Friday, June 27, 2014

သျှမ်းပြည်တပ်မတော် SSPP နှင့် အစိုးရတပ်တို့ ကျေးသီးမြို့နယ်အတွင်းပစ်ခတ်မှုဖြစ်ပွါး

(သျှမ်းသံတော်ဆင့်)

 သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းရှိ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ တာ့ဖါဆောင်တပ်စခန်းအား အစိုးရတပ်  အင်အား ၂၀၀ ကျော်က ယမန်နေ့ ဂျွန်လ ၂၆ ရက် မွန်းလွဲပိုင်း၌ တိုက်ခိုက်သောကြောင့် အစိုးရတပ်စခန်းအချို့ တန်ပြန်တိုက်ခိုက်ခြင်းခံခဲ့ရသည်။

ကျပ်သန်းပေါင်းများစွာတန်ဖိုးရှိ မူးယစ်ဆေးဝါးများ တောင်ပိုင်း ၀ ဖျက်ဆီး

(သျှမ်းသံတော်ဆင့်)

၀၀၃-၀၀၄- UWSA ဟွေ့အော့် ဌာနချုပ်၌ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့်အခမ်းအနား (လိုဂို- ရှမ်း ထဲ့နော်)
ကမ္ဘာ့မူးယစ်ဆေးနှင့်ရာဇဝတ် တိုက်ဖျက်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် UWSA ဝပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော် (တောင်ပိုင်း) ထိန်းချုပ် နယ်မြေ မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် ဟွေ့အော့် ဌာနချုပ်၌ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးသည့်အခမ်းအနား ကျင်းပခဲ့သည်။


ဗိုလ်ချုပ်ကြီးစောတာမလာဘော ကွယ်လွန်

(KIC)

ကရင် အမျိုးသား အစည်းအရုံး(ကေအဲန်ယူ) ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစော တာမလာဘော ၉၄နှစ် သည် ဇွန်လ ၂၆ရက်နေ့ ထိုင်းစံတော် ချိန် ည ၉နာရီခွဲခန့် တွင် ထိုင်းနိုင်ငံ၊ မဲ့ဟောင်ဆောင် ခရိုင် မဲ့စရင်းမြို့ ရှိ နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန် သွားခဲ့ ပြီဖြစ်ကြောင်း မိသား စုနှင့် နီးစပ်သူ များ ၏ ပြောပြချက် အရ သိရသည်။

“မဆုံးခင်လေးမှာပဲ ကျမဆီကို သမီးဖြစ်သူတွေ ဖုန်းဆက်လာတယ်။ အပါးက အဖျားတက်တာ မသက်သာဘူး။ ချောင်းဆိုးတာ လည်း သလိပ်မထွက်ဘူး။ မောနေတယ်။ အပါးအတွက် ဆုတောင်းပေးပါလို့ ပြောနေပြီး သိပ်မကြာဘူး။ ဖုန်းတခါထပ်လာတော့ မရှိတော့ဘူးလို့ပြောကြတယ်”ဟု နော်ဘလူးမင်းနိုက်ဇန်က အတည်ပြု ပြောဆိုသည်။

Wednesday, June 25, 2014

သျှမ်းပြည်တောင်ပိုင်းတွင် အဓမ္မစစ်သားစုဆောင်းမှု စုံစမ်းစစ်ဆေးမည်ဟု ဒုဗိုလ်ချုပ်ကြီးယွက်စစ်ပြော

(သျှမ်းသံတော်ဆင့်)

RCSS/SSA မှ အဓမ္မစစ်သားစု​ဆာင်းမှုကြောင့် သျှမ်းပြည်တောင်ပိုင်းဒေသခံ သျှမ်းလူငယ်များ နေရပ် မှ စွန့်ခွါနေရသည်ဆိုသည့်ကိစ္စ ဆိုင်ရာတာဝန်ရှိများအား ခေါ်ယူစစ်ဆေးပြီး ဟုတ်မှန်ပါက တည်ဆဲ စစ်စည်းမျဉ်းအရ ပြစ်ဒဏ်ပေးမည်ဟု ခေါင်းဆောင်ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် ကပြောပါသည်။

