Friday, January 31, 2014

တိုင်းရင်းသားစာပေများ ကျောင်းတွင်းသင်ကြားခွင့်မရမှု “ဗမာတစ်ကျပ်၊ တိုင်းရင်းသားတစ်ကျပ်” ဖြစ်ရန်လို

(Mizzima)

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂ပါ ပြဋ္ဌာန်းချက်အား ဆန့်ကျင်နေသည့် ပညာရေးဝန်ကြီးဌာန၏ ၂၀၁၄- ၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ တိုင်းရင်းသားစာပေကို ကျောင်းပြင်ပ၌သာ သင်ကြား ခွင့်ပြုသည့် မူဝါဒအပေါ် “ဗမာ တစ်ကျပ်၊ တိုင်းရင်းသားတစ်ကျပ်” ဟူသည့် သာတူညီမျှဖြစ်ရေးအတွက် လိုအပ်နေကြောင်း ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပေါလ် ထန်ထိုင်းက ပြည်ထောင်စု အစိုးရသို့ လွှတ်တော်မှတစ်ဆင့် ဝေဖန်ထောက်ပြခဲ့သည်။

တနိုင်ငံလုံးအပစ်ရပ်ရေး ရှမ်းပြည်တပ်မတော်နှင့် အစိုးရ ဆွေးနွေး

(DVB)

တနိုင်ငံလုံးအပစ်ခတ် ရပ်ရေးဆိုင်ရာ မူဘောင်တွေနဲ့ ပတ်သက်ပြီး ရှမ်းပြည် တပ်မတော် တောင်ပိုင်းအဖွဲ့နဲ့ ၀န်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ မနက်ပိုင်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ကရင်ပြည်နယ် ကေအန်ယူ ထိန်းချုပ်ဒေသ လောခီးလာမှာ ကျင်းပသွားတဲ့ တပြည်လုံး အပစ်ခတ်ရပ်ရေးဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲပေါ်မှာ ပြန်ညှိနှိုင်း ဆွေးနွေးတာလို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

နယ်မြေအတွင်း ဘိန်းခင်း ဖျက်စီးခံရသူများကို ကူညီပေးရန် အစီအစဉ် မရှိသေးကြောင်း TNLA တုံ့ပြန်

(Mizzima)

တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ မူးယစ်ဆေးဝါး နှိမ်နင်းရေး စီမံချက်ကြောင့် ဘိန်းခင်းများ ဖျက်စီးခံခဲ့ရသော သူများက ကျေနပ်မှု မရှိသည့်အတွက် ဖြေရှင်းပေးပါရန် လာရောက် တောင်းဆိုမှုများ ရှိနေသော်လည်း ဘတ်ဂျက်နှင့် ရပ်တည်ချက်များအရ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးဟု TNLA အထွေထွေ အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က ဇန်နဝါရီ ၃၀ တွင် မဇ္ဈိမကို ပြောသည်။

၎င်းက “ ကျွန်တော်တို့ ရပ်တည်ချက်က မူးယစ်ဆေးပါး နှိမ်နှင်းဖို့က အဓိကပါပဲ။ အစားထိုးသီးနှံ လုပ်ပေးဖို့ ဘတ်ဂျက်မရှိဘူး။ ဒါကြောင့် မကူညီနိုင်သေးပါဘူး" ဟု ဆိုသည်။

Thursday, January 30, 2014

ပြည်တွင်းစစ်အဆုံးသတ်ရေး ငြိမ်းချမ်းသောနည်းလမ်းဖြင့် အဖြေရှာရန် KNU ဥက္ကဋ္ဌ တိုက်တွန်း

(KIC)

မြန်မာနိုင်ငံ တွင် နှစ်ပေါင်း (၆၀)ကျော်ကြာ ဖြစ် ပွားနေသော ပြည်တွင်း စစ် အဆုံး သတ်ရေး ကို ငြိမ်းချမ်း သည့် နည်းလမ်းဖြင့် အဖြေ ရှာရန် ကရင် အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) ဥက္ကဋ္ဌ စောမူ တူးစေးဖိုး က ယခု ဇန်န၀ါရီ ၃၁ ရက်နေ့ တွင် ကျရောက်မည့် ၆၅ နှစ်မြောက် ကရင့်အမျိုး သားတော်လှန်ရေးနေ့ အတွက် ပေးပို့သည့် မိန့်ခွန်း တွင် ပြောကြား လိုက်သည်။

Tuesday, January 28, 2014

ဝ ဒေသတွင် ပထမဆုံးအကြိမ် သန်းခေါင်စာရင်း ကောက်မည်

(DVB)

ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလူမျိုးတမျိုးဖြစ်တဲ့ ၀ ဒေသမှာ တကြိမ်တခါမှ မရှိခဲ့ဖူးသေးတဲ့ လူဦးရေနဲ့ သန်းခေါင်စာရင်းကောက်ယူရေးကို တခြားဒေသတွေထက် စောပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။

သျှမ်း/မြောက်မှာ ၂၈ မိုင်သာ ရှည်သောခရီး တခု ဝါးတန်းဂိတ် ၂၂ ခု ပေးနေရသေး



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်း ၂၈ မိုင်သာရှည်သော ခရီးတခုတွင် ဒေသအတွင်း လက်နက်ပိုင်း တပ်ဖွဲ့များမှ လမ်းကြေး စောင့်ကောက်သည့် ဝါးတန်းဂိတ် ၂၂ ခု ရှိသည်ဟု ဒေသခံများက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှ အနောက်တောင်ဘက်ရှိ မိုင်းဝီးကျေးရွာအုပ်စုသို့လမ်းခရီး ၂၈ မိုင်သာ ရှည် သော်လည်း  ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့များထောင်ထားသော ဂိတ် ၂၂ ခု ရှိကြောင်း၊ အဆိုပါဂိတ်များအတွက် ဂိတ်ကြေး ကျပ်ငွေ ၂၀၀၀ မှ ကျပ် ၄၀၀၀၀ ကျော်အထိ ပေးဆောင်နေရ သောကြောင့် ဝမ်းရေးအတွက် မြို့ပေါ် ဈေးရောင်းထွက်ရန် အခက်အခဲ ကြုံတွေ့နေရသည်ဟုဆိုသည်။


