Thursday, October 31, 2013

ပလောင် (တအာင်း) ဒေသ၌ စစ်ပြေး ဒုက္ခသည်များ တိုးလာ နေခြင်း

(ရွှေဟင်္သာသတင်းဌာန)

ပြည်တွင်း ထဲတွင် တိုက်ပွဲ ခဏခဏ ဖြစ်လာသည့် အတွက် ပြည်တွင်း စစ်ပြေး ဒုက္ခသည်များ ဖြစ်လာ ပေသည်။ အစိုးရတပ် များသည် ပလောင် ဒေသ ဖြစ်သည့် နမ်းဆန်၊ ကွတ်ခိုင်၊ နမ့်မတူ၊ တန့်ယန်း၊ နမ့်ခမ်း နှင့် မန်တုန် မြို့နယ် တလျှောက်၌ ထိုးစစ်ဆင်လျှက် ရှိပါသည်။
 
ဒေသ စိုးမိုးရေး၊ လုံခြုံရေး နှင့် ငြိမ်းချမ်းရေး အတွက် ဖိအားပေးရေး စသည့် အကြောင်း အမျိုးမျိုး ပြကာ စစ်ဆင်နေပြီး ဒေသခံများအား အဓမ္မ စွပ်စွဲကာ ရိုက်နှက်ခြင်း၊ ပေါ်တာခေါ်ခြင်း၊ အကြောင်းမဲ့ ပစ်သတ်ခြင်း၊ ကျေးရွာအတွင်း တိုက်ပွဲဖေါ်ခြင်း၊ ရွာအပြင် မထွက်စေခြင်း စသဖြင့် ဒေသခံ လူထုအား ကြောက်လန့် နေစေရန် ဖန်တီး နေခဲ့ပါသည်။
ဤကဲ့သို့ ကြောက်လန့် တကြား စိုးရိမ်နေရသော လူထုများသည် နီးစပ်ရာမြို့ သို့ လည်းကောင်း၊ တောထဲတွင် လှည့်လည် သွားလာ နေရခြင်း (IDP)၊ စစ်ထဲ မ၀င်မဖြစ် ၀င်ခဲ့ရခြင်းများ ဖြစ်လာ ခဲ့ပါသည်။ အလုပ် လက်မဲ့များ ဖြစ်လာခြင်း၊ မူးရစ်ဆေးဝါး ပြသနာ ထူပြောလာခြင်း၊ အကျင့်ပျက်မှုများ နှင့်ကျေးရွာ ရွှေ့ပြောင်းခြင်း ကြောင့် ဒုက္ခသည် ဘ၀များ ဖြစ်လာ ခဲ့ပါသည်။

ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရ နှင့် တိုင်းရင်းသားတပ်ဖွဲ့တိုက်ပွဲဖြစ်

 

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲတနာရီခန့်ဖြစ် ပွားကာ နှစ်ဘက်ဆုံးရှုံးမှုရှိကြောင်းဒေသခံများကပြောသည်။

အောက်တိုဘာ ၂၈ ရက် ၂၀၁၃ ခု မွန်းတည့်ချိန် တွင် ဟိုပန်မြို့အခြေစိုက် အစိုးရတပ်ရင်း ခလရ ၁၄၃ အင်အား ၆၀ ကျော် က မိုင်းယုမြို့နယ်ခွဲအတွင်းရှိ တအာင်း( TNLA ပလောင်) နှင့် သျှမ်း (SSPP/SSA) တို့ ပူးပေါင်းတပ်အား  တနာရီကျော် ပစ်ခတ်တိုက်ခိုက် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

Wednesday, October 30, 2013

အားလုံးအတွက် ငြိမ်းချမ်းရေး လိုလားဟု KNLA ဒုစစ်ဦးစီးချုပ် ထုတ်ဖော်ပြောဆို

(KIC)

မြန်မာနိုင်ငံရှိ တိုင်းရင်းသား အားလုံးအတွက် ငြိမ်းချမ်းရေးနှင့် တန်းတူ အခွင့်အရေးရရှိရန် အခြား တိုင်းရင်းသား များနှင့် ရှေ့ဆက် လက်တွဲသွားလိုကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU)၏ ကရင်အမျိုးသား လွတ် မြောက်ရေး တပ်မတော်(KNLA)မှ ဒု-စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ထုတ်ဖော်ပြောကြား လိုက် သည်။ 

ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၏ လိုင်ဇာဌာနချုပ်ရှိ ယနေ့ အောက်တိုဘာ ၃၀ ရက်နေ့၊ တိုင်းရင်းသားလူမျိုးများညီလာခံ စတင်ကျင်းပနေချိန်၌ KNLA ဒု-စစ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက လက်ရှိ၎င်းနေထိုင်ရာ ကရင်ပြည်နယ်၊ ဖာပွန်ဒေသ KNU တပ်မဟာ(၅)တွင် ယခုလို ပြောကြားလိုက်ခြင်းဖြစ်သည်။

တစ်ရက်တည်း မြန်မာတပ်နှင့်တအာင်းတပ်တို့ သုံးကြိမ်ဆက်တိုက်ပွဲဖြစ်


29 October 2013 by Ta'ang Land
 
မြန်မာစစ်တပ်တို့၏ အပြင်းအထန် ထိုးစစ်ဆင်နေ မှုကြောင့် အောက် တိုဘာလ ၂၈ ရက်နေ့ တစ်ရက် တည်း တအာင်း လွတ်မြောက်ရေး တပ်မတော်နှင့် တိုက်ပွဲ သုံးကြိမ်ဆက် တိုက်ဖြစ်ပွားခဲ့သည် ဟုသိရသည်။

ကွတ်ခိုင်မြို့နယ် လုံကန်ရွာနှင့်လွယ်ကျယ်လန် နားတစ်ဝိုက်တွင် အစိုးရစစ်တပ်ဘက်မှ ကွမ်လုံ-ဟိုပန်အခြေစိုက် ဒု-ဗိုလ်မှူးကြီးအောင်မျိုးဦးဆောင်သော ခလရ-၁၄၃၊ ဒု-ဗိုလ်မှူးကြီး ထွန်းထွန်းဇော်ဦးဆောင်သော ကွတ်ခိုင်အခြေစိုက် - ခရလ - ၄၅ တို့နှင့် TNLA ဘက်မှ တပ်ရင်း - ၁၁၂ တို့ တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ်ဘက် ၃ ဦးကျဆုံးကာ ၁၃ ဦးဒဏ်ရာ ရရှိခဲ့ပြီး TNLA ဘက်မှ အထိအခိုက်မရှိကြောင်းသိရှိရသည်။

Tuesday, October 29, 2013

တိုင်းရင်းသား နယ်မြေများတွင် စီမံကိန်းကြီးများ မဆောက်သင့်ဟုဆို

(ဧရာဝတီ)

မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးနေစဉ် တိုင်းရင်းသားနယ်မြေ အတွင်း ကြီးမားသည့် စီမံကိန်းများ လာရောက် လုပ်ကိုင်မည်ဆိုပါက ပဋိပက္ခများ ထပ်မံ ဖြစ်ပွားနိုင်ကြောင်း မြန်မာ မြစ်ချောင်းများ ကွန်ရက်က ပြောကြားလိုက်သည်။

လက်ရှိ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားသည့် နယ်မြေဖြစ်သော သံလွင်မြစ် တလျှောက်တွင် ရေကာတာများ
တည်ဆောက်ပါက ငြိမ်းချမ်းရေး အတွက် အဟန့်အတား ဖြစ်နိုင်ကြောင်း၊ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်များ ထိခိုက်နိုင်ပြီး ဒေသခံ ပြည်သူများ နစ်နားမှုများစွာ ကြုံတွေ့နိုင်ကြောင်း အဆိုပါကွန်ရက်က ရန်ကုန် ပြည်လမ်းရှိ ဒိုင်းမွန်း ကွန်ဒိုတွင် ယနေ့ ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တက်ရောက်လာသည့် သတင်းဌာန များကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းရင်းသားအရေး ပြောကြားပေး လိုဟု BNI ပြောဆို

(KIC)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းရင်းသားအရေးနှင့် ပတ်သက်၍ ပြောသင့်ပြောထိုက် သည်များကို ပြောကြားရန် လိုကြောင်း နိုင်ငံတကာမြန်မာ့သတင်း- BNI ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ကဆုမွန်က ပြောကြားလိုက် သည်။

အောက်တိုဘာ ၂၈ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ Myanmar Media Library ၌ BNI ၏ မြန်မာ့ငြိမ်းချမ်း ရေးစောင့်ကြည့်ရေးအဖွဲ့က “ငြိမ်းချမ်းရေးနှင့် ပဋိပက္ခစစ်ပွဲများဆိုင်ရာ မြန်မာ့စီးပွားရေး အခြေအနေ” အစီရင်ခံစာနှင့် ပတ်သက် သည့် သတင်းစာရှင်းလင်းပွဲသို့ လာရောက်သတင်းယူသူ ဒီလှိုင်းစာစောင်မှ သတင်းထောက်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည် အပေါ် မည်သို့သဘောထားရှိကြောင်း မေးမြန်းမှုကို တုန့်ပြန်ဖြေကြားလိုက်ခြင်းဖြစ်သည်။

ပြည်သူ့စစ်နှင့်အစိုးရပူးပေါင်းတပ် က သျှမ်းနှင့် ဝ တပ်စခန်း အား အမ် ၇၉ ဖြင့်ပစ်ခတ်



ပြည်သူ့စစ်နှင့်အစိုးရတပ် ပူးပေါင်းအင်အားအချို့က ထိုင်း - သျှမ်း နယ်စပ်ရှိ သျှမ်းတပ်စခန်းနှင့်
ဝ တပ်စခန်းအား ၇၉ မမဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တပ်မှူးတဦးက ပြောပါသည်။


အောက်တိုဘာ ၂၆ ရက် ညနေ ၅  နာရီခွဲခန့်က ဟိုမိန်းမြို့ အခြေစိုက် စစ်ဗျူဟာ လက်အောက်ခံ
တပ် ရင်း ၂၈၇ ဗိုလ်မှူး ဝင်းဇော်လင်း ဦးဆောင် အင်အား ၃၀၊ ပြည်သူ့စစ်တပ်ဖွဲ့ အင်အား ၂၀
ပူးပေါင်း တပ်တို့က ဟိုဟ တောင်ကြော ရှိ သျှမ်း RCSS/SSA ၊ ဝ တပ် WNA တို့၏ တပ်စခန်း
အား အမ် ၇၉ (၄၀ မမ) ဖြင့် ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်များ ဖော်ထုတ်ရန် KNU အထူးစုံစမ်းစစ်ဆေးရေးကော် မရှင်ဖွဲ့စည်း

(KIC)

မြန်မာပြည်အတွင်း အောက်တိုဘာလလယ်ပိုင်းက ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ဆက်စပ်မှု ရှိသည်ဟု အစိုးရဘက်မှ ပြောဆိုခြင်း၊ ရှင်းလင်းခြင်းများနောက်ပိုင်းတွင် ၎င်းဗုံးခွဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ အဖွဲ့ဝင် ၇ဦး ပါဝင်သော အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို အောက်တိုဘာလ ၂၅ရက်နေ့က KNU ဖွဲ့စည်းလိုက်သည်။

