Friday, November 29, 2013

အစိုးရတပ် အရာရှိ စစ်သည်အများအပြား တပ်မှ ထွက်ပြေး

( သျှမ်းသံတော်ဆင့်)

သျှမ်းပြည်အတွင်းရောက်ရှိလှုပ်ရှားနေသည့် တပ်များမှ အရာရှိ စစ်သည်အများအပြား တပ်မှ ထွက်ပြေးနေသည်ဟု ဒေသခံများ ပြောပြချက်အရသိရပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA မှ ရရှိထားသည့် သတင်းအရ အစိုးရတပ်မတော် ဗိုလ်ကြီးအဆင့် ၄ ဦး တပ်သားအဆင့် ၃ ဦး - စုစုပေါင်း ၇ ဦးထက်မနည်း တပ်မှ ထွက်ပြေးနေသည်ဟု ဆိုသည်။

Thursday, November 28, 2013

RCSS နှင့် အစိုးရတပ် ရင်ဆိုင်တိုက်ပွဲများပြန်ဖြစ်



သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ ၊ သျှမ်းပြည်တပ်မတော် RCSS/ SSA နှင့် အစိုးရ တို့ ယခုရက်ပိုင်း အတွင်း
ရင်ဆိုင် တိုက်ပွဲ များ ဖြစ်ပွားနေ သည်ဟု ဒေသ အတွင်း သတင်းရပ်ကွက် ကပြောပါသည်။


၂၀၁၃ နိုဝင်ဘာ ၂၅-၂၆ အတွင်း အစိုးရနှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည် တပ်မတော် RCSS/SSA တို့ သျှမ်းပြည်အလယ်ပိုင်း လွိုင်လင်ခရိုင် နမ့်ပွန်ချောင်းဦးဘက်တွင် တိုက်ပွဲ ဖြစ်ပွား ခဲ့ခြင်းဖြစ်ပါသည်။

Monday, November 25, 2013

ထိုင်းရောက် သျှမ်းရွှေ့ပြောင်းအလုပ်သမားတန်းလျားသို့ ကျားဖြူဉက္ကဌသွားရောက်လေ့လာ



ထိုင်း နိုင်ငံမြောက် ပိုင်း ချင်းမိုင်မြို့ မယ့်ဟဲ့ရပ်ကွက်ရှိ သျှမ်းရွှေ့ပြောင်းအလုပ်သမား သုံးရာခန့် စုပေါင်းနေထိုင်သည့် တန်းလျားသို့ ကျားဖြူဥက္ကဌ စိုင်းအိုက်ပေါင်း နှင့် အဖွဲ့က ယနေ့ညနေပိုင်း၌ ရောက်ရှိလေ့လာခဲ့သည်။

ချင်းမိုင်မြို့ မယ့်ဟဲ့ရပ်ကွက် ပါပေါက်ကျေးရွာ (ချင်းမိုင်လေယာဉ်ကွင်းအနောက်ဘက်ကဲမ့်)ရှိ သျှမ်းရွှေ့ပြောင်းအလုပ် သမားတန်းလျား သို့ ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း၊ သျှမ်းပြည်အရှေ့ပိုင်း ကျားဖြူပါတီခေါင်း ဆောင်အမည်ရ ဆရာမ ဒေါ်နန်းငွေမြ၊ မိုင်းပန်မြို့ လွှတ်တော်ကိုယ်စားလှယ် စိုင်းမိုးကြည် နှင့် စိုင်းခေးဇင့်တို့   ၁၈ ယောက်ပါ အဖွဲ့က သွားရောက်လေ့လာကာ အလုပ်သမားများနှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

Friday, November 22, 2013

အစိုးရ၏ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်း အပေါ် KNPP သုံးသပ်

(ရွှေဟင်္သာသတင်းဌာန)



အစိုးရ၏ တနိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်း အပေါ် အချက် အလက် အများစု သည် လက်ခံ နိုင်ဖွယ်ရာ မရှိဟု ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ၏ နိုဝင်ဘာ (၂၀) ရက်နေ့က ပီးဆုံး သွားသော () ရက်တာ ကျင်း ပသည့် ဗဟို ကော်မီတီ အစည်း အဝေးမှ သုံးသပ် ခဲ့သည်ဟု ဒုတိယ ဥက္ကဌ ခူဦးရယ်က ဆိုပါသည်။

ဘာတွေလဲ ဆိုတော့ အကျဉ်းချုပ် ပြောရရင် လက်နက်ကိုင် လမ်းစဉ် စွန့်လွတ် ရမယ့် ကိစ္စ၊ ဒို့တာဝန် အရေး သုံးပါး ကိစ္စ၊ ပြင်ဆင်ရေး ဥပဒေ ကိစ္စ၊ အခြေခံ ဥပဒေ ကိစ္စ၊ စောင့်စည်း လိုက်နာ ရမယ့် ကိစ္စ၊ မြန်မာ ရဲတပ်ဖွဲ့ တွက အပစ်ရပ် နယ်မြေ တွမှာတရား ဥပဒေ စိုးမိုးရေး ဆောင်ရွက်မယ့် ကိစ္စ၊ ပြည်သူ့ လတ်တော်မှာ တင်မယ့် ကိစ္စ၊ တပ်ဖွဲ့ဝင် တချို့ ကိစ္စ တွေပေါ့ အဲဒါ တွေမှာ လက်ခံရ ခက်ခဲ နေပါတယ်ဟု၎င်းမှ ဆိုပါသည်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ကရင်လူထုဆန္ဒတောင်းခံမည်

(Mizzima)

ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင် ရန် ကရင်လူထု ဆန္ဒတောင်းခံခြင်းများကို ဒီဇင်ဘာလတွင် ပြုလုပ်သွားမည်ဟု ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ အဖွဲ့ဝင်၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက မဇိ္ဈမကို ပြောသည်။ နိုဝင်ဘာ ၂၁ ရက်က ပြုလုပ်သော ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ အစည်းအဝေးအပြီးတွင် ပြောကြားခြင်းဖြစ်သည်။

ပြည်တွင်း နိုင်ငံရေးပါတီများနှင့် RCSS/SSA တို့ ချင်းမိုင်တွင် သီးသန့် တွေ့ဆုံမည်

(Mizzima)

ပြည်တွင်း နိုင်ငံရေးပါတီများနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တို့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ နိုဝင်ဘာ၂၂ရက်တွင် သီးသန့်တွေ့ဆုံမည်ဟု RCSS/SSA ၏ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောင်းဆိုင်က မဇ္ဈိမကို ပြောသည်။

