Saturday, December 20, 2014

အမေရိကန်တွင် ပထမဆုံး ရဲအရာရှိဖြစ်လာသည့် ကရင်တိုင်းရင်းသား

(DVB)

အမေရိကန် ပြည်ထောင် စု စိန်ပေါလ် ရဲတပ်ဖွဲ့ အကယ်ဒမီကနေ ဘွဲ့ရခဲ့တဲ့ စော လယ်ထူး ဟာ ပထမဆုံး ရဲအရာရှိဖြစ် လာ တဲ့ မြန်မာနိုင်ငံ ဖွား ကရင် တိုင်းရင်းသား ဖြစ်ပါ တယ်။
ဒီဇင်ဘာ ၁၈ ရက်နေ့ က ကျောင်းဆင်းခဲ့ တဲ့ လယ်ထူးဟာ သင်တန်း မပြီးသေး သလို အတွေ့အကြုံ ရှိတဲ့ ၀ါရင့် အရာရှိတွေနဲ့ သီတင်း ၁၆ ပတ်ကြာ ကွင်းဆင်းရမယ်လို့ ပြောပါတယ်။

စောလယ်ထူးဟာ ၃ နှစ်သား အရွယ်အထိ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သလို ထိုင်းမြန်မာ နယ်စပ် ဒုက္ခသည် စခန်းမှာ ၁၅ နှစ်ကြာနေထိုင်ခဲ့တာဖြစ်ပါတယ်။


၂၀၀၉ ခုနှစ်မှာ အသက် ၁၈ နှစ်အရွယ် စောလယ်ထူးနဲ့ မိသားစုဟာ အမေရိကန် စိန့်ပေါလ်မှာ သွားရောက် အခြေချနေထိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ စိန့်ပေါလ် ကိုမိုပတ်ခ် အထက်တန်းကျောင်းမှာ အောင်မြင်ခဲ့ပြီး ဥပဒေစိုးမိုးရေး အထူးပြုနဲ့ ဟန်နီပင် ကောင်တီ နည်းပညာကောလိပ်ကနေ ဘွဲ့ရခဲ့တာ ဖြစ်ပါ တယ်။

ရဲတပ်ဖွဲ့ဝင်တဦးဖြစ်ဖို့ ဆန္ဒပြင်းပြခဲ့ပြီးတဲ့နောက် စိန်ပေါလ် ရဲတပ်ဖွဲ့ရဲ့ အစီအစဉ်တခုကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။