တနိုင်ငံလုံးဆိုင်ရာ ကရင်လူငယ် ဆွေးနွေးပွဲ စတင်

(DVB)

မြန်မာနိုင်ငံ ဒေသ အသီးသီး က ကရင်လူငယ်တွေ တွေ့ ဆုံဆွေးနွေးပွဲ ကို ကရင်ပြည် နယ် ကော့ ကရိတ်မြို့နယ် ကောင်းမှုကျေးရွာ မှာ ဒီနေ့မနက်ပိုင်း က စတင် ကျင်းပနေပါတယ်။

ကရင်ပြည်နယ်၊ မွန်ပြည် နယ် နဲ့ ရန်ကုန်၊ ဧရာ ၀တီ၊ တနင်္သာရီ၊ ပဲခူး အစရှိတဲ့ တိုင်းဒေသ ကြီးထဲ က လူငယ်အဖွဲ့အစည်း ကိုယ်စား လှယ်တွေရော၊ အထက်မြန်မာပြည်နဲ့ တကွ ကရင် လက်နက် ကိုင် တပ်ဖွဲ့၊ ကရင်နိုင်ငံရေး ပါတီ အဖွဲ့အစည်းက လူငယ် ကိုယ်စားလှယ်တွေ စုစုပေါင်း ၄၀၀ နီးပါးလောက် လာရောက်ဆွေးနွေးနေကြတာပါ။

Monday, January 27, 2014

ရခိုင်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးကြီးထွန်းမြတ်နိုင်နှင့် တွေ့ဆုံခြင်း

(Mizzima)

တန်းတူညီတူ အခွင့်အရေးများကို ရရှိနိုင်ရေးနှင့် ဖိနှိပ်မှုများကို တွန်းလှန်ကာကွယ်ရန် လိုအပ် ချက် အရ ၂၀၀၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ရခိုင်ပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူး ကြီးထွန်းမြတ်နိုင်ကို ပြည်ထောင်စုစနစ်အရ ပေါ်ပေါက်လာမည့် ပြည်ထောင်စု တပ်မတော်တွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များပါဝင်နိုင်ရန် မည်သို့ဆောင်ရွက်ထားသည်၊ ဆောင်ရွက်မှုများ ရှိနေသည်နှင့် မည်သည့်ပုံစံမျိုး ပါဝင်သင့်သည်တို့ကို မဇ္ဈိမ သတင်းထောက် ဟိန်းကိုစိုးမှ တွေ့ဆုံမေးမြန်းထားသမျှ အချို့ကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာခဲ့မယ်ဆိုရင် စစ်ဦးစီးချုပ်တို့ဘက်က ဖြစ်ချင်တဲ့ပုံစံကို ဘယ် လိုရည်မှန်းထားပါသလဲ။

ပလောင်တပ်နဲ့ တိုက်ပွဲဖြစ် စစ်ကြောင်းမှူးနဲ့ ၄ ဦး ကျဆုံး

(RFA)

ပလောင်ပြည် နယ် လွတ်မြောက်ရေး တပ်ဦး PSLF/ TNLA တပ်ဖွဲ့တွေ နဲ့ အစိုးရ တပ်ဖွဲ့တွေ ဟာ မနေ့ မနက်ပိုင်း က ရှမ်းပြည်မြောက် ပိုင်း နမ့်ဆန်မြို့နယ် အနီးမှာ နှစ်ဖက် တိုက်ပွဲဖြစ် ပွားခဲ့ရာ အစိုးရ ဖက်က စစ်ကြောင်း မှူး အပါ အ၀င် ၅ ယောက် ကျဆုံးခဲ့ တယ်လို့ သိရပါတယ်။

TNLA တပ်ရင်း ၂၅၆ က တပ်ဖွဲ့ဝင်တွေဟာ၊ နမ့်ဆန်မြို့နယ် ၆ မိုင်ခန့်အကွာ ဟိုလရွာအနီးမှာ အစိုးရဖက်က စစ်ဆင်ရေး ကွပ်ကဲမှုဌာနချူပ် စကခ ၁ လက်အောက်ခံ ခမရ တပ်ရင်း ( ၅၀၆ ) က စစ်ကြောင်းနဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ PSLF အထွေထွေအတွင်းရေးမှူး ဒုဗိုလ်မှူးကြီး တာ့ဘုန်းကျော်က ပြောပါတယ်။

Sunday, January 26, 2014

မူးယစ် ဆေးဝါး အန္တရာယ် PSLF-TNLA တို့ကာကွယ်

ရွှေဟင်္သာ သတင်းဌာန

ပလောင် ပြည် နယ် လွတ်မြောက် ရေး တပ်ဦး (PSLF- TNLA) သည်  မူးရစ်ဆေး ၀ါးတိုက် ဖျက်ရေး အစီ စဉ် တရပ် အနေနှင့် ပြီးခဲ့သည့် ဇန္နာဝါရီ (၂၁) ရက်နေ့ တွင်ကျောက်မဲ-မိုးကုတ်-မိုးမိတ် မြို့နယ် များရှိ ဘိန်းစိုက်ခင်း များအား လိုက်လံ ဖျက်ဆီး ခဲ့ကြသည် ဟု (PSLF-TNLA) ပြန်ကြားရေး ဌာနမှ သတင်း ထုတ်ပြန် ထားပါသည်။

(PSLF-TNLA) ၏ မူးယစ် ဆေးဝါး တိုက်ဖျက် ရေးကော် မတီ  ဥက္ကဋ္ဌ ဗိုလ်မှူးကြီး  တာဂျုတ် ဂျားသည်  အထွေထွေ အတွင်းရေး မှူး ဗိုလ်မှူးကြီး တာဘုန်းကျော် တို့ နှင့်အတူ ကျောက်မဲ  မိုးကုတ် မိုးမိတ် မြို့နယ် အစပ်ရှိ တအာင် တို့ ၏ ဘိန်းခြံ စိုက်ဧက (၁၀၀) ခန့်ကို ဖျက်ဆီးပြီး  ဖြစ်သည်ဟု ဆိုပါသည်။

