Thursday, February 27, 2014

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်နှင့် တပ်မတော်တို့အကြား သုံးရက်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား

(Eleven Media Group)



တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် အစိုးရတပ်များသည် ဖေဖော်ဝါရီ ၂၄ ရက်နှင့် ၂၆ ရက်များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း TNLA ဒုတိယဥက္ကဋ္ဌ တာဂျုတ်ဂျားက ပြောကြားသည်။

“ဖေဖော်ဝါရီ ၂၄ ရက်က နမ့်ခမ်းမြို့နယ် မန်ပိန်းဆိုတဲ့ ဘိန်းစိုက်တဲ့ကျေးရွာမှာ ဖြစ်တယ်။ ဒီနေ့လည်ပိုင်းက မန်တုံနဲ့ မိုးမိတ်နယ်စပ်ကြားမှာ တပ်မ ၇၇ တက်လာတော့ ကျွန်တော်တို့တပ်နဲ့ တိုက်ပွဲဖြစ်နေတယ်။ အကျအဆုံးတော့ မသိရသေးဘူး” ဟု တာဂျုတ်ဂျားက ဖေဖော်ဝါရီ ၂၆ ရက်ညနေပိုင်းက ပြောကြားသည်။

Wednesday, February 26, 2014

ပလောင် ဒေသ ဘိန်းစိုက်ပျိုးမှု အစိုးရနှင့် ခရိုနီများ ပတ်သက်နေဟု ဆို

(ဧရာဝတီ)

ပလောင်(တအာင်း) ဒေသ ခံများ နေထိုင် သည့် ဒေသများ တွင် တိုက်ပွဲ အများ ဆုံး ဖြစ်ပွားရခြင်း သည် ဘိန်း စိုက်ပျိုးမှုနှင့် ပတ် သက်နေ ပြီး အစိုးရနှင့် ပြည် တွင်း စီးပွားရေး သမား ခရိုနီများက ဘိန်း စိုက်ပျိုးမှု ၏ နောက် ကွယ်တွင် ပါ ၀င်နေကြောင်း ပလောင် (တအာင်း) အမျိုးသမီး အဖွဲ့ အစည်း က ပြောသည်။

Tuesday, February 25, 2014

SSA တောင်ပိုင်း တပ်ဖွဲ့ကို အစိုးရ ပူးပေါင်းတပ်များ တိုက်ခိုက်

(Irrawaddy)

အပစ် အခတ် ရပ်စဲ ထားသည့် ရှမ်းပြည် တပ် မတော် တောင် ပိုင်း(SSA-S) တပ်ဖွဲ့ဝင် များ ကို အစိုးရ တပ်နှင့် လားဟူ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ က ယခုလ ၂၃ ရက်နေ့တွင် လာရောက် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ် ခရိုင် မိုင်းတုံမြို့နယ်အတွင်း လှုပ်ရှားနေသည့် SSA-S တပ်ဖွဲ့ ၀င်များကို လဲချားမြို့နယ်ခွဲ အခြေ စိုက် ခြေမြန်တပ်ရင်း အမှတ် ၅၁၉၊ ၅၅၂ တပ်ဖွဲ့နှင့် အမှတ် ၁၀၀၇ လားဟူ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လာရောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း SSA-S တပ်ဖွဲ့မှ ပြောရေးဆိုင်ခွင့်ရှိသူ စိုင်းဆိုင်မိဏ်းက ဧရာဝတီသို့ ပြောသည်။

“၀” ခေါင်းဆောင်တွေရဲ့ နေပြည်တော် ခရီးစဉ် သမ္မတနဲ့ တွေ့ဆုံရေး မသေချာ

(Irrawaddy)

“ဝ” ပြည် သွေးစည်း ညီ ညွှတ်ရေး တပ်မတော် (UWSA) ခေါင်းဆောင် ပိုင်း တာဝန်ရှိသူ တချို့ နေပြည်တော် လာရောက်မယ့် ခရီး စဉ်မှာ သမ္မတ ဦးသိန်းစိန် အပါအ၀င် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲ့နဲ့ တွေ့ဆုံဖို့ မသေချာကြောင်း UWSA ရဲ့ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့်က ပြောပါတယ်။

အကူအညီ မဲ့နေသော ပလောင် စစ်ပြေး ဒုက္ခသည် များ၏ ဘ၀ အစီ ရင်ခံစာ

(ရွှေဟင်္သာသတင်းဌာန)

