Saturday, October 24, 2015

တိုက်ပွဲသာ ဖြစ်နေရင်တော့ မဲဆန္ဒသွားပေးဖို့လည်း မိဘပြည်သူတွေ စိတ်ဝင်စားတော့ မှာ မဟုတ်ဘူး (အမြင်သဘောထား)

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA အခြေစိုက် လှုပ်ရှားရာ  သျှမ်းပြည် တောင်ပိုင်း ကျေးသီး မိုင်းနောင် မိုင်းရှူးမြို့နယ်အတွင်း အစိုးရ တပ်မတော် က ထိုးစစ်ဆင်ပစ်ခတ်တိုက်ခိုက်မှုကြောင့်  စစ် ပြေးဒုက္ခသည် ထောင်ချီ မြို့ဘုန်းကြီး ကျောင်းနှင့်နီးစပ်ရာဆွေမျိုးများထံ ခိုလှုံခဲ့ရပါသည် ။ ထိုသို့ထိုးစစ်ဆင်မှု များကြောင့် ဒေသတွင်းမတည်ငြိမ်မှုအပေါ် စစ်ဒဏ်ခံနေရသည့်လူထုအနေဖြင့် ရွေးကောက်ပွဲအပေါ် မည်မျှ စိတ်ဝင်စားမှုရှိနိုင်မည်ဟူသည်ကိုလည်း  အများက အထူးစိတ်ဝင်စားနေကြသည် ။  သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် လားရှိုးခရိုင် အမျိုးသားလွှတ်တော် ကိုယ် စားလှယ်လောင်း စိုင်းဝမ်းလှိုင်းခမ်းက ဤကဲ့သို့ သုံးသပ်ထားပါသည် ။ 

ထိုးစစ်ဆင်နေမှုများနှင့် ပတ်သက်ပြီး ဒုသမ္မတထံ SSPP/SSA စာပို့

(ဧရာဝတီ)

အစိုးရ တပ်မတော် က ထိုးစစ်ဆင် တိုက်ခိုက်နေမှုနှင့် ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီ (UPWC) ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသူ ဒုသမ္မတ ဒေါက် တာ စိုင်းမောက်ခမ်း အား ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) ဗဟို ဌာနချုပ်က ယခုလ ၂၁ ရက်နေ့က စာပို့ တောင်းဆိုလိုက်ကြောင်း သိရသည်။

SSPP/SSA ဌာနချုပ်အနီးအထိ ထိုးစစ်ဆင်မှုများကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒု ဗိုလ်ချုပ်ကြီး ရာပြည့် ကိုယ်တိုင် ရှေ့တန်းရုံးထိုင်၍ ဦးစီးကွပ်ကဲသောကြောင့် နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းဟောင်းများဖြင့် ဖြေရှင်းရန် ပြန် လည် ဦးတည်နေသည်ဟု ဒုသမ္မတထံ ပေးပို့သော စာထဲတွင် တွေ့ရသည်။

Friday, October 23, 2015

တိုက်ပွဲဖြစ်နေသည့် ဝမ်ဟိုင်းဌာနချုပ်အနီး ၃ မြို့နယ် ရွေးကောက်ပွဲ ယာယီရပ်ဆိုင်းရန် SNDP တောင်းဆို

(ဧရာဝတီ)

တိုက်ပွဲ ဖြစ်ပွားနေ သည့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) ဝမ်ဟိုင်း ဋ္ဌာနချုပ် အနီးရှိ မြို့နယ် ၃ မြို့နယ် ကို ရွေးကောက် ပွဲ ယာယီ ရပ်ဆိုင်းပေးရန် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP) က ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြ ထားကြောင်း သိရသည်။

ရွေးကောက်ပွဲ ယာယီ ရပ်ဆိုင်ပေးရန် တောင်းဆိုထားသည့် မြို့နယ်သည် လွိုင်လင်ခရိုင် အတွင်းရှိ မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ် နှင့် လားရှိုး ခရိုင် တန့်ယန်းမြို့နယ်တို့ ဖြစ်ကြောင်း၊ စစ်ပွဲများ ပြင်းထန်းနေသဖြင့် ရွာများပျက်စီးပြီး ဒေသခံ ပြည်သူများထွက် ပြေး တိမ်းရှောင်နေရသောကြောင့် တောင်းဆိုရခြင်းဖြစ်ကြောင်းလည်း SNDP မှ ပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့်က ဧရာဝတီသို့ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် တိုက်ပွဲဖြစ်

