Sunday, December 30, 2012

ဒီမိုကရေစီအသွင် ငြိမ်းချမ်းရေး ဖော်ဆောင်လိုသူ



ရှမ်းပြည် တပ်မတော် တောင်ပိုင်း၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA အပစ်အခတ် ရပ်စဲရေး လက်မှတ်  ထိုး ထားသည်မှာ တနှစ် နီးပါးရှိသော်လည်း တိုက်ပွဲပေါင်း ၅၀ ကျော် ဖြစ်ပွားနေသေးသည်နှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ အဖွဲ့ဝင်ဖြစ်သူ ဦးစိုင်းမောဝ်သည် ရန်ကုန်မြို့တွင် ကျင်းပသည့် ရှမ်း တိုင်းရင်းသား များ၏ ငြိမ်းချမ်းရေး ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲကို လာရောက်ဆွေးနွေးစဉ်က ဧရာဝတီ သတင်းထောက် နန်းဆိုင်နွမ်နှင့် နန်းသီရိလွင် တို့က သွား ရောက် အင်တာဗျူးထားခြင်း ဖြစ်သည်။ ဦးစိုင်းမောဝ် သည် တောင်ကြီး ဇာတိဖြစ်ပြီး ရှမ်းပြည် တပ် မတော် တောင်ပိုင်း၊ ရှမ်းပြည် ပြန်လည်ထူ ထောင်ရေး ကောင်စီကို ၁၉၉၇ ခုနစ်တွင် ၀င်ရောက် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

မေး ။   ။ RCSS/SSA အနေနဲ့ ငြိမ်းချမ်းရေး အတွက် ယုံကြည်မှုတည် ဆောက်ခြင်း ဆွေးနွေးပွဲ ကို လာရောက် တက်ရတဲ့ ရည်ရွယ် ချက်ကို ပြောပြပါ။

Friday, December 28, 2012

သိန္နီသစ်တောရုံး ဗုံးကွဲ ဦးစီးမှူး ဒဏ်ရာရ



သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ သစ်တောရုံးအား အမည်မသိအဖွဲ့မှ ဗုံးခွဲတိုက်ခိုက်ရာ သစ်တောဦးစီးမှူး ဒဏ်ရာရရှိသဖြင့် လားရှိုးဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက် က ဆိုသည်။

“ဒီမနက် ၂ နာရီမှာ ဖြစ်တာ။ သစ်တောရုံးထဲကို လက်ပစ်ဗုံး တလုံးပစ်ဝင်တယ်။ ဦးစီးမှူးရဲ့ ဗင်ကားပေါ်ကျ တယ်။ ရုံးမှာ အိပ်တဲ့ ဦးစီးမှူး ဦးလှမြင့်ဦး ဒဏ်ရာရတယ်။ အဲဒါ ဒီနေ့ လားရှိုးဆေးရုံကိုပို့လိုက် ရတယ်” ဟု သစ်တောဌာနနှင့် နီးစပ်သည့် လားရှိုးဒေသခံတဦးက သျှမ်းသံတော်ဆင့်အားပြောသည်။

Thursday, December 27, 2012

KNU ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ဖွဲ့စည်းမည်


(မဇ္စျိမ) ။        ။ ကရင်အမျိုးသားအစည်းအရုံး KNU ထိပ်ပိုင်း ခေါင်းဆောင်များ ပြောင်းလဲလိုက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စား လှယ်အဖွဲ့လည်း အသစ်ပြန်လည် ဖွဲ့စည်းမည်ဟု တွဲဖက်အတွင်းရေးမှူး (၂) ပဒိုမန်းမန်း က ပြောသည်။

အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ဆွေးနွေးမှု များ ပြုလုပ်ခဲ့သည့် ယခင် ကိုယ်စားလှယ်အဖွဲ့ ကို ဖျက်သိမ်းလိုက်ပြီး လာမည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ကိုယ်စားလှယ် အဖွဲ့သစ်ကို ရွေးချယ် ဖွဲ့စည်းသွားမည်ဟု ဆိုသည်။

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က KNU ရဲ့မူဝါဒအပေါ်မှာပဲ မူတည်ပါတယ်။ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတော့ တိုက်ရိုက် မပတ်သက်ဘူး။ လုပ်ငန်းစဉ်က အရင်အတိုင်းပဲ ချမှတ်ထားတဲ့ အခြေခံ ၄ ဆင့် ပမာဏ အပစ်အခတ် ရပ်စဲပြီး ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်ဆောင် ရွက်မယ်။ နိုင်ငံရေး ဆွေးနွေးမှု အဆင့်နှစ်ဆင့်ကို ဆက်သွားမယ်” ဟု ပဒိုမန်းမန်း က မဇ္စျိမကို ပြောသည်။

Wednesday, December 26, 2012

ရှမ်းပြည်၏ နစ်နာချက်များ အပိုင်း-၂

(Kachinland)


ဒီ ဆယ်နှစ်အတွင်း ပူးပေါင်းလာခဲ့တာဟာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု အရှုံးအမြတ်ဇယားကို နယ်ချဲ့လက်အောက်ခံ ကိုလိုနီဘဝတုံးက အခြေအနေများနဲ့ နှိုင်းယှဉ်ပြီး အကြမ်းအားဖြင့် ဝေဖန်စိစစ်တင်ပြသွားပါမယ်။

အဲသလို ဝေဖန် စိစစ်ရာမှာ (၁) ကျနော်တို့မှာ တန်းတူညီမျှတဲ့ အခွင့် အရေး ရမရ၊ (၂) လုံးဝလွတ်လပ်တဲ့ ပြည်နယ်တွင်း ကိုယ်ပိုင် ဥပဒေ ပြဌာန်းခွင့်ရှိမရှိ ဆိုတဲ့ အဓိကမူ ၂ ရပ်ပေါ်မှာ အခြေခံပြီး ဝေဖန်စိစစ် သွားပါမယ်။

နိုင်ငံရေးအပိုင်း
ပထမဆုံး လူမျိုးစုလွှတ်တော်ဖွဲ့စည်းပုံ မူမမှန်ပုံကို အလျဉ်သင့်လို့ တင်ပြ ပါရစေ။ ဒီ မူမမှန်တဲ့ အခြေခံဥပဒေကြောင့် ရှမ်းပြည်သူတို့ ရသင့်ရထိုက် တဲ့ ဒီမိုကရေစီ အခွင့်အရေးဟာ ဆိတ်သုဉ်းဆုံးရှုံးခဲ့ရပါတယ်။

Sunday, December 23, 2012

ရှမ်းပြည်၏ နစ်နာချက်များ

(Kachinland)



၁၉၅၇ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ ရန်ကုန်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော လူမျိုးစုပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲကြီးတွင် ရှမ်းပြည်ကိုယ် စား လှယ်များတင်ပြသည့် ရှမ်းပြည်၏ နစ်နာချက်များကို အပိုင်းလိုက် ဖော်ပြသွားပါမည်။ စာမူများကို ကိုစိုင်းသိန်းဝင်းက ကျေးဇူးပြုပါသည်။

သဘာပတိမင်းနှင့်တကွ ကြွရောက်လာကြသော သံဃာတော် အရှင်မြတ် များ၊ ဂုဏ်သရေရှိ လူကြီးမင်းများ၊ အမတ်များ၊ ပြည်နယ်အသီးသီးမှ လူမျိုးစုသွေးချင်း ညီရင်း အစ်ကို ကိုယ်စားလှယ်တော်များကို ကျနော် ဒီနေရာကနေပြီး ဂါရဝပြုလိုက်ပါတယ်။ လှိုက်လှဲစွာ ကျေးဇူးတင် ကြောင်းလဲ ပြောလိုပါတယ်။

 ပြီးတော့ ကျနော်ဟာ အတိုင်းအဆမရှိအောင်ပဲ ဂုဏ်ယူအားတက်မိ ပါတယ်။ ကျနော် ဘာဖြစ်လို့ ဒီလောက်တောင် ဂုဏ်ယူအားတက်မိ သလဲဆိုတာကို တင်ပြလိုပါတယ်။ ပထမအချက်ကတော့ ခုလို ပြည် ထောင်စု မြန်မာနိုင်ငံသမိုင်းမှာ မော်ကွန်းတင်ကျန်ရစ်ခဲ့မယ့် လူမျိုးပေါင်း စုံတွေ့ဆုံဆွေးနွေးပွဲကြီးမှာ ကျနော်ဟာ ရှမ်းပြည်တိုင်းရင်းသားတဦး အနေနဲ့ ပါဝင်ပြီး ကနေ့ရှမ်းပြည်မှာ ခံစားနေရတဲ့ နစ်နာချက်များကို ပွင့်လင်းစွာ တင်ပြဆွေးနွေးခွင့်ရလို့ ဖြစ်ပါတယ်။ ဒုတိယအချက်အနေနဲ့ ဂုဏ်ယူအားတက်မိတာကတော့ ပြည်နယ်အသီးသီးမှ လူမျိုးစုသွေး ချင်းညီအစ်ကိုများနဲ့ ကျနော်ဟာ ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေး ခွင့်ရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ကျနော်နည်းတူ တခြားလူမျိုးစု အသီးသီးမှ ကိုယ်စားလှယ်တော်များကလဲ ဂုဏ်ယူအားတက်မိ ကြလိမ့်မယ်လို့ ကျနော်လုံးဝ ယုံကြည်ပါတယ်။

