Saturday, August 31, 2013

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်အညီ ကျန်းမာရေးလုပ်ငန်း ကြိုးပမ်းမည်ဟု BPHWT ဆုံးဖြတ်

(KIC)

ငြိမ်းချမ်းရေးဖြစ် စဉ်နှင့် အညီ မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်း သားပြည်သူလူထု များ၏ ကျန်းမာရေး လုပ်ငန်းများ ကို ကြိုးပမ်းလုပ်ဆောင် သွားမည်ဟု နယ်လှည့်ကျောပိုး အိတ်ကျန်းမာရေး လုပ်သားဖွဲ့(BPHWT)က ၎င်းတို့ ၏ ၃၀ကြိမ်မြောက် ၆လ ပတ် လုပ်ငန်း ညှိနှိုင်း အစည်း အဝေးနှင့် ၆ကြိမ်မြောက် ညီလာခံတွင် ဆုံးဖြတ် လိုက်သည်။

ထိုင်း-မြန်မာ နယ်စပ်မဲဆောက်မြို့တွင် ပြုလုပ်သည့် ၎င်းညီလာခံတွင် BPHWT အတွင်းရေးမှူး စောဝင်းကျော် က “လက်ရှိ ယာယီအပစ်အခတ်ရပ်စဲရေး အဆင့်ကနေ ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်း ရေး ဖြစ်ပေါ်တိုးတက်မှုအပေါ် မှုတည်ပြီး လိုအပ်တဲ့နေရာတွေကို ရှေ့ဆက် အကူအညီပေးနိုင်ဖို့ လုပ်ဆောင် သွားမှာပါ”ဟု ကေအိုင်စီသို့ ပြောသည်။

KNU နှင့် RCSS တို့ အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်း ကော်မီတီနှင့်တွေ့ဆုံ

(ရွှေဟင်္သာသတင်းဌာန)

ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) တို့သည် ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီနှင့် နှစ်နာရီ ကျော်ကြာ အလွတ်သဘော တွေ့ဆုံ ခဲ့ကြ သည်ဟု ယင်းဆွေးနွေး ပွဲကို တက်ရောက် ခဲ့သည့် RCSS ကိုယ်စားလှယ်မှ ဗိုလ်မှူး စိုင်းလက ဆိုပါသည်။ 

“ ဆုံးဖြတ်ချက် ချတဲ့ အစည်းအဝေး မဟုတ်ပါဘူး။ အလွတ် သဘောပါ။ ကျနော်တို့ ဖက်ကတော့ အချက် (၄) ချက် တင်ပြ ခဲ့တယ်။ အစိုးရ ဖက်တော့ သမ္မတရဲ့ လမ်းပြ မြေပုံ ကိစ္စကို တင်ပြ ဆွေးနွေး ခဲ့ပါတယ်” ဟု ဆိုပါသည်။

Friday, August 30, 2013

၂၀၀၈ ဖွဲ့စည်းပုံ ပြင် ဆင်နိုင်ရန် KNU နှင့် ကရင်နိုင်ငံရေး ပါတီများ ဆွေးနွေး

(KIC)

ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) ဥက္ကဌ ဗိုလ်ချုပ်ကြီးစော မူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့နှင့် ကရင်နိုင်ငံရေးပါတီများသည် ကရင်ပြည်နယ်၊ ဖားအံမြို့၊ သုမေဓါရာမ ကြားတောရကျောင်း၌ သြဂုတ်လ ၂၈ရက်နေ့က တွေ့ဆုံ၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင် ဆင်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။


ထိုတွေ့ဆုံဆွေနွေးပွဲတွင် ကေအဲန်ယူသည် ကရင်နိုင်ငံရေးပါတီများဖြစ်သည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ (ပီအက်စ်ဒီပီ)၊ ကရင်ပြည်သူ့ပါတီ(ကေပီပီ)၊ ကရင်ပြည်နယ်တိုးတက်ရေးပါတီ(ကေအက်စ်ဒီပီ)နှင့် ကရင်ဒီမိုကရက်တစ်ပါတီ(ကေဒီပီ) စသည်တို့နှင့် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ဒုက္ခသည်အသိုင်းအ၀ိုင်းကို ငြိမ်းချမ်းရေးဖြစ်စဉ် ကေအဲန် ယူ တွေ့ဆုံဆွေးနွေး

(KIC)

မြန်မာအစိုးရနှင့် လက်ရှိ အပစ်ရပ်ထားသော ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)က ၎င်းတို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များနှင့် အဖွဲ့ပေါ်လစီအချို့ကို မယ်လစခန်းရှိ လူထုအဖွဲ့အစည်းများအား သြဂုတ်လ ၂၉ရက်နေ့က တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲ ဦးဆောင်သူ ကေအဲန်ယူ ဗဟိုစည်းရုံးရေးဌာန တာဝန်ခံ ပဒိုစောလှထွန်းက “အခုဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ကေအဲန်ယူနဲ့ အစိုးရက တိုက်ရိုက် ပတ်သက်နေပေမဲ့ ကျန်လူထုအားလုံးကိုလည်း သွယ်ဝိုက်တဲ့နည်းနဲ့ ရိုက် ခတ်နေတာကြောင့် လူထုတွေရော၊ လူမှုအဖွဲ့အစည်းတွေကိုရော သိစေချင်လို့ အခုလို တွေ့ဆုံပြီး အသိပေးရတာပါ”ဟု ဆွေး နွေးပွဲရည်ရွယ်ချက်ကို ပြောသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် လူထုအမြင် ရယူရန် ရှင်းလင်းပွဲ တရပ် KNU ကျင်းပ

(ရွှေဟင်္သာသတင်းဌာန)

အပစ်အခတ် ရပ်စဲရေးမှ ရရှိထားသောငိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေအနေ များအား တင်ပြပြီး လူထု ဆန္ဒ ရယူရန် ဆန္ဒ ခံယူပွဲ တရပ်ကို ထိုင်းနိုင်ငံ တာ့ခရိုင်ရှိ မယ်လ ဒုက္ခသည် စခန်းတွင် ယမာန်နေ့ နံနက်ပိုင်းကျင်းပ ခဲ့သည်ဟု စည်းရုံး လှုံ့ ဆော်သူ ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ဗဟို ကော်မီတီဝင် ပဒို စောလှထွန်းက ဆိုပါသည်။ 

“ KNU ကတော့ တွေ့ဆုံ ဆွေးနွေးတဲ့ နည်းနဲ့ နိုင်ငံရေး ပြသနာကို ဖြေရှင်းနေတော့ အဲဒီ အခြေအနေတွေကို တင်ပြ ခဲ့ပါတယ်။ပီးတော့ လောလောဆယ် ရင်ဆိုင်နေရတဲ့ ဒုက္ခသည် ပြန်ပို့ရေး ကိစ္စ၊မြေယာ အဓမ္မ သိမ်းဆည်းနေတဲ့ ကိစ္စ၊ ဖွံ့ဖြိုးရေး ကိစ္စနဲ့ စီးပွားရေး ကိစ္စတွေကို ချပြပြီး လူထု ဆန္ဒ ခံယူတဲ့ပွဲပါဟု ဆိုပါသည်။ 

Thursday, August 29, 2013

KNU တပ်မှူးများ (၆) လ ပါတ် အစည်းအဝေး ပြီးဆုံး

(ရွှေဟင်္သာသတင်းဌာန)

ကရင် အမျိုးသား အစည်းအရုံး (KNU) ၏ တပ်မှူးများ () လပါတ် အစည်းအဝေးတွင် အပစ်အခတ် ရပ်စဲရေး အခြေအနေနှင့် ပါတ်သက်ပြီး ပြန်လည် သုံးသပ် ဆွေးနွေး ခဲ့ကြသည်ဟု ယင်းအစည်းအဝေးကို တက်ရောက် ခဲ့သော KNU အရာရှိ တစ်ဦးက ဆိုပါသည်။  

ကျင်းပတာက သြဂုတ်လ (၂၆)ကနေ (၂၉) ရက်နေ့ အထိပါဘဲ။ နေရာက ကရင် ပြည်နယ် လှိုင်းဘွဲ မြို့နယ်မှာ ရှိတဲ့ ကရင် အမျိုးသား လွတ်မြောက်ရေး စခန်း ဌာနချုပ် သေ့ပေထမှာ ကျင်းပ ခဲ့ကြပါတယ်ဟု ဆိုပါသည်။
အစည်းအဝေးတွင် အပစ်အခတ် ရပ်စဲရေး ကာလ၌ ငြိမ်းချမ်းရေး တည်ဆောက်မှုကို မထိခိုက်စေသော လုပ်ရပ်များ၊ သတ်မှတ်ချက် များနှင့် ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို အဓိကထား ဆွေးနွေး ဆုံးဖြတ် ခဲ့ကြသည်ဟု ဆိုပါသည်။ 

