Thursday, December 25, 2014

သျှမ်းပြည်တောင်ပိုင်း၌ အစိုးရတပ်မတော်စစ်ကြောင်း မိုင်းနင်းမိသုံးဦးဒဏ်ရာရ

(သျှမ်းသံတော်ဆင့်)

ဒီဇင်ဘာ ၂၂ ရက် ၂၀၁၄ နံနက် ၈ နာရီခွဲ သျှမ်းပြည်တောင် ပိုင်း လင်းခေး ခရိုင် မိုင်းပန်မြို့ အခြေစိုက် ခမရ ၃၃၂ က မြို့တောင် ဘက် ၁၆ မိုင်ခန့် အကွာ ခိုင်းနောင်ငင်းဒေသ နောင်လုံ(မ်) ရွာနှင့် ကန့်ကန်ရွာ အကြားတွင် မိုင်းနင်းမိရာ သုံးဦးဒဏ်ရာရှိ သည်ဟု ဒေသတွင်း သတင်း ရပ်ကွက်ကဆိုပါသည်။

ဒီဇင်ဘာ လဆန်းပိုင်းမှ ယနေ့ထိ   မိုင်းပန်မြို့နယ်အတွင်း လမ်းဖေါက်လုပ်ရေး အကြောင်း ပြချက်ဖြင့် အစိုးရတပ်မတော် ခမရ ၃၃၂၊ ၅၂၀၊ ၅၇၅၊ ၅၇၇၊ ခလရ ၆၆ နှင့် ဆောက်လုပ်ရေး တပ်ရင်းအမှတ် ၉၂၁ တို့ အင်အားတိုးချ လှုပ်ရှားလျှက်ရှိရာ ဒီဇင်ဘာ ၁၄ ရက်က သျှမ်းပြည် တပ်မ တော် RCSS/SSA နှင့် ထိပ်တိုက်မှု ဖြစ်ပွားခဲ့သည်။

ငြိမ်းချမ်းရေး ရရှိရေး ပအိုဝ်းတိုင်းရင်းသား ၂၀၀၀ ကျော် ဆန္ဒပြတောင်းဆို

(ဧရာဝတီ)

ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်း များ အောင်မြင်ပြီး ဆုံးသည် အထိ အစိုးရက ဆောင် ရွက်ပေးရေး ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်ပါတီ (PNO) ဦးဆောင်မှုဖြင့် ပအိုဝ်း တိုင်းရင်းသား ၂၀၀၀ ကျော် က   ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီး မြို့တွင် ယနေ့ ဆန္ဒပြ တောင်း ဆို ကြောင်း သတင်း ရရှိသည်။

ပြည်တွင်း ငြိမ်းချမ်းရေး အမြန်ရရှိရေး၊ ပြုပြင်ပြောင်းလဲမှု အမြန်ဆောင်ရွက်ရေး၊ တိုင်းရင်း သားများ အခွင့်ရေးရရှိရေး ၊ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ၊ တောင်းဆိုချက်များ အမြန်ရရှိရေး အပါအဝင် အချက် ၅ ချက် ဆောင်ရွက်ပေးရန်  ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) က ဦးဆောင် တောင်းဆိုခြင်း ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားများ ဆန္ဒ ဖော်ထုတ် ရေး ကော်မတီအဖွဲ့ဝင် ဦးခွန်ထွန်းရွှေက ဧရာဝတီသို့ ပြောသည်။

Tuesday, December 23, 2014

တိုင်းရင်းသားလိုချင်တဲ့ ငြိမ်းချမ်းရေး၊ အစိုးရ မဖေါ်ဆောင်နိုင်

(RFA)

အစိုးရက ဦးဆောင်ကျင်းပနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေကနေ တိုင်းရင်းသားတွေ လိုလားတဲ့ ငြိမ်းချမ်းရေး ကို ဖော်ဆောင်နိုင်မှာ မဟုတ်ကြောင်း ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး က ပြောပါတယ်။


ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ကျင်းပတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ရဲ့ ပထမအကြိမ် ညီလာခံမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦးက ပြောကြားခဲ့ပါတယ်။

Saturday, December 20, 2014

ဘီအဲန်အိုင်မှ တိုင်းရင်းသားအယ်ဒီတာများ အရည်အသွေးမြှင့်တင်

(KIC)

တိုင်းရင်းသားသတင်းဌာန အများစုဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာမြန်မာ့သတင်း(ဘီအဲန်အိုင်)မှ ဦးစီး၍ အယ်ဒီတာအဆင့်ရှိ သူနှင့် အကြီးတန်းသတင်းထောက်များအား အယ်ဒီတာစီမံခန့်ခွဲမှုသင်တန်းတစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Fame ဟိုတယ်တွင် ဒီဇင်ဘာလ ၁၈ရက်မှ ၂၃ရက်နေ့အထိ ပြုလုပ်ခဲ့သည်။

ခြောက်ရက်ကြာ ပြုလုပ်မည့် ယင်းရက်တိုသင်တန်းကို တိုင်းရင်းသားသတင်းစာ၊ တိုင်းရင်းသားသတင်းသမားများ ဖွံ့ဖြိုးတိုး တက်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး သင်တန်းဖြစ်မြောက်ရေးအတွက် မြန်မာပြည်အခြေစိုက် United Nations Educational Scientific and Cultural Organization-UNESCO က ကူညီထောက်ပံ့ပေးသည်ဟု ဘီအဲန်အိုင် စီမံခန့် ခွဲရေး ညွှန်ကြားရေးမှူး ဦးဇင်လင်းက ပြောသည်။

အမေရိကန်တွင် ပထမဆုံး ရဲအရာရှိဖြစ်လာသည့် ကရင်တိုင်းရင်းသား

(DVB)

အမေရိကန် ပြည်ထောင် စု စိန်ပေါလ် ရဲတပ်ဖွဲ့ အကယ်ဒမီကနေ ဘွဲ့ရခဲ့တဲ့ စော လယ်ထူး ဟာ ပထမဆုံး ရဲအရာရှိဖြစ် လာ တဲ့ မြန်မာနိုင်ငံ ဖွား ကရင် တိုင်းရင်းသား ဖြစ်ပါ တယ်။
ဒီဇင်ဘာ ၁၈ ရက်နေ့ က ကျောင်းဆင်းခဲ့ တဲ့ လယ်ထူးဟာ သင်တန်း မပြီးသေး သလို အတွေ့အကြုံ ရှိတဲ့ ၀ါရင့် အရာရှိတွေနဲ့ သီတင်း ၁၆ ပတ်ကြာ ကွင်းဆင်းရမယ်လို့ ပြောပါတယ်။

စောလယ်ထူးဟာ ၃ နှစ်သား အရွယ်အထိ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သလို ထိုင်းမြန်မာ နယ်စပ် ဒုက္ခသည် စခန်းမှာ ၁၅ နှစ်ကြာနေထိုင်ခဲ့တာဖြစ်ပါတယ်။

Thursday, December 18, 2014

မလွှဲတောင် ဓါးပြ တရားခံ နိုင်အလွန်နှင့် နိုင်အဆောင်း တို့ နယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်နေ

(ရွှေဟင်္သာသတင်းဌာန)



တနင်္သာရီတိုင်း ရေဖြူ မြို့နယ် မလွှဲတောင် နယ်ခြား စစ်ဆေးရေး စခန်း အနီး၌ ရွှေဝယ် ရတနာ ခရီးသည် တင်ယာဉ်အား ဓါးပြ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ဓါးပြ တိုက်ခဲ့သည့် နိုင်အလွန်နှင့် နိုင်အဆောင်း ဓါးပြ အဖွဲ့သည် ဒီဇင်ဘာလ (၁၂) ရက်နေ့ မှစ၍ တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ် တနေရာသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ကြောင်း ၎င်းဓါးပြ အဖွဲ့နှင့် ရင်းနှီးသည့် သူတဦးက ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၁၇) ရက်နေ့၌ အတည်ပြု ပြောသည်။

“အခု တပ်မတော် ကလည်း လိုက်နေတယ်၊ KNU ကလည်း လိုက်နေတယ် ဆိုတော့ သူတို့ ရေဖြူဂွင်မှာ နေလို့ မရ တော့ဘူး၊ အဲဒါကြောင့် နယ်စပ်ကို ရှောင်ပြေး သွားတယ်၊ နယ်စပ်ရဲ့ ဘယ်နေ ရာလဲ ဆိုတာတော့ ကျနော် မေးတော့ သူတို့ မပြောပြဘူး” ဟု ၎င်း အလွန် အဆောင်း ဓါးပြ ညီအစ်ကိုနှင့် ရင်းနှီးသည့် သူငယ်ချင်း တဦးမှ ရွှေဟင်္သာ သတင်း ဌာနအား ပြောသည်။

RCSS/SSA နှင့် အစိုးရ တပ်တို့ နှစ်ရက် ဆက်တိုက် တိုက်ပွဲငယ် ဖြစ်ပွားခဲ့

ရွှေဟင်္သာ သတင်းဌာန 
 
ရှမ်းပြည် ပြည်လည် ထူထောင်ရေး ကောင်စီ (ခေါ်) ရှမ်းပြည် တောင်ပိုင်း တပ်မတော် (RCSS/SSA) နှင့် အစိုးရ တပ်တို့ အကြား ဒီဇင်ဘာလ ၁၃ ရက်နေ့ နှင့် ၁၄ ရက်နေ့ များတွင် နှစ်ရက် ဆက်တိုက် တိုက်ပွဲ ငယ်များ ဖြစ်ပွား ခဲ့ကြောင်း RCSS/SSA တာဝန်ရှိသူ များက ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် အတည်ပြု ပြောကြား ခဲ့သည်။