ထိုနေ့က KNU ဖားအံခရိုင်၊ တပ်မဟာ(၇)ဌာနချုပ်တွင် KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ အမြဲတမ်းကော်မတီဝင် များ၊ ခရိုင်အသီးသီးမှ ဥက္ကဌများ၊ တပ်မဟာအသီးသီးမှ တပ်မဟာမှူးများနှင့် သက်ဆိုင်ရာခေါင်းဆောင် စုစုပေါင်း ၃၀ဦးကျော် အရေးပေါ် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြပြီး ၎င်းအထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု KNU က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များ လိုင်ဇာသို့ထွက်ခွာ



အစိုးရနှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင် ကိုယ်စားလှယ်များ
မိမိဌာနချုပ်များမှ လိုင်ဇာမြို့သို့ စတင်ထွက်ခွာနေကြောင်း နီးစပ်သည့် ပုဂ္ဂိုလ်များက ပြောပါသည်။


ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO/KIA) ဌာနချုပ် လိုင်ဇာမြို့သို့ အပစ်ရပ်
ထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဖြစ်ကြသည့် RCSS/SSA
ခေါင်းဆောင် ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းလ၊ဒုဗိုလ်မှူးကြီးစိုင်းငင်း၊
ဒုဗိုလ်မှူးကြီးစိုင်းမိဏ်း၊ SSPP/SSA မှ စဝ်ခွန်ဆိုင်၊ စဝ်ကျော်လ၊ ဗိုလ်မှူး
ဘထွန်း၊ကေအဲန်ယူမှ ဗိုလ်ချုပ်မူတူးဆေးဖိုး၊ ဗဒိုကွယ်ထူးဝင်း၊ ဗဒိုထူးထူး
လေး တို့က ညီလာခံတက်ရောက်ရန် ထွက်ခွါသွားကြခြင်းဖြစ်သည်။

ဝ နှင့် မိုင်းလား တပ်ဖွဲ့ လိုင်ဇာညီလာခံ မတက်ရောက်



အောက်တိုဘာ ၃၀ ရက်နေ့မှ နိုဝင်ဘာ ၁ ရက်နေ့အထိကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်း ဆောင်များ၏ ‘လိုင်ဇာညီလာခံ’ သို့ ဝ နှင့် မိုင်းလားတပ်ဖွဲ့ တက်ရောက်မည်မဟုတ်ဟု နီးစပ်သည့် အသိုင်း အဝိုင်းက ပြောပါသည်။

အပစ်ရပ်ထားသည့် မိုင်းလားတပ်ဖွဲ့ နှင့် ၀ တပ်ဖွဲ့တို့သည် လက်ရှိကျင်းပမည့် လိုင်ဇာညီလာခံအားတက်ရောက် မည်မဟုတ်ကြောင်း၊ တက်ဖို့လည်းမလိုအပ်ကြောင်း၊ သို့သော်တနိုင်ငံလုံးအပစ်ရပ်ပွဲတွင် မြန်မာအစိုးရဖိတ်ကြားပါက တက်ရောက်မည်ဖြစ်ကြောင်းအမည်မဖေါ်လိုသူ မိုင်းလားတပ်ဖွဲ့ အရာရှိ ကပြော သည်။

Monday, October 28, 2013

KNU နဲ့ RCSS တို့ရဲ့ ပူးတွဲ ကြေညာချက်

စီးပွားရေး မဖွံ့ဖြိုးမှု ငြိမ်းချမ်းရေးနှင့် ဆက်စပ်

(Irrawaddy)

မြန်မာစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ပြဿနာများ ဖြစ်သော လူမျိုးအုပ်စုများအကြား ပြဿနာများ၊ မြေယာပိုင်ဆိုင်မှု၊ ဈေးကွက် လက်ဝါးကြီး အုပ်ထားမှုတို့ကို ယနေ့တိုင် ဖြေရှင်းနိုင်ခြင်း မရှိသေးကြောင်း ငြိမ်းချမ်းရေး နှင့် ပဋိပက္ခစစ်ပွဲများဆိုင်ရာ မြန်မာစီးပွားရေး အခြေအနေ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (MPM) နှင့် နိုင်ငံတကာ မြန်မာ့သတင်း (BNI) တို့ ပူးတွဲထုတ်ပြန်သည့်
ယင်းအစီရင်ခံစာနှင့် ပတ်သက်သော ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ Myanmar Media Library တွင် ကျင်းပသည်။

မြေယာ သယံ ဇာတကို မျှတစွာ ခွဲဝေ ပါမှ ရေရှည် ငြိမ်းချမ်း မည်ဟု ကမ္ဘာ့ ခေါင်းဆောင်များ ရှူ့မြင်

(ရွှေဟင်္သာသတင်းဌာန)



ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင်များ ဖြစ်ကြသည့် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ အပါ အ၀င် ဖင်လန် နိုင်ငံ သမ္မတဟောင်း Martti Ahtisaari နှင့် နော်ဝေး နိုင်ငံ ၀န်ကြီး ချုပ်ဟောင်း လည်းဖြစ် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ် ညွှန်ကြား ရေးမှူး ဟောင်းလည်း ဖြစ်သူ Gro Harlem Brundtland တို့ သုံးဦးသည် မြန်မာ နိုင်ငံသို့ စက်တင် ဘာလ ၂၄ ရက်၌ ရောက်ရှိ ခဲ့ပြီး နေပြည်တော်နှင့် ရန်ကုန် မြို့တို့တွင် သုံးရက်ကြာ နေထိုင် သွားခဲ့ ပါသည်။

သမ္မတဟောင်း ဂျင်မီ ကာတာသည် မြန်မာ နိုင်ငံသို့ နှစ်ကြိမ်မြောက် လာရောက် လည်ပတ် ခဲ့ပါသည်။ ပထမ အကြိမ်သည် ကာတာ ဖောင်ဒေးရှင်း အနေဖြင့် ယခုနှစ် ဧပြီ လထဲတွင် အလည် အပတ် ရောက်လာ ခဲ့ဖူးပြီး သမ္မတ ဦးသိန်းစိန်နှင့် The Elders အဖွဲ့ဝင် နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော် ဥက္ကဋ္ဌ များအပြင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံ ခဲ့ပါသည်။

ဗုံးပေါက် ကွဲမှုများ KNU ညွှန်ကြားချက် မဟုတ်ဟု ဗဒို မန်းငြိမ်းမောင်ဆို

(ရွှေဟင်္သာသတင်းဌာန)

ရန်ကုန်မြို့ ကုန်သည် ကြီးများ ဟိုတယ်နှင့် မန္တလေး၊ ပဲခူး တို့၌ ယခု အောက်တိုဘာ လအတွင်း ဖြစ်ပေါ် ခဲ့သည့် ဗုံးပေါက်ကွဲမှု များသည် ကရင် အမျိုးသား အစည်းအရုံး KNU အဖွဲ့၏ ညွှန်ကြားချက် မဟုတ်ကြောင်း ဗဟို အမြဲတမ်း ကော်မီတီ ဗဒို မန်းငြိမ်းမောင်မှ ကရင် အမျိုးသား စည်းလုံး ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ လူထု တွေ့ဆုံ ပွဲတွင် ရှင်းလင်း ခဲ့ကြောင်း ၄င်း တွေ့ဆုံ ပွဲကို တက်ရောက် ခဲ့သူ တစ်ဦးမှ ပြောသည်။

အဲဒီ ဆွေးနွေး ပွဲမှာ တက်ရောက် လာတဲ့ ကိုယ်စားလှယ် တဦးက မေးလိုက် တာပါ။ ရန်ကုန်၊ ပဲခူး ဗုံးဖောက် ခွဲမှုမှာ KNU ပြုလုပ်တာ ဟုတ်မဟုတ် အမေး ကိုတော့ ပဒိုမန်းငြိမ်း မောင်က အဲဒီ ကိစ္စ KNU ညွှန်ကြားတာ မဟုတ်ဘူး။ အစိုးရ ကတော့ ဖမ်းမိ တာတော့ ရှိတာပေါ့ ဒါပေမဲ့ ဘယ်သူ လုပ်သလဲ ဆိုတာ ကိုတော့ သတင်း အတိကျ မရ သေးဘူးလို့ ရှင်းပြ သွားခဲ့တယ် ” ဟု ကရင် နယ်ခြား စောင့်တပ် (BGF) ဗဟို ကွပ်ကဲ ရေးနှင့် ကုန်သွယ်ရေး ဌာနမှ ဒုတိယ ဗိုလ်မှူးကြီး စောတင်ဝင်းက ပြောသည်။

Saturday, October 26, 2013

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် KNPP တို့ တွေ့ဆုံမည့် အစီအစဉ်ပျက်

နှစ်ဖက်တပ်များအကြား ယုံကြည်မှု တည်ဆောက်ရန်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) အဖွဲ့တို့ အောက်တိုဘာလ ၂၅ ရက်နေ့တွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မအားလပ်သဖြင့် တွေ့ဆုံရန် အစီအစဉ် ပျက်သွားကြောင်း KNPP အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံရန် အောက်တိုဘာ ၂၅ ရက်နေ့ တွင် KNPP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘီတူး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်သို့ သွားရောက်ခဲ့သော်လည်း တွေ့ဆုံခွင့် မရခဲ့ကြောင်း ၎င်းကဆိုသည်။

ဌာနေပျောက် တိုင်းရင်းသား

''ကယန်းဆိုတာ 'ကန်'နဲ့ 'ယန်း'နဲ့ ပေါင်း စပ်ထားတာ။ 'ကန်'ဆိုတာ ပိုင်နက်နယ်မြေ၊ 'ယန်း'ဆိုတာ လူမျိုး။ပိုင်နက်နယ်မြေရှိတဲ့လူမျိုး''
မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့်ပြည်နယ် လေးခု၏အစွန်ဒေသများ၌
နေထိုင်လျက်ရှိသည့် ကယန်းလူမျိုးများအကြောင်းကို ၁၉၉၇ခုနှစ်မှ ယနေ့အထိ လေ့လာသုတေသနပြုစုနေသူ ရန်ကုန်တက္ကသိုလ် မနုဿဗေဒဌာနမှ ကထိက ဒေါ်မိုးသီတာထွေးက ပြောသည်။

ကယန်းလူမျိုးများသည် ယခင်ကအနောက် ကရင်ပြည်နယ်ဟု လူသိများသောဒေသ၌နေထိုင် ကြသော်လည်း နယ်ချဲ့အင်္ဂလိပ်ကို တော်လှန် တိုက်ခိုက်ခဲ့သောကြောင့်
အနောက်ကရင်ပြည်နယ် ကို ၁၈၉၃ခုနှစ်တွင် အင်္ဂလိပ်တို့က လေးပိုင်း ပိုင်းပြီး အုပ်ချုပ်ခဲ့ကြသည်။

နမ့်စန်မြို့မှာ ပြည်သူ့စစ်နဲ့ ရွာသားတွေ ပဋိပက္ခဖြစ်ပွား

(RFA)

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့မှာ မနေ့က မတ်ကျန်းပြည်သူ့စစ်ဌာနေက တပ်ဖွဲ့ဝင်တစ်ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ ထော်လာဂျီတစ်စီး တိုက်မိကြပြီး ထော်လာဂျီမောင်းသမားကို မတ်ကျန်းတပ်ဖွဲ့ဝင် ၁၅ ဦး လောက်က ဝိုင်းရိုက်တာကြောင့် ဒေသခံပြည်သူတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိဖြစ်စဉ်တွေအပေါ် နမ့်စန်မြို့သူ မြို့သားတွေအနေနဲ့ ထိတ်လန့်တုန်လှုပ်နေတယ်လို့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