RCSS/SSA ၏ အကောက်ခွန်မှူးအား အစိုးရစစ်တပ်ဖမ်းဆီး



သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါမြို့နယ်ခွဲုတွင် RCSS/SSA ၏ အကောက်ခွန်မှူး တပ်သား တဦးအား မြန်မာစစ်တပ်က ဝိုင်းရံပိတ်ဆို့ဖမ်းဆီးပြီးကျောက်မဲမြို့သို့ပို့ဆောင် ချုပ်နှောင်ထားကြောင်း ကိုယ် တွေ့မျက်မြင်ကြုံတွေ့ရသည့် အုပ်စုသားတဦးကပြောသည်။

“တောင်ပိုင်းသျှမ်းတပ်ဖွဲ့ စစ်ဝတ်စုံအပြည့် ဝတ်ထားတဲ့  စစ်သား တယောက်ကို သူတို့ဖမ်းတာ။ RCSS ရဲ့ အကောက်ခွန်မှူးလို့ မြန်မာစစ်သားတွေက ပြောတယ်။  အခွန်ကောက်ထားတဲ့စာရင်းတွေလဲ သူ့လက်ထဲမှာ တွေ့ရ တယ်။ မိုင်းငေါ့အုပ်စု မြောက်ဘက် ၈ မိုင်လောက်ကွာတဲ့ ဝမ့်လွယ်ပက် မှာဖမ်းမိတာတဲ့။ အခုတော့ သူ့ကို ကျောက်မဲကို ပို့ထားတယ်”  ဟု ကိုယ်တိုင်တွေ့မြင်ခဲ့ရသော အုပ်စုသားတဦးက သျှမ်းသံတော်ဆင့်အားပြော ပြ သည်။

Wednesday, August 28, 2013

မြန်မာတပ်သား တပ်ထုများ အထက်အမိန့်ကိုသာနာခံရမည်ဟု နေပြည်တော်ညွှန်ကြား

 

မြန်မာအစိုးရ စစ်တပ်၏ အောက်ခြေ တပ်သားများသည် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီမှ ကမ်းလှမ်း တင်ပြသော နှစ်ဦးနှစ်ဘက် ဆက်သွယ်သတင်းပေးပို့ရေးဖြင့် တိုက်ပွဲများလျှော့ချမည်ဟူသည့်အချက်ကိုလက်ခံသော်လည်း အထက် အမိန့်ကိုနာခံရမည်ဟူသည့် နေပြည်တော်အမိန့်ကြောင့် တိုက်ပွဲများဆက်လက်ဖြစ်ပွါးနေရသည်ဟု မြန်မာစစ်တပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းကပြောပါသည်။

သြဂတ်စ်လဆန်းက သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA က အောက်ခြေ တပ်သားထုအားလုံးကို နီးစပ်သည့်  မြန်မာစစ်တပ်နှင့် ဆက်သွယ်လှုပ်ရှားသွားရန်  ညွှန်ကြား ခဲ့ပါသည်။

အပစ်ရပ် အဖွဲ့များအား နေပြည်တော် ၌ တွေ့ဆုံရန် ဒုတိယ သမ္မတ ဖိတ်ကြား

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဥက္ကဌ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမာက်ခမ်းသည်  အပစ်ရပ် ထားသည့် လက်နက်ကိုင် တိုင်းရင်းသားများ အဖွဲ့များနှင့် တွေ့ဆုံရန် ရှိကြောင်း ဖိတ်ကြား ခံရသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်မှ ဆိုပါသည်။ 

ပထမ အကြိမ် လက်ခံ တွေ့ဆုံတဲ့ပွဲ ဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့ တက်ရောက်ဖို့ စီစဉ်နေပါတယ်။ တိုင်းရင်းသား တွေရဲ့လိုလားချက်ကို ဒုတိယ သမ္မတ တယောက် အနေနဲ့ သိရှိဖို့ ရည်ရွယ်ပြီး စာတမ်းဖြင့် သွားရောက် တင်ပြပေးမှာ ဖြစ်တယ်ဟု ဆိုပါသည်။

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်း

(ရွှေဟင်္သာသတင်းဌာန)

ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)မှ ကမကထ ပြုပြီး ကျင်းပ လာခဲ့သည့် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲကို လာမည့် စက်တင်ဘာလ (၂၃) ရက်နေ့သို့ ရွှေ့ဆိုင်း လိုက်ကြောင်း၊ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ခေါင်းဆောင် တဦး ဖြစ်သူ ကယန်း ပြည်သစ် ပါတီ တွဲဖက် အတွင်းရေးမှူး (၁) ဖြစ်သူ ဗိုလ်မှူးကြီး စောလွင်က ဆိုပါသည်။ 

“ မူလက ရာထား တာက ဒီလကုန်မှာ လုပ်မယ်။ ရွှေ့ဆိုင်း ရတာက ဒီလကုန်မှာ ရှမ်းပြည်နယ် လွတ်တော် အစည်းဝေးရှိနေသည့် အတွက် ရွှေ့လိုက်ရတာ ဖြစ်တယ်။ ကျင်းပမှာက တောင်ကြီးမြို့မှာ ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ဆိုင်လို့ ရွှေ့လိုက်ရတာပေါ့” ဟုဆိုပါသည်။ 

အခြေခံလူ့အခွင့်ရေး ကင်းမဲ့ခဲ့ခြင်းကြောင့် တိုင်းရင်းသားဒေသများတွင် ပဋိပက္ခများ ဖြစ်ပွားဟု ဆို

(Mizzima)

တိုင်းရင်းသားဒေသများတွင် ပဋိပက္ခများ ဖြစ်ပေါ်နေရခြင်းမှာ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ မိမိကြမ္မာ မိမိဖန်တီးနိုင်ခွင့် အစရှိသည့် အခြေခံလူ့အခွင့်အရေးများ ကင်းမဲ့ခဲ့သောကြောင့် ဖြစ်သည်ဟု လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့မှ တာဝန်ခံ ဦးမောင်မောင်လေးက သြဂုတ် ၂၇ ရက်တွင် ပြောသည်။

Tuesday, August 27, 2013

ယုံကြည်မှု တည်ဆောက်နေစဉ် အစိုးရစစ်တပ်နှင့် TNLA စစ်ပွဲထပ်မံ ဖြစ်ပွား

(ဧရာဝတီ)

အစိုးရ စစ်တပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် ယုံကြည်မှု တည်ဆောက် နေချိန်တွင် စစ်ပွဲများ ထပ်မံ ဖြစ်ပွားနေသဖြင့် ဒုတိယအဆင့် ဆွေးနွေးပွဲ အလှမ်းဝေးနေသေးကြောင်း သိရသည်။

ငြိမ်းချမ်းရေး ရရန် ယုံကြည်မှု တည်ဆောက်ချိန်တွင် မြန်မာအစိုးရတပ်မှ TNLA ကို ထိုးစစ်ဆင်မှုကြောင့် ယုံကြည်မှု ပျက်ပြယ် သွားနိုင်ကြောင်း၊ TNLA အနေဖြင့် ဒေသခံ တိုင်းရင်းသားများကို ၂၀၁၃ -၂၀၁၄ ခုနှစ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် ဟောပြောပွဲများ လုပ်နေစဉ် မြန်မာအစိုးရတပ်မှ လာရောက် ထိုးစစ်ဆင်ခဲ့ပြီး TNLA ဘက်က ကပ်ထားသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်းဘုတ်များကို မြန်မာစစ်ကြောင်းက ဖျက်ဆီးခဲ့ကြောင်း TNLA မှ ပြန်ကြားရေး တာဝန်ခံ မိုင်းအောင်ကိုက ဧရာဝတီသို့ ပြောသည်။

ရွှေလီရေအားလျှပ်စစ်မီးကို ပတ်ဝန်းကျင်ရွာများမှ ယနေ့တိုင်မသုံးနိုင်သေး

 


သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မန်တပ်ကျေးရွာ ရှိ ရွှေလီလျှပ်စစ်ဓာတ်အားကို နမ့်ခမ်းမြို့ အနီးရှိ ကျေးရွာများမှာ ယနေ့တိုင် အသုံးပြုခွင့်မရရှိသေးကြောင်း ဒေသခံများ ပြောပြချက်အရ သိရှိရပါသည်။

ရွှေလီရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓာတ်အားကို နမ့်ခမ်းမြို့တွင်းသို့သာ ဖြန့်ဝေပေးနေ ကြောင်း၊ ကျေးရွာများတွင် အသုံးပြုနိုင်ရန် နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၃ ရွာက စုပေါင်း၍ မြို့နယ်အုပ်ချုပ်ရေးမှူးကို ဂျူလိုင်လဆန်းပိုင်းကတည်းက တင်ပြတောင်းဆိုထား သော် လည်း ဆောင်ရွက်ပေးခြင်း မရှိကြောင်း ဆိုပါသည်။