ဆွေးနွေးမည့်အကြောင်းအရာကို အသေးစိတ် ချမှတ်ထားခြင်းမရှိသော်လည်း တစ်ပြည်လုံးအပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး မူဘောင်ရေးဆွဲနိုင်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး စ သည့်အချက်များကို ဆွေးနွေးရန်ရှိသည်ဟု ပြောသည်။

Tuesday, November 19, 2013

သျှမ်းပါတီနှစ်ခုလည်း MPC နှင့်အတူ ချင်းမိုင်သွားမည်



တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ ချင်းမိုင်အခြေစိုက် လူမှု အသင်းအဖွဲ့ များနှင့် တွေ့ဆုံရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် အဖွဲ့နှင့်အတူ သျှမ်းပါတီနှစ် ခုလည်း လိုက်ပါမည်ဟု ဆိုသည်။

၂၀၁၃ နိုဝင်ဘာ ၂၁ မှ ၂၄ ရက်နေ့အထိ  ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ၌ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့်တွေ့ဆုံပွဲရန် ဦးအောင်မင်း ဦးဆောင်သည့် မြန်မာ့ငြိမ်းချမ်းရေးစင်တာ MPC ၏ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၁၅ ခုမှ ကိုယ်စားလှယ်များ ချင်းမိုင်သို့ ခရီးထွက်မည်ဖြစ်ကြောင်း ကြားသိရပါသည်။

အပစ်အခတ်ရပ်စဲရေးမူကြမ်း သဘောထားတင်းမာဟုဆိုကာအချက်အနည်းငယ်သာ မွန်ပြည်သစ်လက်ခံ

(Mizzima)

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးသို့ အစိုးရက ပေးပို့ထားသည့် ““တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူညီ ချက်စာချုပ်(မူကြမ်း)သည် သဘောထား တင်းမာလွန်း သည်ဆိုကာ ရာနှုန်းအ နည်းငယ်သာ လက်ခံနိုင်မည်ဟု မွန်ပြည် သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ဟံသာ ဗိုန်ခိုင်က ပြောဆိုလိုက်သည်။

မူကြမ်းတွင်ပါရှိသည် အချက်များ သည် တိုင်းရင်းသားလက်နက်ကိုင်တို့အတွက် လက်နက်စွန့်ရေးကို ရည် ညွှန်းနေပြီး “အရမ်းကို သဘောထား တင်းမာလွန်းပါတယ်။ အရင်ကလည်း လက်နက်စွန့်ရေးကြောင့် ပဋိ ပက္ခ (စစ်ပွဲ) တွေဖြစ်ခဲ့ကြတယ်။ အခုလည်း ဒီဘက်ပြန်လှည့်လာပြီဆိုတော့ ဒါက ကျွန်တော်တို့ တိုင်းရင်း သားတွေဘက်က လက်ခံနိုင်ဖို့ အလွန်ခဲယဉ်းပါတယ်” ဟု နိုင်ဟံသာ ဗိုန်ခိုင်က မဇ္ဈိမကိုပြောသည်။

Monday, November 18, 2013

တိုင်းရင်းသားပူးပေါင်းပါတီများ ပါတီတွင်း ပဋိပက္ခမဖြစ်ရန် အရေးကြီး

(Mizzima)

ပြည်တွင်းရှိ တိုင်းရင်းသားပါတီများ ပူးပေါင်းလာသည်မှာ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် တိုးတက်မှု အခြေအနေတစ်ခုဟု သတ်မှတ်နိုင်ပြီး အဓိကအားဖြင့် ပါတီကြီးတစ်ခု ဖြစ်သွားလျှင် ပါတီတွင်းပဋိပက္ခများမဖြစ်ရန် အရေးကြီးသည်ဟု SNLD မှ ဦးစိုင်းညွှန့်လွင်က သတိပေး ပြောဆိုလိုက်သည်။

ပါတီများအနေဖြင့် တစ်ပါတီတည်းဖြစ်လျှင် အင်အားပိုမိုကြီးမားလာမည်ဟု မြင်ကြသော်လည်း အဓိကအချက်ကျသည်မှာ မူဝါဒမကောင်းဘဲ ပေါင်းစည်းလိုက်လျှင် လက်ရှိပါတီ နှစ်ပါတီမှ သုံးပါတီသို့ ထပ်မံ ကွဲပြားသွားနိုင်သည်ဟု တိုင်းရင်းသားပါတီဝင်အချို့က ထောက်ပြကြသည်။ ပါတီများမှာ မပေါင်းခင်တွင် အင်အားကောင်းကြသော်လည်း ပေါင်းစည်းပြီးမှ သဘောထားတိုက်ဆိုင်မှုများပြိုကွဲကာ တစ်စစီဖြစ်သွား နိုင်သည်ဟု ဆိုသည်။

Sunday, November 17, 2013

သျှမ်းသူပုန်အဆက်ဟုဆိုကာ ကျေးလက်ရွာသားတဦးဖမ်းဆီးခံရ



အစိုးရတပ်များက တိုင်းရင်းသားတပ်ပေါင်းစု နှင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားသည့်နောက်ပိုင်း သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မိုင်းယုမြို့နယ်ခွဲ ကျေးလက်ရွာသားတဦးအား သျှမ်းသူပုန် အဆက်ဟု ဆိုကာ ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

အစိုးရတပ် ခလယ ၄၅၊ ၁၂၃ ၊ ၁၄၅ ပူးပေါင်းတပ်များက ကွတ်ခိုင်မြို့နယ် မိုင်ယုမြို့နယ်ခွဲ မန့်ဟိုခိုရွာ နေထိုင်သူ စိုင်းနော် အသက် ၃၃ နှစ်အား သျှမ်းသူပုန်များ၏ အမာခံလူဟုဆိုကာ နိုဝင်ဘာ ၁၂ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများကပြောသည်။

ပွိုင့်ဦးမထွက်လိုသည့်အစိုးရတပ်သား မိမိကိုယ်မိမိပစ်သတ်



သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ဘက် လှုပ်ရှားသည့် အစိုးရစစ်ကြောင်းတကြောင်းမှ တပ်သား တဦးက ပွိုင့်ဦးမထွက်လိုသောကြောင့် မိမိကိုယ်မိမိ အဆုံးစီရင်လိုက်ကြောင်း ဒေသ အတွင်း သတင်း ရပ်ကွက်ကပြောသည်။

၂၀၁၃ နိုဝင်ဘာ ၁၁ ရက် ည ၇ နာရီ နှင့် ၈ နာရီကြား နမ္မတူမြို့ဘက်မှ မိုင်းယင်ကျေးရွာ အုပ်စုဘက် ခရီးနှင်သည့်အစိုးရတပ် စစ်ကြောင်းတကြောင်းက မန့်ကောင်းဟုန်းရွာအရောက် မိမိကိုယ်မိမိ ပစ်သတ်လိုက်ကြောင်း၊ ခမယ ၅၀၃ သို့ မဟုတ် ၅၀၄ တပ်ရင်းမှ တပ်သားဖြစ် နိုင်ကြောင်း ကြားသိရပါသည်။

