Friday, October 31, 2014

ငြိမ်းချမ်းရေးကောင်စီတပ်သားနှင့် ဒေသခံအချို့အား BGF ၀င်ရောက်ရိုက်နှက်ခဲ့

(KIC)

ကရင်ပြည် နယ်၊ မြ၀တီမြို့ တောင် ကလေး အေးရိပ်သာ ဘုန်းကြီးကျောင်း အနောက်ဘက်ခြမ်း မြေနီကုန်းတွင် နယ်ခြား စောင့်တပ် (BGF)အဖွဲ့ဝင်တစ်စုက ကရင်ငြိမ်း ချမ်းရေး ကောင်စီ(KNU/KNLA PC) တပ်ဖွဲ့ဝင်နှင့် ဒေသခံ အချို့အား အောက်တို ဘာ ၂၅ရက် နေ့ က ၀င်ရောက် ရိုက်နှက်ခဲ့ သည်ဟု သိရသည်။
ထိုရိုက်နှက်မှု တွင် BGF အမှတ်(၁၀၂၂) တပ်ရင်းမှ ဗိုလ်ချင်းလုံ ဦးဆောင်သည့် ၁၀ဦးပါ အဖွဲ့က ယူနီဖေါင်းအပြည့်အစုံ ၀တ်ဆင် ကာ လက်နက်နှင့်တကွ ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင် နေထိုင်ရာ အိမ်တစ်အိမ်သို့ ရောက်ရှိလာပြီး အိမ်ပေါ်ရှိ ငြိမ်းချမ်းရေး ကောင်စီ တပ်သား ၄ဦးနှင့် ဒေသခံ ၅ဦးတို့ကို ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေးကောင်စီ ဗျူဟာ(၁)မှ တပ်သားစောဝင်း သိန်းက ကေအိုင်စီသို့ ပြောသည်။

ကရင်အမျိုးသားရဲတပ်ဖွဲ့ (KPF) ရဲမှူး ၁ ဦးအပါအ၀င် ၅ ဦး သတ်ဖြတ်ခံရ

အောက်တိုဘာ - ၃၁ - ၂၀၁၄
ကရင် အမျိုးသား အစည်းအရုံး KNU လက်အောက်ခံ ဒူးပလာယာခရိုင်က မြို့နယ်ဒုရဲမှူး တဦး အပါ အ၀င် တပ်ဖွဲ့ဝင် ၅ ဦး ဒီလ ၂၃ ရက်နေ့က သတ်ဖြတ်ခံရတဲ့ အတွက် တာဝန် ရှိသူတွေ ကို အရေးယူပေး ဘို့ ကျန်ရစ် သူ မိဘဆွေမျိုး သားချင်းတွေ က တောင်း ဆိုမှုတွေ လုပ်သွားမယ် လို့ သိရပါတယ်။
သေဆုံးသူတွေ ထဲက မိခင်ဖြစ်သူတဦးကတော့ ဒီအမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူပေးဘို့ လုပ်ဆောင်သွားမှာဖြစ်တယ် အခုဖြစ်တာက ကိုယ့်အချင်းချင်း သတ်လို့သေရတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ဖမ်းမိမူးယစ်ဆေးဝါးကြောင့် တောင်ပိုင်း ဝ ခေါင်းဆောင်၏ စီးပွားရေးလုပ်ငန်းချိတ်ပိတ်ခံရ

(သျှမ်းသံတော်ဆင့်)

ဖမ်းဆီး ရမိသည့် မူးယစ်ဆေး ဝါးများသည် တောင်ပိုင်း ဝ ခေါင်းဆောင်နှင့် ပတ်သက် ဆက်နွယ်သည် ဟုဆိုကာ သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း ဝ တပ်ဖွဲ့ခေါင်းဆောင်ပိုင် စီးပွားရေး လုပ်ငန်း အချို့ ချိတ်ပိတ်ခံထားရ သည်ဟု ဆိုသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ အသွား လမ်းမပေါ်ရှိ တောင်ပိုင်း ဝ တပ်ဖွဲ့ ဝေ့ရှော်ယင် ပိုင်ဆိုင်သည့် နေအိမ်၊ ရာဘာခြံ၊ ဓါတ်ဆီဆိုင်နှင့် အခြားပတ်သက်ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများ အား မြန်မာ့ အာဏာပိုင်များက ချိတ်ပိတ်လိုက်သည် ဟု ဆိုသည်။

သူပုန်ထောက်ပံ့မှုဟုဆိုကာ ရွာသားများအားဖမ်းဆီး အုပ်ချုပ်ရေးမှူးကို မိုးမိတ်မြို့ စစ်ဗျူဟာရုံးသို့ ခေါ်စစ်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက် ပိုင်း မိုးမိတ် ခရိုင် မိုးမိတ်မြို့နယ် လောက် လုံကျေးရွာအုပ်စု  အုပ်ချုပ်ရေး မှူးအား အခြေ ချ စစ်ဗျူဟာ က ခေါ်ယူ စစ်ဆေး သကဲ့သို့ ရွာသားတချို့အားလည်း သူပုန်ထောက်ပံ့ သည်ဟုဆိုကာ ဖမ်းဆီး သွားရာ မည်သူနှင့် မျှ တွေ့ဆုံခွင့် မပေးကြောင်း ရွာသားများ ကပြောသည်။

အောက်တိုဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက ဗျူဟာတပ်အတွင်း ချုပ်နှောင်ခံထားရသည့် လောက်လုံရွာသားစိုင်းကျော်လှ အား မိသားစုများ သွားရောက်တွေ့ဆုံသော်လည်း တွေ့ဆုံခွင့်မပေးသေးဟုဆိုပါသည်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့် အစိုးရ ထပ်မံတွေ့ဆုံမည်

(DVB)

အပစ် အခတ် ရပ် ရှမ်းပြည် တိုးတက်ရေး ပါတီ (အက်စ်အက်စ်ပီပီ) ရှမ်းပြည် တပ်မတော်မြောက်ပိုင်း အဖွဲ့နဲ့ အစိုးရငြိမ်း ချမ်းရေးဖော်ဆောင်ရေး အဖွဲ့ (ယူပီဒဗလျူစီ) တို့ ဟာ အောက်တိုဘာ ၃၁ ရက်နေ့ မနက် ပိုင်း နေပြည်တော် မှာ တွေ့ဆုံ ဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့အပတ် က လားရှိုးမြို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် မှာ နှစ်ဘက်တွေ့ ဆုံဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး မပြီးပြတ်သေး တာတွေ ဆက်လက်ဆွေးနွေး ဖို့ဖြစ်ကြောင်း နေပြည်တော် မှာ ရောက်ရှိနေတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး စ၀်ခွန်ဆိုင်က ဒီဗွီဘီကို ပြောပါတယ်။

Thursday, October 30, 2014

ည ၁၀ နာရီနောက်ပိုင်း မီးထွန်း၊ သွားလာလျှင် ပစ်ခတ်ခံရမည်ဟု ဗိုလ်သိန်းစိန်ညွှန်ကြား

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင် ပိုင်း ကာလိမြို့နယ်ခွဲအတွင်း တပ်ချလှုပ်ရှားနေ သည့် ခြေလျင် တပ်ရင်း အမှတ် ၁၅၁ လက်အောက်ခံ တပ်ခွဲမှူး ဗိုလ်သိန်းစိန်က ကျေးလက်လူထုအား ည ၁၀ နာရီ နောက်ပိုင်း မီးမထွန်းရ၊ မီးထွန်း သွားလာလျှင် ပစ်ခတ် ခံရမည်ဟု ဒေသခံများအား ဆင့်ခေါ်ကာ ညွှန်ကြား ထားသည်ဟု ဆိုသည်။

အောက်တိုဘာ ၂၇ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲ နှင့် မိုင်းစံ မြို့နယ်ခွဲကြား ဟောင်လိတ်ကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စခန်းချနေထိုင်သည့် ခလရ ၁၅၁ လက်အောက်ခံ တပ်ခွဲမှူးဗိုလ်သိန်းစိန် က ဒေသခံများအား ခေါ်ယူက မီးထွန်းသွားလာခြင်းမပြုရန် ၊ တွေ့ရှိပါ က ပစ်ခတ်ခြင်းခံရလျှင် တာဝန်ယူမည် မဟုတ် ကြောင်း ပြောသည်။