T.N.L.A နှင့် နမ့်လန်အခြေစိုက် ခလရတပ်ရင်း (၅၀၆) တို့ ရင်ဆိုင်တိုက်ပွဲဖြစ်

၂၇ရက်၊ သြဂုတ်လ ၂၀၁၃

၂၆ရက် သြဂုတ်လ ညနေ့ပိုင် ၇ နာရီ ခွဲ အချိန်တွင် နမ့်လန်အခြေစိုက် ခလရ တပ်ရင်း (၅၀၆) နှင့် T.N.L.A တပ်ရင်း(၂၅၆)တို့ ကျောက်မဲမြို့နယ် စုန်ဟင်ကျေးရွာအနီးတွင် နှစ်ဖက်တပ်များရင်ဆိုင်တိုက်ပွဲ   ဖြစ်ပွားနေကြောင်း သတင်းရရှိ ပါသည်။

နမ့်ဆန်နှင့် ကျောက်မဲမြို့နယ်တွင် လှုပ်ရှားနေသော T.N.L.A တပ်ရင်း (၂၅၆) တအန်း တပ်ဖွဲ့မှ  သွားလာလှုပ်ရှား နေစဉ် နမ့်လန်အခြေစိုက် ခလရတပ်ရင်း (၅၀၆)မှ ထိုးစစ် ဆင်းနေမှုကြောင့် နှစ်ဖက်တပ်များ ၁၅မီနစ် ကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားရကြောင်း သိရှိရ ပါသည်။

အစိုးရ တပ်က ကျောက်မဲ TNLA တပ်ဖွဲ့အား ဝင်တိုက်

(ရွှေဟင်္သာသတင်းဌာန)



ရှမ်းပြည် မြောက်ပိုင်း ကျောက်မဲ မြို့နယ်ရှိ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် ( TNLA) တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့ တို့ကြား ယမန်နေ့ ညနေပိုင်း အချိန်တွင် ရင်ဆိုင် တိုက်ပွဲငယ် ဖြစ်ပွား ခဲ့ကြောင်း (TNLA ) ၏ ပြောခွင့်ရ ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော် က ပြောသည်။

မနေ့က ကျနော်တို့ တပ်ဖွဲ့ ဝင်တွေ လှုပ်ရှားစဉ် လာရောက် တိုက်ခိုက်လို့ တိုက်ပွဲ ပြန်ဖြစ်တယ်။ နှစ်ဖက် ထိခိုက် မှုတွေ ရှိခဲ့တယ်။ ကျနော်တို့ တပ်စခန်း တွေကို အစိုးရ တပ်တွေက လာရောက် တိုက်နေ မှတော့ နောက်ထပ် တွေ့ဆုံ ဆွေးနွေးပွဲ အတွက် ကြန့်ကြာ စေလိမ့်မယ်”  ဟု ၄င်းမှ ဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယုံကြည်သော်လည်း KNU ၏ ကံကြမ္မာကို ၀ကွက်အပ်မည်မဟုတ်

(Mizzima)

သမ္မတဦးသိန်းစိန်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်သော်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ကံကြမ္မာကို “၀”ကွက်အပ်မည်မဟုတ်ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် မန်းငြိမ်းမောင်က သြဂုတ် ၂၅ ရက်တွင် မဇ္ဈိမကို ပြောသည်။

မန်းငြိမ်းမောင်က “ကျွန်တော်တို့မှာလည်း တော်လှန်ရေးအတွေ့အကြုံ၊ နိုင်ငံရေး အတွေ့အကြုံတွေ ရှိပါတယ်” ဟု ဆိုလိုက်ပြီး “ကျွန်တော်တို့ နိုင်ငံရေးသတိ အမြဲရှိတယ်”ဟုလည်း ဆက်လက် ပြောကြားခဲ့သေး သည်ဟု သိရသည်။

Monday, August 26, 2013

ဒေသ ဖွံ့ဖြိုးရေး အတွက် နိပွန် ဖောင်ဒေးရှင်းနှင့် DKBA ဆွေးနွေး

(ရွှေဟင်္သာသတင်းဌာန)



ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) ထိန်းချုပ် နယ်မြေ ဒေသ များ၌ ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်များ အကောင်အထည် ဖော်နိုင်ရန် အတွက် ဂျပန် နိုင်ငံမှ လူသားခြင်း စာနာမှု အကူအညီ ပေးရေး အဖွဲ့ တစ်ခု ဖြစ်သည့် နိပွန် ဖောင်ဒေးရှင်းမှ ကိုယ်စား လှယ်များ လာရောက် တွေ့ဆုံ ခဲ့ကြောင်း ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။

သောက်ရေသန့် ရဖို့၊ လျှပ်စစ်မီး ရရှိဖို့၊ စာသင်ကျောင်းမှာ လိုအပ်တဲ့ ပစ္စည်းတွေကို ကူညီ ထောက်ပံ့ ပေးဖို့ ပြောတယ်။ ပြီးတော့ ကျနော်တို့ တင်ပြတဲ့ အရာတွေကို လုပ်ပေး မယ်လို့ ပြောတယ်ဟု DKBA ၏ ကလို့ ထူးဘော စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။

အပစ်ရပ် သဘော တူညီချက်များ အကောင်အထည် ဖော်နိုင်မှု အားနည်းဟု RCSS သုံးသပ်

(ရွှေဟင်္သာသတင်းဌာန)



တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ တို့အကြား အပစ်အခတ် ရပ်စဲရေး ရရှိ ထားကြ သော်လည်း သဘော တူညီ ချက်ပါ အချက် အလက် များကို အကောင်အထည် ဖော်ရာတွင် အားနည်း နေကြောင်း ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီမှ ထောက်ပြ ပြောဆို ခဲ့ပါသည်။

ပဏာမ အပစ်အခတ် ရပ်စဲရေးကို လုပ်ထားပြီးတော့ စာရွက် ပေါ်မှာဘဲ ရှိသေးတယ်။အပစ် အခတ် ရပ်စဲရေး လောက်ဘဲ ပြောထားတယ်။ တိုက်ပွဲတွေ ဆက်ဖြစ် နေဆဲပါ။ တကယ့် လက်တွေ့ ကျကျမှာ လုပ်ဆောင်ဖို့ အကောင်အထည် ဖော်ဖို့ အတော့်ကို အခက်အခဲ ဖြစ်နေ ပါတယ်ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်းဆိုင်က ယနေ့တွင် ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြား ခဲ့သည်။

လက်ဖက် ယဉ်ကျေးမှုနှင့် ပလောင်တို့၏ ဘဝ

(Irrawaddy)

ရှမ်းပြည်မြောက် ပိုင်း နမ့်ဆန်မြို့ကား နာမည်ကျော် လက်ဖက် ထွက်ရာ ဒေသဖြစ်၏။ နမ့်ဆန်ဒေသထွက် လက်ဖက်ခြောက်မှာ လူကြိုက် များသကဲ့သို့ ဇယန်း လက်ဖက်စိုမှာလည်း နာမည်ကြီးသည်။

“လက်ဖက်ကောင်း စားချင်ရင် ပလောင် တောင်တက် နှေးရမည်”ဆိုသည့် စကားပုံကိုလည်း လက်ဖက် နှစ်သက်သူတိုင်းလို သိကြ မည်ဟု ထင်ပါသည်။
ထို လက်ဖက်ထွက်ရာ ပလောင်ဒေသသည် ပင်လယ် ရေမျက်နှာပြင်အထက် ပေ ၅၀၀၀ ကျော်မြင့်သည့် တောင်ပေါ် ဒေသဖြစ် သည့်အပြင် အေးမြစွတ်စိုသည့် ရေမြေရာသီဥတုနှင့် သဲဆန်သည့် မြေနီသဲဝန်းဖြစ်၍ လက်ဖက် စိုက်ပျိုးရေးကို အားပေး၏။

တအာင်းဒေသ၌ ဖြစ်ပွားသော မူးယစ်ဆေးနှင့် တိုက်ပွဲပြသနာ

(ရွှေဟင်္သာသတင်းဌာန)

တအာင်း လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အစိုးရ ကွတ်ခိုင် အခြေစိုက် ခလရ တပ်ရင်း ( ၄၅) တပ်ဖွဲ့တို့ ယမာန်နေ့ ညနေ (၃) နာရီ (၁၅) မိနစ်တွင် ရှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် နမ့်စန့် (တွန်ဟုန်) ကျေးရွာ အနီးတွင် ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) ဗဟို ကော်မီတီဝင် မိုင်အိုက်ညမ်းမှ ဆိုပါ သည်။ 