ရှမ်းပြည် နယ်မြောက် ပိုင်းတအာင်း(ပလောင်) ဒေသများ တွင် ၂၀၁၁ ခုနှစ် နောက်ပိုင်း မှစ၍ စစ်ပွဲများ တစ်စ ထက် တစ်စ များစွာ တိုးပွါးလာ သည်နှင့် အမျှ ပလောင်ပြည် သူလူထု ထောင်ပေါင်း များစွာတို့ သည် ပြည်တွင်း စစ်ပြေး ဒုက္ခ သည်များ အဖြစ် ပြေးလွား နေရသည်။ 
 
ဤ အစီရင်ခံ စာတွင် တအာင်း ဒေသ ရှိ ပြည်တွင်း စစ်ပြေးဒုက္ခ သည် များ၏ နေ့စဉ် နှင့်အမျှ ဘ၀ရပ်တည် ရှင်သန်နိုင် ရန် အတွက် ရုန်းကန် နေရ သည့်အ ခြေ အနေ နှင့်မိမိ တို့နေရပ်သို့ပြန်လည် အခြေချ နိုင်ရန် ပြန်လမ်း မရှိကြောင်း ကိုလည်း ဖော်ပြထား သည်။

Monday, February 24, 2014

သံလွင်အရှေ့ခြမ်း၌ အစိုးရတပ် နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်းရှိ  တပ်စခန်း အား ဖယ်ပေး ရန် အစိုးရ တပ်တောင်း ဆိုမှုကို သျှမ်းပြည် တပ်မတော်  RCSS/SSA က လိုက်လျောခြင်း မရှိသောကြောင့် ယမန်နေ့က ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့ သည် ဟု RCSS ပြောခွင့်ရ က ပြောပါသည်။
“မိုင်းပန်ကနေ တာ့ဆွပ်ပတ်ကူးတို့ဆိပ်ကူးပြီး တက်လာတဲ့ စစ်ကြောင်း မနေ့က မွန်းလွဲပိုင်း ၃ နာရီ ကနေ ၆ နာရီ အထိ လွယ်လိတ်စီးမှာတိုက်ပွဲဖြစ်တယ်။ အခုလဲ လွယ်ပန်းတုန်းမှာလဲ နှစ်ဘက် ချိန်နေတယ်”  ဟု ပြောခွင့်ရ စိုင်းဆိုင်မိဏ်း ကပြော သည်။

ကရင် အမျိုးသား ရဲတပ်ဖွဲ့ သင်တန်းဆင်းပွဲ

(ရွှေဟင်္သာသတင်းဌာန)

ဤ ရဲအဖွဲ့ ကို ကရင် အမျိုးသား ရဲတပ်ဖွဲ့ (Karen National Police Force K.N.P.F) ဟုခေါ်ပြီး ယမာန်နေ့ နေ့လည် ပိုင်းတွင် ကရင်ပြည် နယ် ဘားအံခရိုင် လှိုင်းဘွဲ မြို့နယ် လေးဝါး စခန်း တွင် သင်တန်း ဆင်းပွဲ ကျင်းပခဲ့ သည်ဟု အ မည် မဖေါ်လိုသည့် ဗဟို တရားရေး ဌာန ၀န်ထမ်း တဦးမှ ဆိုပါသည်။

ပထမဆုံး သင်တန်းတော့ မဟုတ် ပါဘူး။ ဖွဲ့စည်းပုံ အရ ရှိနေတာ ကြာလှပါပြီး၊ အကောင် အထည် တော့ ဖေါ် နေ တာပါဘဲ။ ဒါပေမဲ့ တော်လှန်ရေး အခြေ အနေ ကြောင့် မပီပြင်ခဲ့ ဘူးပေါ့နော်။ ဒီနှစ်ပိုင်း တွေမှာ ငြိမ်းချမ်းရေး တွေ အခြေ အနေလေး တွေ နဲနဲ တည်ငြိမ် လာတော့ အကောင် အထည် ဖေါ်လိုက်ပါဘဲ။  ပြောရေး ဆိုခွင့် မရှိသည့် အတွက် အမည် မဖေါ်စေ လိုသော တရားရေး ပဒိုတဦးမှ ဆိုပါသည်။ 

