Thursday, April 11, 2013

(၄) ကြိမ်မြောက် ရက္ခိုင့် တပ်မတော်နေ့

(ရွှေဟင်္သာသတင်းဌာန)

(၄) ကြိမ်မြောက် ရက္ခိုင့် တပ်မတော် နေ့ကို ယမာန်နေ့ နံနက် ၆ နာရီ အချိန်တွင် ကချင်ပြည်နယ် KIO ထိန်းချုပ် နယ်မြေ လိုင်ဇာမြို့ အနီးရှိ ရက္ခိုင့် စစ်ဋ္ဌာနချုပ် စခန်း အတွင်း၌ ပြုလုပ် သွားကြောင်း အဖွဲ့၏ ပြန်ကြားရေး အဖွဲ့ဝင် တစ်ဦးက ဆိုပါသည်။
 “ကျနော်တို့က ရခိုင်မြေနဲ့ အလှမ်းဝေး နေပေမဲ့ ဘ၀တူ တိုင်းရင်းသား တွေနဲ့ လက်တွဲပြီး အမျိုးသား အကျိုး စီးပွားကို ပူးပေါင်း ဆောင်ရွက် သွားမှာပါ။ ရခိုင် လူမျိုး တွေရဲ့ ဘ၀ ဟာလည်း ရန်သူ နှစ်ဖက် ညှပ်ပြီး အတိုက်ခံ နေရ သလို ခံစား နေခဲ့ ရပါတယ်၊ ဒါကို ကျရာ အခြေအနေ ကနေ တိုက်ပွဲ ၀င်သွား မှာပါ” ဟု ဆိုပါသည်။