Friday, November 15, 2013

မွန်ပြည်သစ်ပါတီမှ အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေး ကျင်းပ

(ရွှေဟင်္သာသတင်းဌာန)



မွန်ပြည်သစ် ပါတီသည် အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ အပေါ် သဘောထားနှင့် လျှော့နေသည့် တာဝန်ပိုင်းကို ဖြည့်တင်းရန် အရေးပေါ် ဗဟို ကော်မီတီ အစည်း အဝေး တစ်ရပ်ကို  မွန်ပြည်နယ်၊ ရေးချောင်း ဖျားရှိ ဌာနချုပ် စခန်းတွင် နိုဝင်ဘာလ (၁၃) ရက်နေ့၌ စတင် ကျင်းပ ခဲ့သည်ဟု ဒုတိယ ဗိုလ်မှူးကြီး ဇာတာမာန်မှ ဆိုပါသည်။

ပေါ်လစီ အပြောင်း အလဲတော့ သိပ်မရှိ ပါဘူး။ လောလော ဆယ်တော့ တာဝန်ပိုင်း တွေကို အရင် ဆွေးနွေး ကြပါတယ်။ ကွယ်လွန် သွားတဲ့ ပါတီ ဒုဥက္ကဌ နိုင်ရော့စလို နေရာ မျိုးပေါ့လေ။ ပြီးတော့ စစ်ဖက် အရပ်ဖက်တွေ အားလုံးပေါ့။ လစ်လပ်တဲ့ နေရာ တွေကို အဆင့်ဆင့် ပြန်လည် ဖြည့်တဲ့ သဘော ပါဘဲ။ အပစ် ရပ်ရေး လက်မှတ် ထိုးပွဲ ကိစ္စ ကတော့ လောလောဆယ် မဆွေးနွေး ရသေး ပါဘူးဟု ဆိုပါသည်။

လိုင်ဇာညီလာခံကဲ့သို့ KNU ဌာနချုပ်၌ တိုင်းရင်းသားညီလာခံ ထပ်မံကျင်းပမည်

သျှမ်းသံတော်ဆင့်သတင်း 
 
ကရင်ပြည် ဘားအံမြို့၌ ပြုလုပ်မည့် “တပြည်လုံး အပစ်အခတ် ရပ်စဲရေး” ဆွေးနွေးပွဲအတွက် လိုင်ဇာကဲ့သို့သော တိုင်းရင်းသား နှီးနှောဖလှယ်ပွဲ ညီလာခံကြီးအား KNU ဌာနချုပ်၌ ထပ်မံ ကျင်းပမည်ဟု သိရှိရပါသည်။

တိုင်းရင်းသား နှီးနှောဖလှယ်ပွဲ ညီလာခံကို ကရင် အမျိုးသား အစည်းအရုံး KNU ဌာနချုပ် တည်ရှိ ရာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် သေ့ပေထ၌ ကျင်းပမည်ဖြစ်ကြောင်း UNFC အဖွဲ့ဝင် အရာရှိ တစ်ဦးက ပြောပါသည်။

Thursday, November 14, 2013

လိုင်ဇာ အတွေ့ အကြုံ ရှင်းလင်းပွဲ ကယားပြည် တွင် KNPP ကျင်းပ

(ရွှေဟင်္သာသတင်းဌာန)

ကယားပြည်နယ် ရှိ လက်နက် ကိုင် အဖွဲ့အစည်း များ၊ နိုင်ငံရေး အဖွဲ့ အစည်း များနှင့် လူငယ် အဖွဲ့အစည်း များ ၏ တောင်းဆို ချက်အရ ကရင်နီ အမျိုး သား တိုးတက်ရေး ပါတီ ကိုယ်စားလှယ် များသည် တပြည်လုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ဆွေးနွေးပွဲ အတွေ့ အကြုံ ရှင်းလင်းပွဲ တရပ်ကို လွိုင်ကော်မြို့နယ် ထေး သမ ကျေးရွာ တွင် နိုဝင်ဘာ(၁၁)ရက်နေ့က  ကျင်းပခဲ့ သည်ဟု အဖွဲ့ေ ခါင်းဆောင် ဒုတိယဥက္ကဌ ခူဦးရယ်က ဆိုပါသည်။

Wednesday, November 13, 2013

တိုက်ပွဲဆက်တိုက် ဖြစ်ပွားမှုကြောင့် TNLA နှင့် အပစ်ရပ် လက်မှတ်ထိုးရေး ခက်ခဲ

(ဧရာဝတီ)

အစိုးရ စစ်တပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားမှုနေမှုကြောင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရန် ခက်ခဲနေသေးကြောင်း သိရသည်။

အစိုးရနှင့် TNLA တို့သည် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရေး ထပ်မံ ပြုလုပ်ရန် ညှိနှိုင်း၍ မရသေးကြောင်း၊ ယခု
နောက်ပိုင်း တိုက်ပွဲများ ပိုမို ဖြစ်ပွားလာသည့်အတွက် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် ခက်နေသေးကြောင်း၊ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေမည်ဆိုလျှင် ငြိမ်းချမ်းရေး တွေ့ဆုံပွဲလည်း အလှမ်းဝေးနိုင်ကြောင်း တအာင်း (ပလောင်)
အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က ဧရာဝတီ သို့ပြောသည်။


ချင်းအမျိုးသား တို့၏ ဘုံ သဘောတူ မှုရရန် ကြိုးပမ်းမည့် ညီလာခံ တစ်ရပ် စတင်ပြီး

(ရွှေဟင်္သာသတင်းဌာန)

ချင်းနိုင်ငံရေး ပါတီများ၊ချင်း လက်နက်ကိုင် အဖွဲ့နှင့် ချင်း လူထုပါဝင်သောချင်း အမျိုးသား ညီလာခံ တစ်ရပ်ကို ချင်းပြည်နယ်ဟားခါးမြို့တွင်ကျင်းပနေပြီးချင်း အမျိုးသားများ ၏ ဘုံ သဘောထားကိုဖော်ထုတ်မည်ဟုညီလာခံ ဖြစ်မြောက်ရေးကော်မတီဝင်၊ ပြောရေး ဆိုခွင့်ရှိသူဆလိုင်းငယ်ပီးကမဇ္ဈိမကိုပြောသည်။
 
