Saturday, November 26, 2016

သျှမ်း၊မြောက် တိုက်ပွဲတွင် UWSA ၊ SSPP/SSA နှင့် RCSS/SSA တို့ပါဝင်တိုက်ခိုက်မည်ကို ဦးခွန်ထွန်းဦး စိုးရိမ်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက်ပိုင်း တွင် ဖြစ်ပွားနေသည့် တပ်မတော်နှင့်မြောက် ပိုင်း တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် အဖွဲ့တို့၏ တိုက်ပွဲများတွင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA   ၊ သျှမ်းပြည် တိုးတက်ရေးပါတီ /သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA အစရှိ သျှမ်းလက်နက်ကိုင်အဖွဲ့များ ပါဝင်တိုက်ခိုက်ကြမည်ကိုအလွန်စိုးရိမ်မိကြောင်း ဦးခွန်ထွန်းဦးက ပြောသည် ။

Wednesday, November 23, 2016

ကချင်နှင့် သျှမ်းပြည်ရှိ စစ်ပွဲများ ခြွင်းချက်မရှိရပ်စဲ၍ ငြိမ်းချမ်းရေးဆွေးနွေးရန် သျှမ်းလူငယ် မောင်မယ်အဖွဲ့ (ရန်ကုန်)မှ တောင်းဆို

(သျှမ်းသံတော်ဆင့်)

ကချင်ပြည်နယ်နှင့် သျှမ်းပြည် နယ်မြောက် ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ခြွင်းချက်မရှိ အမြန်ဆုံးရပ်စဲရန် အတွက် အစိုးရ တပ်မတော်ေ ခါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင် များ ဆွေးနွေး အဖြေရှာကြရန် သျှမ်းလူငယ်အဖွဲ့ ရန်ကုန်မှ နိုဝင်ဘာလ ၂၂ ရက်နေ့ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်တောင်းဆိုလိုက်သည် ။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပြည်သူများ၏ စည်းစိမ်ထိခိုက်နေ ရုံမျှမက သေကြေ ပျက်စီးမှုများပါ ပေါ်ပေါက်နေသည်ဟု သျှမ်းလူငယ် အဖွဲ့ ၏ ကြေငြာချက်တွင် ဖော်ပြထားသည် ။

Wednesday, June 1, 2016

ကျောက်မဲမှ TNLA ဆန့်ကျင်ရေး ဆန္ဒပြပွဲကြောင့် ပဋိပက္ခဖြစ်မည်ကို စိုးရိမ်

(ဧရာဝတီ)

ရှမ်းပြည်နယ်မြောက် ပိုင်း၊ ကျောက်မဲမြို့တွင် မေလ ၂၈ ရက်နေ့ က ပြုလုပ်ခဲ့သည့် ပလောင်(တအာင်း) တပ်မတော် (TNLA) ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကြောင့် ရှမ်းနှင့်  ပလောင်(တအာင်း) လူမျိုးရေး ပဋိပက္ခဖြစ် ပေါ်လာမည်ကို ရှမ်းနှင့်ပလောင် ဒေသခံ လူမှုအဖွဲ့အစည်းများက စိုးရိမ်နေကြကြောင်း သိရသည်။

မေ ၂၈ ရက်နေ့က ကျောက်မဲမြို့တွင် ဒေသခံ ရှမ်းလူမျိုး၂၀၀၀ ခန့်က ရှမ်းပြည်တပ်မတော် RCSS/SSA ကို လိုလားခြင်း၊ ဟိုပန်ကျေးရွာတွင် မီးရှို့ဖျက်ဆီးသော TNLA  သောင်းကျန်းသူ ရှမ်းပြည်မှ ထွက်သွားရန် ကြွေးကြော် သုံးနှုန်းခဲ့ခြင်းကြောင့် လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားစေနိုင်သည်ဟု တအာင်း အမျိုးသမီး အဖွဲ့အစည်း နှင့် တအာင်း ကျောင်းသား နှင့် လူငယ်များ အဖွဲ့က မေ ၂၉ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။

Wednesday, December 2, 2015

ရှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်း သားလက်နက်ကိုင်နှစ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွား

(RFA)