သျှမ်းပြည်တောင်ပိုင်း၌ အခြေခံမဲဆန္ဒရှင် စာရင်းစတင် ကောက်ယူ

(သျှမ်းသံတော်ဆင့်)

ဒီဇင်ဘာလ  ၂၂ ရက်နေ့မှစ၍ သျှမ်းပြည် တောင်ပိုင်း မြို့နယ်ရွေးကောက် ပွဲ ကော်မရှင် အဖွဲ့ခွဲ နှင့် ရပ်ကျေးရွေးကောက် ပွဲ ကော် မရှင် အဖွဲ့ခွဲတို့မှ အခြေခံမဲဆန္ဒရှင် စာရင်းများ စတင်ကောက် ယူ နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

သို့သော် ယင်းမဲစာရင်းများအား အတည်ပြုထုတ်ပြန်ကြေညာရန် မဟုတ်သေးကြောင်း ခရိုင်ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဌ ဦးတင်ဦးကပြောသည်။

သီပေါရဲ ပစ်သတ်ခံရသည့်နောက် စစ်တပ်နှင့်အတူ ရွာသားများနေ့ရောညပါကင်းစောင့်ရ

(သျှမ်းသံတော်ဆင့်)

သီပေါမြို့နယ် ရဲကင်းတခု အား အမည်မသိ လက်နက်ကိုင် ဆိုင်ကယ်သမား ဝင်ရောက် ပစ်ခတ်သည့်  နောက်ပိုင်း အဆိုပါရဲကင်း၌ စစ်တပ်မှ လာရောက် အစားထိုးကာ ၎င်းတို့နှင့်အတူ ရွာသားများ အား နေ့ရောညပါ ၂ ယောက်စီ အလှည့်ကျ ကင်းစောင့်ခိုင်းသည်ဟု ရွာသားများ ကပြောသည်။

ဒီဇင်ဘာ ၁၁ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့မှ နမ့်လန်အသွားလမ်း ၉ မိုင်အလွန် လားရှိုးလမ်းခွဲ ခိုလုံရွာ နမ့်လန်းတံတားစောင့် ရဲကင်းတခုအား အမည်မသိ လက်နက်ကိုင် ဆိုင်ကယ်သမားက ဝင်ရောက် ပစ်ခတ်ရာ ရဲတပ်ကြပ်တဦးသေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့သည်။  ထိုနောက်ပိုင်း အဆိုပါ တံတား ကင်းစခန်း၌ တင့်ကားတပ်ရင်းအမှတ် ၅၀၀၃ နှင့် ခလရ ၁၄၇ ပူးပေါင်းတပ်တို့က ရဲတပ်ဖွဲ့အစား ဝင်ရောက်စခန်းချ နေထိုင်ရာ ၎င်းတို့နှင့်အတူ ခိုလုံရွာသား  နေ့ ၂ ဦး၊ ည ၂ ဦး ဆင့်ခေါ်ကင်းစောင့်ခိုင်းသည်ဟု အမည်မဖေါ် လိုသည့် သီပေါသားတဦးက ဤကဲ့သို့ ပြောသည်။

Wednesday, December 17, 2014

သျှမ်းမြောက်၌ အစိုးရစစ်တပ် နှင့် ပြည်ထောင်စုတပ်မတော် FUA တို့ တိုက်အပြင်းအထန်ဖြစ်ပွား

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက် ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း နှင့် မန်တုံမြို့နယ် အတွင်း ယခုလဆန်းအတွင်း အစိုးရ စစ်တပ်နှင့် ပြည်ထောင်စု တပ်မတော် တို့ တိုက်ပွဲ အပြင်း အထန်ပြန်လည်ဖြစ်ပွါး လာနေကြောင်း သိရပါသည်။

ဒီဇင်ဘာလ ၁၀ ရက်ကတိုက်ပွဲနှစ်ကြိမ် ၁၃ ရက်က တကြိမ်တိုက်ပွဲဖြစ်ပွားခဲ့ကြကြောင်း၊ အစိုးရတပ်မှာ တပ်မ ၅၅ နှင့်တပ်မ ၁၁ တို့ဖြစ်ကြကြောင်း၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA  သတင်း ပြန်ကြားရေးဌာနမှူး မိုင်းအိုက်ကျော်ကဆိုသည်။

UNA ညီလာခံ၌ နိုင်ငံရေး ဆွေးနွေးမှု မူဘောင် မူကြမ်း SNLD တင်ပြမည်

(သျှမ်းသံတော်ဆင့်)

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA  ညီလာခံ၌ သျှမ်း တိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်  SNLD မှ ရေးဆွဲ ထားသည့် နိုင်ငံရေး ဆွေးနွေးမှု မူဘောင် မူကြမ်း တင်ပြသွားမည် ဖြစ်ကြောင်း SNLD ပြော ခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ်က ပြောသည်။

SNLD မှ ရေးဆွဲ နေသည့် နိုင်ငံရေး ဆွေးနွေးမှု မူဘောင် မူကြမ်းအား လ နှင့်ချီ၍ အချိန်ယူရေးဆွဲရကြောင်း   UNA  ညီလာခံ၌ တင်ပြ နိုင်ရန် အပြီးသတ် ရေးဆွဲ နေကြောင်း၊ တခြား အုပ်စု ရေးဆွဲ နေသော နိုင်ငံရေး ဆွေးနွေးမှု မူဘောင် မူကြမ်းနှင့် မတူဘဲ နိုင်ငံရေး ဆွေးနွေးမှု ၊ တတိုင်းပြည်လုံး အပစ်ရပ်နိုင်မှုများအား ပြိုင်တူ သွားရန် ရေးဆွဲ ထားကြောင်း မူကြမ်းရေးဆွဲရေးကော်မတီမှ စိုင်းထွန်းအေးက ပြောသည်။

Tuesday, December 16, 2014

သျှမ်းပြည်တောင်ပိုင်း၌ RCSS/SSA နှင့် အစိုးရတပ် တိုက်ပွဲပြန်ဖြစ်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင် ပိုင်း လင်းခေး ခရိုင် မိုင်းပန်မြို့နယ် တွင် ဒီဇင်ဘာ ၁၄ ရက်နံနက်ပိုင်း က အစိုးရ တပ်မတော် နှင့် သျှမ်းပြည် တပ်မတော် RCSS/ SSA တို့ တိုက်ပွဲဖြစ်ပွားသည်ဟု မိုင်းပန်မြို့ခံများက ပြောသည်။

မိုင်းပန်မြို့အခြေစိုက် တပ်ရင်း နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ လင်းခေးခရိုင် မိုင်းပန်မြို့ တောင်ဘက် ၁၀ မိုင်ခန့်ဝေးသည့် ဝမ့်ဟတ် ဒေသတွင် တိုက်ပွဲဖြစ်ပွားရာ အစိုးရ တပ်မတော်ဘက် တဦးသေ တဦးဒဏ်ရာရရှိသည်ဟု တပ်အသိုင်းအဝိုင်းကပြောသည်။

Monday, December 15, 2014

လယ်တောပြန်ရွာသားကို သျှမ်းသူပုန်ဟုဆိုကာ အစိုးရစစ်တပ် တလကြာဖမ်းဆီးစစ်ဆေး

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင် ပိုင်း လဲချား မြို့နယ် တတ်မောက်ကျေးရွာ မှ ရွာသား တဦး မြန်မာ အစိုးရ စစ်တပ် က သျှမ်း သူပုန်ဟုဆိုကာ ဖမ်းဆီး ရိုက်နှက်ကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ဆိုပါသည်။

ဦးလုံးယန္န ပါခမ်းဆာတို့၏သား စိုင်းမြင့်ကျော်အား လယ်တောမှအပြန် စစ်ကြောင်းပြန် ခိုလမ်အခြေစိုက် ရလခတိုင်းမှ စစ်သားကဖမ်းဆီးခေါ်ဆောင်ခြင်းဖြစ်ကြောင်း ဆွေမျိုး တော်စပ်သူတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

Saturday, December 13, 2014

မွန် - တနင်္သာရီရှိ ဓါးပြများကို အစိုးရ တပ်မတော် ရှင်းလင်းရေး လုပ်မည်ဟု KNU ပြော

မဇ္ဈိမသတင်းဌာန 
 
 မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး အစပ်၌ လှုပ်ရှားနေသည့် ဓါးပြအဖွဲ့များအား မြန်မာ့ တပ်မတော်မှ လိုက်လံ ရှင်းလင်းမည်ဟု တနင်္သာရီတိုင်း နယ်စပ်ကာကွယ်ရေးနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး ဇော်လွင်က ကရင်အမျိုးသား အစည်းအရုံး (KNU) အား ပြောကြားခဲ့ကြောင်း KNU ထားဝယ် ဆက်ဆံရေးရုံးမှ စောခူးရယ် က မဇ္ဈိမကို ပြောသည်။

အလင်းရောင် မျှော်လင့်ချက်များနှင့် ကယားဒေသ

(ဧရာဝတီ)

“ကျမတို့ ဘဝမှာ မီးမမြင် ရရင်နေပါ။ နောင် လာမယ့် ကလေးတွေ ကိုတော့ မီးလင်း ထိန်နေ တာကို မြင်စေ ချင်တယ်”ဟု ကယား ပြည် နယ် လွိုင်ကော်မြို့ ဒီမော့ ဆိုမြို့နယ် ဒေါ ဆိုရှေ့ ကျေးရွာမှ အသက် ၆၀ ကျော် အရွယ် အမေ အို တဦးက ပြောသည်။

“သူများ မြို့လို တီဗီတွေ ကို ကြည့်စေချင်တယ်။ မီးလုံးတွေနဲ့ စာကျက်စေ ချင်တယ်” ဟုလည်း အမေအိုက ဆက်လက် ပြောဆို ပါသည်။

