Saturday, February 28, 2015

ဝ ၊ မိုင်းလား နှင့် RCSS တို့အား တနေ့ တိုက်ခိုက်ရမည်ဟု တြိဂံတိုင်းမှူးပြော

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့၌ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် တြိဂံ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်ထွန်းဦးက ဝ၊ မိုင်းလားနှင့် RCSS/SSA တပ်ဖွဲ့တို့ အကြောင်းပြောဆိုခဲ့ပြီး ၎င်းတို့အဖွဲ့များအား တနေ့တချိန်ချိန်တွင် တိုက်ခိုက်ချေမှုန်းပစ်ရမည်ဟု ပြောဆိုလိုက်ကြောင်း သိရသည်။

ဖေဖေါ်ဝါရီ ၁၅ ရက်နေ့က ကျိုင်းတုံမြို့ အရှေ့ဘက် ကီလိုမီတာ ၁၀၀ ကျော်ရှိ မိုင်းယန်းမြို့သို့ တြိဂံတိုင်းမှူး ရောက်ရှိခဲ့ပြီး ဒေသအတွင်းက ဌာနဆိုင်ရာဝန်ထမ်းများအား မွန်းလွဲ ၁ နာရီ ၂ နာရီ အထိတွေ့ဆုံခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်းနဲ့ ကရင်ပြည် နယ်မှာ တိုက်ပွဲတွေဖြစ်ပွား

(RFA)

ရှမ်းပြည်မြောက်ပိုင်း  နမ်းခမ်းမြို့နယ် ပန်ဆေးဒေသ မှာ အစိုးရတပ်တွေနဲ့ တအာင်းလွတ်မြောက်ရေး PSLF/ TNLA တပ်တွေ ဒီကနေ့ တိုက်ပွဲတွေဆက်လက်ဖြစ် ပွားနေတယ်လို့ တအာင်း လွတ်မြောက်ရေးတပ်ကပြော ပါတယ်။

တိုက်ပွဲတွေဟာ တစ်နေရာထဲမှာမဟုတ်ပဲ နေရာ ကွဲပြီးဖြစ်ပွားနေတယ်လို့ TNLA အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောပါတယ်။

Friday, February 27, 2015

ဗိုလ်မှူးကြီး ဆန်းအောင်အဖွဲ့နှင့် အစိုးရစစ်တပ် တိုက်ပွဲဖြစ်ပွား

(KIC)

ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ်ခွဲအတွင်းရှိ အဇင်းကျေးရွာအနီးတွင် ယခင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မ တော် (DKBA)မှ တပ်မှူးဟောင်း ဗိုလ်မှူးကြီး စောဆန်းအောင်အဖွဲ့နှင့် ကျိုက်ဒုံမြို့နယ် အခြေစိုက် မြန်မာအစိုးရ တပ် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်-စကခ(၁၃) လက်အောက်ခံတပ်တို့ ယနေ့နံနက်၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ DKBA စစ်ဦးစီး( ဒုတိယတန်း)ဖြစ်သူ ဗိုလ်မှူးထွန်းထွန်းက အတည်ပြု ပြောဆိုသော်လည်း စတင်ဖြစ်ပွားသည့် အကြောင်းရင်းကို အသေးစိတ် မသိရှိရသေးကြောင်း ကေအိုင်စီသို့ ပြောသည်။

တိုင်းရင်းသား လူမျိုးများ အခွင့်အရေး ဆိုင်ရာ ဥပဒေအပေါ် ဝေဖန်မှုများရှိနေ

(ဧရာဝတီ)

ပြဌာန်းပြီးဖြစ်သည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေတွင် တိုင်းရင်းသားဒေသရှိ သဘာ ၀ သယံဇာတများ၏ ရပိုင်ခွင့်များကို ဖော်ပြမထားသဖြင့် တိုင်းရင်းသား လွှတ်တော်အမတ်များက ဝေဖန်ပြောဆိုနေကြသည်။
တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို ပြည်ထောင်စု လွှတ်တော်၌ အတည်ပြုခဲ့ပြီး ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြဌာန်းလိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

“အစိုးရကို အပြည့်အဝ မယုံနိုင်သေးပါဘူး”

(ဧရာဝတီ)