“အသက် ၁၈ နှစ်ပြည့် သျှမ်းပြည်သားတိုင်း စစ်ပညာ တတ်မြောက်ရမည်ဆိုတဲ့ ပေါ်လစီတော့ရှိတယ်။ လိုအပ်ရင်အသုံးပြုဖို့  လပိုင်းစစ်သင်တန်းပေးတာတွေရှိတယ်။ စစ်သင်တန်းပြီးရင် အိမ်ပြန်နေပြီး မိဘ အလုပ်ပြန်ကူလုပ်ဖို့ ပြန်လွှတ်ပေးတယ်။ စစ်ထဲမှာဘဲဆက်နေချင်ရင်လည်း ရတယ်။ ဒါလည်း တွေ့ဆုံ စည်းရုံးပြီးမှ ခေါ်လာတာ။ အဓမ္မ ခေါ်ယူတာမရှိဘူး။ နားလည်မှုလွဲ တာလဲဖြစ်နိုင်တယ်။ ဒီကိစ္စသေချာ စုံစမ်းရမယ်။ တကယ် ကျူးလွန် ခဲ့ရင် အဲဒီလူအပြစ်ရှိတယ်။ ခေါ်ယူစစ်ဆေးပြီး ပြစ်ဒဏ်ပေးရ ပါလိမ့် မယ်” – ဟု RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က သျှမ်းသံတော်ဆင့်အား ပြောပြသည်။

Sunday, June 22, 2014

အစိုးရစစ်ကြောင်း မိုင်းနင်းမိ ရဲဘော်တဦးသေဆုံး

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း သွားရောက်လှုပ်ရှားသည့်တပ်မ ၇၇ လက်အောက်ခံ တပ်မ​တော်စစ်ကြောင်းက မိုင်းနင်းမိရာ ရဲဘော်တဦးသေဆုံးပြီး ၊ ရှေ့တန်းလိုက် စစ်သုံးခွေး တကောင် သေဆုံးသွားသည်ဟု ဆိုသည်။
၂၀၁၄ ဂျွန် ၁၄ ရက်နေ့က နမ္မတူမြို့နယ် မိုင်းယင်ကျေးရွာအုပ်စုမှ ဆိုင်းခေါင်ကျေးရွာအုပ်စုဘက် သွားရောက်လှုပ်ရှားသည့် တပ်မ ၇၇ လက်အောက်ခံ စစ်ကြောင်းတကြောင်းသည် ဝမ့်မိုင်းဆော့ရွာအနီး မြေမြှုပ်မိုင်း နင်းမိရာ ရဲဘော် တဦးပွဲချင်းပြီးသေဆုံးပြီး နှစ်ဦးဒဏ်ရာရှိကြောင်း၊ ရှေ့တန်းလိုက် စစ်သုံးခွေး နှစ်ကောင်အနက် တကောင်ဒဏ်ရာ ရရှိကာ တကောင်သေသည်ဟု လားရှိုးဆေးတပ် အသိုင်း အဝိုင်းက ပြောသည်။

Thursday, June 19, 2014

ဦးအောင်မင်းနှင့် RCSSတို့ အပစ်ရပ်ရေး အပါအဝင် အချက်လေးချက် ဆွေးနွေးသော်လည်း အဖြေမထွက်

(Mizzima)

အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်မှု ကော်မတီ (UPWC)နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) တို့ အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်များ ဆက်လက် အကောင်အထည်ဖော်ရေး အပါအဝင် အချက် ၄ ချက်ကို ဇွန်လ ၁၉ရက် နံနက်က ဆွေးနွေးခဲ့သည်ဟု RCSS/SSA၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလှက မဇ္ဈိမကို ပြောသည်။

UPWC ၏ ဒုဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းနှင့် RCSS/SSA ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် ချင်းဆဲန်မြို့နယ် မဲခေါင်မြစ်ကမ်းရှိ ဟိုတယ်တခုတွင် ဇွန်လ ၁၉ ရက် နံနက် ၉ နာရီခွဲမှ ၁၁ နာရီခွဲ အထိ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီး ဦးအောင်မင်း နှင့် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် မဲခေါင်မြစ်ကမ်း၌ တွေ့ဆုံ

(သျှမ်းသံတော်ဆင့်)

မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းနှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် အဖွဲ့ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် တို့ ဂျွန်လ ၁၈ ရက်ညနေပိုင်းက ထိုင်းနိုင်ငံ ချင်းဆဲန်မြို့နယ် မဲခေါင်မြစ်ကမ်းရှိဟိုတယ်တခု၌ ညစာအတူစားသောက်ခဲ့ကြသည်။

ပတ္တမြားတောင်မှ SSPP/SSA တပ်စခန်းဆုတ်ပေးရ

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင် ပိုင်း မိုင်းရှူးမြို့နယ် ပတ္တမြားမှော် (လွယ်ဆိုင်)တောင်ပေါ် ရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းအား အ စိုးရတပ်မတော်မှ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်သော ကြောင့် အဆိုပါစခန်းဆုတ်ပေးလိုက်ပြီဖြစ်ကြောင်း ပြောရေးဆိုခွင့် ဒုဗိုလ်မှူးကြီး စိုင်းလ ကပြောသည်။