Friday, December 12, 2014

အပစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အစီရင်ခံစာသစ် ကရင်နီလူမှုကွန်ရက် ထုတ်ပြန်

(KIC)

မြန်မာ အစိုးရနှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)တို့၏ ၂နှစ်ကျော် ကြာ အပစ်ခတ် ရပ်စဲရေး ကာလအတွင်း ကရင်နီ (ကယား)ပြည်နယ် ဖြစ် ပျက် ခဲ့သည့် အကြောင်းအရင်းများကို စုစည်း၍ ကရင်နီ အခြေပြု လူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) မှ “ဘယ်မှာလဲ စစ်မှန် သည့် အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်း စဉ်”ခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၅ရက်နေ့ က အစီရင်ခံ စာတစ်စောင် ထုတ်ပြန် လိုက်သည်။

ထားဝယ်-ရေးကားလမ်းတွင် ဓားပြပစ်ခတ်၍ KNLA အရာရှိတစ်ဦးနှင့် ယာဉ်မောင်းတပ်သားသေဆုံး

(KIC)

တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ် -ရေး ကား လမ်းပေါ်တွင် ယမန်နေ့က အမည်မသိ လက်နက်ကိုင် ဓားပြတစ်စု၏ ပစ်ခတ်မှုကြောင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ(၄) လက်အောက်ခံ ကရင် အမျိုး သား လွတ်မြောက်ရေး တပ်မတော် KNLA မှ ဗိုလ်ကြီးတစ်ဦးနှင့် ယာဉ်မောင်းသူ တပ်သား တစ်ဦးမှာ သေဆုံး သွားကြောင်း သိရ သည်။

Wednesday, December 10, 2014

နိုင်ငံရေး ပါတီများနှင့် KNU ဒီဇင်ဘာ ၂၂ ရက် တွေ့မည်

(Mizzima)

နိုနိုင်ငံရေး ပါတီများ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့သည် ဒီဇင်ဘာ ၂၂ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးကြမည်ဟု ဆွေးနွေးရာတွင် ပါဝင်မည့် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ အတွင်းရေးမှူး (၂) ဦးနေမင်းကျော်က မဇ္ဈိမကို ပြောသည်။

ဒီဇင်ဘာလ ၂၂ ရက် နှင့် ၂၃ ရက်တွင် တွေ့ဆုံမည်ဖြစ်ပြီး တွေ့ဆုံမည့် နေရာကိုမူ မသတ်မှတ်ရသေးဟု ၎င်းက ပြောသည်။

ကော်သူးလေတပ်မတော်(KAF)တံဆိပ် DKBA စတင် အသုံးပြုတော့မည်

(KIC)

ကော်သူးလေ တပ်မတော် (Kaw Thoo Lei Armed Forces-KAF) ရင်ဘတ် တံဆိပ် ကို ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA) အနေဖြင့် မကြာမီ ကာလ အတွင်း စတင် အသုံးပြုမည်ဟု DKBA စစ်ဦးစီးမှူး ဒုတိယတန်း ဗိုလ်မှူး ထွန်းထွန်းက ကေအိုင်စီသို့ ယနေ့ ပြောဆို လိုက်သည်။

ဗိုလ်မှူးထွန်းထွန်းက “ကျနော်တို့ ရင်ဘတ်တံဆိပ်နှစ်ခုမှ တစ်ခုကို အရင်တုန်းက (DKBA Army)နေရာမှာ (Kaw Thoo Lei Armed forces)ကို အစားထိုးမှာပဲ။ လောလောဆယ် ဘက်တံဆိပ် ဒီဇိုင်းနဲ့ နမူနာ မှာလိုက်တဲ့ဟာလောက်ပဲ ရှိသေးတယ်”ဟု ဆိုသည်။ 

Monday, December 8, 2014

ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေးကော်မတီ ဆုံးဖြတ်

(KIC)

ကရင် လက်နက်ကိုင် အချင်းချင်း ပြဿနာများ ထပ်မံဖြစ် ပွားပါက ငြိမ်း ချမ်းသောနည်းဖြင့် ဖြေရှင်း သွားကြရန် ဒီဇင်ဘာ ၅ရက် နေ့တွင် ကော့ ကရိတ်မြို့နယ်၊ နန်းရွှေမှုံရွာ၌ ပြုလုပ်ခဲ့သော ကရင်လက်နက် ကိုင် အဖွဲ့များ ညီညွတ်ရေးကော်မတီ၏ (၅)ကြိမ် မြောက် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြ သည်။

Saturday, December 6, 2014

SSPP/SSA ၏ တိုက်ပွဲကျ အာဇာနည်များအား အောင့်မေ့ကာ သမိုင်းဟောပြောပွဲပြုလုပ်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည် တိုးတက်ရေး ပါတီ သျှမ်းပြည် တပ်မတော် SSPP/SSA ၏ ခေါင်းဆောင် စဝ်အုန်းပေါင် ရှေ့တန်းစစ်မျက်နှာ၌ ကျဆုံး သည့် နေ့ကို အစွဲပြုပြီး ဒီဇင် ဘာ ၅ ရက်နေ့ ကို အာဇာနည်နေ့ အဖြစ် သတ်မှတ်ကာ သျှမ်းပြည်နယ် အလံတော် လျှော့၍ တပ်ထု တခုလုံး ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုခဲ့သည်ဟု ဗဟိုကော်မတီဝင် ဗိုလ်မှူး စိုင်းဟတ်တိုင်း က ပြောသည်။

Tuesday, November 25, 2014

KNU/KNLA က ငြိမ်းချမ်းရေး ဖော်ဆောင်ရန် အကြောင်းပြ၍ ဒေသခံများထံ ငွေတောင်းခံမှုများရှိ

(ဧရာဝတီ)

ကရင်ပြည် နယ်၊ သံတောင်မြို့နယ် အခြေ စိုက် ကရင် လွတ်မြောက်ရေး တပ်မတော်မှ (KNU/ KNLA) တပ်မဟာ ၂ တပ်ဖွဲ့က အစိုး ရနှင့် အပစ် အခတ် ရပ်စဲထားစဉ် ကာလအတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် အတွက်ဟုဆို ကာ ဒေသခံများထံမှ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း သိရသည်။

Thursday, November 20, 2014

သျှမ်းကျေးလက်နှစ်ဦးအား နောင်ချိုအခြေစိုက် အစိုးရတပ်မှ လည်ဖြတ်သတ်

(သျှမ်းသံတော်ဆင့်)

နိုဝင်ဘာ ဒုတိယပတ် နှင့် တတိယပတ် အတွင်းမှာ အွန်လိုင်းပေါ်ပျံ့နှံ့နေ သည့်- `မြန်မာ့ တပ်မတော် စစ်ကြောင်း တကြောင်း က သျှမ်းကျေး လက် ရွာသားနှစ်ဦး အားသတ်ဖြတ်´ သည့်ပုံသည် သျှမ်းပြည်အလယ်ပိုင်း ကျေးသီး မြို့နယ် ပန်စယ်ရွာသားများဖြစ်ကြပြီး သတ်ဖြစ်နေသည့်တပ်ဖွဲ့သည် နောင်ချို အခြေစိုက် အမှတ် ၁၁၄ ခြေမြန် တပ်ရင်းမှ သတ်ဖြတ်သည့် ဓါတ်ပုံဖြစ်သည်ဟု အချက်အလက်ရှာဖွေကောက်ယူသည့် နိုင်ငံရေး ပါတီဝင်တဦး ကပြောသည်။

ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ထိုင်းနိုင်ငံ၌ တွေ့ဆုံမှုကို ထိုင်းတပ်မတော် စတင်ကန့်သတ်

မဇ္ဈိမသတင်းဌာန 
 
မြန်မာအစိုးရ၏ တောင်းဆိုမှုကို အကောင်အထည်ဖော်ခြင်းဖြစ်ဟု ထိုင်းဒုဗိုလ်မှူးကြီးပြော

ထိုင်းမြန်မာ နယ်စပ်တွင် အခြေစိုက်သည့် ပြည်တွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၌ အစည်း အဝေးများ ပြုလုပ်မည် ဆိုပါက ထိုင်းစစ်တပ်သို့ ဦးစွာ အကြောင်းကြား ရမည် ဖြစ်ကာ နှစ်ဖက် ညှိနှိုင်းပြီးမှ ဆွေးနွေး၊ တွေ့ဆုံပွဲများကို ဆက်လက် လုပ်ဆောင် ရမည်ဟု ထိုင်းအမှတ် (၃) စစ်ဒေသမှ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ထံ အကြောင်းကြားထားသည်ဟု UNFC တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမကို နိုဝင်ဘာလ ၂၀ ရက်က ပြောသည်။

တိုင်းရင်းသား ခေါင်းဆောင်များ ဆွေးနွေးပွဲ ထိုင်းစစ်တပ် ခွင့်ပြုချက် ရရန်လိုလာ

(ဧရာဝတီ)

ထိုင်းနိုင်ငံ အတွင်း တိုင်းရင်း သား လက်နက် ကိုင် အဖွဲ့တွေရဲ့ အစည်း အဝေးတွေ ပြုလုပ်မယ် ဆိုပါက ထိုင်းစစ်တပ် ကို အကြောင်းကြား ခွင့်ပြုချက် ရယူရ မယ်ဆိုပြီး အကြောင်းကြား လာတယ်လို့ တိုင်းရင်းသား လက်နက် ကိုင် ခေါင်းဆောင်တွေ က ပြောပါတယ်။