UNFC က ခွဲထွက်ရေး KNU ပြန်လည်ဆွေးနွေးမည်

(VOA)

ကရင် အမျိုးသား အစည်းအရုံး KNU ရဲ့ အရေးပေါ် အစည်းအဝေး ကို တပတ်ကြာ ကျင်းပခဲ့ပြီး တဲ့နောက် အမြင် ကွဲလွဲမှုတွေ ရှိနေတဲ့ ကော်သူလေ တပ်မတော် ဖွဲ့စည်းရေးနဲ့ UNFC ကနေ ခွဲထွက်ရေး ကိစ္စတွေ ဟာ အချေအတင် ဆွေးနွေးခဲ့ရပြီး ညီညွတ်ရေး အရ မဲခွဲဆုံးဖြတ်ရတဲ့ အခြေအနေ ထိ မရောက်ခဲ့ဘဲ အားလုံး လက်ခံနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

Wednesday, October 29, 2014

ယူအန်အက်ဖ်စီ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းရန် ကေအန်ယူ ဆုံးဖြတ်

(DVB)

ဘားအံခရိုင် လေးဝါး စခန်းမှာ ကျင်းပနေတဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) အရေးပေါ် ဗဟိုကော်မတီ အစည်း အဝေးမှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) တာဝန်ရှိ သူတွေနဲ့ ကေအန်ယူ တာဝန်ရှိ သူတွေ ဆွေးနွေး ညှိနှိုင်းဖို့ အောက်တိုဘာ ၂၈ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တယ် လို့ ကရင်အမျိုးသား (မီဒီယာ) က သတင်းဖော်ပြပါ တယ်။

ယူအန်အက်ဖ်စီ အဖွဲ့ဝင်အဖြစ်ကနေ အပြီးသတ်နုတ်ထွက်ခြင်းမရှိသေးဘဲ ဆွေးနွေးညှိနှိုင်းသွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

UNFC တပ်ပေါင်းစုကိစ္စ ဆက်ညှိနှိုင်းလုပ်ဆောင်ရန် KNU-EC အား တာဝန်ပေး

(KIC)

ကရင် အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)၏ ဗဟိုအမြဲ တမ်းကော်မတီ အရေးပေါ် အစည်း အဝေး ကို အောက်တိုဘာလ ၂၃ရက် နေ့က စတင် ကျင်းပပြုလုပ် ခဲ့ရာ တပ်ပေါင်းစုကိစ္စနှင့် ပတ်သက်၍ ဗဟိုအလုပ် အမှုဆောင်ကော်မတီမှ UNFC နှင့် ဆက်လက် ညှိနှိုင်းဆောင် ရွက်သွားရန် ယနေ့ ဆွေးနွေး ဆုံးဖြတ်လိုက် သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

Tuesday, October 28, 2014

UNFC က ထွက်ဖို့ KNU ဆုံးဖြတ်

(RFA)

ကရင် အမျိုးသား အစည်း အရုံး KNU အနေနဲ့ ညီညွတ်သော တိုင်းရင်း သားများ ဖယ်ဒရယ်ကောင်စီ UNFC ကနေနုတ်ထွက်ဖို့ ဆုံးဖြတ် လိုက်ကြောင်း သိရပါ တယ်။

မနေ့ကကျင်းပပြီးစီး သွားတဲ့ KNU ဗဟိုအလုပ် အမူဆောင် အစည်းအဝေးက ဆုံးဖြတ်ခဲ့ တာဖြစ်ကြောင်း  မြဝတီမြို့ KNU ဆက်ဆံရေးရုံး တာဝန်ခံ စောမိုးဇက်က RFA ကိုပြောပါတယ်။

SSPP နှင့် အစိုးရတို့ နေပြည်တော်၌ ရက်ပိုင်းအတွင်း တွေ့ဆုံမည်

မဇ္ဈိမသတင်းဌာန 
 
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နေပြည်တော်၌ မကြာမီ ရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးရန် UPWC ဘက်မှ အောက်တိုဘာ ၂၇ ရက်က အကြောင်းကြားလာသည်ဟု SSPP/SSA အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင်က မဇ္ဈိမကို ပြောသည်။

SSPP/SSA ၏ မူစယ် နမ့်ခမ်း ရုံးတာဝန်ခံအား စစ်ဘက် လုံခြုံရေး တပ်ဖွဲ့ ဝင်ရောက် မေးမြန်း

သျှမ်းသံတော်ဆင့်သတင်း 
 
သျှမ်းပြည် မြောက်ပိုင်း မူစယ် နှင့် နမ့်ခမ်း မြို့ ရှိ သျှမ်းပြည် တိုးတက်ရေး ပါတီ သျှမ်းပြည် တပ်မတော် စီးပွားရေး တာဝန်ခံ ရုံးအား အောက်တိုဘာလ ၂၆ရက်နေ့တွင် အစိုးရ ၏ စစ်ဘက် လုံခြုံရေး တပ်ဖွဲ့ ဝင်များက ရှောင်တခင် ရောက်ရှိ ကာ အကြောင်း အမျိုးမျိုး မေးမြန်း ခဲ့သည်ဟု သိရသည်။

အောက်တိုဘာ ၂၆ ရက် နံနက် ၁၁ အချိန်ခန့်တွင် မူစယ်မြို့ စရဖ ဗိုလ်ကြီးစိုင်းထက်ပြည့် စုံအောင်၊ တပ်ကြပ်ကြီး ဇာနည်က မူစယ်မြို့ SSPP/SSA စီးပွားရေးတာဝန်ခံရုံးအား လည်းကောင်း၊ နမ့်ခမ်းမြို့ တပ်ဆွယ်မှူး၏ တပည့်ကလည်းSSPP/SSA  ရုံးတာဝန်ခံ၏ ကိုယ်ရေးအကျဉ်းကိုပါပေးရန် နှစ်ကြိမ် တိုင်တိုင် သွားရောက်မေးမြန်းခဲ့သည်ဟု ပြောသည်။

Monday, October 27, 2014

နမ့်ခမ်းမြို့ ကျားဖြူပါတီ၊ ကျားခေါင်းပါတီ နှင့် လယ်သမားများ တွေ့ဆုံဆွေးနွေး

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက် ပိုင်း နမ့်ခမ်း မြို့နယ် ကျားဖြူပါတီနှင့် ကျားခေါင်း ပါတီ ပူးပေါင်း၍ မြို့နယ်တောင် သူ လယ် သမား များ တွေ့ဆုံ ပွဲပြုလုပ်ပြီး တောင်သူ လယ်သမား များ ပိုမို စည်းရုံးကြဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့ ပါသည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေး အမြန်ဆုံး လုပ်ဖို့ SNLD တောင်းဆို

(သျှမ်းသံတော်ဆင့်)

၂၀၁၄ အောက် တို ဘာ ၂၆  ရက် သျှမ်း တိုင်းရင်း သား များ ဒီမို ကရေစီ အဖွဲ့ချုပ် SNLD  ပါတီ၏ မွေးနေ့ တွင် ‘တိုင်းရင်း သားဒေသ အတွင်းဖြစ် ပွားနေသော တိုက်ပွဲများ ချုပ်ငြိမ်းစေရေး အတွက် အမျိုးသားပြန်လည် သင့်မြတ်ရေး အမြန်ဆုံး လုပ်သင့် သည်’ ဟု ကြေငြာချက် တစောင် ထုတ်ပြန် ကာ တောင်းဆို လိုက်သည်။

SSPP/SSA ၏ မူစယ် နမ့်ခမ်း ရုံးတာဝန်ခံအား စစ်ဘက် လုံခြုံရေး တပ်ဖွဲ့ ဝင်ရောက် မေးမြန်း