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေအကြားမှာ သဘောတူညီချက်ရဖို့ ကြိုးပမ်းနေကြတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) ချုပ်ဆိုနိုင်ရေးဟာ လက်ရှိ အခြေအနေတွေအရ တိုင်းရင်းသား တပ်ဖွဲ့တွေတစု တစည်းတည်း လက်မှတ်ထိုးနိုင်ကြဖို့ အလားအလာက နည်းပါးနေပါပြီ။
အချိန်ကြာလာတာနဲ့ အမျှ ယုံကြည်မှုတည်ဆောက်မှုဟာ တိုးတက်မလာဘဲ NCA ကို လက်မှတ်ထိုးဖို့ အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြားမှာပဲ ထိုးရေး၊ မထိုးရေး သဘောထား ကွဲလွဲမှုတွေ ထင်ထင်ရှားရှား ပေါ်ပေါက်လာပါတယ်။ ဒီ အတော အတွင်း တချို့လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေသလို တချို့ တပ်ဖွဲ့တွေနဲ့ ကတိကဝတ် စာချုပ်တွေ ချုပ် ဆိုနေတာလည်း တွေ့မြင်ရပါတယ်။

Tuesday, February 24, 2015

အစိုးရနှင့် RCSS ကြား တပ်နေရာ ချထားရေး သီးသန့် ဆွေးနွေးမည်

(Irrawaddy)

အစိုးရကိုယ်စားလှယ်များနှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို အားမရသဖြင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) က တပ်နေရာချထားရေး ကိစ္စရပ်များကို တပ်မတော်နှင့် ဖေဖော်ဝါရီလကုန်တွင် သီးခြား ဆွေးနွေးတော့မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

RCSS/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက “တဖွဲ့နဲ့တဖွဲ့ ကွာခြားမှု ရှိတယ်။ မူဝါဒချင်း ကွာခြားတယ်။ တဖွဲ့ချင်း ဆွေးနွေးတာက ပိုပြီးမြန်ဆန် လွယ်ကူလိမ့်မယ်လို့ မြင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်း နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ထပ်မံ လက်မှတ်ရေးထိုးမည် မဟုတ်

(DVB)

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်က နေပြည်တော်မှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ကတိက၀တ် ပြုထားခဲ့ပြီးဖြစ်တဲ့အတွက်  တပြည်လုံးအပစ်ခတ်ရပ်စဲရေး သဘောတူညီချက် (NCA)မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA)အဖွဲ့ လက်မှတ်ရေးထိုးတော့မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့  မီဒီယာများနဲ့  ထိုင်းနယ်စပ်တနေရာမှာ တွေ့ဆုံစဉ် RCSS/SSA ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး ယွက်စစ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Sunday, February 22, 2015

စစ်ရေးကို စားပွဲဝိုင်းမှာဖြေရှင်းဖို့ ရှမ်းလက်နက်ကိုင်ခေါင်းဆောင် တိုက်တွန်း

(RFA)

ကိုးကန့်ဒေသ လောက်ကိုင်ပဋိပက္ခအပါအဝင် ရှမ်းပြည်နယ်နဲ့ တစ်နိုင်ငံလုံးက စစ်ရေးပဋိပက္ခတွေကို စားပွဲဝိုင်းမှာအဖြေရှာဖို့ မိမိအနေနဲ့ တိုက်တွန်းကြောင်း ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS /SSA ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။
“ပြဿနာကို လက်နက်နဲ့ဖြေရှင်းလို့မအောင်မြင် ပါဘူး။ ဆွေးနွေးတဲ့နည်းနဲ့ပဲ ဖြေရှင်းရမှာပါ ၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အဖြေမရှာနိုင် ဘူးဆိုရင်လည်း တိုက်ပွဲတွေပြန်ဖြစ်လာနိုင် ပြီး ပြည်သူတွေပဲ ဒုက္ခတွေထပ်မံကြုံတွေ့ ရမှာပါလို့”ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က တောင်ကြီးမြို့မှာ ဒီနေ့ ကျင်းပတဲ့သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။

Thursday, February 19, 2015

ကြက်ခြေနီ အလံတပ်ထားတဲ့ ယာဉ်တန်းကို ပစ်တာကတော့ မလုပ်သင့်ပါဘူး၊ ပြည်သူတွေအများကြီး ပါလာတဲ့ ယာဉ်တန်းပါ