“အစည်းအဝေးလုပ်မယ် ဆိုရင် နေရာ၊ ပါဝင်မယ့် ပုဂ္ဂိုလ်၊ ဆွေးနွေးမယ့် ခေါင်းစဉ် စတာတွေကို စာနဲ့ရေးပြီး တင်၊ ခွင့်ပြုချက်ရမှ လုပ်ပါဆိုတဲ့ အကြောင်းကို ထိုင်းထောက်လှမ်းရေး အဖွဲ့တွေက တဆင့် အကြောင်းကြား လာပါတယ်” လို့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဧရာဝတီကို ပြောပါတယ်။

နိုင်ငံရေး ဆွေးနွေးပွဲ အပြီး လက်နက် ဖြုတ်သိမ်းမည့် ကိစ္စအား UNFC ဒုဥက္ကဌ ငြင်းဆို

နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ အပြီးတွင် လက်နက်များ ဖြုတ်သိမ်း သွားမည်ဟု သမ္မတ ဦးသိန်းစိန်၏ တဆင့် စကားကို ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းမှ နိုင်ဟံသာ ဦးဆောင်သည့် UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီတို့ တွေ့ဆုံ ပွှဲ၌ ပြောဆို ခဲ့သည်ဟု သတင်း ဖေါ်ပြ ချက်သည် မှားယွင်းမှု ဖြစ်ကြောင်း UNFC ဒုတိယ ဥက္ကဌ နိုင်ဟံသာက အောက်တိုဘာလ (၁၈) ရက်နေ့၌ ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြား ခဲ့သည်။

“သတင်းမီဒီယာ တွေက အဓိပ္ပါယ်ကောက် လွှဲမှား ရေးလိုက်တယ် လို့ပဲ ကျွန်တော် မြင်တယ်။ ဦးအောင်မင်း တို့နဲ့ တွေ့တုန်းက နိုင်ငံရေး အရ ဆွေးနွေး ပြီးတဲ့ နောက်ပိုင်းမှာ လက်နက် စွန့်ရမယ်လို့ သမ္မတလဲ မပြော ပါဘူး။ ဦးအောင်မင်းလဲ မပြောပါဘူး”ဟု နိုင်ငံသာက ရွှေဟင်္သာ သတင်းဌာနအား ပြောကြား ခဲ့သည်။

Tuesday, November 18, 2014

UNA အဖွဲ့သို့ ဝင်ရောက်ရန် ကရင်အမျိုးသားပါတီ ဆုံးဖြတ်

(KIC)


ကရင်အမျိုးသား ပါတီ (KNP) အနေဖြင့် စည်းလုံး ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့(UNA)သို့ ဝင် ရောက်ရန် နိုဝင် ဘာ ၁၅ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ မရမ်းရွာရှိ၊ ပါတီဒုဥက္ကဌ အိမ်၌ ပြုလုပ်သည့် ပါတီဗဟိုကော်မတီ အစည်းအဝေး တွင် ဆုံးဖြတ်လိုက်ကြောင်း ပါတီ အထွေထွေ အတွင်း ရေးမှူး မန်းကျော်ငြိမ်း က ကေအိုင်စီသို့ ပြောသည်။

Monday, November 17, 2014

အိုဘားမား နေပြည်တော်ရောက်ရှိစဉ် သျှမ်းပြည်မြောက်ပိုင်း၌ ဗုံးများဆက်တိုက်ပေါက်ကွဲ

(သျှမ်းသံတော်ဆင့်)

အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရက် အိုဘားမား မြန်မာနိုင်ငံရောက်ရှိစဉ် သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း နိုဝင်ဘာ ၁၃ ရက် ညဦးပိုင်းတွင် ဗုံးများဆက်တိုက် ပေါက်ကွဲခဲ့သောကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်ကြသည်ဟု ဒေသခံများကပြောသည်။

နိုဝင်ဘာ ၁၃ ရက်နေ့ နေ့ခင်းပိုင်းတွင် အစိုးရ တပ်မတော် စစ်ကြောင်း စစ်ကားကြီး ၈ စီး စစ်သည်အင်အား ၃၀၀ ကျော် က မူစယ်၊ နမ့်ခမ်းမြို့နယ်အတွင်း သွားလာလှုပ်ရှားကြောင်း၊ ညနေပိုင်းတွင်မူ နမ့်ခမ်းမြို့အထွက် ဟိုနမ့်အသွားလမ်းတွင် ည ၈ နာရီ ခွဲလောက်တစ်ကြိမ်၊ ည ၉ နာရီကျော်အချိန်တွင် ကတ်မိန်းခမ်း အနီးတို့တွင် ဗုံးများပေါက်ခဲ့သည်ဟု ရပ်မိရပ်ဖ လုံးစိုင်းညွှန့်က ပြောသည်။

အမှန်တကယ် ငြိမ်းချမ်းရေးမရသေးကြောင်း တိုင်းရင်းလူမှုအဖွဲ့များ ရှင်းလင်းပြောဆို

(KIC)

ငြိမ်းချမ်းရေးဖော်ဆောင်နေသည့် ကာလတွင် တိုင်းရင်းသားဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ပွဲများ ရှိနေဆဲဖြစ် သည့်အတွက် အမှန်တကယ် ငြိမ်းချမ်းရေးမရရှိသေးတဲ့အကြောင်းကို နိုင်ငံတကာသို့ သိစေလို၍ ကချင်၊ ကရင်၊ ရှမ်း တိုင်းရင်း သားများ ကိုယ်စားပြု လူမှုအဖွဲ့အစည်း ၃ဖွဲ့က နိုဝင်ဘာလ ၁၂ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ်၌ သွား ရောက်ရှင်းပြခဲ့သည်။

ခရစ်ယာန် ကရင်ဘုန်းတော်ကြီးတစ်ပါး လူမှုအဖွဲ့အစည်းများနှင့် မပတ်သက်ရန် သတိပေးခံရ

(KIC)

ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (KUPC) အဖွဲ့ဝင်တစ်ဦးဖြစ်သူ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ ဦးကျော်ရင်လမ်းရှိ၊ ခရစ်ယာန် ရိုမန်ကက်သလစ်ဘုရားကျောင်းမှ သိက္ခာတော်ရဆရာတော်(ဖာသာ) ဂျိုးဇက်သိန်းခင်ကို လူမှုအ ဖွဲ့အစည်းများနှင့် မပတ်သက်ရန် နိုဝင်ဘာ ၁၂ရက်နေ့တွင် ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးက ခံဝန်လက်မှတ်ရေးထိုးခိုင်းကာ သတိပေးခဲ့ကြောင်း သိရသည်။

Tuesday, November 11, 2014

ဦးအောင်မင်းနှင့် တိုင်းရင်းသား ခေါင်းဆောင်တချို့ နေပြည်တော်၌ တွေ့ဆုံ

(ဧရာဝတီ)

ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း အပါအ၀င် အစိုးရ ၀န်ကြီး ၄ ဦးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သည့် တိုင်းရင်းသား ခေါင်းဆောင် တချို့တို့ နေပြည်တော်တွင် ယနေ့ အလွတ်သဘော တွေ့ဆုံကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံမှုသည် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးကြခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောသည်။

Monday, November 10, 2014

ကရင့်အမျိုးသားညီလာခံ ကျင်းပရန် ကေအင်န်ယူ ဗဟိုကော်မတီ အစည်းအဝေး လုပ်မည်

(Mizzima)

သုံးလအတွင်း ကရင့်အမျိုးသားညီလာခံ ခေါ်ရန်အတွက် နိုင်ငံတကာ ကရင်အမျိုးသား အစည်းအရုံး (KIO) က တောင်းဆို ထားသည့်အတိုင်း KNU ၏ ဗဟိုကော်မတီ အစည်းအဝေးကို နိုဝင်ဘာ တတိယ အပတ်အတွင်း ပြုလုပ်သွားရန်ရှိသည်ဟု KNU ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် စောသမန်ထွန်းက မဇ္ဈိမကိုပြောသည်။

Friday, November 7, 2014

SSPP/SSA အား ဆင်နွှဲသည့် တိုက်ပွဲ များတွင် ပြည်သူ့စစ် အင်အား တထောင်ကျော် ပါဝင်

(သျှမ်းသံတော်ဆင့်)


အောက် တိုဘာ လ အတွင်း သျှမ်းပြည် တပ်မတော် SSPP/SSA အား ဆင်နွှဲသည့် တိုက်ပွဲများ တွင် အစိုးရ တပ်မတော် သည် သျှမ်းပြည်တောင် ပိုင်း/မြောက်ပိုင်း မှ ဌာနေပြည်သူ့ စစ်အင်အား ၁၀၀၀ ထက် မနည်း အသုံးပြု သည်ဟု ဆိုသည်။

လွယ်လင်ခရိုင်အတွင်း မိုင်းပွန်ဒေသခံ မိုင်းနင်းမိ တဦးသေဆုံးတဦးဒဏ်ရာရ

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင် ပိုင်း လွယ်လင် ခရိုင် မိုင်းပွန် တိုက်နယ် အရှေ့ဘက် တွင် ထောင်မိုင်း တလုံးပေါက်ကွဲ ရာ ၂ ဦးဒဏ်ရာရရှိရာ ဒဏ်ရာပြင်း ထန်သည့် တဦးမှာ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ သို့အတွင်း လူနာ ဖြင့် ပို့ဆောင် ကုသစဉ်  နိုဝင်ဘာ ၂ ရက်နေ့က သေဆုံး သွားသည်ဟု ဒေသခံများကပြောသည်။

ဖက်ဒရယ်ပြည်ထောင်စုဖြစ်မှ ပြည်တွင်းငြိမ်းချမ်းရေးရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောဆို

(KIC)

