Thursday, February 20, 2014

တအာင်း အမျိုးသမီး အဖွဲ့မှ စစ်ပြေး ဒုက္ခသည် အကြပ် အတည်းများ သတင်းစာရှင်းလင်းပွဲ ဖိတ်ကြား

(ရွှေဟင်္သာသတင်းဌာန)

သို့
လေးစားရပါသောခေါင်းဆောင်များ၊ လူကြီးမင်းများနှင့် သတင်းမီဒီယာများ။
 ၂၅ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၄

 အကြောင်းအရာ။   တအာင်း အမျိုးသမီးအဖွဲ့ အစည်းမှကျင်းပသော ပြည်တွင်း စစ်ပြေး ဒုက္ခသည်များ ၏ အခြေအနေနှ င့်ပတ်သက် သည့်လျစ်လျူရှုခံ အကြပ်အတည်းအစီရင်ခံစာ၏ သတင်းစာ ရှင်းလင်းပွဲ သို့ကြွရောက် ပါရန် ဖိတ်ကြားခြင်း။
 အထက်ပါ အကြောင်း အရာနှင့် ပတ်သက်ပြီး တအာင်း အမျိုးသမီး အဖွဲ့အစည်း မှလာမည့်ဖေဖော်ဝါရီလ ၂၅ ရက် ၂၀၁၄ ခုနှစ် လျစ်လျူရှု ခံအကြပ် အတည်းအစီရင်ခံ စာကို ရန်ကုန်မြို့တွင်ကျင်းပမည် ဖြစ်ပါသဖြင့် လူကြီးမင်း များအားတက် ရောက်ပါရန် လေးစားစွာဖြင့်ဖိတ်ကြား အပ်ပါသည်။


 တအာင်း အမျိုးသမီး အဖွဲ့အစည်း မှ(တအာင်း) ပလောင် ဒေသရှိ ပြည်တွင်း စစ်ပြေး ဒုက္ခသည် များ၏ အခြေအနေ နှင့်ပတ် သက်ပြီးလျစ်လျူရှု ခံအကြပ် အတည်းအစီရင်ခံ စာကို ထုတ်ဝေ သွားမည်ဖြစ် ပါသည်။ ထိုအစီရင် ခံစာ ထဲတွင်ပလောင် ဒေသရှိ ပြည်တွင်း စစ်ပြေး ဒုက္ခသည်များ အား တအာင်း အမျိုးသမီး အဖွဲ့ အစည်းမှသွားရောက် တွေ့ဆုံပြီး ထိုဒုက္ခ သည်များ၏ အခြေအနေ အားကိုယ်တိုင် ကိုယ်ကျ သွားရောက် မေးမြန်းလေ့လာခဲ့ ပါသည်။

 ထိုပြည်တွင်း စစ်ပြေး ဒုက္ခသည် များသည် ဒုက္ခသည် စခန်းတွင်ကလေးများ ပညာသင်ကြား ခွင့်မရခြင်း၊ အကူအ ညီများ လုံလုံလောက် လောက် မရခြင်း၊ ကျန်းမာရေး ချို့တဲ့မှု များပြီးဆေးဝါး လုံလောက်မှု မရှိခြင်း၊ အလုပ်လက် မဲ့များ ဖြစ်နေခြင်း စသည့် အခြေအနေ များအပြင် မိမိတို့၏နေရပ်သို့ မပြန်နိုင် ဘဲအနာ ဂတ်မဲ့နေကြ ပါသည်။

 တအာင်း အမျိုးသမီး အဖွဲ့အစည်းမှယခုပို့ ဆောင်ထား သော ဤအစီ ရင်ခံစာ အကျဉ်းချုပ် နှင့် တောင်းဆို ချက်များ သည်ခေါင်းဆောင်များ၊ လူကြီးမင်းများ၊ မီဒီယာများ ကြိုတင်ဖတ်ရှု ရန်အတွက်ဖြစ်ပြီး၂၅ရက်နေ့တွင် အစီရင်ခံစာကို ထုတ်ဝေဖြန့် ချိမည်ဖြစ် ပါသည်။

 ကျင်းပမည့်အချိန်။      ။ ၁၁ နာရီမှ ၁ နာရီအထိ

ကျင်းပမည့်နေရာ။      Royal Rose Restaurant (တော်ဝင်နှင်းဆီစားသောက်ဆိုင်)
NO.
၂၂၁/၂၂၃၊ ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန် ၁၁၂၀၁၊

မြန်မာ။  ။ဖုန်း - ၀၁-၅၄၂၇၂၀ ၊ ၀၉-၃၁၄၅၂၇၈၁

ဆက်သွယ်ရန်လိပ်စာ  ။ ၀၉၃၃၄၈၆၆၂၃ 

လေးစားလျက်
 တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။