Thursday, January 9, 2014

ကျားဖြူပါတီ ၃ရက်ကြာ ညီလာခံ မူဆယ်မှာ ကျင်းပ

(RFA)

ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ရဲ့ တတိယ အကြိမ်မြောက်စုံညီညီလာခံကို ရှမ်းပြည်နယ် မူဆယ်မြို့မှာ ဇန်န၀ါရီလ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ ၃ရက်ကြာ ကျင်းပနေပါတယ်။

ဒုတိယနေ့အဖြစ် ဒီကနေ့ ဆက်လက်ကျင်းပခဲ့တဲ့ အစည်းအဝေးအတွင်းမှာ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီနဲ့ ပေါင်းစည်းရေးနဲ့ ပတ်သက်ပြီး ပါတီဝင်တွေရဲ့ သဘောထားရယူခဲ့ရာ မှာတော့ ရှမ်းပါတီကြီး ၂ ခု ပေါင်းစည်းရေးကို လိုလားပေမယ့် ကျားဖြူပါတီကိုတော့ မဖျက်သိမ်းဘူး ဆိုတဲ့ သဘောထားကိုပေးခဲ့ကြတယ်လို့ ဒီညီလာခံကို တက်ရောက်ခဲ့တဲ့ ကျားဖြူပါတီကိုယ်စားလှယ် လည်းဖြစ် ပြည်သူလွှတ်တော် ကိုယ်စားလှယ်တစ်ဦး လည်းဖြစ်တဲ့ ဦးရဲထွန်းက ပြောပါတယ်။


ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲကို ကျားဖြူပါတီက ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး မနက်ြဖန်မှာ သဘောထားကြေညာချက် ၇ ချက်ကို ထုတ်ပြန်မယ်လို့လည်း ကျားဖြူပါတီရဲ့ အထွေထွေအတွင်းရေးမှူး စိုင်းလှကျော်က ပြောပါတယ်၊

မူဆယ်မြို့မှာ ၃ ရက်ကြာကျင်းပနေတဲ့ ကျားဖြူပါတီရဲ့ တတိယအကြိမ် ညီလာခံကို မြို့နယ်ပေါင်း ၅၉ မြို့နယ်က ပါတီဝင် ၁၈၀၀ ကျော် တက်ရောက်နေကြတာ ဖြစ်ပါတယ်၊

ဒီညီလာခံအကြောင်း မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

အသံဖိုင်နားထောင်ရန် မူရင်းလင့် (CLICK HERE)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။