Friday, December 21, 2012

အစိုးရဖြစ်ချင်သော ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ဦးအောင်မင်း ရှင်းလင်း



ရွှေဟင်္သာသတင်းဌာန

အစိုးရငြိမ်းချမ်းရေးကော်မီတီသည် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ပုံစံကို (၂) ပိုင်း ခွဲထားလိုက်ပြီးဖြစ်ကြောင်း Myanmar Peace Center ၌ ကျင်းပသော ချင်းအမျိုးသားတပ်ဦး CNF နှင့် ဆွေးနွေးစဉ် ပြည် ထောင် စု လုံခြုံရေးဝန်ကြီး ဦးအောင်မင်းက ပြောကြားသွားသည်ဟု ချင်းအမျိုးသားတပ်ဦး CNF တွဲဖက်အတွင်းရေးမှုး ဒေါက်တာရွှေခါးက ပြောပါသည်။

“ကျနော်တို့နဲ့ အစိုးရရဲ့ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအဖွဲ့ တို့နဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးမှာ မူဘောင်မရှိကြပါဘူး။ မည်သည့် အချက်အပေါ် ဆွေးနွေးမှာလဲ ဒါလဲ ချမှတ်ထားတာ သဘောတူထား တာ မရှိပါဘူး။ ဘယ်အချက်အပေါ် ဆွေး နွေးကြမှာလဲ ဆိုတာကိုလဲ အစိုးရဘက်က တခါမှမပြောခဲ့ပါဘူး။ ဒါပေမဲ့ ခုတော့ ပြောလာနေပြီး။ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲပုံစံကို” ဟု ဆိုပါသည်။

ABSDF ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဆွေးနွေး


2012-12-20 (RFA)
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ခေါင်းဆောင်တွေဟာ ဒီကနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့က UNA ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ 

မြန်မာနိုင်ငံကို ခေတ္တ အလည်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဌ ဦးသံခဲ ဦးဆောင်တဲ့ အဖွဲ့ဟာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA မှ တာဝန်ရှိသူတွေနဲ့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၉ မိုင်မှာရှိ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး နေအိမ်မှာ တွေ့ဆုံခဲ့ပြီး လက်ရှိ မြန်မာ့နိုင်ငံရေးအခြေနေတွေကို အပြန်လှန် ဆွေးနွေးခဲ့ကြတာပါ။

Thursday, December 20, 2012

‘မုဒိန်းကျင့်ခွင့် လိုင်စင်’ စာအုပ် တဖတ်သတ် ရေးသားခြင်း မဟုတ်ဟု SWAN ပြော


 ၂၀၀၂ မေလအတွင်း ထုတ်ဝေခဲ့သော ‘မုဒိန်းကျင့်ခွင့် လိုင်စင်’ (License to Rape) စာအုပ်သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း ပြောသကဲ့သို့ တဖက်နားနှင့် ရေးသားခြင်း မဟုတ်ကြောင်း သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက် ရေးအသင်း SWAN က ပြောကြားလိုက်သည်။
 

အစိုးရမူးယစ်တိုက်ဖျက်ရေး အဖွဲ့များ၊ RCSS နယ်မြေထဲ ၀င်ခွင့်မပြု

(ရွှေဟင်္သာသတင်းဌာန)


ကုသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) နှင့် သဘောတူထားသည့် ပူးတွဲအစီစဉ်ကိုဆန့်ကျင်ပြီး အစိုးရသည် ရှမ်းပြည်နယ် အရှေ့တောင်ပိုင်း မိုင်းဆတ်မြို့နယ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့၌ ရှမ်းပြည် ပြန်လည်ထူးထောင်ရေး ကောင်စီ RCSS/SSA ကို ပါဝင်ခွင့်မပြုခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးစိုင်းလောင်ဆိုင်က ပြောပါသည်။

“အစိုးရဖက်က ဘာကြောင့် လက်တွဲပြီးမဆောင်ရွက်နိုင်တာလဲ ဆိုတာကိုတော့ နားမလည်ဘူးဗျ။ အဲဒါကြောင့်ဘဲ ကျနော် တို့ ထိန်းချုပ်နယ်မြေထဲကို ကျနော်တို့နဲ့ မညှိနှိုင်းဘဲနဲ့ ဝင်လာရင်တော့ တားရမှာဘဲ။ ကျနော်တို့ဘက်မှာလဲ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေ ရှိနေပြီးသားပါ။ ပူးပေါင်းသင့်ပါတယ်။ တကယ်တော့လည်း သူတို့ဖက်က တိုက်ဖျက်လာတာကိုက ကြိုဆိုစရာပါ။ သူတို့ဖက်က မူးယစ်ဆေးဝါး တိုက်ဖျက်နေတာလဲ နှစ်ပေါင်းက မနည်းတော့ဘူးလေး။” ဟု ဆိုပါသည်။ 

အလှမ်းဝေးနေသေးတဲ့ ဖယ်ဒရယ်ပြည်ထောင်စု

(VOA)


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားအင်အားစုတွေနှင့် လက်ရှိအစိုးရတို့အကြား နိုင်ငံရေးသဘောတူညီချက် ရရှိရေးဟာ အလှမ်းဝေးနေသေးတယ်လို့ အစိုးရကိုယ်စားလှယ်တွေနှင့် ဆွေးနွေးခဲ့တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြောလိုက်ပါတယ်။ အစိုးရဟာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံနိုင်သေးဘူးဆိုတာ တွေ့ရတယ်လို့ ဆိုပါတယ်။ SNLD ရဲ့ တွဲဖက်အတွင်းရေးမှုး ဦးစိုင်းလိတ် နှင့် ဦးကျော်ဇံသာ တို့ ဆွေးနွေး သုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးစိုင်းလိတ်တို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် အခုတလော ပြည်ထောင်စုအရေး ဆွေးနွေးပွဲတွေ လုပ်တယ်။ ပြည်ထောင်စု အာဏာပိုင်တွေပါ ပါဝင်ပြီးတော့ ဆွေးနွေးပွဲတွေ လုပ်လာတယ်။ အဲဒီ ဆွေးနွေးပွဲတွေလုပ်တာ အခု အခြေအနေကော ဘယ်လောက်ကောင်းပါလဲ ခင်ဗျာ။ အလားအလာ ဘယ်လောက်ကောင်းသလဲ။ ဘယ်လောက်ထိ တိုးတက်အောင်မြင်မှုရလာတယ်လို့ ထင်ပါသလဲ။

ဦးစိုင်းလိတ် ။ ။ ဟုတ်ကဲ့။ ကျနော်တို့ လုပ်နိုင်သလောက် လုပ်ခဲ့ပြီပေါ့။ ဒါပေမယ့် ပါဝင်တက်ရောက်တဲ့ ပုဂ္ဂိုလ်တွေ အနေရဲ့ အနေအထားကို ကြည့်မယ်ဆိုလို့ရှိရင်တော့ ကျေနပ်အားရလောက်စရာ မရှိဘူး။ ကျနော်တို့ သွားချင်တဲ့ FEDERAL ဆိုတဲ့ လမ်းကြောင်းပေါ်ကို ဒီပုဂ္ဂိုလ်တွေက အခုလက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကလည်းဘဲ FEDERAL လမ်းကြောင်းပေါ်ကို သွားနေပြီလို့ ပြောနေတယ်။ ဒါပေမယ့် အားလုံးရဲ့…… သိနေတဲ့ကိစ္စကတော့ ဒါ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ FEDERAL လမ်းကြောင်းပေါ်ကို လုံးဝမရောက်သေးဘူးလို့ ကျနော်တို့ ဒီအတိုင်းဘဲ သုံးသပ်တယ်။ ဒါကြောင့်မို့လို့ အကယ်၍ သူတို့ကများ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း FEDERAL ဖြစ်နေတယ် ပြောနေတယ်ဆိုလို့ရှိရင်လည်းဘဲ ဒါဟာ အမှန်တကယ် မဟုတ်ဘူးဆိုတာကိုပဲ ပြောလိုပါတယ်။

