Monday, December 16, 2013

လျှပ်စစ်တာဝါတိုင် လုံခြုံရေးရဲတပ်ဖွဲ့ တိုက်ခိုက်ခံရ ၁ ဦးသေ ၄ ဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည်မြောက် ပိုင်း မန့်တုံမြို့နယ်အတွင်းရှိ လျှပ်စစ် တာဝါတိုင် အတွက် လုံခြုံရေးယူနေသော ရဲကင်းတစ်ခုကို ယမန်နေ့ အစောပိုင်းက လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့က ၀င်ရောက်တိုက်ခိုက်ရာ တာဝန်ကျ ပြည်သူ့ ရဲတပ်ဖွဲ့ဝင် တဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိသည်ဟု ဒေသခံများကပြောသည်။

၂၀၁၃ ဒီဇင်ဘာ ၁၃ ရက် နံနက် ၅ နာရီ တွင် တိုင်းရင်းသားတပ်ပေါင်းစုဟု ယူဆရသည့် လက်နက် ကိုင်အဖွဲ့က မန့်တုံမြို့နယ် မန့်ပတ်ကျေးရွာရှိ လျှပ်စစ်တာဝါတိုင်အတွက် လုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်များအား ၀င်ရောက်တိုက်ခိုက်ရာမှာ ပွဲချင်းပြီး တဦးသေဆုံးကြောင်း၊ ရဲအရာရှိတဦး တပ်သားတဦး နှင့် ရဲမိသားစုဝင် ၂ ဦးလည်း ဒဏ်ရာ ရရှိကြောင်း၊ ၄င်းတို့အား နမ္မတူမြို့ ဆေးရုံသို့ ပို့ဆောင် ကုသနေကြောင်း ဒေသခံ တစ်ဦးကပြောသည်။

Friday, December 13, 2013

နမ့်ခမ်း ဒေသခံ တဦးအား မြန်မာ စစ်ယာဉ်တန်းမှ စစ်ကားတိုက်မိ - သေဆုံး

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း မြို့နယ် မန့်ဝိန်းကြီးဘက်သို့ အင်အားဖြည့် တင်းသည့် မြန်မာစစ်တပ် စစ်ယာဉ်တန်း နမ့်ခမ်းမြို့နယ် ဒေသခံတဦးအား တိုက်မိသေဆုံးကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ဆိုပါသည်။

“မနေ့က ညနေပိုင်းမှာ နမ့်ခမ်းဘက်ကနေ လွယ်ဟိုဆေဘက် တက်သွားတဲ့ မြန်မာစစ်ယာဉ်တန်း လွယ်ဟိုဆေကနေ နမ့်ခမ်းဘက်ကိုလာတဲ့ နိုင်းယွက်ခမ်းထွမ်းလှ ကို တိုက်မိတာ။ ညနေ ၅ နာရီလောက်မှာ တိုက်မိတယ်။ ဆေးရုံကို ပို့ရင်း ၇ နာရီလောက်မှာ ဆုံးသွားတယ်” ဟု နမ့်ခမ်းဒေသခံ စိုင်းခမ်းက ပြောသည်။

သျှမ်းအရှေ့ SNLD ရုံးခွဲဖွင့်ပွဲ ပါတီ ဥက္ကဌကိုယ်တိုင် တက်ရောက် အမှာစကားပြော

(သျှမ်းသံတော်ဆင့်)
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ရုံးခွဲများကို ပါတီ ဥက္ကဌကိုယ်တိုင် ဖွင့်လှစ်ရာ ကျားခေါင်းပါတီ သည် ကိုယ်ကျိုး ကို ရှေ့တန်း မတင်ကြောင်း ပြောကြားခဲ့ပါသည်။

တာချီလိတ်မြို့နယ် ကောင်းမွန်းရွာတွင် ယမန်နေ့ ဒီဇင်ဘာလ ၉ ရက် မနက်ပိုင်းက ပါတီရုံးခွဲဖွင့်လှစ်ရာ ဥက္ကဌ ခွန်ထွန်းဦး က စစ်မှန်သောပြည်ထောင်စုအကြောင်း၊ တန်းတူညီမျှ အကြောင်းတို့ကို အကျယ်တဝင့် ပြောကြားခဲ့သည်ဟုဖွင့်ပွဲတက် ရောက်သူ ဒေသခံတဦးက ပြောပါသည်။

