Tuesday, November 5, 2013

ABSDF နှင့် MPC ကိုယ်စားလှယ်များ ရန်ကုန်တွင် တွေ့မည်

(Mizzima)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)နှင့် မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)မှ ကိုယ်စားလှယ်များ နိုဝင်ဘာလ ၇ရက်တွင် ရန်ကုန်၌တွေ့ဆုံမည်ဟု ABSDF အနောက်ပိုင်း(အန္ဒိယနိုင်ငံ၊ မဏိပူရ်အခြေစိုက်) ကိုယ်စားလှယ် ဦးဇင်နိုင်က မဇ္ဈိမကို ပြောသည်။

 
"ဘယ်အကြောင်းအရာကိစ္စဆိုတာတွေကိုတော့ မသတ်မှတ်ရသေးဘူး။ ကျွန်တော်တို့ အထွေထွေအတွင်းရေးမှူး မရောက်လာသေးဘူး"ဟု ဦးဇင်နိုင်က ပြောသည်။
ABSDF မှ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီဦးဆောင်ကာ ABSDF အနောက်ပိုင်း၊ မြောက်ပိုင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းကော်မတီနှင့် မြန်မာငြိမ်းချမ်းရေးစင်တာမှ ကိုယ်စားလှယ်များ ပါဝင်မည်ဖြစ်သည်။ သို့သော် ဆွေးနွေးပွဲတွင် မည်သို့သော ကိစ္စရပ်များ ဆွေးနွေးမည်ကိုမူ မသိရှိသေးကြောင်း ဦးဇင်နိုင်က ဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။