Thursday, October 24, 2013

KNPP နှင့် အစိုးရတို့ တတိယ အကြိမ် ဆွေးနွေးပွဲ ဆုံးဖြတ်ချက် (၇) ချက် ချမှတ်

(ရွှေဟင်္သာသတင်းဌာန)

ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ် ခန်းမတွင် နှစ်ရက်တာ ကျင်းပ ခဲ့သော ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ကိုယ်စားလှယ် များနှင့် အစိုးရ ပြည်ထောင်စု အဆင့် ကိုယ်စားလှယ် များ၏ တတိယ အကြိမ် ပြည်ထောင်စု အဆင့် ဆွေးနွေး ပွဲသည် ရလာဒ် တစုံတရာ မရှိဘဲ ယမာန် နေ့က ပြီးဆုံး သွားသည်ဟု KNPP ၏ ဆွေးနွေးပွဲ ကိုယ်စားလှယ် ခေါင်းဆောင် ဒုတိယ ဥက္ကဌ ခူဦးရယ် က ဆိုပါသည်။

“ဖြစ်ထွန်းမှု အသစ်တွေ မရှိပါဘူး။ အဟောင်း ထဲမှာ သံသရာ လည်နေ သလိုပါဘဲ။ ကျနော် တို့က ဒုတိယ အကြိမ် ပြည်ထောင်စု အဆင့် ဆွေးနွေး ပွဲရဲ့ ဆုံးဖြတ် ချက်တွေကို ဘယ်လို အကောင် အထည် ဖေါ်ကြ မလဲ ဆိုတဲ့ အကြောင်း အရာ ဟောင်းကို ထပ်ကာ တလဲလဲ ဆွေးနွေး နေကြတာပါ။ ထူးခြား တာတော့ မရှိဘူး”ဟု ဆိုပါသည်။ 

KNPP နယ်မြေအတွင်း အစိုးရတပ်များ ကင်းလှည့်ခြင်း လျှော့ချမည်

(Mizzima)

ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကော်မတီနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့
အောက်တိုဘာ၂၃ ရက်တွင် ပြီးဆုံးသွားသည့် ရှစ်ကြိမ်မြောက် ဆွေးနွေးမှုတွင် KNPP တပ်အခြေစိုက်ရာ
ဒေသများတွင် အစိုးရတပ်မှ ကင်းလှည့်မှုများ လျှော့ချသွားမည်ဟု ကတိပေးလိုက်သည်ဟု KNPP အတွင်းရေးမှူး (၂ ) ဦးရွှေမျိုးသန့်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ကို ပြောသလောက်တော့ တပမ ၅၅ ကို လျှော့ချမယ် လူထုတွေကို ၀န်ထုပ်ဝန်ပိုးဖြစ်နေ မယ့်
နေရာတွေ၊ အရင်လို တောတွေတောင်တွေထဲ ကင်းခဏခဏလှည့်တာတွေ မလုပ်တော့ဘူး။ သူတို့တပ်ရှိတဲ့
နေရာမှာပဲ နေမယ်”ဟု မဇ္ဈိမကို ပြောသည်။

Wednesday, October 23, 2013

ရှမ်းတိုင်းရင်းသားများရဲ့  ရပ်တည်မျှော်လင့်ချက်

(VOA)

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး နဲ့ ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းများရဲ့  သဘောထား၊ ရပ်တည်ချက်၊ မျှော်လင့်ချက်များကို ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ခေါင်းဆောင်တဦးဖြစ်တဲ့ စိုင်းညွန့်လွင် နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး တပ်မတော် (RCSS/SSA) ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလတ်တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

မလိုအပ်သော တိုက်ပွဲများ မဖြစ်နိုင်ရန် အောက်ခြေတပ်အချင်းချင်း ဆက်သွယ်၍ တိုက်ပွဲလျှော့ချမည့် RCSS ၏ အစီအစဉ် မအောင်မြင်သေးဟုဆို

(Mizzima)

မလိုအပ်သည့် နှစ်ဖက်ထိတွေ့တိုက်ပွဲများကို ရှောင်ရှားနိုင်ရန်အတွက် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် (RCSS/SSA)တပ်များနှင့် မြန်မာအစိုးရတပ်များအကြား အောက်ခြေတပ် အချင်းချင်း တိုက်ရိုက် ထိတွေ့ဆက်သွယ်ရန် ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ညွှန်ကြားထားသော်လည်း အစီအစဉ် အောင်မြင်မှုမရှိသေးဟု RCSS/SSA တပ်ဖွဲ့မှ ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောင်းဆိုင်က အောက်တိုဘာ ၂၂ တွင် မဇ္ဈိမကို ပြောသည်။

ဗိုလ်မှူးစိုင်းလောင်းဆိုင်က “လက်တွေ့မှာတော့ အောက်ခြေ မြန်မာတပ်တွေကနေ ကျွန်တော်တို့အဖွဲ့နဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံဖို့ အထက်ကအရာရှိတွေက ခွင့်မပြုဘူးလို့သိရတယ်။ ဒါကိုလည်း ကျွန်တော် တို့ကို တရားဝင် အကြောင်းကြားတာမဟုတ်ဘဲ ပါးစပ်စကားက တစ်ဆင့်ပဲ ပြန်ပြောပြတယ်”ဟု မဇ္ဈိမအား ပြောသည်။

ရှမ်းမြောက်ပိုင်းတွင် ဖွဲ့စည်းပုံပြင်ရန် ခရိုင်သုံးခု သဘောတူ

(Mizzima)

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေးနှင့် ပတ်သက်သည့် သဘောထားအမြင်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းနှင့်ပြည်နယ်များတွင် လိုက်လံကောက်ယူရာ ရှမ်းမြောက်ပိုင်းခရိုင် သုံးခုတွင် ပြင်ဆင်ရန် အတွက် သဘောတူကြောင်း သဘောထားအမြင်များကို ရှမ်းပြည်နယ်တွင် လိုက်လံကောက်ခံသူ NLD ၏ ဗဟို အလုပ်မှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်က အောက်တိုဘာ၂၂တွင် ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်ပြီး ပြည်သူများကို ရှင်းလင်းပေးခြင်း၊ သဘောထားအမြင် ကောက်ခံခြင်းများကို NLD က အောက်တိုဘာ ဒုတိယအပတ်အတွင်းတွင် တိုင်းနှင့် ပြည်နယ်များတွင် စတင်ကောက်ခံခဲ့ရာ လက်ရှိ
ကောက်ခံရသည့် အခြေအနေမှာ ပြင်ဆင်ရန် ရာခိုင်နှုန်း ပိုများနေသည်ဟုလည်း NLD မှ သိရသည်။

နမ့်ခမ်းမြို့ ဗုံးကွဲမှု အစိုးရတပ် တာဝန်မကင်းဟု လူထုဝေဖန်



အစိုးရတပ် အခြေချ တည်းခိုနေသည့် မြို့လယ်ကျောင်းတိုက်တွင် စစ်ကြောင်းအတွက်လုံခြုံရေး
ကင်းချထားပါလျက်နှင့် ဗုံးဖောက်ခွဲခံရသည့်အပေါ်  နားမလည်ဖြစ်ရကြောင်း ဒေသခံ လူထုက
ဝေဖန်ပါသည်။


ဗုံးပေါက်ကွဲသည့် (၁၆၊ ၁၀၊ ၂၀၁၃ ) ည တွင် အစိုးရတပ်စစ်
ကြောင်း လူအင်အား ၄၀ ခန့်ကနမ့်ခမ်း မြို့လယ်ကျောင်း၌
အခြေချကာ လုံခြုံရေးကင်းများ ကျောင်းတော်ပရဝုဏ်ပတ်
လည်၌ ချထားကြောင်း၊ အဆိုပါစစ်ကြောင်းသည် ၁၅ ရက်
နေ့ ကတည်းက ရောက်ရှိနေကြောင်း၊ ဗုံးပေါက်ကွဲချိန်တွင်
လည်း အချိန်မှီသွားရောက်ကြည့်ရှု စစ်ဆေးခြင်းမရှိကြောင်း၊ ဗုံးပေါက် ကွဲရာနေရာအနီး
မြို့လယ်ကျောင်းတိုက်၌ ရောက်ရှိအခြေချတည်းခိုသည့်
စစ်ကြောင်းမှာ တာဝန်မကင်းကြောင်းအမည် မဖေါ်လိုသည့်
ရပ်ကွက်အုပ်ချုပ်ရေးမှူးကပြောပါသည်။

KNPP နှင့် အစိုးရ တို့၏ တတိယအကြိမ် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲ

(ရွှေဟင်္သာသတင်းဌာန)

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) နှင့် အစိုးရ တို့၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ တို့၏ တတိယ အကြိမ် ပြည်ထောင်စု အဆင့် ဆွေးနွေး ပွဲကို ကယားပြည်နယ် ပြည်နယ် ခန်းမတွင် ယနေ့ မနက်(၁၀) နာရီတွင် စတင် ဆွေးနွေး ခဲ့ရာ ညနေ အချိန်ထိ ဆုံးဖြတ်ချက် တစုံတရာ မချနိုင် သေးကြောင်း KNPP ဆွေးနွေးပွဲ ကိုယ်စားလှယ် ခေါင်းဆောင် ဒုတိယ ဥက္ကဌ ခူဦးရယ်က ဆိုပါသည်။

“ ဒီနေ့တော့ မပြီး နိုင်ဘူး။ နက်ဖြန်ကျရင် တပ်ပိုင်း ဆိုင်ရာ ကိစ္စနဲ့ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးမယ့် ကိစ္စ အပေါ် KNPP ရဲ့ သဘော ထားကို ဆွေးနွေး ကြမှာပါ။ ဒီနေ့ မှာတော့ ကိစ္စ အတော် များများကို ဆွေးနွေး ခဲ့ပေမယ့် ဘာမှ မဆုံးဖြတ် နိုင်ကြဘူး” ဟုဆိုပါသည်။ 

Tuesday, October 22, 2013

အခြေခံ ဥပဒေ ပြင်ဆင်ရေး (သို့ ) အသစ် ရေးဆွဲ ရေးနှင့် မွန်တို့၏ အမျိုးသား ကွန်ဂရက်

(ရွှေဟင်္သာသတင်းဌာန)



ပြီးခဲ့သည့် စက်တင်ဘာ ၂၈ မှ ၃၀ မှ ကျင်းပသည့် မွန်အမျိုးသားလုံး ဆိုင်ရာ ညီလာ ခံတွင် မွန်အမျိုးသား ကွန် ဂရက် ကျင်းပရေး၊ စစ်မှန်သည့် ငြိမ်းချမ်း ရေးနှင့် တပြည်လုံး အပစ် အခတ် ရပ်စဲရေး၊ မွန်တမျိုး သားလုံး စည်းလုံး ညီညွတ်ရေး၊ မွန်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေးနှင့်၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ် ရေးဆွဲရေး စသည့် ဆုံးဖြတ် ချက်များ ချမှတ် ထားသည်ကို တွေ့ရ ပေသည်။

၎င်း ဆုံးဖြတ်ချက် များအနက် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးသို့မဟုတ် အသစ် ရေးဆွဲ ရေးသည် ယနေ့ မြန်မာ့ နိုင်ငံရေးတွင် ထိပ်ဆုံး ရောက်နေသည့် အကြောင်း အရာ တခု ဖြစ်သည်။

Monday, October 21, 2013

ဗုံးဖောက်သူများ၏ ရည်ရွယ်ချက်အပေါ် အစိုးရနှင့် KNU တို့ ရှင်းလင်းချက်ကွဲလွဲနေ

(Mizzima)