Tuesday, June 17, 2014

စစ်မက်ဖြစ်ပွါးရာဒေသ မြေမြှုပ်မိုင်းနင်းမိ မိုင်းရှူးဒေသခံနှစ်ဦးသေဆုံး

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် အတွင်း သျှမ်းပြည်တပ်မတော် တပ်စခန်းဖယ်ပေးရန် အစိုးရတပ် အင်အားသုံး ဖိအားပေးနေစဉ် ဒေသခံရွာသားတချို့ မြေမြှုပ်မိုင်းနင်းမိသဖြင့်  သေဆုံးသူ ၂ ဦးရှိပြီး ၁ ဦးဒဏ်ရာရခဲ့သည်ဟု ဒေသအတွင်းသတင်းရပ်ကွက်ကပြောသည်။

ဂျွန် ၁၅ ရက် ၁၆ နာရီခွဲခန့် မိုင်းရှူးမြို့မှ လွယ်ဆိုင် (ပတ္တမြားမှော်) အသွားလမ်းမပေါ်  စားသုံးကုန် ပစ္စည်းသယ်ဆောင်သွားသည့် ထော်လာဂျီ (အကြီးစား) တစီးသည် သုံးခြောက်ကိုးရွာ အနီး မိုင်းနင်းမိ ရာ ယာဉ်နောက်လိုက်မှာ ပွဲခြင်းသေဆုံးပြီး၊ ယာဉ်မောင်းလည်း မိုင်းစ ထိမှန်ဒဏ် ရာရရှိကြောင်း  မျက်မြင်ရွာသားများကပြောသည်။

တပ်စခန်းဆောက်ရန် ရွာသားများထံ သစ်ဝါးနှင့်လုပ်အားများ အစိုးရတပ်မတော်ဆင့်ဆို

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်အတွင်း၌ တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းက တပ်စခန်းသစ် တည်ဆောက်ရန်အတွက် ဒေသခံရွာသားများအား သစ်၊ ဝါးများနှင့်တကွ လာရောက် လုပ်အားပေးကြ ရန် ဆင့်ဆိုညွှန်ကြားလိုက်ကြောင်း သိရသည်။

မူစယ်နှင့်နမ့်ခမ်းမြို့နယ်ကြား နမ့်ဇန့်ဂိုဒေါင်တွင် ခလရ ၁၀ က တပ်စခန်းတည်ဆောက်ရန်အတွက် မြို့မပြည်သူ့စစ်အား အနီးပတ်ဝန်းကျင် ၈ ရွာထံမှ သစ်၊ ဝါးများကို ကောက်ခံပေးရန်စေလွှတ်ခဲ့ ကြောင်း အမည်မဖေါ်လိုသည့် ရပ်ရွာအုပ်ချုပ်ရေးမှူး တဦးကပြောသည်။

တစ်နိုင်ငံလုံး အပစ်ရပ်ရေးအတွက် ဇွန်လကုန်ဆွေးနွေးရန် တိုင်းရင်းသားများ အဆင်သင့်မဖြစ်

(Mizzima)

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ကြိုတင် ညှိနှိုင်းရေးအတွက် အစိုးရဘက်မှ ဇွန်လကုန်တွင် တွေ့ဆုံရန် ကမ်းလှမ်းခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်ကမူ အဆင်သင့် မဖြစ်သေးဟု NCCT ခေါင်းဆောင် နိုင်ဟံသာက မဇ္ဈိမကို ပြောသည်။

ဇွန်လကုန်တွင်  ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ (UPWC)နှင့် တိုင်းရင်းသားတို့ တွေ့ဆုံကာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းချက်များ ဆွေးနွေးရန် ဖြစ်နိုင်၊ မဖြစ်နိုင်ကို မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)က ကိုယ်စားလှယ် ဦးလှမောင်ရွှေက ဇွန်လ ၁၅ရက်က လာရောက်မေး မြန်းမှုကို အဆင်သင့်မဖြစ်သေးဟု တုံ့ပြန်ခဲ့သည်ဟု နိုင်ဟံသာက ပြောသည်။

အစိုးရစစ်တပ် ပစ်ခတ်မှုကြောင့် KNU တပ်မဟာ(၄)မှ ၁ဦးသေ၊ ၁ဦးဒဏ်ရာရ

(KIC)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ်-ထားဝယ်ခရိုင် လက်အောက်ခံ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၏ ဟွေးဖာ့နယ်စပ်စခန်းကို အစိုးရစစ်တပ်က ၀င်ရောက်ပစ်ခတ်ရာ KNLA တပ် ဖွဲ့ဝင် ၁ဦးကျဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။