ဆလိုင်းငယ်ပီးက မကြာခင် ကျင်းပမယ့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ တွေမှာ ချင်း လူမျိုးတွေရဲ့ ဘုံ သဘောထား ဖော်ထုတ်နိုင်ဖို့၊ နိုင်ငံရေး ဆွေးနွေးပွဲမှာ ချင်း လူမျိုးတွေရဲ့ ဆွေးနွေးမယ့် အကြောင်း အရာတွေ ရှာဖွေဖို့၊ ပြန့်ကျဲနေတဲ့ ချင်း လူမျိုးစု တွေကြားမှာ ယုံကြည်မှု တည်ဆောက်ဖို့၊ ရင်းနှီးဖို့ ရည်ရွယ်ပါတယ်ဟုရှင်းပြသည်။

Tuesday, November 12, 2013

ပလောင် (တအာင်း) နှင့် အစိုးရ ကိုယ်စားလှယ်တို့ သဘောတူ ထားသည့် ဆွေးနွေးပွဲ ရက်ချိန်း ပျက်ပြယ်

(ရွှေဟင်္သာသတင်းဌာန)



နိုဝင်ဘာ လ အတွင်း ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) နှင့် အစိုးရ ကိုယ်စား လှယ်တို့ တွေ့ဆုံရန် ချိန်းဆို ထားမှုသည် အစိုးရ တပ်များ၏ တအာင်း ဒေသတွင်း ထိုးစစ်ဆင် တိုက်ခိုက် နေမှု များကြောင့် ဆွေးနွေးပွဲ ကျင်းပ နိုင်တော့မည် မဟုတ်ကြောင်း PSLF အထွေထွေ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျောမှ ဆိုပါသည်။

ဒီနေ့ကျနော်တို့တပ်စခန်း ရှိရာ ဘက်ကို သူတို့ တက်မလာတော့ တိုက်ပွဲတော့ မဖြစ် သေးဘူး။ ဒါပေမယ့် ကွတ်ခိုင် မြို့နယ်မှာ (၃) နေရာ၊ နမ့်ခမ်း မြို့နယ် ဘက်မှာ ဆိုရင် (၁) နေရာ၊ နမ့်ဆန် မြို့နယ်မှာ ဆိုရင် (၂) နေရာ အဲဒီ နေရာ တွေမှာ ဆိုရင် အစိုးရ တပ်ဖွဲ့တွေက ကျနော်တို့တပ်ဖွဲ့တွေကို လက်နက် ကြီးနဲ့ လှမ်းလှမ်းပြီး ပစ်နေတယ်ဟု ဆိုပါသည်။

KNU တပ်မဟာ (၄) နှင့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့

(ရွှေဟင်္သာသတင်းဌာန)



မိတ်- ထားဝယ် ခရိုင် ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် တနင်္သာရီ တိုင်းဒေသကြီး အစိုးရ အဖွဲ့ တို့၏ ကိုယ်စာလှယ်များ နိုဝင်ဘာ (၈) ရက်နေ့၌ တွေ့ဆုံ ခဲ့ကြကာ ဒေသတွင်း အခြေ အနေနှင့် နှစ်ဖက် ပြသနာ များကို တင်ပြ ခဲ့ကြကြောင်း KNU ၏ မြိတ်-ထားဝယ် ခရိုင် ဆက်ဆံရေးရုံး တာဝန်ခံက ပြောသည်။

“အဓိက ကတော့ အချက် (၄) ချက်ကို တင်ပြ တာပါ၊ မြေသိမ်း ယာသိမ်း ကိစ္စ၊ စာပေ သင်ကြားရေး ကိစ္စ ၊ နှစ်ဖက် တပ်တွေ စည်းကမ်း ကိစ္စ အဲဒါတွေ ကျနော်တို့ ဘက်က တင်ပြ ထားပါတယ်” ဟု တာဝန်ခံ စောဆာ့ဗီတူး မှ ပြောသည်။

ချင်းအမျိုးသားတို့၏ ဘုံသဘောတူမှုရရန် ကြိုးပမ်းမည့် ညီလာခံတစ်ရပ် စတင်ပြီ

(Mizzima)

ချင်းနိုင်ငံရေးပါတီများ၊ ချင်းလက်နက်ကိုင်အဖွဲ့နှင့် ချင်းလူထုပါဝင်သော ချင်းအမျိုးသားညီလာခံတစ်ရပ်ကို ချင်းပြည်နယ် ဟားခါးမြို့တွင် ကျင်းပနေပြီး ချင်းအမျိုးသားများ၏ ဘုံသဘောထားကို ဖော်ထုတ်မည်ဟု ညီလာခံဖြစ်မြောက်ရေး ကော်မတီဝင်၊ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းငယ်ပီးက မဇ္ဈိမကို ပြောသည်။

ဆလိုင်းငယ်ပီးက “မကြာခင်ကျင်းပမယ့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲတွေမှာ ချင်းလူမျိုးတွေရဲ့ ဘုံသဘောထားဖော်ထုတ်နိုင်ဖို့၊ နိုင်ငံရေးဆွေးနွေးပွဲမှာ ချင်းလူမျိုးတွေရဲ့ ဆွေးနွေးမယ့် အကြောင်းအရာတွေ ရှာဖွေဖို့၊ ပြန့်ကျဲနေတဲ့ ချင်းလူမျိုးစုတွေကြားမှာ ယုံကြည်မှု တည်ဆောက်ဖို့၊ ရင်းနှီးဖို့ ရည်ရွယ်ပါတယ်”ဟု ရှင်းပြသည်။

Monday, November 11, 2013

သမ္မတ၏ ခွဲမထွက်ရေးနှင့် အချုပ်အခြာအာဏာ မထိပါးရေး ညွှန်ကြားချက် စိုးရိမ်မှုသာဖြစ်ဟု KNU ဆို

(KIC)

တိုင်းရင်းသား အဖွဲ့များနှင့် နိုင်ငံရေးဆွေးနွေးပွဲ တွင် နိုင်ငံတော်မှ ခွဲမထွက်ရေးနှင့် နိုင်ငံ ၏ အချုပ်အခြာ အာဏာကို ထိပါးစေ သည့် အရာများ မလုပ်ဆောင်ရေး ဆိုသည့် အချက် ၂ချက် ကို မဆွေးနွေးရန် သမ္မတ ဦးသိန်းစိန် ၏ ညွှန်ကြား ထားချက်မှာ စိုးရိမ်မှု တစ်ခု သာဖြစ်ကြောင်း ကရင် အမျိုးသား အစည်းအရုံး(KNU) က ပြောကြားလိုက်သည်။