“ ကျနော်တို့ စစ်ကြောင်းက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်း အတွက်လူထု စည်းရုံးရေး ဆင်းနေစဉ် ပန်ဆေး ပြည်သူ့ စစ်နဲ့ အစိုးရ တပ်တွေက လိုက်လံ တိုက်ခိုက် ခဲ့တာပါ။ အဲဒီလို တိုက်ပွဲ ဖြစ်ခဲ့တော့ ရွာတွေမှာ ရှိတဲ့ ကျနော်တို့ရဲ့ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး ဆိုင်းဘုတ်တွေကို လိုက်ဖျက် လိုက်ပါတယ်” ဟု ဆိုပါသည်။ 

လိပ်ခဲတင်းလင်း ဖြစ်နေသော KNU တောင်ငူ ဆက်ဆံရေးရုံး ထားရှိရေး ပြသနာ

(ရွှေဟင်္သာသတင်းဌာန)

ပဲခူးတိုင်း၊ တောင်ငူ ခရိုင်တွင် လှုပ်ရှားနေသော ကရင် အမျိုးသား အစည်းအရုံး (KNU)၊ တပ်မဟာ (၂) သည် ၄င်းတို့ ထိန်းချုပ် နယ်မြေရှိနေသော အစိုးရ တပ်များ ဆုတ်ပေးခြင်း မရှိပါက ဆက်ဆံရေးရုံး ထားရှိရန် မဖြစ်နိုင်သေးကြောင်း၊ KNU တောင်ငူ ခရိုင် ဥက္ကဌ စောအဲဝါးက ဆိုပါသည်။ 

“ အဓိက ပြသနာ ကတော့ စစ်ဆင်ရေး တပ်တွေ ဆုတ်ပေးမှ ဖြစ်မယ်လေ။ အပစ်အခတ် ရပ်စဲစဉ် ကတည်းက တောင်းထား တာလေ။ အခုထိ အစိုးရဖက်က မလိုက်လျှော သေးပါဘူး။ ကျနော်တို့က တပ်နေရာ ချထားမှုတွေ ရှင်းရှင်း လင်းလင်း ဖြစ်စေချင်တာပါ” ဟု ဆိုပါသည်။ 

Sunday, August 25, 2013

ဖွံ့ဖြိုးရေးအကူအညီပေးနိုင်ရေး နီပွန်ဖောင်ဒေးရှင်းနှင့် DKBA တို့ဆွေးနွေးခဲ့

(KIC)

ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် DKBA နှင့် ဂျပန်နိုင်ငံရှိနီပွန်ဖောင်ဒေးရှင်းမှ ကိုယ်စားလှယ်များသည် ဒေသဖွံ့ဖြိုးမှု အကူအညီများပေးနိုင်ရေးနှင့် ပတ်သက်ပြီး သြဂုတ်လ ၂၂ရက်နေ့တွင် ထိုင်း- မြန်မာနယ်စပ်တစ်နေရာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

DKBA ထိန်းချုပ်ရာနယ်မြေအတွင်းရှိလိုအပ်လျက်ရှိသောကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုး မှု အကူအညီများ ပေးနိုင်ရန်အတွက် ယခုလိုတွေ့ဆုံဆွေးနွေး ခြင်းဖြစ်သည်ဟု ဆွေးနွေးမှုတွင် ပါဝင်သူတစ်ဦးဖြစ်သည့် DKBA မှ ဗိုလ်မှူးကြီးစောဆန်းအောင်က ယခုလို ပြောသည်။

T.N.L.A တပ်မတော်မှ ကပ်ထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆိုင်းပုဒ်များအား အစိုးရစစ်ကြောင်းမှ လိုက်လံဖျက်ဆီး

၂၄-သြဂုတ်လ-၂၀၁၃ ခုနှစ်

ကွတ်ခိုင်အခြေစိုက် ခလရ တပ်ရင်း (၄၅) မှ ယနေ့ ၂၄ရက်-သြဂုတ်လ တွင် P.S.L.F/T.N.L.A တအန်းတပ်မတော်မှ (တအာင်း)ကျေးရွာများတွင် ကပ်ထားသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆိုင်းပုဒ်များကို လိုက်လံ ဖျက်ဆီးနေကြောင်း မျက်မြင် သက်သေများ ပြောပြချက်အရ သိရှိရပါသည်။

ကရင်လူမှုအဖွဲ့အစည်း ၆ဖွဲ့ မစ္စတာကင်တာနားနှင့် တွေ့ဆုံ

(KIC)

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာသောမတ်အိုဟေးကင်တားနား (Mr-Tomas Ojen Quintana)နှင့် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် လူမှုအဖွဲ့အစည်း ၆ဖွဲ့ ယမန်နေ့ သြဂုတ်လ ၂၂ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက် မြို့ရှိ Queen Palace Hotel တွင် တွေ့ဆုံခဲ့ကြသည်။

မစ္စတာကင်တားနားသည် နယ်စပ်အခြေစိုက် လူမှုအဖွဲ့အစည်းများဖြစ်သည့် ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ နိုင်ငံရေးအ ကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၊ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)၊ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေး လုပ်သားအဖွဲ့(BPHWT)၊ မယ်တော်ဆေးခန်း(MTC)၊ ထိုင်းနယ်စပ် ဒုက္ခသည်များကို ကူညီပေးနေသည့်(TBC)အဖွဲ့တို့နှင့် တွေ့ဆုံကာ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အရပ်သားတစ်ဦးကို အစိုးရတပ်ရင်းမှူး အကြောင်းမဲ့ ထိုးကြိတ်

(KIC)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အခြေစိုက်နေ သည့် မြန်မာအစိုးရစစ်တပ် ခြေလျင်တပ်ရင်း (ခလရ-၂၈၃)မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမျိုးမြင့်ကျော်သည် ယမန်နေ့မွန်းလွဲ ၂နာရီကျော်က မြို့ခံအရပ်သားတစ်ဦးကို အကြောင်း မဲ့ ထိုးကြိတ်ခဲ့သည်။

အဆိုပါတပ်ရင်းမှူးသည် ဘုရားသုံးဆူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အဲဗားစမိုင်းလ် အအေးဆိုင်ရှေ့တွင် ကားရပ်ထားပြီး ကွမ်းယာ ၀ယ်စားနေသည့် ကိုထားဝယ် ဆိုသူကို လက်သီးဖြင့် သုံးလေးချက် ထိုးကြိတ်ခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူ ဘုရားသုံးဆူ မြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

Saturday, August 24, 2013

ခလရတပ်ရင်း (၄၅) နှင့် T.N.L.A တအန်းမတော်တို့ ထပ်မံ ရင်ဆိုင်တိုက်ပွဲဖြစ်ပွား

၂၄ရက်၊ သြဂုတ်လ ၂၀၁၃


ကွတ်ခိုင်အခြေစိုက် ခလရ တပ်ရင်း ( ၄၅) နှင့် T.N.L.A တပ်ရင်း (၅၂၇) တို့ ယနေ့ ၂၄ရက် သြဂုတ်လ ၃ နာရီ ၁၅ မိနစ်အချိန်တွင် နမ့်ခမ်းမြို့နယ် နမ့်စန့် (တွန်ဟုန်) ကျေးရွာအနီးတွင် နှစ်ဖက်တပ်များ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေ ကြောင်း သတင်း ရရှိပါသည်။

နမ့်ခမ်းမြို့နယ် တွင် လှုပ် ရှားနေသော T.N.L.A တပ်ရင်း(၅၂၇) တအန်း တပ်ဖွဲ့မှ လူထု  စည်း ရုံးရေးနှင့် မူးယစ်ဆေး ၀ါး တိုက်ဖျက်ရေး စီမံ ကိန်း အတွက် နမ့်ခမ်း မြို့နယ် နမ်စန့်ကျေး ရွာ အနီးတွင် သွားလာလှုပ် ရှား နေစဉ် ကွတ် ခိုင် အခြေစိုက်  ခလရ တပ်ရင်း(၄၅)မှ ထိုးစစ် ဆင်နေမှုကြောင့် နှစ်ဖက် တပ်များ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားနေရကြောင်း သိရှိရပါသည်။

ဘာသာရေးနဲ့ တိုင်းရင်းသား ပြဿနာတွေ က မြန်မာ့နိုင်ငံရေးကို ပုံဖေါ်လိမ့်မည်

(RFA)

မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ ဘာသာရေးနဲ့ တိုင်းရင်းသား ပြဿနာတွေဟာ လာမယ့် ၂ဝ၁၅ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲတွေမတိုင်မီ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုလမ်းကြောင်းကို ပုံဖေါ်ထင်ဟပ်စေလိမ့်မယ်လို့  အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှုကော်မရှင် (U.S. Commission on International Religious Freedom) က ပြောဆိုလိုက်ပါတယ်။ 