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲက မိုင်းဝီးကျေးရွာနားတစ်ဝိုက်မှာ TNLA တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်နဲ့ RCSS/SSA ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေ ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားနေတယ်လို့ TNLA က ပြောခွင့်ရသူ ဗိုလ်ကြီးမိုင်းအိုက်ကျော် က ပြောပါတယ်။

Friday, November 27, 2015

ရှမ်းပြည်နယ်၌ ဗုံးကြဲတိုက်ခိုက်မှု နိုင်ငံတကာနှုတ်ဆိတ်နေဟု ရှမ်းအဖွဲ့များ ဝေဖန်

(DVB)

ရှမ်းပြည်နယ် တွင်း ဖြစ်ပွားနေတဲ့ တိုက် ပွဲတွေနဲ့ စစ်ဘေးရှောင် ပြည် သူပေါင်း ၁ သောင်းကျော် ရှိလာတဲ့ ကိစ္စအပေါ် နိုင်ငံတကာ အဖွဲ့အစည်းတွေက ထူးခြားစွာ နှုတ် ဆိတ်နေပြီး လူသားချင်းစာနာမှု အကူအညီပေးတတွေ လည်း အားနည်းနေတယ်လို့ ရှမ်းလူမှုအဖွဲ့ပေါင်း ၃၀ ကျော်က ဝေဖန်ပြောလိုက်ပါတယ်။

နိုဝင်ဘာ ၂၆ ရက်မနက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များ ကလပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေက ပြောကြားခဲ့တာပါ။

Tuesday, November 24, 2015

ရန်ကုန်တွင် ငြိမ်းချမ်းရေးဆွေးနွေးနေစဉ် ရှမ်းတောင်ပိုင်းတွင် တိုက်ပွဲပြင်းထန်

(ဧရာဝတီ)

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် ရှမ်းပြည် မြောက်ပိုင်း တပ်မတော် (SSPP/SSA) တို့ ရန်ကုန်တွင် ငြိမ်း ချမ်းရေး ဆွေးနွေးနေစဉ် ရှမ်းတောင် တွင် တိုက်ပွဲများပြင်း ထန်စွာ ဖြစ်ပွားနေသည် ဟု သိရသည်။

နိုဝင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းမှ စတင်ကာ မိုင်းရှူးမြို့နယ် မိုင်းအက်ကျေးရွာအနီးတွင် SSPP/SSA နှင့် အစိုးရတပ်များ တိုက်ပွဲပြင်းထန် နေကြောင်းကို SSPP/SSA မှ ဗိုလ်မှူး စိုင်းခမ်းက ဧရာဝတီသို့ပြောသည်။
“ဒီနေ့ UPWC နဲ့ ကျနော်တို့ SSPP/SSA နဲ့ ရန်ကုန်မှာ တွေ့နေပါတယ်။ ဒါပေမယ့် မိုင်းအက် ကျေးရွာမှာတော့ မနက် ၈ နာရီ ၁၅ မိနစ်ကနေ ၂ နာရီခွဲအထိ အစိုးရဘက်က လက်နက်ကြီး ၁၀၅ မမ၊ ၁၂၀ မမတွေနဲ့ ပစ်နေပါတယ်” ဟု စိုင်းခမ်းက ဆိုသည်။

Monday, November 23, 2015

ချင်းပြည်နယ် ဟားခါးတွင် ပေါက်ကွဲမှုဖြစ်၊ ၅ ဦးသေဆုံး ၇ ဦး ဒဏ်ရာရ

(DVB)

ချင်းပြည်နယ်မြို့တော် ဟားခါးမှာ နိုဝင်ဘာ ၂၂ ရက်ညက ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၅ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဟားခါးမြို့ ဈေးသစ်ရပ်ကွက်ထဲမှာ မနေ့ည ၁၀ နာရီ ၃၆ မိနစ်အချိန်က ယမ်းကြိုးခွေမှလို့ ယူဆရတဲ့ ပေါက်ကွဲမှုတခုဖြစ်ပွားပြီး လူနဲ့ နေအိမ် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ ဟားခါးမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်မှူး ရဲအုပ် သက်နိုင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