(Mizzima)

အီးပီးအေ ဓာတ်ပုံ သတင်းထောက် ကိုလင်းဘိုဘိုနှင့် မေးမြန်းခြင်း။
ရန်ကုန် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ် လောက်ကိုင်ဒေသတွင် ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်လက် နက်ကိုင်တပ်ဖွဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် အစိုးရတပ်မတော်ကြား ဖေဖော်ဝါရီ ၉ ရက်က စတင်၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ ဖေဖော်ဝါရီ ၁၇ ရက်က လောက်ကိုင်မြို့မှ စစ်ဘေးရှောင် ဒုက္ခသည်များကို ကြက်ခြေနီအဖွဲ့က သွားရောက်ကယ်ဆယ်ပြီး အပြန်ခရီးတွင် ကြက်ခြေနီယာဉ်တန်း ကို တိုက်ခိုက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

Wednesday, February 18, 2015

မူဆယ်ပစ်ခတ်မှု ရွာသား ၄ ဦး ဒဏ်ရာရ၊ ကလေးငယ် ဒဏ်ရာပြင်းထန်

(DVB)

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် လားရှိုး- မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်မှာ တိုက်ပွဲ ဖြစ်လို့ တိုက်ပွဲအနီး ပန်ကိုင်ရွာသား ကလေးငယ် လက်နက်ကြီးစ ၉ စထိမှန်ဒဏ်ရာရခဲ့သလို အမျိုး သမီး ၁ ဦးနဲ့ ရွာသား ၂ ဦးလည်း  ဒဏ်ရာရပါတယ်။

လားရှိုးကနေ မူဆယ်ကိုအသွား အစိုးရတပ်ယာဉ်တန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက် ညနေပိုင်းက ချုံခိုတိုက်ခိုက်ရင်း အပြန်အလှန်ပစ်ခတ်ကြတဲ့တိုက်ပွဲမှာ ရွာတွင်း ကို လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲပြီး ရွာသားတွေ ထိမှန်ဒဏ်ရာရခဲ့ကြပါတယ်။

Tuesday, February 17, 2015

အစိုးရနှင့် KNU ကြား တပ်နေရာ ချထားရေး သီးသန့် ဆွေးနွေမည်

(Irrawaddy)

အစိုးရ တပ်မတော်နှင့် ကရင် အမျိုးသား အစည်းအရုံး (KNU) တို့အကြား တပ်နေရာချထားရေး ကိစ္စများကို ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ကုန်ပိုင်းမှစ၍ သီးသန့်ဆွေးနွေးတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့က အင်းစိန်မြို့နယ်၊ ဦးယော ဟန်ခြံတွင် ပြုလုပ်ခဲ့ သည့် “ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကတိပြုချက်ကို ဘာ့ကြောင့် လတ်မှတ်ထိုးလိုက်ရလဲ” ဆိုသည့် ခေါင်းစဉ်ဖြင့် ကရင်လူထု နှင့် KNU ဥက္ကဋ္ဌ မူတူးဆေးဖိုးတို့၏ တွေ့ဆုံဆွေးနွေးပွဲအပြီး မူတူးဆေးဖိုး၏ အတွင်းရေးမှူး စောတာမူလာက ဧရာဝတီသို့ အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးကတိ လက်မှတ်ရေးထိုးမှု ကေအန်ယူအတွင်း ပြန်ဆွေးနွေးမည်

(DVB)

ပြည်ထောင်စုနေ့က “ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကတိက၀တ်”မှာ ကေအန်ယူ ကိုယ်စားလှယ်နှစ်ဦး က လက်မှတ်ထိုးခဲ့မှုဟာ ဗဟိုကော်မီတီ ဆုံးဖြတ်ချက်နဲ့ မညီတဲ့အတွက် အဖွဲ့တွင်း ဆွေးနွေး အဖြေရှာမယ်လို့ ကေအန်ယူ က မနေ့က သတင်းထုတ်ပြန်ပါတယ်။