ယမန်နေ့ နိုဝင်ဘာ ၁၀ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ၌ အစိုးရပြည်ထောင်စုဝန်ကြီးများနှင့် နိုင်ငံရေးပါတီ များ တွေ့ဆုံခဲ့ရာ၌ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောဆိုခဲ့သည့် သမ္မတ၏ ညွှန်ကြားထားချက်နှင့် ပတ်သက်၍ KNU တွဲဘက်အတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်း က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

Saturday, November 9, 2013

ALP, ABSDF တို့ ဦးအောင်မင်း အကြို နည်းပညာ အထောက်အကူပြု အဖွဲ့နှင့် MPC ၌ ညှိနှိုင်း

(ရွှေဟင်္သာသတင်းဌာန)



ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ တို့အကြား ပြည်ထောင်စု အဆင့်အား ပထမဆုံး တွေ့ဆုံ ဆွေးနွေး နိုင်ရေး အကြို ညှိနှိုင်း ဆွေးနွေးပွဲ တစ်ရပ်ကို ယနေ့ နိုဝင်ဘာလ (၈) ရက်နေ့တွင် ရန်ကုန် မြို့ရှိ မြန်မာ့ ငြိမ်းချမ်ရေး စင်တာ MPC ၌ ပြုလုပ် ခဲ့ကြောင်း ALP အတွင်းရေးမှူး ခိုင်သုခ က ပြောသည်။

မနက်ဖြန် ၀န်ကြီး ဦးအောင်မင်းနဲ့ တွေ့ဖို့ အဲဒီ မတွေ့ ခင်မှာ MPC က နည်းပညာ အထောက် အကူပြု အဖွဲ့ တွေနဲ့ ကျနော်တို့ ဘာတွေ တင်ပြ ကြမလဲ ဆိုတာ ညှိနှိုင်း ဆွေးနွေး တာပါ၊ ဒီနေ့က ရလဒ်တွေ ဆုံးဖြတ် ချက်တွေ ဘာမှ မရသေးဘူးနက်ဖြန် ကျမှ အဖြေ တစ်စုံ တခု ထွက်လာ မှာပါဟု ခိုင်သုခ က ဆိုပါသည်။

သျှမ်းပြည်မြောက်ပိုင်း၌ တပ်ပေါင်းစုနှင့် အစိုးရတပ် တိုက်ပွဲအပြင်းအထန်ဖြစ်



 သျှမ်းပြည်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်အတွင်း တပ်ပေါင်းစုတပ်ဖွဲ့ဝင်များ နှင့် အစိုးရတပ်တို့ နှစ်ရက်ဆက်တိုက်
တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဒေသတွင်း သတင်းရပ်ကွက်ကပြောသည်။


နိုဝင်ဘာ ၇ ရက်နေ့ က အစိုးရတပ်ပူးပေါင်းစစ်ကြောင်းက ကွတ်ခိုင်မြို့နယ် 
နမ့်ဖတ်ကာကျေးရွာ အနောက်ဘက် ၆ မိုင်ခန့်ဝေးသည့် ကောင်းလော့ရွာ အနီးတွင်
တိုင်းရင်းသားတပ်ပေါင်းစု နှင့် ရင်ဆိုင် တိုက်ခိုက်ခြင်းဖြစ်သည်။

Thursday, November 7, 2013

ပြည်နယ်လုံးဆိုင်ရာ သျှမ်းလူဦးရေကောက်ခံရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ

 

နိုဝင်ဘာ ရ ရက် ယနေ့ သျှမ်းပြည်မြောက် ပိုင်း ကျောက်မဲမြို့  ကျားငါးကောင်ဆေး တိုက်၌ သျှမ်းပြည်နယ် လုံးဆိုင်ရာ သျှမ်းလူဦးရေ ကောက်ခံရေးကော်မတီမှ ဒုတိယအကြိမ်အစည်းအဝေး ကျင်းပသွား မည်ဟု မြို့ခံများထံမှ သတင်းရရှိသည်။

အဆိုပါ အစည်းအဝေးတွင် သျှမ်းပြည်နယ်လုံးဆိုင်ရာ သျှမ်းလူဦးရေကောက်ခံမည့်အကြောင်းကို ဆွေးနွေးသွားမည်ဖြစ်ပြီး တစ်မြို့ နယ်လျှင် ကိုယ်စားလှယ် ၃ ဦးကျ အစည်းအဝေး တက်ရောက်ရန်ဖိတ်ကြားထားသည် ဟု ဆိုပါသည်။

သမိုင်းဝင်ပင်လုံတွင် ရွှေရတု မဟာဘုံကထိန်ပွဲတော် အထူးကျင်းပရန်စီစဉ်နေ



သျှမ်းပြည်တောင်ပိုင်း  လွိုင်လင်ခရိုင်ပင်လုံမြို့နယ်တွင်   နှစ်ငါးဆယ်ပြည့်အထိမ်းအမှတ်အဖြစ် မြို့လုံးကျွတ် မဟာဘုံကထိန် ရွှေရတုပွဲ တော်ကို  သျှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိပိဋိကတ်စာသင်တိုက်၌် ကျင်းပမည်ဟု သတင်းရရှိသည်။

ပင်လုံရွှေရတုကထိန်ပွဲတော်ကို နိုဝင်ဘာ ၁၅-၁၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး  ရှမ်းရိုးရာ  ယဉ်ကျေးမှုသိုးနယားအက နှင့် ကိန္ဒရာ အက များအပြင်  ပင်လုံမြို့အတွင်း   မှီတင်းနေထိုင်ကြသော  တိုင်းရင်းသားပေါင်းစုံတို့၏  ယဉ်ကျေးမှု  အကပဒေသာများဖြင့်ကပြဖျော်ဖြေမည့် အစီအစဉ်ရှိကြောင်းလည်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဦးစိုင်းဆန်ဖေက ပြောသည်။

KUPC ၏ ငြိမ်းချမ်းရေးဆိုင်ရာ လူထုတွေ့ဆုံပွဲကို သံဖြူဇရပ်၌ ကျင်းပမည်

(ကေအိုင်စီ)

ကရင် အမျိုးသား စည်းလုံး ညီညွှတ်ရေးနှင့် ငြိမ်း ချမ်းရေးကော်မတီ (KUPC)မှ ကြီးမှူးပြီး ကရင် အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ လူထုတွေ့ ဆုံပွဲကို နိုဝင် ဘာ(၉)ရက်နေ့၌ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ ဝဲခမိဘုန်းတော်ကြီးကျောင်းတွင် ကျင်းပမည်ဟု သိရှိရသည်။