ပူးပေါင်းရေး အတွက် နေပြည်တော်၌ ဆွေးနွေးရန် SNLD အား SNDP ရက်ချိန်း



ပူးပေါင်းရေးအတွက် ကျားခေါင်းပါတီ ခေါ်  သျှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကမ်းလှမ်း ထားသည့်အတိုင်း တွေ့ဆုံ ဆွေးနွေးရန် အတွက် ကျားဖြူပါတီခေါ် သျှမ်း တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီမှ နေပြည်တော်တွင် တွေ့ဆုံရန် အကြောင်းပြန်စာ ပေးပို့ထားသည်ဟု သိရပါ သည်။



ဂျန္နဝါရီ ၃၀ ရက်နေပြည်တော် ယူနီစန်သီးသန့်ခန်း၌ မွန်းလွှဲ ၁ နာရီအချိန်တွင်တွေ့ဆုံရန် ကျားဖြူပါတီဥက္ကဌ စိုင်းဆောင်ဆီ မှ ဂျန္နဝါရီလ ၂၃ ရက် ရက်စွဲဖြင့် SNLD ထံသို့ အကြောင်းပြန်စာ ပေးပို့ခဲ့ခြင်းသည်။

Friday, January 24, 2014

ပအိုဝ်းနှင့် ရှမ်းပြည် ဆိုတာ

ရှမ်းပြည် ဆိုတာ ဗမာပြည်မနှင့် မပူပေါင်းသည့် အချိန်ထိ လွတ်လပ်တဲ့ အချုပ်ခြာအာဏာပိုင်တဲ့ တိုင်းရင်းသား ပေါင်းစု နယ်တခု ဖြစ်ပါတယ်။ အိမ်နီးချင်း စီယံ (ထိုင်း)၊ ဗမာ၊ လာအို ၊ တရုတ်တို့နှင့် ကူးလူဆက်ဆံမှုတွေ ရှိခဲ့ပါတယ်။
...

Thursday, January 23, 2014

တန့်ယန်းမြို့ အာဏာ ပိုင်နှင့် ဒေသ တွင်း ပြည်သူ့ စစ်ပေါင်း လောင်း ကစားရုံဖွင့်



သျှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့တွင် အာဏာ ပိုင်နှင့် ဒေသ တွင်း ပြည်သူ့စစ် ပူးပေါင်းပြီး လောင်း က စားရုံ ဖွင့် နေကြောင်း စုံစမ်း သိရှိရသည်။

တန့်ယန်းမြို့ လယ်ရှိ ရဲစခန်းနှင့် အထက် တန်းကျောင်း ကြား စည်ပင် သာယာ ပိုင် မြကန်သာ ပန်းခြံ အတွင်း ၌  HAPPY COUNTRY ခေတ်မှီ အားကစားကွင်း နာမည်ဖြင့် တီဗီဂိမ်းလောင်း ကစားစက် (ငါးမန်း ဂိမ်း) ထောင်  လောင်း ကစားလုပ် ကိုင်နေကြောင်း  ဒေသခံ စိုင်းအိုက် ကဆိုသည်။


အမိုးတို့နယ်မြေ အေးချမ်းပါစေ၊ ဖိုးခွားတို့ ကရင်ပြည်ကြီးလည်း လွတ်လပ်ပါစေ

(Mizzima)

“အော်ဆူလာဆိုက်” “တိုင်းရင်းသား ခေါင်းဆောင်ကြီးများ ကျန်းမာချမ်းသာကြပါစေ” “ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်ပါစေ” စသည့် ကရင်ကျေးရွာသူ၊ ကျေးရွာသား ကျောင်းသားကျောင်းသူများ၏ ကြွေးကြော်သံကို လမ်းတစ်လျှောက် ကျွန်တော်တို့ ကြားခဲ့ရပါတယ်။ သူတို့မျက်ဝန်းတွေမှာ မျှော်လင့် ချက်ရောင်နီတွေ သန်းနေလေရဲ့။

တစ်မျှော်တစ်ခေါ် တောင်တန်းကြီးတွေအောက်က သောင်ရင်းမြစ်ကို မေးတင်ထားတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၇) ဌာနချုပ် စခန်းဖြစ်တဲ့ လေးဝါးစခန်း ဖြစ်ပါတယ်။ ဒီနေရာမှာ အခုဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးအတွက် သမိုင်းဝင် လာဦးမယ့် ဆွေးနွေး ပွဲကျင်းပဖို့ နေရာတစ်ခု ဖြစ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။

စစ်ကိုင်းတိုင်းက သျှမ်းနီ လူဦးရေ တသန်းအနက် ၆၀% ကျော် ဗမာလူမျိုး နာမည် တပ်ထားခြင်း ခံရ



စစ်ကိုင်းတိုင်းအထက်ပိုင်း၌ နေထိုင်သော သျှမ်း( သျှမ်းနီ သို့မဟုတ် တိုင်းလိုင်) လူဦးရေ တစ်သန်းဝန်းကျင် အနက် ၆၀ ရာခိုင်နှုန်းက ဗမာ သို့မဟုတ် သျှမ်း- ဗမာ လူမျိုးဖြစ်နေသည်ဟု သျှမ်းနီအမျိုးသား တိုးတက်ရေး ပါတီ ကပြောပါသည်။


စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် သျှမ်းနီ (သို့မဟုတ်) တိုင်းလိုင် လူဦးရေ ၁ သန်းထက်မနည်းရှိကြောင်း၊ ၁၀ ရာခိုင်နှုန်းခန့်သာ ဗမာလူမျိုးစစ်စစ်နှင့်အခြားလူမျိုးများဖြစ်ကြောင်း၊ ကျန် ၉၀% မှာ မိဘ ဘိုးဘွားလက်ထက်ကတည်းက   သျှမ်းလူမျိုးစစ်စစ် ဖြစ်ကြောင်း၊ သို့သော် လက်ရှိ၌ မှတ်ပုံတင်ရှိ လူမျိုးနေရာတွင် ၆၀% မှာ  ဗမာလူမျိုးဟု အတပ်ခံထားကြောင်း၊ ထိုသူများ သျှမ်းလူမျိုးအမည်ပြန်ပေါက်ရေးအတွက် ကြိုးပမ်းနေရကြောင်း သျှမ်းနီအမျိုးသား တိုးတက်ရေးပါတီ အတွင်းရေးမှူး စောထွန်းဝင်းကပြောသည်။

