Monday, July 22, 2013

Geneva Call စာချုပ်ကို မည်သို့ အကောင်အထည် ဖေါ်ကြမည်နည်း?

(ရွှေဟင်္သာသတင်းဌာန)

ယမာန်နေ့က နာရီတွင် ဂျီနီဗာ အခြေစိုက် Geneva Call အဖွဲ့ဝင် ဦးနှင့် ကရင် အမျိုးသား အစည်းအရုံး (KNU) တို့သည်၊ မွန်းလွဲ နာရီတွင် တွေ့ဆုံပြီး စာချုပ် လက်မှတ် ရေးထိုး ကြပါသည်။ ၄င်းစားချုပ်မှာ လက်နက်ကိုင် ပဋိပက္ခကြောင့် သက်ရောက်မှု ခံစားရသော ကလေး သူငယ်များအား ၊ ကာကွယ်ရေး ဆိုင်ရာ သန္ဓိဌာန်ပြု ၀န်ခံမှု စာချွန်လွှာ အပါအ၀င် လိင်မှုဆိုင်ရာ အကြမ်းဖက်မှု များကို ပိတ်ပင် တားမြစ်ခြင်းနှင့် လိင်ကွဲပြားမှု အပေါ် ခွဲခြား ဖိနှိပ် ဆက်ဆံမှုများ အဆုံး သတ်ရေး ဆိုင်ရာ သန္ဓိဌာန်ပြု ၀န်ခံမှု စာချွန်လွှာကို လက်မှတ် ရေးထိုး ခဲ့ပါသည်။ 

စာချုပ်ပါ အချက် များကို မည်သို့ အကောင်အထည်ဖေါ် သွားကြမည် ဆိုသည်ကို သိရှိနိုင်ရန် ကရင် အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်းကို ဆက်သွယ် မေးမြန်း ခဲ့ပါသည်။


မေး။     ကလေး သူငယ်များ အခွင့်အရေး ဆိုင်ရာ ကာကွယ်ရေး ကိစ္စနဲ့လိင်မှု ဆိုင်ရာ အကြမ်းဖက်မှု ကိစ္စအပြင် တခြားဆွေးနွေး ခဲ့ပါသေးလား။
ဖြေ။      တခြားထွေထွေ ထူးထူး ထပ်ပြီး ဆွေးနွေး ခဲ့တာမျိုးတော့ မရှိဘူး။  ဒီချက်ကလဲလက်မှတ် ထိုးဖို့ အတွက် ဆွေးနွေးခဲ့တာ ကြာလှပါပြီး မနေ့က သဘော တူညီချက် လက်မှတ် ထိုးခြင်းဟာဒီ ၂ ချက် အပေါ် အဆုံးသတ်ဖို့ အတွက် လက်မှတ် ရေးထိုးခြင်း ဖြစ်တာပါ။

မေး။      သဘော တူညီချက် ချက် အပေါ် လက်မှတ် ထိုးပြီးပြီ ဆိုတော့ ရှေ့ဆက် ဘယ်လို ပုံစံမျိုးနဲ့အကောင်အထည်ဖေါ် လုပ်ဆောင် သွားကြမလဲ။
ဖြေ။      ဒါကတော့ တစ်ခုချင်ဆီကို အကောင်ထည် ဖော်ဖို့အတွက် အစီအစဉ် ဆွဲပြီး အကောင်အထည် ဖော်သွားဖို့ ရှိတယ်။ ပထမ ဦးဆုံး အနေနဲ့ သဘော တူညီထားတဲ့ အချက်ကို ထုတ်ပြန်ပြီးတော့ KNU အဖွဲ့အစည်း အတွင်း တိကျ လိုက်နာမှု ရှိအာင် လုပ်ရမယ်။ နောက်ပြီး  knu အဖွဲ့အစည်း၊ knla စတဲ့ ကရင် လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ သင်တန်း ပေးပြီး အကောင် ထညဖော်တဲ့ အပိုင်းကို လုပ်ဆောင်ရမယ်။ အဲဒီ နှစ်ချက်ကို အကောင်အထည် ဖော်ဖို့အတွက် ကျနော်တို့ဆီမှာ  မူအားဖြင့် အကြမ်းရေးဆွဲ ထားတာတော့ ရှိပါတယ်။ အကောင်အထည်ဖော်မှု အပိုင်းက အရေးကြီးတဲ့ အတွက် ကျနော်တို့ဘက်က နိုင်ငံတကာ စံနှုန်းနဲ့ အညီ KNU ရဲအကြမ်းရေးဆွဲ ထားတဲ့ ကျနော်တို့ရဲ့  ဥပဒေနဲ့ ကလေး အခွင့်ရေးကို ကာကွယ်ဖို့ အကူညီ ပေးရေး အတွက် စည်းကမ်း သတ်မှတ်ချက်တွေ လုံလောက်မှု ရှိမရှိ ပြန်လည် စိစစ်ရပါ့မယ်။ တဖြည်းဖြည်းနဲ့  မှန်မှန် တဆင့်ပြီး တဆင့်တော့ လုပ်ဆောင်မှာပါ။

