Monday, August 19, 2013

ငြိမ်းချမ်းရေးအတွက်ရိုးသားပွင့်လင်းဖို့ ၄၂ နှစ်မြောက် SSPP ပါတီထူထောင်ရေးနေ့၌ ဒု-ဗိုလ်ချုပ်ကြီးပန်ဖှပြော



၄၂ နှစ်မြောက် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ထူထောင်ရေးနေ့အခမ်းအနားအား သျှမ်းပြည်တောင်ပိုင်း
 ကျေးသီးမြို့နယ်ရှိ ဝမ့်ဟိုင်းဌာနချုပ်၌ ကျင်းပရာ  ခေါင်းဆောင်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးပန်ဖှက ‘ငြိမ်းချမ်း
ရေးအတွက်ရိုးသားပွင့်လင်းမှုရှိဖို့’ တပ်ထု နှင့် လူထုအား ပြောကြားခဲ့ပါသည်။



“စဝ်ပန်ဖှာ့ရဲ့ မိန့်ခွန်းက စကားလုံးအတိအကျတော့ ကျနော်လဲ မမှတ်မိ
ဘူး။ ကျနော်သဘောပေါက်တာက ‘လူအဖွဲ့အစည်း၊ တပ်မတော် ရဲ့
 ရိုးသားပွင့်လင်းမှုက လက်တွေ့ အလုပ် လုပ်တဲ့နေရာမှာ သက်သေပြ
တယ် စတာတွေ သုံးချက်ပါတယ်။ ရိုးသားပွင့်လင်းဖို့ ဆိုတာ အကြိမ်ကြိမ်
ထည့်ပြောသွားတာကို ကြားခဲ့ရတယ်” - ဟု အခမ်းအနားတက်ရောက်သူ
လားရှိုးမြို့ခံ ခိင်း(ဦး)လိုင်းဆိုင်ကပြောသည်။

၂၀၁၃ ခုနှစ် ဩဂတ်စ် ၁၆ ရက် ကျရောက်သည့် မြောက်ပိုင်း သျှမ်းပြည်
တပ်မတော် ၏ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ၄၂ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား၌ ပါတီဥက္ကဌ
ဖြစ်သူ ဒုတိယ​ဗိုလ်ချုပ်ကြီးပန်ဖှက အချက် ၃ ချက်ပါ မိန်းခွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။


(၁) ရိုးသားပွင့်လင်းမှုရှိရမည်၊ (၂) ရိုးသားပွင့်လင်းမှုရှိမှ ယုံကြည်မှုတည်ဆောက်နိုင်မည်၊ (၃) ယုံကြည်မှု တည်
ဆောက်နိုင်မှ စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်မည် - စသည်တို့ဖြစ်သည်။

“ကျနော်တို့ ခေါင်းဆောင်ကြီးပြောသွားတာက အပြောနဲ့ အလုပ် ထပ်တူဖြစ်ဖို့ပေါ့ဗျာ၊ ကျနော်တို့ တပ်မတော်ဟာ
လူထုရဲ့ သားသမီးဆီကနေ ပေါက်ဖွားလာတယ်။ လူထု ထောက်ပံ့ မှု ရယူခဲ့တယ်။ ဖြစ်စဉ်တိုင်းလူထုကို တင်ပြရှင်း
မယ်။ အကူအညီတောင်းမယ်။ များများဝေဖန်အကြံအဉာဏ်ပေးကြပါလို့ လူထုကို တောင်းဆိုတယ်” - ဟု
အမည်မပြောလိုသည့် တပ်မှူး ကြီးတဦးက ပြောသည်။

အဆိုပါ အခမ်းအနားတွင် ခေါင်းဆောင်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ပန်ဖှ အပြင် နာယက ဖြစ်သူ ထောင်ဒဏ်
၁၀၆ ပြစ်ဒဏ်ချခံရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ဒုတိယ ဗိုလ်ချုပ် ကြီး ဆေထဲင်လဲ သျှမ်းပြည်တပ်မတော်
SSA သျှမ်းပြည်တိုးတက်ရေးပါတီ SSPP စတင်ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းအား ပြောကြားခဲ့သည်ဟုလည်း
သိရသည်။

မြောက်ပိုင်းသျှမ်းပြည်တပ်မတော် SSA အား ယောင်ဟွေ့(ညောင်ရွှေ)စော်ဘွား မဟာဒေဝီ စဝ်မယ့်နန်းဟိန်းခမ်း
က ၁၉၆၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ကိုမူ ယောင်ဟွေ့မဟာဒေဝီ
၏သား စဝ်စန့်ယောင်ဟွေ့နှင့် စဝ်ဆိုင်စစ် ခေါ် ခွန်ကြာနုတို့က ဦးဆောင်ပြီး ၁၉၇၁ တွင်ဖွဲ့စည်းခဲ့ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။