ဖက်ဒရယ်ပြည်ထောင် စုဖြစ်မှ ပြည် တွင်းငြိမ်းချမ်းရေး ရမည်ဖြစ်ကာ တိုင်းရင်းသား အားလုံး လက်ခံနိုင်မည်ဖြစ် ကြောင်း အမျိုးသား ဒီမိုကရေစီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က နိုဝင်ဘာ ၅ ရက်နေ့ ညနေပိုင်း တွင်၊ ရန်ကုန် တိုင်း ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံ တိုင်းလမ်းမပေါ်ရှိ NLD ရုံးချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

Thursday, November 6, 2014

PNLO နှင့် အစိုးရတို့ နှစ်နှစ်ကျော် သဘောတူ ထားသည့် ဘိန်း ပပျောက်ရေး စီမံကိန်း အကောင်အထည် မဖော်နိုင်သေး

(ရွှေဟင်္သာသတင်းဌာန)



အစိုးရနှင့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ နှစ်ဖက် အပစ်အခတ် ရပ်စဲစဉ် သဘော တူညီ ထားခဲ့သည့် မူးယစ် ဆေးဝါး တိုက်ဖျက်မှု လုပ်ငန်းစဉ် များအား အပစ်ရပ်ရေး လက်မှတ် ရေးထိုးပြီး နှစ်နှစ်ကျော် ကြာခဲ့ သည့်တိုင် အကောင်အထည် မဖော်နိုင် သေးကြောင်း PNLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ရွှေဟင်္သာ သတင်း ဌာနသို့ နိုဝင်ဘာလ ၅ ရက်နေ့၌ ပြောကြားသည်။

Wednesday, November 5, 2014

ရှမ်းလက်နက်ကိုင်အင်အားစုများ အစိုးရကိုယ်စားလှယ်များနှင့် ဆွေးနွေး

(DVB)

အစိုးရ တာဝန်ရှိသူတွေဟာ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) အာစီအက်စ်အက်စ်/ အက်စ်အက်စ်အေနဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေ အဖွဲ့တို့ကို အပစ်ခတ်ရပ်ရေးကိစ္စတွေနဲ့ ပတ် သက်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းက နေပြည်တော်နဲ့ ထိုင်းနိုင်ငံမှာ သီးခြားစီ တွေ့ဆုံဆွေးနွေးပါတယ်။

အာစီအက်စ်အက်စ်/ အက်စ်အက်စ်အေ  ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ဟာ မြန်မာငြိမ်းချမ်းရေးစင်တာက ဦး လှမောင်ရွှေ ဦးဆောင်တဲ့ အဖွဲ့နဲ့ နိုဝင်ဘာ ၂ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မှာ တွေ့ဆုံခဲ့တယ်လို့  အာစီအက်စ်အက်စ်  ပြောခွင့်ရ  ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

အပစ်ရပ် ဆွေးနွေးပွဲ ယခုလအတွင်း ကျင်းပနိုင်ရေး MPC တင်ပြထား

သျှမ်းသံတော်ဆင့်သတင်း 
 
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC)မှ တာဝန်ရှိသူတို့ ပြုလုပ်သည့် လုပ်ငန်း အကြို ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အပစ်ရပ် ဆွေးနွေးပွဲကို ယခုလ အတွင်း ကျင်းပ နိုင်ရေး MPC ဘက်မှ တင်ပြ ထားသည်ဟု သတင်းရရှိသည်။

သို့သော်လည်း ယခုလအတွင်း ကျင်းပနိုင်ရေးကိုမူ် NCCT ဘက်မှ ယခုလ ၁၀ ရက်နေ့နောက်ပိုင်းမှ အကြောင်းပြန်ကြားမည်ဖြစ်ကြောင်း MPC အကြီးတန်း အကြံပေး ဦးလှမောင်ရွှေကပြောသည်။

Tuesday, November 4, 2014

“ဘယ်လောက် အတိုင်းအတာအထိ ယုံကြည်မှုပေးလို့ ရမလဲ”

(ဧရာဝတီ)

မွန်ပြည် နယ် ကျိုက်မရော မြို့နယ် ထဲမှာ ပြီးခဲ့တဲ့ လပိုင်း ကပဲ ဒီမိုကရေ စီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) နဲ့ အစိုးရ စစ်တပ်တို့ အကြား တိုက် ပွဲဖြစ်ပွား ခဲ့သလို ကရင်ပြည်နယ် မြ၀တီမြို့ပေါ်မှာလည်း စစ်ရေး တင်းမာ မှုတွေဖြစ်ခဲ့ တာကြောင့် ဒေသခံတွေ အနေနဲ့ တိုက် ပွဲတွေကြောင့် စိုးရိမ် မှုတွေ ကြီးထွား ခဲ့ကြရပါ တယ်။

နောက်ဆက်တွဲအနေနဲ့လည်း ကျိုက်မရောမြို့က DKBA ကလို့ထူးဘော လက်နက်ကိုင် တပ်ဖွဲ့ တာဝန်ခံ ဗိုလ်မှူး ဆန်းအောင်ကို ထုတ်ပယ်မှု ဖြစ်ပွားခဲ့ပါတယ်။

Monday, November 3, 2014

UPWC နှင့် SSPP တို့ နေပြည်တော်တွင်တွေ့ဆုံ ဆုံးဖြတ်ချက်မချရသေး

(သျှမ်းသံတော်ဆင့်)

အစိုးရနှင့် သျှမ်းပြည် တိုးတက်ရေး ပါတီ/ သျှမ်းပြည် တပ်မတော် SSPP/SSA တို့ ပူးတွဲ ဖွဲ့စည်းမည့် နယ်မြေ တည်ငြိမ် အေး ချမ်းရေးနှင့်ဖွံ့ဖြိုး တိုးတက်မှု အဖွဲ့တွင် နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းများနှင့် လူရိုသေ ရှင် ရိုသေရှိသည့် ပုဂ္ဂိုလ်များပါဝင် နိုင်ရန် SSPP/SSA က တင်ပြ ဆွေးနွေး ခဲ့ကြောင်း အထွေထွေ အတွင်းရေးမှူး ကပြောသည်။

Friday, October 31, 2014

ငြိမ်းချမ်းရေးကောင်စီတပ်သားနှင့် ဒေသခံအချို့အား BGF ၀င်ရောက်ရိုက်နှက်ခဲ့

(KIC)

ကရင်ပြည် နယ်၊ မြ၀တီမြို့ တောင် ကလေး အေးရိပ်သာ ဘုန်းကြီးကျောင်း အနောက်ဘက်ခြမ်း မြေနီကုန်းတွင် နယ်ခြား စောင့်တပ် (BGF)အဖွဲ့ဝင်တစ်စုက ကရင်ငြိမ်း ချမ်းရေး ကောင်စီ(KNU/KNLA PC) တပ်ဖွဲ့ဝင်နှင့် ဒေသခံ အချို့အား အောက်တို ဘာ ၂၅ရက် နေ့ က ၀င်ရောက် ရိုက်နှက်ခဲ့ သည်ဟု သိရသည်။
ထိုရိုက်နှက်မှု တွင် BGF အမှတ်(၁၀၂၂) တပ်ရင်းမှ ဗိုလ်ချင်းလုံ ဦးဆောင်သည့် ၁၀ဦးပါ အဖွဲ့က ယူနီဖေါင်းအပြည့်အစုံ ၀တ်ဆင် ကာ လက်နက်နှင့်တကွ ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင် နေထိုင်ရာ အိမ်တစ်အိမ်သို့ ရောက်ရှိလာပြီး အိမ်ပေါ်ရှိ ငြိမ်းချမ်းရေး ကောင်စီ တပ်သား ၄ဦးနှင့် ဒေသခံ ၅ဦးတို့ကို ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေးကောင်စီ ဗျူဟာ(၁)မှ တပ်သားစောဝင်း သိန်းက ကေအိုင်စီသို့ ပြောသည်။

ကရင်အမျိုးသားရဲတပ်ဖွဲ့ (KPF) ရဲမှူး ၁ ဦးအပါအ၀င် ၅ ဦး သတ်ဖြတ်ခံရ

အောက်တိုဘာ - ၃၁ - ၂၀၁၄
ကရင် အမျိုးသား အစည်းအရုံး KNU လက်အောက်ခံ ဒူးပလာယာခရိုင်က မြို့နယ်ဒုရဲမှူး တဦး အပါ အ၀င် တပ်ဖွဲ့ဝင် ၅ ဦး ဒီလ ၂၃ ရက်နေ့က သတ်ဖြတ်ခံရတဲ့ အတွက် တာဝန် ရှိသူတွေ ကို အရေးယူပေး ဘို့ ကျန်ရစ် သူ မိဘဆွေမျိုး သားချင်းတွေ က တောင်း ဆိုမှုတွေ လုပ်သွားမယ် လို့ သိရပါတယ်။
သေဆုံးသူတွေ ထဲက မိခင်ဖြစ်သူတဦးကတော့ ဒီအမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူပေးဘို့ လုပ်ဆောင်သွားမှာဖြစ်တယ် အခုဖြစ်တာက ကိုယ့်အချင်းချင်း သတ်လို့သေရတာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ဖမ်းမိမူးယစ်ဆေးဝါးကြောင့် တောင်ပိုင်း ဝ ခေါင်းဆောင်၏ စီးပွားရေးလုပ်ငန်းချိတ်ပိတ်ခံရ

(သျှမ်းသံတော်ဆင့်)

ဖမ်းဆီး ရမိသည့် မူးယစ်ဆေး ဝါးများသည် တောင်ပိုင်း ဝ ခေါင်းဆောင်နှင့် ပတ်သက် ဆက်နွယ်သည် ဟုဆိုကာ သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း ဝ တပ်ဖွဲ့ခေါင်းဆောင်ပိုင် စီးပွားရေး လုပ်ငန်း အချို့ ချိတ်ပိတ်ခံထားရ သည်ဟု ဆိုသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ အသွား လမ်းမပေါ်ရှိ တောင်ပိုင်း ဝ တပ်ဖွဲ့ ဝေ့ရှော်ယင် ပိုင်ဆိုင်သည့် နေအိမ်၊ ရာဘာခြံ၊ ဓါတ်ဆီဆိုင်နှင့် အခြားပတ်သက်ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများ အား မြန်မာ့ အာဏာပိုင်များက ချိတ်ပိတ်လိုက်သည် ဟု ဆိုသည်။

