Friday, May 31, 2013

မြန်မာစစ်သားများမှ ရှမ်းရိုးရာဝတ်စုံ ၀တ်ဆင်ပြီး အခွန်ကောက်ခံ

(တအာင်းမြေ)

နမ့်ခမ်းမြိုနယ် နောင်မ စခန်းထိုင် နမ့်ဖက်ကာအခြေစိုက် ခလရ ၁၂၃ တပ်ရင်း စစ်သားများမှ ရှမ်းရိုးရာဝတ်စုံ ၀တ်ဆင်၍ မေလ ၂၈ ရက်နေ့မှ စပြီ ကားအခွန်အဆမတန် ကောက်ခံနေကြောင်း သတင်းရ ရှိပါသည်။ 

ခလရ တပ်ရင်း ၁၂၃ တပ်ရင်းမှူး အောင်ကျော်ထွန်း၏ တပည့်များမှ စစ်သား ၄ဦးနှင့် ပန်ဆေးပြည်သူ့စစ်အပါ အ၀င် နောင်တွန့်နှင့် မာန်ဟောင် ကတိုးဆိပ်များတွင် ၎င်းတို့မှ ရှမ်းရိုးရာ အ၀တ်အစာ ၀တ်ဆင်ပြီ မီသွေး ကားတစ်စီးလျှင် ကျပ်ငွေ ၅၀၀၀ မှ ၁၀၀၀၀ ကျပ်အထိ အခွန်ကောက်ခံနေကြောင်း သိရှိရပါသည်။ 


ကားပိုင်ရှင်တစ်ဦးမှ. ဗမာစစ်သား ၄ယောက်နှင့် ပန်ဆေးပြည်သူ့စစ်တွေလဲပါတယ်.. သူတို့ကလဲ စစ်ဝတ်စုံ ကိုတော့ မ၀တ်ကြဘူး. ရှမ်းဘောင်ဘီတွေ အကျီတွေပဲ ၀တ်ပြီ အခွန်ကောက်နေကြသည့်ဟု ဒေသခံတစ်ဦးမှ ပြောပြသည်။ 

"လမ်းတစ်လျောက်မှာလဲ လ၀က၊ သစ်တော၊ ရဲ တို့ကို အခွန်ဆောင်ခဲ့ရတယ်.. အခု ဒီကတိုးဆိပ်မှာ ဗမာစစ် သားတွေ ထပ်မံကောက်ခံတော့ ကျနော်တို့ အတွက်ကဘာမှ အမြတ်မရှိတော့ဘူး.. ဒီမေလ ၂၈ ရက်နေ့စပြီ အခွန်ကောက်တာ ကျနော် ကျပ်ငွေ တစ်သောင်းပေးခဲ့ရသည့်"ဟု ညီးညူးစွာဖြင့် ပြောပြခဲ့သည်။ 

ခလရ တပ်ရင်း ၁၂၃ စစ်သားများနှင့် ပန်ဆေးကျော်မြင့် ပြည့်သူစစ်များမှ နောင်တွံန် နှင့် မန်ဟောင် ကတိုး ဆိပ်များတွင် မည်မျှအထိ အခွန်အဆမတန် ဆက်လက်ကောက်ခံမည်ကို စိုးရိမ်းနေကြကြောင်း သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။