Friday, March 28, 2014

တိုင်းရင်းသားနဲ့ အစိုးရလုပ်ဆောင်တဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ် ကေအဲန်ယူ ပေါင်းစည်းရေးဆွဲ

(DVB)

ကရင် အမျိုးသား အစည်းအရုံး ကေအဲန်ယူရဲ့ အရေးပေါ် အစည်း အဝေး အတွင်း တနိုင်ငံလုံး အပစ်ခတ် ရပ်ဆိုင်းရေးနဲ့ ပတ်သက်ပြီး တိုင်းရင်း သား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေရဲ့ ချုပ်ဆိုထားတဲ့ လော်ခီးလာစာချုပ်နဲ့ အစိုးရဖက်က နောက်ဆုံး ပြင်ဆင်ထားတဲ့ စားချုပ်နှစ်ခုကို တခုထဲဖြစ်အောင် ပြင်ရေးစွဲပြီး ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ပြန်လည် သုံးသပ်မှုတွေလုပ်ဆောင်ခဲ့ တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေတွေကို သုံးသပ်ညှိနှိုင်းဆွေးနွေးဖို့ ကေအဲန်ယူ ဗဟိုအမြဲတမ်း ကော်မတီ ၄၅ ဦးရဲ့ အရေးပေါ်အစည်းအဝေးကို မတ်လ ၂၄ ကနေ ၂၇ ရက်နေ့အထိ ကေအဲန်ယူ ထိန်းချုပ်နယ်မြေ လော်ခီးလာမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Wednesday, March 26, 2014

RCSS/SSA ၏ လူထုကိုယ်စားလှယ်အား အစိုးရတပ် ဖမ်းဆီးရိုက်နှက်

သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက် ပိုင်း ကျောက်မဲမြို့ နယ် အတွင်းနေ ထိုင်သည့် RCSS / SSA ၏ လူထု ကိုယ်စား လှယ် ရွာသား များ အား အစိုးရ တပ်က ဖမ်းဆီး ရိုက်နှက် အကျဉ်းချ ထားသည် ဟု ဒေသ အတွင်း သတင်းရပ် ကွက် ကပြော သည်။
စနေနေ့ (၂၂၊ ၃၊ ၂၀၁၄) က သျှမ်းပြည်မြောက် ပိုင်း ကျောက်မဲ ခရိုင် ကျောက် မဲမြို့နယ် လွယ် ကုန်ကျေးရွာအုပ်စု၊ ဝမ့်မောက်ငါးဇန့်ကျေးရွာအတွင်း မြန်မာစစ်တပ် ခမရ  ၅၀၃ ကလက်နက် ကြီး သုံးကြိမ်ပစ်ခတ်ခဲ့ပြီးနောက် ဝမ့်ကျောင်းလုံကျေးရွာဥက္ကဌ စိုင်းဆန်စံ နှင့် ရွာသား ၅ ဦးအား အစိုးရတပ်နှင့်ပူးပေါင်း တပ်ရင်းတခုက သျှမ်းသူပုန် အဆက်ဟုဆိုကာ ဖမ်းဆီးရိုက် နှက်ခဲ့ ကြောင်း၊ မတ်ခ်ျလ ၂၃ ရက်နေ့က စိုင်းဆန်စံအား ကျောက်မဲမြို့ ရဲစခန်းသို့ ပို့ဆောင် အကျဉ်းချထားကြောင်း ဒေသခံအကြီးအကဲ တဦးက ပြောသည်။


Tuesday, March 25, 2014

အရွယ်ရောက်သည့်မွန်လူငယ်တိုင်း အခြေခံစစ်ပညာတတ်မြောက်သင့်ဟု မွန်ပြည်သစ်တိုက်တွန်း




အသက် ၁၈ နှစ်ပြည့်သည့်မွန်လူငယ်တိုင်း အခြေခံစစ်ပညာတတ်မြောက်ထားသင့်ဟု သင်တန်း ဆင်းပွဲတရပ် တွင် မွန်ပြည်သစ်ပါတီက တိုက်တွန်းပြောဆိုလိုက်သည်။
ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နယ်၊ ဗလဲ့ဒွန်းဖိုက်ရွာ၌ အပတ်စဉ် (၁၀၄) အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့စဉ် မွန်ပြည်သစ်ပါတီဘုရားသုံးဆူမြို့နယ်ဥက္ကဌ နိုင်ထောရွတ်က ထိုသို့တိုက်တွန်းပြောဆိုခြင်း ဖြစ်သည်။

Monday, March 24, 2014

အမျိုးသား ဒီမို ကရက်တစ် မဟာမိတ် တပ်မတော် (မိုင်းလား) နှင့် UPWC ဆွေးနွေးပွဲ ထုတ်ပြန်ချက်