(ဧရာဝတီ)

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP/ ALA)နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ် (BGB)တို့ အောက်တို ဘာ ၁၇ ရက်က နှစ်နိုင်ငံ နယ်စပ် ပလက်ဝမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း ALP ကပြောသည်။

အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံနယ်စပ် တြိဂံဒေသတွင် ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး အဖွဲ့ (RSO) ၀င်များ လှုပ်ရှားမှု ရှိကြောင်း သတင်း အရ လှည့်ကင်းဆင်းရာမှ BGB တပ်ဖွဲ့များနှင့် ထိပ် တိုက်တွေ့ပြီး မှားယွင်း တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း  ALP အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်အောင်ဇံဖြူက ဧရာဝတီကို ပြောသည်။

မိုင်းရှူးမြို့လယ် ဗုံးပေါက်ကွဲ ဒေသခံ ၄ ဦးဒဏ်ရာရ

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင်ပိုင်း လွယ်လင် ခရိုင် မိုင်းရှူးမြို့ မြို့လယ်ကျောင်းတိုက် အနီး ဗုံးတ လုံးပေါက်ကွဲရာ ကိုရင် ၂ ပါး ၊ အဖွားအိုတဦးနှင့်အသက် ၁၂ အရွယ် မိန်းလေးငယ် တဦး ထိခိုက်ဒဏ်ရာရှိ သည်ဟုသိရသည် ။

အာက်တိုဘာ ၂၁ ရက် ၂၀၁၅ ညနေ ၄ နာရီကျော် အချိန် မိုင်းရှူးမြို့ မြို့လယ်ကျောင်းတိုက် နှင့် သျှမ်းစာပေ ယဉ်ကျေးမှု ရုံးအနီး ဗုံးပေါက်ကွဲရာ ၊ ထိုနေရာအနီးသွားလာသည့် ကိုရင်လေး နှစ်ပါး ၊ အသက် ရ၅ နှစ်ရှိ မယ့်ထောက်လိတ် နှင့် စိုင်းစံညွှန့် ၊ နန်းနွန်း တို့၏ သမီး အသက် ၁၂ နှစ်ရှိ ၆တန်းကျောင်းသူ နန်းခမ်းခင် တို့ ထိခိုက်ဒဏ်ရာ ရရှိသည်ခြင်းဖြစ်သည် ။

ထားဝယ်ခရိုင်၊ ကေအဲန်ယူ တပ်ဖွဲ့ဝင်အချို့ ပိုင်နက်ကျူးလွန်ခြိမ်းခြောက်မှုဖြင့် အမှုဖွင့်ခံရ

(KIC)

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဘိတ်- ထားဝယ်ခရိုင် လက်အောက်ခံ၊ KNLA တပ်ရင်း (၁၂)မှ အရာရှိတစ်ဦး အပါအဝင် ၃ ဦးကို ထားဝယ်မြို့နယ်၊ မေတ္တာမြို့နယ်ခွဲရှိ အမှတ် (၂) သတ္တုတွင်းဝန်ကြီးဌာန လက်အောက်ခံ ဟိန္ဒားသတ္တုတွင်း မန်နေဂျာမှ ပိုင်နက်ကျူးလွန်ကာ အင်အားပြခြိမ်းခြောက်မှုဖြင့် မေတ္တာမြို့နယ်ခွဲ ရဲစခန်းသို့ လာရောက်အမှုဖွင့် တိုင်ကြားထားသည်ဟု KNLA ဘက်က ပြောသည်။

KNLA တပ်ရင်း(၁၂)မှူး ဒုဗိုလ်မှူးကြီးစောဆာပိတုက “ချောင်းရေတွေ တအားနောက်လို့ ဒေသခံတွေတောင်းဆိုမှုကို သွားစုံစမ်း ခိုင်းတာ နာရီဝက်လောက်မှ တာဝန်ခံဆိုတဲ့လူတစ်ဦး ထွက်လာပြီး ပမာမခန့်နဲ့ ခါးထောက်ပြီးတော့ လူကြီးတွေ မအားဘူး။ ဘာမှမသိဘူးပြောပြီး လှည့်ထွက်သွားလို့ ဗိုလ်တာအယ်က ဒေါသဖြစ်ပြီး သေနတ် နှစ်ချက်ဖောက်လိုက်တာဖြစ်တယ်”ဟု ကေအိုင်စီသို့  ပြောသည်။

