Friday, April 26, 2013

ရိုးရာ ကရင်စာပေ ဖေါ်ထုတ်ရေး သင်တန်း ဆင်းပွဲ ကျင်းပ

(ရွှေဟင်္သာသတင်းဌာန)

ကရင် ရိုးရာစာေ ဖေါ်ထုတ်ရေး သင်တန်းကို ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ဆုံစည်းမြိုင် ကျေးရွာသင်တန်းသား (၂၀၀) ကျော်နှင့်အတူ ယနေ့ ကျင်းပခဲ့သည်ဟု ကရင်စာပေ ယဉ်ကျေးမှု ဖြန့်ပွားရေးဥက္ကဌ စောဘတိုး ကဆိုပါသည်။ 

ဒီသင်တန်းကတော့ ဒုတိယအကြိမ်မြောက် သင်တန်းဖြစ်တယ်။ ရည်ရွယ်တာကတော့ ကရင်စာပေကို ဖေါ်ထုတ် တဲ့ နေရာမှာ  မူလကရင် စာပေဖြစ်တဲ့ ကြက်ယက်စာပေကို ပြန်လည် ထိန်းသိမ်း တာလည်း ပါတယ်။ ဒီသင်တန်းကို မြ၀တီမြို့နယ်က ဆုံဆည်း မြိုင်၊ ၀ါ့မိထ၊ တောင်နီ၊ ဥကလိထရွာက လူတွေ တက်ပါတယ်။ဟု ဆိုပါသည်။ 


ကရင်ရိုးရာ ကြက်ယက်စာပေသည်၊ ရှေးနှစ်ပေါင်း ထောင်ချီကတည်ရှိ လာခဲ့သည်ဟု မြိုင်ကြီးငူ အထူးဒေသကရင် စာပေဖြန့်ပွားရေး ဥက္ကဌ ဦးစောဘတိုး က ဆိုပါသည်။ ဤစာပေကို အကြောင်းအမျိုးမျိုးကြောင့် ပျောက်ကွယ်သွားခဲ့ သော်လည်း ခရစ်သက္ကရာဇ်၂၀၀၀ ခုနှစ်ပတ်ဝန်းကျင်တွင် မြိုင်ကြီးငူ ဆရာတော်မှ ပြန်လည်ရှာဖေ ဖော်ထုတ်နိုင်ခဲ့ သည်ဟု ဆိုပါသည်။ 

ရှေးဟောင် မူလ ကရင်ကြက်ယက် စာပေကို ကူးနီပေါင်ဟု ခေါ်ပါသည်။ ကရင်လူမျိုးထဲစာပေ ၁၉ မျိုးမျှ ရှိနေပြီး ထင်ရှားကျော်ကြားပြီး အသုံးများနေသည်မှာ- စကောကရင် စာပေ၊ ပိုးကရင် စာပေများသာ ဖြစ်ကြောင်း ဆိုပါသည်။ ပိုးကရင် စာပေကို ဗုဒဘာသာ ဆရာတော်ကြီးများက မွန်ဗျည်းသရများနှင့်  ပိုးကရင် စာပေကို ဖော်ထုတ်ကြသလို။ နောက်ပိုင်းတွင် ခရစ်ယာန်များကလည်း အင်္ဂလိပ်ဗျည်း များမှ ကရင်အသံထွက် စာပေကို ဖော်ထုတ်ခဲ့ကြပါသည်။

ယခု ဖ်ာထုတ်ထားသည့် ကြက်ယက်စာပေသည် ကရင်တမျိုးသားလုံး အသုံးပြုသင့်ကြောင်းနှင့် အသုံးပြုရန်လည်း တာဝန်ရှိကြောင်း ဆိုပါသည်။ ဤသို့ကြောင့် ကြက်ယက်စာပေကို ကရင်ပြည်နယ်တွင် သာမက တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်ရှိသော ကရင်လူမျိုးများ ကြားတွင်လည်း သင်ကြားပေးပြီး ဖြစ်ပါသည်။ 

ဤသင်တန်းမျိုးကို အစိုးရကျောင်းပိတ်ရက်များတွင် ကျောင်းသားများအပါဝင် စိတ်ဝင်စားသူများအား သင်ကြားပေး ပါသည်။ထိုကဲ့သို့ သင်ကြားရခြင်း သည်လည်း ကရင်တမျိုးသားလုံး အတွက် အနာဂတ်တွင် ကြက်ယက်စာပေကို အသုံးပြုနိုင်ရန် ရည်ရွယ်ထားပါသည်။ သို့သော် တမျိုးသားလုံး လက်ခံနိုင်ပါမှ ဖြစ်နိုင်ပေမည်။

ကြက်ယက်စာပေ သင်ကြားရေးသည် မြိုင်ကြီးငူဆရာတော် (ဦးသုဇန) မှ ဦးဆောင်နေပြီး ရှေးဟောင်း ကရင် စာပေယဉ်ကျေးမှု ဖြန့်ပွားရေး အစီစဉ်ဖြင့် ဆောင်ရွက်နေခဲ့ပါသည်။ 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။