၎င်းလူထုတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံအတွင်း လက်ရှိဖော်ဆောင်နေသည့် စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရှင်းပြသွားမည်ဖြစ်ပြီး ပြည်သူလူထုအနေနှင့် မည်သို့လက်တွဲပူးပေါင်းသွားမည်ကို ဆွေးနွေးသွားမည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီဝင်တစ်ဦးဖြစ်သူ နော်ဆာထူးက ကေအိုင်စီသို့ ပြောသည်။

ရခိုင် တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်နှင့် တွေ့ဆုံခြင်း

(The Voice Weekly)

မြန်မာ နိုင်ငံတွင် သက်တမ်း အနုဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တစ်ခု ဖြစ်ပြီး (၂၀၀၈) ခုနှစ်တွင် ကေအိုင်အို ထိန်းချုပ် နယ်မြေ အတွင်း ယာယီ ဌာနချုပ် ဖွင့်လှစ် တည်ထောင် ထားသော ရခိုင် တပ်မတော် (AA) စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် နှင့် The Voice သတင်း အဖွဲ့ လိုင်ဇာမြို့၌ တွေ့ဆုံ မေးမြန်း ထားသည် များကို ဖော်ပြ အပ်ပါသည်။

Voice : ရခိုင် တပ်မတော် အကြောင်းကို အနည်းငယ် ပြောပြပေးပါ။

မွန်တို့ဌာနေ ရာမည တိုင်းက မွန် အခေါ်အဝေါ်များ

(ရွှေဟင်္သာသတင်းဌာန)

မွန်တို့ ဌာနေ ရာမညတိုင်း အတွင်းရှိ ရှေ့နာမည် မွန် အခေါ်ဝေါ် များ ( ရန်ကုန်တိုင်း အတွင်းရှိ မွန် နာမည်ဖြင့် တိုက်ရိုက် ခေါ်ဝေါ်ထားသော အမည်များ ၁။ကမာရွတ် = မွန်ဘာသာ ကမာရတ် = ကမာရွတ် ( ရတနာကန်) လို့ အဓိပ္ပါယ် ရသည်။ ၂။ ကော့မှူး = မွန်ဘာသာ ကံ မုဟ် = ကော့မု( အစွန်းအငူမြို့ လို့ အဓိပ္ပါယ် ရသည် ။ ၃ ။ ကျိုက္ကစံ = မွန်ဘာ သာ ကျာ် ဒစာံ = ကျိုက်ဒစန်း ( ရှစ်ပါးဘုရား လို့ အဓိပ္ပါယ် ရသည်။
၎။ ကျိုက်ကမာကမု = မွန်ဘာသာ ကျာ်ကမာကမု = ကျိုက်ကမာကမု ( လမုပင် ပေါက်ရောက်သော ရေကန်ဘုရား လို့အဓိပ္ပါယ် ရသည်။ ၅ ။ ကျိုက်ကမာစိန် = မွန်ဘာ သာ ကျာ်ကမာစိင် = ကျိုက်ကမာစိန် ( ဆင် ကန်ဘုရား လို့ အဓိပ္ပါယ် ရသည်။ ၆ ။ ကျိုက္ကလဲ့ = မွန်ဘာသာ ကျာ်ကလဲ့ ( ကျိုက်ကလဲ့ ) ၇ ။ ကျိုက်ကလို့ = မွန်ဘာသာ ကျာ်ကလံ = ကျိုက်က လော့ ( ကန်တော့ဘုရား လို့ အဓိပ္ပါယ်ရသည်။

Wednesday, November 6, 2013

ပလောင်နှင့် အစိုးရ တပ်တို့ ကွတ်ခိုင် မြို့နယ်တွင် တိုက်ပွဲ ထပ်ဖြစ်

(ရွှေဟင်္သာသတင်းဌာန)



ကွတ်ခိုင်မို့နယ် နမ့်ဖက်ကာ ကျေးရွာ အုပ်စု ဂျုံနန်းရွာ အနီးတွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ တပ်ရင်း (၁၁၂) TNLA အား မြန်မာ အစိုးရခလရ ၁၂၃၊ ၄၅၊ ၁၄၃ နှင့် ၁၄၅ ပူးပေါင်းပီး နိုဝင်ဘာလ (၅) ရက်နေ့တွင် သွားရောက် တိုက်ခိုက် ခဲ့ရာမှ နှစ်ဖက် အကြား (၂) ရီ အကြာ တိုက်ပွဲဖစ်ပွား ခဲ့သည်ဟု (TNLA) မှဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော်က ဆိုပါသည်။

ကျနောတို့ ရှိတဲ့ တပ်ကို အစိုးရ စစ်တပ်က နေပြီးတော့ ညနေ (၄) နာရီမှာ ၆၀မမ နဲ့ ၈၀ မမ လက်နက်ကီးနဲ့ ဆက်တိုက် ပစ်ပြီး ရှိတဲ့ နေရာကို တက်လာတယ်။ ကျနော်တို့လည်း အသင့် စောင့်နေပါတယ်။ (၅)နာရီ လောက်မှာ ကျနော်တို့ တပ်ဖွဲ့က လုံခြုံရေး အရ ထောင်ထားတဲ့ ရှေ့ထွကမိုင်းကိုသူတို့ ဘက်က နင်းမိ ချိန်က စလို့ နှစ်ဘက် အပြန် အလှန် တိုက်ပွဲ ဖြစ်တော့ တာပဲ” ဟု ၄င်းမှ ဆိုပါသည်။

တပြည်လုံးအပစ်ရပ်ရေး ဘားအံသို့ရွှေ့

 

တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုများ ရပ်စဲရေး အတွက် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ခေါင်း ဆောင် များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖေါ်ဆောင်ရေးကော်မတီတို့ မြစ်ကြီးနားမြို့၌ တွေ့ဆုံ ဆွေး နွေးမှု မပြီးပြတ်ဘဲ ကရင်ပြည်နယ် ဘားအံမြို့၌ ဆက်လက်ကျင်းပမည်ဟု ဆိုသည်။

နိုဝင်ဘာ ၄ နှင့် ၅ ရက်ထိ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မဂျွယ်ခန်းမ၌ နှစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက် ၆ ချက်အား ပူးတွဲထုတ်ပြန်နိုင်ခဲ့သော်လည်း တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးနိုင်ခြင်း မရှိသောကြောင့် ကရင်ပြည်နယ် ဘားအံမြို့၌ လာမည့် ဒီဇင် ဘာလအတွင်း ဆက်လက်ဆွေး နွေးနိုင်ရန် ထပ်မံချိန်းဆိုခြင်းဖြစ်သည်။