၎င်းဒေသရှိ မြန်မာအစိုးရစစ်တပ် ခြေမြန်တပ်ရင်း(ခမရ-၅၅၇)သည် ဟွေးဖာ့အခြေစိုက် KNLA တပ်ရင်း(၁၁)၏ တပ်ဖွဲ့ဝင်အချို့ ကို ဇွန် ၁၃ရက်နေ့ ညနေ၊ ၃နာရီဝန်းကျင်တွင်တစ်ကြိမ်၊ ဇွန် ၁၄ရက်၊ နံနက် ၇နာရီတွင်တစ်ကြိမ် ပစ်ခတ်ကာ ထိုသို့ ထိခိုက်ကျ ဆုံးရခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၄)ဘက်က ပြောဆိုသည်။

အပစ်ရပ် အလွန် နိုင်ငံရေး ဆွေးနွေးရန်အတွက် KNU နှင့် RCSS/SSA တို့ အမြင်ဖလှယ်

(Mizzima)

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ပြီးနောက် နိုင်ငံရေး ဆွေးနွေးမှုများကို စတင်နိုင်ရန်နှင့် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် အတွက် ကရင် အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌနှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ဥက္ကဋ္ဌတို့ ဇွန် ၁၅ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု RCSS/SSA၏ ပြောရေးဆိုခွင့် ရှိသူက ဗိုလ်မှူးကြီး စိုင်းလောင်းဆိုင်က ပြောသည်။

“အမြင် ဖလှယ်တာက အပစ်အခတ် ရပ်စဲရေးတင် မကဘူး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုလုံးပါပဲ၊ လက်ရှိ အခြေအနေအပေါ် သူတို့ဘက် ကျွန်တော်တို့ဘက် မြင်တာတွေ ဖလှယ်ကြတာပါ” ဟု ဗိုလ်မှူးကြီး စိုင်းလောင်းဆိုင်က မဇ္ဈိမကို ပြောသည်။

ကယားစာပေကို တရားမဝင်စာပေ ဖြစ်၍ သင်ကြားခွင့် မပြုဟု ဆို

(Irrawaddy)

ကယားစာပေကို တရားမဝင် စာပေဟု ဆိုကာ သင်ကြားခွင့် မပြုသေးကြောင်း ကယားစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ သိရ သည်။

ကယားစာပေနှင့် ယဉ်ကျေးမှု ကော်မတီ အတွင်းရေးမှူး ဦးမိုးဇက်ညို့ရယ်က“ကယားစာပေကို လူထုက ကြိုက်တယ်။ ဒါပေမယ့် ခေတ်အဆက်ဆက်က သင်ခွင့် မပေးခဲ့လို့ ခိုးသင်ခဲ့ ရတယ်။ ကျနော်ကိုယ်တိုင်ပဲ ဘာသာပြန်ဖို့ ကိစ္စတွေ လိုက်လုပ်ပြီး စာအုပ်တွေလည်း ရပြီ။ အခု မြို့နယ်ပညာရေးမှူးရုံးမှာ ဒီအတိုင်း ထားရတယ်။ တရားမဝင် စာပေဆိုပြီး ခဏဆိုင်းငံ့စာ ပို့ထားတယ်”ဟု ပြော သည်။

Monday, June 16, 2014

တနင်္သာရီမြို့နယ်တွင် အစိုးရတပ်နှင့်ကေအန်ယူ တိုက်ပွဲဖြစ်၊ ၂ ဦး သေဆုံး

(DVB)

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ အစိုးရတပ် ၅၅၂ နဲ့ ကေအန်ယူ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်းအကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကေအန်ယူဘက်က ၂ ဦး ကျဆုံးပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့ မနက်ပိုင်းက အစိုးရစစ်တပ်က ခမရ ၅၅၂ တပ်ဟာ တနင်္သာရီမြိုနယ် မြောက် ဘက်မှာ ရှိတဲ့ ကေအန်ယူတပ်ရင်း ၁၁ အနီး လှုပ်ရှားသွား လာရင်း ပြောင်းဖူးချိုးပြန် လာတဲ့ ကေအန် ယူတပ်သားတွေကို စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကေအန်ယူရဲ့ မြိတ်-ထားဝယ်ခရိုင် တွဲဘက်အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောပါတယ်။

Friday, June 13, 2014

သျှမ်းပြည်တပ်မတော်နှင့် အစိုးရတပ်တို့အကြားတိုက်ပွဲဆက်လက်ဖြစ်ပွား

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည် တပ် မတော် SSPP/ SSA နှင့်မြန်မာ အစိုးရတပ် တို့အကြား သျှမ်းပြည်တောင် ပိုင်း မိုင်းရှူးမြို့နယ် အတွင်း တိုက်ပွဲများ ယနေ့ ဆက်တိုက်ဖြစ်ပွားနေ သည်ဟုသိရသည်။