(ရွှေဟင်္သာသတင်းဌာန)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ (UPWC) ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့သည် ပြီးခဲ့သည့် မတ် လ (၂၁) ရက်နေ့တွင် အမျိုးသား ဒီမို ကရက်တစ် မဟာမိတ် တပ်မတော် (မိုင်းလား) သို့ ရောက်ရှိ ခဲ့ပြီး မတ်လ (၂၂) ရက်နေ့ တွင် ၀ ပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့သို့ ရောက်ရှိခဲ့ပါသည်။

KNU ဗဟိုအမြဲတမ်း ကော်မီတီ ၏ အရေးပေါ် အစည်းအဝေး

(ရွှေဟင်္သာသတင်းဌာန)

ကရင် အမျိုး သား အစည်း အရုံး (KNU) ၏ ဗဟို အမြဲတမ်း ကော်မီတီ အရေးပေါ် အစည်း အဝေး ကို ယနေ့ နံက် ပိုင်း တွင် တပ်မဟာ () နယ်မြေ ရှိ လောခီး လာ ခေါ် လေးဝါး စခန်း တွင် စတင်ကျင်းပခဲ့ သည်ဟု ဗဟိုအမြဲတမ်း ကော်မီတီ ၀င် တဦးဖြစ်သူ ပဒိုအောင်မော် အေး က ဆိုပါ သည်။

အစည်းကတော့ ()ရက်လောက် ကြာနိုင်မယ်။ ကျနော်တို့ အဓိက ဆွေးနွေး ကြမှာက NCCT ကနေ ချမှတ်ထားတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ကိစ္စတွေကို ကျနော်တို့  ဗဟိုအမြဲတမ်း ကော်မီတီကို ပြန်လည် ရှင်း ပြတဲ့ အရေး ပေါ် အစည်း အဝေး ဖြစ်ပါတယ်။ အသေးစိပ် ကတော့ အစည်း အဝေးပြီးမှဘဲ သိရပါ လိမ့်မယ်။ဟု ဆိုပါသည်။

Thursday, March 20, 2014

MPC မှ စာချုပ် ချုပ်ဆိုရေး ဆွေနွေးပွဲ အခြေအနေ ကို RCSS အားတင်ပြ

(ရွှေဟင်္သာသတင်းဌာန)

တနိုင် ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ စာချုပ် အတွက် ဆွေးနွေးနေ မှုအခြေ အနေ များအား သိရှိနိုင် ရန် အစိုးရ ငြိမ်းချမ်းရေး စင်တာ(MPC) မှအဖွဲ့ဝင် ()ဦးသည် ရှမ်းပြည်ပြန် လည် ထူထောင်ရေး ကောင်စီ (RCSS) အဖွဲ့ဝင် တို့ကို ယနေ့မနက်ပိုင်း ထိုင်းနိုင် ငံချင်း မိုင်းမြို့ တွင်တွေ့ ဆုံရှင်းလင်း တင်ပြပေး ခဲ့ကြသည် ဟု (RCSS) အဖွဲ့မှ ပြောရေးဆို ခွင့်ရှိ သူဗိုလ်မှူး ကြီး စိုင်းလောဝ် ဆိုင်မှ ဆိုပါသည်။

Thursday, March 13, 2014

အစိုးရစစ်တပ်ပစ်ခတ်၍ အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့ဟု FBR ပြော

(KIC)

မြန်မာအစိုးရ စစ်တပ် ပစ်ခတ်၍ ၎င်းတို့ တပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာ ရရှိကြောင်း မြန်မာနိုင်ငံရှိ တိုင်းရင်း သား ဒေသ များအတွင်း ကြုံတွေ့နေရ သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကို စောင့်ကြည့်နေသည့် အဖွဲ့တစ်ဖွဲ့ဖြစ် သည့် မြန်မာပြည် လွတ်မြောက်ရေး အဖွဲ့(FBR) က မတ်လ ၁၂ရက်နေ့၌ သတင်း ထုတ်ပြန်ခဲ့သည်။ 

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့် အစိုးရတပ် ပစ်ခတ်မှုပြန်ဖြစ်

(DVB)

ရှမ်းပြည်နယ် ကျေးသီးမြို့နယ်ထဲမှာ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်ကြား ပစ်ခတ်မှုတွေ ခုရက်ပိုင်းအတွင်း ပြန်ဖြစ်ပွားခဲ့ပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ ဌာနချုပ် ၀မ်ဟိုင်းကနေ ၁၅ မိုင်လောက် ကွာဝေးတဲ့ ပန်စယ်တောင်ကုန်းအနီးတ၀ိုက်မှာ မတ်လ ၁၁ ရက်နေ့ မနက် ၈ နာရီကနေ နေ့ခင်း ၁၂ နာရီထိ နှစ်ဖက် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။

Monday, March 10, 2014

ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး - P.S.L.F ၏ ရှင်းလင်းချက်

(ရွှေဟင်္သာသတင်းဌာန)