သူပုန်ထောက်ပံ့မှုဟုဆိုကာ ရွာသားများအားဖမ်းဆီး အုပ်ချုပ်ရေးမှူးကို မိုးမိတ်မြို့ စစ်ဗျူဟာရုံးသို့ ခေါ်စစ်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက် ပိုင်း မိုးမိတ် ခရိုင် မိုးမိတ်မြို့နယ် လောက် လုံကျေးရွာအုပ်စု  အုပ်ချုပ်ရေး မှူးအား အခြေ ချ စစ်ဗျူဟာ က ခေါ်ယူ စစ်ဆေး သကဲ့သို့ ရွာသားတချို့အားလည်း သူပုန်ထောက်ပံ့ သည်ဟုဆိုကာ ဖမ်းဆီး သွားရာ မည်သူနှင့် မျှ တွေ့ဆုံခွင့် မပေးကြောင်း ရွာသားများ ကပြောသည်။

အောက်တိုဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက ဗျူဟာတပ်အတွင်း ချုပ်နှောင်ခံထားရသည့် လောက်လုံရွာသားစိုင်းကျော်လှ အား မိသားစုများ သွားရောက်တွေ့ဆုံသော်လည်း တွေ့ဆုံခွင့်မပေးသေးဟုဆိုပါသည်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့် အစိုးရ ထပ်မံတွေ့ဆုံမည်

(DVB)

အပစ် အခတ် ရပ် ရှမ်းပြည် တိုးတက်ရေး ပါတီ (အက်စ်အက်စ်ပီပီ) ရှမ်းပြည် တပ်မတော်မြောက်ပိုင်း အဖွဲ့နဲ့ အစိုးရငြိမ်း ချမ်းရေးဖော်ဆောင်ရေး အဖွဲ့ (ယူပီဒဗလျူစီ) တို့ ဟာ အောက်တိုဘာ ၃၁ ရက်နေ့ မနက် ပိုင်း နေပြည်တော် မှာ တွေ့ဆုံ ဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့အပတ် က လားရှိုးမြို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် မှာ နှစ်ဘက်တွေ့ ဆုံဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး မပြီးပြတ်သေး တာတွေ ဆက်လက်ဆွေးနွေး ဖို့ဖြစ်ကြောင်း နေပြည်တော် မှာ ရောက်ရှိနေတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး စ၀်ခွန်ဆိုင်က ဒီဗွီဘီကို ပြောပါတယ်။

Thursday, October 30, 2014

ည ၁၀ နာရီနောက်ပိုင်း မီးထွန်း၊ သွားလာလျှင် ပစ်ခတ်ခံရမည်ဟု ဗိုလ်သိန်းစိန်ညွှန်ကြား

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင် ပိုင်း ကာလိမြို့နယ်ခွဲအတွင်း တပ်ချလှုပ်ရှားနေ သည့် ခြေလျင် တပ်ရင်း အမှတ် ၁၅၁ လက်အောက်ခံ တပ်ခွဲမှူး ဗိုလ်သိန်းစိန်က ကျေးလက်လူထုအား ည ၁၀ နာရီ နောက်ပိုင်း မီးမထွန်းရ၊ မီးထွန်း သွားလာလျှင် ပစ်ခတ် ခံရမည်ဟု ဒေသခံများအား ဆင့်ခေါ်ကာ ညွှန်ကြား ထားသည်ဟု ဆိုသည်။

အောက်တိုဘာ ၂၇ ရက်နေ့က သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲ နှင့် မိုင်းစံ မြို့နယ်ခွဲကြား ဟောင်လိတ်ကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စခန်းချနေထိုင်သည့် ခလရ ၁၅၁ လက်အောက်ခံ တပ်ခွဲမှူးဗိုလ်သိန်းစိန် က ဒေသခံများအား ခေါ်ယူက မီးထွန်းသွားလာခြင်းမပြုရန် ၊ တွေ့ရှိပါ က ပစ်ခတ်ခြင်းခံရလျှင် တာဝန်ယူမည် မဟုတ် ကြောင်း ပြောသည်။

UNFC က ခွဲထွက်ရေး KNU ပြန်လည်ဆွေးနွေးမည်

(VOA)

ကရင် အမျိုးသား အစည်းအရုံး KNU ရဲ့ အရေးပေါ် အစည်းအဝေး ကို တပတ်ကြာ ကျင်းပခဲ့ပြီး တဲ့နောက် အမြင် ကွဲလွဲမှုတွေ ရှိနေတဲ့ ကော်သူလေ တပ်မတော် ဖွဲ့စည်းရေးနဲ့ UNFC ကနေ ခွဲထွက်ရေး ကိစ္စတွေ ဟာ အချေအတင် ဆွေးနွေးခဲ့ရပြီး ညီညွတ်ရေး အရ မဲခွဲဆုံးဖြတ်ရတဲ့ အခြေအနေ ထိ မရောက်ခဲ့ဘဲ အားလုံး လက်ခံနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

Wednesday, October 29, 2014

ယူအန်အက်ဖ်စီ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းရန် ကေအန်ယူ ဆုံးဖြတ်

(DVB)

ဘားအံခရိုင် လေးဝါး စခန်းမှာ ကျင်းပနေတဲ့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) အရေးပေါ် ဗဟိုကော်မတီ အစည်း အဝေးမှာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) တာဝန်ရှိ သူတွေနဲ့ ကေအန်ယူ တာဝန်ရှိ သူတွေ ဆွေးနွေး ညှိနှိုင်းဖို့ အောက်တိုဘာ ၂၈ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တယ် လို့ ကရင်အမျိုးသား (မီဒီယာ) က သတင်းဖော်ပြပါ တယ်။

ယူအန်အက်ဖ်စီ အဖွဲ့ဝင်အဖြစ်ကနေ အပြီးသတ်နုတ်ထွက်ခြင်းမရှိသေးဘဲ ဆွေးနွေးညှိနှိုင်းသွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

UNFC တပ်ပေါင်းစုကိစ္စ ဆက်ညှိနှိုင်းလုပ်ဆောင်ရန် KNU-EC အား တာဝန်ပေး

(KIC)

ကရင် အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)၏ ဗဟိုအမြဲ တမ်းကော်မတီ အရေးပေါ် အစည်း အဝေး ကို အောက်တိုဘာလ ၂၃ရက် နေ့က စတင် ကျင်းပပြုလုပ် ခဲ့ရာ တပ်ပေါင်းစုကိစ္စနှင့် ပတ်သက်၍ ဗဟိုအလုပ် အမှုဆောင်ကော်မတီမှ UNFC နှင့် ဆက်လက် ညှိနှိုင်းဆောင် ရွက်သွားရန် ယနေ့ ဆွေးနွေး ဆုံးဖြတ်လိုက် သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

Tuesday, October 28, 2014

UNFC က ထွက်ဖို့ KNU ဆုံးဖြတ်

(RFA)

ကရင် အမျိုးသား အစည်း အရုံး KNU အနေနဲ့ ညီညွတ်သော တိုင်းရင်း သားများ ဖယ်ဒရယ်ကောင်စီ UNFC ကနေနုတ်ထွက်ဖို့ ဆုံးဖြတ် လိုက်ကြောင်း သိရပါ တယ်။

မနေ့ကကျင်းပပြီးစီး သွားတဲ့ KNU ဗဟိုအလုပ် အမူဆောင် အစည်းအဝေးက ဆုံးဖြတ်ခဲ့ တာဖြစ်ကြောင်း  မြဝတီမြို့ KNU ဆက်ဆံရေးရုံး တာဝန်ခံ စောမိုးဇက်က RFA ကိုပြောပါတယ်။

SSPP နှင့် အစိုးရတို့ နေပြည်တော်၌ ရက်ပိုင်းအတွင်း တွေ့ဆုံမည်

မဇ္ဈိမသတင်းဌာန 
 
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နေပြည်တော်၌ မကြာမီ ရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးရန် UPWC ဘက်မှ အောက်တိုဘာ ၂၇ ရက်က အကြောင်းကြားလာသည်ဟု SSPP/SSA အထွေထွေ အတွင်းရေးမှူး စဝ်ခွန်ဆိုင်က မဇ္ဈိမကို ပြောသည်။

SSPP/SSA ၏ မူစယ် နမ့်ခမ်း ရုံးတာဝန်ခံအား စစ်ဘက် လုံခြုံရေး တပ်ဖွဲ့ ဝင်ရောက် မေးမြန်း

သျှမ်းသံတော်ဆင့်သတင်း 
 
သျှမ်းပြည် မြောက်ပိုင်း မူစယ် နှင့် နမ့်ခမ်း မြို့ ရှိ သျှမ်းပြည် တိုးတက်ရေး ပါတီ သျှမ်းပြည် တပ်မတော် စီးပွားရေး တာဝန်ခံ ရုံးအား အောက်တိုဘာလ ၂၆ရက်နေ့တွင် အစိုးရ ၏ စစ်ဘက် လုံခြုံရေး တပ်ဖွဲ့ ဝင်များက ရှောင်တခင် ရောက်ရှိ ကာ အကြောင်း အမျိုးမျိုး မေးမြန်း ခဲ့သည်ဟု သိရသည်။