အောက်တိုဘာ ဒုတိယပတ်မှ စတင်ဖြစ်ပေါ်ခဲ့သည့် ဗုံးဖောက်ခွဲမှုများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို နှောင့်ယှက်
ဖျက်ဆီးလိုသည့် သဘောဖြင့် ပြုလုပ်သည်ဟု အစိုးရဘက်က ပြောဆိုထားသော်လည်း ဘာသာရေး၊ လူမျိုးရေး
ပဋိပက္ခများ ကြီးထွားအောင်လုပ်ဆောင်သည်ဟု KNU (ကရင်အမျိုးသားအစည်းအရုံး)က သုံးသပ် ပြောဆိုလိုက်
သည်။

ဗုံးဖောက်ခွဲမှုများတွင် ပါဝင်ပတ်သက်သူ ရှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းမိထားပြီဖြစ်ပြီး ၎င်းတို့၏ ၀န်ခံထွက်ဆိုမှုအပေါ် အစိုးရနှင့် KNU တို့၏ ရှင်းလင်းချက်မှာ အထက်ပါအတိုင်း ကွဲလွဲနေခြင်း ဖြစ်သည်။

Friday, October 18, 2013

KNU တပ်မဟာ ၅ ရဲ့ အရေးကြီးတဲ့ကြေညာချက်

(Irrawaddy)

ပြီးခဲ့တဲ့ရက်ပိုင်း ရန်ကုန်မြို့ပေါ် ဗုံးခွဲမှုတချို့မှာ တာဝန်ရှိတယ်လို့ သံသယဖြစ်ခံရသူတယောက်ဟာ  KNU ရဲ့ ဖာပွန်ဒေသ တပ်ဖွဲ့ဝင်ဖြစ်ဖူးကြောင်း သတင်းတချို့ထွက်လာပါတယ်။
ဒီသတင်းထွက်အပြီးမှာ   KNU ရဲ့ ဖာပွန်ခရိုင်/တပ်မဟာ ၅ က ကြေညာချက်တစောင် ထုတ်ပြန်ထားပါတယ်။  


ကြာသပတေးနေ့ရက်စွဲနဲ့ ထွက်လာတဲ့ ဒီကြေညာချက်မှာ

"ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများကို တစုံတရာ နှောင့်ယှက် ပျက်ပြားစေသည့် လုပ်ရပ်များ၊ အများပြည်သူကို ထိခိုက် နာကျင်စေခြင်းများ၊ ထိတ်လန့် ကြောက်ရွံ့စေခြင်းများကို မိမိတို့ အနေနှင့် လုံးဝ ဆန့်ကျင်ကန့်ကွက်သည်"

ဗဟိုဦးဆောင်မှုကို အပြည့်အ၀လိုက်နာကြောင်း KNU ဖာပွန်ခရိုင်ထုတ်ပြန်

(KIC)

လက်ရှိ မြန်မာ အစိုးရနှင့် ယုံကြည်မှု တည်ဆောက်ရေး ကို ထောက်ခံ သလို ဗဟို၏ ဦးဆောင်မှုကို အပြည့်အ၀ လိုက်နာကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU)၊ မူတြော် (ဖာပွန်) ခရိုင်၊ တပ်မဟာ(၅)မှ ယနေ့ရက်စွဲဖြင့် ကြေညာချက် တစ်စောင် ထုတ်ပြန် လိုက်သည်။

လတ်တလောအချိန်တွင် KNU တပ်မဟာ(၅)သည် KNU ဗဟို၏ ဦးဆောင်မှုကို မလိုက်နာဘဲ သီးသန့်ရပ်တည်လိုသည်ဟု သတင်းများ ထွက်ပေါ်လာသည့်အပေါ် ယခုလို ကြေညာချက် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း KNU တပ်မဟာ(၅) ရုံးထိုင်မှူး ပြောခွင့် ရသူ ဗိုလ်မှူးစောကလယ်ဒို့က ကေအိုင်စီသို့ ပြောသည်။

တိုက်ပွဲများဆက်တိုက်ဖြစ်နေသောကြောင့် တအာင်းဒေသတွင်း ရွာလုံးကျွတ်ထွတ်ပြေး

(တအာင်းမြေ)

အောက်တိုဘာဒုတိယပတ်မှစပြီး ပလောင်ဒေသအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်-TNLA နှင့် အစိုးရတပ်တို့ တိုက်ပွဲများအဆက်မပြတ် ဖြစ်လာသည့်အတွက် ကွတ်ခိုင်မြို့နယ်အတွင်း တအာင်းရွာများရှိရွာသားများမှာ ဇာတိရွာတွင်မနေရဲကြတော့ပဲ အနီးရှိ မိုင်းယုလေး စစ်ပြေးဒုက္ခသည်စခန်းသို့ လူဦးရေ ၂၀၀ ကျော်နှင့် နမ့်ဖတ်ကာသို့ လူဦးရေ ၃၀၀ကျော် အပါအ၀င် ၉၀၀ ခန့်သော ရွာသားများသည်လည်းတောတောင်ကြားတွင်ပြေးပုန်းနေကြရကြောင်း ငေါ့ငါးရွာမှတာဝန်ရှိသူတစ်ဦးမှ ဆိုပါ သည်။ 
 
“တိုက်ပွဲတွေက စိပ်သထက်ပိုစိပ်လာတော့ ရွာမှာမနေရဲတော့ဖူး၊ ဒီအတိုင်းပဲ ထွတ်ပြေးလာတာ ဘာမှတောင်ယူမလာခဲ့ရဘူး အသက်ဘေးလွတ်အောင် ပြေးလာရတယ်လေ’’ဟုပြောဆိုခဲ့သည်။

Thursday, October 17, 2013

အပစ်ရပ်စဉ် နယ်မြေသတ်မှတ်သင့်ကြောင်း ဖမ်းဆီးခံခဲ့ရသူ KNLA တပ်သား ၂ဦး ပြောဆို

(KIC)

အပစ်အခတ် ရပ်စဲချိန်အတွင်း နယ်မြေပိုင်းခြား သတ်မှတ်ထားသင့်ကြောင်း အစိုးရစစ်တပ်၏ ဖမ်းဆီးခြင်းမှ ပြန် လည်လွတ် မြောက်လာခဲ့သူ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) တောင်ငူခရိုင်၊ တပ်မဟာ(၂)မှ တပ်သားနှစ်ဦးက ပြောဆိုလိုက် သည်။

ဖမ်းဆီးခံရခြင်းမှ ပြန်လည် လွတ်မြောက်လာသူ စောနေဘလုက “အခုလို အပစ်ခတ်ရပ်ထားချိန်မှာ တိကျတဲ့နယ်မြေ ပိုင်းခြား သတ်မှတ်ပေးပြီး ကျနော်တို့နယ်မြေထဲမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ အစိုးရဘက်က ၀င်ရောက်နှောက်ယှက်တာ မလုပ်ဖို့ ကျနော်တို့ ခေါင်းဆောင်တွေကို အလေးထား ဆွေးနွေးစေချင်ပါတယ်။”ဟု ပြောသည်။

ဗုံးကွဲမှုတွေက KNU နဲ့ ပတ်သက်သလား

(Irrawaddy)

မြန်မာနိုင်ငံတ၀န်း ယခုလအတွင်း ဖြစ်ပွားခဲ့သည့် ဗုံးခွဲတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး သံသယရှိခံရသူ ၄ ဦးကို ဖမ်းမိ ထားပြီး တချို့မှာ  ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပတ်သက်ဆက်နွယ်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန် ပြောဆိုသည်နှင့် တပြိုင်နက်တည်း KNU ကလည်း မိမိတို့ လက်ချက်မဟုတ်ဟု သဘောထား ကြေညာချက် ထုတ်ပြန်လိုက်သည်။

နိုင်ငံတ၀န်း ပေါက်ကွဲခဲ့သော ဗုံးခွဲမှုများတွင် တောင်ငူ ဗုံးကွဲမှုမှလွဲ၍ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း မြို့များတွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု အားလုံးသည် ဖော်ထုတ်စစ်ဆေးမှုအရ ဆက်စပ်မှုများရှိနေကြောင်း၊ သံသယရှိခံရမှုဖြင့် ဖမ်းဆီးခံထား ရသူများတွင် တချို့က KNU နှင့် ပတ်သက်သည်ဟု ၀န်ခံချက်များရှိနေပြီး  လွတ်မြောက် နေသူများကိုလည်း ခြေရာခံ လျက်ရှိကြောင်း  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးမင်းအောင် ဧရာဝတီသို့ ပြောကြားသည်။

တိုက်ပွဲများကြောင့် အပစ်ရပ်ရေး ပျက်ပြယ်နိုင်ဟု RCSS သတိပေး

(Irrawaddy)

ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်း မြို့နယ်တွင် ယခုအောက်တို ဘာလ အတွင်း မြန်မာစစ်တပ် နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) တို့အကြား တိုက်ပွဲများ ဖြစ်ပွား နေပြီး တိုက်ပွဲ များကြောင့်  အစိုးရ ဦးဆောင်ကျင်းပရန် စီစဉ်ထားသည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပျက်ပြယ် သွားနိုင်ကြောင်း RCSS/SSA၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလောဝ်ဆိုင်းက ဧရာဝတီသို့ပြောသည်။

မြန်မာစစ်တပ်နှင့် RCSS/SSA တို့အကြား စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာလ ၁၂ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး  RCSS/SSA ကဖွင့်လှစ်ထားသော ကွန်ဟိန်းမြို့နယ်၊ ၀ိန်းနေကျေးရွာရှိ  မူးယစ်ဆေး ဖြတ်စခန်း ဖျက်ဆီး ခံလိုက်ရကြောင်း သိရှိရသည်။

သျှမ်း/မြောက် နမ့်ခမ်းမြို့တွင် ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

သျှမ်းသံတော်ဆင့် (ဟွမ်ဟွမ်) 
 
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ မြို့လယ်ဘုရားကျောင်းအနီးတွင် ဗုံးသုံးလုံးဆက်တိုက်ပေါက်ကွဲရာလူတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း သျှမ်းသံတော်ဆင့်မှ သတင်းရရှိသည်။

“မနေ့ ည ၁၀း၅၀ လောက်မှာ တစ်လုံးပေါက်တယ်၊ ဒီမနက် ၇း၀၀ နာရီ နဲ့ ၇း၃၀ မှာ တစ်ကြိမ်စီပေါက်ကွဲ တယ်၊ ဒီမနက် ပထမတလုံး ပေါက်တဲ့ဗုံးက အမှိုက်ရှင်းတဲ့ စည်ပင်ဝန်ထမ်းတစ်ဦး ၀မ်းဗိုက်ပေါက်ကွဲပြီး ပွဲချင်းပြီးသေဆုံးတယ်၊ ဒုတိယပေါက်တဲ့ဗုံး ကတော့ အသက် ၁၅ နှစ်အရွယ် ကလေးတစ်ဦးရယ် ပေါက်တဲန့်မ ရပ်ကွက်က တရုတ် အဖိုးကြီးတစ်ဦးရယ် ထိခိုက်ဒဏ်ရာရသွားတယ် ” ဟု အခင်းဖြစ်ပွားမှု တွင် မြင်တွေ့ရသူ စိုင်းအိုက်လှ ကပြောသည်။