အကြမ်းဖက်မှုတွေအပေါ် စိတ်ပျက်မိကြောင်း ချင်းမိုင်မြို့ အခြေစိုက် SWAN အဖွဲ့ ပြောကြား


2012-12-18 (RFA)
ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် SWAN ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်ဆောင်ရွက်ရေးအဖွဲ့ က ရှမ်းပြည်နယ်အနှံ့ ဒေသခံပြည်သူလူထု နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာ လူမှုအသိုင်းအဝိုင်းတွေက ငြိမ်းချမ်းရေး တည်ဆောက်မှုကာလမှာ အဆက် မပြတ် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေအပေါ် စိတ်ပျက်မိကြောင်း ရင်ဖွင့်ပြောဆိုလိုက်တယ်လို့ SWAN အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ နန်းယဉ်ဟန်ဖ က ပြောပါတယ်။

နိုဝင်ဘာ ၂၉  ရက်နေ့ကစလို့ ရှမ်းပြည်နယ်အတွင်းက တောင်ကြီး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လာရှိုး၊ ကျေးသီး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်နဲ့ ကျိုင်းတုံမြို့နယ်တွေကို သီတင်းသုံးပတ်ကြာ သွားရောက်ခဲ့ပြီး လူမှုအသိုင်းအဝိုင်းတွေနဲ့ တွေ့ဆုံခဲ့ချိန်မှာ ပြောဆိုလိုက်တာဖြစ်တယ်လို့ ဒီကနေ့ မနက်ပိုင်းက ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နန်းယဉ်ဟန်ဖ က ပြောပါတယ်။

အပစ်အခတ် ရပ်စဲရုံဖြင့် ဒေသမဖွံ့ဖြိုးနိုင်

(ဧရာဝတီသတင်းဌာန)


အပစ်အခတ် ရပ်စဲထားရုံနှင့် ကရင်ပြည်နယ် မတိုးတက်နိုင်ကြောင်း အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ ထားသည့် ကရင် လက်နက်ကိုင် အဖွဲ့များက ဧရာဝတီသို့ ပြောသည်။

ကရင် လက်နက်ကိုင်အဖွဲ့များသည် အစိုးရနှင့် နှစ်ဘက် သဘောတူထားသည့် အချက်များတွင်ပါဝင်သည့် ခံစားခွင့်နှင့် လုပ်ပိုင်ခွင့် များ မရရှိသေးကြောင်း သိရသည်။

“သူတို့ ပြောတာက ကျနော်တို့ရဲ့ အဖွဲ့အစည်းကို ပံ့ပိုးပေးမယ်၊ ရိက္ခာ ပေးမယ်၊ ဆေးရုံတို့ ကျောင်းတို့ ပံ့ပိုးပေးမယ်။ အခုတော့ တခုမှ မရသေးဘူး။ မရှိသေးဘူး။ ပါးစပ်နဲ့ပဲ ပြောတယ်၊ လက်တွေ့ မရှိသေးဘူး။ ဒါက ၀န်ကြီးချုပ် ဦးဇော်မင်းရဲ့ အခက်အခဲ။ သူလုပ်ပေးလို့ ရနိုင်၊ မရနိုင်ဆိုတာကို ပြန်စဉ်းစားကြည့်ရမယ်။ ပြီးတော့ ဒီမေးခွန်းကို ပြန်ဖြေရမယ်”ဟု KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှူးကြီး စောအဲကော်ထူး (တိုက်ဂါး)က ပြောသည်။

Wednesday, December 19, 2012

စစ်အင်အားသုံးထားသည့် မူးယစ်ဆေးတိုက်ဖျက်ရေး အစီစဉ်ကို SSPP လက်မခံ


ရွှေဟင်္သာသတင်းဌာန

အစိုးရသည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီစဉ်ကို အကြောင်းပြပြီး ရှမ်း ပြည်တိုးတက်ရေးပါတီ SSPP နယ်မြေအတွင်း သို့ စစ်အင်အားဖြင့် ဝင်ရောက်လာပါက ပြတ်သားစွာ အရေးယူရမည်ဖြစ်ကြောင်း ပြောခွင့်ရှိသူ ဗိုလ်မှူးစိုင်းလ ကပြောပါ သည်။

“ အစိုးရရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်ကို ကျနော်တို့က ကြိုဆိုပေမဲ့ ဒါတွေကို ညှိနှိုင်းတိုင်ပင်ပြီး ဆောင်ရွက် မယ်ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ ကိုယ့်သဘောနဲ့ကို ဆိုရင်တော့ ကျနော်တို့ဘက်က လက်ခံနိုင်မှာ မဟုတ်ပါဘူး။ မနှစ်တုန်းကဆိုရင် အစိုးရရဲ့ မူးယစ်ဆေးဝါး အဖွဲ့ဝင် (၂) ဦးလာခဲ့ဘူးတယ်။ သူတို့ သွားချင်တဲ့ နေရာကို ကျနော်တို့ လိုက် ပို့ပေးပါတယ်။ ဒီပုံစံနဲ့ လာမယ်ဆိုရင် ကြိုဆိုပါတယ်ဗျ။ စစ်တပ်နဲ့ လာမယ်ဆိုရင် ကျနော်တို့ဘက်က ကာကွယ်ရလိမ့်မယ်။” ဟုဆိုပါသည်။

ရှမ်းပြည်အတွင်း အစိုးရတပ်များ လူ့အခွင့်အရေး ချိုးဖောက်ဆဲဟု SWAN ပြော

(မဇ္စျိမ) 


ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN) ၏ ပထမဆုံး အကြိမ် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ခရီးစဉ်စဉ်တွင် ရှမ်းပြည်နယ်အတွင်း မြန်မာအစိုးရ စစ်တပ်ဘက်မှ လူ့အခွင့်အရေးများ ဆက်လက် ချိုးဖောက်နေကြောင်း တွေ့ရှိရသည်ဟု ဗုဒ္ဓဟူးနေ့မှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြောဆိုလိုက်သည်။

မြန်မာအစိုးရက ငြိမ်းချမ်းရေး လုပ်ဆောင်ခြင်း မရှိဘဲ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများသာ ဦးစားပေး လုပ်ဆောင်နေသဖြင့် စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် ရှမ်းပြည်နယ်အတွင်း တိုးမြှင့်ချထားသော အစိုးရစစ်တပ်များ ဆုတ်ခွာပေးရန်နှင့်
နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန် တိုက်တွန်းလိုက်သည်။

ကရင်ပြည်သူလူထု အခြေအနေ ဦးနေမျိုးဇင်နှင့်အဖွဲ့  လာရောက်လေ့လာ



ကရင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူလူထု၏ အခြေအနေများကို သိရှိနိုင်ရန်အတွက် မြန်မာလူမှု့ ဘ၀ဖွံ့ဖြိုး တိုးတက်ရေးကွန်ယက်အဖွဲ့ မှ ဦးနေမျိုးဇင်က ကရင်ပြည်နယ်သို့လာရောက် လေ့လာလျက် ရှိကြောင်း သိရသည်။

ကိုနေမျိုးဇင်နှင့် အဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၇ ရက်နေ့ က ကရင်ပြည်နယ် မြ၀တီမြို့ သို့  ရောက် ရှိလာပြီး ကရင်ပြည်နယ်အတွင်းရှိ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသောဒေသများရှိ လူမှု ရေးပရဟိတ လုပ်ငန်းများ လုပ်ဆောင်နေသည့် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် သွားရောက် တွေ့ဆုံမည် ဖြစ်ကြောင်း ဦးနေမျိုးဇင်က ကေအိုင်စီ သို့ပြောသည်။

၎င်းက “ကျနော်လုံးဝမရောက်ဖူးသေးတဲ့ ဒီနယ်စပ်ဒေသက တိုင်းရင်းသားတွေရဲ့ဘ၀တွေ၊ လက်နက် ကိုင်အဖွဲ့အစည်းတွေ၊ ဒီဒေသဘက်မှာ ရှင်သန်လှုပ်ရှားပြီးတော့ ဒေသအကျိုးကို ဘယ်လိုဆောင်ရွက် နေကြ သလဲ ဆိုတာတွေ၊ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေ ရရှိခံစားလာရပြီးတဲ့နောက်ပိုင်း အခြေခံလူ တန်းစားတို့ရဲ့ ဘ၀တွေကို ကျနော်တို့ ရသလောက် လေ့လာမှတ်တမ်းတင်သွားဖို့ပါ” ဟုပြောသည်။
ဒေသခံပြည်သူလူထုရဲ့ ဘ၀အမှန်ကို သိရှိခြင်းအားဖြင့် ရှေ့ဆက်မည့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများတွင် နယ်စပ်ဒေသရှိ လူငယ်များနှင့်လည်း ပူးပေါင်းပြီး ဒေသခံလူထု ဘက်မှ လိုအပ်ချက်များကို ဦးစားပေးလုပ်ဆောင်ပေးသွားရန်လည်း ရည်ရွယ်ကြောင်း ကိုနေမျိုးဇင်က ဆက်လက် ပြောဆိုသည်။