Monday, February 16, 2015

ရဲဘော်သစ်ဆင့်ခေါ်မှုကြောင့် ဒေသခံ ရာကျော်နေရပ်မှ စွန့်ခွါ

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင် ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း ဒေသခံများအား သျှမ်းပြည် တပ်မတော် RCSS/SSA မှ တပ်သား သစ်ကောက်ယူ စုဆောင်းမှုကြောင့် ဒေသခံ ရာကျော်နေရပ်မှ စွန့်ခွါနေရကြောင်း မိုင်းကိုင်ဒေသခံ များပြောပြချက်အရသိရသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် မြို့ပေါ် ရပ်ကွက် ၉ ခု နှင့် မြို့ပြင် ကျေးရွာအုပ်စု များအား သျှမ်းပြည်တပ်မတော် RCSS/SSA  တပ်သားသစ် ဆင့်ခေါ် စုဆောင်းမှုကြောင့် ဒေသတွင်းလူငယ်များသည်  လဲချားမြို့၊ တောင်ကြီးမြို့၊ ပင်လုံမြို့နှင့် ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု  ဒေသခံများက ပြောသည်။

Friday, February 13, 2015

စစ်ပွဲများ ချက်ချင်း ရပ်စဲပြီး တွေ့ဆုံ ဆွေးနွေး ကြရန် ကိုးကန့် ပါတီ တောင်းဆို

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက်ပိုင်း ကုန်းကြမ်းခရိုင်အတွင်း မြန်မာအစိုးရတပ်မတော် နှင့် ဖုန်ကြားရှင်းအဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး ဒေသခံလူထုသောင်းချီ နေရပ်မှစွန့်ခွာနေရသည့်အတွက် ပြည် ထောင်စုကို ချစ်မြတ်နိုးသောစိတ်ဓါတ်ဖြင့်စစ်ပွဲချက်ချင်းရပ်တန့်ရန်  သျှမ်းပြည်ကိုးကန့် ဒီမိုကရက် တစ်ပါတီက တောင်းဆိုလိုက်ပါသည်။

လက်ရှိအနေအထားအရ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း မြန်မာအစိုးရ တပ်မတော် နှင့် ကိုးကန့်တပ်ဖွဲ့(မြန်မာတိုင်းရင်းသားများ ဒီမိုကရက်တစ် မဟာမိတ် တပ် ပေါင်းစု MNDAA) တို့ ကုန်းကြမ်းခရိုင် လောက်ကိုင်မြို့နယ်အတွင်း ဖေဖေါ်ဝါရီ  ၃ ရက်နေ့မှ ယနေ့အထိ တိုက်ပွဲဖြစ်ပွား ခဲ့သည်။

စာရွက်ပေါ်တွင် ပျောက်သွားမယ့် ဒုတိယ ပင်လုံစာချုပ်လား

(Mizzima)

လွန်ခဲ့သည့် ၆၈ နှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် တောင်တန်း၊ ပြည်မမခွဲခြားဘဲ လွတ်လပ်ရေး အရယူကြရန် တိုင်းရင်းသား ခေါင်းဆောင်ကြီးများ စိတ်တူ၊ ကိုယ်တူ ပင်လုံစာချုပ်ကို လက်မှတ်ထိုးလျက် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြသခဲ့ကြသည်။ ထိုစဉ်က စာချုပ်တွင် တိုင်းရင်းသား တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် အပြည့်အဝ အာမခံချက်များပါဝင်ခဲ့သည်။

သို့တိုင်အောင် နှစ် ၇ဝ နီးပါးကြာမြင့်သည့် ယနေ့အချိန်တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ အန္တိမရည်မှန်းချက် များ ပြည့်မီပါ၏လော၊ တစ်နည်းအားဖြင့် ခေါင်းဆောင်ကြီးများ၏ မျှော်လင့်ချက်နှင့် ရည်မှန်းချက် အိပ်မက်များ ပြည့်မီပါ၏လော ပြန်လည်ဆန်းစစ်ကြည့်ရန် လိုအပ်ပါသည်။

ကျဆုံး အစိုးရ စစ်သည်များ၏ သားသမီးများ ပညာရေးအတွက် ဦးတေဇ သိန်းတစ်ထောင်လှူမည်

(Mizzima)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသတွင် အစိုးရတပ်နှင့် ဖုန်ကြားရှင်ဦးဆောင်သည့် တပ်ပေါင်းစုတို့ ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကျဆုံးသွားသည့် အစိုးရစစ်သည်များ၏ သားသမီးများ ပညာရေးအတွက် ထူးဖောင်ဒေးရှင်၏ နာယကဖြစ်သူ ဦးတေဇမှ ငွေကျပ် သိန်းတစ်ထောင်လှူဒါန်းသွားမည်ဟု ထူးဖောင်ဒေးရှင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် လွန်ခဲ့သည့် မိနစ်သုံးဆယ်က ရေးသားထားသည်။