Saturday, February 22, 2014

သျှမ်းတောင်နှင့် မြောက်ကြားဒေသ အစိုးရတပ် အင်အား တထောင် ခန့်ရောက်ရှိ

သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင် ပိုင်း မိုင်းရှူးနှင့် သျှမ်းပြည်မြောက် ပိုင်း တန့်ယန်း မြို့နယ်ကြား ရှိဒေသ
သို့ အစိုးရ တပ် များ အင်အားဖြည့် တင်းရောက်ရှိလာ သည့်အတွက် သျှမ်းပြည် တပ်မတော် SSPP/SSA နှင့် ထိပ်တိုက် ထိတွေ့မှု ဖြစ်ပွားမည် ကို ဒေသခံများက စိုးရိမ်နေကြပါ သည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် မိုင်းအောတ်၊ တောင်ဟျိုးနှင့် တန့်ယန်းမြို့နယ် နမ့်လောဝ်း ၊ ၇ မိုင် ဘက် အစိုးရတပ်များ အခြေချရှိရင်းစွဲ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၇ မိုင်းပန်) လက်ခံတပ်များအပြင် မိုင်းနောင် အခြေစိုက် စကခ ၂ လက်အောက်ခံတပ်များ အင်အားတိုးဖြည့် လာခြင်းဖြစ် ကြောင်း၊ အဆိုပါဒေသအတွင်း တပ်အပြောင်းအလဲလှုပ်ရှားမှုတွင် စုစုပေါင်းစစ်အင်အား ၁၀၀၀ ထက်မနည်း ရောက်ရှိနေကြောင်း စစ်ရေးစောင့်ကြည့်လေ့လာသူများက ပြောသည်။

“ဟုတ်တယ် ကျနော်တို့လဲ သိပါတယ်။ စကခ ၁၇ က ရာဂဏန်းက ရှိနေပြီးသား၊ အဲဒီတပ်တွေ နောက် တန်းပြန်ဖို့ထင်တယ်။ စကခ ၂ က အစားလာထိုးတာဖြစ်နိုင်တယ်။ စစ်ဆိုတာ ယုံလို့တော့မရဘူးလေ။ ဒါ့ကြောင့် ကျနော်တို့ဘက်လဲ စစ်ရေးတော့ အသင့် အနေအထား ရှိနေရလိမ့်မယ်။” - ဟု ဌာနချုပ်အရာ
ရှိတဦးက ပြောသည်။

“ဒီစစ်သား စစ်တပ် စစ်တိုက်ခြင်းတွေကို အရမ်းအမြင်ကပ်ညီးငွေ့နေပါပြ
ီ။ သူတို့မလာရင်တိုက်ပွဲက မဖြစ်ဘူး။ အင်အားတိုးလာရင်တော့ ကြောက်ရတယ်။ သူတို့တွေကြောင့် ပြီးခဲ့တဲ့ နှစ်တွေတုန်းက အရမ်းဒုက္ခရောက်တယ်။ လယ်ယာ စိုက်ပျိုးမှု ကောင်းကောင်းကိုမလုပ်ရဘူး၊ အိမ်ယာထားပြီး ထပ်တိမ်းရှောင်ရမှာကို ကြောက်နေတယ်” - ဟု အသက် ၅၀ အရွယ် တောင်ဟျိုးရွာသူ အမျိုးသမီးကပြောသည်။

အဆိုပါဒေသ သည် သျှမ်းပြည်တပ်မတော် SSPP/
SSA နှင့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ၏ ကြားခံနယ်မြေများဖြစ်သည်။ ထို့ကြောင့် အပစ်ရပ်ထားသော်လည်း စစ်ရေးဗျူဟာကျသည့် အဆိုပါဒေသအား အခြေကုပ် တပ်ချ နိုင်ရေး နယ်မြေလွမ်းစိုးမိုးနိုင်ရေးအတွက် မကြာခဏ ထိုးစစ်ဆင်လေ့ရှိသည်။

Thursday, February 20, 2014

တအာင်း အမျိုးသမီး အဖွဲ့မှ စစ်ပြေး ဒုက္ခသည် အကြပ် အတည်းများ သတင်းစာရှင်းလင်းပွဲ ဖိတ်ကြား

(ရွှေဟင်္သာသတင်းဌာန)

သို့
လေးစားရပါသောခေါင်းဆောင်များ၊ လူကြီးမင်းများနှင့် သတင်းမီဒီယာများ။
 ၂၅ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၄