ဂျွန် ၁၂ ရက် ၂၀၁၄ ခု မိုင်းရှူးမြို့ နယ် ပတ္တမြားများ ထွက်ရှိရာ လွယ်ဆိုင်တောင်ပေါ် ရှိ သျှမ်းပြည် တပ် မတော်တပ်စခန်းအား အစိုးရတပ်အင်အားဖြည့်တိုက်ခိုက်သည့်နောက်ပိုင်း စကခ ၂ (အမှတ် ၂ စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်) လက်အောက်ခံတပ်များကဒေသတွင်း အားဖြည့်လှုပ်ရှားလာသဖြင့် သျှမ်းပြည် တပ်မတော် SSPP/SSA နှင့် ရင်ဆိုင်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည်ဟု ဒေသတွင်းတပ်မှူးက ပြောသည်။

မိုင်းရှူး ပတ္တမြားမြေရှိ SSPP/SSA တပ်စခန်းအား အစိုးရတပ် တိုက်ခိုက်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်တောင် ပိုင်း မိုင်းရှူးမြို့ လွယ်ဆိုင် (ပတ္တမြားတောင်) တောင် ပေါ်ရှိ သျှမ်းပြည် တပ် မတော် တပ်စခန်း အား အစိုးရ တပ်မတော် က ဂျွန် ၁၁ ရက်က တနေကုန် အင်အားဖြည့် တိုက်ခိုက်ခဲ့ သည်ဟု လွယ်ဆိုင်ဒေသ သတင်း ရပ်ကွက်ကပြောသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ /သျှမ်းပြည်တပ်မတော် SSPP/SSA အခြေချထားသည့် လွယ်ဆိုင်တပ်စခန်းအား သံလွင် အနောက်ခြမ်း ကွန်ပန် - ကွန်ခုံးဒေသအတွင်းရောက်ရှိလှုပ်ရှားနေသည့် အစိုးရတပ်မတော်စစ်ကြောင်း များက ယမန်နေ့နံနက်ပိုင်းမှစ၍ အင်အားဖြည့် ဝိုင်းရံကာ ရွှေတိဂုံပုံတူဘုရားကုန်းပေါ်မှနေ၍ လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ SSPP/SSA လွယ်ဆိုင်တပ်စခန်းအား ဝိုင်းရံထားသည့် တပ်များက မွန်းလွဲ ၂.၄၅ နာရီမှ စ၍ တက်တိုက်ခဲ့ကြောင်း ရှေ့တန်းရောက် သျှမ်းတပ်မှူးတဦးက ပြောသည်။

Wednesday, June 11, 2014

KNU နယ်မြေမှ အစိုးရတပ်များ ဆုတ်ခွာခြင်း မရှိသေးဟု ဆို

(ရွှေဟင်္သာသတင်းဌာန)

ကရင် အမျိုးသား အစည်း အရုံး (KNU) ၏ ထိမ်းချုပ် နယ်မြေ တပ်စွဲ ထားသော အစိုးရ စစ်စခန်းများ ယနေ့ အထိ တစုံ တရာ ဆုတ်ခွာခြင်း မရှိသေးကြောင်း အမည် မဖေါ် လိုသည့် (KNU) ထိပ်တန်း အရာရှိ တဦး က ငြင်းဆိုသွား ခဲ့ပါသည်။
 
ဦးရဲထွဋ် က တော့  တပ်ဆုပ်ဖို့ တပ်ရွေ့ဖို့ကိစ္စတွေ ကို သတင်းတွေမှာ ပြောနေ တာပဲ တကယ် တမ်းကျတော့ တပ် တိုးချဲ့နေတာ ကိုပဲ တွေ့ရပါတယ်။ ဒါက လည်း အရင်က ပြောနေ ကြ စကားတွေ ပါ။ အခု ခိုင်မာတဲ့ စခန်းတွေ ဖြစ် လာအောင် ကိုဘဲ ပြန် တည်ဆောက် နေကြတယ် ။ ဒါကလည်း KNU ကို မီဒီယာနဲ့ ချွေသိပ့် တယ် လို့ပဲ နားလည် ထားသလို  လက်တွေ့မှာ ဘာမှ လည်း ဖြစ်လာ မှ မဟုတ်ဘူးလို့ ယူဆပါ တယ်။”ဟု ဆိုပါသည်။  