လက်နက်ကိုင်တိုက်ခိုက်ခြင်းကို နောက်ဆုံးမှ သုံးမည်ဟု RCSS/SSA ထုတ်ပြန်ကြေငြာ



မြန်အစိုးရတပ်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ အပစ်ရပ် တနှစ်ပြည့် သက်တမ်းတလျှောက် မြန်မာအစိုးရတပ်ဘက်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်သာ တိုက်ပွဲဖြစ်ခဲ့ ရပြီး မိမိတို့ဘက်မှ ရွေးလမ်းမရှိမှသာ လက်နက်ကိုင် တိုက်ခိုက်မည်ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်လိုက် သည်။

အဆိုပါကြေငြာချက်ကို သျှမ်းနှစ်သစ်ကူးနေ့ဖြစ်သော ဒီဇင်ဘာ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အပစ်ရပ်ခြင်း တနှစ်တာကာလအတွင်း ကောင်းကျိုး ဆိုးကျိုး များကိုလည်း ထည့်သွင်းဖော်ပြထားသည်။

Tuesday, December 18, 2012

မိမိတို့ကြား ပြဿနာများ အင်အားသုံး ဖြေရှင်းတော့မည် မဟုတ်ဟု ဝ ကိုယ်စားလှယ်ပြော




သျှမ်းပြည်တပ်မတော် RCSS/ SSA  ဌာနချုပ် လွယ်တိုင်းလျန်း၌ ကျင်းပ သော သျှမ်းနှစ်သစ်ကူးပွဲသို့ ဝ တပ်ဖွဲ့မှ ကိုယ်စားလှယ်တက်ရောက်ကာ တိုးတက်ပြောင်းလဲလာသောခေတ်ကြီး၌ မိမိတို့နှစ်ဦးနှစ်ဘက်ကြား ပြဿနာများကို အင်အားသုံး ဖြေရှင်းသည့်နည်းမသုံးကြရန်နှင့် အဘက် ဘက်တိုးတက်အောင်လက်တွဲ အလုပ်လုပ် သွားကြရန် အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။




ဝ တပ်ဖွဲ့ဘက်က ကိုယ်စားလှယ် ကျောက်လောဝ်မိန်း

Monday, December 17, 2012

ထာဝရ ငြိမ်းချမ်းရေး အတွက် နိုင်ငံရေး ဆွေးနွေးပွဲ အမြန် ဖော်ဆောင် ပေးရန်လို


ရွှေဟင်္သာသတင်းဌာန

နိုင်ငံတော် သမ္မတနှင့် ဒုသမ္မတ (၂) တို့၏ ဒီဇင်ဘာလ (၁၅) ရက်နေ့၌ မွန်ပြည်နယ် မော်လမြိုင် မြို့သို့ သွားရောက် ခဲ့သည့် ခရီးစဉ် အတွင်း တွင် မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန် ဦးဆောင်သည့် ကိုယ်စား လှယ် အဖွဲ့နှင့် တွေ့ဆုံ ခဲ့သည်ဟု ဆွေးနွေး ပွဲတွင် ပါဝင် တက်ရောက် ခဲ့သည့် မွန်ပြည်သစ် ပါတီ ပြည်တွင်း ဆက်ဆံရေး တာဝန်ခံ၊ ဗဟို အလုပ် အမှုဆောင် နိုင်တလညီမှ ပြောသည်။

“အထူး ဆွေးနွေး တာတော့ မရှိ ပါဘူး၊ သမ္မတကြီး မွန်ပြည်နယ်ကို လာတုန်း ကျွှန်တော် တို့နဲ့ တွေ့ဆုံ သွားတာပါ၊ သမ္မတက နေပြီးတော့ အခု အစိုးရက ဖော်ဆောင် နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေအ ကြောင်း၊ ဒီမို ကရေစီ ဖော်ဆောင် နေတဲ့ အစိုးရရဲ့ လုပ်ငန်း စဉ်တွေ၊ နောက်ကျန်တဲ့ ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အစီ အစဉ်တွေကို ရှင်းလင်း ပြသွား ပါတယ်”ဟု နိုင်တလညီမှ ပြောသည်။

Sunday, December 16, 2012

(၁၈) နှစ်မြောက် DKBA တပ်မတော်နေ့ အခမ်းအနား ကျင်းပမည်

(ရွှေဟင်္သာသတင်းဌာန)

လာမည့် ဒီဇင်ဘာလ (၂၁) ရက်နေ့၌ ကျရောက်မည့် (၁၈) နှစ်မြောက် DKBA တပ်မတော်နေ့ အခမ်း အနားအား မြဝတီမြို့ ဆုံဆည်းမြိုင် ကျေးရွာ၌ ပြုလုပ် သွားမည် ဖြစ်ကြောင်း DKBA ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောမိုရှေးက ပြောသည်။ 

“ပုံမှန် ကျင်းပ နေတဲ့ DKBA တပ်မတော် နေ့ (၁၈) နှစ်မြောက် အခမ်း အနားပါ၊ ဒီဇင်ဘာလ (၂၁) ရက်နေ့ ရောက်တိုင်း ကျွှန်တော်တို့ ကျင်းပ ပါတယ်” စောမိုရှေးက ပြောသည်။

Friday, December 14, 2012

တအာင်း (ပလောင်) ဒေသ၌ တိုက်ပွဲ ဆက်နေဆဲ

(ရွှေဟင်္သာသတင်းဌာန)


တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၏ တပ်ရင်း (၁၁၂) တပ်ဖွဲ့ သည် နမ့်ဖက်ကာအခြေစိုက် ခလရ ၁၂၃၊ ကွတ်ခိုင်အခြေစိုက် ခမရ ၂၄၁ ပူးပေါင်းတပ်ဖွဲ့တို့သည် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ ဘိန်းစိုက်ခင်း တနေ ရာအနီးတွင် ယမာန်နေ့ ညနေ (၅) နာရီအချိန်ခန့်၌ တနာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု TNLA ပြောခွင့်ရသူ ဗိုလ်မှူးတာ ဘုန်းကျော် ကပြောပါသည်။

“အစိုးရတပ်ဖွဲ့တွေက ကျနော်တို့ တပ်ဖွဲ့ကို လာတိုက်တော့မယ်ဆိုတဲ့ သတင်းရရှိတာနဲ့ သူတို့တက်လာနိုင်တဲ့ လမ်းတွေကို ကျနော်တို့က မိုင်းထောင်ထားလိုက်တယ်လေ။ ခန့်မှန်းထားတဲ့ အတိုင်းပါဘဲ သူတို့တတ်လာတယ်။ ထောင်ထားတဲ့မိုင်းကို လည်း သူတို့နင်းမိတော့ ပေါက်ကွဲတယ်။ အဲဒီနေရာမှာဘဲ တနာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့တယ်။ ပြီးတော့ သူတို့ဆုတ်ရ တယ်လေ။” ဟု ဆိုပါသည်။ 

Thursday, December 13, 2012

၁၇/၁ ဖြင့် လူထုအားဖမ်းဆီးပါက ဦးအောင်မင်းကိုပါ ဖမ်းဆီးရမည်ဟု RCSS/ SSA ပြော

သျှမ်းသံတော်ဆင့်သတင်း

မြန်မာစစ်တပ်က ပြည်သူလူထုအား မတရားအသင်းနှင့်ဆက်သွယ်သည့်ပုဒ်မ ၁၇/၁ နှင့် ဖမ်းဆီးပါက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းကိုလည်း ဖမ်းဆီးရမည်ဟု RCSS/ SSA က ပြောကြားလိုက်သည်။


“သျှမ်းစာပေနဲ့ အမျိုးသားရေး ဟောပြောပွဲမှာ RCSS က စဝ်ပေါင်ခေးက ပြောတာ။ တကယ်လို့ ဗမာ စစ်တပ်က လူထုတွေကို သူပုန်နဲ့ ဆက်သွယ်တယ်ဆိုပြီး ပုဒ်မ ၁၇/၁ နဲ့ ဖမ်းဆီးရင် ဦးအောင်မင်း ကို လည်း ဖမ်းရမယ်။ ဦးအောင်မင်းကလည်း သူပုန်နဲ့ဆက်သွယ်တယ်ပေါ့” - ဟု ကျိုင်းတုံ သျှမ်းနှစ်သစ် ကူးပွဲ တက်ရောက်သူတစ်ဦးက ပြောသည်။

