုန်းပဲ” ဟု မြန်မာစံတော်ချိန် မွန်းတည့် ၁၂ နာရီခန့်က ပြောသည်။

မြဝတီမြို့မှာ အစိုးရ စစ်တပ်နဲ့ DKBA တိုက်ပွဲဖြစ်
(ဧရာဝတီ)
ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို အထွက် အာရှလမ်းမကြီးပေါ်တွင် အစိုးရ စစ်တပ်နဲ့ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) တို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားနေပြီး၊ အနီးက ဒေသခံတချို့ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဧရာဝတီက စုံစမ်းသိရှိ ရပါတယ်။
ဒီကနေ့ မနက် ၁၁ နာရီလောက်ကစပြီး မြဝတီမြို့အထွက်အာရှလမ်းမကြီးပေါ်မှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက် ငယ်များ အပြင် အာပီဂျီများကိုပါ အသုံးပြုပစ်ခတ်နေတဲ့ အတွက် မြို့ခံတွေအတွက်ပါ စိုးရိမ်စရာရှိနေတယ်လို့ မျက်မြင် တွေက ပြောပါ တယ်။

Thursday, September 11, 2014
ကေအင်ယူ ဘယ်လဲ
(Aung Htoo)
ညီညွတ်သော
တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအင်န်အက်ဖ်စီ) အစည်းအဝေး တက်
ရောက်နေရာမှ ကေအင်ယူ ကိုယ်စားလှယ်အဖွဲ့ ထွက်ခွာသွားခဲ့ပြီးနောက်တွင်
ကေအင်ယူသည် ယူအင်န် အက်ဖ်စီအဖွဲ့ ဝင်အဖြစ်မှ
ယာယီရပ်ဆိုင်းလိုက်ကြောင်းထုတ်ပြန်ချက် ထွက်လာသောအခါ
တိုင်းရင်းသားနိုင်ငံရေးကိုစိတ် ၀င် စား လေ့လာလျှက်ရှိသော
လူထုများအကြားတွင် အံ့သြတကြီးဖြစ်သွားကြသည်။
စိုးရိမ်မှုများလည်းရှိကြပုံရသည်။ ယင်းတွင် စာရေးသူလည်း တဦးအပါအ၀င် ပင်။
Tuesday, September 9, 2014
အဖွဲ့ခွဲ တည်ထောင်တဲ့ ရဲဘော် နှစ်ဦး ABSDF က ထုတ်ပယ်
(ဧရာဝတီ)
မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့ကနေ ခွဲထွက်ပြီး သီးခြားအဖွဲ့တွေ တည်ထောင် တဲ့ ရဲဘော်တချို့ကို ABSDF ဗဟို စစ်ကော်မရှင်က စက် တင်ဘာ ၅ ရက်နေ့နဲ့ ၇ ရက်နေ့မှာ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာ လိုက်ပါတယ်။
ပြည်ထောင်စု ကာကွယ်ရေးတပ် (UNRA)နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (UPDF) တပ်ဖွဲ့ အဖြစ် သီးခြား ဖွဲ့စည်းခဲ့ကြ တဲ့ ရဲဘော် ခင်ကျော်နဲ့ ရဲဘော် ကျော်ကျော် (ကချင်) တို့ကို ABSDF က ချမှတ်ထားတဲ့ မူတွေကိုကျော်လွန်ပြီး လုပ်ကိုင်ခဲ့ကြတဲ့ အတွက် ထုတ်ပယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ABSDF ဒုဥက္ကဋ္ဌ ဦးမျိုးဝင်း က“မီဒီယာတွေပေါ်မှာ ဖော်ပြနေသလို ABSDF က နှစ်ဖွဲ့ကွဲတာ မဟုတ်ပါဘူး။

Thursday, September 4, 2014
CNA လက်ခံသည်ဟု စွပ်စွဲပြီး အစိုးရစစ်တပ် က ရွာသားသုံးဦးအား နှိပ်စက်
ချင်း အမျိုးသား တပ်မတော်(CNA) ကို လက်ခံသည်ဟူသော စွပ်စွဲချက်ဖြင့်
ရခိုင်ပြည် နယ် ၊ မောင်းတောမြို့နယ် ရသေ့ တောင်အခြေစိုက် ခမရ ၃၄၄ မှ
တပ်ရင်းမှူးနှင့် အဖွဲ့သည် ပလက်ဝမြို့ နယ် အိန္ဒိယ – မြန်မာနယ်စပ်ရှိ
ကုန်ပြင်ရွာသား U KyawKyaw, U Maungsein နှင့် ကာကီရွာ သား U Sane Aung
တို့အား ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က ယာ ထဲတွင် ဖမ်းဆီးနှိပ်စက်ပြီး
ယနေ့ထိ ချုပ်နှောင်ထားသည်ဟု သိရသည်။
PNLO နှင့် RCSS ကြားပြဿနာ ငြိမ်းချမ်းသောနည်းလမ်းဖြင့်ဖြေရှင်းကြရန် RCSS တိုက်တွန်း
(သျှမ်းသံတော်ဆင့်)
သျှမ်းပြည်တောင် ပိုင်း လင်းခေး ခရိုင်မောက်မယ်မြို့နယ်အတွင်း သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီနှင့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်တို့ ယနေ့မနက်က ဖြစ်ပွါးခဲ့သော တိုက်ပွဲကြောင့် ငြိမ်းချမ်းသော နည်း လမ်းဖြင့် တွေ့ဆုံဆွေးနွေးရေးပြုလုပ် သွားလိုကြောင်း သျှမ်းပြည် တပ်မတော်ဘက်က ပြောဆိုပါသည်။
စက်တင်ဘာလ ၃ ရက် မနက်ပိုင်းက မောက်မယ်မြို့နယ် ကန်တူးလုံဒေသ ဟိုနမ့်အုပ်စုတွင် RCSS/SSA နှင့် PNLO တို့ ၂ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။

Subscribe to:
Posts (Atom)