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက် ပိုင်း မူစယ် နှင့် နမ့်ခမ်း မြို့ ရှိ သျှမ်းပြည် တိုးတက်ရေး ပါတီ သျှမ်းပြည် တပ်မတော် စီးပွားရေး တာဝန်ခံရုံးအား ယနေ့ အစိုးရ ၏ စစ်ဘက် လုံခြုံရေး တပ်ဖွဲ့ ဝင်များက ရှောင် တခင်ရောက်ရှိ ကာ အကြောင်း အမျိုးမျိုးမေးမြန်းခဲ့ သည်ဟု သိရသည်။

အောက်တိုဘာ ၂၆ ရက် နံနက် ၁၁ အချိန်ခန့်တွင် မူစယ်မြို့ စရဖ ဗိုလ်ကြီးစိုင်းထက်ပြည့် စုံအောင်၊ တပ်ကြပ်ကြီး ဇာနည်က မူစယ်မြို့ SSPP/SSA စီးပွားရေးတာဝန်ခံရုံးအား လည်းကောင်း၊ နမ့်ခမ်းမြို့ တပ်ဆွယ်မှူး၏ တပည့်ကလည်းSSPP/SSA  ရုံးတာဝန်ခံ၏ ကိုယ်ရေးအကျဉ်းကိုပါပေးရန် နှစ်ကြိမ် တိုင်တိုင် သွားရောက်မေးမြန်းခဲ့သည်ဟု ပြောသည်။

ကျနော်တို့ ရပ်တည်မှုက ပူးပေါင်းဆောင်ရွက်မှုပဲ

(ဧရာဝတီ)

လတ်တလော အပစ်ခတ် ရပ်စဲရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ မှာ နောက်ကြောင်း ပြန်လှည့် မှုတွေကြောင့် စိုးရိမ်စရာ အခြေ အနေတွေ ကြုံနေရ သလို တိုင်းရင်းသား တဖွဲ့ချင်း စီမှာလည်း အကွဲအပြဲ ပြဿနာတွေ ကြောင့် လူထု စိုးရိမ်မှုတွေ မြင့်တက် လျက်ရှိပါ တယ်။ ကော်သူလေး တပ်မတော် လို့ခေါ်တဲ့ ကရင်တပ်မတော်ကို ဖွဲ့စည်းလိုက်ပြီး စစ်ရေးဆိုင်ရာတင်းမာမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းကြီးတခုဖြစ်တဲ့ အရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကနေ ယာယီနှုတ်ထွက်ခဲ့တဲ့အထိ စည်းလုံးမှု ပြဿနာတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

Friday, October 24, 2014

ယူအင်န်အက်ဖ်စီ ခွဲထွက်သွားတဲ့ ကေအင်န်ယူအပေါ် ဆလိုင်းလျန်မှုန်းဆာခေါင်း ဘယ်လိုမြင်သလဲ

(Mizzima)

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုများပြုလုပ်နေစဉ် ကရင့်အမျိုးသား အစည်းအရုံး KNU နှင့်ပတ်သက်၍ တိုင်းရင်းသားများထဲမှ နိုင်ငံရေးအကျိုး အမြတ်အတွက် သီးသန့်ခွဲထွက်ခြင်း၊ အကျိုးအမြတ်ရရှိရေး ဆောင်ရွက်နေခြင်း စသည်ဖြင့် KNU အပေါ် ကောလာဟလ ထွက်ရှိခဲ့ခြင်းတို့နှင့်ပတ်သက်၍ သုံးသပ်ပေး နိုင်ရန် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တွင် ပါဝင်ပြီး ချင်းအမျိုးသားတပ်ဦးမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းနဲ့ တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။

Thursday, October 23, 2014

UNFC မှ ယာယီရပ်စဲခြင်းနှင့် KAF ကိစ္စအပေါ် နိုင်ငံတကာကရင်အဖွဲ့များ သဘောထားထုတ်ပြန်

(KIC)

တိုင်း ရင်းသား လူမျိုးများ ဖက် ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင် မှ ကရင် အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) ယာယီ ရပ်စဲခြင်းနှင့် လက်ရှိ  ဖြစ်ပေါ်နေသော ကော်သူးလေ တပ်မတော် (KAF) ပြန်လည် ဖွဲ့စည်းခြင်းကိစ္စ အပေါ် ကရင် တစ်မျိုးသားလုံး အတွက် ရှေးရှု၍ ဆုံးဖြတ် လုပ်ဆောင်ပေး ရန် နိုင်ငံတကာရောက် ကရင်အမျိုးသား အစည်းအရုံး(IKO)က သဘောထားကြေညာချက်နှစ်စောင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

Wednesday, October 22, 2014

အစိုးရစစ်တပ် နဲ့ TNLA တပ် နမ့်ဆန်မြို့နယ်မှာ တိုက်ပွဲဖြစ်

(RFA)

ရှမ်းပြည်မြောက် ပိုင်း နမ့်ဆန် မြို့နယ် နမ့်ခေးကျေး ရွာမှာ အစိုးရ စစ်တပ် တပ်မ ၇၇ လက်အောက် ခံ ခမရ ၁၀၆ နဲ့ တအာင်း (ပလောင်) အမျိုး သား လွတ်မြောက်ရေး တပ် မတော် TNLA တို့ ဒီနေ့ တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။

ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး  တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က ဒုတိယပြန်ကြားရေးဌာနမှူး ဗိုလ်ကြီး တာပန်လက အခုလို ပြောပါတယ်။

ဒု ဗိုလ်မှူးကြီး ဆန်းအောင်ကို DKBA က ထုတ်ပယ်

(ဧရာဝတီ)

ဒု ဗိုလ်မှူးကြီး ဆန်းအောင် ကို DKBA ( ကလိုထူးဘော တပ်ဖွဲ့) က တာဝန်က ရုပ် သိမ်းပြီး တပ်ဖွဲ က ထုတ် ပယ် လိုက်တယ် လို့ အောက်တိုဘာလ ၂၁ ရက်နေ့ စွဲနဲ့ ကြေညာချက် ထွက်လာ ပါတယ်။ 


အဲဒီ ကြေညာချက်မှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဘွယ်ရဲ့ ကိုယ်စား စောမိုရှေးက လက်မှတ်ထိုး ထားပြီး ကျိုက်မရော မှာ အစိုးရစစ်တပ်နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်ကို လာရောက်ရှင်းပြဖို့ တာဝန်ရှိသူ ဗျူဟာမှူး ဒု ဗိုလ်မှူးကြီး ဆန်းအောင်အား အောက်တိုဘာလ ၅ ရက်နေ့က ဖုန်းနဲ့ ဆင့်ခေါ် ခဲ့တယ်လို့ အစချီပြီး ဖော်ပြထားပါတယ်။ 

တပ် ရုပ်မည်ဟု ရလခ တိုင်းမှူး ပြောသော်လည်း စစ်ရေး ပြင်ဆင်မှု ဆက်လုပ်နေ

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင် ပိုင်းကျေးသီး မြို့နယ် တာ့ဖါဆောင် တပ် စခန်းအား သျှမ်းပြည် တပ်မတော်မှ တပ်ဆုတ် လိုက် သည့်နောက်ပိုင်း အစိုးရတပ်များ လည်း တပ်ဆုတ် မည်ဟု လားရှိုးတွေ့ဆုံပွဲတွင် ရလခ တိုင်းမှူး ကတိပေးသော် လည်း တပ်များ မဆုတ်သေး ဘဲ အင်အား ထပ်ဖြည့်နေ သည်ဟုဆိုသည်။

အောက်တိုဘာ ၂၀ ရက်နေ့ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် ရပခ တောင်ကြီး လက်အောက်ခံ တပ်ရင်း များက အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တဆင့် သျှမ်းပြည် တပ်မတော် ထိန်းချုပ်နယ်မြေ အနီးသို့ စစ်ယာဉ် တန်း ၁၀ စီးထက် မနည်း၊ စစ်သည် အင်အား ၂၀၀ ကျော် ပို့ဆောင်နေ သည်ဟု ဒေသခံ များ ကပြောသည်။

ချောင်းမြောင်းပစ်ခတ်ခံရ၍ နယ်ခြားစောင့်တပ်ဗိုလ်တစ်ဦးဒဏ်ရာရ၊ တပ်သားတစ်ဦးသေဆုံး

(KIC)