CNF ငြိမ်းချမ်းရေး သဘောတူညီချက် ရှင်းလင်းပွဲ ချင်း လူထု ၅၀၀ ခန့်တက်



ချင်းအမျိုးသားတပ်ဦး CNF ၏ ဒုတိယအကြိမ်ပြည်ထောင်စုအဆင့် သဘောတူညီချက် ရှင်းလင်းပွဲသို့ ရန်ကုန်ရှိ ချင်း နိုင်ငံရေး ပါတီများ၊ ဘာသာ ရေးအဖွဲ့ အစည်းများ၊ မိဘပြည်သူများ ၅၀၀ ခန့်တက် ရောက်ခဲ့ ကြသည်။

ရှင်းလင်းပွဲကို ဒီဇင်ဘာလ (၁၁) ရက်နေ့ မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ ရန်ကုန်မြို့ Myanmar Institute Theological Hall တွင် ပြုလုပ်ကြသည်။

နိပွန်ဖောင်ဒေးရှင်း အကူအညီ ရှားတော IDP သို့ ယခုလ အတွင်း ရောက်မည်

(မဇ္ဈိမ) 


ကယားပြည်နယ်၊ ရှားတော မြို့နယ် အတွင်းရှိ ပြည်တွင်း ရွာပုန်းရွာရှောင် ဒုက္ခသည် IDP စခန်းမှ လူဦးရေ ၄,ဝဝဝ ကျော်အတွက် နိပွန် ဖောင်ဒေးရှင်းနှင့် သဘောတူထားသည့် အကူအညီ တချို့ကို အရေးပေါ်အဖြစ် ဒီဇင်ဘာလအတွင်း ပို့ဆောင်ရန် ရှိကြောင်း ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီက ဆိုသည်။

အဆိုပါ အရေးပေါ်အကူအညီများမှာ စားနပ်ရိက္ခာနှင့် ဆေးဝါးများသာ ဖြစ်ကြောင်း KNPP အတွင်းရေးမှူး (၁) ခူးဦးရယ် က ပြောသည်။

Wednesday, December 12, 2012

ပလောင် ဒေသ၌ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ

(ရွှေဟင်္သာသတင်းဌာန)



ကချင် လွတ်လပ်ရေး တပ်ဖွဲ့ KIA တပ်ဖွဲ့နှင့် ၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ် TNLA တို့ ပူးပေါင်း တပ်ဖွဲ့သည် အစိုး ရတပ်ဖွဲ့ နှင့် ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း ဒေသတွင် ယနေ့ နံနက် (၁၁) နာရီ အချိန်၌ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည် ဟု TNLA ပြောခွင့်ရသူ ဗိုလ်မှူး တာဘုန်းကျော် ကပြောပါသည်။

“ဒီနေ့ ဖြစ်တဲ့ တိုက်ပွဲနေရာက သာပန်းကုန်း ရှောက်ပန်းကုန်း ဘိန်စိုက် ခင်းရဲ့ တောင်မှာ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့တာပါ။ မနက် (၁၁) နာရီ လောက် စဖြစ်တာ (၁၂) နာရီ လောက်မှာ တိုက်ပွဲက ပိုပြင်းထန် လာပြီး တော့ ညနေ(၄)အထိက ကြိုကြား ပစ်ခတ် ခဲ့ကြပါတယ်။ နောက်တပွဲ ကတော့ ကွတ်ခိုင် မြို့နယ် ဖက်မှာပါ။ အစိုးရ တပ်ဖွဲ့က ကျနော်တို့ ပူးပေါင်းတပ် ရှိတဲ့ တပ်စ ခန်းနေရာကို လာရောက် တိုက်ခိုက် သွားတာ ဖြစ်တယ်။ ဒီတော့ ဒီနေ့မှာ နှစ်ပွဲ ဆက်တိုက် ဖြစ်တာပေါ့”  ဟု ဆိုပါသည်။

မြေမြုပ်မိုင်းဟောင်းများကြောင့် နဘူးမြို့နယ်တွင် လုံခြုံမှု ဆက်လက်ကင်းမဲ့နေ



ဒီဇင်ဘာလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖားအံခရိုင် နဘူးမြို့နယ်အတွင်း တွင် မြေမြုပ်မိုင်း ဟောင်းများကြောင့် လူနှင့် တိရိစ္ဆာန် များ ထိခိုက်ဒဏ်ရာရမှုများရှိကာ ဒေသ တွင်းလုံခြုံမှု ဆက်လက် ကင်းမဲ့နေ သည်ဟု ကရင်လူ့အခွင့်အရေး အဖွဲ့- KHRG မှ ယနေ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်သည်။
အစီရင်ခံစာထဲတွင် ၂၀၁၂ခုနှစ်၊ သြဂုတ်လ ၂၈ရက်မှ နိုဝင်ဘာလ ပထမပတ်အထိ KHRG မှ ကွင်းဆင်းမှတ် တမ်းတင်ထားပြီး ယင်းဒေသရှိ နွားတစ်ကောင်အပါအ၀င် အသက် ၂၁နှစ် နှင့် အသက် ၄၀နှစ်အရွယ် အမျိုး သား ၂ဦး၊ မြန်မာစစ်တပ် ခြေလျင်တပ်ရင်း (ခလရ-၂၇၅)မှ စစ်သည်တစ်ဦးတို့ကို မြေမြုပ်မိုင်းထိ၍ ခြေထောက် ပြတ်ခဲ့ ရကြောင်း ဖော်ပြထားသည်။

နဘူးမြို့နယ်အတွင်းရှိ ထိခိုက်ဒဏ်ရာရရှိသည့် လူနှင့် တိရိစ္ဆာန်များသည် တီးကလေး၊ နို့ကင်း၊ ထီးကျား ရာ ကျေးရွာ တို့အနီးတ၀ိုက်တို့တွင် မြေမြုပ်မိုင်းနင်းမိ ခဲ့ခြင်းဖြစ်သည်ဟု KHRG အစီရင်ခံစာက ဆိုသည်။

သျှမ်းပြည် တိုင်းရင်းသားပေါင်းစုံ ညီလာခံသင်္ကြန် မတိုင်မှီခေါ်ယူကျင်းပမည်




ထာဝရ ငြိမ်းချမ်းရေးအတွက် သျှမ်းပြည်တွင်းလက်နက်ကိုင် အဖွဲ့အစည်း များလုံးပါဝင်မည့် ညီလာခံတရပ်အား လာမည့်သင်္ကြန်ကာလမတိုင်မှီ ကျင်းပနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။

“နဂိုရည်မှန်းချက်အတိုင်း ဒုတိယအစီအစဉ် အနေနဲ့သျှမ်းပြည်အတွင်း လက်နက်ကိုင်အဖွဲ့ အစည်းအားလုံး ဖိတ်ခေါ်ပြီးယုံကြည်မှုတည် ဆောက်ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကျနော်တို့ မိုင်းလားကိုသွားတယ်။ နောက်တခါ သျှမ်းပြည်တိုင်းရင်းသား အားလုံးပါဝင်မယ့် ညီလာခံတရပ် လုပ်ခဲ့ရင် ပါဝင်ဖို့ မိုင်းလားအဖွဲ့က လှိုက်လှိုက် လှဲလှဲရှိတယ်” ဟု စိုင်း လိတ်ကပြောသည်။

Tuesday, December 11, 2012

ခွန်ထွန်းဦးနှင့်အဖွဲ့ မိုင်းလား ခေါင်းဆောင်များနှင့်ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေး



သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဉက္ကဌ ခွန်ထွန်းဦးနှင့်အဖွဲ့သည် သျှမ်းပြည်အရှေ့ ပိုင်းမိုင်းလားမြို့သို့ ရောက်ရှိပြီး အထူးဒေသ ၄ ခေါင်းဆောင်များနှင့်တွေ့ဆုံကာ ငြိမ်းချမ်းရေးကိစ္စများဆွေး နွေးခဲ့ကြောင်း နယ်စပ်သတင်းရပ်ကွက် ကပြောသည်။

“မရောက်ဖူးလို့ လေ့လာဖို့သွားရင်း ချစ်ကြည်ရေးခရီးလဲလုပ်ရင်းပေါ့နော်။ နဂို ရည်မှန်းချက်အတိုင်း ဒုတိယ အစီအစဉ် အနေနဲ့ သျှမ်းပြည်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေကြား ယုံကြည်မှုတည်ဆောက်ဖို့ အတွက် နိဒါန်းသွားပျိုးတယ်လို့ လဲပြောလို့ရတယ်။” SNLD ပါတီပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်က သျှမ်းသံတော်ဆင့်အားပြောသည်။