 အကြောင်းအရာ။   တအာင်း အမျိုးသမီးအဖွဲ့ အစည်းမှကျင်းပသော ပြည်တွင်း စစ်ပြေး ဒုက္ခသည်များ ၏ အခြေအနေနှ င့်ပတ်သက် သည့်လျစ်လျူရှုခံ အကြပ်အတည်းအစီရင်ခံစာ၏ သတင်းစာ ရှင်းလင်းပွဲ သို့ကြွရောက် ပါရန် ဖိတ်ကြားခြင်း။
 အထက်ပါ အကြောင်း အရာနှင့် ပတ်သက်ပြီး တအာင်း အမျိုးသမီး အဖွဲ့အစည်း မှလာမည့်ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၄ ခုနှစ် လျစ်လျူရှု ခံအကြပ် အတည်းအစီရင်ခံ စာကို ရန်ကုန်မြို့တွင်ကျင်းပမည် ဖြစ်ပါသဖြင့် လူကြီးမင်း များအားတက် ရောက်ပါရန် လေးစားစွာဖြင့်ဖိတ်ကြား အပ်ပါသည်။

မူးယစ်ဆေးဝါးများနှင့် ဆက်စပ်သည်ဟူသည့် ထိုင်းအာဏာပိုင် စွပ်စွဲမှု DKBA ငြင်းဆို

(Mizzima)

ထိုင်း-မြန်မာ နယ်စပ် စံခလပူရီ မြို့နယ်အတွင်း မြန်မာနိုင်ငံသားတစ်ဦးကို စိတ်ကြွ ဆေးပြား
အလုံးပေါင်း ၁၂,၀၀၀ နှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းမူးယစ်ဆေးဝါးများသည် နယ်စပ်ဘုရားသုံးဆူမြို့ အခြေစိုက် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) အဖွဲ့နှင့် ဆက်စပ်သည်ဟု ထိုင်းရဲများပြောဆိုထားသည်ကို DKBA ဘက်က အထူးစစ်ကြောင်းမှူး ဗိုလ်မှူး အေ၀မ်းက ဖေဖော်ဝါရီ ၁၉ ရက်တွင် ငြင်းဆိုလိုက်သည်။


Tuesday, February 18, 2014

၎ နှစ်အတွင်း RCSS/SSA အင်အား ၅၀၀၀ ခန့်တိုး



RCSS/ SSA ၏ လေးနှစ် တစ်ကြိမ် ခေါင်း  ဆောင် ရွေး  ကောက် ပွဲနှင့် လာ မည့် ၄ နှစ် အတွက် လုပ်ငန်း စဉ် ချမှတ် သည့် စုံညီပွဲတွင်   ၄ နှစ်အတွင်း အဖွဲ့ဝင်သစ် ၅၀၀၀ ခန့် လက်ခံ ရရှိသည်ဟု အစီရင်ခံ တင်ပြ မှုရှိခဲ့ကြောင်း ကြားသိရပါသည်။

ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က ၄ နှစ်အတွင်း လုပ်ဆောင်ခဲ့သည့် လုပ်ငန်းဆောင်တာများ အစီရင်ခံစာ တင်ပြရာ - RCSS/SSA ၏ အဖွဲ့ဝင်သစ် ၄၉၅၄ ယောက်၊ အလုပ်နား/ထွက် ၉၉၉ ယောက်ရှိသည်ဟု ဆိုပါ သည်။  


Monday, February 17, 2014

သန်းခေါင်စာရင်း အတွက် ညှိနှိုင်းပေးရန် တိုင်းရင်းသားများ တောင်းဆို

(Irrawaddy)

၂၀၁၄ ခုနှစ် တနိုင်ငံလုံး သန်းခေါင် စာရင်း ကောက် ယူရေးနှင့် ပတ်သက်ပြီး လုပ်ငန်း မစတင်မီ ၎င်း တို့နှင့် အလျင် အမြန် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းရန် တိုင်းရင်း သားများက ယနေ့ တွင် သဘော ထား ကြေညာ ချက် ထုတ်ပြန် လိုက်သည်။

ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများကို ကိုယ်စား ပြုပြီး တိုင်းရင်းသား အဖွဲ့အစည်းပေါင်း ၃၀ ကျော်က အစည်းအဝေး သုံးကြိမ် ပြုလုပ်ပြီးနောက် ထိုသို့ သဘောထား ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

