Monday, March 10, 2014

ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး - P.S.L.F ၏ ရှင်းလင်းချက်

(ရွှေဟင်္သာသတင်းဌာန)

လက်ဖက် လုပ်ငန်းဖြင့်အသက်မွေးဝမ်း ကျောင်းပြုနေသည့် တအာင်း ပြည်သူ လူထု အပေါ်
ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး - P.S.L.F ၏ ရှင်းလင်းချက်

၁၀ ရက်၊ မတ်လ၊ ၂ဝ၁၄ ခုနှစ်။                                                      ထုတ်ပြန်ချက်အမှတ်။ဝဝ၅§၀၅§ဌနခ-၁၄
၁။ တပေါင်းလ မှစတင်၍ လက်ဖက်ေ တာင်သူ တအာင်း မိဘပြည် သူတို့ မိရိုးဖလာ အသက်မွေး ဝမ်းကျောင်း အဖြစ် အားထားရ သည့် ရွှေဖီချိန် လက်ဖက်ရာ သီရောက် ရှိလာပြီ ဖြစ်ပါသည်။ ယခု ၂၀၁၄ ခုနှစ် ရွှေဖီလက်ဖက် ရာသီတွင် တအာင်းမိဘပြည် သူများ မျှော် လင့်တောင့် တထား သည့်အတိုင်း လက်ဖက် များ လှိုင် လှိုင်ဖူးဝေ ထွက်ရှိပြီး၊ သင့်တင့်မျှ တ တည်ငြိမ် သည့်လက် ဖက်ဈေးကွက် ကိုထိန်း သိမ်းရရှိနိုင် ပါစေကြောင်း ပလောင်ပြည် နယ်လွတ်မြောက်ရေး တပ်ဦးမှ ဆုမွန်ကောင်း ပို့သလိုက် ပါသည်။

၂။ ဒေသခံတ အာင်းမိဘပြည်  သူအများ စုမှ လက်ဖက် လုပ်ငန်းဖြင့် အဓိက အသက်မွေး ၀မ်းကျောင်းပြု ရသည့် ရွှေဖီချိန် လက်ဖက် ကာလတွင် ချိန်ကိုက်ပြီး တအာင်းဒေ သအတွင်း သို့ မြန်မာ့ တပ်မတော် မှနဂို လှုပ်ရှားနေ သည့် စစ်တပ်များ အပြင် ထပ်မံ၍ တပ်မ (၇၇) နှင့် (၈၈) တပ်ဖွဲ့ အင်အား များကို ပါ စေ လွှတ် ပြီး ထိုးစစ် အရှိန်မြှင့် လှုပ်ရှား လာပါသည်။ မြန်မာ အစိုးရသည် ယခင် အတိတ် သမိုင်းတွင် လည်း တအာင်း လူမျိုး ကိုနှိပ်ကွပ်ချေ မှုန်းရန် အတွက် ရွှေဖီ ချိန် လက် ဖက်ရာသီ တွင် ထိုးစစ်ဆင် အကြပ် ကိုင် ဒုက္ခပေး သကဲ့သို့ ယခု အချိန်တွင် လည်းဆက်လက် ပြီးဖိအား အမျိုး မျိုးပေးနေခြ င်းဖြစ်သည်။
၃။ ၂၀၀၇ ရွှေဝါရောင်တော် လှန်ရေး တွင် ရဟန်း သံဃာတော် များကို ရက်ရက် စက်စက် သတ်ဖြတ် ခဲ့သည့် ထိုတပ်မ (၇၇) တပ်ဖွဲ့ တို့သည် မိမိတို့ တ အာင်းတောင်ပေါ်ဒေ သရှိ ဒေသခံ လူထုအား ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်း၊ ပစ္စည်း ဥစ္စာများ အတင်း လုယက် ယူငင်ဖျက် ဆီးခြင်း၊ လူနေကျေး ရွာများ အတွင်း လက်နက်ကြီး များပစ် သွင်းခြင်း၊ တိုက်ပွဲ ဖန်တီးခြင်း အစရှိ သည့် လူ့အခွင့် အရေးချိုးဖောက် မှုများ ကျူးလွန်နေ ကြပါသည်။
၎။ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် T.N.L.A သည် ထိုးစစ် ဆင်လာ သည့် မြန်မာစစ် တပ်ဖွဲ့ကို ခုခံကာ ကွယ်ရန် အတွက် ခုခံပြောက် ကျားစစ် နည်းဗျူဟာ ကိုသာ ကျင့်သုံး လျှက်ရှိပြီး မြန်မာ တပ်ဖွဲ့များအပေါ် ထိုးစစ် ဆင်ခြင်း လုံးဝ မရှိပါ။ ယခု ၂ဝ၁၄ ခုနှစ် နှစ်လေ ကျာ်ကာလ အတွင်းတွင် ပင်တိုက်ပွဲ ထိတွေ့မှု အကြိမ် ၃၀  ကျော် ဖြစ်ပွား ခဲ့ပါသည်။
၅။ မြန်မာ အစိုးရ၏ ထိုးစစ် မည်မျှ ပင်ပြင်း ထန်စေ ကာမူ T.N.L.A တအာင်း မတော်ကို ရွှေဖီချိန် ကာလ အတွင်း လက်ဖက် လုပ်ငန်း မှီခိုလုပ် ကိုင် သည့် ဒေ သများ တွင် သွားလာ လှုပ်ရှားခြင်း၊ တိုက်ပွဲဖြစ် ပွားခြင်းများ အတတ်နိုင် ဆုံးရှောင် ရှားကြရန် အလေး အနက် ညွှန်ကြား ထားပါသည်။ ထို့ကြောင့် လက်ဖက် လုပ်ငန်းကို အဓိက မှီခိုအား ထားနေကြ ရသည့် တအာင်း မိဘပြည် သူများ၊ လက်ဖက်   လုပ်ငန်းဖြင့် မှီခို လုပ်ကိုင်နေ သူများအား လုံး ရွှေဖီ လက်ဖက် ရာသီ တွင် စစ်မက်ဖြစ် ပွားမည့် အရေးကြောက် ရွှံ့မှု မရှိဘဲ ကိုယ်စိတ် လုံခြုံမှု ရှိစွာဖြင့် မိမိတို့၏ လက်ဖက် လုပ်ငန်းကို လွတ်လပ်အေး ချမ်းစွာ လုပ် ကိုင်ကြ ပါရန် ပလောင်ပြည် နယ်လွတ်မြောက်ရေး တပ်ဦး အနေဖြင့် လေးစား စွာ ရှင်းလင်း တင်ပြ အပ်ပါသည်။

 ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - P.S.L.F/T.N.L.A

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။