အောက်တိုဘာ ၂၆ ရက် နံနက် ၁၁ အချိန်ခန့်တွင် မူစယ်မြို့ စရဖ ဗိုလ်ကြီးစိုင်းထက်ပြည့် စုံအောင်၊ တပ်ကြပ်ကြီး ဇာနည်က မူစယ်မြို့ SSPP/SSA စီးပွားရေးတာဝန်ခံရုံးအား လည်းကောင်း၊ နမ့်ခမ်းမြို့ တပ်ဆွယ်မှူး၏ တပည့်ကလည်းSSPP/SSA  ရုံးတာဝန်ခံ၏ ကိုယ်ရေးအကျဉ်းကိုပါပေးရန် နှစ်ကြိမ် တိုင်တိုင် သွားရောက်မေးမြန်းခဲ့သည်ဟု ပြောသည်။

Monday, October 27, 2014

နမ့်ခမ်းမြို့ ကျားဖြူပါတီ၊ ကျားခေါင်းပါတီ နှင့် လယ်သမားများ တွေ့ဆုံဆွေးနွေး

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက် ပိုင်း နမ့်ခမ်း မြို့နယ် ကျားဖြူပါတီနှင့် ကျားခေါင်း ပါတီ ပူးပေါင်း၍ မြို့နယ်တောင် သူ လယ် သမား များ တွေ့ဆုံ ပွဲပြုလုပ်ပြီး တောင်သူ လယ်သမား များ ပိုမို စည်းရုံးကြဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့ ပါသည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေး အမြန်ဆုံး လုပ်ဖို့ SNLD တောင်းဆို

(သျှမ်းသံတော်ဆင့်)

၂၀၁၄ အောက် တို ဘာ ၂၆  ရက် သျှမ်း တိုင်းရင်း သား များ ဒီမို ကရေစီ အဖွဲ့ချုပ် SNLD  ပါတီ၏ မွေးနေ့ တွင် ‘တိုင်းရင်း သားဒေသ အတွင်းဖြစ် ပွားနေသော တိုက်ပွဲများ ချုပ်ငြိမ်းစေရေး အတွက် အမျိုးသားပြန်လည် သင့်မြတ်ရေး အမြန်ဆုံး လုပ်သင့် သည်’ ဟု ကြေငြာချက် တစောင် ထုတ်ပြန် ကာ တောင်းဆို လိုက်သည်။

SSPP/SSA ၏ မူစယ် နမ့်ခမ်း ရုံးတာဝန်ခံအား စစ်ဘက် လုံခြုံရေး တပ်ဖွဲ့ ဝင်ရောက် မေးမြန်း

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက် ပိုင်း မူစယ် နှင့် နမ့်ခမ်း မြို့ ရှိ သျှမ်းပြည် တိုးတက်ရေး ပါတီ သျှမ်းပြည် တပ်မတော် စီးပွားရေး တာဝန်ခံရုံးအား ယနေ့ အစိုးရ ၏ စစ်ဘက် လုံခြုံရေး တပ်ဖွဲ့ ဝင်များက ရှောင် တခင်ရောက်ရှိ ကာ အကြောင်း အမျိုးမျိုးမေးမြန်းခဲ့ သည်ဟု သိရသည်။

အောက်တိုဘာ ၂၆ ရက် နံနက် ၁၁ အချိန်ခန့်တွင် မူစယ်မြို့ စရဖ ဗိုလ်ကြီးစိုင်းထက်ပြည့် စုံအောင်၊ တပ်ကြပ်ကြီး ဇာနည်က မူစယ်မြို့ SSPP/SSA စီးပွားရေးတာဝန်ခံရုံးအား လည်းကောင်း၊ နမ့်ခမ်းမြို့ တပ်ဆွယ်မှူး၏ တပည့်ကလည်းSSPP/SSA  ရုံးတာဝန်ခံ၏ ကိုယ်ရေးအကျဉ်းကိုပါပေးရန် နှစ်ကြိမ် တိုင်တိုင် သွားရောက်မေးမြန်းခဲ့သည်ဟု ပြောသည်။

ကျနော်တို့ ရပ်တည်မှုက ပူးပေါင်းဆောင်ရွက်မှုပဲ

(ဧရာဝတီ)

လတ်တလော အပစ်ခတ် ရပ်စဲရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ မှာ နောက်ကြောင်း ပြန်လှည့် မှုတွေကြောင့် စိုးရိမ်စရာ အခြေ အနေတွေ ကြုံနေရ သလို တိုင်းရင်းသား တဖွဲ့ချင်း စီမှာလည်း အကွဲအပြဲ ပြဿနာတွေ ကြောင့် လူထု စိုးရိမ်မှုတွေ မြင့်တက် လျက်ရှိပါ တယ်။ ကော်သူလေး တပ်မတော် လို့ခေါ်တဲ့ ကရင်တပ်မတော်ကို ဖွဲ့စည်းလိုက်ပြီး စစ်ရေးဆိုင်ရာတင်းမာမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းကြီးတခုဖြစ်တဲ့ အရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကနေ ယာယီနှုတ်ထွက်ခဲ့တဲ့အထိ စည်းလုံးမှု ပြဿနာတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

Friday, October 24, 2014

ယူအင်န်အက်ဖ်စီ ခွဲထွက်သွားတဲ့ ကေအင်န်ယူအပေါ် ဆလိုင်းလျန်မှုန်းဆာခေါင်း ဘယ်လိုမြင်သလဲ

(Mizzima)

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုများပြုလုပ်နေစဉ် ကရင့်အမျိုးသား အစည်းအရုံး KNU နှင့်ပတ်သက်၍ တိုင်းရင်းသားများထဲမှ နိုင်ငံရေးအကျိုး အမြတ်အတွက် သီးသန့်ခွဲထွက်ခြင်း၊ အကျိုးအမြတ်ရရှိရေး ဆောင်ရွက်နေခြင်း စသည်ဖြင့် KNU အပေါ် ကောလာဟလ ထွက်ရှိခဲ့ခြင်းတို့နှင့်ပတ်သက်၍ သုံးသပ်ပေး နိုင်ရန် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တွင် ပါဝင်ပြီး ချင်းအမျိုးသားတပ်ဦးမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းနဲ့ တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။

Thursday, October 23, 2014

UNFC မှ ယာယီရပ်စဲခြင်းနှင့် KAF ကိစ္စအပေါ် နိုင်ငံတကာကရင်အဖွဲ့များ သဘောထားထုတ်ပြန်

(KIC)

တိုင်း ရင်းသား လူမျိုးများ ဖက် ဒရယ်ကောင်စီ(UNFC) အဖွဲ့ဝင် မှ ကရင် အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) ယာယီ ရပ်စဲခြင်းနှင့် လက်ရှိ  ဖြစ်ပေါ်နေသော ကော်သူးလေ တပ်မတော် (KAF) ပြန်လည် ဖွဲ့စည်းခြင်းကိစ္စ အပေါ် ကရင် တစ်မျိုးသားလုံး အတွက် ရှေးရှု၍ ဆုံးဖြတ် လုပ်ဆောင်ပေး ရန် နိုင်ငံတကာရောက် ကရင်အမျိုးသား အစည်းအရုံး(IKO)က သဘောထားကြေညာချက်နှစ်စောင် ထုတ်ပြန်တောင်းဆိုလိုက်သည်။

Wednesday, October 22, 2014

အစိုးရစစ်တပ် နဲ့ TNLA တပ် နမ့်ဆန်မြို့နယ်မှာ တိုက်ပွဲဖြစ်

(RFA)

ရှမ်းပြည်မြောက် ပိုင်း နမ့်ဆန် မြို့နယ် နမ့်ခေးကျေး ရွာမှာ အစိုးရ စစ်တပ် တပ်မ ၇၇ လက်အောက် ခံ ခမရ ၁၀၆ နဲ့ တအာင်း (ပလောင်) အမျိုး သား လွတ်မြောက်ရေး တပ် မတော် TNLA တို့ ဒီနေ့ တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။

ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး  တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA က ဒုတိယပြန်ကြားရေးဌာနမှူး ဗိုလ်ကြီး တာပန်လက အခုလို ပြောပါတယ်။

ဒု ဗိုလ်မှူးကြီး ဆန်းအောင်ကို DKBA က ထုတ်ပယ်

(ဧရာဝတီ)

ဒု ဗိုလ်မှူးကြီး ဆန်းအောင် ကို DKBA ( ကလိုထူးဘော တပ်ဖွဲ့) က တာဝန်က ရုပ် သိမ်းပြီး တပ်ဖွဲ က ထုတ် ပယ် လိုက်တယ် လို့ အောက်တိုဘာလ ၂၁ ရက်နေ့ စွဲနဲ့ ကြေညာချက် ထွက်လာ ပါတယ်။ 


အဲဒီ ကြေညာချက်မှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဘွယ်ရဲ့ ကိုယ်စား စောမိုရှေးက လက်မှတ်ထိုး ထားပြီး ကျိုက်မရော မှာ အစိုးရစစ်တပ်နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဉ်ကို လာရောက်ရှင်းပြဖို့ တာဝန်ရှိသူ ဗျူဟာမှူး ဒု ဗိုလ်မှူးကြီး ဆန်းအောင်အား အောက်တိုဘာလ ၅ ရက်နေ့က ဖုန်းနဲ့ ဆင့်ခေါ် ခဲ့တယ်လို့ အစချီပြီး ဖော်ပြထားပါတယ်။ 