Sunday, December 9, 2012

ချင်းအမျိုးသားတပ်ဦး၏ ဒုတိယအဆင့်ပြည်ထောင်စုသဘောတူညီချက်ဆိုင်ရာ သတင်းထုတ်ပြန်ချက်

ချင်းအမျိုးသားတပ်ဦး နှင့် ပြည်ထောင်စု အစိုးရအကြား ဒုတိယအဆင့် ပြည်ထောင်စုဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဒီဇင်ဘာလ (၇) ရက်နေ့နှင့် ဒီဇင်ဘာလ (၉) ရက်နေ့အကြား ရန်ကုန်မြို့၊ Myanmar Peace Center တွင် အောင်မြင် စွာကျင်းပခဲ့ကြရာ နှစ်ဖက်အဖွဲ့မှ ကိုယ်စားလှယ်များ အပြင် ပြည်တွင်းပြည်ပမှ လေ့လာသူများ၊ ပြည်တွင်း နိုင်ငံရေး ပါတီအသီးသီးမှ လေ့လာသူများ တက်ရောက် ခဲ့ကြသည်။

ဆွေးနွေးပွဲတွင်  စစ်ရေးအပါအ၀င် ရန်မူတိုက်ခိုက်မှုများကို ရပ်ဆိုင်းခြင်း၊ ပြည်ထောင်စု အဆင့် နိုင်ငံရေးတွေ့ ဆုံဆွေး နွေးပွဲများ ကျင်းပခြင်း၊ ပင်လုံ စိတ်ဓါတ်ကို အခြေခံသည့်“ ပြည်ထောင်စု သဘောတူစာချုပ် ” တရပ်ကို ပြည်ထောင်စု အစိုး ရ နှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုံညီစွာ လက် မှတ်ရေးထိုးခြင်းတို့ကိုအခြေခံသည့် ငြိမ်းချမ်းရေးဖြစ်စဉ် (၃) ရပ်အား နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့ကြသည်။

Saturday, December 8, 2012

ရခိုင်နဲ့ကချင်ဒုက္ခသည် အကူအညီတွေ လိုအပ်နေဟု ကုလလူမှုတာဝန်ခံပြော

(VOA)


ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေဟာ တစ်ခုနဲ့တစ်ခု အကြားအခြေအနေတွေ ကွာဟမှု တွေရှိနေတယ်လို့ လူသားချင်းစာနာမှုဆိုင်ရာကုလသမဂ္ဂ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Valerie Amos က ဒီကနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။ ကချင်ပြည်နယ်တွင်းမှာလည်း အကူအညီလိုအပ်နေသူ ၄ သောင်းလောက် ရှိနေတယ်လို့ ပြောပါတယ်၊ ရခိုင် နဲ့ ကချင်ဒုက္ခသည် စခန်းတွေကို ကိုယ်တိုင်ရောက်ခဲ့စဉ် မြင်တွေ့ခဲ့ရတဲ့ အကြောင်းတွေကို ကုလသမဂ္ဂအကြီးအကဲ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အသေးစိတ်ကိုတော့ ကိုယ်တိုင် တက်ရောက် သတင်းယူခဲ့တဲ့ ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

ဇွန်လကစပြီး ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ဒေသမှာ ဒုက္ခသည်စခန်း တခုနဲ့ တခုကြား အကူအညီရရှိမှု အခြေအနေ  မတူညီတာကို တွေ့ခဲ့ရတယ်လို့ လူသားချင်းစာနာမှု ဆိုင်ရာကုလသမဂ္ဂ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Valerie Amos က ဒီကနေ့မှာ ပြုလုပ်တဲ့ သူမရဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ ပေါက်တောမြို့နဲ့ စစ်တွေက ဒုက္ခသည်စခန်းတွေဟာ အခြေခံ အကူအညီ တွေရပြီးတော့ မြေပုံလိုဒေသဖက်က ဒုက္ခသည်စခန်းတွေမှာတော့ လူထောင်ပေါင်းများစွာ ဒုက္ခ
ရောက်နေတယ်လို့ Mrs. Amos က ပြောပါတယ်။

Friday, December 7, 2012

အပစ်ရပ်ပြီးနောက် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု လျော့သွားသော်လည်း ညှင်းပမ်းမှုပိုများလာ



တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရစစ်တပ်အကြား အပစ်ရပ်ကာ ငြိမ်းချမ်းရေး ဆွေးနွေးပြီး နောက်ပိုင်းကျေး လက်ဒေသ၌ လူ့အခွင့်အရေး ချိုးဖောက်မှု အတန်ငယ် လျော့ကျသွားသော်လည်း စစ်ပွဲဖြစ်ပွါးနေသည့် ဒေသများ၌ ညှင်းပမ်းမှု ပိုမိုများပြားလာသည်ကို တွေ့ရသည်ဟု သျှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်း၏ နိုဝင်ဘာလထုတ် အစီရင်ခံစာတွင်ဖော်ပြထားသည်။

ဒေသခံ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှု၊ အမျိုးသားများအား ပေါ်တာဆွဲ သတ်ဖြတ်မှုတို့မှာ သိသိသာသာ ကျဆင်း သွားသည်ကို တွေ့ရသော်လည်း စစ်ပွဲဖြစ်ပွါးရာဒေသတို့၌ ကျေးလက်လူထု၏ ပိုင်ဆိုင်မှုများကို အဓမ္မ လုယက်စားသောက်မှု၊ အိမ်မွေးတိရစ္ဆာန် များအား ဖမ်းဆီးသတ်ဖြတ်ယူငင်မှု စသည်တို့မှာ လျော့ကျမသွားဘဲ ပိုမိုဖြစ်ပွါးလာသည် ကိုတွေ့ရကြောင်း အဆိုပါအစီရင်ခံစာ၌ ဖော်ပြထားသည်။

ပလောင် ဒေသ၌လည်း စစ်ဆင်ရေး တိုးများလာဖွယ်ရှိ

(ရွှေဟင်္သာသတင်းဌာန)


ရှမ်းပြည် မြောက်ပိုင်းရှိ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (TNLA ) လှုပ်ရှားရာ ဒေသတွင် တိုက်ပွဲ ငယ်လေးများ ခပ်စိပ်စိပ် ဖြစ်ပွား လာနေပြီး ပြင်းထန်လာဖွယ် ရှိနေသည်ဟု TNLA ပြောခွင့်ရှိသူ ဗိုလ်မှူး တာ ဘုန်းကျော် က ပြောပါသည်။ 

“တိုက်ပွဲ မဖြစ်တာ (၅) ရက်လောက် ငြိမ်နေရာကနေ ဆက်တိုက်ဖြစ် လာခဲ့တပါ။ ပျောက်ကျား ပွဲလေးတွေပါ။ ဒီနေ့မှာ လည်း ကွပ်ခိုင်နဲ့ မိုင်ပေါကြားက ပန်းခတ်ပေါင် ဖက်မှာ တကြိမ်နဲ့ နမ်းဆန်းမြို့နယ်က ပန်လုံ ကျေးရွာဖက်မှာ တကြိမ် ပစ် ခတ်ကြပါတယ်။ ၊ တနေ့ကလည်း ၂ ကြိမ် ဖြစ်တယ်။ ဒီတော့ သဘောက သူတို့ ဘက်က လှုပ်ရှားလာရင် ကျနော် တို့ ဘက် က ပျောက်ကျားနဲ့ ပစ်မယ်ဆိုတဲ့ အစီအစဉ်ပါ။ ဒါပေမဲ့ သူတို့ ကလည်း စစ်အင်အားကို တဖြည်းဖြည်းနဲ့ တိုးချဲ့ ချထားလာ နေ တယ်။  ကျနော်တို့ကို တိုက်ဖို့ လိုက်လံ နေရာယူ နေတာဖြစ်ပါတယ်။” ဟု ဆိုပါသည်။

Thursday, December 6, 2012

ဂက်စ်ပိုက်လိုင်း နောက်ဆက်တွဲဒဏ် မခံရစေရန် သျှမ်းဒေသခံများ ဆုတောင်းပွဲလုပ်



ဆားထွက်သည့်နယ်မြေအတွင်း ဂက်စ်ပိုက်လိုင်း ဖြတ်သန်းမှုကြောင့် အချိန်မရွေးပေါက်ကွဲနိုင်သည့် အရေးတွေးပူကာ သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ဒေသခံများ “ဘေးကင်းရန်ကင်း ဆုတောင်းပွဲနှင့် ပရိတ်ရွတ်ဖတ်ပွဲ” တရပ် ယနေ့ကျင်း ပခဲ့ကြောင်း စုံစမ်းသိရှိရသည်။
သီပေါမြို့နယ်အတွင်းဖြတ်သန်းသော ဂက်စ်ပိုက်လိုင်း (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)