ရန်ကုန်မြို့၌ ဗုံးဖောက်ခွဲမှုတွင် ဖမ်းဆီးခံထားရသူ စောမြင့်လွင်က ၎င်းသည် KNU နှင့် ဆက်စပ်ကြောင်း ထွက်ဆိုထား

(Eleven Media Group)
ပြည်တွင်း၌ ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့် မပေါက်ကွဲသေးသော ဗုံးတွေ့ရှိခဲ့သည့် ဖြစ်စဉ်များ၌ ကျူးလွန်သူမှာ KNU တပ်ဖွဲ့မှ ဖြစ်ကြောင်း ခိုင်လုံသော အထောက်အထားများ ရရှိနေပြီး ကျူးလွန်ခဲ့သူ တစ်ဦးနှင့် ပတ်သက်သူတစ်ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲမှူးကြီး မင်းအောင်က အောက်တိုဘာ ၁၆ ရက် ည ၉ နာရီအချိန်တွင် ပြောကြားသည်။

Wednesday, October 16, 2013

တိုက်ပွဲများအပြီး ကျေးလက်လူထုအား စစ်ကြောင်းကြားညှပ်၍ တပ်ဆုတ်



သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်အတွင်း ယခုလဆန်းပိုင်းက တိုက်ပွဲများဖြစ်ပွါးပြီးနောက်ပိုင်း  မြန်မာ စစ်တပ်က တပ်ဆုတ်ရာတွင် ကျေးလက်လူထုအား စစ်ကြောင်းကြားညှပ်ပြီး ကားလမ်းမ ကြီးအထိ လိုက်ပို့ပေး ဖို့ပြောဆိုတယ်လို့ ကွန်ဟိန်းမြို့ခံတွေကပြောပါတယ်။

ပြည်တွင်း ပေါက်ကွဲ မှုသည် KNU လက်ချက် မဟုတ်ကြောင်း ငြင်းဆန်

(ရွှေဟင်္သာသတင်းဌာန)

ပြည်တွင်း ဗုံးဖေါက်ခွဲ မှုနှင့် ထရိတ်ဒါး ဗုံးပေါက်ခွဲ မှုသည် KNU လက်ချက်ဟု စွပ်စွဲ ခဲ့လျှင် မည်သည့် အချက် အလက်ဖြင့် စွပ်စွဲ နေသည်ကို သိလိုကြောင်း၊ KNU စစ်ဦးစီးရုံး တာဝန်ခံ ဗိုလ်မှူးချုပ် ရော်ဂျာခင်က ထုတ်ဖေါ်ပြောကြား ခဲ့ပါသည်။

“ KNU မှာ ပြည်တွင်းမှာ ဗုံးဖေါက် ခွဲဖို့ ပေါ်လစီ မရှိဘူး။ လုပ်လည်း မလုပ်ဘူး။ တကယ်လို့ စွပ်စွဲမယ် ဆိုရင် ဘယ်သူက စွပ်စွဲတာလဲ ဘယ်အချက် အလက် အပေါ် အခြေခံပြီး စွပ်စွဲ တာလဲ ကျနော်တို့ ဆန်းစစ်မယ်။ မဟုတ်ဘူး ဆိုရင်တော့ အဲဒီ စွပ်စွဲ ချက်ကို ဘယ်သူ တာဝန်ခံ မှာလဲ သိချင်တယ်။ မဟုတ်ရင် KNU ကို သိက္ခာ ချဖို့ ဖန်တီး နေတာလား ဆိုတာ ဖြေရှင်း လိုတယ်” ဟု ဆိုပါသည်။ 

Tuesday, October 15, 2013

နိုင်ငံရေး ကစားလိုသော တတိယအင်အားစုတစ်ခု ကဖောက်ခွဲမှုများ ပြုလုပ်ခြင်း ဖြစ်နိုင်ဟုဆို



မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေး နွေးပွဲ များနှင့် နိုင်ငံရေးအပြောင်း အလဲများ ကိုမလိုလားသည့် တတိ ယအင်အားစုတစ်ခုမှ နိုင်ငံရေး တည်ငြိမ်မှုမရအောင် လှုံ့ဆော်မှု များနှင့် ဖောက်ခွဲဖျက်ဆီးရေးလုပ် ငန်းများ ကို လုပ်ကိုင်နေသည်ဟု ယူဆကြောင်း မြန်မာ့နိုင်ငံရေးလေ့ လာသူများ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများက ပြော ကြားလိုက်သည်။

KNU/KNLAမှ ဗိုလ်ကြီး စောမိုးဇက်က''ကျွန်တော်တို့အ ဖွဲ့အနေနဲ့ကတော့ ဒီလိုဖောက် ခွဲမှုတွေနဲ့ လုံးဝပတ်သက်မှုမရှိ ဘူးဆိုတာပြောရဲပါတယ်။ ဒီလုပ် ရပ်တွေနဲ့ပတ်သက်ပြီး ကျွန်တော် တို့တိုင်းရင်းသားတွေက လုံးဝရှုတ် ချပါတယ်။ ကျွန်တော် တို့ တိုင်းရင်း သားအဖွဲ့တွေနဲ့ အစိုးရငြိမ်းချမ်း ရေးဆွေးနွေးပွဲ အောင်မြင်တာ တွေ၊ နိုင်ငံရေးအပြောင်းအလဲကို မလိုလားတဲ့ နိုင်ငံရေးကစားလိုတဲ့ တတိယအဖွဲ့တစ်ခုလိုမျိုးက ဒီလို အဖျက်လုပ်ငန်းတွေကို လုပ်နေ တယ်လို့ ထင်ပါ တယ်''ဟု ပြော သည်။

ကရင့် လက်နက်ကိုင် အဖွဲ့များ နှစ်သစ်ကူး ကော်မီတီ ဖွဲ့စည်း

(ရွှေဟင်္သာသတင်းဌာန)

လာမည့် ၂၇၅၃ ခုနှစ်အ တွက် ကရင် နှစ်သစ်ကူးနေ့ ကျင်းပရေး ကော်မီတီကို ကရင့် လက်နက်ကိုင် အဖွဲ့ အစည်း များက မြ၀တီခရိုင် ရွှေကုက္ကိုမြိုင် ကျေးရွာတွင် ယနေ့ စုပေါင်း ဆုံးဖြတ် ခဲ့ကြ သည်ဟု ပြောရေး ဆိုခွင့် ရှိသူ အစိုးရ အမှတ် (၃) နယ်ခြားစောင့် တပ်မှ ရုံးထိုင်မှူး ဗိုလ်မှူး မင်းဦးက ဆိုပါသည်။

“ အခု ကျင်းပ တာက ဒုတိယ အကြိမ်ပါ။ ကျင်းပရေး ကော်မီတီ ကိုလည်း ဖွဲ့စည်း နိုင်ခဲ့တယ်။ သုံးတဲ့ ငွေကြေး ပမာဏ ကိုလည်း ဆုံးဖြတ် နိုင်ခဲ့တယ်။ အဖွဲ့ တော်တော်များ တက်ရောက် ပါတယ်။ စစ်ရေးပြ အခမ်းအနားပါ ကျင်းပ မယ်လို့ ဆုံးဖြတ် ထားတယ်။ ဒါပေမဲ့ အတည် မပြုနိုင် သေးဘူး” ဟု ဆိုပါသည်။ 

"တိုင်းရင်း သားများ ညီညွတ်ဖို့သာ အဓိက"

(ရွှေဟင်္သာသတင်းဌာန)

ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) သည် ၂၀၁၂ ခုနှစ် မတ်လတွင် အစိုးရနှင့် အပစ် အခတ် ရပ်စဲ ခဲ့ပါသည်။ အပစ် အခတ် ရပ်စဲရေး အတွက် ပြည်နယ် အဆင့် သဘော တူညီချက် (၅) ချက်နှင့် ပြည်ထောင်စု အဆင့် သဘော တူညီချက် (၁၄) ချက် တို့ဖြင့် စာချုပ် ချုပ်ဆို ခဲ့ပါသည်။

KNPP သည် ငြိမ်းချမ်းရေးကို လိုလားခြင်း အားဖြင့် နိုင်ငံရေး ပြသနာကို နိုင်ငံရေး အရ ဖြေရှင်း လိုသော စေတနာနှင့် အပစ်အခတ် ရပ်စဲ ခဲ့သည်မှာ အမှန် ဖြစ်ကြောင်း ဆိုပါသည်။ သို့သော်လည်း အစိုးရသည် ထိုသဘော တူညီချက် များကို ကြောခိုင်း ခဲ့ခြေပြီ။ တပြည်လုံး အပစ်အခတ် ရပ်စဲရေး အတွက် အသစ် လက်မှတ် ထိုးရန် လိုအပ် သည်ဟု ပြီးခဲ့သည့် စက်တင်ဘာ လဆန်းတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အား အသိပေး ခဲ့ပါသည်။ ထို့အတူ နောင်လာမည့် ဆွေးနွေးပွဲ များကိုလည်း UNFC အဖွဲ့နှင့် တွေ့ဆုံ တော့မည် မဟုတ်ဟု မွန်ပြည်နယ် မော်လမြိုင် မြို့ကျင်းပသော အပစ်ရပ် (၄) ဖွဲ့၏ ဆွေးနွေးပွဲ ပြုလုပ်ချိန်တွင် ၀န်ကြီး ဦးအောင်မင်း က ထုတ်ဖေါ် ပြောကြား ခဲ့ပြန် ပါသည်။

ခရီးသွားလုပ်ငန်း မြှင့်တင်ရန် ပြသနာ တချို့ မွန်ပြည်နယ် ထဲတွင် ရင်ဆိုင်နေရ

(ရွှေဟင်္သာသတင်းဌာန)



မွန်ပြည်နယ်၏ ခရီးသွား လုပ်ငန်း များကို အဆင့် မြှင့်ရာတွင် လိုအပ်သော တည်းခို ခန်းများ တည်ဆောက် ရာမြေယာ ပိုင်ဆိုင်မှု ကိစ္စ များနှင့် လုပ်ငန်းခွင် စီမံ ခန့်ခွဲမှု အားနည်း နေသေး သည်ဟု မွန်ပြည်နယ် စည်ပင် သာယာရေး ဝန်ကြီး ဒေါက်တာ တိုးတိုးအောင်က ဆိုပါသည်။

“အထူးသဖြင့် ရေးမြို့နယ် အစင်း ဇီဖြူသောင် ကျေးရွာက ပင်လယ် ကမ်းခြေက မြေကွက်တွေ ဆိုရင် ဒေသခံ တွေရဲ့ မြေလား အဲဒီလို စစ်ဆေး ရဦးမယ်။ တကယ်လို့ ဒေသခံ တွေရဲ့မြေ ဖြစ်နေမယ် ဆိုရင် လျှော်ကြေးပေး ၀ယ်ယူ ရလိမ့်မယ်။ ဒါကြောင့် အချိန်ယူပြီး စီစစ် ဦးမှာပါ” ဟု ဆိုခဲ့ ပါသည်။

အစိုးရနှင့် ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦးတို့ အောက်တိုဘာ ဒုတိယပတ်တွင် ငြိမ်းချမ်းရေး ဆွေးနွေးမည်

(Mizzima)

မြန်မာ့ငြိမ်းချမ်းရေးဂေဟာ MPC မှ နည်းပညာ အထောက်အကူပြုအဖွဲ့နှင့် ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦးတို့
အောက်တိုဘာ ၁၄ ရက် အလွတ်သဘော တွေ့ဆုံမှုတွင် အောက်တိုဘာ ဒုတိယပတ်၌ နှစ်ဖက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ
ပြုလုပ်ရန် မူအားဖြင့် သဘောတူညီမှုရရှိခဲ့သည်ဟု MPC ၏ အကြီးတန်း အရာရှိ ဦးလှမောင်ရွှေက ပြောသည်။