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ ကမမောင်းမြို့နယ်ခွဲ အတွင်း အောက်တို ဘာလ ၁၉ရက်နေ့က နယ်ခြားစောင့်တပ် BGF (၁၀၁၄)တပ်ရင်း စီးနင်း လာသော ကားတစ်စီးသည် မဲသနခီးရွာနှင့် ပေပင် ဆိပ်ကျေးရွာအကြားတွင် အမည်မသိ လက်နက် ကိုင်အဖွဲ့ ပစ်ခတ် ခံရပြီး BGF ဗိုလ်ကြီး ၁ဦး ဒဏ်ရာ ရရှိပြီး တပ်သား ၁ဦး သေဆုံးသွား ခဲ့သည်ဟု သိရသည်။

Tuesday, October 21, 2014

ချင်းအမျိုးသားများကို ဖမ်းဆီး ရိုက်နှက်ခဲ့သည့် ဗိုလ်မှူးနှင့် တပ်သားများ အရေးယူပေးရန် တောင်းဆို

မဇ္ဈိမသတင်းဌာန 
 
ချင်းးအမျိုးသား တပ်ဦး(CNF) နှင့် ဆက်သွယ်သည်ဆိုကာ ချင်းအမျိုးသား ခြောက်ဦးကို ငါးရက်ကြာ ဖမ်းစီး၍ ရိုက်နှက်စစ်ဆေးခဲ့သည့် မြန်မာ့တပ်မတော်မှ ဗိုလ်မှူးတစ်ဦးပါဝင်သည့် တပ်သား ၁၃ ဦး အဖွဲ့ကို ထိရောက်စွာ အရေးယူပေးပါရန် ချင်း အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီတို့ ပူးပေါင်း၍ သဘောထား ကြေငြာ ချက် တစ်စောင်ကို အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေငြာချက်ကို ချင်းလူ့အခွင့်အရေး အဖွဲ့အစည်း၊ ခူမီးရေးရာ အတိုင်ပင်ခံကောင်စီ၊ ကုလားတန် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အရှိုချင်းအမျိုးသား ပါတီတို့က ပူးပေါင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲရပ်တန့်ရေး အစိုးရနှင့်ရှမ်းတပ် ပူးတွဲညှိနှိုင်းရေးအဖွဲ့ ဖွဲ့ရန် အဆိုပြု

(DVB)


ရှမ်းပြည်တပ်မတော် အက်စ်အက်စ်အေမြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်အကြား တိုက်ပွဲတွေ လျှော့ချနိုင်ဖို့ နှစ်ဖက်ကိုယ်စားလှယ်တွေ ပါဝင်တဲ့အဖွဲ့ ဖွဲ့စည်းဖြေရှင်းဖို့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က အဆိုပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့က လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ၀န်ကြီး ဦးသိန်းဇော်ဦးဆောင်တဲ့ အဖွဲ့နဲ့ သွားရောက်တွေ့ဆုံစဉ် ၀န်ကြီးတို့ဘက်က အဆိုပြုခဲ့တာပါ။

တအာင်း တိုင်းရင်းသား နေအိမ် များအား အစိုးရ တပ်မတော် ဝင်ရောက် စစ်ဆေး

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက် ပိုင်း နမ့်ခမ်းမြို့ ဆင်ခြေဖုံးရှိ တအာင်း(ပလောင်) တိုင်းရင်း သား လူမျိုးများ နေအိမ် အား အစိုးရ တပ်မတော်မှ ယနေ့ ဝင်ရောက်စစ်ဆေး ခဲ့သည် ဟု ဒေသခံများက ပြော သည်။


၂၀၁၄ အောက်တို ဘာ ၂၀ ရက်နေ့ မွန်းတည့်ချိန်မှ စ၍ နမ့်ခမ်းမြို့ စခန်းသစ်နေ တပ်မ ၈၈ လက်အောက် ခံတပ်ရင်းက နမ့်ခမ်းမြို့နှင့် ကပ်လျက်ရှိ သည့် လွယ်ဆာကျေးရွာ ပလောင် လူမျိုးများနေအိမ် အား ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့သည်။

Monday, October 20, 2014

SSPP ကိုယ်စားလှယ် နှင့် ဦးသိန်းဇော် တို့တွေ့ဆုံစဉ် အစိုးရ တပ်အင်အား ထပ်ဖြည့်

သျှမ်းသံတော်ဆင့်သတင်း 
 
သျှမ်းပြည် မြောက်ပိုင်း ရမခ စစ်တိုင်းရုံး အခြေစိုက် လားရှိုး၌ မြန်မာ အစိုးရ ကိုယ်စားလှယ် ဦးသိန်းဇော် ခေါင်းဆောင်သော အဖွဲ့နှင့် သျှမ်းပြည် တပ်မတော် SSPP/SSA ကိုယ်စားလှယ် တို့ ယနေ့ တွေ့ဆုံ စဉ်  ဝမ့်ဟိုင်း ဌာနချုပ် ဘက်သို့ အစိုးရ တပ်များ အင်အား ထပ်ဖြည့်နေ သည်ဟု ဆိုသည်။

အောက်တိုဘာ ၁၈ ရက်နေ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်း ကော်မတီ  ဒုတိယဥက္ကဌ ၂ ဦးသိန်းဇော်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်ချုပ်အောင်စိုး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်ကိုကိုနိုင်နှင့် သျှမ်းပြည်တပ်မတော် အထွေ ထွေအတွင်းရေးမှူး စဝ်ခွန်ဆိုင် ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံစဉ် သျှမ်းပြည်တပ်မတော်ဘက်သို့ အစိုးရတပ်များ အင်အား တိုးဖြည့်လာနေသည်ဟု မျက်မြင်များကပြောသည်။

Saturday, October 18, 2014

SSPP ကိုယ်စားလှယ် နှင့် ဦးသိန်းဇော်တို့တွေ့ဆုံစဉ် အစိုးရတပ်အင်အားထပ်ဖြည့်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက်ပိုင်း ရမခ စစ်တိုင်းရုံး အခြေစိုက် လားရှိုး၌ မြန်မာအစိုးရ ကိုယ်စား လှယ် ဦးသိန်းဇော် ခေါင်းဆောင်သော အဖွဲ့နှင့် သျှမ်းပြည် တပ်မတော် SSPP/SSA ကိုယ်စားလှယ် တို့ ယနေ့ တွေ့ဆုံ စဉ်  ဝမ့်ဟိုင်း ဌာနချုပ်ဘက် သို့ အစိုးရတပ်များ အင်အားထပ်ဖြည့်နေ သည်ဟု ဆိုသည်။

အောက်တိုဘာ ၁၈ ရက် ၂၀၁၄ ခု ယနေ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်း ကော်မတီ  ဒုတိယဥက္ကဌ ၂ ဦးသိန်းဇော်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်ချုပ်အောင် စိုး၊ အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်ကိုကိုနိုင်နှင့် သျှမ်းပြည်တပ်မတော် အထွေ ထွေအတွင်းရေးမှူး စဝ်ခွန်ဆိုင် ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံစဉ် သျှမ်းပြည်တပ်မတော်ဘက် အစိုးရတပ်များ အင်အား တိုးဖြည့်လာနေသည်ဟု မျက်မြင်များကပြောသည်။

Thursday, October 16, 2014

အစိုးရ စစ်တပ်က SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်ဟု PI ဒါရိုက်တာ ပြော

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည် တိုးတက်ရေး ပါတီ/ သျှမ်းပြည် တပ်မတော် SSPP/ SSA နှင့် အစိုးရ တပ်မတော်ကြား တိုက် ခိုက်မှုသည် အစိုးရ တပ်မတော်က စစ်ရေးပြင် ဆင်ကာ ထိုးစစ်ဆင် တိုက် ခိုက်နေခြင်းဖြစ်ကြောင်း Pyidaungsu Institute (PI) မန်နေဂျင်း ဒါရိုက်တာ က ပြောကြား လိုက်သည်။


“အစိုးရစစ်တပ်က အပစ်ရပ်သဘောတူစာချုပ်ကို မလိုက်နာဘူး။ SSPP/SSA နဲ့ အစိုးရတပ်တို့ ပက်ပင်တိုးမိလို့ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ အစိုးရစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ် တယ်” ဟု Pyidaungsu Institute (PI) မန်နေဂျင်းဒါရိုက်တာ ဦးခွန်စိုင်းက ပြောပါသည်။

