Monday, January 13, 2014

၅၁ နှစ်မြောက် တအာင်း အမျိုးသားတော် လှန်ရေးနေ့ ထုတ်ပြန်ချက်

(ရွှေဟင်္သာသတင်းဌာန)

၅၁ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၏သဘောထားထုတ်ပြန်ကြေညာချက်

၁၂ ရက်၊ ဇန္န၀ါရီလ၊ ၂ဝ၁၄ ခုနှစ်။                                                              ထုတ်ပြန်ချက်အမှတ်။ ။ ဝဝ၁§၀၅§ဌနခ-၁၄
 
၁။ ၂ဝ၁၄ ခုနှစ် ဇန္န၀ါရီလ ၁၂ ရက်နေ့သည် တအာင်းအမျိုးသားတရပ်လုံးအဖိနှိပ်ခံဘဝမှလွတ်မြောက်ရန်အတွက် အာဏာရှင် အစိုးရအဆက်ဆက်ကို လက်နက်စွဲကိုင်တော်လှန်ဆန့်ကျင်လာခဲ့သည်မှာ (၅၁) နှစ်ပြည့်မြောက်ခဲ့ပြီး ဖြစ် ပါသည်။
၂။တအာင်း တမျိုးသား လုံး အဖိနှိပ် ခံဘ၀မှ လွတ်မြောက် ရေး၊ ဒီမို ကရေစီနှင့် လူ့အခွင့် အရေးကိုအာမ ခံ သည့် တ အာင်း ပြည်နယ် တည် ဆောက်ရေး၊ မဟာ လူမျိုးကြီးဝါဒ နှင့် စစ်အာဏာ ရှင်စနစ် တိုက်ဖျက် ရေး၊ကိုယ့် ကံကြမ္မာ ကို  ကိုယ်တိုင် ဖန်တီးနိုင် သည့်အမျိုး သားတန်း တူညီမျှရေး၊ အမျိုးသား ကိုယ် ပိုင် ပြ ဌာန်း ခွင့် ကို အာမခံ သည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင် စုနိုင်ငံ တည် ဆောက်ရေး တို့အ တွက် တ အာင်း တမျိုးသား လုံးတို့၏ တော်လှန် ရေး ခရီးနှစ် ပေါင်း၅၁ နှစ် ကာလ အတွင်း အသက် သွေးချွေး၊ အိုးအိမ် စည်းစိမ် များစွာကို ပေးဆပ် ရင်းနှီး လှူဒါန်း ခဲ့ကြသောမျိုးချစ် တအာင်း ပြည်သူ လူထုနှင့် တ အာင်း အာဇာနည် ခေါင်းဆောင် များ၊ ရဲဘော် ရဲမေ အပေါင်း တို့အားဤမင်္ဂလာ ရှိသော နေ့ထူး နေ့မြတ် တွင် ပလောင်ပြည် နယ်လွတ် မြောက်ရေး တပ်ဦး မှ အစဉ် ဦးညွတ် ဂုဏ်ပြုမှတ် တမ်းတင် အပ်ပါသည်။
၃။ တပ်ဦး ၏ ဗဟို ကော်မတီ ခေါင်း ဆောင်များ နှင့် တအာင်း အမျိုးသား လွတ် မြောက်ရေး တပ်မတော် T.N.L.A ၏ တပ်မှူး အရာ ရှိ ကြီးများ သည် တအာင်း အမျိုးသား လွတ်မြောက်ရေး ဦးတည် ရည်မှန်း ချက် အမြန် ရရှိနိုင် စေရန်နိုင်ငံရေး ဦးဆောင် တပ်ဦး ဗဟိုကော် မတီကို ခိုင်မာ တောင့်တင်း အောင် တိုးချဲ့ပြင် ဆင်ဖွဲ့စည်းပြီးတအာင်း ဒေသ တခွင်လုံး တွင် စစ်ဗျူဟာ များ၊ တပ်ရင်း တပ်ဖွဲ့များ တိုးချဲ့စည်းရုံး လှုပ်ရှား လျှက်ရှိ ပါသည်။၂ဝ၁၃ နှစ် ကာလ အတွင်းတွင်  နမ့်ဆန်၊မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ ကျောက်မဲ၊ မိုးကုတ် နှင့် မိုးမိတ် မြို့နယ်အစရှိ သော တအာင်း နယ်မြေများ ကို စည်းရုံး ထိန်းချုပ် နိုင်ခဲ့ပြီး ယခု ၂၀၁၄ခုနှစ်တွင် ကျန်ရှိသည့် အခြား တအာင်း နယ်မြေများနှင့် တအာင်း လူထုများ ကိုပါ ဆက်လက် စည်းရုံးလှုပ် ရှားသွား မည်ဖြစ် ပါသည်။