“တိုက်ပွဲတွင် ကျဆုံးသွားခဲ့ကြသော တပ်မတော်သားများအတွက် ထူးဖောင်ဒေးရှင်းမှ ကျန်ရစ်သော မိသားစုများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲမိပါသည်” ဟုလည်း ထူးဖောင်ဒေးရှင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသေးသည်။

လေကြောင်းတိုက်ခိုက်မှုမလုပ်ရန် တိုင်းရင်းသားပါတီများ တောင်းဆို

(DVB)

ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်စဉ်ကာလအတွင်း နှစ်ဖက်တပ်တွေ စစ်ရေးလှုပ်ရှားမှု အရှိန်တိုးမြှင့်တာနဲ့ လေကြောင်းစစ်ဆင်တာတွေမလုပ်ဘဲ ရှောင်ရှားဖို့ တိုင်းရင်းသား ပါတီတွေက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကနေပြည်တော်မှာ ကျင်းပတဲ့ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ရဲ့ ၂၁ ကြိမ် မြောက် ပုံမှန်အစည်းအဝေးအပြီး ကြေညာချက်ထုတ်ပြန် တိုက်တွန်းတောင်းဆိုလိုက်တာပါ။

တအုန်းအုန်း တဒိုင်းဒိုင်းနဲ့ စစ်ဖြစ်တော့ ကြောက်တာပေါ့ – ဒုက္ခသည်တဦး

(DVB)

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရှမ်းပြည်အရှေ့မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ အစိုးရတပ်နဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ကြား ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ဒေသခံတွေအပါအ၀င် အဲဒီမှာ သွားပြီး အလုပ်လုပ်နေတဲ့ သူတွေပါ ထောင်နဲ့ချီပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်။

အဲဒီထဲမှာ လားရှိုးမြို့ပေါ်ကို ရောက်လာသူအများစုကတော့ နိုင်ငံဝန်ထမ်းနဲ့ ပြည်မက အလုပ်သမားတွေ ဖြစ်ပါတယ်။ လားရှိုးမန်ဆူကျောင်းတိုက်မှာ ရောက်ရှိနေတဲ့ ဒုက္ခသည်တဦးကို  ဒီဗွီဘီ ဆက်သွယ် မေးမြန်းထားပါတယ်။

ဦးလေးနာမည် ဘယ်လိုခေါ်ပါသလဲ ၊ ဒီကို ရောက်လာရတဲ့ အကြောင်းရင်းကို ပြောပြပါ။

တိုင်းရင်းသား ၄ဖွဲ့နဲ့ အစိုးရ ငြိမ်းချမ်းရေး ကတိ လက်မှတ်ထိုးမှု ကုလကြိုဆို

(VOA)

သမ္မတ ဦးသိန်းစိန်အပါအဝင် မြန်မာအစိုးရအဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့တို့ဟာ ဖေဖေါ်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ကတိပြုချက်ကို သဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့တာအတွက် ကုလသမဂ္ဂအတွင်းရေးမှုး ချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) က ကြိုဆိုလိုက်ပါတယ်။

Wednesday, February 11, 2015

ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးရန် ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်နှင့်အဖွဲ့နေပြည်တော်သို့ ထွက်ခွါ

သျှမ်းသံတော်ဆင့်သတင်း 
 
ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၆၈ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်ရန်နှင့် နိုင်ငံရေးစကားဝိုင်းအတွက် ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးရန် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော်(RCSS/SSA) ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ဌာနချုပ် လွယ်တိုင်းလျဲန်းဌာနချုပ်မှ ထွက်ခွါခဲ့ကြောင်း သျှမ်းသံတော်ဆင့်မှ သတင်းရရှိပါသည်။

ယခုခရီးစဉ်နှင့်ပတ်သက်၍ ခေါင်းဆောင်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က “ပထမတစ်ချက်က နိုင်ငံတော်သမ္မတ ဖိတ်လို့ ပြည်ထောင်စုနေ့ အခမ်းအနားတက်ဖို့၊ နောက်တခုက နိုင်ငံရေးစကားဝိုင်း ဖြစ်လာဖို့ကိစ္စနဲ့ သျှမ်းပြည် ညီညွတ်ရေးကော်မတီ CSSU အတွက်ပါ” ဟု ပြောသည်။