Friday, August 23, 2013

သျှမ်း/တောင်တွင် အစိုးရတပ် နှင့် သျှမ်းပြည်တပ်မတော်တို့ တိုက်ပွဲထပ်ဖြစ် ၄ ဦးထက်မနည်းသေ



သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း သျှမ်းပြည်တပ်မတော် နှင့် အစိုးရတပ်ဖွဲ့အကြား ယမန် နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့် နှစ်ဘက် ကျဆုံးမှုရှိကြောင်း ဒေသခံများပြောပြချက် အရသိရ ပါသည်။

“မိုင်းပန်တပ်လဲပါတယ်။ မိုးနဲ လင်းခေး ဘက်က လာတဲ့တပ်လဲပါတယ်။ အင်အား ၂၀၀ ကျော်ပါတယ် တဲ့။ ကားပေါ်ဆင်းတာနဲ့ တောထဲတက်တာ။ သေနတ်သံတော့ မနက် ၁၀ နာရီကျော်ကနေ မွန်းတည့် ပိုင်း လောက်အထိဘဲ” - ဟု မိုင်းပန်သား စိုင်းနော်ဟန် က ပြောပါသည်။

ဖက်ဒရယ်မူအကြောင်း ဒေါက်တာလျံမုန်းဆာခေါင်း လားရှိုး၌ အလုပ်ရုံဆွးနွေးပွဲလုပ်

 

ဖက်ဒရယ်မူအကြောင်း အလုပ်ရုံဆွေးနွေးပွဲအား ချင်းအမျိုးသား ဒေါက်တာ ဆလိုင်းလျံမုန်းဆာခေါင်း ဦးဆောင် ပြီး သြဂုတ် ၂၀ - ၂၂ နေ့အထိ သုံးရက်ကြာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်ဟု ကြားသိရသည်။
“ဆရာလျံမုန်းဆာခေါင်းက ဖက်ဒရယ်အကြောင်း သိသင့်သိထိုက်တာတွေလာဟောပြောတယ်။ နိုင်ငံရေးအရ အိပ်ငိုက်နေတာကို ပြန်နိုးထပေးတဲ့သဘောပါ။ ပင်လုံကိစ္စတွေ ဘာတွေ အကုန်လာပြောသွားတယ်” - ဟု တက်ရောက်သူ လားရှိုးလူငယ် စိုင်းအိုက်ခမ်းက ပြောပါသည်။

Thursday, August 22, 2013

မွန်တော်လှန်ရေးနေ့ လူဦးရေ ၃၀၀၀ ကျော်တက်ရောက် ၇ နှစ်အတွင်း အများဆုံးဖြစ်

(Mizzima)

သြဂုတ်လ ၂၁ ရက်တွင် ကျရောက်သည့် ၆၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့သည် ၂၀၀၇ ခုနှစ် စတင်ကျင်းပခဲ့စဉ်
မှစ၍ ယခုနှစ်တွင် တက်ရောက်သူ လူဦးရေ ၃၀၀၀ ခန့်ရှိခဲ့ပြီး အများဆုံး ဖြစ်သည်ဟု တော်လှန်ရေးနေ့ ဖြစ်မြောက်
ရေး ကော်မတီ နိုင်/ကျဉ်းဟောင်း အရှင်ဥက္ကံသ က မိန့်သည်။

"မွန်ပြည်နယ် မြို့နယ်တိုင်းမှာ ဒီအခမ်းအနား တက်ရောက် ကြဖို့ နှိုးဆော် ဗီနိုင်းတွေ တောင်တယ်၊ နောက်ဒီနေ့
ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းတွေ၊ လက်ကမ်း စာစောင်တွေ ဝေပြီး ဖိတ်ကြားတယ်၊ ဒီနှစ် အစီအစဉ်ရဲ့ ထူးခြားချက်က ခါတိုင်းနှစ်မှာ မရှိဖူးတဲ့ ဖျော်ဖြေရေး ကဏ္ဍ ပါလာတယ်၊ Power Music က ဝင်ရောက် အားဖြည့်ပေးတယ်၊ ဆွဲဆောင်မှု တစ်ခု ဖြစ်ခဲ့တာပေါ့" ဟု ပြောသည်။

ဗိုလ်လောင်း တဦးအား အစိုးရဖက်မှ တရားစွဲထားခြင်းမရှိဟု DKBA ငြင်းဆို

(ရွှေဟင်္သာ)

လက်နက် မှုဖြင့် ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် DKBA  ရဲဘော် တဦးအား အစိုးရဖက်မှ  အရေး ယူရန် ရှိသည်ဟု ဆိုခြင်းမှာ မိမိတို့ မသိသေးကြောင်း DKBA ကလို့ထူးဘော အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်မှ ယနေ့ ထုတ်ဖေါ် ပြောဆို ခဲ့ပါသည်။ 

ကျနော်တို့ ရဲဘော်မှာ အပြစ်ရှိရင် မှားမယ် ဆိုရင် ဥပဒေကြောင်းရ ထိန်းသိမ်း နိုင်ပါတယ်။ တကယ်တော့ အဲဒီမှာ ရှိတဲ့ ရဲနဲ့စရဖ တွေကတော့ ကျနော်တို့ ဘက်ကလူ မမှားဘူးလို့ ပြောပါတယ်။ အဲဒီတော့ အခုမှ ဘာကိုအရေး ယူကြ မှာလဲ။ အရေးယူမယ် ဆိုတဲ့ သတင်းလဲ မကြားမိပါဘူး ”ဟု ဆိုပါသည်။ 

UNFC ၏သဘောထား RCSS ထောက်ခံ၊ ဖွဲ့စည်းပုံအသစ်ပြန်ရေးရန် အချိန်စောသေး ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်ပြော



ယခင်လ UNFC ညီလာခံကြီးမှ သဘောတူ ဆုံးဖြတ်ချက်များ ကို ထောက်ခံသော် လည်း အသစ်ပြန် လည်ရေးဆွဲရန် အတွက်မူ အချိန်စောနေသေးကြောင်း RCSS ခေါင်းဆောင် ကပြောဆို လိုက်ပါသည်။

“ ပြည်သူလူ ထုရဲ့ ဆန္ဒဖြစ်တဲ့ အတွက် ညီလာခံ ဆုံးဖြတ်ချက်တွေကို ထောက်ခံပါတယ်။ သို့ပေမယ့် အခုအချိန်ဟာ ငြိမ်း ချမ်းရေးနဲ့အမျိုးသားပြန်လည်သင့်မြတ်ရေး တည်ဆောက်နေတဲ့အချိန်ဖြစ်တဲ့အတွက် ဖွဲ့စည်းပုံကိုအသစ်ပြန်ရေးဆွဲဖို့ ဆိုတာ အချိန်စောနေသေးတယ်လို့ မြင် ပါ တယ်” ဟု ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်ကပြောပါသည်။

ပြည်တွင်း၌ မွန်အမျိုသား နှီးနှောဖလှယ်ပွဲ ပထမဆုံး အကြိမ် ပြုလုပ်မည်

(ရွှေဟင်္သာသတင်းဌာန)

မွန်အမျိုးသား ညီညွတ် ရေးနှင့် လက်ရှိ နိုင်ငံရေး အခင်းအကျင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များတွင် မွန်တိုင်းသား တို့၏ အခန်း ကဏ္ဍ တစ်ရပ် ပါဝင် နိုင်ရေး ဆွေးနွေး ကြရန် အတွက် မွန်အမျိုးသား နှီးနှော ဖလှယ်ပွဲ တစ်ရပ်ကို မွန်ပြည်နယ် မော်လမြိုင် မြို့၌ ပထမဆုံး အကြိမ် ကျင်းပ သွားရန် စီစဉ် နေကြောင်း ဖြစ်မြောက်ရေး ကော်မီတီ ဥက္ကဋ္ဌက ပြောသည်။ 

“စက်တင်ဘာ ၂၈၊ ၂၉၊ ၃၀ သုံးရက်တာ လုပ်မှာပါ၊ နိုင်ငံရေး ပြောင်းလဲမှု အပေါ်မှာ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဘယ်လို ပူးပေါင်း လုပ်ဆောင် နိုင်မလဲ ဆိုတာရယ်၊ တမျိုးသားလုံး ညီညွတ်ရေး အဲဒီ အခြေခံ သဘော တူညီချက်တွေ ရရှိဖို့ အဓိက ရည်ရွယ် ထားပါတယ်” ဟု ဖြစ်မြောက်ရေး ကော်မီတီ ဥက္ကဋ္ဌ ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

