Tuesday, April 30, 2013

မြန်မာစစ်တပ်မှ T.N.L.A ခွင့်ပြန် ရဲဘော် ၃ ဦးအား သတ်ဖြတ်

၂၀ရက်နေ့ မတ်လ ၂၀၁၃ ခုနှစ် မနက်ပိုင်အချိန်တွင် မိဘများအား သွားရောက် ကူညီပေးရန် ခွင့်ရက်ဖြင့် ပြန်သွားသော တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်သား ၃ ဦးကို မြန်မာစစ်တပ် တပ်ရင်း (၅၀၄)မှ နမ့်ဆန်မြို့နယ်ရှိ ဆွန်ဟင်းကျေးရွာအနီးတွင် ကြိုးတုတ်ဖမ်း ဆီးခေါ်ဆောင်သွားပြီး ၎င်း ရဲဘော် ၃ ဦးကို ရက်ဆက်စွာ သတ်ပစ် လိုက်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။
 
မြန်မာစစ်တပ် တပ်ရင်း (၅၀၄)တပ်ရင်းမှ ၎င်းတို့ ဖမ်းဆီးခေါ်ဆောင်သွားသော T.N.L.A ရဲဘော် ၃ ဦးကို ညှင်းပန်းနှိပ် စက်မေးမြန်ပြီး ဧပြီလ ဒုတိယအပတ် နေ့လည် ၂ နာရီခန့် အချိန်တွင် သတ်ပစ် လိုက်ကြောင်း သိရှိရပါသည်။
 
T.N.L.A တပ်ရင်း (၂၅၆) တပ်ခွဲမှူးမှ “ကျနော့် ရဲဘော် ၃ဦးက သူတို့မိဘတွေကို ရွှေဖီချိန်မှာ လက်ဖက်ပြန်ခူး ကူညီပေး ဖို့ဆိုပြီးတော့ ခွင့်တောင်းခဲ့တယ်၊ ကျနော်လည်း သူတို့မိဘတွေ ကူညီ တယ်ဆိုတော့ ခွင့်တစ်လ ပေးလိုက်တယ် သူတို့၃ ဦးကို ဗမာစစ်တပ် ဖမ်းဆီးခြင်းခံရတဲ့ သတင်းသိရပြီး ရဲဘော် ၃ ဦးအလောင်ကို လိုက်ရှာခိုင်းတော့ ပန်စရီရွာ မိုင်းထွန်းတင် အသက်၂၀ ကျော် နှင့် အနောက်ကင်းရွာနေ မိုင်းကျော်ခိုင် အသက် ၂၀ ကျော်တို့ အလောင်ကို နမ့်ဆန်မြို့နယ် မန်ဖတ် လမ်းမကြီးရဲ့ အထက်နှင့်အောက် မြုပ်ထားပြီသူတို့ကိုယ်ပေါ်မှာ ရက်ရက်ဆက်ဆက်နှိပ်ဆက်ထားတဲ့ ဒဏ်ရာများနဲ့ တွေ့ရှိခဲ့ တယ်။ ဟိုနမ်းကျေးရွာ မိုင်းပန်ဆေ အလောင်ကို ခုထိ မတွေ့ရရှိသေး“ဟု
ပြောပါသည်။
 
ဒေသခံများမှ ပြောပြရာတွင် မြန်မာစစ်သားတွေက ကျနော်တို့ ရွာဖက်တွေမှာ တပ်ရင်း တို့းချဲ့ထား တယ်.စစ်ကြောင်း တွေလည် ခဏခဏလာတယ် ပြီးတော့ ဒေသခံတွေစီမှာ နှိပ်စက်တယ် ခြိမ်းခြောက်တယ်. ဒီကလေး ၃ ယောက်ကို ရက်စက်စွာ သတ်ပစ်တာက အရမ်းကို စိတ်မကောင်း စရာပါဗျာ လက်ရှိအစိုးရရဲ့ လုပ်ရပ်တွေက ဘယ်လိုမှလူထုတွေ ကာကွယ်ပေးတာ မဟုတ်တော့ ဘူးဟု ပြောပြခဲ့ပါသည်။
 
T.N.L.A မှ သေးဆုံးသွားသော ရဲဘော် ၃ဦး၏ မိဘများထံ သွားရောက်အကြောင်းကြားပြီး ၎င်းတို့ ၃ ဦးအတွက် မိသားစု များ နှင့်အတူ ဆွမ်းကမ်းလှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး P.S.L.F
ဆက်သွယ်ရန်၊+၈၆ ၁၈၃၀ ၆၉၄ ၆၀၉၇

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။