Friday, February 6, 2015

SSA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်နဲ့ ၀န်ကြီး ဦးအောင်မင်း တွေ့ဆုံဆွေးနွေး

(RFA)

သမ္မတ ရုံး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဟာ RCSS/SSA ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) က ဒုဗိုလ်ချုပ်ကြီး ယွက် ဆစ် ဦးဆောင်တဲ့ အဖွဲ့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီ ကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ 

Thursday, February 5, 2015

မိုးကုတ် နှင့် မိုးမိတ်ကြား TNLA နှင့် တပ်မတော်တိုက်ပွဲဖြစ် ရွာသား ၂၀၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရ

(Mizzima)

မန္တလေးတိုင်း မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်အကြား တအာင်းတပ်မတော်(TNLA)က ဖေဖော်ဝါရီ ၂ရက်နှင့် ၃ရက်တွင် ဘိန်းခြံများ လိုက်လံဖျက်ဆီးနေချိန် အစိုးရ တပ်မတ်ာနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကာ တအာင်းကျေးရွာသား ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းနှင့် တအာင်း ကျောင်းသားနှင့် လူငယ်များအဖွဲ့က ဖေဖော်ဝါရီလ ၄ ရက်က ပူးတွဲကြေငြာချက် ထုတ်ပြန်လိုက်သည်။

ယင်းတိုက်ပွဲကြောင့် တအာင်းကျေးရွာ ၅ ရွာ အပါအဝင် လီရှောရွာနှင့် တရုတ်ကျေးရွာများ စုစုပေါင်း ၁၀ ရွာခန့်မှ လူဦးရေ ၂၀၀၀ ကျော် မိုးကုတ်မြို့နှင့် မိုးကုတ်မြို့အနီးရှိ တောတောင်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ တွဲဖက် အထွေထွေအတွင်းရေးမှူး (၂) ဒီဒီပို့ကျိန်းက ပြောသည်။

တိုက်ပွဲကြောင့် လူနှစ်ထောင်ကျော် ထွက်ပြေးနေရကြောင်း ပလောင် အဖွဲ့တွေပြောကြား

(RFA)

မိုးကုတ် နဲ့ မိုးမိတ်မြို့နယ် အစပ်မှာ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ အစိုးရတပ်မတော်တို့ ပြီးခဲ့တဲ့ရက်ပိုင်း က တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွား ခဲ့တာကြောင့် ဒေ သခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တအာင်း အမျိုးသမီး အဖွဲ့နဲ့ တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြသလို တောတွေထဲ မှာ နေထိုင်သူတွေလည်းရှိတယ်လို့ တအာင်းအမျိုးသမီး အဖွဲ့အစည်းက ဒီဒီပို့ကျိန်းက ပြောပါတယ်။

Wednesday, February 4, 2015

မိုးမိတ်မြို့နယ်၊ လွယ်ဆာကျေးရွာအနီး စစ်ရဟတ်ယာဉ်(၄)စီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားဒေသခံ များအား ထိခိုက်ကာ အတွင်းလူနာအဖြစ် အရေးပေါ်ဆေးရုံတင်ထားရ

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် မိုးမိတ်မြို့နယ် လွယ်ဆာရွာနှင့် အံ့ဖွယ်တောင်အကြား မြန်မာ့တပ်မ တော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံ များ သတင်းပေးပို့ချက်အရ သိရှိရပါသည်။

ဖေဖော်ဝါရီလ ၂ရက် ၂၀၁၅ တွင် နံနက်(၈)နာရီ မှ (၈)နာရီ မိနစ်(၂၀)ခန့် တစ်ကြိမ် ညနေ (၃) နာရီမှ (၅) နာရီထိ တစ်ကြိမ် စုစုပေါင်း(၂)ကြိမ်ဖြစ်ပွားခဲ့ပြီး ဖောဖော်ဝါရီလ ၃ရက်၂၀၁၅ တွင်မူ နံနက် (၁၀) နာရီ မှ ညနေ (၂)နာရီ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး (၃) ရက်နေ့တွင်မူ စစ်ရဟတ်ယာဉ်ကြီးများဖြင့် ရောကတ် ဒုံးကျည် (၁၅)လုံး ပစ်ခတ်ပြီး မြေပြင်နှင့် ဝေဟင် ပူးပေါင်း စစ်ကြောင်းဖြင့် လိုက်လံ ပစ်ခတ်ခဲ့ကြောင်းကြား သိရသည်။