“နောက်အစည်းအဝေးကို ဆောင်ရွက်နိုင်ဖို့ အကြိုညှိနှိုင်းတဲ့ သဘောပါပဲ။ လာမယ့် နှစ်ဖက်တွေ့ဆုံပွဲကို အောက်တိုဘာ ဒုတိယပတ်လောက်မှာ လုပ်ဖို့ကိုတော့ အကြမ်းဖျင်း သဘောတူနိုင်ခဲ့ကြတယ်”ဟု ဦးလှ မောင်ရွှေက မဇ္ဈိမကို
ပြောသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ် လက်မှတ်ရေးထိုးပွဲတွင် ပါဝင်ရန် သဘောတူထားသည့် RCSS/SSA နှင့် အစိုးရတပ်များ တိုက်ပွဲဖြစ်ပွား

(Eleven Media Group)

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပွဲတွင် ပါဝင်ရန် သဘောတူထားသည့် အဖွဲ့များတွင် တစ်ဖွဲ့အပါအ၀င် ဖြစ်သော ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် အစိုးရတပ်များ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေကြောင်း သိရသည်။

လက်ရှိတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ မှန်ကန်ကြောင်းနှင့် နေရာနှင့် မည်သည့်အတွက်ကြောင့် ဖြစ်ပွားနေသည် ဆိုသည်ကိုမူ အတိအကျ မသိရသေးကြောင်း RCSS/SSA ၏ တောင်ကြီးမြို့ ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးစိုင်းမောင်းက ပြောကြားသည်။ ''တိုက်ပွဲတွေ ပြန်ဖြစ်နေတယ် ဆိုတာကတော့ သေချာပါတယ်။ ဘယ်နေရာတွေမှာ ဖြစ်တယ်ဆိုတာနဲ့ ဘာကြောင့်ဖြစ်ရတယ် ဆိုတာတွေကတော့ အတိအကျ မသိသေးဘူး'' ဟု ဦးစိုင်းမောင်းက အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။

TNLA နှင့် အစိုးရ နည်းပညာ အထောက် အကူပြု အဖွဲ့တို့ ဒုတိယ အကြိမ် တွေ့ဆုံ

(ရွှေဟင်္သာသတင်းဌာန)

ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) အဖွဲ့နှင့် အစိုးရ နည်းပညာ အထောက် အကူပြု အဖွဲ့တို့သည် ယနေ့ မနက် ပိုင်း (၈)နာရီတွင် တရုတ် နိုင်ငံ ရွှေလီမြို့ Return ဟိုတယ်၌ ညနေ (၃) နာရီ အထိ ဒုတိယ အကြိမ် အလွတ် သဘော တွေ့ဆုံ ဆွေးနွေး ခဲ့ကြ သည်ဟု ဥက္ကဌ ဖြစ်သူ တားအိုက်ဖုန်း က ဆိုပါသည်။

“ အပစ်ရပ်ဖို့ ကိစ္စကို ဆွေးနွေး တာပါဘဲ။ အဲဒါလည်း ကျနော်တို့ ဗဟို ကော်မီတီကို တင်ပြမယ်။ ပြီးတော့ လာမယ့် ဒုတိ ယအပါတ်၊ တတိယ အပါတ်မှာ ပြန်ဆုံ ကြမယ် အဲဒါ တွေကို သဘောတူ ကြတာပေါ့။ အဲဒါ ပါဘဲ” ဟု ဆိုပါသည်။ 

RCSS/SSA နယ်မြေတွင် တိုက်ခိုက်မှု များလာနေ

(ရွှေဟင်္သာသတင်းဌာန)



ရှမ်းပြည် တောင်ပိုင်း ကွန်ဟိန်း မြို့နယ်ရှိ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA ၏ လုံခြုံရေး စခန်း တခုကို အောက်တိုဘာ (၁၂) ရက်နေ့၌ အစိုးရ တပ်ဖွဲ့ တို့က ရှောင်တခင် ဝင်ရောက် တိုက်ခိုက် သောကြောင့် ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ဆိုပါသည်။

ဝိန်းဖွီး ဘိန်းဖြတ် စခန်းကို လုံခြုံရေး ယူထားတဲ့ ကျနော်တို့ တပ်ဖွဲ့ စခန်းကို မိုင်းဇန် မြို့နယ်ခွဲမှာ အခြေ စိုက်တဲ့ အစိုးရ ခလရ (၁၅၀) တပ်ဖွဲ့ တွေက ရှောင်တခင် ၀င်ရောက် တိုက်ခိုက်တာ ဖြစ်တယ်။ တိုက်ပွဲဟာ() နာရီ ခွဲခန့် ကြာသွား ခဲ့ပါတယ်ဟု ဆိုပါသည်။

Monday, October 14, 2013

၈ နှစ်ခန့်ရပ်နားထားရသည့် သျှမ်းနိုင်ငံရေးဂျာနယ် ပြန်လည်ထုတ်ဝေမည်



၂၀၀၅ ခုနှစ်ကတည်းက ရပ်ထားသည့် Shan State Journal ခေါ် ဇင့်တိုင်း စာစောင် ယခုလ အတွင်းပြန် လည်ထုတ်ဝေတော့မည်ဟု အယ်ဒီတာအဖွဲ့ဝင် ဆရာဟိန်းကာယန်းက ပြောသည်။

အောက်တိုဘာအတွင်း ပြန်လည်ထုတ်ဝေတော့မည့် ဇင့်တိုင်းစာစောင်တွင် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး သတင်းများအပြင် ဒေသန္တရသတင်းများကို သျှမ်းဘာသာဖြင့် တလနှစ်ကြိမ်ထုတ်ဝေသွားမည်ဟုပြောသည်။

စစ်မှန်သည့် ငြိမ်းချမ်း ရေးသည် အစိုးရ၏ စေတနာ အပေါ် တွင်သာ မူတည်

(ရွှေဟင်္သာသတင်းဌာန)



၂၀၀၇ ခုနှစ် ကတည်းက စလို့ အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့တဲ့ ကရင် ငြိမ်းချမ်းရေး ကောင်စီလို့ လူသိ များတဲ့ KNU/KNLA - PC အဖွဲ့ဟာ အပစ်အခတ် ရပ်စဲပြီး နောက်မှာတော့ စာချုပ်ပါ သဘော တူညီချက် တွေအတိုင်း အစိုးရ ဘက်က လိုက်နာ လုပ်ဆောင် ပေးခဲ့ခြင်း မရှိ ဘူးလို့ ဆိုပါတယ်။

ဒါ့ပြင်ကို ၄င်းတို့ အဖွဲ့ရဲ့ ထိန်းချုပ် ဒေသ တွေမှာလည်း ၄င်းတို့ရဲ့ အခြေစိုက် စခန်း အနီး အထိကို အစိုးရ တပ်စခန်းတွေ ချလာပြီး စစ်ရေး အင်အား တိုးချဲ့ ချလာ နေတယ်လို့ ဆိုပါတယ်။ တပ်ဖွဲ့ ဝင်တွေ ခရီး သွားလာမှု တွေမှာလည်း ပိတ်ပင် တားဆီး မှုတွေ ရှိနေ တယ်လို့ ဆိုနေ ပါတယ်။ ဒီအကြောင်းကို ရွှေဟင်္သာ သတင်းဌာနက နေပြီး KNU/KNLA-PC အဖွဲ့က ဗိုလ်မှူးကြီး တိုက်ဂါး လို့ခေါ်တဲ့ စောအယ်လ်ကော်ထူးကို ဆက်သွယ် မေးမြန်း ထားတာကို တင်ဆက် ပေးလိုက် ပါတယ်။

Sunday, October 13, 2013

ရှမ်းတပ်နှင့်အစိုးရ တိုက်ပွဲပြန်ဖြစ်၊ ဒုက္ခသည်များ ထွက်ပြေးတိမ်းရှောင်

(DVB)

အခုရက်ပိုင်း အတွင်း ရှမ်းပြည် နယ်တောင်ပိုင်း ကွန်ဟိန်းမြို့နယ် အတွင်းမှာ အစိုးရ တပ်တွေနဲ့ အာရ်စီအက်စ်အက်စ်၊ အက်စ်အက်စ်အေ ရှမ်းပြည်တောင်ပိုင်း တပ်တွေ တိုက်ပွဲ ပြန် လည် ဖြစ်ပွားနေလို့ ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

မနေ့မနက် ၁၀ နာရီဝန်းကျင်လောက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေလို့ ကွန်ဟိန်းမြို့နယ် ပိန်းနေရွာ၊ ၀ိန်းဖီးရွာနဲ့ အနီးအနားက ဒေသခံရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

အစိုးရတပ်နှင့် RCSS တိုက်ပွဲဆက်တိုက်ဖြစ် ဒေသခံ ရာချီစစ်ဘေးရှောင်ရ

သျှမ်းသံတော်ဆင့် 

သျှမ်းပြည်တောင် ပိုင်းကွန်ဟိန်းမြို့နယ် အတွင်း အစိုးရတပ်နှင့် သျှမ်းပြည် တပ်မတော် RCSS/SSA တို့ ယခုရက်ပိုင်း အတွင်း တိုက်ပွဲများ ဆက်တိုက် ဆင်နွဲနေသောကြောင့် ဒေ သခံ ရွာသူရွာသား ရာဂဏန်းက စစ်ဘေး တိမ်းရှောင်နေ ရသည်ဟု ဒေသခံ များက ပြောပါသည်။

စက်တင်ဘာ ၃၀ ရက်မှ ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့ အထိ သျှမ်းပြည်တောင် ပိုင်း ကွန်ဟိန်းမြို့ အရှေ့တောင်ဘက် ကျိုင်းလုံး (မ်း) ဒေသ ဘက်၌ မိုင်းဇန်မြို့နယ်ခွဲ အခြေစိုက် အစိုးရတပ် ခမယ ၁၅၀ နှင့် ဒေသအတွင်းအခြေချ လှုပ်ရှား သော သျှမ်းပြည်တပ်မတော် RCSS(SSA) တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား နေခြင်း ဖြစ်၏။

Friday, October 11, 2013

အစိုးရ စာသင် ကျောင်း၌ ကရင်စာ သင်ကြား ရေးကို စီစဉ်

(ရွှေဟင်္သာသတင်းဌာန)

ကရင် ပြည်နယ် အစိုးရ၏ ကမ်းလှမ်းချက် အရ လာမည့် စာသင် နှစ်တွင် အစိုးရ စာသင် ကျောင်းကရင်စာ သင်ကြား နိုင်ရန် အတွက် လိုအပ်သော ကရင်စာ တတ်သည့် ကျောင်းဆရာများ ရရှိရေး ဆွေးနွေးပွဲ တစ်ရပ်ကို ဒီမိုကရေစီ အကျိုးပြု ကရင့် အမျိုးသား တပ်မတော် (DKBA) ဌာနချုပ် ဖြစ်သည့် မြ၀တီ ခရိုင် ဆုံဆည်းမြိုင် ကျေးရွာတွင် ကျင်းပရာ ယနေ့ပြီးဆုံး သွားခဲ့ကြောင်း ပြောခွင့် ရသူ ဗိုလ်မှူးချုပ် မိုရှေးက ဆိုပါသည်။