“ဒီနေ့ ဒီဇင်ဘာ ၅ ရက်နေ့ မနက် ၉ နာရီကနေ ၃ နာရီအထိ ကျနော်တို့ သီပေါသားတွေ စုပေါင်းပြီး ဆုတောင်းပွဲ လုပ်ကြ တယ်။ သံဃာတော် ၄ ပါးပင့်ပြီး ပရိတ်ရွတ်တယ်။ ရည်ရွယ်ချက်ကတော့ ဂက်စ်ပိုက်လိုင်းပေါက် ကွဲမှုမဖြစ်အောင်ပေါ့နော်။ ဘေးကင်းအောင်ပေါ့” ဟု သီပေါမြို့ခံ စိုင်း ဝင်းက ပြောသည်။

ချင်း လက်နက်ကိုင်အဖွဲ့နှင့် အစိုးရ ရန်ကုန်တွင် ဆွေးနွေးမည်

(ဧရာဝတီ)



ချင်းအမျိုးသား တပ်ဦး (CNF) ကိုယ်စားလှယ် အဖွဲ့နှင့် အစိုးရ ကိုယ်စားလှယ်များ ဒုတိယအကြိမ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်း ရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ Peace Center တွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာ  ၇ ရက်နှင့် ၈ ရက်နေ့များတွင် ပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲသည် ရန်ကုန်မြို့၌ ပထမဆုံးအကြိမ် ပြုလုပ်သည့် ဖြစ်ကြောင်း၊ အစိုးရနှင့် ယုံကြည်မှု တည်ဆောက်ရေး အတွက် လာရောက်ခြင်း ဖြစ်ကြောင်း CNF တွဲဖက် အတွင်းရေးမှူး ၂ ဒေါက်တာ ရွှေခါး က ဧရာဝတီသို့ ပြောသည်။

Wednesday, December 5, 2012

မြန်မာပြည်တွင်း လတ်တလော အကြမ်းဖက်မှု များအပေါ် ဆိုး ရိမ်ကြောင်း KNU သဘောထား ထုတ်ပြန်


(ကေအိုင်စီ)
မြန်မာပြည်အတွင်း လတ်တလော ဖြစ်ပေါ်နေသော ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု များကို ဆိုးရိမ်ကြောင်း ကရင်အမျိုးသားအစည်း အရုံး (KNU) က ယနေ့ ဒီဇင်ဘာလ ၄ရက်နေ့တွင် သဘော ထား ကြေညာ ချက်တစ်စောင် ထုတ်ပြန်လိုက် သည်။ 

အဆိုပါ ကြေညာချက်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လူထုလှုပ် ရှားမှုကို အစိုးရအာဏာပိုင်များက အကြမ်းဖက် နှိမ်နှင်း ဖြိုခွဲသည့် ဖြစ်ရပ်သည် လုံးဝမဖြစ် သင့်ကြောင်းနှင့် ကချင်ပြည်နယ်အတွင်း မြန်မာစစ်တပ်များ ထိုးစစ်ဆင် မြှင့်တက်လာမှုကြောင့် ထွက်ပြေးတိမ်းရှောင် ခိုလုံသည့် လူထုနေရာများကိုတောင် မီးရှို့ဖျက်ဆီးခြင်း စသည့်အခြေအနေ များကို ကြေညာချက်၌ ထည့်သွင်းထားသည်။

အမေရိကန်ရောက် ကရင်မိသားစု အချို့မှ KNU ခေါင်းဆောင် ၉ဦးကို ဂုဏ်ပြု




အမေရိကန်နိုင်ငံသို့ ရောက်ရှိသွားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲဘော်ဟောင်း မိသားစု အချို့က လက်ရှိ တော်လှန်ရေးတွင် တာဝန် ထမ်းဆောင်နေ ဆဲဖြစ်သည့် ခေါင်းဆောင်ကြီး ၉ ဦး ကို ဂုဏ်ပြုသည့် အခမ်းအနားတခု နိုဝင်ဘာလ (၃၀) ရက်နေ့ နေ့လည်က လက်ရှိ KNU ကွန်ကရက် ခမ်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

ထိုဂုဏ်ပြုပွဲကို အမေရိကန်နိုင်ငံမှ ပြန်လည် ရောက်ရှိလာသည့် နော်ဂျူးရီမှ တာဝန်ယူ လုပ်ဆောင်ပေးခြင်း ဖြစ်ပြီး လှူဒါန်းပစ္စည်းများ ပေးအပ်ခဲ့သည်။

နော်ဂျူးရီက “အသက်တွေ ကြီးပြင်းလာတဲ့ ကျမတို့ တော်လှန်ရေး ခေါင်းဆောင်တွေကို ဂုဏ်ပြုပေးဖို့ အမေရိကန်ရောက် KNU ရဲဘော်ဟောင်းတွေက တောင်းဆိုလာတဲ့အပေါ် ကျမအနေနဲ့ အားတက် သရော ဖြည့်စွမ်း လုပ်ဆောင်ပေးရတာ ဖြစ်တယ်”ဟု နော်ဂျူးရီက ပြောသည်။

ထိုသို့ ဂုဏ်ပြုခံရသည့် ခေါင်းဆောင်များမှာ ဗိုလ်ချုပ်ကြီး စောတာမလာဘော၊ ပဒိုစောဒေးဗစ်သာကပေါ်၊ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗိုလ်ချုပ် ဖလယ့်ခို၊ ပဒိုပဒိုမန်း၊ ဗိုလ်မှူးချုပ်ကျော်လင်း၊ ပဒိုစောသမိန်ထွန်း၊ ဗိုလ်မှူး မန်းသာစိန်နှင့် ဗိုလ်မှူးချုပ် ဆာမိစေးဖိုး တို့ဖြစ်သည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ တရားဝင် မှတ်ပုံတင်




သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် နမ့်ခမ်းမြို့နယ် ကျေးလက်ဒေ၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း တရားဝင် လုပ်ကိုင်ခွင့်ရရန် သက်ဆိုင်ရာ အာဏာပိုငိများထံ မှတ်ပုံတင်ခွင့် လျှောက်ထားလိုက်ကြောင်း မိုင်းဝီး ဒေသခံများက ပြောသည်။

မူးယစ်ဆေးဝါးက ဒေသခံလူထုအား တနေ့တခြား ခြိမ်းခြောက်လာသဖြင့် စုပေါင်းတိုက်ဖျက်ရန် ဒေသတွင်း လူငယ်များစုပေါင်း၍  ‘မိုင်းဝီး လူငယ်စာရိတ္တ ပြုပြင်ရေးအဖွဲ့’ အမည်ဖြင့် လျှောက်ထားခြင်း ဖြစ်ကြောင်း မိုင်းဝီးဒေသခံ တဦးက ပြောသည်။

“လူငယ်စာရိတ္တ ပြုပြင်ရေး အဖွဲ့ (မိုင်းဝီး)  လို့နာမည်ပေးထားပြီး ဒီဇင်ဘာ ၁ ရက်နေ့ က ပြည်သူ့ လွတ်တော် ကိုယ်စား လှယ် ဒေါက်တာကျော်အုန်း ၊ မိုင်းဝီးအုပ်ချုပ်ရေးမှူး စိုင်းယီလိုင်းခမ်း ၊ မိုင်းဝီး ရဲစခန်း မှူး တွေဆီကို ရော သျှမ်း၊ ကချင်၊ လီရှော၊ ပလောင် စာပေယဉ်ကျေးမှု အဖွဲ့တွေဆီကိုရော စာတင်ထားတယ်၊  ဒီနေ့အထိတော့ ဘာမှ အကြောင်းမပြန် သေးဘူး” ဟု မိုင်းဝီးဒေသခံတစ်ဦးက ပြောသည်။

Tuesday, December 4, 2012

ခိုင်မာပြတ်သားစွာ မဆုတ်မနစ် ရပ်တည်နိုင်ရေး

(KIC)



