Tuesday, February 4, 2014

အောင်မြင်နေသော တအာင်း (ပလောင်) ဒေသ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုများ

ရွှေဟင်္သာ သတင်းဌာန

ယမာန်နေ့ မနက် () နာရီ အချိန်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အတွက် လိုက်လံ ဆောင်ရွက် နေသော တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အမှတ်() ဗျူဟာ တပ်ဖွဲ့မှ တပ်ရင်း (၇၁၇) တပ်ဖွဲ့နှင့် ရှမ်းပြည် မြောက်ပိုင်း မိုးမိတ်မြို့ အခြေချ ခလရ (၂၂၃) တပ်ဖွဲ့တို့  မိုးကုတ် မြို့နယ် အေးသာယာ ရွာအနီးတွင် တစ်နာရီ နီးပါး တိုက်ပွဲ ဖြစ်ခဲ့ကြောင်း တအာင်း တပ်မတော် ပြန်ကြားရေး ဌာန တာဝန်ခံ ဗိုလ်အိုက်ကျော်က ဆိုပါသည်။
 
အဲဒီ တိုက်ပွဲမှာ MA.1 တလက်၊ ကျည် (၁၅၀) တောင့်၊ လက်ပစ်ဗုံး () လုံးနဲ့ စကားပြောစက် တလုံး သိမ်းဆီး ရရှိ ခဲ့ပါတယ်။ အသေအပျောက်တော့ မပြောနိုင် ပေမဲ့ သေနတ်ပါ ကျန်ခဲ့တယ် ဆိုတော့ ထိခိုက်မှု ရှိတယ်။ ပြီးတော့ သူတို့ဖက်က ဆုတ်လိုက် ရတယ်လေ။ ဒါပေမဲ့ တိုက်ပွဲက ဆက်လက် ဖြစ်ပွား စရာတော့ ရှိနိုင်တယ်ဟု ဆိုပါသည်။


(TNLA) စစ်ဗျူဟာ () သည်ကျောက်မဲ၊ မိုးကုတ်နှင့် မိုးမိတ် မြို့နယ် တ၀ိုက်ရှိ ဘိန်းခင်း များအား ပြီးခဲ့သည့် ဇန္နာဝါရီ လလယ်ပိုင်းမှ စပြီး ယနေ့ အထိ  လိုက်လံ ဖျက်ဆီး နေပါသည်။ TNLA ဘိန်းတိုက်ဖျက်ရေး အစီအစဉ်တွင် အစိုးရ တပ်ဖွဲ့နှင့် အကြိမ်ကြိမ် တိုက်ပွဲ ဖြစ်ပွား ခဲ့သော်လည်း ဘိန်းစိုက် ဧက (၅၀၀) ခန့် ဖျက်ဆီး နိုင်ခဲ့ပြီ ဖြစ်သည်ဟု ဆိုပါသည်။

ဤဒေသသည် (၂၀၁၂) ခုနှစ်တွင် ဘိန်းစိုက်ဧက တသောင်းကျော် ရှိခဲ့သော နေရာ ဖြစ်သည်။ ဤသို့ကြောင့် (TNLA) သည် (၂၀၁၂) တွင် စိုက်ဧက တသောင်းကျော် ထဲမှ (၃၀၀၀) ကျော် ဖျက်ဆီးပြီး ထပ်မံ စိုက်ပျိုးပါက ထိရောက်စွာ ရေးယူမည်ဟု ရာဇသံ ပေးခဲ့ ပါသည်။ သို့သော် (၂၀၁၄) ခုနှစ် ဘိန်းစိုက် ရာသီတွင် ဧက (၅၀၀) ကျော် ထပ်မံ စိုက်ပျိုးမှု ရှိနေသေး သဖြင့် ၄င်းအား အားလုံးနီးပါး ထပ်မံ ဖျက်ဆီး နိုင်ခဲ့ပြီး ဖြစ်သည်ဟု ဆိုပါသည်။

တအာင်း (ပလောင်) ဒေသ၏ ဘိန်းစိုက်ပျိုး မှုသည် အထူးသဖြင့် ပန်ဆေးမြို့နယ်နှင့် တရုတ်ပြည် နယ်စပ်၌ အများဆုံး ဖြစ်သည်ဟု ဆိုပါသည်။ ဤဒေသ၏ (၂၀၁၄) ခုနှစ် ဘိန်းစိုက်ပျိုး ရာသီတွင် ဧက () သောင်းကျော် စိုက်ပျိုးခဲ့ ကြောင်း ပန်ဆေး ဒေသခံ များက ဆိုပါသည်။ 