“ကရင်စာ တတ်တဲ့ ဆရာ ဆရာမ တွေကို ရှာခိုင်း တာပါ။ ပထမ နှစ်မှာ သူငယ်တန်း ကနေ စသင်မယ်။ တဖြည်းဖြည်းနဲ့ တိုးသွားတဲ့ သဘောပေါ့။ အစိုးရက လစာ ပေးမယ်။ ပိုးကရင် များတဲ့ နေရာမှာ ပိုးကရင် စာသင် မှာပေါ့၊ စကော ကရင် များရင် စကော ကရင်စာ သင်မှာပေါ့။ တပြည်နယ်လုံး သင်ကြမယ်” ဟု ဆိုပါသည်။ 

လနှင့်ချီကာ ရွာအတွင်း အစိုးရတပ် အခြေချလှုပ်ရှား ဒေသခံများစိတ်သောကရောက်

 

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း၌ သျှမ်းတပ်ဖွဲ့ လှုပ်ရှားသည်ဟု ဆိုကာ မြန်မာစစ်ကြောင်း က ရွာထဲစခန်းချ ရွာသားများ၏ ခြံထွက်ပစ္စည်များ ထင်းများ ယူငင်သုံးစွဲ ကာ နေ့စဉ်တောနင်း လိုက်ရှာနေသဖြင့်  ရွာသားများ စားဝတ် နေရေးအတွက်ထိခိုက်ရကြောင်း ဒေသတွင်းသတင်းရပ် ကွက်ကဆိုပါ သည်။

စက်တင်ဘာလနှောင်းပိုင်းကတည်းက သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်ဘက် အစိုးရတပ် ခလယ ၆၈၊ ခမယ ၃၂၄၊ ၅၀၃၊ ၅၀၄ နှင့် ၇၀၁ တပ်များ ကျေးရွာအတွင်း ဝင်ရောက်စခန်းချကာ အနီးပတ်ဝန်းကျင်တောတွင်းသို့ သျှမ်းစစ်သား များအား လိုက်ရှာကြောင်း၊ ရွာအတွင်း လချီ၍နေထိုင်သဖြင့် ရွာသားများ အခက်တွေ့ရကြောင်း မိုင်းယင်ဒေသခံ စိုင်းဆိုင်က ပြောပါသည်။

Thursday, October 10, 2013

အစိုးရ တပ်ပြောင်းရွှေ့ရေး KNU နှင့် အောက်တိုဘာလကုန် တွင် ဆွေးနွေးမည်

(KIC)

ကရင်အမျိုးသား အစည်းအရုံး(KNU) ထိန်းချုပ် နယ်မြေ အတွင်း မြန်မာအစိုးရ၏ တပ်နေရာပြောင်းရွှေ့ရေး ကိစ္စ အကောင် အထည် ဖော်သွားရန် ယခုအောက်တို ဘာလ ၂၈ရက်နေ့ တွင် KNU နှင့် တွေ့ဆုံဆွေးနွေးကြရန် ယမန်နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့တွင် နှစ်ဖက် အလွတ်သဘော ဆွေးနွေးခဲ့ကြသည်။

KNU ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ ဦးဆောင်သော အဖွဲ့ဝင် ၆ဦးသည် အစိုးရ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ်-ရတခ တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း၊ G-1 ဒုဗိုလ်မှူးကြီးဘုန်းအောင်မြင့်၊ တပ်မ(၂၂)ဗျူဟာမှူး ဗိုလ်မှူးကြီးကံမောင်ဦးတို့နှင့် ဖားအံမြို့ရှိ တပ်မ(၂၂) ခမ်းမဆောင်၌ ယမန်နေ့ညက တစ်နာရီကျော် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

Wednesday, October 9, 2013

ရှမ်းတိုင်းရင်းသား တို့ရဲ့ ဟော်နန်း နေ၀င်ချိန် ပုံရိပ်များ

(KachinDuwa)

ဗိုလ်ချုပ်ကြီး နေ၀င်း လက်စ ဖြောင့်လိုက်တဲ့ ရှမ်းတို့ရဲ့ ပဒေသရာဇ် နန်းတော်... ဧရာဝတီသတင်းဌာနက တင်ပြထားပါတယ်။
အင်္ဂလိပ်နယ်ချဲ့က ဗမာ ဘုရင်ကို စစ်ရှုံးလို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အိန္ဒိယနိုင်ငံ ကာလာကတ္တားမြို့မှာ တခန်းတနား နဲ့ နေရာချပေးထားတယ်။ ပြန်လာလို့ ရပေမယ့် သူတို့ အမျိုးတွေ တစ်ယောက်မှ ပြန်လာတာ မကြားသေးပါ။ စည်းစိမ်ယစ်မှူးနေတာလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မြန်မာ့သမိုင်း၊ တီဗီ တွေမှာတော့ လွမ်းခန်း ဆွေးခန်းတွေနဲ့ ဖွဲ့နွဲ့ခဲ့ကြပါတယ်။

ရှမ်းစော်ဘွား တွေ စစ်ရှုံးတာ မဟုတ်... ပြည်ထောင်စုမြန်မာနိုင်ငံတော် အတွက် လက်မှတ်ထိုးခဲ့သူများ အဖမ်းခံရတယ်... အသေသတ်ခြင်းခံရတယ်။ သူတို့ရဲ့ နန်းတော်တွေ တခုမှ ရစရာ မရှိ။ စုတ်ပြတ်သပ်အောင် လုပ်ထားတယ်။ သမိုင်းမှာ တခါမှ မလွမ်းသေးပါ။

အစိုးရ ဖိအား ပေးမှုကြောင့် မွန်ပြည်သစ်ပါတီ တပ်စခန်းတခု ဆုတ်ခဲ့ရ

(ရွှေဟင်္သာသတင်းဌာန)

နယ်မြေခံ အစိုးရ တပ်မှူး များ၏ ဖိအားကြောင့် မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ်ရှိ မွန်ပြည်သစ်ပါတီ (NMSP) တပ်စခန်း တစ်ခုကို ပြီးခဲ့သည့် အောက်တိုဘာလ () ရက်နေ့က ဆုတ်ခွာ ပေးခဲ့ ရကြောင်း အစိုးရ အရာရှိ များနှင့် သွားရောက် ညှိနှိုင်း ဆွေးနွေး ခဲ့ရသည့် NMSP ၏ မော်လမြိုင်မြို့ ဖွံ့ဖြိုးရေးရုံး တာဝန်ခံ နိုင်အမ်စိုက်ချမ်းက ဆိုပါသည်။

ဒီဝဲကလိမှာ ရှိတဲ့ တိုင်းဗဟို (၄) တန်းမြင့် စစ်ရေး လေ့ကျင့်ရေး ကျောင်းက ဗိုလ်မှူးကြီး အောင်မင်းရယ်၊ အမှတ် (၃၁၅) တပ် က တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး မြင့်စိန်ရယ် သူတို့က ကျနော်တို့ သံဖြူဇရပ် ဆက်ဆံရေးရုံး အဖွဲ့ တွေကို သံဖြူဇရပ် စရဖ ရုံးမှာ ခေါ်တွေ့ ပြီးတော့ ရဲတံခွန် စခန်းကို အမြန် ပြောင်းပေးဖို့ အရှေ့တောင်တိုင်း အမိန့် ဆိုပြီး ပြောလိုက်တယ်”ဟု ဆိုပါသည်။

အစိုးရတပ်နှင့် RCSS ဟိုမိန်းမြို့နယ်ခွဲအတွင်း ရင်ဆိုင်တိုက်ပွဲဖြစ်

 

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့နယ်ခွဲအတွင်း အခြေစိုက် လှုပ်ရှားသည့် အစိုးရ တပ် စစ်ကြောင်းတကြောင်း နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု ဒေသ အတွင်းသတင်းရပ်ကွက်က ပြောသည်။

အောက်တိုဘာ ၆ ရက် ပြီးခဲ့သည့် တနင်္ဂနွေနေ့က သျှမ်းပြည်တပ်မတော် အမှတ် ၆ စစ်ဒေသ လက် အောက်ခံ တပ်ဖွဲ့က ဟိုမိန်းမြို့နယ်ခွဲ မယ့်အောလုံရွာ အနောက်တောင်ဘက် တောလှည့်စဉ် အစိုးရတပ် ခလရ ၂၈၇ ဗိုလ်ကြီးကျော်သူရ ဦးဆောင်သည့် စစ်ကြောင်းနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မြန်ပြည်တခွင်က သျှမ်းတောင်သူများ မိုးနဲမြို့၌တွေ့ဆုံ

 

ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နှင့် သျှမ်းပြည်တို့မှ သျှမ်းတောင်သူလယ်သမား ၁၇၀ ကျော်က သျှမ်းပြည်တောင်ပိုင်း မိုးနဲ မြို့၌ တွေ့ ဆုံကြကာ မြေယာ သိမ်းပိုက်မှုနှင့်ပတ်သက်သည့် အတွေ့ အကြုံများဖလှယ်ကြသည်ဟု ဆိုသည်။

တွေ့ဆုံပွဲကို အောက်တိုဘာ ၇ ရက်နေ့ကပြုလုပ်ခဲ့ရာ သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့ စေတနာရှင် တဦးက ကမကထ ပြု ကြောင်း၊  ကချင်ပြည်နယ် မန်စီမြို့နယ် လွယ်ဟိုဆေဒေသ တောင်သူလယ် သမားများ၊ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ဘက် မှ တောင်သူလယ်သမားများ၊ သျှမ်းပြည်တောင်၊ မြောက်၊ အရှေ့ပိုင်းတို့မှ တောင်သူလယ်သမားကိုယ်စားလှယ်များအား မိုးနဲမြို့သို့လေ့လာရေးခရီး စဉ်အဖြစ် ဖိတ်ခေါ်ကာ တွေ့ဆုံခြင်းဖြစ်သည်ဟု တက်ရောက်သူလယ်သမား စိုင်းကော က ပြောပါသည်။

Monday, October 7, 2013

တနိုင်ငံလုံး အပစ်ရပ်ရေး လက်မှတ်ထိုးရန် ကေအဲန်ယူ သဘောထားရှိ

(KIC)

မြန်မာအစိုးရ ဖိတ်ခေါ်ထားသည့် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး လက်မှတ်ရေးထိုးရန် သဘောထားရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုမန်းငြိမ်းမောင် က ပြောကြားလိုက်သည်။

ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ၊ သေ့ဘေ့ထစခန်းတွင် အောက်တိုဘာ ၅ရက်နေ့က ကျင်းပပြုလုပ်သည့် (ကေအဲန်ယူ)၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုဖြစ်စဉ်နှင့် ကရင်အမျိုးသားစည်းလုံးညီညွှတ်ရေး ရှင်းလင်းပွဲတွင် ကေအိုင်စီ၏ မေးမြန်းချက်ကို ပဒို မန်းငြိမ်းမောင်က ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကရင် အမျိုးသား စည်းလုံး ညီညွတ်ရေး ဆိုင်ရာ ရှင်းလင်းပွဲ အသံများ

(ရွှေဟင်္သာသတင်းဌာန)