TNLA နှင့် မြန်မာစစ်တပ်တိုက်ပွဲဖြစ်ပွားရာမှ မြန်မာတပ်မတော်မှ အထိနာသဖြင့် တိုက်ခိုက်ရေးလေယာဉ် (၃)စီး လာရောက် စစ်ကူပေး

ဖေဖော်ဝါရီလ ၃ ရက် ၂၀၁၅ ခု ။

ယနေ့ မိုးကုတ်မြို့အနီး ပန်ထီလာရွာအနီးတွင် နံက် ၀၉း၄၅ မိနစ်ခန့်မှ စတင်ဖြစ်ပွား ခဲ့သော TNLA တအာင်း တပ်မတော်နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲသည် ညနေ နေ၀င်မိုးချုပ် သည့်အထိ နှစ်ဘက် အပြန်အလှန် ပြင်းထန်စွာ တိုက်ခိုက်နေလျက်ပြီး မြန်မာစစ်တပ်မှ အများအပြား ကျဆုံးသည့်အတွက် ညနေပိုင်း ၁၈း၀၀ နာရီခန့်တွင် တိုက်ခိုက်ရေး ဟယ်လီကော်ပတာလေယာဉ် (၃)စီးဖြင့် လာရောက် စစ်ကူပေးခဲ့သည်။

အမျိုးသားရေးအတွက်လုပ်တယ်ဆိုတာ ပြည်သူကနားလည်လက္ခံဖို့ဘဲလိုတယ် (SNLD ပါတီ သျှမ်းပြည်တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလင်းမြတ် နှင့်အင်တာဗျူး )

(သျှမ်းသံတော်ဆင့်)

တောင်ကြီးမြို့နယ် SNLD ပါတီ၏ အလုပ်အမှုဆောင် အသစ်ရွေးချယ်တင်မြှောက်ခြင်း အစည်း အဝေး အား ဂျန္နဝါရီ (၃၁) ရက်နေ့က SNLD တောင်ကြီးဥက္ကဌ၏ နေအိမ်တွင်ကျင်းပခဲ့သည်။  ၂၀၁၅ ရွေးကောက်ပွဲ အတွက် တောင်ကြီး မြို့နယ် (SNLD) ပါတီဝင်များ၏လှုပ်ရှားမှု၊ ရှေ့လုပ်ငန်း စဉ်များ နှင့်ပတ်သက်၍ သျှမ်းပြည်တောင်ပိုင်းကိုယ်စားပြု ပြောခွင့်ရ ဦးစိုင်းလင်းမြတ် အား သျှမ်းသံတော်ဆင့်က သွားရောက်မေးမြန်းခဲ့ပါသည်။

မး ။ ။ တောင်ကြီးမြို့နယ် (SNLD) ပါတီရဲ့ အလုပ်အမှုဆောင်အသစ်ပြန်လည်ရွေးချယ်တဲ့ အစည်းအဝေးမှာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ထူးခြားတဲ့ဆုံးဖြတ်ချက်များရှိပါသလား။

Tuesday, February 3, 2015

နမ္မတူတွင် တအာင်း တပ်မတော်နှင့်အစိုးရတပ်တို့တိုက်ပွဲဖြစ်ပွါး

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တအာင်းတပ်မတော် TNLA နှင့် အစိုးရတပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွါးခဲ့ကြောင်း သိရသည်။

“ တအာင်းတပ်မတော် တပ်မဟာ ၃ တပ်ရင်း ၇၇၃ နဲ့  အစိုးရတပ်က တပ်မ ၇၇ လက်အောက်ခံတပ်တို့ ပစ်ခတ် ကြ တယ်။ နမ္မတူမြို့နယ် ပန်လုံအုပ်စုထဲက ဝမ့်လီလုနဲ့ ဝမ့်ချောင်းသာရွာကြားမှာရှိတဲ့ ဝမ့်နားလေရွာနား မှာဖြစ် တာပါ။ အစိုးရတပ်ဘက်က ၃ ယောက်သေ ၅ ယောက်ဒဏ်ရာရ လို့ကြားရပါတယ်” ဟု နမ္မတူမြို့သား စိုင်းခမ်းကပြောသည်။