ဤဒေသ၌ စိုက်ပျိုးသော ဘိန်းခင်းများသည် အစိုးရ တပ်ဖွဲ့များနှင့် ပန်ဆေးပြည်သူ့ စစ်များ၏ အကာ အကွယ်ဖြင့် စိုက်ပျိုး ခဲ့ကြကြောင်း ဒေသခံ များက ဆိုပါသည်။ သို့သော် ပြီးခဲ့သည့် အပါတ်တွင် အစိုးရ တပ်များနှင့် ပြည်သူ့စစ် အဖွဲ့ များသည် တရွာကို ခြံ() ခြံ ဖျက်သိမ်းရေး စနစ်ကို ခွဲတမ်း ချပြီး ဖျက်ဆီး ခဲ့ပါသည်။ ထိုဖျက်ဆီး မှုတွင် ဟန်ပြသာ ဖြစ်ပြီး ဧက (၂၀)ကျော်သာ ဖျက်ဆီးခဲ့ သည်ဟု (TNLA) က ဆိုပါသည်။ 

ဤကဲ့သို့ ဘိန်းစိုက် ပျိုးမှု ပြသနာနှင့် ဘိန်းသုံးစွဲမှု ပြသနာ ကြီးထွား လာနေသော ကြောင့် နမ့်ခမ်းမြို့မှ သံဃာ တော် အပါး ၅၀ ကျော် ဦးဆောင်သော တအာင်း ပြည်သူ (၆၀၀)ကျော် သည် ယမာန်နေ့ ဇန္နာဝါရီ () ရက်နေ့တွင် မူးယစ် ဆေးဝါး တိုက်ဖျက် ပေးပါရန် ငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက်ပြီး ဆန္ဒဖေါ် ထုတ်ခဲ့ကြ ကြောင်း ဆန္ဒပြ ကျောင်းသား တဦးက ဆိုပါသည်။ 

စီတန်း လမ်းလျှောက် ပွဲသည် နမ့်ခမ်းမြို့ မန်နား အ၀င်ဂိတ် (တအာင်း စာပေနှင့် ယဉ်ကျေးမှု ကော်မတီရုံး) အနီးမှ မန်ခမ်း ဘုရား လမ်းခွဲသို့ ယမာန်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီ အထိ ငြိမ်းချမ်း စွာ ဆန္ဒထုတ် ဖော်ခဲ့ကြ ပါသည်။ ဆန္ဒ ဖေါ်ထုတ်သူ များသည် တအာင်း လူမျိုးများ နေထိုင်သည့် ဒေသ အနှံ့အပြား တွင် တနေ့တခြား များပြား လာသည့် မူးယစ် ဆေးဝါး ပြဿနာ ကြောင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး နှင့်ဘာသာရေး ကိစ္စများ အဘက် ဘက်မှ ကျဆင်း လာနေပြီး ဖြစ်ကြောင်း ဆိုပါသည်။ 

ဆန္ဒဖေါ်ထုတ်သူ များသည် တအာင်း ရိုးရာ ဝတ်စုံများ ဝတ်ဆင်ပြီး ဘိန်းသီးအား ကြက်ခြေခတ် ထားသော ဆိုင်းဘုတ် (ဗီနိုင်း) ကိုင်ဆောင်ကာ မူးယစ် ဆေးဝါး ပပျောက်ရေး ဒို့အရေး” “မူယစ်ဆေးဝါး ရောင်းဝယ်မှု ပပျောက်ရေး ဒို့အရေးကြွေးကြော် သံများ သံပြိုင် ရွတ်ဆိုပြီး လှည့်လည် စီတန်း ဆန္ဒပြ ခဲ့ကြသည်။

ဤဆန္ဒ ဖေါ်ထုတ် ပွဲသည်အ စိုးရ၏ ခွင့်ပြုချက်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သလို ဆန္ဒဖေါ်ထုတ်ပွဲ နှင့်အတူ မြို့နယ် အုပ်ချုပ် ရေးမှုး အဖွဲ့ သည် နမ့်ခမ်းမြို့ ကြာဖြူ ခန်းမတွင် မူးယစ်ဆေးဝါး ပပျောက်ရေး ဟောပြောပွဲ တစ်ရပ်ကို တပြိုင်တည်း ကျင်းပကာ လမ်းလျှောက် စီတန်းပွဲတွင် ပါဝင် ဆင်နွှဲ ခဲ့ပါသည်။

ဤသို့ကြောင့် ဆိုးဝါး လာသော တအာင်း ဒေသ၏ မူးယစ်ဆေး ပြသနာသည် မြို့နယ် အုပ်ချုပ်ရေးမှူး များနှင့် အစိုးရ တပ်ဖွဲ့များ အပါအ၀င် တအာင်း လူထုနှင့် အတူ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) များက ၀ိုင်းဝန်း တိုက်ဖျက် နေကြခြင်း ဖြစ်ပါသည်။

တအာင်း ဒေသ၏ မူးယစ်ဆေး ပြသနာကို မူတည်ပြီး အစိုးရ အာဏာပိုင် အဖွဲ့၊ လူထုနှင့် တအာင်း တပ်မတော်တို့ ပူးပေါင်း ဆောင်ရွက် ကြရာ ရောက်ပါသည်။ ဤကဲ့သို့သော အသွင် သဏ္ဍာန်ဖြင့် ပူးပေါင်း ဆောင်ရွက်ပါက စစ်မှန်သော ငြိမ်းချမ်းရေး ကိုလည်း အလျှင်အမြန် တည်ဆောက် နိုင်ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။