သျှမ်းသံတော်ဆင့် ဂျာနယ် အမှတ် ၁ ဂျာနယ် ထုတ်ဝေဖြန့်ချီ

သျှမ်းသံတော်ဆင့်

ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ကို အဓိက ထား ရေးသားဖော်ပြသည့် သျှမ်း သံတော်ဆင့် (ပန်လုံ) ဂျာနယ် အတွဲ ၁ အမှတ် ၁ ကို ယခုလ ၉ ရက်နေ့ က စတင် ထုတ်ဝေလိုက်ပါသည်။
“ကျနော်တို့ ၉ ရက်နေ့က ထုတ်ဝေတယ်။ ပထမအကြိမ်ပေါ့ အတွဲ ၁ အမှတ် ၁ ။ အစောင်ရေ ၃၀၀၀ ။ တောင်ကြီး မြို့ အောင်ပန်းဖြူ ပုံနှိပ်တိုက်က ကျနော်တို့ကို ပုံနှိပ်ပေးပါတယ်။ သျှမ်းပြည် အမြို့မြို့အနယ်နယ်ကို ဖြန့်ချီသွားမယ်လို့ စီစဉ် ထားပါတယ်။ ဒါ့အပြင် သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်နဲ့ သျှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်း ထိုင်းနယ်စပ်အထိ ဖြန့်ချီ ဖို့ စီစဉ်ထားပါတယ်” ဟု ထုတ်ဝေမှုတာဝန်ခံ စိုင်းမင်းအောင်က ပြောပါသည်။


Tuesday, December 10, 2013

KNPP ၏ သုံးလပါတ် ပြန်လည် သုံးသပ်သည့် အစည်းအဝေးသည် ထူးမခြားနားသော အခြေအနေဖြင့် ပြီးဆုံး

(ရွှေဟင်္သာသတင်းဌာန)

ယမာန်နေ့ ဒီဇင်ဘာ ()ရက်နေ့တွင် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၏ ()ရက်တာ ကျင်းပသော () လပါတ်လုပ် ငန်းသုံးချက် အစည်း အဝေးပြီးဆုံးသွား ခဲ့ကြောင်း ဒုတိယဥက္ကဌ ဖြစ်သူ ခူဦးရယ်မှ ဆိုပါသည်။
အထူးသဖြင့် အစိုးရနဲ့ပါတ် သက်တဲ့ကိစ္စတွေ၊ ပြီးတော့ လူထုအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ် တဲ့ကိစ္စတွေကို အကောင်အထည် ဖေါ်ထားတာ ရှိပါတယ်။ အဲဒါတွေ ကိုပြန်လည် သုံးသပ်တဲ့ အစည်းအဝေးပါဟုဆိုပါသည်။

မူးရစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းများ၏ အခြေအနေများ၊ အခက်အခဲ များကို ဆွေးနွေးပြီး ရှေ့လုပ်ငန်း စဉ်များကို ဆုံးဖြတ်ကြပါ သည်။ အထူး သဖြင့် ပြည်နယ်အစိုးရ ထိမ်းချုပ်သော အရပ်ဒေသများတွင် ပင်မူးရစ်ဆေး ၀ါးပြသနာထူပြော သောကြောင့် အစိုးရနှင့်မည်သို့ ပူးပေါင်း ဆောင်ရွက်နိုင်သည့် နည်းလမ်းများ၊ အရပ်ဖက် လူ့အဖွဲ့ အစည်းများ အပါဝင် လူထု ပါဝင်နိုင်သော အခန်းကဏ္ဍများ ကို သုံးသပ် ဆုံးဖြတ် ကြခြင်း ဖြစ်ပါသည်။ 

Monday, December 9, 2013

RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်နှင့် တွေ့ဆုံခြင်း

(Mizzima)

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလမ်းစဉ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ သည် အဓိက ပါဝင်ပတ် သက်မှုရှိနေ သည်။ လက်ရှိတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ငြိမ်းချမ်းရေး လမ်းစဉ် ၏ အခြေခံ အကျဆုံးနှင့် အရေးကြီးဆုံးသော အချက် တစ်ချက်ဖြစ်သည့် တစ်နိုင်ငံ လုံး အပစ်အ ခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးမှုကို ယခုနှစ် အတွင်း ပြုလုပ်နိုင်ရန် စီစဉ် လျက်ရှိပြီး နှစ်ဖက် ငြိမ်းချမ်းရေး သဘောတူညီမှု မူကြမ်းများလည်း ထုတ်ပြန်ထားပြီး ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဓိကပါဝင်မှုရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ / ရှမ်းပြည်တပ်မတော် (RCSS/SSA) ၏ လက်ရှိ လုပ်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ရှေ့ဆက်လုပ်ဆောင်မည့် ကိစ္စရပ်များကို သိရှိရန် မဇ္ဈိမက RCSS/SSA ဌာနချုပ်ရှိရာ လွယ်တိုင်းလျန်းဒေသကို သွားရောက်ကာ ဥက္ကဋ္ဌဖြစ်သူ ဒု-ဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့် သီးသန့် တွေ့ဆုံ မေးမြန်းထားသည်။