SSPP/SSA တောင်ကုန်းတခု တပ်မတော်က အပြင်းအထန် ထိုးစစ်ဆင်နေ

(ဧရာဝတီ)

ရှမ်းပြည်နယ်တောင် ပိုင်း မိုင်းရှူးမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) အဖွဲ့၏ အရေးပါသော တောင်ကုန်း တခုကို အစိုးရ တပ်မတော်က ယနေ့တွင် အပြင်း အထန် ထိုးစစ် ဆင် တိုက်ခိုက်နေကြောင်း SSPP/SSA က ပြောဆိုသည်။

မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP/SSA ၏ စစ်ရေးအရ အရေးပါသည့် တောင်ကုန်းတခုဖြစ်သည့် ကုန်းလင်တောင်ကုန်အား ယနေ့နံနက် ၁၁ နာရီ အချိန်မှစတင်ပြီး ညနေ ၃ နာရီအထိ ထိုးစစ်ဆင် တိုက်ခိုက်နေကြာင်း SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ် ဒု ဗိုလ်မှူးကြီး စိုင်းလက ဧရာဝတီကို အတည်ပြု ပြောဆိုသည်။

Wednesday, October 21, 2015

အစိုးရတပ်မတော်မှ နိုင်ထက်စီးနင်းပြု ကျူးကျော် တိုက်ခိုက်နေသည်ဟု SSPP/SSA ပြော

(သျှမ်းသံတော်ဆင့်)

အစိုးရတပ် မတော်မှ သျှမ်းလူထု နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA အပေါ် အင်အား သုံးကာ နိုင်ထက်စီးနင်းပြု ကျူးကျော်တိုက်ခိုက်နေ မှုများအား ဆက် လက်ခုခံ တိုက်ခိုက်သွား မည်ဟု SSPP/SSA က ထုတ်ပြန်ကြေငြာ လိုက်သည် ။


သျှမ်းပြည်တပ်မတော် SSPP/SSA ၏ မိုင်းရှူးမြို့နယ် ဝမ့်လွေတပ်စခန်း ၊ နောင်ခေတ် နားပေတပ်စခန်း ၊ တာ့ဆမ်ပူး နှင့် လွယ်လာဟတပ်စခန်း ၊ နမ့်မော်ခုံနွဲ့တပ်စခန်းများအား မိုင်းနောင်အခြေစိုက် စစ်ဆင် ရေး ကွပ်ကဲမှု ဌာနချုပ် စကခ ၂  နှင့် မိုင်းပန်အခြေစိုက် စကခ ၁၇ လက်အောက်ခံ တပ်ရင်းများက အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ကြောင်း ၊ တိုက်ခိုက်စဉ်အတွင်း လူထုရပ်ရွာများဘက် ၊ ကျေးလက် ဒေသ ခံအလုပ်လုပ်ရာတောင်ယာ ၊ လယ်ကွင်း များဘက် လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက် ခိုက်နေသည် ဟု သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလ က ပြောကြားလိုက်သည် ။

SSPP/SSA အား အစိုးရထိုးစစ်ဆင်မှုကြောင့် စစ်ဘေးရှောင် ဒေသခံ ၃၀၀၀ ကျော် အကူအညီလို

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည် အလယ်ပိုင်း စစ်ဘေးရှောင် စခန်း ၃ နေရာတွင် စစ်ဘေးရှောင် ၃၀၀၀ ကျော် ရှိနေပြီး စခန်းအချို့သည် စစ်မြေပြင် အတွင်း ရှိနေသောကြောင့် စေတနာရှင်များ မှ သွားရောက်ကြည့်ရှုခြင်း မပြုနိုင်သေးကြောင်း အကူ အညီပေးနေသည့် လူငယ်များ အဖွဲ့က ပြောဆိုသည် ။ 