“ပေါက်ကွဲမှုက ယမ်းကြိုးတွေ သိုလှောင်ထားတဲ့ အိမ်တအိမ်ကနေ စဖြစ်တာ၊ လူ ၅ ယောက်သေ၊ ၇ ယောက် ဒဏ်ရာရတယ်။ အိမ် ၄ လုံးနဲ့ ဂျစ်ကားတစီး၊ စူပါကပ်တစီးလည်း မီးထဲပါသွားတယ်။ မီးစလောင်တဲ့ အိမ်ရှင်လင်မယား ၂ ယောက်လုံးတော့ ခရီးသွားနေတယ်လို့ပြောတယ်။ ယမ်းကြိုးခွေပေါက်တာလို့ ကနဦး ခန့်မှန်းပါတယ်။ အသေးစိတ်ကိုတော့ ဆက်ပြီး စုံစမ်းစစ်ဆေးနေတုံးပါပဲ။”

Saturday, October 24, 2015

တိုက်ပွဲသာ ဖြစ်နေရင်တော့ မဲဆန္ဒသွားပေးဖို့လည်း မိဘပြည်သူတွေ စိတ်ဝင်စားတော့ မှာ မဟုတ်ဘူး (အမြင်သဘောထား)

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA အခြေစိုက် လှုပ်ရှားရာ  သျှမ်းပြည် တောင်ပိုင်း ကျေးသီး မိုင်းနောင် မိုင်းရှူးမြို့နယ်အတွင်း အစိုးရ တပ်မတော် က ထိုးစစ်ဆင်ပစ်ခတ်တိုက်ခိုက်မှုကြောင့်  စစ် ပြေးဒုက္ခသည် ထောင်ချီ မြို့ဘုန်းကြီး ကျောင်းနှင့်နီးစပ်ရာဆွေမျိုးများထံ ခိုလှုံခဲ့ရပါသည် ။ ထိုသို့ထိုးစစ်ဆင်မှု များကြောင့် ဒေသတွင်းမတည်ငြိမ်မှုအပေါ် စစ်ဒဏ်ခံနေရသည့်လူထုအနေဖြင့် ရွေးကောက်ပွဲအပေါ် မည်မျှ စိတ်ဝင်စားမှုရှိနိုင်မည်ဟူသည်ကိုလည်း  အများက အထူးစိတ်ဝင်စားနေကြသည် ။  သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် လားရှိုးခရိုင် အမျိုးသားလွှတ်တော် ကိုယ် စားလှယ်လောင်း စိုင်းဝမ်းလှိုင်းခမ်းက ဤကဲ့သို့ သုံးသပ်ထားပါသည် ။ 

ထိုးစစ်ဆင်နေမှုများနှင့် ပတ်သက်ပြီး ဒုသမ္မတထံ SSPP/SSA စာပို့

(ဧရာဝတီ)

အစိုးရ တပ်မတော် က ထိုးစစ်ဆင် တိုက်ခိုက်နေမှုနှင့် ပတ်သက်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီ (UPWC) ၏ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသူ ဒုသမ္မတ ဒေါက် တာ စိုင်းမောက်ခမ်း အား ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) ဗဟို ဌာနချုပ်က ယခုလ ၂၁ ရက်နေ့က စာပို့ တောင်းဆိုလိုက်ကြောင်း သိရသည်။

SSPP/SSA ဌာနချုပ်အနီးအထိ ထိုးစစ်ဆင်မှုများကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ ဒု ဗိုလ်ချုပ်ကြီး ရာပြည့် ကိုယ်တိုင် ရှေ့တန်းရုံးထိုင်၍ ဦးစီးကွပ်ကဲသောကြောင့် နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းဟောင်းများဖြင့် ဖြေရှင်းရန် ပြန် လည် ဦးတည်နေသည်ဟု ဒုသမ္မတထံ ပေးပို့သော စာထဲတွင် တွေ့ရသည်။

Friday, October 23, 2015

တိုက်ပွဲဖြစ်နေသည့် ဝမ်ဟိုင်းဌာနချုပ်အနီး ၃ မြို့နယ် ရွေးကောက်ပွဲ ယာယီရပ်ဆိုင်းရန် SNDP တောင်းဆို

(ဧရာဝတီ)