ကရင် အမျိုးသား အစည်းအရုံး (KNU) ဦးဆောင်သော ကရင် အမျိုးသား စည်းလုံး ညီညွတ်ရေး ဆိုင်ရာ ရှင်းလင်းပွဲ တရပ် ကို ကရင်ပြည်နယ် လှိုင်းဘွဲ မြို့နယ်ရှိ (KNU) ထိန်းချုပ် နယ်မြေ တပ်မဟာ (၇) ဧရိယာ သေ့ပေ့ထ စခန်းတွင် အောက်တို ဘာလ (၅) ရက်နေ့က ကျင်းပ ခဲ့ကြောင်း ရှင်းလင်း ပွဲကို တက်ရောက် ခဲ့သည့် KNU ဗဟို ကော်မတီဝင် တစ်ဦး ဖြစ်သူပဒို စောသမိန်ထွန်းက ဆိုပါသည်။

“ စုစုပေါင်း ကိုယ်စားလှယ် (၁၇၀) ဦးလောက် တက်တယ်။ အထူး သဖြင့် အစိုးရနှင့် ဆက်ဆံရေး အခြေအနေ၊ တခြား တိုင်းရင်းသား တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှု အခြေအနေ၊ လောလောဆယ် ရင်ဆိုင် နေရတဲ့ ပြသနာ တွေကို ရှင်းပြတဲ့ပွဲ ပါဘဲ” ဟု ဆိုပါသည်။ 

မြန်မာအစိုးရစစ်တပ်က ဖမ်းဆီးထားသည့် KNLA တပ်သား ၂ဦး ပြန်မလွှတ်သေး

(KIC)

မြန်မာ အစိုးရ စစ်တပ် သည် တောင်ငူခရိုင်၊ သံတောင်မြို့ နယ်တွင် ကရင် အမျိုးသား အစည်းအရုံး (KNU)၏ တပ်သား ၂ဦးကို အောက်တို ဘာ ၁ရက်နေ့က ဖမ်းဆီးခေါ်ဆောင် သွားရာ ယခု အချိန် ထိ ပြန်မ လွှတ်သေးကြောင်း KNU တောင်ငူ ခရိုင်မှ တာဝန်ရှိ သူများ က ပြောသည်။

၎င်းဒေသရှိ အစိုးရတပ် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း(ခမရ-၄၄၀)၏ ဒုရင်းမှူးရဲထွန်း ဦးဆောင် သော စစ်ကြောင်းသည် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၅)မှ တပ်သား စောအောင်ကိုလတ်နှင့် စောနေမူးတို့ကို သံတောင်မြို့နယ်၊ သံမိုးတောင်လမ်းခွတွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

Sunday, October 6, 2013

ကရင့် အမျိုးသား တော်လှန်ရေး အကွေ့ အလှည့် ထဲမှ သမိုင်းကြောင်းများ

(ရွှေဟင်္သာသတင်းဌာန)

ကရင့် ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA-PC) သည် ၂၀၀၇ ခုနှစ် ဖေဖေါ်ဝါရီ လတွင် KNU မှ ခွဲထွက် ခဲ့ပါသည်။ ၄င်းတို့ ခွဲထွက် လာပြီး နောက်ပိုင်း အစိုးရနှင့် အပစ်အခတ် ရပ်စဲ ခဲ့ပါသည်။

၎င်းတို့ ဘာကြောင့် KNU မှ ခွဲထွက် ခဲ့ရ တာလဲ ? ငြိမ်းချမ်းရေး သဘော ထားနှင့် ကရင့် အမျိုးသား ရင်ကြား စေ့ရေး အတွက် ဘယ်လို သဘော ထားပြီး ဘာတွေ ဆောင်ရွက် နေတာလဲ ? စသည် များအား သိရှိ နိုင်ရန် ကရင့် ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှူးချုပ် လည်းဖြစ် ဒေါက်တာ တဦးလည်း ဖြစ်သူ တီမိုသေ (Timothy) အား ဆက် သွယ် မေးမြန်း ခဲ့ပါသည်။ 

Saturday, October 5, 2013

တနိုင်ငံလုံး လက်မှတ် ထိုးပွဲတွင် အဖွဲ့အားလုံး ပါဝင် နိုင်ရေး သည်သာ အနှစ်သာရဟု RCSS ဆို

(ရွှေဟင်္သာသတင်းဌာန)

လက်ခံသည့် အဖွဲ့ များဖြင့် လက်မှတ် ရေးထိုးပြီး စတင် အကောင်အထည် ဖေါ်တော့မည့် အစိုးရ၏ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲ အပေါ် သဘော ထားသည် မဖြစ် သင့်ကြောင်း အောက်တို ဘာလ () ရက်နေ့ကျင်းပသည့်ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS ၏ အရေးပေါ်ဗဟို အလုပ် အမှုဆောင်အစည်း အဝေးမှ တိုက်တွန်း ပြောကြား လိုက်သည်ဟု ပြောခွင့် ရသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဆိုင်မိဏ်း က ဆိုပါသည်။

 ဦးအောင်မင်းရဲ့ ပြောကြား ချက်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ အစိုးရ ဖော်ဆောင် လိုတဲ့ တနိုင်ငံလုံး ဆိုင်ရာ အပစ် အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲမှာ အဖွဲ့အစည်း အားလုံး ပါဝင်မှ တနိုင်ငံလုံး အတိုင်းအတာ ဆောင်တယ်လေ။ အဲဒီလို အခြေအနေ မျိုးမှာ သက်သေ အနေနဲ့ နိုင်ငံ တကာက ပါဝင် လာရင် ပိုကောင်း တာပေါ့ဟု ဆိုပါသည်။

RCSS ၏ အရေးပေါ်အစည်းအဝေးအပြီး အပစ်ရပ်ပြီး နှစ်နှစ်ကာလအတွင်း သုံးသပ်ချက်ထွက်ရှိ

(Mizzima)

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းတပ်မတော်(RCSS/SSA) ၏ အရေးပေါ် ဗဟိုကော်မတီ
အစည်းအဝေးကို အောက်တိုဘာလ(၁) ရက်က ၎င်းတို့ဌာနချုပ်ရှိရာ ရှမ်းပြည်တောင်ပိုင်း လွယ်တိုင်းလျန်ဒေသတွင်
ပြုလုပ်ပြီးနောက် ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များကို  ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်တွင် အစိုးရနှင့် RCSSတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိပြီး နှစ်နှစ်တာ ကာလ
အတွင်း အခြေအနေများကို အဓိက သုံးသပ်ထားပြီး RCSS ၏ ငြိမ်းချမ်းအရေးအတွက် ဆက်လက်အကောင်အထည်
ဖော်မည့် အစီအစဉ်တစ်ချို့ ပါဝင်သည်။

အစိုးရ နှင့် အပစ်ရပ်ကာလ ၂ နှစ်ခရီး RCSS ပြန်လည်သုံးသပ်

 


သျှမ်းပြည် တပ်မတော် RCSS/ SSA နှင့် အစိုးရ တို့ အပစ်ရပ် သက်တမ်း ၂ နှစ်နီးပါး ကာလအတွင်း တိုက် ပွဲပေါင်း ၁၃၃ ကြိမ်ဖြစ်ပွားခဲ့သောကြောင့် တိုက်ပွဲလျှော့ချနိုင်ရေးအတွက် RCSS/SSA ဘက်မှအပစ်ရပ် ခရီးပြန်လည် သုံးသပ်ခဲ့ပါသည်။

၂၀၁၁ အစိုးရနှင့်ပဏာမအဆင့် အပစ်ရပ်ရေး သဘောတူစာချုပ် ချုပ်ဆိုသည့် နောက်ပိုင်းအစိုးရတပ်က သ ဘောတူညီချက် မလိုက်နာဘဲ ဆင်နွဲခဲ့သည့် တိုက်ပွဲပေါင်း ၁၂၂ ကြိမ် ရှိ ကြောင်း၊ တုန့်ပြန်သည့်အနေဖြင့် RCSS/SSA ဘက်မှ ပြန်လည်တိုက်ခိုက်သည့် တိုက်ပွဲပေါင်း ၁၁ ကြိမ် ရှိကြောင်း - စသည့်အချက်များပါ အပစ်ရပ်ခရီးပြန်လည်သုံးသပ်သည့် အစီရင်ခံစာ တစောင် ထုတ်ပြန်ခြင်းဖြစ်သည်။

Thursday, October 3, 2013

TNLA တအန်းတပ်(၂၅၆) နှင့် မြန်မာတပ် (ခမရ- ၅၀၆) ရင်ဆိုင် တိုက်ပွဲတွင် မြန်မာတပ်ဖွဲ့ ၂ ဦး ကျဆုံး

၃ ရက် အောက်တိုဘာလ ၂၀၁၃ ခုနှစ်။

နမ့်ဆန်မြို့နယ် ဘန်လူမ် ရွာအနီး တောတန်းတွင် တအန်းတပ်မတော် တပ်ရင်း ၂၅၆ နှင့် မြန်မာ တပ်မတော် ခမရ ၅၀၆ စစ်ကြောင်းတို့ ယနေ့ အောက်တိုဘာလ ၃ ရက် နံနက် ၀၅း၃၀ နာရီခန့်မှ ၀၆း၀၀ နာရီခန့်အထိ နာရီဝက်ကျော်ကြာ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ မြန်မာတပ်မှ အနဲဆုံး ၂ ဦးကျဆုံး

တပ်ရင်း ၂၅၆ သည် မိမိတပ်ရင်းနယ်မြေ တောတောင်တွင် ပြောက်ကျားအခြေချ လှုပ်ရှားရင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လူထုစည်းရုံးရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ အစိုးရတပ်နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်

Wednesday, October 2, 2013

ဓားပြတိုက်မှု ဆက်တိုက်ဖြစ်ပွားပြီးနောက် မူစယ်ဒေသခံများ ညအပြင်မထွက်ရဲ



တရုတ်နယ်စပ် မူစယ်မြို့၌ ဓားဖြင့်ခုတ် ဆိုင်ကယ်လုယူမှု ဆက်တိုက်ဖြစ်ပွားပြီးနောက် ဒေသခံများ ညအချိန် အပြင်မထွက်ရဲတော့ကြောင်း ဒေသတွင်း သတင်းအရ သိရှိရပါသည်။

“ည ၇ နာရီခွဲလောက်ဆိုရင် လမ်းမကြီးကလွဲရင် လမ်းကြိုလမ်းကြားတွေမှာ လူမရှိတော့ဘူး။ မနက် အစောကြီး ထပြီးလည်း အပြင်မထွက်ရဲကြဘူး။ ကိုယ့်လုံခြုံရေးအတွက် စိုးရိမ်နေရတယ်” ဟု မူစယ်ဒေသခံ စိုင်းလိတ် က ပြောပါသည်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖွဲ့စည်းပုံ ရေးဆွဲသွားရန် မွန်ညီလာခံ ဆုံးဖြတ်

(KIC)

တိုင်းရင်းသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲပြဌာန်းသွားရန် စက်တင်ဘာ ၂၈ရက်မှ ၃၀ရက်နေ့အထိ ကျင်းပခဲ့သည့် မွန်အမျိုးသားညီလာခံက ဆုံးဖြတ်ခဲ့ကြောင်း ညီလာခံဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။



ဒေါက်တာမင်းကြည်ဝင်းက “ကွန်ဖရင့်ကို တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေ သုံးရက်ဆွေးနွေးကြတယ်။ ဒီဆွေးနွေး ထားတဲ့အချက်တွေကို အခြေခံပြီးတော့ နောက်ဆုံးရလဒ်အနေနဲ့ ကျနော်တို့ ကွန်ဖရင့်(ညီလာခံ)ကနေပြီးတော့ အချက် ၅ချက် ကို သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်။”ဟု ပြောသည်။