တပ် ရုပ်မည်ဟု ရလခ တိုင်းမှူး ပြောသော်လည်း စစ်ရေး ပြင်ဆင်မှု ဆက်လုပ်နေ

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင် ပိုင်းကျေးသီး မြို့နယ် တာ့ဖါဆောင် တပ် စခန်းအား သျှမ်းပြည် တပ်မတော်မှ တပ်ဆုတ် လိုက် သည့်နောက်ပိုင်း အစိုးရတပ်များ လည်း တပ်ဆုတ် မည်ဟု လားရှိုးတွေ့ဆုံပွဲတွင် ရလခ တိုင်းမှူး ကတိပေးသော် လည်း တပ်များ မဆုတ်သေး ဘဲ အင်အား ထပ်ဖြည့်နေ သည်ဟုဆိုသည်။

အောက်တိုဘာ ၂၀ ရက်နေ့ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် ရပခ တောင်ကြီး လက်အောက်ခံ တပ်ရင်း များက အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တဆင့် သျှမ်းပြည် တပ်မတော် ထိန်းချုပ်နယ်မြေ အနီးသို့ စစ်ယာဉ် တန်း ၁၀ စီးထက် မနည်း၊ စစ်သည် အင်အား ၂၀၀ ကျော် ပို့ဆောင်နေ သည်ဟု ဒေသခံ များ ကပြောသည်။

ချောင်းမြောင်းပစ်ခတ်ခံရ၍ နယ်ခြားစောင့်တပ်ဗိုလ်တစ်ဦးဒဏ်ရာရ၊ တပ်သားတစ်ဦးသေဆုံး

(KIC)

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ ကမမောင်းမြို့နယ်ခွဲ အတွင်း အောက်တို ဘာလ ၁၉ရက်နေ့က နယ်ခြားစောင့်တပ် BGF (၁၀၁၄)တပ်ရင်း စီးနင်း လာသော ကားတစ်စီးသည် မဲသနခီးရွာနှင့် ပေပင် ဆိပ်ကျေးရွာအကြားတွင် အမည်မသိ လက်နက် ကိုင်အဖွဲ့ ပစ်ခတ် ခံရပြီး BGF ဗိုလ်ကြီး ၁ဦး ဒဏ်ရာ ရရှိပြီး တပ်သား ၁ဦး သေဆုံးသွား ခဲ့သည်ဟု သိရသည်။

Tuesday, October 21, 2014

ချင်းအမျိုးသားများကို ဖမ်းဆီး ရိုက်နှက်ခဲ့သည့် ဗိုလ်မှူးနှင့် တပ်သားများ အရေးယူပေးရန် တောင်းဆို

မဇ္ဈိမသတင်းဌာန 
 
ချင်းးအမျိုးသား တပ်ဦး(CNF) နှင့် ဆက်သွယ်သည်ဆိုကာ ချင်းအမျိုးသား ခြောက်ဦးကို ငါးရက်ကြာ ဖမ်းစီး၍ ရိုက်နှက်စစ်ဆေးခဲ့သည့် မြန်မာ့တပ်မတော်မှ ဗိုလ်မှူးတစ်ဦးပါဝင်သည့် တပ်သား ၁၃ ဦး အဖွဲ့ကို ထိရောက်စွာ အရေးယူပေးပါရန် ချင်း အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီတို့ ပူးပေါင်း၍ သဘောထား ကြေငြာ ချက် တစ်စောင်ကို အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေငြာချက်ကို ချင်းလူ့အခွင့်အရေး အဖွဲ့အစည်း၊ ခူမီးရေးရာ အတိုင်ပင်ခံကောင်စီ၊ ကုလားတန် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အရှိုချင်းအမျိုးသား ပါတီတို့က ပူးပေါင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲရပ်တန့်ရေး အစိုးရနှင့်ရှမ်းတပ် ပူးတွဲညှိနှိုင်းရေးအဖွဲ့ ဖွဲ့ရန် အဆိုပြု

(DVB)


ရှမ်းပြည်တပ်မတော် အက်စ်အက်စ်အေမြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်အကြား တိုက်ပွဲတွေ လျှော့ချနိုင်ဖို့ နှစ်ဖက်ကိုယ်စားလှယ်တွေ ပါဝင်တဲ့အဖွဲ့ ဖွဲ့စည်းဖြေရှင်းဖို့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က အဆိုပြုလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်နေ့က လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ၀န်ကြီး ဦးသိန်းဇော်ဦးဆောင်တဲ့ အဖွဲ့နဲ့ သွားရောက်တွေ့ဆုံစဉ် ၀န်ကြီးတို့ဘက်က အဆိုပြုခဲ့တာပါ။

တအာင်း တိုင်းရင်းသား နေအိမ် များအား အစိုးရ တပ်မတော် ဝင်ရောက် စစ်ဆေး

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက် ပိုင်း နမ့်ခမ်းမြို့ ဆင်ခြေဖုံးရှိ တအာင်း(ပလောင်) တိုင်းရင်း သား လူမျိုးများ နေအိမ် အား အစိုးရ တပ်မတော်မှ ယနေ့ ဝင်ရောက်စစ်ဆေး ခဲ့သည် ဟု ဒေသခံများက ပြော သည်။


၂၀၁၄ အောက်တို ဘာ ၂၀ ရက်နေ့ မွန်းတည့်ချိန်မှ စ၍ နမ့်ခမ်းမြို့ စခန်းသစ်နေ တပ်မ ၈၈ လက်အောက် ခံတပ်ရင်းက နမ့်ခမ်းမြို့နှင့် ကပ်လျက်ရှိ သည့် လွယ်ဆာကျေးရွာ ပလောင် လူမျိုးများနေအိမ် အား ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့သည်။

Monday, October 20, 2014

SSPP ကိုယ်စားလှယ် နှင့် ဦးသိန်းဇော် တို့တွေ့ဆုံစဉ် အစိုးရ တပ်အင်အား ထပ်ဖြည့်

သျှမ်းသံတော်ဆင့်သတင်း 
 
သျှမ်းပြည် မြောက်ပိုင်း ရမခ စစ်တိုင်းရုံး အခြေစိုက် လားရှိုး၌ မြန်မာ အစိုးရ ကိုယ်စားလှယ် ဦးသိန်းဇော် ခေါင်းဆောင်သော အဖွဲ့နှင့် သျှမ်းပြည် တပ်မတော် SSPP/SSA ကိုယ်စားလှယ် တို့ ယနေ့ တွေ့ဆုံ စဉ်  ဝမ့်ဟိုင်း ဌာနချုပ် ဘက်သို့ အစိုးရ တပ်များ အင်အား ထပ်ဖြည့်နေ သည်ဟု ဆိုသည်။

အောက်တိုဘာ ၁၈ ရက်နေ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်း ကော်မတီ  ဒုတိယဥက္ကဌ ၂ ဦးသိန်းဇော်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်ချုပ်အောင်စိုး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်ကိုကိုနိုင်နှင့် သျှမ်းပြည်တပ်မတော် အထွေ ထွေအတွင်းရေးမှူး စဝ်ခွန်ဆိုင် ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံစဉ် သျှမ်းပြည်တပ်မတော်ဘက်သို့ အစိုးရတပ်များ အင်အား တိုးဖြည့်လာနေသည်ဟု မျက်မြင်များကပြောသည်။

Saturday, October 18, 2014

SSPP ကိုယ်စားလှယ် နှင့် ဦးသိန်းဇော်တို့တွေ့ဆုံစဉ် အစိုးရတပ်အင်အားထပ်ဖြည့်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက်ပိုင်း ရမခ စစ်တိုင်းရုံး အခြေစိုက် လားရှိုး၌ မြန်မာအစိုးရ ကိုယ်စား လှယ် ဦးသိန်းဇော် ခေါင်းဆောင်သော အဖွဲ့နှင့် သျှမ်းပြည် တပ်မတော် SSPP/SSA ကိုယ်စားလှယ် တို့ ယနေ့ တွေ့ဆုံ စဉ်  ဝမ့်ဟိုင်း ဌာနချုပ်ဘက် သို့ အစိုးရတပ်များ အင်အားထပ်ဖြည့်နေ သည်ဟု ဆိုသည်။

အောက်တိုဘာ ၁၈ ရက် ၂၀၁၄ ခု ယနေ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်း ကော်မတီ  ဒုတိယဥက္ကဌ ၂ ဦးသိန်းဇော်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်ချုပ်အောင် စိုး၊ အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်ကိုကိုနိုင်နှင့် သျှမ်းပြည်တပ်မတော် အထွေ ထွေအတွင်းရေးမှူး စဝ်ခွန်ဆိုင် ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံစဉ် သျှမ်းပြည်တပ်မတော်ဘက် အစိုးရတပ်များ အင်အား တိုးဖြည့်လာနေသည်ဟု မျက်မြင်များကပြောသည်။

Thursday, October 16, 2014

အစိုးရ စစ်တပ်က SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်ဟု PI ဒါရိုက်တာ ပြော

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည် တိုးတက်ရေး ပါတီ/ သျှမ်းပြည် တပ်မတော် SSPP/ SSA နှင့် အစိုးရ တပ်မတော်ကြား တိုက် ခိုက်မှုသည် အစိုးရ တပ်မတော်က စစ်ရေးပြင် ဆင်ကာ ထိုးစစ်ဆင် တိုက် ခိုက်နေခြင်းဖြစ်ကြောင်း Pyidaungsu Institute (PI) မန်နေဂျင်း ဒါရိုက်တာ က ပြောကြား လိုက်သည်။


“အစိုးရစစ်တပ်က အပစ်ရပ်သဘောတူစာချုပ်ကို မလိုက်နာဘူး။ SSPP/SSA နဲ့ အစိုးရတပ်တို့ ပက်ပင်တိုးမိလို့ တိုက်ပွဲဖြစ်တာ မဟုတ်ဘူး။ အစိုးရစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ် တယ်” ဟု Pyidaungsu Institute (PI) မန်နေဂျင်းဒါရိုက်တာ ဦးခွန်စိုင်းက ပြောပါသည်။