Sunday, May 26, 2013

တိုင်းရင်းသားဒေသ ဂျပန်ကူညီနေသည်ကို အစိုးရ ကန့်ကွက်

(The Hot news weekly)

တိုင်းရင်းသားဒေသ ကို အထောက်ပံ့ ပေးနေသည် ဂျပန် နိပွန်ဖောင်ဒေရှင်း အကူအညီများကို အစိုးရအဖွဲ့မှ တားဆီးပိတ်ပင် လိုက်ပြီး ဖြစ်ကြောင်း ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ၏ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှုးကြီး ဖိန်ဖ က ယနေ့တွင် ပြောသည်။ - See more at: http://www.dawnmanhon.com/2013/05/blog-post_2365.html#sthash.YV9zfR50.dpuf
 တိုင်းရင်းသားဒေသ ကို အထောက်ပံ့ ပေးနေသည် ဂျပန် နိပွန်ဖောင်ဒေရှင်း အကူအညီများကို အစိုးရအဖွဲ့မှ တားဆီးပိတ်ပင် လိုက်ပြီး ဖြစ်ကြောင်း ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ၏ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဗိုလ်မှုးကြီး ဖိန်ဖ က ယနေ့တွင် ပြောသည်။

“အခု တလောမှာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ထိန်းချုပ် နယ်မြေအတွင်း ရှိ စစ်ပြေးဒုက္ခသည် တွေ အတွက် အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေ လာရောက် အကူအညီ ပေးတာကို မြန်မာ ငြိမ်းချမ်းရေး စင်တာ MPC က ပိတ်လိုက်တယ်။” ဟု ဆိုပါသည်။

ပြီးခဲ့သည် မေလ ၁၁ ရက်နေ့က ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ထိန်းချုပ် နယ်မြေအတွင်းရှိ နေရပ်စွန့် စစ်ပြေး ဒုက္ခသည် များအတွက် ဆန်အိတ် (၆၀၀၀) ခန့် ထောက်ပံ့ ကူညီပေးရန် အတွက် အစိုးရကိုယ်စားလှယ်၊ ဂျပန် နိုပွန်ဖောင်ဒေရှင်း ကိုယ်စားလှယ် နှင့် SSPP/SSA အဖွဲ့ ကိုယ်စားလှယ် တို့က ရှမ်းပြည်နယ် လာရှိုးမြို့ တွင်း၌ တွေ့ဆုံခဲ့သည်။

အဆိုပါ နိပွန်ဖောင်ဒေရှင်း၏ ပေးသည့် အကူအညီများကို SSPP/SSA ထံ လွှဲပြောင်းပေးအပ်ရန် နိပွန်ဖောင်ဒေရှင်း ကိုယ်စားလှယ်ဘက်က အဆိုပြုခဲ့သည်။ ယင်း အဆိုကို အစိုးရကိုယ်စားလှယ်များက ကန့်ကွက်ခဲ့သည်။

ရှမ်းမြောက်ပိုင်း တန့်ယန်းမြို့နယ် ရှိ တအာင်း စစ်ပြေး ဒုက္ခသည်များအတွက် ဤခရီးစဉ်နှင့် အတူ သယ်ဆောင်လာသည့် ဆန်အိတ်ပေါင်း (၁၀၀၀) ခန့်ကို နိုင်ငံတော်သမ္မတ သိန်းစိန်က ပေးသည်ဟု ဆိုကာ SSPP/SSA ကိုယ်စားလှယ်များအား အစိုးရကိုယ်စားလှယ် များက လွှဲပြောင်း ပေးအပ်ခဲ့သည်။

အဆိုပါ အခြေအနေကြောင့် ဆက်လက် လုပ်သွားရမည့် လုပ်ငန်းစဉ်များအတွက် ဂျပန် နိပွန်ဖောင်ဒေရှင်း အဖွဲ့တို့သည် ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့က သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC အဖွဲ့နှင့် လာရောက် ညှိနိုင်းခဲ့သည်။

“ကျနော်တို့တင်ပြ ထားသည့် Project Proposal လုပ်ဆောင်သွားရမည့် ရှေ့လုပ်ငန်းစဉ်များအတွက် ကုန်ကျစရိတ် ငွေများကို မြန်မာငြိမ်းချမ်းရေး စင်တာထံ အရင်ချ ပေးရမယ်။ အဲဒီက တဆင့် သူတို့ ခွဲဝေပေးသွား မှာဖြစ်ကြောင်း ငြိမ်းချမ်းရေး စင်တာက ပြောကြောင်း နိပွန် အဖွဲ့က ရှင်းပြခဲ့သည်ဟု” ဗိုလ်မှုးကြီး ဖိန်ဖ က ပြောသည်။

ထို ငြိမ်းချမ်းရေး စင်တာမှ အဆိုပြုချက်များကို UNFC အဖွဲ့က ပယ်ချလိုက်သည်။ အကူအညီ လက်ခံရေးနှင့် ပတ်သက်၍ UNFC အဖွဲ့အနေဖြင့် ပြီးခဲ့သည့် မေလ ၉ ရက်နေ့က ပြုလုပ်ကျင်းပသည် (Project Proposal) ပြန်လည် ရေးဆွဲရေး အစည်းအဝေးမှ ချမှတ် ထားပြီး ဖြစ်သည်။

အကယ်၍ အစိုးရမှ တဆင့် ဖြတ်သန်းပြီးမှ ရရှိသည့် အကူအညီများကို UNFC အဖွဲ့ဝင်များက လက်ခံတော့မည် မဟုတ် ဤသို့ ချမှတ်ထားသည်ဟု ဗိုလ်မှုးကြီး ဖိန်ဖ က ဆိုသည်။

နိပွန်ဖောင်ဒေရှင် အဖွဲ့သည်လည်း UNFC အဖွဲ့၏ သဘောထားများကို ဂျပန် အစိုးရထံ ပြန်လည် တင်ပြပေးမည် ဖြစ်ကြောင်း ပြောကြား သွားပါသည်။

ဤကိစ္စနှင့် ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေး စင်တာထံ မေးပြန်ခဲ့သော်လည်း ဖြေကြားပေးမည့်သူ မရှိပါ။

ဤကိစ္စနှင့် ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေး စင်တာထံ မေးပြန်ခဲ့သော်လည်း ဖြေကြားပေးမည့်သူ မရှိပါ။ - See more at: http://www.dawnmanhon.com/2013/05/blog-post_2365.html#sthash.YV9zfR50.dpuf

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။