ရွာနှင့်အနီးဝန်းကျင်အား လက်နက်ကြီးအလုံး ၂၀ ကျော်ပစ်ခတ် ရွာသားများထိပ်လန့်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင် ပိုင်း ကျေသီးမြို့နယ် ဝမ့်ဝပ်ကျေးရွာ အုပ်စု အတွင်း အခြေချနေထိုင် သည့် အစိုးရ တပ်မတော် စစ်ကြောင်းတခုက လက်နက်ကြီး အလုံး ၂၀ ကျော် ရပ်ရွာ ထဲသို့ ပစ်ခတ် သောကြောင့် ရွာသားများ ထိပ် လန့်ကာ ရွာလုံးကျွတ် ဘုန်းကြီးကျောင်းသို့ တိမ်းရှောင်ကြ သည် ဟု ဆိုသည်။

ရှမ်းတောင်ပိုင်းတွင် တိုက်ပွဲများကြောင့် ဒုက္ခသည်များကူညီရေး အခက်ကြုံ

(ဧရာဝတီ)

ရှမ်းပြည်နယ် တောင်ပိုင်းတွင် အစိုးရစစ်တပ်နှင့် ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA) တို့အကြား  တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ စစ်ဘေးရှောင်ဒုက္ခသည် ၂၀၀ ကျော်သည် ကျေးသီး မြို့နယ် ဖာဆောင် ကျေးရွာအုပ်စု ဝမ့်ဝပ်ဘုန်ကြီး ကျောင်းတွင် ခိုလှုံနေကြရပြီး စစ်ရေးတင်းမာနှင့် လုံခြုံရေး စိတ်မချရမှုတို့ကြောင်း ဒုက္ခသည်များ ကူညီရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရှိရသည်။

Wednesday, October 15, 2014

ကရင် လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့ ပြန်လည် ပေါင်းစည်းပြီ

(ဧရာဝတီ)

ကရင် အမျိုးသား လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်သည့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင် အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)၊ ကလိုထူးဘော စစ်ဌာနချုပ် (DKBA) နှင့် KNU/KNLA –PC အဖွဲ့များပူးပေါင်း၍ ကော်သူး လေတပ်မတော် (KAF) အဖြစ် ပြန်လည်ပေါင်းစည်းရန် သဘောတူလိုက်ကြောင်း စုံစမ်းသိရှိရသည်။

ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ၏ပေးစာအပေါ် SSPP/SSA ကန့်ကွက်

(သျှမ်းသံတော်ဆင့်)

သံလွင် အနောက်ခြမ်း UWSA ၀တပ်ဖွဲ့ထိန်းချုပ်နယ်မြေ နှင့် ကပ်လျက်ရှိ သည့် သျှမ်းပြည် တပ်မတော် SSPP/SSA တပ်စခန်းများ၊ လှုပ်ရှား စစ်ကြောင်းများ အား ရုပ်သိမ်းပေးရန် လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီး  ဗိုလ်မှူးကြီးအောင်သူ ပေးပို့လာသည့် အိပ်ဖွင့်ပေးစာ အား SSPP/SSA မှ ကန့်ကွက်ရှုပ်ချသည်ဟုဆိုသည်။

“ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့တွေ့တဲ့အခါ ကျနော်တို့ ကန့်ကွက် ကြောင်း ပြောမယ်။အဲလို ခဏခဏမလုပ်ပါနဲ့ ကျနော်တို့ ပြောမယ်။  သူတို့ဘက်ကလုပ်လာရင်လည်း ကျနော်တို့က ကန့်ကွက်သွား မယ်။ ” ဟု SSPP/SSA အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင် ကပြောသည်။

Sunday, October 12, 2014

ကော့ကရိတ် လက်နက်ကြီးထိ ၄ ဦးသေဆုံး

(VOA)

ကရင်ပြည် နယ်၊ ကော့ကရိတ်မြို့ နယ်ထဲက အလယ်ဗိုလ်တဲ ဆိုတဲ့ အရပ်မှာ မြဝတီမြို့ဘက်ကသွားတဲ့ ခရီးသည်ကားတစ်စီးကို လက်နက်ကြီးထိမှန်ပြီး ကလေးတစ်ဦးအပါအဝင်  ၄ ဦးသေဆုံးပြီး ၁၂ ဦးခန့် ဒဏ်ရာရခဲ့ကြပါတယ်။ ဒဏ်ရာပြင်းထန်သူ ၃ ဦးကိုတော့ ကော့ကရိတ်ဆေးရုံကနေ ဘားအံဆေးရုံကို လွှဲပြောင်းပေးလိုက်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဖမ်းထားသည့် ဒီကေဘီအေ တပ်သားနှစ်ဦးကို အစိုးရပြန်လွှတ်ပေး

(Mizzima)

အစိုးရတပ်မတော်က ဖမ်းထားခဲ့သည့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) မှ တပ်သား ၂ဦးကို ယနေ့ ပြန်လွှတ် ပေးခဲ့သည်ဟု DKBA ကော့ကရိတ် ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး စောသူရဲနီက အောက်တိုဘာလ ၁၂ရက်က ပြောသည်။

အစိုးရတပ်က ပြန်လွတ်ပေးခဲ့သဖြင့် DKBA တပ်သား စောရန်နိုင် နှင့် စောဆေးဦးတို့ကို ကော့ကရိတ်မြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲရေး ဌာနချူပ်(စကခ ၁၂) တွင် သွားရောက်ခေါ်ဆောင်ပြီးဖြစ်သည်။


SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက် နေမှုကို ရပ်တန့်ရန် သျှမ်း လူ့အခွင့်အရေး မဏ္ဍိုင် တောင်းဆို

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည် တိုးတက်ရေး ပါတီ/ သျှမ်းပြည် တပ်မတော် SSPP/SSA ထိန်းချုပ် နယ်မြေ အတွင်း အစိုးရ စစ်တပ်က အင်အားဖြည့်တင်းကာ ထိုးစစ်ဆင် တိုက်ခိုက်နေမှုကို ရပ်တန့် ရန် သျှမ်း လူ့အခွင့်အရေး မဏ္ဍိုင် SHRF က တောင်းဆို လိုက်သည်။

အစိုးရစစ်တပ်က SSPP/SSA အား အောက်တိုဘာလဆန်းပိုင်းမှစ၍ လက်နက်ကြီး အသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် ဒေသခံပြည်သူ အသက်ဘေး အန္ဒရာယ်နှင့် ရင်ဆိုင်တွေ့ကြုံ နေရသည့် ကိစ္စနှင့် ပတ်သက်၍ ယမန်နေ့က သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ကြေငြာချက် တစောင် ထုတ်ပြန်ခဲ့သည်။

လှုပ်ရှားထိန်းချုပ်နယ်မြေသို့ မြန်မာ့တပ်မတော် အင်အားဖြည့်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်အလယ်ပိုင်း မြောက်ပိုင်းဘက်သို့ မြန်မာ့တပ်မတော်မှ အင်အားတိုးဖြည့်ချရာ တအာင်းတပ်မတော် လှုပ်ရှားထိန်းချုပ်နယ်မြေ နမ့်ခမ်းမြို့နယ်ဘက်သို့လည်း ယခုလဆန်းကစပြီး တိုးချဲ့ဝင်ရောက် လာကြောင်း   TNLA ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော် ထံမှသိရသည်။

အောက်တိုဘာ (၄) ရက်နေ့က မြန်မာ့တပ်မတော်မှ ကွတ်ခိုင်မြို့နယ်၊ ကွမ်းလုံလမ်းမအပိုင်း တပ်သားနှင့် ရိက္ခာအပြည့် တင်သော စစ်ကား အစီး ၃၀ ကျော်၊ မူစယ်၊ နမ့်ခမ်းဘက်သို့  ၁၀ စီးကျော် ခန့်မှန်းအင်အား ၄၀၀  နီးပါး တပ်အင်အား ထပ်မံတိုးမြှင့် လာကြောင်း  ဆိုသည်။