Tuesday, February 11, 2014

UWSA တပ်ဖွဲ့ဝင် ၃ဝ တရုတ်ပြည်မှာ လေယာဉ်မောင်းသင်တန်းတက်မယ်

(Irrawaddy)

မြန်မာပြည်ရဲ့ အကြီးဆုံး သူပုန်အဖွဲ့ဖြစ် တဲ့ UWSA က သူ့ရဲ့ တပ်ဖွဲ့ဝင် ၃ဝ ကို တရုတ်ပြည် ပို့ပြီး လေယာဉ်မောင်း သင်တန်း လွှတ်မယ့် အစီ အစဉ် ရှိတယ်လို့ သိရပါတယ်။

ဒီအကြောင်း ဧရာ ဝတီ ပင်မ စာမျက်နှာ
http://www.irrawaddy.org/burma/wa-rebels-send-fighters-china-pilot-training-reports.html
 ရဲ့ သတင်း တပုဒ်မှာ ရေးထားပါတယ်။
UWSA ဌာနချုပ် ပန်ဆိုင်းမြို့ကို မကြာသေးခင်က ရောက်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များကို ကိုးကားပြီး အဲသလို ရေးထားတာပါ။

Monday, February 10, 2014

“တအန်း(ပလောင်) ဒေသနှင့် လူထုအား ဆက်တိုက်ထိုးစစ်ဆင် ညှင်းပမ်းနှိပ်စက်နေသည့် မြန်မာအစိုးရ၏ စစ်ဆင်ရေးကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း”

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး၏ သဘောထားထုတ်ပြန်ကြေညာချက်  


၁၀ ရက်၊ ဖေဖော်ဝါရီလ၊ ၂ဝ၁၄ ခုနှစ်။ ထုတ်ပြန်ချက်အမှတ်။ ။ ဝဝ၄§၀၅§ဌနခ-၁၄

၁။ တအန်း(ပလောင်)ဒေသတွင် ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းနှင့် ဒေသခံလူထုအား ရိုက်နှက်ခြင်း၊ ပေါ်တာဆွဲခြင်း၊ မိုင်းရှင်းခိုင်းခြင်း၊ ပစ္စည်းဥစ္စာများ အတင်း အဓမ္မသိမ်းဆည်းယူငင်ခြင်း၊ လူနေကျေးရွာသို့ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်ခြင်း အစရှိသည့် ညှင်းပမ်းနှိပ်စက်မှုများ ကျူးလွန်နေသည့် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်၏ ပြည်တွင်းရှိ တအန်း(ပလောင်)တိုင်းရင်းသား လူမျိုးစုအပေါ် စစ်ဆင်ရေးကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး P.S.L.F/T.N.L.A မှ အပြင်းအထန် ကန့်ကွက် ရှုတ်ချလိုက်ပါသည်။

Thursday, February 6, 2014

တိုင်းရင်းသား တပ်မတော်များ ထူထောင်ခွင့် ပြုရမည်ဟု KNLA ဒု ဗိုလ်ချုပ်ကြီး ပြော

(ဧရာဝတီ)

မြန်မာအစိုးရ အနေဖြင့် အပစ် ရပ်ရေးနှင့်ငြိမ်း ချမ်းရေး ဆောင်ရွက်ရာ တွင် တိုင်းရင်း သား ပြည်နယ် တပ် မတော်များ ထူထောင် ခွင့် ပြုရ မည်ဖြစ်ကြောင်း ကရင် အမျိုးသား လွတ်မြောက်ရေး တပ် မတော် (KNLA) ၏ ဒု စစ်ဦးစီး ချုပ် ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ က ပြော သည်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ် ၀ဲကြီးကျေးရွာတွင် ဇန်န၀ါရီ ၂၅ ရက်က ဧရာဝတီ သတင်းဌာနနှင့် ဒု ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ သီးသန့်တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

သျှမ်းပါတီနှစ်ခု ပေါင်းစည်းရေး သျှမ်းပြည်မှာသာ ဆွေးနွေးရန် ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင် တိုက်တွန်း