အဆိုပါ အခမ်း အနားသည် ဧပြီလ (၁၀) ရက်နေ့ နံနက် (၆) နာရီမှ စတင်ကာ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO/KIA ၊ ကျောင်းသား တပ်မတော် ABSDF နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA အဖွဲ့ တို့မှ အင်အား (၄၀၀) ကျော် တက်ရောက် ခဲ့သည်။
ရက္ခိုင့် အမျိုးနွယ် တို့၏ အမျိုးသား ရေးအတွက် စတင် တော်လှန် ခဲ့သည့် ဧပြီလ (၁၀) ရက်နေ့ကို အကြောင်း ပြုပြီး ရက္ခိုင့် တပ်မတော်နေ့ အဖြစ် အသစ်တဖန် မွမ်းမံပြီး သတ်မှတ်ကာ  ကျင်းပ လာခဲ့ခြင်း ဖြစ်သည်။ ရက္ခိုင့် တော်လှန်းရေး မျိုး ဆက်မှ လူငယ်တစ်ဦး ဖြစ်သည့် ထွန်းမြတ်နိုင် က ဦးဆောင် ခဲ့သည်။
အခမ်း အနားအတွင်းမှာ ရက္ခိုင့် တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှုးချုပ် ထွန်းမြတ်နိုင်က “ကျဆုံးသွားတဲ့  အမိရက္ခိုင့် နိုင်ငံ တော်ကို ပြန်လည် ရရှိ နိုင်ဖို့ ဒီရက္ခိုင့် တပ်မတော်ကို ပြန်လည် မွေးထုတ် ပေးခဲ့ ရသည်” ဟု မိန့်ခွန်း ပြောကြားခဲ့သည်။
မဟာမိတ် အားလုံး၏ ကိုယ်စား KIA မဟာ ဗျူဟာ ဌာနမှ တာဝန်ခံ ဗိုလ်မှုးကြီး ဇော်တောင်းက “နှစ်ပေါင်း များစွာ ရှိလာခဲ့တဲ့ မြန်မာ ပြည်တွင်းစစ် ဖြစ်တဲ့ တိုင်းရင်းသား တော်လှန်းရေး ကြီးရဲ့ သံသရာမှာ အမြစ်ပြတ် ချေမှုန်း သွားဖို့။ လမ်းဟောင်းက အတွေ့အကြုံ တွေကို ပြန်လည် သုံးသပ် သင်ခန်းစာ ယူပြီး ညီညွှတ်ရေးကို အခြေတည်ကာ သစ်လွင်တဲ့ အတွေးအခေါ်တွေနဲ့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စုကို တည်ဆောက်သွားကြဖို့” မှာကြား သွားပါသည်။
ဤ ရက္ခိုင့်တပ်မတော် အဖွဲ့သည် ၂၀၀၉ ခုနှစ် ဧပြီလ (၁၀) ရက်နေ့မှာ ရက္ခိုင့်ပြည်နယ် ကို အခြေခံပြီး ဖွဲ့စည်းလာခဲ့သည်။ လက်နက်ကိုင် တပ်မတော်အဖြစ်သို့ ရောက်ရှိလာရန် KIO/KIA ထိန်းချုပ် နယ်မြေအတွင်းသို့ လာရောက်ဖွဲ့စည်း ခဲ့ရခြင်း ဖြစ်သည် ဟု ဗိုလ်စောမြတ် ကဆိုပါသည်။
ယင်းတို့ အသုံးပြုသည့် တဆိပ်မှာ ပြင်ပ အနီရောင် စက်ဝိုင်းအတွင်းရှိ ကြယ် (၄) တောင့်သည် ရက္ခိုင့်တို့၏ ခေတ်ကြီး (၄) ခေတ်ကို ရည်ညွှန်းထားခဲ့သည်။ အပြာရောင် အတွင်းစက်ဝိုင်း အတွင်းရှိ ကြယ် (၇) ဒေါင့်တို့သည် ရက္ခိုင့် အမျိုးနွယ် (၇) မျိုးကို ကိုယ်စားပြုထားခဲ့သည်။ ၄င်းအပြင်ရက္ခိုင့် တိုင်းပြည်ကို အုပ်ချုပ်လာခဲ့သည့် ဘုရင်းကြီး (၇) ပါးကိုလည်း ကိုယ်စားပြု ထားခဲ့သည်။
ရက္ခိုင့် တပ်မတော်အမှတ်အသားဖြင့် ဒေါင်ရန်ငှက် ( ဝိုင်လင်းငှက်) ကို အသုံးပြု ထားခဲ့သည်။ ယင်းသည် ရက္ခိုင့် ပင်လယ်ကျောက်ဆောင်ကြီး အပေါ်မှာ ကျင်လည် ကျက်စားခဲ့သည်။ ဘဝကို ၂ ကြိမ် ၂ ခါ ပြန်ပေါက်ဖွားလေ့ ရှိသည် ငှက်သတ္တဝါး ဖြစ်သည်ဟု ဗိုလ်စောမြတ်က ပြောသည်။
“ဒေါင်ရန်ငှက်ဟာ ရဲရင့်တယ်။ ရန်သူကို ထိရောက်စွာ ပစ်မှတ်ထား တိုက်ခိုက် နိုင်စွမ်းရှိတယ်။ သူရှိတဲ့ နေရာမှာ ငြိမ်းချမ်း စည်ကာစွာ ရှိတယ်။ ကိုယ့်ဒေသကို မြတ်နိုးတယ် အကာအကွယ်ပေး တတ်တဲ့ သဘာဝ ရှိတဲ့ အတွက် ကျနော်တို့ ရက္ခိုင့် မျို့နွယ်တွေက ရေတပ်ဖွဲ့ အလံဖြစ် ခေတ်အဆက်ဆက်က အသုံးပြု လာခဲ့တော့ ကျနော် အနေနဲ့လဲ ဆက်အသုံးပြု လာခဲ့ရတယ်။” ဟု ဆိုပါသည်။
ယင်းတပ်ဖွဲ့တို့သည် ရက္ခိုင့်အမျိုးနွယ်များ၊ ရက္ခိုင့်ပြည်၏ အကျိုးစီးပွား၊ ပြည်ထောင်စု၏ အကျိုးစီးပွားများ၊ စစ်မှန်သည့် ငြိမ်းချမ်းရေး ဖြစ်ထွန်းမည့် မည်သည့် နိုင်ငံရေးပါတီမဆို မည်သည့် တော်လှန်းရေး အဖွဲ့အစည့်မဆို အတူလက်တွဲ သွားရန် ရှိပါသည်။
ယင်းတပ်ဖွဲ့ တို့သည် အလွှာပေါင်းစုံ ဖြစ်သည့် တက္ကသိုလ် ကျောင်းသား၊ အစိုးရဝန်ထမ်းမှ၊ ရဟန်းသံဃာတော် နှင့် အလုပ်သမားလူတန်းစား တို့မှ ပူးပေါင်းဖွဲ့စည်း ထားပါသည်။
ကျနော်တို့ ရက္ခိုင့် အမျိုးနွယ် မှန်သမျှ နိုင်ငံရေး စစ်ရေးအမြင် မရှိပါက ဒီအထက် ဆိုးဝါးတဲ့ ကံကျမ္မား တို့နဲ့ ကြုံတွေ့ ရနိုင်တယ်ကြောင်း” ဆိုပါသည်။
၎င်းတို့၏ ရည်ရွက်ချက်မှာ ပျောက်ကွယ် သွားခဲ့ရသည့် ရက္ခိုင့် အမျိုးနွယ်တို့၏ ကိုယ်ပိုင် ပြဌာန်းခွင့်နှင့် ကိုယ့်ကံကျမ္မာ ကိုယ်ဖန်တီပိုင်ခွင့် များ ပြန်လည် ရရှိရေး တို့ ဖြစ်သည်။
ယင်းတို့၏ ရက္ခိုင့် နိုင်ငံတော်ကို ပြန်လည် ရရှိရန် ခိုင်မာ တောင့်တင့်သည့် စစ်စည်းကမ်း ပြည့်ဝသည့်၊ စစ်ပညာနှင့် ပြည့်စုံသည့် ရက္ခိုင့် တပ်မတော်ကို ပြန်လည် တည်ထောင် ရုံမှ တပါး အခြားနည်းလမ်း မရှိကြောင်း ဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။