အာက်တိုဘာလ ၆ ရက်နေ့ကစပြီး SSPP/SSA သျှမ်းပြည်တပ်မတော်အား အစိုးရ  ထိုးစစ်ဆင်မှုကြောင့် ၊ မိုင်းရှူးဒေသခံ ကျေးလက်ရွာသား သုံးထောင် ခန့် ၊ တန့်ယန်းမြို့နယ် အတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံ ၃၀၀ ကျော် စစ်ဘေးရှောင်နေရကာ စားဝတ်နေရေးအတွက် အကူအညီ လိုအပ်နေကြောင်း ၊ အချို့ စစ်ဘေးရှောင်ဒေသခံများက မိုင်းရှူး မိုင်းနောင် ကျေးသီး မြို့သို့တက်ကာ နီးစပ်ရာဆွေမျိုးများထံ ခိုလှုံနေရ သည်ဆိုသည် ။

SSPP/SSA ဌာနချုပ်အား အစိုးရတပ်မတော် ဒုတိယ အကြိမ်တိုက်ခိုက်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင် ပိုင်း ကျေးသီးမြို့ နယ် ဝမ့်ဟိုင်း အခြေစိုက် သျှမ်းပြည် တပ် မတော် SSPP/SSA ဌာနချုပ်အား အစိုးရ တပ်မတော်မှ ယမန်နေ့က ဒုတိယ အကြိမ် လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် သည်ဟုသိရ သည် ။

သျှမ်းပြည် တိုးတက်ရေး ပါတီ သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ် အား ပြီးခဲ့သည့် အပတ်က တကြိမ် ၊ ယနေ့ အောက်တိုဘာ ၁၉ ရက် ၂၀၁၅ ခု နံနက် တနာရီ ထိုးခါနီး အချိန်တွင် လွယ်ကျူမောက်ခေါဝ် မှ လက်နက်ကြီးဖြင့် တိုက် ခိုက်သည်ဟု ဆိုသည် ။

Monday, October 12, 2015

SSPP/SSA ဌာနချုပ်အနီးရှိ တပ်စခန်းသို့ အစိုးရတပ် လက်နက်ကြီးပစ်ခတ်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်၏ ဌာနချုပ်ဝမ့်ဟိုင်း အဝင်လမ်းခွဲ ၂ မိုင်ခန့်အကွာ ကောင်းမူးလွယ်သို့ လွယ်ကျူမောက်ခေါဝ် တပ်စခန်းမှ အစိုးရတပ်များ လက်နက်ကြီးဖြင့် ယနေ့နေ့ခင်းပိုင်းက ပစ်ခတ်  တိုက်ခိုက်နေကြောင်း သိရသည် ။ 


“ လွယ်ကျူမောက်ခေါဝ် စခန်းကနေ ကောင်းမူးလွယ်စခန်း ဘက်ကိုပစ်နေ တာလေ ။ ဝမ့်ဟိုင်းထဲကနေ လက် နက်ကြီးသံ တွေကြားနေရတယ် ။ ကျနော်တို့ဘက်က ပြန်ပစ်တာတော့မရှိသေးဘူး ။ မွန်းလွဲ ၂ နာရီ လောက် ကစပစ်တာ အခု ၃ နာရီကျော်နေပြီ ။  ကျနော်တို့တပ်စခန်းဘက်ကို တမင်သက်သက် ပစ်ခတ် တာဘဲ ” ဟု ဝမ့်ဟိုင်းနေ ဒေသခံလူငယ် စိုင်းလျဲန်းက ပြောသည် ။

Friday, October 2, 2015

အန်စီအေ လက်မှတ်ထိုးမည့်အပေါ် ကရင်အရပ်ဘက်အဖွဲ့အစည်းများ တုံ့ပြန်

(DVB)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၃ ရက်ကြာ ကျင်းပပြီးစီးသွားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထိပ်သီးအစည်းအဝေးမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) ကို တက်ရောက်သူအများစုက လက်ရှိအချိန်မှာ လက်မှတ်မထိုးနိုင်သေးဘူးလို့ ဆုံးဖြတ်လိုက်ပြီး အဖွဲ့ ၇ ဖွဲ့ကတော့ ပါဝင်လက်မှတ်ထိုးဖို့ ဆုံးဖြတ်ထားပါတယ်။

ဒီလက်မှတ်ထိုးမယ့် ၇ ဖွဲ့ထဲမှာ ၃ ဖွဲ့ဟာ KNU၊ DKBA နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ ကရင်လက်နက်ကိုင်အဖွဲ့တွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီး ကရင် လူထုအခြေပြု အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားကို စုစည်းထားပါတယ်။