Saturday, June 7, 2014

တပ်မ ၇၇ နှင့် မူးယစ်သုံးစွဲရောင်းဝယ်သူများအဖွဲ့ ပစ်ခတ်မှုဖြစ်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက် ပိုင်း နမ္မတူမြို့နယ် မန်စံ ရေထိန်းတောတန်းဘက် စစ်ကြောင်း လှည့် သည့် အစိုးရ တပ်မ ၇၇ လက်အောက်ခံ စစ်ကြောင်း နှင့် မူးယစ်ဆေး ဝါးရောင်း ဝယ်သုံးစွဲ သူများ အဖွဲ့ ရင်ဆိုင် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့သည်။

၂၀၁၄ ဂျွန် ၆ ရက် နံနက် ၀၆.၂၂ နာရီအချိန်တွင် နမ္မတူမြို့ မန်စံ ရပ်ကွက် ၁ အထွက် နမ္မတူ - လားရှိုးလမ်းမ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများအတွက် ကင်းစောင့်ပေး သူသုံးယောက်နှင့် အစိုးရ တပ်မတော် တပ်မ ၇၇ လက်အောက်ခံ စစ်ကြောင်းတို့ ရင်တိုက်ခိုက်မှု ဖြစ်ပွားကာ မူးယစ် ဆေးဝါးနှင့် ပတ်သက် ဆက်နွယ်သူ ၇ ဦးအား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ သို့သော် သေဆုံးဒဏ်ရာရသူတယောက်မျှမရှိကြောင်း အမည်မဖေါ်လိုသည့်ဒေသခံတဦးကပြောသည်။

၂၀၁၄ အတွင်း သျှမ်းပြည်တောင်ပိုင်း NLD ပါတီဝင် ၂ ဦး သတ်ဖြတ်ခံရ

(သျှမ်းသံတော်ဆင့်)

၂၀၁၄ ခုနှစ် အတွင်း သျှမ်းပြည်တောင် ပိုင်းတွင် လုပ်ကြံသတ်ဖြတ် ခံရသည့် NLD ပါတီဝင် ၂ ဦးရှိ ပြီဖြစ် ကြောင်း တောင်ကြီးမြို့နယ် NLD အသိုင်း အဝိုင်းများထံ မှသိရသည်။

ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအုပ်စု NLD ပါတီ ဒုဥက္ကဌ  ဦးစိုင်းစံထွန်းသည်လည်း ၄င်း၏ နေအိမ် အနောက်ဖက်တွင် လွန်ခဲ့သည့် ၂ ရက်ခန့်က လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်ဟုသိရသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုးရန် သျှမ်းပြည်နယ်အတွက် SNLD ပါတီ ပူးပေါင်းပါဝင်မည်ဟုဆို

(သျှမ်းသံတော်ဆင့်)
မတ်လနှောင်းပိုင်းက တောင်ကြီးမြို့လယ်တွင် ဥပဒေပြင်ဆင်ရေး စီတန်းလှည့်လည်ဆန္ဒပြစဉ်

NLD ပါတီနှင့် ၈၈ မျိုးဆက်သစ်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ  ၂၀၀၈  ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ  ၄၃၆  ပြင်ဆင်ရန်  ပြည်သူလူထုလက်မှတ်ရေးထိုးဆန္ဒ ဖော်ထုတ်ရေးတွင် SNLD ပါတီမှလည်း သျှမ်းပြည်နယ်အတွက်ပူးပေါင်း ပါဝင်ကူညီမည်ဖြစ်ကြောင်း သိရသည်။

ဒေသခံပြည်သူများ၏ ခံစားနေရသော ဒုက္ခအားတင်ပြခြင်း

(သျှမ်းသံတော်ဆင့်)

ထိုင်းမြန်မာနယ်စပ်ရှိ တာချီလိတ်ဒေသအတွင်းနေမိဘပြည်သူများသုံးစွဲရန် ရည်ရွယ်ချက်ဖြင့် ပြည်နယ် အစိုးရမှ အမှတ် ၁ ချစ်ကြည်ရေးတံတားမှတဆင့် အခန် ၃ % ပေးဆောင်စေပြီး ဒေသခံကုန်သည်ငယ် များကို တနိုင်တပိုင်ကုန်သွယ်မှုပြုစေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ပါသည်။
အဆိုပါ ၃% ပေးဆောင်စေသည့်စနစ်အား  ဒေသဆိုင်ရာအာဏာပိုင်များ၏ ဦးဆောင်မှုအောက် တွင် မြန်မာနိုင်ငံရဲ စည်ပင်စသည့်ဌာနများပေါင်းဖွဲ့၍ မသမာမှုမဖြစ်စေရေး ထိန်းကျောင်းပေးနေသည်မှာ ဒေသခံအားလုံးအသိပင်ဖြစ်ပါသည်။