တအာင်းတပ် ၁၁၂ တပ်စခန်းသို့ မြန်မာတပ်ပေါင်းစု အပြင်းထန် ထိုးစစ်ဆင်


မြန်မာ တပ်မတော် ခလရ ၁၂၃၊ ၄၅၊ ၁၄၃ နှင့် ၁၄၅ ပူးပေါင်း စစ်ကြောင်းတို့ သည် ကွတ်ခိုင်မြို့နယ်နမ့်ဖက်ကာအုပ်စု ဂျုံနန်းရွာ အနီးတောတန်း တွင် ပျောက်ကျား အခြေစိုက်နေသော တအန်း တပ်မတော် တပ်ရင်း ၁၁၂ အား အပြင်းအထန် ထိုးစစ်ဆင်သဖြင့် ညနေ ၁၆း၃၅ နာရီခန့်မှ ၁၈း၀၀ နာရီ မိုးချုပ်သည်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

မြန်မာတပ်ရင်း ၂ ရင်းသည် နမ့်ဖက်ကာမှနေပြီး နေ့လယ်ပိုင်းတွင် ထိုတိုက်ပွဲဖြစ်ရာဒေသသို့ အင်အားဖြည့်ရန် ထွက်ခွာသွားပြီးနောက် ညနေမိုးချုပ်လုအချိန်တွင် စတင်ထိုးစစ်ဖွင့်ခြင်းဖြစ်သည်။အင်အား ၃၀၀ ခန့်ရှိ မြန်မာတပ်ပေါင်းစုသည် တအန်းတပ်ရင်း ၁၁၂ ကို အဝေးမှနေပြီး ၆၀မမ၊ ၈၀ မမ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ကာ TNLA ပြောက်ကျားတပ်ရှိရာ စခန်းဆီသို့ အပြင်းထိုးစစ်ဆင်ခဲ့သည်။

ချင်းတောင်လူထု ဖက်ဒရယ်စနစ်လိုလားဟုဆို

(Mizzima)

ချင်းအမျိုးသားတပ်ဦး (CNF)နှင့် ချင်းပြည်သူများအကြား လူထုဆွေးနွေးမှုများပြုလုပ်လျှက်ရှိပြီး ချင်းတောင်တွင် ဆွေးနွေးပွဲရလာဒ်များအရ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လိုလားသည်ဟု လူထုက တုံ့ပြန်ကြောင်း CNF အဓိပတိကောင်စီ သဘာပတိ အဖွဲ့ဝင် ဦးလော်မာက မဇ္ဈိကို ပြောသည်။

“လူထုဆန္ဒကို လိုက်ကောက်ယူတာ၊ လူထုကို မေးခွန်းကို ပေးတယ်။ ဖက်ဒရယ်၊ ဒီမိုကရေစီကို ရှင်းပြတယ်။ လူထုနဲ့ အမေးအဖြေတွေ လုပ်တယ်။ ဥပမာ မေးခွန်းတွေထဲမှာ ဖက်ဒရယ်၊ တစ်ပါတီစနစ်၊ ဘုရင်ခံစနစ် စတာတွေထဲက ဘာကြိုက်လဲဆိုတာကို လူထုကို မေးခွန်းစာရွက်ဝေငှပြီးတော့ လွတ်လွတ်လပ်လပ် ဖြေနိုင်တယ်။ အချက် ၄၀လောက် မေးခွန်းထုတ်ထားတယ်။ ချင်းတောင်ဘက်က ရလာဒ်တွေမှာ လူထုက ဖက်ဒရယ်ကို ထောက်ခံတာတွေ့ရတယ်” ဟု ၄င်းက ပြောသည်။

ဖွဲ့စည်းပုံတွင် တိုင်းရင်းသားအရေးကာကွယ်ရန်အချက်များ တစ်ပါတည်းထည့်သွင်းနိုင်ရန် NBF ကြိုးပမ်းမည်

(Mizzima)

တိုင်းရင်းသားအခွင့်အရေး ကာကွယ်ရန်အချက်များ ဖွဲ့စည်းပုံတွင် ပါဝင်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ညီ နောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (Nationalities Bother-hoods Federation) ဒါရိုက်တာ ဒေါ် ချင်းသင်းက မဇ္ဈိမကို ပြောသည်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းက အလုပ်ရုံဆွေးနွေးပွဲ သုံးကြိမ်ကျင်းပခဲ့ပြီးနောက် တိုင်း ရင်းသားအခွင့်အရေး စောင့်ရှောက်မှုဆိုင်ရာအားနည်းမှုများကို တွေ့ရှိခဲ့ပြီး ယင်းကို အခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ “၂၀၀၈ မှာ တိုင်းရင်းသားတွေ အနေနဲ့မျှ တမှုမရှိတဲ့အပိုင်းတွေကို ရသင့်ရထိုက်တာတွေကို ရနိုင်ဖို့ရယ် အရင်တုန်းက ခံခဲ့ရတာတွေကို ကာကွယ်ဖို့ ဆိုတဲ့အချက်တွေကို တင်သွင်းသွားမယ်” ဟု ဒေါ်ချင်းသင်းကရှင်းပြသည်။

Tuesday, November 5, 2013

ABSDF နှင့် MPC ကိုယ်စားလှယ်များ ရန်ကုန်တွင် တွေ့မည်

(Mizzima)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)နှင့် မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)မှ ကိုယ်စားလှယ်များ နိုဝင်ဘာလ ၇ရက်တွင် ရန်ကုန်၌တွေ့ဆုံမည်ဟု ABSDF အနောက်ပိုင်း(အန္ဒိယနိုင်ငံ၊ မဏိပူရ်အခြေစိုက်) ကိုယ်စားလှယ် ဦးဇင်နိုင်က မဇ္ဈိမကို ပြောသည်။

Monday, November 4, 2013

ပိုင်ရှင်ရှေ့တင် ခွေးပစ်သတ်ပေါ်စား မြန်မာစစ်ကြောင်းအား လယ်သမားများထိပ်လန့်



ကောက်ရိတ်နေသည့် လယ်သမားတဦး၏ ခွေးတကောင်အား အစိုးရတပ်က ပစ်သတ်ကာ အသား ပေါ်စား ခဲ့သောကြောင့် မိမိဘ၀လုံခြုံရေးအတွက် ဒေသခံများစိုးရိမ် ကြောက်လှန့်နေသည်ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

နိုဝင်ဘာ ၄ ရက် ယနေ့နံနက် ၁၀ နာရီခွဲ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့နယ်ခွဲ မယ်အောကျေးရွာ လယ်သမားများ ကောက်ရိတ်နေစဉ် လယ်ကွင်းအနီး ပြေးလွှားဆော့ကစားနေသည့် ၎င်းတို့၏ခွေးတကောင်အား ပစ်သတ်ကာ ပိုင်ရှင်ရှေ့ရှိ ခြုံထဲဝင် အသားပေါ် ယူဆောင်သွားကြောင်း  လယ်သမားများ ကပြောသည်။