ကလို့ထူးဘော စစ်ဌာနချုပ်မှ ဗိုလ်ကြီးကို လက်နက်ကိုင်ဆောင် ခြိမ်းခြောက်မှုဖြင့် ရဲက တရားစွဲမည်

(Mizzima)

ကလို့ထူးဘော စစ်ဌာနချုပ်မှ ဗိုလ်ကြီးတစ်ဦးကို နယ်ကျော် လက်နက်ကိုင်ဆောင်ပြီး ခြိမ်းခြောက်မှုဖြင့် တရားစွဲရန် သြဂုတ် ၂၀ ရက်က သန်လျင်ရဲစခန်း၌ အမှုဖွင့်လိုက်ကြောင်း မြို့နယ်စခန်းမှူး ဒု-ရဲမှူး တင်လှက မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

သြဂုတ် ၅ ရက်ညက သန်လျင်မြို့နယ် ကျိုက်ခေါက်ဘုရားလမ်း မြို့ဝင်ကြေး ကောက်ခံရေးစခန်းအနီးတွင်
ရေကြောင်းတက္ကသိုလ်မှ ကျောင်းသားကြို/ပို့ယာဉ်ကို အနက်ရောင် ကိုယ်ပိုင်ကားတစ်စီးက ပိတ်ရပ်ထားရာမှ ထိုကိစ္စ စတင်ဖြစ်ပွားခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်း ရဲဌာန၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

Wednesday, August 21, 2013

နမ့်ခမ်းမြို့ တောင်ဖြိုမှုကြောင့် ပျက်စီးလယ်မြေများကို သတ္တုတွင်းဝန်ကြီးကွင်းဆင်းစစ်ဆေး

 

တောင်ဖြိုမှုမှ နှုန်းမြေများကြောင့် လယ်မြေ ၊ သီးနှံပျက်စီးမှုအပေါ် သျှမ်းပြည်နယ်အစိုးရ သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး / ကျားဖြူပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းမှ ကွင်းဆင်းကြည့်ရှုစဉ်  လာမည့်ရွေးကောက်ပွဲတွင် ကျားဖြူပါတီကိုပါ ဆက်လက်မဲ ပေးကြရန် လူထုကို တပါတည်းတိုက်တွန်းခဲ့သည်ဟု နမ့်ခမ်းမြို့ခံများကပြောပါသည်။

ရန်ကုန်တိုင်းဒေသကြီး သျှမ်းလူဦးရေစာရင်း စတင်ကောက်ယူ



ရန်ကုန်မြို့ သျှမ်းစာပေယဉ်ကျေးမှုကော်မတီနှင့် သျှမ်းလူမှုအဖွဲ့အစည်း သျှမ်းနိုင်ငံရေးပါတီများ စု ပေါင်းဖွဲ့စည်းလိုက်သော သျှမ်းလူဦးရေကောက်ယူမှုကော်မတီက ရန်ကုန် တိုင်းဒေသကြီးအတွင်း နေ ထိုင်သော သျှမ်းလူဦးရေစာရင်း ကောက်ယူနေပါသည်။

“သြဂတ်စ်လ ၂၀ ရက်နေ့ မနေ့က စပြီးကောက်နေတယ်။ ရန်ကုန်တိုင်းဒေသမှာ သျှမ်းလူမျိုး ဘယ်လောက်ရှိလဲ သိရအောင်လို့။ နောက်တခု  နာမည်ရှေ့မှာ ဗမာလိုဖြစ်နေတဲ့ ဦး-ကို-မောင်-မအစား သျှမ်းအသွင်ဆောင်တဲ့ စိုင်း-လုံး-နန်း-ပါ တို့ကိုပြောင်းနိုင်ဖို့ပါ။ သျှမ်းဖြစ်ပြီး မှတ်ပုံတင် မှာတခြားလူမျိုး နာမည်ဖြစ်နေတာကို သျှမ်းလူမျိုးအဖြစ်ပြန်ပြောင်းနိုင်ဖို့ပါ” ဟု ကော်မတီဝင်လူငယ် စိုင်းလျဲန်း ကပြောသည်။

ကရင် ငြိမ်းချမ်းရေး ကောင်စီနှင့် ၈၈ မျိုးဆက်တို့ တွေ့ဆုံ

(ရွှေဟင်္သာသတင်းဌာန)

ငြိမ်းချမ်း ရေးနှင့် အမျိုးသား ပြန်လည် သင်မြတ်ရေး ရည်စူးပြီး၈၈ မျိုးဆက် ခေါင်းဆောင် များနှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNLA-PC) ကိုယ်စားလှယ် တို့သည် ယနေ့ နံနက်၁၀ နာရီခွဲတွင် ရန်ကုန် သင်္ကန်းကျွှန်း မြို့နယ်ရှိ ၈၈ မျိုးဆက် ရုံး၌ (၁) နာရီကြာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြ သည်ဟု ၈၈ မျိုးဆက် အဖွဲ့မှ တိုင်းရင်းသား ရေးရာ တာဝန်ခံ ကိုမြအေး က ဆိုပါသည်။

“ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး အခက်အခဲ မရှိပဲ အဆင်ေ ပြေပြီး ချောမွေ့အောင် တိုင်းရင်းသား တွေအတွက် တန်းတူ ညီမျှတဲ့ အခွင့် အရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် ဆိုတဲ့စနစ် တခုကို သွားဖို့ ဆွေးနွေး ကြပါတယ်။ ပြီးတော့ ရေရှည်မှာ အပြန်အလှန် ဆက်ဆံရေးနဲ့ ပတ်သတ်ပြီး တိုင်းရင်းသား တွေရဲ့ လိုအပ်ချက် တွေကို ဆွေးနွေး ကြပါတယ်ဟု ဆိုပါသည်။

မိမိနေအိမ်အတွင်း ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ့စစ်ခေါင်းဆောင်အကျယ်ချုပ်ခံရ



တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ တွင် နေထိုင်သည့် ပြည်သူ့စစ်ခေါင်းဆောင် တဦး၏နေအိမ်အတွင်း ဗုံးပေါက်ကွဲမှုကြောင့် ၎င်းအားလိုအပ်လျှင်စစ်ဆေးနိုင်ရေးအတွက် မြို့ပြင်၊ တခြားသို့ ခရီးသွားခြင်းမပြုရန် ရဲတပ်ဖွဲ့ နှင့် စစ်တပ်တို့က ညွှန်ကြားထားသည်ဟု ဆိုသည်။


“ဗုံးတလုံးကွဲသွားတယ်။ အမှုစစ်တော့ တခြားလက်နက်တွေ၊ ဗုံးတွေ ထပ်တွေ့တယ်။ သေသူရဲ့ မိသားစုက မကျေနပ်လို့ တိုင်တန်းလို့ ဒီကိစ္စထပ်ပေါ်လာတာ။ အဲဒါကြောင့် တာလေ ပြည်သူ့စစ်ခေါင်းဆောင် အကျယ် ချုပ်ခြင်း ခံရတာပါ” - ဟု အမည်မဖေါ်လိုသည့် ရဲအရှိငယ်တဦးကပြောသည်။

နယ်ခြားစောင့်တပ်နှင့် KNU တို့ ပစ်ခတ်မှုပဋိပက္ခ KNU စစ်ဦးစီးချုပ်ကိုယ်တိုင် ဖြေရှင်းမည်

(Mizzima)

ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်တွင် နယ်ခြားစောင့်တပ် BGF နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ ပဋိပက္ခဖြစ်ပွားကာ အပြန်အလှန် ပစ်ခတ်မှုအတွက် KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီကိုယ်တိုင် ဖြေရှင်း
ဆောင်ရွက်မည်ဟု KNU ကာကွယ်ရေးဌာန တာဝန်ခံဗိုလ်မှူးကြီး ပဒိုစောရောဂျာခင်က ပြောသည်။

BGF သုံးနှစ်မြောက် တပ်မွေးနေ့ အခမ်းအနား သွားတက်ဖြစ်ရင်းနဲ့ ဒီကိစ္စကို ညှိနှိုင်းဖြေရှင်းကြဖွယ် ရှိနေ ပါတယ်။ အသေးစိတ် ဖြေရှင်းချက်ကိုတော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီ ပြန်ရောက်လာမှ သိနိုင်မယ်”ဟု ဗိုလ်မှူးကြီး စောရောဂျာခင်က မဇ္ဈိမကို ပြောသည်။

၃နှစ်မြောက် ကရင်နယ်ခြားစောင့် တပ် နှစ်ပတ်လည်ပွဲ KNU စစ်ဦးစီးချုပ် တက်ရောက်

(ကေအိုင်စီ)