၎။ ၂၀၁၇ ခုနှစ် အတွင်း တအာင်း  ဒေသ အတွင်း မူးယစ် ဆေးဝါးကင်းစင် ပပျောက်ရေးဟူသော ရည် မှန်း ချက်ဖြင့် လူထုနှင့် အတူ လက်တွဲ ပူးပေါင်း တိုက်ဖျက် လာခဲ့ရာမူးယစ် ဆေးဝါး ပြဿနာ ကို ထိုက် သင့် သော အတိုင်း အတာ ထိ ကိုင်တွယ် ဖြေရှင်း နိုင်ခဲ့ပါ သည်။မူးယစ် ဆေးဝါး ရောင်းဝယ် ထုတ်လုပ် သူများ ကိုဖမ်း ဆီး အရေး ယူ အပြစ်ပေး ခြင်းများ ပြုလုပ်ခဲ့ ပါသည်။ဆက် လက်၍လည်း တအာင်း ဒေသ အ တွင်း မူးယစ် ဆေးဝါး ကင်းစင်ပ ပျောက်ရေး လုပ်ငန်းများ ကိုစီမံကိန်း ချမှတ်ပြီး အရှိန်မြင့် ဆောင်ရွက် သွား မည်ဖြစ် ပါသည်။
၅။ တအာင်း အမျိုးသား တပ်မတော် သည် မိမိတို့ဒေသ အတွင်းနယ်မြေ စိုးမိုးရေး၊ တပ်ဖွဲ့တည် ဆောက် ရေး၊ လူထု စည်းရုံး ရေးနှင့် မူးယစ် ဆေးဝါး တိုက်ဖျက် ရေးလုပ်ငန်း စဉ်များ လုပ်ဆောင် စဉ်မြန်မာစစ် တပ် ၏ ထိုးစစ် ဆင်လှုပ်ရှား လာမှု ကြောင့် ၂၀၁၃ ခုနှစ် အတွင်း တိုက်ပွဲကြီး ငယ် အကြိမ်၁၀ဝ ကျော်ဖြစ် ပွား ခဲ့ ပါသည်။ အချို့တိုက်ပွဲများ တွင် တိုင်းရင်း သား မဟာမိတ် များနှင့် အတူလက်တွဲ တိုက်ပွဲဝင် ခဲ့ပြီး၊ ထို တိုက်ပွဲ ၁၀၀ ကျော်တွင် မြန်မာတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးခြင်း၊လက်နက်ပစ္စည်းများ သိမ်းဆည်း ရမိ ခြင်းတို့မှာ တအာင်း မိဘပြည် သူများ၏  ထောက်ခံ အားပေး မှုများပြည့်ပြည့်ဝဝ ရရှိခဲ့ခြင်း ကြောင့် ဖြစ်ပါ သည်။
၆။ ညီညွတ် သောတိုင်း ရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ နှင့် တိုင်းရင်း သားအဖွဲ့ အစည်း များ၏တပြည်လုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညိနှိုင်း ရေးအဖွဲ့ NCCT တို့၏ဆွေးနွေး ညှိနှိုင်းမှု များကို တပ်ဦး အနေဖြင့် ထောက်ခံ အားပေး လျှက်ရှိပါ သည်။တပြည်လုံး အတိုင်း အတာ အပစ်အခတ် ရပ်စဲရေး နှင့် ငြိမ်းချမ်း ရေး အတွက် ပြောဆိုနေ သော် လည်းလက်တွေ့တွင်မူ တအာင်း ဒေသ အပါအဝင် တိုင်းရင်း သား ဒေသများ တွင် စစ်အင်အား တိုးချဲ့ပြီး လက်နက် ကိုင်ပဋိပက္ခ ဖန်းတီး နေသည့် မြန်မာ အစိုးရ ၏ ဆောင် ရွက်ချက် များသည် မြန်မာ ပြည်တ ဝှမ်းလုံး ငြိမ်းချမ်း သာယာရေး နှင့်အလှမ်း ဝေးနေ မည်ဖြစ် ကြောင်း ဦးသိန်း စိန် အစိုးရ ကို ကန့်ကွက်ရှုတ် ချလိုက်ပါသည်။
၇။ နိဂုံး ချုပ် အနေဖြင့်တအာင်း အမျိုးသား တို့၏ နိုင်ငံရေး ရည် မှန်းချက် ပန်းတိုင် မရောက် မချင်း တ အာင်း အမျိုး သားလွတ်မြောက် ရေး တပ်မတော် နှင့်အတူ ဆက်လက် လက်တွဲ တိုက်ပွဲ ၀င်ကြရန် တအာင်း မိဘ ပြည်သူ တရပ် လုံးကိုအလေး  အနက် တိုက်တွန်း  နှိုးဆော် ရင်း (၅၁) နှစ်ပြည့် တအာင်း အမျိုး သား တော်လှန် ရေးနှစ်ပတ် လည်နေ့ သဘော ထားကို ထုတ်ပြန် ကြေညာ လိုက် ပါသည်။
                                                                         “ဘ်ုပ်ဘိုန်ကုင်တအာင်း
ဗဟိုကော်မီတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(P.S.L.F/T.N.L.A)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။