သျှမ်းပါတီနှစ်ခုပေါင်းစည်းရေးအတွက် သျှမ်းပြည်နယ်အတွင်း သျှမ်းလူထုကြားတွင်သာ တွေ့ဆုံဆွေး နွေးရန် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင် က ကျားဖြူပါတီ ဒုတိယ ဥက္ကဌ ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် စိုင်းဆောင်ဆီထံ တိုက်ရိုက် စာရေးတိုက်တွန်း လိုက်ပါသည်။

ဒုတိယ ဗိုလ်ချုပ်ကြီးဆေထင် ၏စာတွင် - ကျားဖြူ ပါတီ နှင့် ကျားခေါင်းပါတီတို့သည် သျှမ်းပြည် လူထု အရေးဦးထိပ်ပန်ဆင် ရှေးရှု၍ ဆောင်ရွက်နေသောအဖွဲ့အစည်းဖြစ်သဖြင့် သျှမ်းပြည်အရေးအား သျှမ်း ပြည်လူထုအကြား၌သာ ဆွေးနွေးတွေ့ဆုံလျှင် ပို၍ အဓိပ္ပာယ်ရှိမည်ဟု ဆိုပါသည်။


မူးယစ်ဆေး ပပျောက်ရေး တအာင်း သံဃာတော်များ ဦးဆောင်၍ ဆန္ဒထုတ်ဖော်



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) သံဃာတော်များ ဦးဆောင်ပြီး တအာင်း (ပလောင်) တိုင်းရင်းသားများ ပူးပေါင်း၍ ယနေ့ နေ့လယ် ပိုင်း၌ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် စီတန်း လှည့်လည် ဆန္ဒ ထုတ်ဖော် ခဲ့ကြောင်း သတင်း ရရှိသည်။



စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ရန် တအာင်း(ပလောင်) သံဃာတော် အပါး (၆၀) ခန့် ပါဝင်ဦးဆောင် ကြောင်း၊ တအာင်း(ပလောင်)တိုင်းရင်းသားအယောက်(၄၀၀) ခန့်ပါဝင်ကြကြောင်း၊ ဆန္ဒထုတ်ဖော် ချိန်မှာနေ့လယ်၂ နာရီမှ ညနေ ၄ နာရီအထိဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်သောလူငယ် မိုင်းအိုက်ကျော် ကဆိုသည်။

ပြည်ထောင်စု စနစ်တွင် သျှမ်းပြည်အတွက် ဖွဲ့စည်းပုံ သီးခြား ရှိသင့်



သျှမ်းပြည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဒုတိယမူကြမ်း ရှင်းလင်းပွဲကို သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ ဌာနချုပ် လွယ်တိုင်းလျဲန်း တွင်ကျင်းပရာ ပြည်ထောင်စု စစ်စစ်အတွင်း သျှမ်းပြည် နယ်အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သီးခြား ရှိသင့်သည်ဟု အစည်းအဝေးတက် ရောက်သူများက ထောက်ခံ ကြပါသည်။


သျှမ်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဒုတိယမူကြမ်း ရှင်းလင်းပွဲအား ဖေဖေါ်ဝါရီ ၃-၅ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပရာ သျှမ်းပြည်ညီညွှတ်ရေးကော်မတီ (SCCU) မှ ဦးဆောင်ရှင်းလင်းခဲ့ပြီး သျှမ်းပြည်တွင်း ၄၉ မြို့နယ်မှ လူပေါင်း ၇၇၄ ဦး တက်ရောက်ခဲ့ပါသည်။


Tuesday, February 4, 2014

အောင်မြင်နေသော တအာင်း (ပလောင်) ဒေသ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုများ

ရွှေဟင်္သာ သတင်းဌာန

ယမာန်နေ့ မနက် () နာရီ အချိန်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် လိုက်လံ ဆောင်ရွက် နေသော တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အမှတ်() ဗျူဟာ တပ်ဖွဲ့မှ တပ်ရင်း (၇၁၇) တပ်ဖွဲ့နှင့် ရှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့ အခြေချ ခလရ (၂၂၃) တပ်ဖွဲ့တို့  မိုးကုတ် မြို့နယ် အေးသာယာ ရွာအနီးတွင် တစ်နာရီ နီးပါး တိုက်ပွဲ ဖြစ်ခဲ့ကြောင်း တအာင်း တပ်မတော် ပြန်ကြားရေး ဌာန တာဝန်ခံ ဗိုလ်အိုက်ကျော်က ဆိုပါသည်။
 