နမ့်ခမ်းဒေသ မြေယာများ တရုတ်နယ်နိမိတ်တွင်း မပါရန် သမ္မတကို စာပို့မည်

(DVB)

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အနီးမှာ တရုတ်-မြန်မာ ၂ နိုင်ငံ နယ်နိမိတ် ပြန်လည် တိုင်း တာရေးတွေ ပြုလုပ်ပြီး တဲ့နောက် ဒေသခံတွေ အနေနဲ့ သူတို့ ပိုင်မြေတွေ တရုတ်ပိုင် နက် ရောက်သွားမှာ ကို စိုးရိမ် မကင်းဖြစ်နေ ကြပြီး နိုင်ငံတော် သမ္မတကြီးဆီ စာပေးပို့မယ်လို့ သိရပါတယ်။

မြန်မာနဲ့ တရုတ်အာဏာပိုင်တွေဟာ ဒီလဆန်းပိုင်းက ရွာသားပိုင်စိုက်ခင်းတွေထဲ နယ်နိမိတ်တိုင်တွေ လာရောက် စိုက်ထူသွားတဲ့အတွက် သူတို့မြေတွေ တရုတ်နိုင်ငံထဲ ပါသွားမှာ စိုးရိမ်ပြီး အစိုးရအနေနဲ့ ဘိုးဘွားပိုင်မြေကို ကာကွယ်ပေးဖို့ သမ္မတဆီ စာပေးပို့မယ်လို့ နမ့်ခမ်းမြို့နယ် ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းဆိုင်ဝမ်းက ဒီဗွီဘီကို ပြောပါတယ်။

Friday, June 6, 2014

KNU တွေ အစိုးရနဲ့ ရင်းနှီးလွန်းနေသလား

(VOA)

ကရင် အမျိုးသား အစည်းအရုံး (KNU) က ခေါင်းဆောင်တွေဟာ ဒီရက်ပိုင်း အတွင်းမှာပဲ နိုင်ငံတော်သမ္မတ ကာကွယ်ရေး ဦးစီးချုပ် ပြည်ထောင်စု လွှတ်တော်နာယကတို့ နဲ့ တွေ့ဆုံခဲ့တာကြောင့် တိုင်းရင်းသားဒေသ တချို့က မြန်မာ အစိုးရက စစ်ဆင်ရေးလုပ်ဆောင်နေချိန်မှာ  KNU နဲ့ မြန်မာ အစိုးရတို့ရဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံမှုဟာ အချိန်စောလွန်းနေတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောဆိုကြပါတယ်။ ဒီတွေ့ဆုံခဲ့မူတွေ အပေါ်မှာ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ အမြင်တချို့ကို မအေးမာက သတင်းပေးပို့ထားပါတယ် ။
 

တာ့ဖါဆောင်တံတားအနီး ချထားသော SSPP/SSA တပ်များဖယ်ပေးရန် အစိုးရတပ်တောင်းဆို

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည် တိုးတက်ရေး ပါတီ သျှမ်းပြည် တပ်မတော် ဌာနချုပ်ဟောင်း ဆင်ကျော့ နှင့် ကျေးသီး မြို့နယ် အကြား တာ့ဖါဆောင် တံတားအနီးတပ်ချ ထားသော SSPP/SSA စစ်အင်အားများ ဖယ်ရှားပေး ရန်အစိုးရ တပ် ခလရ ၂၄၇ က တောင်းဆိုလိုက်သည်။
၂၀၁၄ ဂျွန်လ ၄ ရက် နံနက်ပိုင်း၌ ဒေသအတွင်း အစိုးရတပ် ခလရ ၂၄၇ တပ်ရင်းမှူးက တပ်မတော် စစ်ကြောင်းလှည့်ရေးအတွက် SSPP/SSA ရှေ့တန်း တပ်စခန်းတပ်များ  ဖယ်ရှားပေးရန် တောင်းဆို ခဲ့ခြင်း ဖြစ်သည်။


Wednesday, June 4, 2014

ငြိမ်းချမ်းရေးဖြစ်စဉ် ရလဒ်များအပေါ် KNU ခေါင်းဆောင်များက ပြန်လည်သုံးသပ်

(KIC)