မေး။       သင်တန်းပေးပြီး အကောင်အထည် ဖော်တဲ့ အပိုင်း ဆိုတာက ဘယ်လိုမျိုး ဆောင်ရွက်ကြမှာလဲ။
ဖြေ။      ပြောရရင်တော့ ဒေသအတွင်း ပဋိပက္ခဖြစ်တဲ့ နေရာတွေမှာ KNU စစ်ယူနီဖောင်း ၀တ်ဆင်မှုကို သဘောကျတဲ့ သူတွေထဲမှာ ကလေးတွေလည်း ပါပါတယ်။ သူတို့က အဲဒါကို အတု ခိုးပြီးတော့ စစ်ယူဖောင်းတွေ ၀တ်ဆင် လာတာတွေကို တွေ့ရှိရပါတယ်။ အပြင် လူတယောက် အနေနဲ့ ကြည့်ရင် ဒါကို ကလေးစစ်သား ဆိုပြီး အထင်မှား အမြင်မှားနဲ့ ပြောဆိုကြ လာတဲ့ အပိုင်းတွေလည်း ရှိလာပါတယ်။  အဲဒီ အနေထားကို မဖြစ်ဖို့အတွက် ကလေးတွေ စစ်ယူနီဖောင်းတွေ မ၀တ်ကြဖို့ ပညာပေးမှုတွေ လုပ်ရမှာပါ။ ဒါက လုပ်နည်း တခုပေါ့နော်။
နောက်တစ်ခုက ကလေး သူငယ်တွေကို ကာကွယ်တဲ့ နေရာမှာ () ချက် အနေနဲ့ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကလေး သူငယ်တွေကို လက်နက်ကိုင် တပ်ဖွဲ့မှာ လက်မခံရေးပေါ့။  ဒါကို ဘယ်လို လုပ်ရမလဲ ဒါကို ဖောက်ဖျက်ရင် တာဝန်ရှိ ပုဂိလ် တွေကို ဘယ်လို အရေးယူ ဆောင်ရွက် သွားမလဲပေါ့။ တကယ်လို့ တပ်ထဲမှာ အသက် ၁၈ နှစ်အောက် ကလေး ရှိခဲ့မယ်ဆို ရင်လည်း ပြန်ထွက်ခိုင်းပြီး ကျောင်းတက်ခိုင်း တာတို့ အသက်မွေး ၀မ်းကျောင်း အလုပ်ဖြစ်ဖြစ် သင်ခိုင်းမှာပါ။ ကလေး သူငယ်တွေကို စစ်ရေး ဆိုင်ရာ ကိစ္စတွေမှာ လုံးဝ အသုံးမပြုဖို့ ပိုပြီး တိကျခိုင်မာအောင် အစီအစဉ်ကို စနစ်တကျ ဆွဲပြီး လုပ်ဆောင်မှာပါ။