အစိုးရ အပစ်အခတ် ရပ်စဲရေး စာချုပ်အပေါ် KNU ၏ သဘောထား ဆက်သွယ် မြေးမြန်းချက်

(ရွှေဟင်္သာသတင်းဌာန)

ကရင်အမျိုး သားအစည်း အရုံး (KNU) ဒုတိယအကြိမ် ဗဟိုအမြဲ တမ်းကော် မီတီ၏ ပုံမှန် အစည်း အဝေးသည် ဒီဇင်ဘာ ()ရက်နေ့ စတင်ပြီး ()ရက် နေ့တွင် ထိုင်းမြန်မာ နယ်စပ် ၄င်းတို့၏ လေးဝါး ခေါ်လောခီးလာ စခန်း တွင်ပြီး ဆုံးခဲ့ကြောင်း အတွင်းရေးမှူး () ဖြစ်သူ ပဒိုမန်းမန်း ကဆို ပါသည်။

ယင်းအစည်း အဝေးသို့ ကိုယ်စားလှယ် (၄၅)ဦးခန့် တက်ရောက်ပြီး (၁၅) ကြိမ်မြောက် ညီလာခံ၏ လုပ်ငန်းစဉ်များ ကိုပြန်လည် သုံးသပ်ခဲ့ပါ သည်။ ထိုအပြင် နိုဝင်ဘာ ()ရက်နေ့၌  ကချင်ပြည်နယ် မြစ်ကြီးနား မြို့တွင် ကျင်းပသော အစိုး ရနှင့် တိုင်းရင်း သား လက်နက် ကိုင်များ အစည်းအဝေးမှ အစိုးရဖက် တင်ပြထားသော တနိုင်ငံလုံး အပစ် အခတ်ရပ် စဲ ရေး စာချုပ် မူကြမ်းကိုလည်း ဆွေးနွေးခဲ့ပါသည်။

KNU ၏ ဒုတိယအကြိမ် ဗဟိုအမြဲတမ်း ကော်မီတီ အစည်းအဝေး ၏ ဆုံးဖြတ်ချက်များ

(ရွှေဟင်္သာသတင်းဌာန)

ဒီဇင်ဘာ () ရက်နေ့ မှ ()ရက်နေ့ အထိကျင်း ပသော ကရင် အမျိုးသား အစည်း အရုံး (KNU) ဒုတိယ အကြိမ် ဗဟိုအမြဲ တမ်းကော်မီတီ အစည်းဝေး ကို ကရင်ပြည်နယ် လှိုင်းပွဲမြို့နယ် မှထိုင်းမြန် မာနယ်စပ်ရှိ လေးဝါး (လောခီးလာ) ခန်းတွင် ပြီးဆုံးသွား ခဲ့သည်ဟု အတွင်း ရေးမှူး () ဖြစ်သူ ပဒိုမန်းမန်း ကဆိုပါသည်။

ဒီအစည်း အဝေးကတော့ (၁၅) ကြိမ်မြောက် ညီလာခံပြီး တဲ့နောက် ဒုတိယ အကြိမ် စည်းဝေး တာဖြစ်ပါတယ်။ ကိုယ်စား လှယ်အား လုံးပေါင်း (၄၅) ဦး လောက်တက် ပါတယ်။ အထူးသဖြင့် ပုံမှန်အစည်း အဝေး ဆိုတော့ အဖွဲရဲ့ကိစ္စ အပြင် လတ်တလောုံးဖြတ်ရမည့် ကိစ္စတွေ ကိုဆွေးနွေး ခဲ့ကြတာပါ။ အစည်း အဝေးနဲ့ ပါတ်သက် တဲ့ကြေညာ ချက်ပါထုတ် ခဲ့ပြီးပြီးေ လ။ဟုဆိုပါသည်။

တအောင်းဒေသတွင်း တိုက်ပွဲများကြောင့် ဒုက္ခသည်စခန်း ကိုးခု အထိရှိလာ

(Mizzima)

ရန်ကုန်၊ မဇ္ဈိမ။     ။တအောင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် အစိုးရ တပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင်ဒေသခံ ၅၀၀၀ကျော် ရှိနေပြီး ဒုက္ခသည် စခန်းအရေအတွက်မှာလည်း ကိုးခု အထိရှိလာပြီဟု တအောင်း အမျိုးသမီးများအဖွဲ့အစည်းမှ အထွေထွေ အတွင်းရေးမှူး မဒီဒီပိုးကျိန်က ဒီဇင်ဘာ ၈ရက်တွင် မဇ္စျိမကို ပြောသည်။