ဝ နှင့် မိုင်းလားအတွက် မှတ်ပုံတင် နှင့် နိုင်ငံကူးလက်မှတ်ထုတ်ပေး



ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် နှင့် မိုင်းလားတပ်ဖွဲ့ဝင်များအတွက် နိုင်ငံတော်အစိုးရ မှ မှတ်ပုံတင်နှင့် နိုင်ငံကူးလက်မှတ်များ ထုတ်ဝေပေခဲ့ကြောင်း အရာရှိကြီးများနှင့် နီးစပ်သည့် ပုဂ္ဂိုလ်များက ပြောပါသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ က ကျိုင်းတုံမြို့အခြေစိုက် ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ မိုင်းလားတပ်ဖွဲ့ဝင်များအတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) နှင့် နိုင်ငံကူး လက်မှတ်ထုတ်ပေးခဲ့ကြောင်း အရာရှိပိုင်း အယောက် ၆၀ ခန့် နေ့ချင်းပြီး ရရှိခဲ့ကြောင်း၊ ထို့နည်းတူ ဝ တပ်ဖွဲ့အတွက်လည်း  လုပ်ပေးခဲ့ကြောင်း ကြားသိရ ပါသည်။

မကဒတ (၂၅) နှစ် ခရီးကြမ်း နဲ့ ရှေ့ အနာဂတ်

(VOA)

ဒီတပတ် မြန်မာ့ ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအရေးတော်ပုံမှာ သန္ဓေတည် လာခဲ့ တဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့ ပေါ်ပေါက် လာတာ အခုဆိုရင် (၂၅) နှစ် ပြည့်မြောက် လာပါပြီ ဖြစ်ပါတယ်။ ဒါ အခါသာမယမှာ မကဒတ အဖွဲ့ရဲ့  ဥက္ကဋ္ဌဖြစ်သူ ရဲဘော်သံခဲ ကို ဗွီအိုအေဝိုင်းတော်သား ကိုဇော်ဝင်းလှိုင် က တွေ့ဆုံပြီး မကဒတအဖွဲ့ရဲ့  ရပ်တည်ချက်၊ ယုံကြည်ချက်တို့ကို မေးမြန်းဆွေးနွေး တင်ပြထားပါတယ်။ 

ကရင်လူ့အခွင့်အရေးအဖွဲ့ အာရှဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆု ချီးမြှင့်ခံရ

(ကေအိုင်စီ)

ထိုင်ဝမ်နိုင်ငံ တွင် အခြေစိုက်သော ထိုင်ဝမ်ဒီမိုကရေစီဖောင်ဒေးရှင်း (Taiwam Foundation For Democracy)က နှစ်စဉ် ချီး မြှင့်နေကျဖြစ်သော ၂၀၁၃ အာရှဒီမိုကရေစီနှင့် လူ့အခွင့်အရေး(Asia Democracy and Human Right Award 2013)ဆုအ တွက် ကရင် လူအခွင့်အရေး အဖွဲ့(KHRG)ကို ရွေးချယ်ချီးမြှင့်လိုက်သည်။

ထိုင်ဝမ်ဒီမိုကရေစီဖောင်ဒေးရှင်းက ယနေ့ နိုဝင်ဘာလ ၄ရက်နေ့တွင် အဆိုပါဆုကို ချီးမြှင့်ကြောင်း ၎င်းတို့၏ ၀က်ဘ်ဆိုက် အွန် လိုင်းစာမျက်နှာတွင် တရားဝင် ကြေငြာလိုက်ခြင်းဖြစ်ပြီး ထိုသို့ဆုချီးမြှင့်ခံရခြင်းနှင့် ပတ်သက်၍ KHRG မှ Program Manager နော်ခူးခူးဂျူးက ကေအိုင်စီသို့ ယခုလို ပြောသည်။

Friday, November 1, 2013

ရှမ်းပြည် မြောက်ပိုင်း SSPP/SSA ဒေသ ၌လည်း တိုက်ပွဲ ဖြစ်ပွား

(ရွှေဟင်္သာသတင်းဌာန)



ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင် မြို့နယ် ၌ လှုပ်ရှား နေသော ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တပ်ဖွဲ့ များကိုမြန်မာ အစိုးရ တပ်ဖွဲ့ တို့က လိုက်လံ တိုက်ခိုက် ခဲ့ရာ အောက်တို ဘာလ (၂၈) ရက်နေ့က နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု SSPP စစ်ရုံးချုပ်မှ ဗိုလ်မှူးခန္တက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်နှင့် သိန္နီ မြို့နယ် ကြား ရှိ SSPP ၏ တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၃၇) နှင့် တပ်ရင်း (၂၅) ပူးပေါင်း တပ်ဖွဲ့ ပျောက်ကျား လှုပ်ရှားမှု တပ်ဖွဲ့ တို့နှင့် အစိုးရ၏ စစ်ရေး ကွပ်ကဲမှု ဌာနချုပ် (၁၆) နှင့် စကခ (၁) လက်အောက်ခံ ပူးပေါင်း တပ်ဖွဲ့ တို့ကြား နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။

KNU ၏ သယံဇာတ အပေါ် သဘောထား

(ရွှေဟင်္သာသတင်းဌာန)

ကရင် အမျိုးသား အစည်းအရုံး (KNU) သည် ၄င်းတို့ ထိမ်းချုပ်သော နေရာဒေသ တွင်ရှိသော သယံဇာတ များကို တရားမ၀င် ထုတ်ယူ နေမှုကို ထိမ်းချုပ် တော့မည်ဟု ပြီးခဲ့သည့် အောက်တိုဘာ (၂၀) ရက်နေ့၌ ကျင်းပသော မြန်မာ့ငြိမ်းချမ်း ရေးစင်တာ မှ သတင်းစာ ရှင်းလင်းပွဲ အပြီး မီဒီယာများ နှင့် တွေ့ဆုံစဉ် KNU ဗဟိုအလုပ် အမှုဆောင် ပဒိုမန်းငြိမ်းမောင် က ပြောကြား ခဲ့ပါသည်။

အထူးသဖြင့် KNU အောက်ခြေပိုင်း တွင် စီးပွားရေး လုပ်ငန်းရှင်များ နှင့် ပူးပေါင်း လုပ်ကိုင် ဆောင်ရွက် မှုများရှိနေ သဖြင့် ၄င်းကိစ္စအား ထိမ်းချုပ် သွားမည် ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။