တိုက်ပွဲ ဖြစ်ပွားနေ သည့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) ဝမ်ဟိုင်း ဋ္ဌာနချုပ် အနီးရှိ မြို့နယ် ၃ မြို့နယ် ကို ရွေးကောက် ပွဲ ယာယီ ရပ်ဆိုင်းပေးရန် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP) က ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြ ထားကြောင်း သိရသည်။

ရွေးကောက်ပွဲ ယာယီ ရပ်ဆိုင်ပေးရန် တောင်းဆိုထားသည့် မြို့နယ်သည် လွိုင်လင်ခရိုင် အတွင်းရှိ မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ် နှင့် လားရှိုး ခရိုင် တန့်ယန်းမြို့နယ်တို့ ဖြစ်ကြောင်း၊ စစ်ပွဲများ ပြင်းထန်းနေသဖြင့် ရွာများပျက်စီးပြီး ဒေသခံ ပြည်သူများထွက် ပြေး တိမ်းရှောင်နေရသောကြောင့် တောင်းဆိုရခြင်းဖြစ်ကြောင်းလည်း SNDP မှ ပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့်က ဧရာဝတီသို့ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် တိုက်ပွဲဖြစ်

(ဧရာဝတီ)

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP/ ALA)နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ် (BGB)တို့ အောက်တို ဘာ ၁၇ ရက်က နှစ်နိုင်ငံ နယ်စပ် ပလက်ဝမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း ALP ကပြောသည်။

အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံနယ်စပ် တြိဂံဒေသတွင် ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး အဖွဲ့ (RSO) ၀င်များ လှုပ်ရှားမှု ရှိကြောင်း သတင်း အရ လှည့်ကင်းဆင်းရာမှ BGB တပ်ဖွဲ့များနှင့် ထိပ် တိုက်တွေ့ပြီး မှားယွင်း တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း  ALP အတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်အောင်ဇံဖြူက ဧရာဝတီကို ပြောသည်။

မိုင်းရှူးမြို့လယ် ဗုံးပေါက်ကွဲ ဒေသခံ ၄ ဦးဒဏ်ရာရ

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင်ပိုင်း လွယ်လင် ခရိုင် မိုင်းရှူးမြို့ မြို့လယ်ကျောင်းတိုက် အနီး ဗုံးတ လုံးပေါက်ကွဲရာ ကိုရင် ၂ ပါး ၊ အဖွားအိုတဦးနှင့်အသက် ၁၂ အရွယ် မိန်းလေးငယ် တဦး ထိခိုက်ဒဏ်ရာရှိ သည်ဟုသိရသည် ။

အာက်တိုဘာ ၂၁ ရက် ၂၀၁၅ ညနေ ၄ နာရီကျော် အချိန် မိုင်းရှူးမြို့ မြို့လယ်ကျောင်းတိုက် နှင့် သျှမ်းစာပေ ယဉ်ကျေးမှု ရုံးအနီး ဗုံးပေါက်ကွဲရာ ၊ ထိုနေရာအနီးသွားလာသည့် ကိုရင်လေး နှစ်ပါး ၊ အသက် ရ၅ နှစ်ရှိ မယ့်ထောက်လိတ် နှင့် စိုင်းစံညွှန့် ၊ နန်းနွန်း တို့၏ သမီး အသက် ၁၂ နှစ်ရှိ ၆တန်းကျောင်းသူ နန်းခမ်းခင် တို့ ထိခိုက်ဒဏ်ရာ ရရှိသည်ခြင်းဖြစ်သည် ။

ထားဝယ်ခရိုင်၊ ကေအဲန်ယူ တပ်ဖွဲ့ဝင်အချို့ ပိုင်နက်ကျူးလွန်ခြိမ်းခြောက်မှုဖြင့် အမှုဖွင့်ခံရ

(KIC)

ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဘိတ်- ထားဝယ်ခရိုင် လက်အောက်ခံ၊ KNLA တပ်ရင်း (၁၂)မှ အရာရှိတစ်ဦး အပါအဝင် ၃ ဦးကို ထားဝယ်မြို့နယ်၊ မေတ္တာမြို့နယ်ခွဲရှိ အမှတ် (၂) သတ္တုတွင်းဝန်ကြီးဌာန လက်အောက်ခံ ဟိန္ဒားသတ္တုတွင်း မန်နေဂျာမှ ပိုင်နက်ကျူးလွန်ကာ အင်အားပြခြိမ်းခြောက်မှုဖြင့် မေတ္တာမြို့နယ်ခွဲ ရဲစခန်းသို့ လာရောက်အမှုဖွင့် တိုင်ကြားထားသည်ဟု KNLA ဘက်က ပြောသည်။