“အရင်က ဒီလို ကယ်ဆယ်ရေးစခန်းတွေဆိုတာ မရှိပါဘူး၊ အခု ဒီနှစ်ထဲမှာ ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ဒီလိုတွေရှိလာတာ ၊ တိုက်ပွဲဖြစ်တဲ့ နေရာတွေက လူတွေ မရှိဘူး၊ မရှိဘူးသာ ပြောနေတာ တကယ် တော့ တိုက်ပွဲနေရာတွေက လူတွေနေတဲ့ နေရာတွေ အများကြီး ရှိတယ်”ဟု ၄င်းက ဆိုသည်။

Friday, December 6, 2013

ရခိုင်ခေါင်းဆောင်များ ဆွေးနွေးပွဲ ချင်းမိုင်မှာ စတင်

(RFA)

ရခိုင်အမျိုးသားခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့မနက် ၉  နာရီမှာ ကျင်းပနေပြီး ပြည်တွင်းပြည်ပ က ရခိုင်အမျိုးသားတွေ အားလုံးပါဝင်တဲ့ ရခိုင်အမျိုးသား ညီလာခံကျင်းပနိုင်ရေးနဲ့ နိုင်ငံရေးစားပွဲပေါ်မှာ အတူတကွ ပူးပေါင်းဆွေးနွေးနိုင်ဖို့ ကိစ္စတွေကို ဆွေးနွေးနေကြတယ် လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲကျင်းပရတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP အဖွဲ့က ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင်လည်းဖြစ် အစည်းအဝေးကို ဦးဆောင်စီစဉ်သူလည်းဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းက RFA ကို အခုလို ပြောပါတယ်။

Wednesday, December 4, 2013

ဘိန်းအစားထိုး စိုက်ပျိုးရေး လုပ်ငန်းကို RCSS စဉ်ဆက်မပြတ် ကြိုးပမ်းနေ

(ရွှေဟင်္သာသတင်းဌာန)

ဘိန်းအစားထိုး စိုက်ပျိုးရေး စီမံကိန်း အတွက် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) သည် ထိုင်းနိုင်ငံ ဇင်း မယ်မြို့ ရှိခေတ်မှီ စိုက်ပျိုး ရေးနည်း များကို သင်ကြားရန် မြို့နယ်အလိုက် တက်ရောက်လို သူများအား ဖိတ်ခေါ်နေကြောင်း မိုးနဲမြို့နယ် သင်တန်းသား တဦးဖြစ်သူ အိုက်ငင်း က ဆိုပါသည်။

သင်တန်း တက်သူတွေရဲ့ စရိတ်တွေကို (RCSS) က ကျခံပေးတယ်။ သင်တန်းပြီးရင်တော့ ကုလ သမဂ္ဂ မူးယစ် တိုက် ဖျက်ရေးအဖွဲ့ (UNODC) ကလာရောက် ဖွင့်လှစ်မဲ့ မူးယစ်ဆေးဝါး ပပျောက်ရေးနဲ့ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး လုပ်ငန်းတွေမှာ ၀န်ထမ်းအဖြစ် ဦးစားပေးခန့်အပ် သွားမယ်လို့ ၎င်းတို့အား ပြောထား ကြောင်း ဆိုပါသည်။

၁၀ရာနှုန်းသာ အကျိုးခံစားခွင့် ရှိသည့် အစိုးရ၏ ကားပါမစ် ထောက်ပံ့ရေးအစီစဉ်

(ရွှေဟင်္သာသတင်းဌာန)

အပစ်အခတ် ရပ်စဲရေး အဖွဲ့အစည်းများ အတွက် အစိုးရမှ ထောက်ပံ့သော ကားပါမစ် အစီစဉ်သည် တရားဝင် အခွန်လွတ်သော စနစ် ဖြစ်စေလိုကြောင်း အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် ကရင့်ငြိမ်းချမ်းရေး ကောင်စီ(KNLA/PC) မှ ဗိုလ်မှူးချုပ် ဒေါက်တာ တိမိုတေ (Ti Mo Thy) မှ ဆိုပါသည်။

အစိုးရက အဖွဲ့အစည်းတွေကို ကားပါမစ် ပေးပြီး ထောက်ပံ့တယ် ဆိုတာက ကောင်းပါတယ်။ ကျေးဇူးလည်း တင်ပါ တယ်။ ဒါပေမဲ့ အစိုးရက အခွန် (၆၀)ရာနှုန်း၊ ငွေစိုက်သူ ကုန်သည်က (၃၀)ရာနှုန်းနဲ့ အမည်ခံတဲ့ အဖွဲ့အစည်းက (၁၀)ရာနှုန်း မျိုးပေးနေမှတော့ သိပ်ထူးမယ် မဟုတ်ဘူးလို့ ပြောချင် ပါတယ်။ ဖြစ်သင့်တာက အခွန်လွတ် ပေးရင်သင့် တော်မယ်လို့ အဆိုပြုချင် တာပါ။ဟုဆိုပါ သည်။