Thursday, October 9, 2014

DKBA ဗျူဟာမှူးကို ဖမ်းဝရမ်းထုတ်

(ဘီဘီစီ)

DKBA ဗျူဟာမှူး ဗိုလ်မှူးကြီး ဆန်းအောင် ကို ကျိုက်မရော ရဲစခန်းက ဖမ်းဝရမ်း ထုတ် လိုက် တယ် ဆိုတဲ့ သတင်းတွေ ဗုဒ္ဓဟူးနေ့ ညနေ က ထွက်ပေါ်ခဲ့ပါတယ်။
ကော့ကရိတ်ခရိုင်က DKBA အကြီးအကဲ ဗိုလ်မှူးချုပ် စောကျော်သက်ကတော့ ဒီပြဿနာဟာ စက်တင်ဘာ လကုန်ပိုင်းတုန်းက မွန်ပြည်နယ် ကျိုက်မရော မြို့နယ်ထဲမှာ အစိုးရ စစ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့တွေနဲ့ DKBA ငြိမ်းချမ်းရေး တပ်ဖွဲ့အကြား တိုက်ပွဲ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်နေတယ်လို့ ပြောပါတယ်။

Wednesday, October 8, 2014

သျှမ်း/တောင် ပင်လုံအနီးတွင်လည်း အစိုးရတပ်မတော်နှင့် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တို့ပစ်ခတ် တိုက်ခိုက်

(သျှမ်းသံတော်ဆင့်)

အောက်တိုဘာလ ၆ ရက် နံနက်ပိုင်းအချိန်က သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ်နှင့် လဲချားမြို့နယ် အကြားတွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့နှင့်အစိုးရတပ်မတော်တို့ အကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းသျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ သိရသည်။
“ပစ်တာလို့တော့ကျနော်တို့ကြားတယ်။ကျွန်နော်တို့ဘက်က လမ်းမပေါ်မှာ ပစ်ခတ် တိုက်ခိုက်ဖို ညွန်ကြားချက်တွေ မရှိပါဘူး။ကျနော်တို့နယ်မြေဆိုပေမယ့်လည်း တခြားလက်နက်ကိုင် အဖွဲ့တွေလည်းရှိတယ်။ဘယ်အဖွဲ့နဲ့ ဖြစ်တာလည်းဆိုတာသေချာအတည်ပြုလို့မရသေးဘူး” ဟု RCSS/SSA၏  ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဆက် ဆံရေးရုံးတောင်ကြီး တာဝန်ခံ ဗိုလ်မှူးစိုင်းဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အစိုးရစစ်တပ်နှင့် SSPP/SSA တိုက်ပွဲ UWSA နှင့် မိုင်းလား ပူပေါင်း ထုတ်ပြန်ကြေညာ

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် အစိုးရစစ်တပ်နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ်မတော် (SSPP/SSA) ကြား၌ တိုက်ပွဲတင်းမာမှုနှင့်ပတ်သက်ပြီး  “ဝ” ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ ( UWSA) နှင့် သျှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄ )( မိုင်းလား ) အဖွဲ့ တို့ မှပူပေါင်းပြီး ထုတ်ပြန်ကြေညာလိုက်သည်။


“ဒီဘက်မြောက်ပိုင်းမှာလည်း ဒီလိုဖြစ်လာတယ်ဆိုတော့ နဲနဲစိုးရိမ်စိတ်ရှိပါတယ်။ ဒါတွေကြောင့် ဆွေးနွေးပွဲတွေအပေါ်မှာ ထိခိုက်နိုင်မလား တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့အတွက် အခတ်အခဲအတားအဆီးတွေဖြစ်ပေါ်လာမလားဆိုပြီး  စိတ်ပူလို့ပါ။ ဒါကြောင့် ကျွန်တော်တို့ သဘောထား တွေကို ထုတ်ပြန်လိုက်တာပါ”ဟု (UWSA) “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် ကဆိုသည်။

Tuesday, October 7, 2014

မြန်မာအစိုးရ တပ်မတော်ပစ်ခတ်သော လက်နက်ကြီးကြောင့် ဒေသခံ နှစ်ဦးသေဆုံး

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင် ပိုင်း ကျေးသီးမြို့နယ် အတွင်းရှိ သျှမ်းပြည် တပ်မတော် တပ်စခန်း အား တိုက်ခိုက် သိမ်းပိုက်ရာ တွင် မြန်မာ အစိုးရ တပ်မတော် လက်နက်ကြီးက နေအိမ် ရပ်ရွာအပေါ်  ကျသောကြောင့် ကျေး လက် လူထု နှစ်ဦး ပွဲချင်းပြီး သေဆုံးသည် ဟုသိရသည်။
အောက်တိုဘာ ၃-၄ ရက်နေ့ အတွင်း သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းကောဝ် - နောင် ဆွမ်းကျေးရွာအုပ်စု ဝမ့်မတ်ဟု (ရွာ) နေ (ဦး)ပေါထော့ဝ်ဥ အသက် ၇၇ နှစ်၊ ဝမ့်ဝပ်ကျေးရွာအုပ်စု ငူးလိန်ရွာ နေ (ဦး) လုံးဝါလင်လူ အသက် (၅၃) နှစ် သည် အစိုးရ တပ်မတော် မှ ပစ်ခတ်သော လက်နက်ကြီးကြောင့် နေအိမ် အတွင်းပွဲချင်းပြီးသေဆုံးသည်ဟု ရွာသားများက ပြောသည်။


ရှမ်း ခေါင်းဆောင်တွေနဲ့ UNFC ချင်းမိုင်မှာ တွေ့ဆုံ

(RFA)

ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချူပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အဖွဲ့က နာယက ဗိုလ်ချူပ် ဆေထင်တို့ ဦးဆောင်တဲ့အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းက ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင်တွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ နာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံကနေရောက်ရှိလာတဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး UNFC ဒု ဥက္ကဌ ခူးဦးရယ်က RFA ကို အခုလို ပြောဆိုပါတယ်။

Saturday, October 4, 2014

ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ဝိုင်းဝန်း ကြိုးပမ်းရန် မွန်ပြည်သစ် ပါတီမှ တိုင်းရင်းသား လူငယ် များအား တိုက်တွန်း

(ရွှေဟင်္သာသတင်းဌာန)



တိုင်းရင်းသား လူငယ်များ အနေနှင့် စစ်မှန် သည့် ဖက်ဒ ရယ် ပြည်ထောင် စု ပေါ်ထွန်း လာ ရန် အတွက် ကြိုးပမ်း ဆောင်ရွက် ကြရန် လို အပ်ကြောင်း မွန်ပြည်သစ် ပါတီ ပြည်တွင်း ရေးရာ တာဝန်ခံ နိုင်ဝင်းလှမှ မွန်ပြည်နယ် မော်လမြိုင် မြို့၌ ကျင်းပ ပြုလုပ် ခဲ့သည့် တိုင်းရင်းသား လူငယ် နှီးနှော ဖလှယ် ပွဲ၌ တိုက်တွန်း ပြောကြား ခဲ့သည်။

“ကျနော်တို့ နိုင်ငံဟာ အမျိုးသား တိုင်းရင်းသား လူမျိုးစုံနဲ့ ဖွဲ့စည်း တည်ထောင် ထားတဲ့ နိုင်ငံ ဖြစ်တဲ့ အတွက်ကြောင့် တကယ့် ပြည်ထောင်စု ပေါ်ထွက် လာဖို့ အရေးကို ကျနော်တို့ တိုင်းရင်းသား လူငယ်များ တက်တက် ကြွကြွ စွမ်းစွမ်း တမံ ကိုယ်စွမ်း ညဏ်စွမ်း ရှိသမျှ ကြိုးပမ်း ဆောင်ရွက် ကြရန်” ဟု နိုင်ဝင်းလှ နှီးနှော ဖလှယ်ပွဲ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြား သွားခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲ အမှီ ရှမ်းအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ရန် တွန်အားများ ရှိသော်လည်း လက်တွေ့၌ ခက်ခဲနေ

(ရွှေဟင်္သာသတင်းဌာန)



