Monday, September 2, 2013

WGEC ကိုယ်စားလှယ် နှင့် ဒုသမ္မတ စိုင်းမောက်ခမ်းငြိမ်းချမ်းရေးကိစ္စဆွေးနွေး



ဩဂတ်စ် ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနယ်စပ်အခြေစိုက် တိုင်းရင်းသားပူးပေါင်း ဆောင်ရွက်ရေး
လုပ်ငန်းကော်မတီ WGEC ကိုယ်စားလှယ်များ နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး
လုပ်ငန်းကော်မတီ ဥက္ကဌ ဒေါက်တာစိုင်းမောက်ခမ်း တို့ နေပြည်တော် ရထားပို့ဆောင်ရေးဝန်ကြီးဌာန
 ဧည့်ခန်းမ၌ ၂ နာရီကျော်ကြာတွေ့ဆုံကာ ငြိမ်းချမ်းရေးကိစ္စရပ်များ  ဆွေးနွေးခဲ့ကြသည်။

WGEC ကိုယ်စားလှယ်များမှ တတိုင်းပြည်လုံးအပစ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးပွဲဆိုင်ရာ မူဘောင် ၊
 အဘက်ဘက် စုံညီပါဝင်သည့် ပင်လုံကဲ့သို့ ပြည်ထောင်စုအဆင့် ညီလာခံကြီး ကျင်းပရေးကိစ္စနှင့် ငြိမ်းချမ်းရေး
 တည်ဆောက်စဉ် လက်တွဲလုပ်ဆောင် ရမည့် ကြားကာလ လုပ်ငန်းများ စသဖြင့် ဆွေးနွေးတင်ပြကြသည်။



 “ဒုတိယ သမ္မတဒေါက်တာစိုင်းမောက်ခမ်းကနေပြီးတော့ - ကျနော်တို့ တိုင်းပြည်က ငြိမ်းချမ်းဖို့အချိန်တန်ပြီ၊
 ငြိမ်းချမ်းရေးက အရေးကြီးတယ်၊ ဒါ့ကြောင့် ငြိမ်းချမ်းရေး မရှိရင် တိုင်းပြညနိမ့်ကျမယ်။ ဒါ့ကြောင့် ကျနော်တို့
တွေ၊ တိုင်းရင်းသားခေါင်း ဆောင် တွေ ညီညီညွတ်ညွတ်လက်တွဲပြီး ဒီပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့
လက်တွဲဖေါ်ဆောင် ရမယ်” လို့ ပြောတယ်။ ကျနော်တို့ တင်ပြတဲ့ ငြိမ်းရေးဆွေးရေး မူဘောင် ကိုလဲ
လက်ခံဆွေးနွေးတယ်“ - ဟု ဗိုလ်မှူးကြီး စိုင်းလ ကပြောသည်။

ပြည်ထောင်စုငြိမ်း ငြမ်းချမ်းချမ်းရေးလုပ်ငန်းဖေါ်ဆောင်ရေးကော်မတီ ဥက္ကဌ ၊ ဒုတိယ သမ္မတဒေါက်တာ
 စိုင်းမောက်ခမ်း ဦးဆောင်ကာ ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ဖေါ်ဆောင်ရေး ကော်မတီဝင်များက
WGEC ကိုယ်စားလှယ်များ ဖြစ်ကြသည့် ပညာရှင် ဒေါက်တာဆလိုင်းလျံမုန်းဆာခေါင်း၊ ဗဒိုစောတူးတူးလေး၊
တိုင်းရင်းသားလူငယ်များ အဖွဲ့မှ ကိုယ်စားလှယ် ကချင်လူငယ် ကိုနော်ဆန်း ၊ ကရင်အမျိုးသားအစည်းအရုံး
KNU မှ စစ်ဦးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ အထွေထွေ အတွင်းရေးမှူး ဗဒိုစောကွယ် ထူးဝင်း နှင့်
ဗဟိုကော်မတီဝင် ၅ ဦး၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA မှ ဗိုလ်မှူးကြီး စိုင်းလ၊
 ဒုဗိုလ်မှူးကြီး စိုင်းငင်း တို့အား အလွတ်ဘော လက်ခံတွေ့ဆုံကာ ငြိမ်းချမ်းရေးဆိုင်ကိစ္စရပ်များ ဆွေးခြင်းဖြစ်
သည်။

“WGEC လုပ်ထားတဲ့ နိုင်ငံရေးမူဘောင်ကို အစိုးရကော၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေး ပါတီတွေကော
၊ လူထုကောပေါ့ သွားရောက်ချပြတယ်။ တိုင်းရင်းသား အတိုက်အခံ ဘက်က ဘာတွေရှိလဲ နိုင်ငံရေးဆွေးနွေး
ပွဲမှာ ဘာတွေဆွေးနွေးလိုလဲဆိုတာတွေပေါ့၊ ပြီးရင် ရလာထဲ့အချက်အလက်တွေကို UNFC အပါဝင်
အားလုံးကို ပြန်လာချပြမယ်။ ပြန်ရှင်းပြမယ်” - ဟု WGEC တွင် ပါဝင်သည့် သျှမ်းသံတော်ဆင့်အယ်ဒီတာ
 ချုပ် ဦးခွန်စိုင်းက ပြောပါသည်။

တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ WGEC အား၂၀၁၂ စက် တင်ဘာ ၁၄ ရက်မှ
၁၆ ရက်ထိ ကျင်းပသည့် တိုင်းရင်းသား ညီလာခံကြီးမှ ဖွဲ့စည်း ခဲ့သည်။ WGEC ၏ လမ်းပြမြေပုံ Road Map
၆ ချက်မှာ - (၁) နိုင်ငံရေး ဆွေးနွေး ပွဲဆိုင်ရာ မူဘောင်ရေးဆွဲရန်၊ (၂)  အစိုးရနှင့် ဆွေးနွေးပြီး ‘နိုင်ငံရေး
ဆွေးနွေးပွဲဆိုင်ရာ မူဘောင်’ ကို သဘောတူညီချက် ရယူရန်၊ (၃) ပြည်နယ်အလိုက် ညီလာခံ ကျင်းပရန်၊ (
၎) ပြည်နယ်အားလုံး စုပေါင်းပြီး ညီလာခံ ကျင်းပရန်၊ ( ၅) တတိုင်းပြည်လုံး အတိုင်းအတာနှင့် ပြည်ထောင်စု
ညီလာခံကြီး ကျင်းပရန်(၆) အချိန်သတ်မှတ်၍ အထက်ပါ အချက် ၅ ချက်ကို လုပ်ဆောင်သွားရန် - တို့ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။