KNLA တပ်ရင်း(၁၂)မှူး ဒုဗိုလ်မှူးကြီးစောဆာပိတုက “ချောင်းရေတွေ တအားနောက်လို့ ဒေသခံတွေတောင်းဆိုမှုကို သွားစုံစမ်း ခိုင်းတာ နာရီဝက်လောက်မှ တာဝန်ခံဆိုတဲ့လူတစ်ဦး ထွက်လာပြီး ပမာမခန့်နဲ့ ခါးထောက်ပြီးတော့ လူကြီးတွေ မအားဘူး။ ဘာမှမသိဘူးပြောပြီး လှည့်ထွက်သွားလို့ ဗိုလ်တာအယ်က ဒေါသဖြစ်ပြီး သေနတ် နှစ်ချက်ဖောက်လိုက်တာဖြစ်တယ်”ဟု ကေအိုင်စီသို့  ပြောသည်။

SSPP/SSA တောင်ကုန်းတခု တပ်မတော်က အပြင်းအထန် ထိုးစစ်ဆင်နေ

(ဧရာဝတီ)

ရှမ်းပြည်နယ်တောင် ပိုင်း မိုင်းရှူးမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) အဖွဲ့၏ အရေးပါသော တောင်ကုန်း တခုကို အစိုးရ တပ်မတော်က ယနေ့တွင် အပြင်း အထန် ထိုးစစ် ဆင် တိုက်ခိုက်နေကြောင်း SSPP/SSA က ပြောဆိုသည်။

မိုင်းရှူးမြို့နယ်အတွင်းရှိ SSPP/SSA ၏ စစ်ရေးအရ အရေးပါသည့် တောင်ကုန်းတခုဖြစ်သည့် ကုန်းလင်တောင်ကုန်အား ယနေ့နံနက် ၁၁ နာရီ အချိန်မှစတင်ပြီး ညနေ ၃ နာရီအထိ ထိုးစစ်ဆင် တိုက်ခိုက်နေကြာင်း SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ် ဒု ဗိုလ်မှူးကြီး စိုင်းလက ဧရာဝတီကို အတည်ပြု ပြောဆိုသည်။

Wednesday, October 21, 2015

အစိုးရတပ်မတော်မှ နိုင်ထက်စီးနင်းပြု ကျူးကျော် တိုက်ခိုက်နေသည်ဟု SSPP/SSA ပြော

(သျှမ်းသံတော်ဆင့်)

အစိုးရတပ် မတော်မှ သျှမ်းလူထု နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA အပေါ် အင်အား သုံးကာ နိုင်ထက်စီးနင်းပြု ကျူးကျော်တိုက်ခိုက်နေ မှုများအား ဆက် လက်ခုခံ တိုက်ခိုက်သွား မည်ဟု SSPP/SSA က ထုတ်ပြန်ကြေငြာ လိုက်သည် ။


သျှမ်းပြည်တပ်မတော် SSPP/SSA ၏ မိုင်းရှူးမြို့နယ် ဝမ့်လွေတပ်စခန်း ၊ နောင်ခေတ် နားပေတပ်စခန်း ၊ တာ့ဆမ်ပူး နှင့် လွယ်လာဟတပ်စခန်း ၊ နမ့်မော်ခုံနွဲ့တပ်စခန်းများအား မိုင်းနောင်အခြေစိုက် စစ်ဆင် ရေး ကွပ်ကဲမှု ဌာနချုပ် စကခ ၂  နှင့် မိုင်းပန်အခြေစိုက် စကခ ၁၇ လက်အောက်ခံ တပ်ရင်းများက အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ကြောင်း ၊ တိုက်ခိုက်စဉ်အတွင်း လူထုရပ်ရွာများဘက် ၊ ကျေးလက် ဒေသ ခံအလုပ်လုပ်ရာတောင်ယာ ၊ လယ်ကွင်း များဘက် လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက် ခိုက်နေသည် ဟု သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလ က ပြောကြားလိုက်သည် ။