လာမည့်၂၀၁၅ ရွေးကောက် ပွဲတွင် ရှမ်းနိုင်ငံရေး ပါတီ အချင်းချင်း ပူးပေါင်းကာ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် အတွက် ရှမ်းပြည်သူ များမှ တွန်းအားပေး နေမှုများ ရှိနေ သော်လည်း ပေါင်းစည်း ရေးနှင့် ပက်သက်၍ အဖွဲ့ အစည်း အချင်းချင်း ကြားတွင် မတူညီသော အမြင် သဘော ထားနှင့် နိုင်ငံရေး လမ်းစဉ် ကွဲလွှဲ ချက်များကြောင့်  ခက်ခဲ နေသည်ဟု ရှမ်းနိုင်ငံရေး ပါတီမှ ထိပ်တန်း ခေါင်းဆောင် များက ပြောကြားသည်။

သို့ရာတွင် ထိုသို့ မတူ ကွဲပြားသည့် အခြေအနေမှ တူညီသည့် ဘုံရည်မှန်းချက် အပေါ် အခြေခံကာ ရှမ်းနိုင်ငံရေး အဖွဲ့ အစည်းများ လက်တွဲ လုပ်ဆောင်ရန် လိုအပ်သည်ဟု ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ် ပါတီ တွဲဘက် အတွင်းရေးမှူး ဖြစ်သူ ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်တင်မှ သုံးသပ် ပြောကြားသည်။

ငြိမ်းချမ်းရေးပျက်လျှင် မြန်မာ့တပ်မတော်ကဖျက်ဆီးသူဟု RCSS/SSA ပြော

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တပ်မတော် SSPP/SSA နယ်မြေသို့ အစိုးရတပ်မတော် စစ်အင်အား အလုံးအရင်းသုံးပြီး တိုက်ခိုက်နေခြင်းသည် လက်ရှိငြိမ်းချမ်းရေး တည်ဆောက်နေ ချိန်ဖြစ်သဖြင့် လုံးဝ မသင့်လျော်ကြောင်း၊ ငြိမ်း ချမ်းရေး ပျက်လျှင် မြန်မာ့တပ်မတော်က ဖျက်ဆီးသူဟု RCSS/SSA က ပြောကြား လိုက်ပါသည်။

မြန်မာ့တပ်မတော်အနေဖြင့် ရလခ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက် တပ်ရင်းများ၊ ရမခ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်လက်အောက်ခံ တပ်ရင်းများ အင်အား ၁၀၀၀ ကျော် သုံးကာ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲ ကာ ငြိမ်းချမ်းရေးတည်ဆောက်ထားသည့် သျှမ်းပြည်တပ်မ တော် SSPP/SSA အား ထိုးစစ်ဆင်နေခြင်းသည် ငြိမ်းချမ်းရေး ပျက်စီးအာင် ဖျက်ဆီးနေခြင်းနှင့် တူသည်ဟု RCSS/SSA က ကြေငြာချက်တစောင် ထုတ်ပြန် လိုက်သည်။

မြန်မာစစ်တပ်ဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သမ္မတအမိန့် ဆန့်ကျင်နေဟု ရှမ်း အဖွဲ့တွေ ပြောကြား

(RFA)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ ရှမ်းခေါင်းဆောင်များ အစည်းအဝေးမှာ ရှမ်းပြည် မြောက် ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ စစ်တပ်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ပန်ကြားချက်ကို လိုက်နာခြင်း မရှိဘူးလို့ သုံးသပ်ကြောင်း SSA တောင်ပိုင်း ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလောင်စိုင်းက RFA ကိုပြောပါတယ်။

SSA တပ်တွေ တာဖာဆောင်းစစ်စခန်းကို ဆုတ်ခွာပေး

(RFA)

ရှမ်းပြည်နယ် အတွင်း အစိုးရတပ်ဖွဲ့နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေ တဲ့ ကျေးသီးမြို့နယ်ထဲက တာဖာဆောင်းတပ်စခန်းကို ဒီကနေ့ အောက်တိုဘာ ၃ ရက်နေ့ မနက် ၁၀ နာရီမှာ SSA ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့က ဆုတ်ခွာပေးလိုက်တဲ့အတွက် နှစ်ဖက် ပစ်ခတ်မှုတွေ ရပ်စဲသွားပြီ ဖြစ်ပါတယ်။

ဒီကနေ့ မနက်လင်းအားကြီးအချိန်ကစပြီး အရှေ့ အလယ်ပိုင်းတိုင်းစစ်ဌာနချူပ်က စစ်ဆင်ရေး ကွပ်ကဲမှုဌာနချူပ် ၂ လက်အောက်ခံတပ်တွေက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက် လာပြီးနောက် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးခေါ်ယူခဲ့ပြီး တာ့ဖာဆောင်းတပ်စခန်းကို ဆုတ်ခွာပေးလိုက်တာဖြစ် တယ်လို့ SSPP အထွေထွေအတွင်းရေးမှူး ဦးခွန်ဆမ် က ပြောပါတယ်။

ကျေးသီးနယ် တိုက်ပွဲ ရှမ်းတပ်ပြန်ရုပ်

(VOA)

ရှမ်းပြည် နယ်မြောက်ပိုင်း ကျေးသီး မြို့နယ်ထဲမှာ SSA မြောက်ပိုင်း တပ်နဲ့ အစိုးရတပ် အနည်းဆုံး တိုက်ပွဲ ၅နေရာဖြစ်ပွားခဲ့ပါတယ်။ အရှေ့အလယ် ပိုင်းတိုင်း စစ်ဌာနချုပ်က ဒီလတစ် ရက်နေ့မှာ ကျေးသီးမြို့နယ် တာ့ဖာဆောင်စခန်းက ရှမ်းတပ်ဖွဲ့တွေကို ဆုတ်ခွာဖို့ အကြောင်းကြားပြီးတဲ့နောက် အခုလို တိုက်ပွဲတွေ စတင်ဖြစ်လာတာပါ။  ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
 

Friday, October 3, 2014

KNLA နှင့် အစိုးရတပ် ပစ်ခတ်မှု ထပ်မံဖြစ်ပွား

(KIC)

ပဲခူးတိုင်းရှိ ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) ထိန်းချုပ်နယ်မြေ တပ်မဟာ(၃)၊ မုန်းမြို့နယ် မောနဲလမ်း၌ ယမန် နေ့နံနက် ၁၁နာရီခွဲတွင် KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ရင်း(၈)မှ တပ်ဖွဲ့ဝင်အချို့နှင့် မြန်မာ အစိုးရစစ်တပ် တို့အကြား ပစ်ခတ်မှုတစ်ရပ် ထပ်မံ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

မြန်မာအစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်(စကခ-၁၀)လက်အောက်ခံ ခြေမြန်တပ်ရင်း(ခမရ-၅၉၈)မှ အင်အား ၂၀ကျော် လှုပ်ရှားနေသည့်အဖွဲ့နှင့် အင်အား ၃ဦးရှိ KNLA လှုပ်ရှားအဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KNLA တပ်ရင်း(၈)၏ ဒုတပ်ရင်း မှူး ဒု-ဗိုလ်မှူးကြီးစောရေးဒို့က ကေအိုင်စီသို့ ပြောသည်။

Thursday, October 2, 2014

မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေး အဖွဲ့၏ တပ်ရင်းမှူးအား လက်နက် များနှင့် ဖမ်းမိ

(ရွှေဟင်္သာသတင်းဌာန)



မွန်ငြိမ်းချမ်ရေးနှင့် ကာကွယ်ရေး တပ်ဖွဲ့မှ ဗိုလ်မှူး အဆင့်ရှိ အမှတ် (၁) တပ်ရင်းမှူး နိုင်မင်းမောင် (ခ) ကိုတိုး အား တရားမဝင် လက်နက်မှု ကိုင်ဆောင်မှု၊ တရားမဝင် လိုင်စင် မဲ့ကား မှု တို့ဖြင့် စက်တင်ဘာလ (၃၀) ရက်နေ့တွင် မော်လမြိုင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ အမှုဖွင့် အရေးယူ ထားကြောင်း အမည်မဖော် လိုသည့် ရဲအရာရှိ တစ်ဦးက ရွှေဟင်္သာ သတင်း ဌာနအား ပြောကြား ခဲ့သည်။