မေး။      KNU အတွင်း အသက် ၁၈ နှစ်အောက် ကလေးရှိရင် ထွက်ခိုင်းမယ်လို့ ဖြေထားတဲ့ အပေါ်မှာ KNU တပ်အတွင်းမှာရော ကလေး စစ်သားတွေ ရှိပါသလား။
ဖြေ။      ဒါက ဒီလိုရှိပါတယ်။ ဟိုးအရင်တုန်းက ဆိုရင် ပြည်တွင်း စစ်ဒဏ်ကို ခံခဲ့ရတဲ့ အပေါ်မှာ မကြေနပ်တဲ့ ခံစားချက်နဲ့ သူတို့က ကျနော်တို့ ဆီကို လာပြီးတော့ တပ်ထဲ ၀င်ဖို့ ကြိုးစားလာကြတယ်။ ဒီတော့ အခြေအနေ ကလည်း သွားစရာလာ စရာကို မရှိတဲ့ ဘ၀တွေ ဖြစ်နေတာမို့  သူတို့  ဆန္ဒကို မငြင်းပယ် ခဲ့ပါဘူးဒါပေမယ့် တပ်ထဲမှာ စာရင်း မသွင်းထားပါဘူး။ သူတို့လေးတွေကို စာကျောင်းတွေ ပို့ပေးပါတယ်။ ဒါပေမဲ့ နေစရာ မရှိတော့ တပ်ထဲမှာဘဲ ပေးနေတာမျိုးတော့ ရှိခဲ့ပါတယ်။
ကျနော်တို့ ဘက်က စာရင်း မသွင်းဘူး ဆိုပေမယ့် ကျနော်တို့ တပ်ဖွဲ့အထဲမှာ ရှိနေတဲ့ အတွက် ကလေးတွေရဲ့ အခွင့်အရေး တွေကို နစ်နာစေတဲ့ သဘောမျိုး ဖြစ်စပါတယ်။ တဖက်မှာလည်း ကျနော်တို့မှာက အသက် ၁၆ နှစ် အရွယ်ကိုဘဲ ကလေး အဖြစ် သတ်မှတ်ခဲ့တယ်။ နိုင်ငံတကာ ကတော့ အသက် ၁၈ နှစ်အောက်မှ ကလေး အဖြစ် သတ်မှတ် ကြတာကိုး။
ဒီတော့ ကျနော်တို့ဟာ ၂၀၀၄ ခုနှစ် ကတည်းက KNU ပေါ်လစီ ထဲမှာ ၁၈ နှစ်အောက် ကလေးတွေကို တပ်ထဲ မထည့်ဖို့အတွက် ဥပဒေကို ပြောင်းလဲ ရေးဆွဲ ပြဌာန်း ထားခဲ့ရတယ်။ ခုနောက်ပိုင်းမှာတော့ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကလေးတွ တပ်ထဲ မရှိတော့ဘူးလို့ ကျနော် ရဲရဲကြီး ပြောရဲပါတယ်ဘာကြောင့်လဲ ဆိုတော့ တပ်မဟာ တိုင်းမှာ တပ်မှူး တပ်သား တွေကို ဒီလို မရှိရလေအောင် ကျနော်တို့က ညွန်ကြားတာမျိုး ရှိသလို ရှိရင်လည်း အရေးယူ ဆောင်ရွက်မှုတွေ ပြုလုပ်မှာပါလို့ ညွှန်ကြား ထားတဲ့ အတွက် ဖြစ်ပါတယ်။ ဒါကို ကြိုးစားလာခဲ့တာ နှစ်လည်း အတော်ကြာ သွားခဲ့ပါပြီး။ ဒါပေမယ့် ဖြစ်ပျက်မှု တွေ့ရှိမှု အပေါ်မှာ မူတည်ပြီး အသေချာ မသိပဲနဲ့ ရရှိတဲ့ သတင်း အပေါ်မှာ နိုင်ငံတကာ အဖွဲ့အစည်းက ထုတ်ထားတဲ့ သတင်းတွေကိုလည်း ကြားနေရဆဲ ဖြစ်ပါတယ်။ ဒီတော့ ပိုပြီး ခိုင်မာအောင် Geneva Call နဲ့ လက်မှတ်ထိုးတာ ဖြစ်ပါတယ်။

မေး။      ကလေး အခွင့်အရေး ကာကွယ်ဖို့ အတွက်နဲ့ လိင်အကြမ်းဖက်မှုကို ကာကွယ်ဖို့ အတွက် လက်မှတ် ထိုးထားတဲ့ အပေါ်မှာ အစိုးရနဲ့ တခြား လက်နက်ကိုင် အဖွဲ့တွေ အပေါ်မှာရော ဘာပြောချင်ပါသလဲ။
ဖြေ။      အခု ကျနော်တို့ ထိုးတာ အစိုးရ ကိုယ်စားလှယ်တွေရဲ့ ရှေ့မှာပါဘဲ။ အစိုးရတွေကလည်း နိုင်ငံတကာ ရှေ့မှောက် မှာ ILO နဲ့ လက်မှတ် ရေးထိုး ခဲ့ရတာပါဘဲ။ သူတို့လည်း ၂၀၁၅ မတိုင်ခင် ပပျောက်အောင် လုပ်ရတာပါဘဲလေ။  ကျနော်တို့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ကတော့ လူမှု အဖွဲ့အစည်း အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းနဲ့ လက်မှတ်ထိုးပြီး အကောင်အထည် ဖော်မယ်။
ကျနော်တို့ နားလည် ထားတာက အကောင်အထည် ဖော်မှု အပိုင်းမှာ တစ်ဖွဲ့တည်း လုပ်တာဟာ ထိရောက်မှု ရှိမှာက နည်းပါတယ်။ အစိုးရ အပါအ၀င် တခြား အဖွဲ့တွေ တိုင်းမှာလည်း တာဝန် ရှိပါတယ်။ ထပ်ပြောချင်တာက ကျန်တဲ့ အဖွဲ့အစည်း အသီးသီးတွေကလည်း ၀ိုင်းဝန်း လုပ်ဆောင်ပြီး အကောင်အထည် ဖော်ဖို့အတွက် တာဝန်ရှိပါတယ်။ ဒါမှ ကလေး စစ်သား မရှိရေးနဲ့ ကလေးေးတွရဲ့ ဘ၀မြုင့်တင်ဘို့၊ အမျိုးသမီးတွေအတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကိစ္စမှာလည်း ကာကွယ်ဖို့ အတွက် ပိုပြီး ထိရောက် အောင်မြင်မှာ ဖြစ်တယ်။