ပွင့်လင်းရာသီချိန်ကို ရောက်ရှိလာခဲ့ပြန်ချေပြီ။ ပြီးခဲ့သော ကာလများ အတွင်း ဤအချိန်မှာ စစ်အစိုးရအတွက် တော် လှန်ရေး အဖွဲ့အစည်း များအား ထိုးစစ်ဆင်သည့် အချိန်ကောင်းဖြစ်သလို တော်လှန်သော အဖွဲ့အစည်းများဘက်ကလည်း သတိ ကြီးစွာ ထားရှိစောင့်ဆိုင်းနေရ သည့်အချိန်ပင် ဖြစ်လေသည်။ လက်ရှိအခြေအနေ၌မူ အရပ်သားတပိုင်း စစ်အစိုးရသည် တော် လှန်ရေး အဖွဲ့အစည်း အများအပြားနှင့် ငြိမ်းချမ်း ရေး တည်ဆောက်ရန် အပစ်အခတ်ရပ်စဲရေးကိစ္စများ ဆွေးနွေးလျက်ရှိပြီး တိုင်း ရင်းသားအဖွဲ့အစည်းများ လိုလားသော ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေးကိုလည်း လိုက်ပါပြောဆိုလာနေကြပြီဖြစ်၍ ယခု လို အချိန်အခါအတွင်း ထိုးစစ်ဆင်မည့်ကိစ္စမှာ ဖြစ်နိုင်ချေမရှိကြောင်း အချို့ ပုဂ္ဂိုလ်များက ဆိုကြသည်။

သို့ရာတွင် ကချင်နှင့် ညှိနှိုင်း ဆွေးနွေးနေစဉ်မှာပင် တိုက်ပွဲများက ဆက်လက် ရှိနေဆဲ ဖြစ်သည်။ အပစ်ရပ်သဘောတူ ထားခဲ့သည့်တိုင် ရှမ်းပြည်နယ်ထဲမှ မြို့နယ်အချို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ကရင်နီနယ်ထဲ၌လည်း စစ်ရေးသင် တန်းကျောင်းဖွင့်ကာ တပ်တွေပို့ ထားပြီး အချိန်မရွေး တိုက်ခိုက်နိုင်သည့် အနေအထား ရှိနေသည်။ ပြည်တွင်းငြိမ်းချမ်းရေး တည် ဆောက်မှု၏ အစကနဦးခြေလှမ်း အပစ် အခတ် ရပ်စဲရေးမှာ တွေ့ဆုံဆွေးနွေးသည့်အဆင့်သာ ရှိသေးပြီး နှစ်ဘက်တပ်တည်နေ ရာများကိုပင် ညှိနှိုင်းပြောဆို၍ မရနိုင်သေးသည့် အနေအထား၌ အစိုးရတပ်များက ကေအဲန်ယူနယ်မြေအတွင်း တောင် ပတ်လမ်း များဖောက်၊ စီးပွားရေးဇုံများလုပ်၊ မှတ်ပုံတင်တွေလုပ်နေသည့် ကိစ္စ၊ ၎င်းတို့တပ်များ ယခင်နေရာများမှ မဆုတ်ခွာသည့်အပြင် နေရာ တိုးလာခြင်း၊ တပ်အင်အားများ ဖြည့်တင်းလာခြင်း၊ လက်နက်ခဲယမ်း ရိက္ခာများ တိုး၍ပို့လာနေခြင်းများအပြင် ကေအဲန်ယူ ၏ တောင်ငူနယ် အတွင်း ရဟတ်ယာဉ်များဖြင့် စစ်ရေးလေ့ကျင့်နေသည်မှာလည်း ကေအဲန်ယူကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေ ကြောင်း သတိပေးနေ လေသည်။

SSPP/SSA နှင့် အစိုးရတပ် ပြီးခဲ့သည့်လအတွင်း တိုက်ပွဲ ၁၀ ကြိမ်ကျော်ဖြစ်




သျှမ်းပြည်တပ်မတော် SSPP/SSA လှုပ်ရှားရာ ဒေသဘက်တို့ အစိုးရတပ် မကြာခဏ ဦးတည်လာသော ကြောင့် နိုဝင်ဘာလအတွင်း တိုက်ပွဲ ၁၀ ကြိမ်ကျော်ဖြစ်ပွားခဲ့ရကြောင်း သျှမ်းပြည်တပ်မတော် ကပြော သည်။

“ကျနော်တို့အပစ်ရပ်တာ ၁ နှစ် နီးပါးရှိပြီ။ ဒါပေမယ့် မန္တလေး - လားရှိုး ကားလမ်းအနောက်ဘက်ခြမ်းက ကနေ့အထိ အပစ်မရပ်ဘူးဆိုတဲ့အတိုင်းဘဲ။ အစိုးရတပ်က အင်အား ၂၀၀-၃၀၀ နဲ့ ကျနော်တို့ဆီ တမင်သက်သက်ကို  ဦးတည် လာတယ်။  အဲဒါကြောင့် တိုက်ပွဲဖြစ်ရတယ်။ အခု နိုဝင်ဘာ အတွင်းမှာဘဲ တိုက်ပွဲက ၁၀ ကျော်တယ်” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ က ပြောသည်။

Monday, December 3, 2012

ကြိုးပမ်းလုပ်ဆောင်နေတဲ့ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး

(VOA)

ဦးရော်နီညိမ်း
02.12.2012 

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့ထဲက နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး ကို နယူးရော့ခ်မြို့ မှာ ရောက်ရှိလာချိန်မှာ ဗွီအိုအေ မြန်မာပိုင်းက သီသန့်တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဒီနယ်စပ်ရေးရာဝန်ကြီးဌာနရဲ့  ကချင်ပြည်နယ် နဲ့ ကရင်ပြည်နယ်တို့မှာ လုပ်ဆောင်နေတဲ့ လုပ်ငန်းဆောင်တာတွေကို ဒုတိယဗိုလ်ချုပ်ကြီးဦးသိန်းဌေးနဲ့ ဦးရော်နီညိမ်းတို့က ဆွေးနွေးထားပါတယ်။

ဦးရော်နီညိမ်း ။ ။ နယ်စပ်ရေးရာဝန်ကြီးဌာန ဖြစ်တဲ့အတွက်ကြောင့် တခြားသော တိုင်းရင်းသားဒေသတွေရှိတဲ့ အခုဆိုရင် စစ်ပွဲတွေရှိနေတဲ့ ကချင်ပြည်နယ် ပတ်သက်လို့ နယ်စပ်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေနဲ့ လောလောဆယ်တော့ အားတိုက်ခွန်တိုက် မလုပ်နိုင်သေးဘူးလို့ ယူဆပါတယ်။ အခု ဒီလောက်အတိုင်းအတာထိလောက် အဲဒီဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နေပါသလဲခင်များ။

Sunday, December 2, 2012

UWSP ဒုဥက္ကဌ လေဖြတ် - တပ်တွင်းရာထူးအပြောင်းအလဲရှိ







ဝပြည်သွေးစည်းညီညွတ်ရေး ပါတီ UWSP ဒုဥက္ကဌကျောက်ဝင်ကွမ်း လေဖြတ်ရောဂါခံစားနေရကြောင်း ၀ တပ်ဖွဲ့အရာရှိများ သတင်းရပ်ကွက်ကဆိုပါသည်။
 UWSA ဒုဥက္ကဌကျောက်ဝင်ကွမ်း




Saturday, December 1, 2012

သျှမ်းအဖွဲ့အစည်းအားလုံး စုစည်းမှုစစ်တမ်း ၈၀% ကျော် သဘောတူညီမှုရ




သျှမ်းပါတီအချင်းချင်းနှင့် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းတို့ ပူးပေါင်းကြစေလိုကြောင်း လူထုဆန္ဒ သဘော ထားကောက်ခံရာ၌ သဘောတူညီမှု ၈၀ ရာခိုင်နှုန်းကျော် ရရှိကြောင်း ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက် ခြင်း Trust Building for Peace  ဆွေးနွေးပွဲမှ သိရှိရပါသည်။

“ကျနော်တို့မျှော်လင့်ထားတဲ့အတိုင်း အဖြေကကွက်တိထွက်လာတာ တော်တော်အံ့ဩစရာကောင်းပါတယ်။ ဒီအတွက်ရလဒ် က စည်းလုံးညီညွတ်မှုအတွက် အုဋ်မြစ်ချနိုင်လိမ့်မယ်လို့မျှော်လင့်တယ်ဗျာ။ ပူးပေါင်းမှုကို လိုလားတဲ့အကြောင်း စစ်တမ်း ဆင်းကောက်တဲ့ကာလကတည်းက လူထုက ပြောကြတယ်။ နောက်တခု စစ်တမ်းထဲကအဖြေနဲ့ ဆွေးနွေးပွဲတက်ရောက် သူတွေရဲ့အဖြေတွေက လုံးဝ တူနေတာတွေ့ရတယ်” ဟု စစ်တမ်းကူညီကောက်ပေးသူ လူငယ်  တဦးက ပြောသည်။