အဲဒီ တိုက်ပွဲမှာ MA.1 တလက်၊ ကျည် (၁၅၀) တောင့်၊ လက်ပစ်ဗုံး () လုံးနဲ့ စကားပြောစက် တလုံး သိမ်းဆီး ရရှိ ခဲ့ပါတယ်။ အသေအပျောက်တော့ မပြောနိုင် ပေမဲ့ သေနတ်ပါ ကျန်ခဲ့တယ် ဆိုတော့ ထိခိုက်မှု ရှိတယ်။ ပြီးတော့ သူတို့ဖက်က ဆုတ်လိုက် ရတယ်လေ။ ဒါပေမဲ့ တိုက်ပွဲက ဆက်လက် ဖြစ်ပွား စရာတော့ ရှိနိုင်တယ်ဟု ဆိုပါသည်။

အပစ်ရပ်ပြီးနောက် ပထမဆုံး အကြိမ် မွန်ပြည်သစ်ပါတီနှင့် အစိုးရတို့ တိုက်ပွဲဖြစ်

တနင်္သာရီတိုင်း ဘိတ်ခရိုင် အခြေစိုက် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့ တို့သည် ယမာန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း မွန်ပြည်သစ် ပါတီ ဒေသခံ တပ်မှူး တမော့ချမ်း က ပြောသည်။

“မနေ့က အစိုးရ တပ်ဖွဲ့ တို့နဲ့ ကျွန်တော်တို့ တပ်ဖွဲ့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့တယ်။ ကျွန်တော်တို့ တပ်ဖွဲ့ ရှိတဲ့ နေရာကို အကြောင်း မကြားဘဲ ဝင်လာတဲ့ အတွက်ကြောင့် တိုက်ပွဲ ဖြစ်ပွား ခဲ့တာပါ” ဟု ဆိုပါသည်။

 

Monday, February 3, 2014

တိုင်းရင်းသား စာပေကို သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းရန် တိုင်းရင်းသား ပါတီများ တောင်းဆို

(ကချင်သတင်းဌာန)

ညီနောင် တိုင်းရင်းသား ပါတီများဖက်ဒရေး ရှင်း (Nationalities Brotherhood Federation) က တိုင်းရင်းသာ ဘာသာစာပေကို အစိုးရကျောင်း တွင် သင်ရိုး ညွှန်းတမ်းဖြင့်ထည့်တွင်း သင်ကြား ပို့ချရန်နှင့် သန်းခေါင် စာရင်း လူမျိုး သတ်မှတ်မှုများနှင့် ပတ်သက်၍ တိုင်းရင်းသား များနှင့် ညှိနှိုင်းပေးရန် အပါအ၀င် အချက် ၇ ချက် ကို ကြေညာချက် ထုတ်ပြန် တောင်းဆို လိုက်ကြောင်း အစည်းအဝေး တွင် တက်ရောက်ခဲ့သော ကချင်ဒီမိုကရက် တစ်ပါတီ ခေါင်းဆောင် က ပြောသည်။

Saturday, February 1, 2014

ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး TNLA ကိုယ်ထူကိုယ်ထ ဆောင်ရွက်

(Irrawaddy)

ရှမ်းပြည် နယ်မြောက်ပိုင်း ၌ ပလောင်(တအာင်း) အမျိုး သား လွတ်မြောက်ရေး တပ် မတော်(TNLA) သည် ယခု ပွင့်လင်း ရာသီ အတွင်း ဘိန်းစိုက် ပျိုးမှု ပပျောက်ရေး အတွက် ကိုယ်ထူ ကိုယ်ထ ဆောင် ရွက်နေကြောင်း သိရ သည်။

ဘိန်းခင်းများကို TNLA စိုးမိုးသည့် အရပ်ဒေသတလျှောက်ဖြစ်သည့် မိုးမိတ်၊ မိုးကုတ်၊ နမ္မတူ၊ ကွတ်ခိုင်၊ မန်တုံ နှင့် နမ့်ခမ်းမြို့များတွင် အဓိက ဖျက်ဆီးခြင်း ဖြစ်ပြီး ဘိန်းစိုက်ပျိုးသူများကို ဘိန်းအစားထိုးအနေဖြင့် နှမ်း၊ ပြောင်းဖူးများ စသည့် သီးနှံများလည်း ထောက်ပံ့ ပေးနေကြောင်း TNLA မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က ဧရာဝတီသို့ ပြောသည်။