လက်ဖက် လုပ်ငန်းဖြင့်အသက်မွေးဝမ်း ကျောင်းပြုနေသည့် တအာင်း ပြည်သူ လူထု အပေါ်
ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး - P.S.L.F ၏ ရှင်းလင်းချက်

၁၀ ရက်၊ မတ်လ၊ ၂ဝ၁၄ ခုနှစ်။                                                      ထုတ်ပြန်ချက်အမှတ်။ဝဝ၅§၀၅§ဌနခ-၁၄
၁။ တပေါင်းလ မှစတင်၍ လက်ဖက်ေ တာင်သူ တအာင်း မိဘပြည် သူတို့ မိရိုးဖလာ အသက်မွေး ဝမ်းကျောင်း အဖြစ် အားထားရ သည့် ရွှေဖီချိန် လက်ဖက်ရာ သီရောက် ရှိလာပြီ ဖြစ်ပါသည်။ ယခု ၂၀၁၄ ခုနှစ် ရွှေဖီလက်ဖက် ရာသီတွင် တအာင်းမိဘပြည် သူများ မျှော် လင့်တောင့် တထား သည့်အတိုင်း လက်ဖက် များ လှိုင် လှိုင်ဖူးဝေ ထွက်ရှိပြီး၊ သင့်တင့်မျှ တ တည်ငြိမ် သည့်လက် ဖက်ဈေးကွက် ကိုထိန်း သိမ်းရရှိနိုင် ပါစေကြောင်း ပလောင်ပြည် နယ်လွတ်မြောက်ရေး တပ်ဦးမှ ဆုမွန်ကောင်း ပို့သလိုက် ပါသည်။

တိုင်းရင်းသား မီဒီယာ အခန်းကဏ္ဍ မှေးမှိန် နေသေးကြောင်း ဦးရဲထွဋ် ဝန်ခံ

(ရွှေဟင်္သာသတင်းဌာန)

မြန်မာနိုင်ငံ၏  နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး ကဏ္ဍများထဲမှ မီဒီယာ ကဏ္ဍကို ပြုပြင် ပြောင်း လဲ နေသော် လည်း တိုင်း ရင်း မီဒီယာ အခန်း ကဏ္ဍ၌ မှေးမှိန်လျက် ရှိနေသေး ကြောင်း ယနေ့ ရန်ကုန်မြို့ရှိ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်းရှင် များအ သင်းချုပ် (UNFCCI) ခန်းမ ၌ ပြုလုပ်သည့် ၂၀၁၄ ခုနှစ် အပြည် ပြည် ဆိုင်ရာ မီဒီယာ ကွန်ဖရင့်၌ ၄င်းမှ ပြောကြား သွားခဲ့ခြင်း ဖြစ်ပါသည်။

Saturday, March 1, 2014

သျှမ်း/မြောက် နောင်ချိုဘက်တွင်တိုက်ပွဲပြင်းထန်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း မြန်မာစစ်တပ်နှင့် တိုင်းရင်းသားတပ်ပေါင်းစုတို့ ၂ ရက်ကြာ တိုက်ပွဲဖြစ်ပွါး နေပြီး ယနေ့တိုင်မြန်မာစစ်တပ်မှ အင်အားဖြည့်တင်းနေ ဆဲဖြစ်ေ ကြာင်း ဒေသတွင်းသတင်းရပ်ကွက် ကဆိုပါသည်။

ယမန်နေ့ ညနေ ၅ နာရီခွဲက ပဲခူးတပ်မ ၇၇ လက်အောက်ခံ ဗိုလ်မှူးမြင့်အောင် ဦးဆောင်သော ရှမ်း-၁ (ရန်ကုန်မှ တပ်လာသော) စစ်ကြောင်းက ဆီဆုံ အုပ်စုဘက်ရှိ မိုက်ဟုန်းကုန်ဆေ၌ စခန်းချသည့် SSPP/SSA စစ်ကြောင်းရှိရာသို့ သွားရောက်ဝိုင်းရံသဖြင့် အတန်အသင့် ပြင်းထန်သော တိုက်ပွဲဖြစ်ပွါး ခဲ့ရသည်ဟု ဒေသခံ စိုင်းနုက ပြောပါသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံမှုကို ရွှေ့ဆိုင်းသင့်ကြောင်း KWO ပြောဆို

(KIC)
လက်ရှိ မြန် မာနိုင်ငံ နိုင်ငံရေး အခြေအနေ အပေါ်မူတည်၍ မတ်လ အတွင်း ကောက်ခံ မည့် မြန်မာ အစိုးရ၏ ပြည်လုံး ကျွတ် သန်းခေါင် စာရင်းကောက်ခံမှု ကိစ္စကို ရွှေ့ ဆိုင်း သင့်ကြောင်း ကရင် အမျိုးသမီး အစည်းအရုံး (KWO)က ပြောဆိုလိုက် သည်။