Tuesday, January 21, 2014

ဥက္ကဌရာထူးမှ အနားယူမည့်ကိစ္စ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်ထံ ဦးအောင်မင်း စာရေး



ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က RCSS/SSA ၏ အမြင့်ဆုံး ရာထူးမှ အနားယူတော့မည့် ကိစ္စနှင့် ပတ် သက်၍ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ‘ငြိမ်းချမ်းရေး ထာဝရ ရသည်အထိ ဆက်လက်အားဖြည့် ဆောင်ရွက်သွားရန်’ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် ထံလိပ်မူသည့် စာတစောင် ပေးပို့ခြင်းဖြစ်သည်။

ဂျန္နဝါရီ ၁၇ ရက် နံနက်ပိုင်းက ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က RCSS/SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် ထံ ပေးစာတွင် ‘ငြိမ်းချမ်းရေးစတင်ဖေါ်ဆောင်စဉ်ကတည်းက ဦးယွက်စစ်နှင့်အတူ လက်တွဲဖေါ်ဆောင်လာ ခြင်း၊ ယုံကြည်မှုများတည်ဆောက်လာခဲ့ရခြင်းကြောင့် ထာဝရငြိမ်းချမ်းရေးရရှိသည်အထိ ဆက်လက် ဆောင်ရွက်သွားပါရန်’ -  ပါရှိသော စာတစောင်ပေးပို့ခဲ့သည်။


အိုင်တီခေတ် တိုင်းရင်းသား စာပေဖွံ့ဖြိုးရေးမှာ ဇော်ဂျီဖေါင့် အဟန့်အတား ဖြစ်နေဟု သျှမ်း IT ပညာရှင်များ ပြော



သျှမ်း စာပေဆိုင်ရာ ဆွေးနွေးပွဲ တရပ်အား ချင်းမိုင်မြို့  ဝပ်ကူတောက် ကျောင်းတိုက်၌ ကျင်းပရာ အိုင်တီ ပညာရှင်များက ‘ဇော်ဂျီဖေါင့်သည် ယနေ့ခေတ် တိုင်းရင်းသား စာပေဖွံ့ဖြိုးရေး အတွက် အဟန့်အတား ဖြစ်နေသည်’ ဟု ပြောကြပါသည်။

၂၀၁၄ ဂျန္နဝါရီ ၁၈ နှင့် ၁၉ ရက်က ချင်းမိုင်မြို့ သျှမ်းစာပေယဉ်ကျေးမှု ကော်မတီ ကမကထပြု၍ ခေတ်သစ် သျှမ်းစာပေ၊ ဝေါဟာရ၊ အိုင်တီခေတ် သျှမ်းစာပေအသုံးအနှုန်း နှင့် ပတ်သက်သည့် ဆွေးနွေးပွဲအား ‘အိုင်တီခေတ်၌ သျှမ်းစာ ပေရှင်သန်ရေးအတွက် ရည်ရွယ်၍’ ကျင်းပရခြင်း ဖြစ်သည်ဟု ချင်းမိုင် သျှမ်းစာပေယဉ်ကျေးမှုကော်မတီ ဥက္ကဌ စိုင်းဆိုင်ယ ကပြောသည်။


Thursday, January 16, 2014

သမ္မတ ဦးသိန်းစိန် လက်ထက် သျှမ်း အမျိုးသမီးများ မြန်မာစစ်တပ်၏ လိင် အကြမ်းဖက်မှု ခံနေရဆဲ



သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်၌ သျှမ်းပြည်တွင်း အစိုးရ စစ်တပ်၏ လိင်အကြမ်းဖက် ခံရသည့် အမျိုးသမီး ၃၅ ဦးထက် မနည်းရှိကြောင်း အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ဆိုသည်။

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က “အရေးယူမှုမှ ကင်းလွတ်ခြင်းနှင့် မပြောင်းလဲ သေးသည့် စနစ်များ” “Same Impunity, Same Patterns” အစီရင်ခံစာ ထုတ်ဝေရာ ဂျန္နဝါရီလ ၁၅ ရက် နံနက် ၁၀ နာရီ မှ ၁၂ နာရီထိ ချင်းမိုင်တက္ကသိုလ်ဝင်းရှိ Uniserv အဆောက်အဦး၌ အဆိုပါအစီရင်ခံစာနှင့် ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။


RCSS ဥက္ကဌရာထူးမှ အနားယူလိုဟု ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် ပြော



လာမည့် ဖေဖေါ်ဝါရီလ အတွင်း RCSS/SSA  ဥက္ကဌ ရာထူး အပါအဝင် ဗဟို ကော်မတီ အားလုံး ပြန်လည် ရွေးကောက် တင် မြှောက် လျှင် ၎င်း၏ နာမည် ထည့် သွင်း အဆိုတင် တွင်းခြင်းမပြုရန် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြား လိုက်ပါသည်။

၂၀၁၄ ဂျန္နဝါရီ ၉ ရက် မှ ၁၃ ရက်နေ့အထိ ၂၀၁၃ ခု - နှစ်ပတ်လည် အစည်းအဝေးကျင်းပရာတွင် ထိပ်ပိုင်းခေါင်းဆောင်များ ရွေးကောက်တင်မြောက်ရေးအတွက် ကော်မရှင်ဖွဲ့စည်းကြောင်း၊ ၄ နှစ် တစ်ကြိမ် ခေါင်းဆောင်ဖြစ်သူ နှင့် ဗဟိုကော်မတီဝင် ရွေးကောက်တင်မြောက်ရေးအတွက်လည်း ရှေ့လအတွင်းကျင်းပရန် စီစဉ်လိုက်ကြောင်း၊ အဆိုပါရွေးကောက်ပွဲတွင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က ၎င်း၏နာမည် ထည့်သွင်း အဆိုတင် ခြင်းမပြုရန် ပြောကြားခြင်းဖြစ်သည်။