ကရင်ပြည် နယ်၊ မြ၀တီမြို့ နယ်၊ ရွှေကုက္ကိုမြိုင်
ကျေးရွာ တွင် ယနေ့ ကျင်းပပြု လုပ်သည့် ကရင်နယ်ခြားစောင့် တပ်(BGF)၏ ဖွဲ့ စည်း တည်ထောင်ခြင်း ၃နှစ်မြောက် နှစ်ပတ် လည်နေ့ အခမ်းအနား သို့ ကရင်အမျိုးသား အစည်းအရုံး(KNU) စစ်ဦးစီးချုပ် ဗိုလ် ချုပ်ကြီးစောဂျော်နီနှင့် ကေအဲန်ယူ ခေါင်းဆောင် တစ်ချို့ တက်ရောက်ခဲ့ကြသည်။


နယ်ခြားစောင့် တပ် (BGF)၏ ဖိတ်ကြားချက်အရ သွား၍တက်ရောက်ခြင်းဖြစ်သကဲ့သို့ ကရင်လူမျိုးအချင်းချင်း နားလည်မှု တည် ဆောက်ရန်အတွက် ရည်ရွယ်ပြီး တက်ရောက်ခြင်းလည်းဖြစ်သည်ဟု ထိုအခမ်းအနားသို့ ကိုယ်တိုင် တက်ရောက်ခဲ့သူ KNU ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက ကေအိုင်စီသို့ ပြောသည်။ 

မြ၀တီမြို့နယ်ရှိ ဒေသခံ တစ်ဦးကို မြန်မာစစ်တပ် ခြိမ်းခြောက်ပစ်ခတ်

(ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် အူကလေး ထာ့ကျေးရွာတွင် လက်ရှိ လာရောက်လှုပ်ရှား နေသည့် မြန်မာအစိုးရစစ်တပ်က ၎င်း တို့ကို ထော်လာဂျီကားဖြင့် အကြိုအပို့ လုပ်ပေးနေသည့် ဒေသခံတစ်ဦးအား သေနတ်ဖြင့် ခြိမ်းခြောက်ပစ်ခတ်ခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။


ယခုလ ၁၅ရက်၊ နံနက် ၈နာရီကျော်အချိန်၌ မြန်မာအစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်(စကခ-၁၂) လက်အောက်ခံ ခြေမြန် တပ်ရင်း(ခမရ-၂၃၀) ဒုရင်းမှူးဗိုလ်မှူးမင်းစိုးသည် အူကလေးထာ့ရွာသား စောကိုလင်း၏ ထော်လာဂျီကားကို လုပ်အားပေး ခေါ်ယူခဲ့ရာမှ အရောက်နောက်ကျသဖြင့် ယင်းသို့ ခြိမ်းခြောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းအခြေစိုက် သတင်းအေဂျင်စီတခုအား ဘီအဲန်အိုင် အဖွဲ့ဝင်အသစ်အဖြစ်လက်ခံ

 

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ၅ ရက်တာကာလ ကျင်းပခဲ့သော (လွတ်လပ်သော တိုင်းရင်းသားသတင်း မီဒီယာ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့်) ဘီအဲန်အိုင် BNI နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ အကြိမ် ၂၀ မြောက် အစည်းအဝေးမှ သံလွင်တိုင်း(မ်) ဂျာနယ်အား အဖွဲ့ဝင်သစ် အဖြစ် လက်ခံလိုက်ပါသည်။

ဘီအဲန်အိုင်၏ (၆ လ ပတ်) အကြိမ် ၂၀ မြောက်အစည်းအဝေးမှ ထုတ်ပြန်သည့်ကြေငြာချက်တွင်လည်း ပြည်တွင်းအခြေ စိုက်သတင်း ဂျာနယ်ကို အဖွဲ့ဝင်အဖြစ် လက်ခံကြောင်း ဖော်ပြထားသည်။

စိုက်ခင်းသွားတောင်သူတဦး ဓါးပြတိုက် သတ်ဖြတ်ခံရ

 

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သျှမ်းပြည်တောင်ပိုင်း  ဆီဆိုင်မြို့နယ်အတွင်း ငရုပ်စိုက်ခင်းသွားသည့်ဒေသခံ ရွာသူ တဦး အမည်မသိအဖွဲ့တဖွဲ့၏ ပစ်သတ်ခြင်းခံရကြောင်း စုံစမ်းသိရှိရသည်။

ယခုလ ၁၇ ရက် ညနေ ၆ က တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် တဘက် (တမ်ဖတ်ခ်) အုပ်စုအတွင်းရှိ နောင်ခုံးရွာသူ  ဒေါ်နန်းဖဲ (အသက် ၄၃) နှစ်အား မျက်နှာဖုံးစွပ်ထားသည့်  လူဆိုး ၂ ယောက်က သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဆီဆိုင်ဒေသခံ ဦးခမ်းက ပြောပါသည်။

Tuesday, August 20, 2013

BGF အသွင်ပြောင်းလဲမှု ဗိုလ်မှူးချုပ် စောချစ်သူ ရှင်းလင်း

(ဧရာဝတီ)

အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ရှိ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) အမှတ် (၃) တပ်နယ်မှူး ဗိုလ်မှူးချုပ် စောချစ်သူ က ၎င်းတို့ အနေဖြင့် နယ်ခြေားစောင့်တပ် အဖြစ် အသွင်းပြောင်းခဲ့ရပုံကို ယနေ့ ရှင်းလင်း ပြောဆိုလိုက်သည်။

ဗိုလ်မှူးချုပ် စောချစ်သူ သည် ကရင်ပြည်နယ် နယ်ခြားတပ်များ၏ ဗဟို ကွပ်ကဲရေး၊ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သည်။

အစိုးရ တပ်မတော်နှင့် ကရင် လက်နက်ကိုင် တပ်များ မူးယစ်ဆေးဝါး၌ ပတ်သက်နေဟု KHRG အစီရင်ခံစာဆို

(ရွှေဟင်္သာသတင်းဌာန)



ကရင် ပြည်နယ် တွင်းရှိ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု များ၌ ကရင်လက်နက်ကိုင် တပ်များနှင့် အစိုးရ တပ်မတော်တို့ ပါဝင် ပတ်သက်မှု ရှိနေကြောင်း သြဂုတ်လ (၁၄) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကရင် လူ့အခွင့် အရေး အဖွဲ့ (KHRG) ၏ အစီရင် ခံစာ တစ်ရပ်၌ ဖော်ပြ ထားပါသည်။

တိုင်းရင်းသားမီဒီယာအခွင့် အရေးအတွက် ဘီအဲန်အိုင် တိုးမြှင့်ဆောင်ရွက်မည်

(ကေအိုင်စီ)

တိုင်းရင်းသား မီဒီယာများ၏ အခွင့် အရေး ကာကွယ်မြှင့် တင်ရေး အတွက် နိုင်ငံ တကာမြန်မာ့ သတင်း(ဘီအဲန်အိုင်) က တိုးမြှင့် ဆောင်ရွက် သွား မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ တွင် ကျင်းပခဲ့သည့် အကြိမ် ၂၀မြောက် ဘီအဲန်အိုင် နှစ်ပတ်လည် အစည်းအဝေးအပြီး ယနေ့ သြဂုတ်လ ၁၉ရက်နေ့တွင် သတင်းထုတ်ပြန် လိုက်သည်။ 

၆၆ နှစ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနား ပြည်တွင်း၊ ပြည်ပများ၌ ကျင်းပ ကြမည်

(ရွှေဟင်္သာသတင်းဌာန)



နက်ဖြန် သြဂုတ်လ (၂၁) ရက်နေ့တွင် ကျရောက်မည့် (၆၆) နှစ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားအား ပြည်တွင်း ပြည်ပ များ၌ အသီးသီး ပြုလုပ် ကျင်းပ သွားကြရန် ရှိကြောင်း သိရှိ ရသည်။

ပြည်တွင်းမှ မွန်ပြည်သူ လူထုများ၊ ရဟန်းသံဃာ များမှ ဦးဆောင်၍ မွန်ပြည်နယ် မုဒုံမြို့နယ် ဝင်းစိန် (ဗျိုင်းနှစ်ကောင်) ကျောင်းတိုက်၌ တစ်နေရာ၊ ပေါင်မြို့၌ တစ်နေရာ၊ ရေးမြို့ မြောက်ပိုင်းတွင် တစ်နေရာနှင့် ရန်ကုန်မြို့ရှိ မွန်ဓမ္မာရုံ အတွင်း၌ တစ်နေရာ ကျင်းပ ကြမည် ဖြစ်သည်။

မစ္စတာ ကင်တားနား၏ ရှမ်းမြောက် နမ့်ဆန်မြို့ ခရီးစဉ်

(ရွှေဟင်္သာသတင်းဌာန)