မေး။      ဂျီနီဗာ အခြေစိုက် Geneva Call အဖွဲ့အပြင် တခြားနိုင်ငံတကာအဖွဲ့တွေနဲ့တွေ့ဖြစ်သေးလား။
ဖြေ။      ကျနော်တို့ လက်မှတ် ထိုးပြီးတာနဲ့ တခြား အဖွဲ့တွေကိုပါ လိုက်တွေ့ပါတယ်။ ILO ကိုယ်စားလှယ်၊ ဗြိတိသျှ လူမှု အဖွဲ့တွေ ယူနီဆက် ကိုယ်စားလှယ်တွေ UNHCR ကိုယ်စားလှယ်တွေပေါ့သူတို့တွေနဲ့ တွေ့ဖြစ်ပါတယ်။ သူတို့ကိုလည်း တခြား အကြောင်းအရာ တွေထက် အခု သဘောတူ လက်မှတ် ထိုးထားတဲ့ အချက်ချက်ကိုပဲ ခိုင်မာအောင် အဓိက ထားပြောဖြစ်တာပါ။

မေး။      အခုလည်း ဂျီနီဗာ အခြေစိုက် Geneva Call အဖွဲ့ဝင်နဲ့လည်း တွေ့ပြီးပြီ တခြားနိုင်ငံတကာ အဖွဲ့တွေနဲ့လည်းတွေ့ပြီးပြီးဆိုတော့ အစိုးရနဲ့ထပ်တွေ့ဖို့ရှိပါသလား။
ဖြေ။      ဒီလအတွင်း တွေ့ဖို့ကဖြစ်လား မဖြစ်လား ဆိုတာ အသေအချာ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် ဇူလိုင်လမှာတော့ အစိုးရနဲ့တွေ့ဖို့က သူတို့ နည်းပညာ အထောက်အကူပြု အဖွဲ့ကနေ ကျနော်တို့အားတဲ့ အချိန်မှာတွေ့ဖို့တော့ ပြောထားတာ ရှိပါတယ်။ ကျနော်တို့ ဘက်ကလည်း  လုပ်ငန်းတွေ တစ်ခုပြီး တစ်ခုလုပ်နေရတယ်။  ဇူလိုင်လမှာ တွေ့ဖို့က အခက်အခဲတာ့ ရှိနေပါတယ်။ ဒါပေမယ့် ကျနော်တို့ဘက်က အချိန်တွေ ပြန်ညှိပြီးတော့ အားလပ်တဲ့ အချိန်ရှိရင် အစိုးရဘက်နဲ့ပြန် တွေ့နိုင်အောင် ကြိုးစားမှာပါ။  

ဤသည် ကရင် အမျိုးသား အစည်းအရုံး KNU အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းနှင့် Geneva Call တို့၏ ချုပ်ဆိုခဲ့သည့် စာချုပ်အပေါ် အကောင်အထည်ဖေါ်ရန် အသေးစိတ် အခြေအနေ ဖြစ်ပါသည်။ 

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်လာခဲ့သည်မှာ နှစ်ပေါင်း (၆၀) ကျော်တိုင် ခဲ့ပေပြီး ၊ ပြည်တွင်း စစ်ကြောင့် ကလေး အခွင့်အရေးများ ဆုံးရှုံးခဲ့သလို အမျိုးသမီးများလည်း လိင်အကြမ်းဖက် ခံရမှု များစွာ ရှိနေပါသည်။ ဤကဲ့သို့သော အမုန်းတရား အနိဌာရုံမျိုး ကင်းရှင်းရန် လိုအပ်လှပါသည်။ ဆိုးကျိုးများ ဖြစ်ပျက် ခဲ့သမျှကို သန့်စင်သော မေတ္တာဖြင့် အားလုံးပြိုင်တူ တွန်းလျှင် အကောင်းဖက်သို့ ရွေ့နိုင်ပါကြောင်း။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။