“သူ့ကို ဝင်ဖမ်းတော့ ဝင်ဖမ်းမယ် ဆိုရင် လက်ပစ်ဗုံးနဲ့ ပစ်ခွဲမယ် ဆိုပြီး ခြိမ်းခြောက် တယ်ဗျ၊ နောက်တော့ ဖြောင်းဖျရင်း ပြောသေးတယ်၊ မရတဲ့ အဆုံးမှ ဝင်လုံးပြီး ဖမ်းရတာ” ဟု ရဲအရာရှိမှ ရွှေဟင်္သာသတင်း ဌာနအား ပြောကြားသည်။

တကျော့ပြန် စိုးရိမ်မှုတွေ မြင့်တက်နေတဲ့ မြ၀တီ

(ဧရာဝတီ)

ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တာမို့ ပုံမှန်အားဖြင့် ကုန်စည်စီးဆင်းမှု များပြားပြီး လူဝင်လူထွက် ရှုပ်ထွေးလှတဲ့ မြ၀တီမြို့ လေးက စက်တင်ဘာ လနှောင်းပိုင်း မှာတော့ တိတ်ဆိတ်ခြောက် ကပ်သွားပြီး လူဝင်လူထွက်လည်း ရုတ်ချည်းဆို သလို လျော့ကျ သွားပါတယ်။

မြင်တွေ့ရခဲတဲ့ အစိုးရစစ်သားတွေကို မြ၀တီမြို့ရဲ့ အ၀င်၊ အထွက် နေရာအတော်တော်များများမှာ အနီရောင် လည်ပတ် စီးတွေစီး၊ သေနတ်တွေကို ပစ်ခတ်ဖို့ အသင့်အနေအထား ကိုင်ဆောင် ထားတဲ့ပုံစံနဲ့ တွေ့မြင် နေရ တယ်။ မြ၀တီမြို့ရဲ့ လမ်းမကြီးတွေပေါ်မှာ အစိမ်းရောင် စစ်ကားကြီးတွေက မကြာခဏဆိုသလို လှည့်လည် ကင်းလှည့် တာမျိုးတွေလည်း ရှိနေပါတယ်။

ရှမ်း​တောင်တွင် အစိုးရနှင့် SSA တိုက်ပွဲ ထပ်ဖြစ်

(Mizzima)

ရှမ်းပြည် တိုးတက်​ရေးပါတီ၊ ရှမ်းပြည်​တပ်မ​တော် SSPP/SSA နှင့် အစိုးရတပ်တို့ ​အောက်တိုဘာ ၂ ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု SSPP တိုင်းရင်းသား​ရေးရာဌာန ဒုတိယတာဝန်ခံ ဗိုလ်မှူးကြီး ပိန်ဖက မဇ္ဈိမကို ​ပြောသည်။

ရှမ်းပြည်နယ်​တောင်ပိုင်း ​ကျေးသီးမြို့နယ် တာဖာ​ဆောင်​ဒေသတွင် နံနက် ၅ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

ကေအဲန်ယူတပ် KNLA နှင့် အစိုးရစစ်တပ် ပစ်ခတ်မှု ထပ်မံဖြစ်ပွား

(KIC)

ပဲခူးတိုင်းရှိ ကရင် အမျိုးသား အစည်း အရုံး (ကေအဲန်ယူ) ထိန်းချုပ် နယ်မြေ တပ်မဟာ(၃)၊ မုန်းမြို့ နယ် မောနဲလမ်း ၌ ယမန်နေ့နံနက် ၁၁နာရီခွဲတွင် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း(၈)မှ တပ်ဖွဲ့ဝင် အချို့နှင့် မြန်မာ အစိုးရ စစ်တပ် တို့အကြား ပစ်ခတ်မှု တစ်ရပ် ထပ်မံ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကာချုပ်နှင့် ဒီကေဘီအေတို့ တွေ့ဆုံမည်

မဇ္ဈိမသတင်းဌာန
တပ်မတော်နှင့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများအကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် DKBA မှ ဒုတိယ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးတို့ တွေ့ဆုံ ဆွေးနွေးကြမည်ဟု DKBA မြ၀တီ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီး စောစိုးမြင့်က ပြောသည်။

“ဒု-စစ်ဦးချုပ်ကတော့ ဒီနေ့ ထွက်သွားပြီလို့ သိရတယ်။ သူတို့ နေပြည်တော် ဒါမှမဟုတ် ရန်ကုန်မှာ တွေ့ကြ မှာပါ”ဟု ၎င်းက ပြောသည်။ သို့သော် တွေ့ဆုံမည့်ရက် နှင့် အချိန်ကို DKBA နှင့် တပ်မတော်ဘက်မှ သီးခြား အတည်ပြုချက်မရပေ။

ပြည်တွင်းလုံခြုံရေး စိန်ခေါ်မှုများနှင့် ကြုံနေဟု ရှမ်းပြည်နယ်ဝန်ကြီးချုပ်ပြော

မဇ္ဈိမသတင်းဌာန 
 
တိုးတက်လာသည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများနှင့်အတူ ပြည်တွင်းလုံခြုံရေးကို အန္တရာယ်ပြုနိုင်သည့် စိန်ခေါ်မှုများ ကြုံတွေ့နေရသည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်က နိုဝင်ဘာ ၁ ရက်တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော နှစ် ၅၀ ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရွှေရတု အခမ်းအနား၏ အဖွင့်မိန့်ခွန်းတွင် ပြောကြားလိုက်သည်။

ဧရိယာ စတုရန်းမိုင် ခြောက်သောင်းကျော် ကျယ်ဝန်းပြီး တရုတ်၊ ထိုင်း၊ လာအိုနိုင်ငံတို့နှင့် နယ်နမိတ်ထိစပ် နေသည့် ရှမ်းပြည်နယ်၏ ဝန်ကြီးချုပ်က ယင်းသို့ သတိပေး ပြောကြား လိုက်ခြင်းဖြစ်သည်။

Wednesday, October 1, 2014

အစိုးရတပ်နဲ့ DKBA အကြား တိုက်ပွဲတွေကြောင့် ကျိုက်မရော စာသင်ကျောင်းတွေပိတ်ထားရ

(RFA)

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အစိုးရစစ်တပ်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်တို့အကြား ဖြစ် ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာ ၃၀ ကျော်က စာသင်ကျောင်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်ထားပါတယ်။

လုံခြုံရေးအတွက် စိတ်ချရတဲ့အခြေအနေရောက်မှ စာသင်ကျောင်းတွေကို ပြန်ဖွင့်မှာဖြစ်တယ်လို့ ကျိုက်မရောမြို့နယ် ဒုတိယပညာရေးမှူး ဦးအောင်နိုင်ဦးက ပြောပါတယ်။

ကျိုက်မရောမြို့နယ်အတွင်း တိုက်ပွဲငယ်တွေ ရှိနေဆဲ

(RFA)

မြန်မာအစိုးရတပ်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတာကို အပစ်ရပ်ပြီးညှိနှိုင်း ဖို့ အောက်ခြေအဆင့်ကနေပြီး ပြည်ထောင်စုဝန်ကြီး အဆင့် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပေမဲ့ မွန်ပြည် နယ် ကျိုက်မရောမြို့နယ် ဇမိချောင်းပတ်ဝန်ကျင်းမှာ အစိုးရတပ်ဘက်က ပိတ်ဆို့တိုက်ခိုက်တာတွေ ဒီကနေ့ စက်တင်ဘာ ၂၉ ရက်နေ့အထိ ပြုလုပ်နေတုန်းပဲလို့ စုံစမ်းသိရပါတယ်။

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အကြား ဇမိချောင်း ပတ်ဝန်းကျင်နေရာတွေမှာ နှစ်ဖွဲ့တပ်တွေအကြား တိုက်ပွဲတွေ ဖြစ်နေတဲ့အခြေအနေကို ဒီကေဘီအေ အဖွဲ့ရဲ့ တာဝန်ရှိသူ ဗိုလ်ဇေယျာက အခုလို ပြော ပါတယ်။