သျှမ်းပျိုဖြူတဦး ရွှေလီမြို့တွင် ဖမ်းဆီး ရောင်းစား ခံရ



သျှမ်းပြည် မြောက် ပိုင်း နမ့်ခမ်း မြို့မှ အသက် ၁၈ နှစ်အရွယ် သျှမ်း မလေး တဦး ရွှေလီ မြို့၌ ဖမ်းဆီး ခံရပြီး တရုတ် ဘက်သို့ ပို့ဆောင် ရောင်း စား ခံရကြောင်း ဆွေမျိုးများက ပြောသည်။

နမ့်ခမ်းမြို့နယ် နောင်ခန်ကျေးရွာအုပ်စု ဝမ့်ကောင်းဝိန်းရွာနေ နန်းခမ်းယဉ် (၁၈) နှစ် ( အဘ စိုင်း(ခိင်း)ဆွယ့်ငင်းယီ့ခမ်း၊ အမိ နန်းသိန်းဟန်) သည် ရွှေလီမြို့သို့ ၂ လကျော် အလုပ်သွား လုပ်ရာမှ  ဖမ်းဆီးရောင်းစားခြင်း ခံလိုက်ရခြင်းဖြစ်ကြောင်း ဆွေမျိုးများက ပြောသည်။


သန်းခေါင်စာရင်း ကောက်ယူမည့် သင်္ကေတ တိုင်းရင်းသားများ ကန့်ကွက်

(ဧရာဝတီ)

တနိုင်ငံလုံး သန်းခေါင် စာရင်း ကောက်ယူ သွားမည့် အစီအစဉ်တွင် အဓိကကျ သည့် တိုင်းရင်း သားများ အမည် သတ်မှတ်ချက် ကုဒ်နံ ပါတ်နှင့် ပတ် သက်ပြီး ကန့်ကွက်မှုများ ရှိနေကြောင်း သိရသည်။

တိုင်းရင်းသား များ အကြား မျိုးနွယ်စု များ ကွဲပြားစေရန် လုပ်ဆောင် ချက် ဖြစ်သည်ဟူသော အကြောင်းပြချက်ဖြင့် တိုင်းရင်းသားများက ကန့်ကွက်နေခြင်း ဖြစ်သည်။

Wednesday, January 15, 2014

ဒုတိယ ပင်လုံ ဖြစ်မြောက်သည်အထိ စစ်ရေး တောင့်တင်းဖို့ လိုကြောင်း RCSS နှစ်လည် အစည်းအဝေးတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် ပြော



ဒုတိယ ပင်လုံ ညီလာခံ ဖြစ်မြောက် သည် အထိ တပ်ပိုင်း စစ်ရေးပိုင်း တွင် အင်အားတောင့် တင်း ခိုင်မာ ထားဖို့ လိုအပ်ကြောင်း သျှမ်းပြည် ပြန် လည် ထူထောင်ရေး ကောင်စီ သျှမ်းပြည် တပ် မတော် ခေါင်းဆောင် ဒုတိယ ဗိုလ် ချုပ်ကြီး ယွက်စစ် က ဌာနချုပ် လွယ်တိုင်းလျဲန်း တွင် ကျင်း ပသော ၂၀၁၃ နှစ် ပတ်လည် အစည်း အဝေး တွင် ပြောကြား လိုက်ပါသည်။


“နိုင်ငံရေး ပိုင်း နဲ့ စစ်တပ်ပိုင်း မရောထွေးစေ ဘဲ အပြန် အလှန် လေ့ လာပြီး လုပ်ဆောင်သွားဖို့၊ ဒုတိယ ပင်လုံ ညီလာ ခံပြီးလို့ တန်းတူညီမျှ အခွင့်အရေး ရပြီးမှသာ စစ်တပ်ပိုင်း ကဏ္ဌ ဆွေးနွေး ဆုံးဖြတ်ဖို့၊  အဲဒီအချိန် အထိ မိမိတို့ ဘက်က စစ်ရေးအင်အား ခိုင်မာတောင့် တင်းနေ ဖို့ လိုတယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြား သွားပါတယ်” - အစည်းအဝေး တက်ရောက်ခဲ့သည့် ထိပ်ပိုင်း အရာရှိတဦး က သျှမ်းသံတော်ဆင့် အားပြောပြသည်။


Tuesday, January 14, 2014

ကာချုပ်၏ ဂတိစကား အရ တပ်နေရာ ချထားရေး အကောင် အထည် ဖေါ်မည်ဟု KNU ကဆို

(ရွှေဟင်္သာသတင်းဌာန)

တပ်နေရာ ချထားရေး ကို အကောင် အထည် ဖော်ရန် ကရင် အမျိုးသား အစည်း အရုံး (KNU) သည်  သက်ဆိုင်ရာ ပြည်နယ် နှင့် တိုင်း ဒေသကြီး ရှိ အစိုးရ အခြေစိုက် စစ်ဌာနချုပ် များနှင့် တွေ့ဆုံ သွားရန်ရှိ ကြောင်း KNU စစ်ရုံးချုပ် တာဝန်ခံ ဗိုလ်မှူးချုပ် ရော်ဂျာခင် ကဆိုပါ သည်။
 
ကျနော်တို့တပ်မဟာ တွေ အခြေစိုက် တဲ့ ပြည်နယ် နဲ့ တိုင်း အလိုက်ပေါ့ ဗျာ ဥပမာ ကျနော်တို့ တပ်မဟာ (၅) (၆) (၇) ဆိုရင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် နဲ့ ညှိရမှာ ပေါ့၊ အဲလို သက်ဆိုင်ရာ စစ်ဌာနချုပ်တွေနဲ့ တပ်နေရာ ချထား ရေး တွေ ဆွေးနွေးဖို့ ရှိပါတယ်ဟု ဆိုပါသည်။

RCSS/SSA ဗဟိုကော်မတီ နှစ်ပတ်လည် စည်းဝေးပွဲ ပြီးစီး

(RFA)

ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/ SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်း အဖွဲ့ရဲ့ ဗဟိုကော်မတီ နှစ်ပတ်လည် အစည်းအဝေး ကနေ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ သဘောထား ရပ်တည်ချက် ၁၀ ချက်ကို အတည်ပြု ခဲ့ကြပြီး နိုင်ငံရေးပြသနာတွေ ကို ငြိမ်းချမ်းရေးလမ်းစဉ်တွေအပေါ် ရပ်တည်ဆွေးနွေး တဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းသွားကြဖို့ ဆုံးဖြတ်ခဲ့ကြ တယ်လို့ သိရပါတယ်။

လက်နက်ကြီးငယ်ဖြင့် ကျေးရွာဘက် ပစ်ခတ်မှု ရှောင်ရှားပေးရန် ရွာသားများ တောင်းဆို



သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲအတွင်း ကျေးလက်ရွာများအပေါ် လက်နက်ကြီးငယ်ဖြင့် ဦးတည်ပစ်ခတ်ခြိမ်းခြောက်မှု ရှောင်ရှားပေးပါရန် မိုင်းငေါ့ ဒေသခံ များက ပြောသည်။

၂၀၁၄ ဂျန္နဝါရီလ အစောပိုင်းကစ၍ မိုင်းငေါ့မြို့နယ်ခွဲအတွင်း အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အကြိမ်ကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နှစ်ဘက်တင်းမာနေသော အနေအထားကြောင့် ကျေးရွာဘက်သို့ လက်နက်ကြီး လက်နက်ငယ်ဖြင့် ဦးတည်ပစ်ခတ် ခြင်းဖြစ်ကြောင်း ရပ်မိရပ်ဖများကပြော သည်။

Monday, January 13, 2014

ကျောက်မဲခရိုင်အတွင်း ယနေ့ည တိုက်ပွဲအပြင်းအထန်ဖြစ်ပွား



သျှမ်းပြည်မြောက်ပိုင်းကျောက်မဲခရိုင် မိုင်းငေါ့မြို့ နယ်ခွဲအတွင်း အားဖြည့်လှုပ်ရှားသည့်အစိုးရတပ်နှင့် ဒေသအတွင်း သွားလာသည့် ဒေသခံတိုင်းရင်းသား လက်နက်ကိုင်တပ်ပေါင်းစုတပ်တို့ ယနေ့ညဦးပိုင်း၌တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။


မိုင်းငေါ့မြို့ အနောက် မြောက်ဘက် ၆ မိုင်ခန့်အကွာရှိ နမ့်တွေရွာ ဝမ့်ဟွေ့ဝမ့်ဝိန်းရွာဘက်၌ ဂျန္နဝါရီ ၁၀ ရက် ယနေ့ည ၈ နာရီခန့်မှစ၍တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ လက်နက်ကြီးသံ ၆ ကြိမ်ဆက်တိုက်ကြားရပြီး လက်နက်   ငယ်လည်း မရပ်မနားပစ်ခတ် သည်ကို ကြားရကြောင်း ဒေသခံများက ပြောပါသည်။

၅၁ နှစ်မြောက် တအာင်း အမျိုးသားတော် လှန်ရေးနေ့ ထုတ်ပြန်ချက်

(ရွှေဟင်္သာသတင်းဌာန)

၅၁ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၏သဘောထားထုတ်ပြန်ကြေညာချက်

၁၂ ရက်၊ ဇန္န၀ါရီလ၊ ၂ဝ၁၄ ခုနှစ်။                                                              ထုတ်ပြန်ချက်အမှတ်။ ။ ဝဝ၁§၀၅§ဌနခ-၁၄

Friday, January 10, 2014

ကျားဖြူ ပါတီ မဖျက်လိုကြောင်း ပါတီဝင်များ ဆန္ဒပြုချိန် အမျိုးသားရေး အတွက် ပါတီ ဖျက်သင့်ရင် ဖျက်မည်ဟု ကျားခေါင်းပါတီက ပြော



မူစယ်မြို့  ကျားဖြူပါတီ တတိယအကြိမ် ညီလာခံ တက်ရောက်သူတွေက ပါတီ မဖျက်သိမ်း လိုကြောင်း  တစ်သံတည်း ဆန္ဒပြု  ကြအချိန် SNLD ပါတီကမူ အမျိုးသားရေးအတွက် လိုအပ်ပါက ကျားခေါင်းပါတီ ဖျက်ဖို့ အဆင်သင့် ရှိကြောင်း ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ်က ပြောသည်။


မူစယ်မြို့၌ ကျားဖြူပါတီ ညီလာခံ နောက်ဆုံးနေ့  ဂျန္နဝါရီ ၉ ရက် နံနက်ပိုင်းတွင် ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်းက ‘ပါတီမဖျက်လိုဘူးလို့သဘောတူရင် ထရပ်ပါ’ ဟု စင်ပေါ်တက်ပြီးမေးသည့်အချိန် ပါတီမဖျက်လိုကြောင်း  လူတဦးမကျန် မတ်တပ်ရပ် ထောက်ခံခဲ့ကြသည်ဟုဆိုသည်။


သျှမ်းပြည်နယ်နေ့အား သျှမ်းပြည် အစိုးရ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ရန် ကျားဖြူ တောင်းဆို



သျှမ်းပြည် မြောက်ပိုင်း မူစယ်မြို့၌ ကျင်းပသည့် ကျားဖြူပါတီ ညီလာခံ နောက်ဆုံးနေ့၌ ဖေဖေါ်ဝါရီလ ၇ ရက်နေ့ သျှမ်းပြည်နယ်နေ့အား သျှမ်းပြည်နယ် အစိုးရ၏ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။

Thursday, January 9, 2014

သတ္တု တူးဖေါ်မှု ရပ်တန့်ရေး လူထု၊ ကျား​ခေါင်း၊ ကျား​ဖြူ ပူးပေါင်း တောင်းဆိုမှု မအောင်မြင်



သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ လယ်ယာမြေဧက ပေါင်းများစွာ ပျက်စီးမည့်အရေး ကာကွယ် ရန် သတ္တုတူးဖေါ်မှု ရပ်ဆိုင်းပေးရေးအတွက် ကျားခေါင်း ကျားဖြူ  နှစ်ပါတီပူးပေါင်း တောင်းဆိုမှုမှာ ထိရောက်ခြင်း မရှိဘဲ ကုမ္ပဏီများမှ ဆက်လက် တူးဖေါ်နေကြောင်း ဒေသခံများ ကပြောပါသည်။