ကရင်အမျိုးသားအစည်းအရုံး(KNU)က လက်ရှိ ဖော်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်သည့် ဆွေးနွေးမှုတစ်ခုကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဇွန်လ ၁ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးမှုတွင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးမှုများမှ ရရှိလာသောရလဒ်များကို အဓိကထား ပြန်လည်ဆွေးနွေးဖြစ်ခဲ့ပြီး ရှေ့ဆက်လုပ်ဆောင်သင့်သည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးဖြစ်ခဲ့သည်ဟု KNU ဒုတိယ ဥက္ကဌ ပဒိုနော်စီဖိုးရာစိန်က ကေအိုင်စီသို့ ပြောသည်။

Tuesday, June 3, 2014

သျှမ်းပြည်နယ်ဘက် ကျူးကျော်သတ်မှတ်သည့် တရုတ်နယ်ခြားမှတ်တိုင်အား ဒေသခံများမီးရှို့

(သျှမ်းသံတော်ဆင့်)

တရုတ်နိုင်ငံ နယ်နိမိတ် တိုင်းတာရေး ဌာန နှင့် မြန်မာနိုင်ငံ နယ်နိမိတ် တိုင်းတာရေး ဌာန တို့ ပူးပေါင်း နယ်နိ မိတ် တိုင်းတာ မှုတွင် သျှမ်းပြည် နယ်ဒေသ ခံများ၏ လယ် ယာခြံမြေ များအား တရုတ်နိုင်ငံ ဘက်ခြမ်း သို့ ကျူးကျော် သတ်မှတ်ခြင်း ခံရ သ ဖြင့် ဒေသခံများ မကျေမနပ်ဖြစ်ပြီး နယ်ခြား တိုင် ဆွဲနုတ် မီးရှို့ ဖျက်ဆီး လိုက်ကြောင်း စုံစမ်းသိရှိရသည်။

Monday, June 2, 2014

KNPP ဆက်ဆံရေးရုံး အလျင် ရွှေ့ပြောင်းခြင်းခံရ

ကန္တာရ၀တီတိုင်း(မ်) 
 
လွိုင်ကော်မြို့တွင်ဖွင့်လှစ်ထားသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဆက်ဆံရေးရုံးအား မေလ ၃၁ရက်နေ့ နောက်ဆုံးထား ရွှေ့ပြောင်းပေးရန် ကယားပြည်နယ်အစိုးရမှ ဒုတိယအကြိမ် စာ ရောက်ရှိလာသည့်အတွက် ရွှေ့ပြောင်းပေးခဲ့သည်ဟု ပြောခွင့်ရရှိသူ KNPP လွိုင်ကော်ဆက်ဆံရေးရုံးပြောခွင့်ရ ဆရာပလုရယ်ကပြောသည်။

“သူတို့ပြောတာ နိုင်ငံတော် သမ္မတရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ၀န်ထမ်းတွေ ထပ်ခန့်ဖို့ ရှိတယ်ပေါ့။ ဒီမြေကို ၀န်ထမ်းအိမ်ရာအတွက် လျာထားတယ်ပြောတယ်။ ဒီလအတွင်း ရုံးရွှေ့ပြောင်းပေးဖို့ စာ ၂ စောင်ရောက်လာပြီ။ စာမှာ (အမြန်ဆုံး) –(အမြန်ဆုံး)ရွှေ့ပေးဖို့  ပါနေလို့ လေ” ဟု ပြောသည်။

မူဆယ်-နမ့်ခမ်း ကားလမ်းတွင် ပစ်ခတ်မှုဖြစ်ပွား၍ ဒေသခံတဦး သေဆုံး

(Irrawaddy)

ရှမ်းပြည်နယ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့သို့ ဆက်သွယ်သွားလာသည့် ကားလမ်းတွင် မေ ၂၉ ရက် မွန်းလွဲပိုင်းက အစိုးရ စစ်တပ် ၏ လက်ချက်ဟု ယူဆရသည့် ပစ်ခတ်မှုကြောင့် ခရီးသွား အပြစ်မဲ့ ပြည်သူ ၂ ဦး လက်နက်ထိမှန်ပြီး တဦး သေဆုံးသွားကြောင်း သိရ သည်။

ယင်း ပစ်ခတ်မှုကြောင့် သေနတ် ထိမှန်သူများမှာ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့ ကားလမ်းပေါ်တွင် ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာသူ နမ့်စမ် ကျေးရွာ ဒေသခံ ဦးအားရှန် အသက် ၄၆ နှစ် နှင့် ဒေါ်နန်းအေးဌေး အသက် ၃၆ နှစ် တို့ဖြစ်ပြီး ဒေါ်နန်းအေးဌေး သည် မေ ၂၉ ရက်ည ၇ နာရီခွဲခန့်တွင် တရုတ်ပြည် ရွှေလီ ဆေးရုံတွင် သေဆုံးသွားသည်ဟု ဒေသခံ တဦးက ပြောသည်။