အပစ်ရပ်စာချုပ်ကို UNFC ၊ NCCT တို့နှင့်အတူ လက်မှတ်ထိုးမည်ဟု ကေအဲန်ယူပြော

(KIC)

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)အနေဖြင့် တစ်ဖွဲ့တည်း လက်မှတ် ထိုးမည်မဟုတ်ဘဲ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနိုင်းရေးအဖွဲ့(NCCT)အဖွဲ့ဝင်များနှင့်အတူ လက်မှတ်ထိုးသွားမည်ဟု ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင် ပဒိုစော သမိန်ထွန်းက ဇန်န၀ါရီ ၃၁ရက်နေ့၌ ထုတ်ဖော်ပြောဆိုလိုက်သည်။

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့မကျောင်းတိုက်၌ ဇန်န၀ါရီ ၃၁ရက်နေ့က ၆၆နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်း အမှတ်အဖြစ် ပြုလုပ်သော ကရင်အမျိုးသားရေး လှုပ်ရှားမှုသမိုင်း ဟောပြောပွဲ အခမ်းအနားအပြီးတွင် ပဒိုစောသမိန်ထွန်းက ကေအိုင်စီသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ကေအဲန်ယူကို အဖွဲ့ဝင်အဖြစ် အမြန်ဆုံး ပြန်လည်ပါဝင်လာရန် UNFC လိုလား

(KIC)

ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)အနေဖြင့် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)ကို အဖွဲ့ဝင်အဖြစ် အမြန်ဆုံး ပြန်ဝင်စေလိုကြောင်း ဇန်န၀ါရီ ၃၁ရက်နေ့က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် အူးကရေ့ခီးစခန်း၌ ကျင်းပသော ကရင့်တော်လှန်ရေးနေ့ အခမ်းအနားတွင် UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ပြောကြားလိုက်သည်။

“မြန်မာနိုင်ငံမှာ အမျိုးသားပြည်နယ်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားဖို့ အဓိဋ္ဌာန်ပြု တည်ဆောက် တဲ့အချိန် ဖြစ်ပါတယ်။ ဒါတွေ ပြီးမြောက်အောင်မြင်ဖို့အတွက် အစဉ်အလာအရ ရှေ့ကနေ အမြဲဦးဆောင်ဦးရွက်ပြုခဲ့တဲ့ ကေအဲန် ယူအနေနဲ့ ကရင်တစ်မျိုးသားလုံးရဲ့အရေးကို ရှေးရှုပြီး မိမိတို့ UNFC နဲ့ အမြန်ဆုံး ပြန်လည်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဖိတ်ခေါ်ပါ တယ်”ဟု ခူးဦးရယ်က ပြောကြားခဲ့သည်။

Monday, February 2, 2015

ဝရုန်းသုန်းကား ပြည်နယ်

(ဧရာဝတီ)

ရှမ်းပြည်နယ်သို့ ရောက်သွားသည့် ခရီးသည် တိုင်းဒေသခံ လက်နက်ကိုင်အဖွဲ့များ အမြောက်အမြား ရှိနေခြင်း၊ အထူးသဖြင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနှင့် တောင်ဘက်ပိုင်းရှိ ထိုင်းနိုင်ငံ နယ်စပ်အနီးတွင် ၎င်းတို့ လှုပ်ရှားနေကြခြင်းကို သတိမထားမိဘဲ နေနိုင်ကြမည် မဟုတ်ပါ။ သူတို့က သေနတ်များ ကိုင်ဆောင်ထားကြပြီး သူတို့၏ ကိုယ်ပိုင် အမှတ်တံဆိပ်များလည်း တပ်ဆင်ထားကြသည်။ ဓာတ်ဆီဆိုင်များနှင့် စီးပွားဖြစ် သီးနှံများ စိုက်ပျိုးခြင်းမှသည် မက်သဖက်တမင်းနှင့် တခြား မူးယစ်ဆေးဝါးများ ရောင်းဝယ်ခြင်းအထိ လုပ်ကိုင်နေကြ၏။