ငွေကမ္ဘာကျော်ကုမ္ပဏီ သတ္တုတူးဖေါ် ရာမှ နမ့်ခမ်းမြို့အဝင်ရှိ နမ့်ဆီးရီးချောင်းတိမ်ကောသွားခြင်း၊ လယ်ယာမြေ ၇ ဧက လုံးဝ ပျက်စီးသွားခြင်း၊ လယ်ယာမြေ ဧက ၂၇၀ ကျော် ပျက်စီးမည့်အန္တရာယ် ရောက်နိုင်ဖွယ် ရှိခြင်းတို့ ကြောင့် သတ္တုတူးဖေါ် မှု ရပ်ဆိုင်းပေးရန် ရွာသားများ၊ နိုင်ငံရေးပါတီများ မှ ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များထံ၊ သျှမ်းပြည်နယ်လွှတ်တော်ထံ၊ နိုင်ငံတော်သမ္မတထံ တောင်းဆိုထား သော်လည်း ရပ်တန့်ခြင်းမရှိဘဲ ယနေ့တိုင် ဆက်လက်တူးဖေါ်နေသည်ဟု ဆိုသည်။

တတိယအကြိမ် ကျားဖြူပါတီ ညီလာခံ မူစယ်မြို့၌ ကျင်းပ



ဂျန္နဝါရီ ၇ ရက်မှ ၉ ရက်နေ့ အထိ မူစယ် မြို့တော်ခန်းမ ၌ ကျားဖြူပါတီခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ နှစ်ပတ်လည် ညီလာခံ စတင် ကျင်းပရာမှာ ပါတီဝင် တထောင်ကျော်  တက်ရောက် သည်ဟု သိရပါသည်။



တတိယအကြိမ်မြောက် ကျားဖြူပါတီညီလာခံအား ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ မြို့အလိုက် ပါတီဝင်များ လုပ်ဆောင်ခဲ့သောလုပ်ငန်းများ၊ လိုအပ်ချက်များ၊ မြေယာသိမ်းပိုက်မှုများ၊ မူးယစ်ဆေးဝါး ပြဿနာများနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက်ပြင်ဆင်မှုများကို တက်ရောက်လာသည့် ခေါင်းဆောင်များ မြို့နယ်အလိုက်ကိုယ်စားလှယ်များက ဆွေးနွေးသွားသည်ဟု အစည်းအဝေး တက် ရောက်သူ နန်းဟန်က ပြောသည်။

သမိုင်းဝင် ပင်လုံ၌ မှတ်ပုံတင် မရှိသူ ၄၀ ကျော် ရှိသည့်ရွာ ရှိနေသေး



သျှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့နယ်ခွဲအတွင်းတွင်  နိုင်ငံသား စိစစ်ရေးကဒ် မရှိသူ ၄၀ ကျော်ရှိရွာလည်း ရှိနေသေး ကြောင်း  မှတ်ပုံတင် ရရှိရေး ကူညီ ဆောင်ရွက်ပေးသည့် ပင်လုံ သျှမ်းလူငယ်များ  ကပြောပါသည်။


ပင်လုံမြို့အနောက်ဘက်ရှိ ဝမ့်ပန်အုတ်ကျေးရွာမှ ရွာသူရွာသား ၄၀ ကျော်က နိုင်ငံ သားစိ စစ်ရေးကဒ် မရှိသေး ကြောင်း၊ ပထမ အသုတ်တွင် ၁၅ ဦး၊ ဒုတိယ အသုတ်တွင် ၂၇ ဦး  နိုင်ငံသားစုစစ်ရေးကဒ် ပြုလုပ်ပေးရေး အတွက် လူဝင်မှု ကြီးကြပ် ရေး လဝက တာဝန်ရှိများအား ပင်လုံသျှမ်းလူငယ်များက ကူညီဆက်သွယ်  ဆောင် ရွက်ပေးကြောင်း လူငယ်ခေါင်းဆောင် စိုင်းဆု ကပြောသည်။

တရုတ်သို့ ရေနံ၊ ဂက်စ်ပို့လွှတ်မှုကြောင့် မြေကြီးလှုပ်ခတ် သျှမ်း/မြောက်ပြည်သူများထိပ်လန့်



 လွတ်လပ်ရေးနေ့ ညက မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ရေနံနှင့်ဂက်စ် ပို့လွှတ်မှုကြောင့် ပိုက်လိုင်းလမ်းကြောင်းတလျှောက် မြေကြီးလှုပ်ခတ် သွားရာ ဒေသခံများတုန်လှုပ်ထိပ်လန့် ကြသည်ဟု ဆိုသည်။

ဂျန္နဝါရီ ၄ ည ၉ နာရီ ၅၅ မိနစ်အချိန် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ၁၀  စက္ကန့်ခန့်အကြာ မြေကြီးမှ မြည်ဟီးတုန်လှုပ် ပြီးနောက် ဂက်စ်ပိုက်လမ်းကြောင်းတလျှောက် တောင်ကမ်းပါးပြိုကျမှု တိုက်အိမ် အချို့ အက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း   ဒေသခံများ စိုးရိမ်ထိပ်လန့်နေရကြောင်း ကိုယ် တိုင်ကြုံတွေ့ရသူများက ပြောသည်။


သျှမ်းပြည် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူမှု အစိုးရနှင့် မတူဘဲ လူဦးရေ သာမေးမည်



သျှမ်းပြည်သားများ တယောက်မျှ မကျကျန်ရ လေအောင် သျှမ်းပြည် လူဦးရေ သန်းခေါင်စာရင်း ကောက် ယူရေး ကော်မတီက သင်တန်း ဆက်တိုက်ပေးနေရာ `ကျနော်တို့က လူစာရင်းပဲ ကောက်မှာ အစိုးရတော့ အိမ် တွင်း ပစ္စည်းအစ ကြက် ၀တ် ခွေးအဆုံး အကုန်ကောက်မယ်´ ဟု ပင်လုံမြို့ရောက် သင်တန်း ဆရာတဦးက ပြော သည်။