ကုလ သမဂ္ဂ၏ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ်အိုဟေး ကင်တားနား သည် ယနေ့ နံနက် (၉) နာရီ အချိန်တွင် ရှမ်းမြောက်ပိုင်း နမ့်ဆန် မြို့သို့ ရောက်ရှိ လာပြီး မြို့မှ တာဝန် ရှိသူများ၊ မြို့မိ မြို့ဖ များနှင့် ဧည့်ရိပ်သာ ခန်းမ အတွင်း၌ တွေ့ဆုံ သွားခဲ့ကြောင်း အခမ်းအနား တက်ရောက်သူ မြို့မိမြို့ဖ တစ်ဦးက ပြောသည်။

သူတို့ သိချင်တဲ့ မေးခွန်း လေးတွေ မေးသွား ပါတယ်။ တိုင်းရင်းသား အရေးတွေရဲ့ လက်ရှိ အခြေအနေ၊ ငြိမ်းချမ်းရေး အခြေအနေ၊ ဒုက္ခသည် ရှိမရှိ မေးမြန်း သွားပါတယ်ဟု ဆိုပါသည်။

လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနား ပလောင် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံ

(Mizzima)

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားသည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပလောင် ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရဒေသမှ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြောင်း ယင်းအဖွဲ့အစည်း ကိုယ်စားလှယ်များ
ကပြောသည်။

Monday, August 19, 2013

နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်သေးခင်ကြားကာလ မူးယစ်ဆေးဝါးပြဿနာ ပစ်မထားသင့်ဟု RCSS/SSA ပြော

 

“နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မှ မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းနိုင်မည်” ဆိုသည်မှာ မှန်ကန်သော် လည်း နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်သေးမီ ကြားကာလ၌ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင် ရန် နည်းလမ်းရှာထားသင့်သည်ဟု RCSS/SSA က ပြောပါသည်။

ယနေ့အချိန် ပြည်သူလူထုက မူးယစ်ဆေးဝါးအန္တရာယ်ကို ကြီးကြီးမားမား ရင်ဆိုင်နေကြရသည့်အ တွက် နည်းလမ်းရှာဖွေကာ ဖြေရှင်းသင့်ကြောင်း RCSS/SSA ၏ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှု ခရီးစဉ်’’စာအုပ်၌ ရေးသားထားသည်။

အစိုးရတပ်နှင့် SSPP တိုက်ပွဲဖြစ် ပြောင်းခြံတောင်သူလက်နက်ကြီးကျည်စ ထိမှန်



သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်၌ ပြီးခဲ့သည့်ကြာသပတေးနေ့ကဖြစ်ပွါးသော မြန်မာ့တပ်မတော်နှင့်
သျှမ်းပြည် တပ်မတော်တိုက်ပွဲတွင် မြန်မာစစ်တပ်က ပြောင်းခြံထဲသို့လက်နက်ကြီးပစ်ချသဖြင့်  ပြောင်းခြံ
တောင်သူလက်နက်ကြီးဆံ ထိမှန်ပြီး လင်ယောက်ျားမှာ စစ်ကြောင်းနှင့်အတူ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံရ
သည်ဟု ဆိုပါသည်။

ငြိမ်းချမ်းရေးအတွက်ရိုးသားပွင့်လင်းဖို့ ၄၂ နှစ်မြောက် SSPP ပါတီထူထောင်ရေးနေ့၌ ဒု-ဗိုလ်ချုပ်ကြီးပန်ဖှပြော



၄၂ နှစ်မြောက် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ထူထောင်ရေးနေ့အခမ်းအနားအား သျှမ်းပြည်တောင်ပိုင်း
 ကျေးသီးမြို့နယ်ရှိ ဝမ့်ဟိုင်းဌာနချုပ်၌ ကျင်းပရာ  ခေါင်းဆောင်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးပန်ဖှက ‘ငြိမ်းချမ်း
ရေးအတွက်ရိုးသားပွင့်လင်းမှုရှိဖို့’ တပ်ထု နှင့် လူထုအား ပြောကြားခဲ့ပါသည်။


ကေအဲန်ယူနှင့် ဘီဂျီအက်ဖ် တိုက်ပွဲကိစ္စ နှစ်ဖက်တုံ့ပြန်မှု ကွဲပြား

(ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ထီးသဒေါင့်ထာ့ကျေးရွာအုပ်စုရှိ ၀ဲကြီးနေရာ၌ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) လက် အောက်ခံတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ် (ဘီဂျီအက်ဖ်)တို့အကြား ယမန်နေ့ နံနက် ၃နာရီကျော်က ဖြစ်ပွားခဲ့ရာ တိုက်ပွဲနှင့်ပတ် သက်၍ နှစ်ဖက်အဖွဲ့များ၏ ထွက်ဆိုမှုမှာ ကွဲပြားလျှက်ရှိသည်။



ယင်းတိုက်ပွဲတွင် ဘီဂျီအက်ဖ်ဘက်က ၎င်းတို့တပ်ဖွဲ့၏ ၀ဲကြီးစခန်း အလစ်ငိုက် အတိုက်ခိုက်ခံရကြောင်း ပြောသော်လည်း ကေအဲန်ယူဘက်က ၎င်းတို့သတ်မှတ်နယ်မြေအတွင်း ၀င်ရောက်လှုပ်ရှားသောကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း ပြော ဆိုခဲ့ကြသည်။

ပစ်ခတ်မှုကိစ္စ KNU နှင့် BGF တို့ တွေ့ဆုံဆွေးနွေး

(ရွှေဟင်္သာသတင်းဌာန)



နှစ်ဖက် ပစ်ခတ်မှုနှင့် ပါတ်သက်ပြီး ဖြေရှင်းရန် ကရင် အမျိုးသား အစည်းအရုံး (KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂျော်နီအဖွဲ့ နှင့်အစိုးရ နယ်ခြား စောင့်တပ် (BGF)မှ  ဗိုလ်ချုပ် စောထွန်းလှိုင် တို့သည်ယနေ့ နေ့လည်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ ကြသည်ဟု BGF မှ သတင်းနှင့် ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူး နိုင်မောင်ဇော်က ဆို ပါသည်။ 

ကျနော်တို့ ဘက်ကတော့  ဒီလို ပစ်ခတ်မှုက မဖြစ်သင့်တော့သလို နောင်လည်းမဖြစ်ဖို့ပါ။ အခုအချိန်က အချင်းချင်း ငြိမ်းချမ်းရေးအတွက်အားလုံး ကြိုးပမ်းနေချိန်မှာ ဖြစ်စဉ်က အလွန်တရာမှ ရုပ်ဆိုး အကြည်းတန်စေပါတယ်။ ကျနော်တို့ဘက်က လွန်ရင် ကျနော်တို့ အရေးယူမှာပါ။ အခုကိစ္စမှာ KNU ဘက်က သူတို့ အစည်းအဝေး ပြန်ခေါ်ပြီး ပြန်ညှိ နှိုင်းပေးမယ်လို့ဟု ဆိုပါသည်။

ကင်တားနား လားရှိုး ခရီးစဉ်၌ ပလောင် ဒေသ မူးယစ်ဆေးဝါး ကိစ္စ တင်ပြဖွင့် မရ

(ရွှေဟင်္သာသတင်းဌာန)



သြဂုတ်လ (၁၈) ရက်နေ့၌ ရှမ်းပြည်နယ် လားရှိုး မြို့သို့ သွားရောက် ခဲ့သည့် ခရီးစဉ် အတွင်း၌ ပလောင် အမျိုးသမီး အဖွဲ့ (PWO) မှ ပလောင် ဒေသ တွင်း၌ မူးယစ် ဆေးဝါး သုံးစွဲ၊ ရောင်းဝယ် ဖောက်ကားမှု အခြေအနေ များကို တင်ပြခဲ့သည့် အပေါ် မစ္စတာ ကင်တားနားမှ တင်ပြခွင့် မပေး ခဲ့ကြောင်း ၄င်းတွေ့ဆုံ ပွဲကို တက်ရောက် ခဲ့သည့် တအာင်း ကျောင်းသား လူငယ် အဖွဲ့မှ မိုင်းမျိုးအောင်က ပြောသည်။

သူ့အနေနဲ့ ဒီမူးယစ် ဆေးဝါး ကိစ္စနဲ့ တိုက်ရိုက် ပတ်သက်မှု မရှိဘူး၊ မတင်ပြ ပါနဲ့လို့ ပြောသွား ပါတယ်၊ အခြား လူ့အခွင့် အရေး ချိုးဖောက်ခြင်း ခံရတဲ့ ကိစ္စ တွေကိုပဲ တင်ပြ ပါလို့ ပြောပါတယ်ဟု တအာင်း ကျောင်းသားနှင့် လူငယ် အဖွဲ့ (TSYU) မှ အတွင်းရေးမှူး (၂) မိုင်းမျိုးအောင်မှ ပြောသည်။