Monday, October 7, 2013

ကရင် အမျိုးသား စည်းလုံး ညီညွတ်ရေး ဆိုင်ရာ ရှင်းလင်းပွဲ အသံများ

(ရွှေဟင်္သာသတင်းဌာန)

ကရင် အမျိုးသား အစည်းအရုံး (KNU) ဦးဆောင်သော ကရင် အမျိုးသား စည်းလုံး ညီညွတ်ရေး ဆိုင်ရာ ရှင်းလင်းပွဲ တရပ် ကို ကရင်ပြည်နယ် လှိုင်းဘွဲ မြို့နယ်ရှိ (KNU) ထိန်းချုပ် နယ်မြေ တပ်မဟာ (၇) ဧရိယာ သေ့ပေ့ထ စခန်းတွင် အောက်တို ဘာလ (၅) ရက်နေ့က ကျင်းပ ခဲ့ကြောင်း ရှင်းလင်း ပွဲကို တက်ရောက် ခဲ့သည့် KNU ဗဟို ကော်မတီဝင် တစ်ဦး ဖြစ်သူပဒို စောသမိန်ထွန်းက ဆိုပါသည်။

“ စုစုပေါင်း ကိုယ်စားလှယ် (၁၇၀) ဦးလောက် တက်တယ်။ အထူး သဖြင့် အစိုးရနှင့် ဆက်ဆံရေး အခြေအနေ၊ တခြား တိုင်းရင်းသား တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှု အခြေအနေ၊ လောလောဆယ် ရင်ဆိုင် နေရတဲ့ ပြသနာ တွေကို ရှင်းပြတဲ့ပွဲ ပါဘဲ” ဟု ဆိုပါသည်။ 


အထူးသဖြင့် KNU အဖွဲ့တွင်းတွင် စည်းလုံး ညီညွတ်မှု ရှိလာစေရန် ရှင်းလင်း တင်ပြခြင်း ဖြစ်ပါသည်။ ထို့အပြင် KNU ၏ ရှေ့လုပ်ငန်းစဉ် များပါ တင်ပြ ရှင်းလင်း ခဲ့ကြပြီး အပြန်အလှန် ဆွေးနွေး ခဲ့ကြ ပါသည်။ 

ကရင် အမျိုးသား ပြန်လည် ရင်ကြား စေ့ရေးကို တင်ပြရာတွင် KNU သည် ကရင် လက်နက်ကိုင် စည်းလုံး ညွတ်ညီရေး အဖွဲ့ဖြစ်သည့် DKBABGFKNU/KNLP-PC နှင့် သဘော တူညီမှု အချို့ ရရှိ ထားသည့် အပြင် ကရင် နိုင်ငံရေး ပါတီ အဖွဲ့ များနှင့်ပါ အမျိုးသား စည်းလုံး ညီညွတ်ရေး ဆိုင်ရာ သဘောထား များကို တင်ပြ ခဲ့ပါသည်။

ကရင် တမျိုးသားလုံး ပါဝင်သည့် ညီလာခံ ကျင်းပခြင်း၊ တိုင်းရင်းသား မဟာမိတ် များနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စ များထဲမှ တောင်ကြီးတွင် ကျင်းပ ခဲ့သည့် ရှမ်း၊ ကယား၊ မွန်ပြည် နယ်မှ အစည်း အဝေး အတွေ့ အကြုံများ၊ UNFC သဘောထား များကိုလည်း ရှင်းလင်း တင်ပြ ခဲ့ပါသည်။ ထို့အပြင် ၀န်ကြီး ဦးအောင်မင်းနှင့် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ခဲ့ပြီး ရရှိ ထားသည့် သတင်း အချက်လက် များကို ရှင်းပြ ခဲ့ပါသည်။  

အထူး သဖြင့် အစိုးရ တပ်ဖွဲ့များ ဘုန်းကြီးကျောင်း ခရစ်ယာန် ဘုရားကျောင်း၊ရွာလယ်ခေါင် များတွင် တပ်စွဲရန် KNU က တောင်းဆို ခဲ့ကြောင်း၊  ဤကဲ့သို့ တပ်ချ ထားခြင်း အားဖြင့် လူထုများ အထိတ်လန့် ဖြစ်စေကြောင်း၊ ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်အား တင်ပြခဲ့ရာ ၁ လအတွင် အကောင်းဆုံး ဖြစ်လာရန် အကြောင်းပြန် မည်ဟု ဆိုခဲ့ ပါသည်။ 

ထို့အပြင် ဒုက္ခသည် ပြသနာများ၊ မရှင်း လင်းသော အချက် များနှင့် အပြန်အလှန် ဆွေးနွေး ခဲ့ကြ ပါသည်။  ယင်းရှင်း လင်းပွဲသို့  KNU ဘက်မှ ပဒို မန်းငြိမ်းမောင် (ဗဟို အလုပ် အမှုဆောင်)၊ စောသမိန်းထွန်း (ဗဟို အလုပ် အမှုဆောင်)၊ ဒေါလေမူ (လယ်ယာမြေ တရား သူကြီးချုပ်)၊ ပဒို့စောလှထွန်း (ဗဟို စည်းရုံးရေးနှင့် ပြန်ကြားရေး ဌာန)၊ ပဒို့ မန်းဘထွန်း (ကော်သူလေ သစ်တော ရေးရာ ၀န်ကြီး)၊ ပဒိုသောသီဘွဲ့ (KNU တွဲဖက် အတွင်းရေးမှူး (၁) ၊ ပဒို့အောင်မော်အေး (ဘားအံ ခရိုင် ဥက္ကဌ)၊ ပဒို့လေသော (ဘားအံ ခရိုင် အတွင်း ရေးမှူး) အပြင် တခြားKNU မှ တာဝန် ရှိသူ များက ဦးဆောင်ပြီး တက်ရောက် ရှင်းလင်း တင်ပြ ခဲ့ကြ ပါသည်။

ဖိတ်ကြား ထားသူ များထဲတွင် KNU တပ်မဟာ(၇) မှ တပ်ဗိုလ်၊ တပ်မှူး၊ တပ်သားများ အပါဝင် ရခိုင် တပ်ပေါင်းစု (ALA)KNU မှ စစ်ဖက် ဆိုင်ရာ ဆေးသင်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ မျိုးဆက်သစ် ကရင် လူငယ် ကိုယ်စား လှယ်များ၊ ကော်သူလေ ပညာရေး ဌာနမှ ကိုယ်စားလှယ်၊ ကော်သူလေ ကျန်းမားရေး ဌာနမှ ကိုယ်စားလှယ်၊ KRC မှ ကိုယ်စားလှယ် များက တက်ရောက် ခဲ့ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။