 ဂျန္နဝါရီလ ၄ ရက်က သျှမ်းလူဦးရေစာရင်း ကောက်ယူရေးကော်မတီက ပင်လုံမြို့ခံများနှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုခဲ့ကြောင်း၊ သျှမ်းပြည်သူ လူဦးရေစာရင်း အမှန် ရရှိရေးအတွက် လူဦးရေ စာရင်းသာ အဓိကထားကောက်ယူ မည့်အကြောင်း ပင်လုံမြို့ SNLD ဥက္ကဌ စိုင်းဆိုင်ကျော် ကပြောသည်။


ကျားဖြူပါတီ ၃ရက်ကြာ ညီလာခံ မူဆယ်မှာ ကျင်းပ

(RFA)

ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ရဲ့ တတိယ အကြိမ်မြောက်စုံညီညီလာခံကို ရှမ်းပြည်နယ် မူဆယ်မြို့မှာ ဇန်န၀ါရီလ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ ၃ရက်ကြာ ကျင်းပနေပါတယ်။

ဒုတိယနေ့အဖြစ် ဒီကနေ့ ဆက်လက်ကျင်းပခဲ့တဲ့ အစည်းအဝေးအတွင်းမှာ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီနဲ့ ပေါင်းစည်းရေးနဲ့ ပတ်သက်ပြီး ပါတီဝင်တွေရဲ့ သဘောထားရယူခဲ့ရာ မှာတော့ ရှမ်းပါတီကြီး ၂ ခု ပေါင်းစည်းရေးကို လိုလားပေမယ့် ကျားဖြူပါတီကိုတော့ မဖျက်သိမ်းဘူး ဆိုတဲ့ သဘောထားကိုပေးခဲ့ကြတယ်လို့ ဒီညီလာခံကို တက်ရောက်ခဲ့တဲ့ ကျားဖြူပါတီကိုယ်စားလှယ် လည်းဖြစ် ပြည်သူလွှတ်တော် ကိုယ်စားလှယ်တစ်ဦး လည်းဖြစ်တဲ့ ဦးရဲထွန်းက ပြောပါတယ်။

Wednesday, January 8, 2014

စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် စေတနာမှန်ဖို့ လိုအပ်ဟု ဗိုလ်မှူး ဘဇန် ပြောကြား

(မိုးမခ)



မြန်မာနိုင်ငံ တွင် ရှည်လျား စွာ စစ်မက်ဖြစ် ပွားနေသော ပြည်တွင်း စစ် ပြဿနာ ကို နိုင်ငံရေးနည်း လမ်းဖြင့် တွေ့  ဆုံ ဆွေးနွေးအဖြေရှာကြသည့် နေရာတွင် အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုလက်ခံသော်လည်း လက်မှတ်တခုတည်း ကန်ထိုးနေရုံနဲ့  မပြီးပဲ စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် စေတနာမှန်မှန် လက်တွေ့ အကောင်ထည်ဖော်ဖို့ လိုအပ်ကြောင်း ဗိုလ်မှူးဘဇန်က ပြောကြားလိုက်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဖြစ်လာနိုင်ရန် လိုအပ်ချက် များစွာရှိနေဟု ကေအင်န်ယူပြောကြား



(Eleven Media Group)

 အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ဘားအံဆွေးနွေးပွဲအပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဖြစ်လာနိုင်ရန် လိုအပ်ချက် များစွာရှိနေသည်ဟု ကရင်အမျိုးသား အစည်းအရုံးမှ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

Tuesday, January 7, 2014

အစိုးရနှင့်တအာင်းတပ် တိုက်ပွဲများ ဆက်ဖြစ်

(DVB)

၂၀၁၄ ခုနှစ်ဆန်းမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် ပြင်ဆင်ကြိုးပမ်းနေချိန်မှာပဲ ရှမ်းပြည်မြောက်ပိုင်းဘက်မှာ အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ဆန်၊ ဟိုပန်၊ ကျောက်မဲ အစရှိတဲ့ မြို့နယ် ၄ ခုထဲမှာ အစိုးရတပ်နဲ့ တအာင်းတပ်ဖွဲ့တွေကြား ပစ်ခတ်မှုတွေ အနည်ဆုံး ၇ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) အထွေထွေ အတွင်းရေးမှူး တာ့ဘုန်းကျော်က ပြောပါတယ်။

တိုင်းရင်းသား စစ်ပြေး ဒုက္ခသည် များအတွက် ဒေါ်လာသန်း တရာ ဂျပန်အကူ အညီပေး

(ရွှေဟင်္သာသတင်းဌာန)

တိုင်းရင်းသား ဒေသများ တွင် ဖြစ်ရှိ နေသော ပဋိပက္ခအား ခံစားနေ ရသည့် ဒုက္ခသည် များအတွက် ဒေါ်လာသန်း တရာ လှူဒါန်း မည်ဖြစ်ကြောင်း ယမာန်နေ့ ဇန္နာဝါရီ ()ရက်နေ့ တွင် ချက်ထရီ ယံဟိုတယ် ကျင်းပသည့်ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန် သံအမတ် ကြီး က ပြောဆို ခဲ့ပါသည်။

အစိုးရ နဲ့ တိုင်းရင်း သား လူမျိုးစု တွေကြားငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ နေရာမှာ တွန်းအားပေးတဲ့ အနေနဲ့ ဒီလို လုပ် ဆောင်ဖို့ဆုံးဖြတ်ခဲ့ တာဖြစ်တယ်။  အထူးသဖြင့် တိုင်းရင်း သားလူမျိုးစု တွေ ရဲ့ဒေသ တွေမှာ တည်ငြိမ်မှု မရှိ သေးဘူး။ ပြီးတော့ လူသားချင်း စာနာရမယ့် အကူအညီ တွေ ပေးတဲ့ နေရာမှာ လည်း အကန့်အ သတ်နဲ့  အခက် အခဲ တွေ ကြုံနေရသေး တယ်လို့ မစ္စတာ ဆာဆာကာ ဝါက ဆိုပါသည်။