Friday, September 18, 2015

တိုက်ပွဲကာလ လုံခြုံစိတ်ချမှု မရှိသည့် အတွက် စည်းရုံးရေး မဆင်းကြရန် နိုင်ငံရေး ပါတီများအား RCSS/SSA သတိပေး

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည် တပ်မတော် ထိန်းချုပ်နယ် မြေအတွင်း အစိုးရတပ် ထိုးစစ်ဆင် တိုက်ခိုက်သည့် အတွက် စည်းရုံးရေး ဆင်းမည့် ကိုယ်စားလှယ်လောင်းများ နိုင်ငံရေး ပါတီများ အတွက် လုံခြုံ စိတ်ချမှု မရှိသောကြောင့် စည်းရုံးရေး ယာယီ ရပ်နားထားရန် သျှမ်းပြည် တပ်မတော်မှ နိုင်ငံ ရေးပါတီများအား သတိပေး ထုတ်ပြန်ထားသည် ။

အစိုးရတပ်က ရွာသားများကို စစ်ဝတ်စုံဆင်ပေးပြီး လမ်းပြလုပ်ခိုင်း

(DVB)

ရှမ်းပြည်တောင် ပိုင်း လင်းခေး ခရိုင် မောက်မယ်မြို့နယ်ထဲမှာ အစိုးရတပ် စစ်ကြောင် တကြောင်းမှ ရွာသားတွေကို စစ်ဝတ်စုံဝတ် ဆင်စေပြီး လမ်းပြလုပ်ခိုင်းတယ်လို့  ဒေသခံတွေက ပြောပါတယ်။

နမ့်စန်အခြေစိုက် ခလရ ၂၄၇ လက်အောက်ခံ အစိုးရတပ်စစ်ကြောင်းတကြောင်းဟာ စက်တင်ဘာ ၁၇ ရက် မနက်က ဟိုလွိုင်ကျေးရွာအုပ်စု နမ့်ယုမ်းရွာကို ရောက်ရှိလာပြီး   ရွာသား ၆ ဦးကို  စစ်ဝတ်စုံဝတ်ပေးကာ လမ်းပြခိုင်းတယ်လို့ ဟိုလွိုင်ကျေးရွာအုပ်စုမှ အမည်မဖော်လိုသူ ရွာသူကြီးတဦးက ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ် ထိုးစစ်ဆင်မှုကြောင့် မြို့နယ် ၁၆ ခု တွင် မဲဆွယ်မှု ရပ်ဆိုင်းရန် RCSS သတိပေး

(ဧရာဝတီ)

ရှမ်းပြည်နယ် အတွင်း ရှမ်းပြည်ပြန် လည် ထူထောင်ရေးကောင်စီ (RCSS) လက်အောက် ခံ တပ်များအပေါ် အစိုးရစစ်တပ် က စစ်ရေး စီမံချက်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ၎င်းတို့ ထိန်းချုပ်နယ်မြေ အတွင်းရှိ မြို့နယ် ၁၆ မြို့နယ် တွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ခေတ္တ ရပ်ဆိုင်းထားရန် RCSS က သဘော ထား ကြေညာချက် ထုတ်ပြန်လိုက်သည်။

တပ်မတော်၏ ထိုးစစ်များ အရှိန်မြှင့်လုပ်ဆောင်မှုများရှိနေသဖြင့် RCSS ထိန်းချုပ်နယ်မြေအတွင်း ဘေးကင်း လုံခြုံမှု မရှိ ကြောင်း၊ ထို့ကြောင့် ပါတီမဲဆွယ်ခြင်းနှင့် စည်းရုံးရေးဆိုင်ရာလုပ်ငန်းများကို ဘေးကင်းလုံခြုံမှုရှိသည့် အချိန်အခါအထိ ခေတ္တ ဆိုင်းငံ့ ထားပေးကြရန် သတိပေး ထုတ်ပြန်ရခြင်းဖြစ်ကြောင်း RCSS က ပြောသည်။

Thursday, September 17, 2015

RCSS/SSA အား အစိုးတပ်မတော် တိုက်လေယာဉ် ၊ ရဟတ်ယာဉ်ဖြင့် လိုက်လံရှင်းလင်း

(သျှမ်းသံတော်ဆင့်)

RCSS/SSA နှင့် မြန်မာ စစ်တပ် တို့ အကြား သျှမ်းပြည်နယ် တောင်ပိုင်း ခိုလမ် ဒေသ တွင် ဖြစ်ပွားခဲ့သည့် တိုက် ပွဲတွင် အစိုးရ တပ်မတော် ဘက်မှ တိုက်လေ ယာဉ် နှင့် စစ်ရဟတ် ယာဉ်များ အသုံးပြုကာ နယ်မြေလိုက်လံ ရှင်း လင်းကြောင်း ဒေသခံများနှင့် RCSS/SSA တာဝန်ရှိ သူ တို့က ပြောသည် ။

စက်တင်ဘာလ ၁၆ ရက် မနက်ပိုင်းက အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ ခိုလမ်မြို့ တောင် ဘက် ၁၀ မိုင်ခန့်အကွာ ( ကျိုင်းတောင်းမြို့အသွားလမ်း ) ခိုအွတ် ကျေးရွာအုပ်စု ၀မ့်ကောင်းရွာ တောင်ဘက် တွင် သျှမ်းပြည်တပ်မတော် (တောင်ပိုင်း) လက်အောက်ခံ တပ်ရင်းများနှင့် ဒေသတွင်း အခြေစိုက် မြန်မာစစ်တပ် တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်အချို့ကို အသုံးပြု တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ။

Wednesday, September 16, 2015

သျှမ်း ၊ ပအိုဝ်း နာမည်သုံးပြီး ပြည်ခိုင်ဖြိုး ပါတီ ဆိုင်းဘုတ်တင်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည် တောင်ပိုင်း ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့ နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီသည် စက်တင်ဘာ ၈ ရက် မဲဆွယ် စည်းရုံးခွင့် ပြုသည့်နေ့မှ စ၍ မြို့နယ် အတွင်း နေရာ အနှံ့ အပြားတွင် သျှမ်းပြည် ခိုင်ဖြိုး ၊ ပအိုဝ်း ပြည်ခိုင်ဖြိုး ဟူ၍ ဆိုင်းဘုတ်များ စိုက်ထူကာ မဲဆွယ် နေကြောင်း သိရသည် ။

စက်တင်ဘာ ၁၃ ရက်တွင် ပြုလုပ်သော မောက်မယ်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ၏ ရွေးကောက်ပွဲ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တွင်လည်း ရဲတပ်ဖွဲ့ဝင်များမှာ  အရပ်ဝတ်ဖြင့် ဆွေးနွေးပွဲအတွက် လုံခြုံရေး ယူပေးခဲ့သည်ဟု အသက် ၂၅ နှစ်အရွယ် ဒေသခံ  တဦးက ပြောသည် ။