Thursday, July 18, 2013
လော်စစ်ဟန် ကို ခြေရာ ကောက် သော်
(FNG)
၊လော်စစ်ဟန် ရဲ့ ဘ၀ ကို ခြေရာ ကောက် တဲ့ အခါ မှာ အညတရ
ကိုးကန့်  – တရုတ် မိသား စု က နေ မွေးဖွား လာခဲ့ တာ ဖြစ် ပြီး ဆယ် ကျော် သက် အရွယ် မှာ
ကိုးကန့်  စော်ဘွား မိသား စု ရဲ့  လက် နက် ကိုင် တပ် ဖွဲ့  ထဲ ကို ၀င်ရောက် ခဲ့ ပါတယ်။  အသက် ၂၀
ကျော် အရွယ် မှာ ကိုးကန်း စော် ဘွား ကြီး  ရဲ့  သမီးတော်  အိုလဗ်ယန်း ရဲ့  လက်ရုံး တပ် မှာ
လော်စစ်ဟန် ဟာ တပ် မှုး  တစ် ယောက် အဖြစ် တာဝန် ထမ်းဆောင် ခဲ့ တာ တွေ ဟာ
လော်စစ်ဟန် ရဲ့  ဘ၀ ခရီး အစ ဖြစ် ပါတယ်။
အိုလဗ်ယန်း ဟာ Olive’s Boys ဆိုတဲ့ နာမည် နဲ့  ကိုယ် ပိုင် တပ် ကို ထူထောင် ထား ပြီး
ဒီတပ် ဟာ မြန်မာ နိုင်ငံ တွင်း ၀င်ရောက် တပ် စွဲ ထား တဲ့ ကူမင်တန် တပ် ဖွဲ့  တွေ နဲ့  လည်း
အဆက် အသွယ် ရှိ ပါတယ်။ Olive Boy တပ် ဟာ အိုလဗ်ယန် ကို အကာ အကွယ် ပေး
ဖို့  နဲ့  သူ့  ရဲ့  ဘိန်းမှောင်ခို လုပ်ငန်း တွေ ကို ကြီး ကြပ် ဖို့  ဖြစ် ပါတယ်။ အိုလဗ် ယန်း ဟာ
တကယ့် ကို ပဲ ရှားရှား ပါးပါး အမျိုးသမီး ဘိန်း ဧကရီ တစ်ယောက် လည်း ဖြစ်ပါတယ်။
ဘိန်းဘုရင်မ အိုလဗ်ယန်း ဟာ ရန်ကုန် လူကုံထံ လောက မှာ ၀င်ဆံ့ သူ တစ်ယောက် ဖြစ် ပါတယ်။
ကာမ ဆန္ဒ ထက်သန် သူ အဖြစ် နာမည် ကျော် ခဲ့ ပြီး အဲဒီ အချိန် က ရန်ကုန် မှာ
လူကြိုက်များ ကာစ ရုပ်ရှင် မင်းသမီး အကယ်ဒင်္မီ ၀ါဝါ၀င်းရွှေ နဲ့  လည်း မိန်းမချင်း ချစ် ကြိုက် ဘူးတယ်
လို့  လဲ သတင်း ထွက် ခဲ့ ပါသေး တယ်။
ဗိုလ်ချုပ် နေ၀င်း ဦးဆောင် တဲ့  အာဏာ သိမ်းမှု ဖြစ်တဲ့  အခါ ပါလီမန် ကို ဖျက်သိမ်းပြီး
အိုလစ် ယန်း လည်း ထောင်ဒဏ် ချမှတ် ခံ ရ ပါတယ်။ အိုလဗ်ယန်း ထောင်ထဲ မှာ ရှိ
နေစဉ် အချိန် တွေ မှာ လော်စစ်ဟန် ဟာ  ရွှေတြိဂံ ဘိန်းမှောင်ခို  လုပ်ငန်း လည်ပတ် ပုံ ကို
ပိုရင်း နှင်း လာ ပြီး ပြည်ပ ဘိန်းကုန် သည် တွေ နဲ့  ထိစစ် မှု ရှိ လာ ခဲ့ ပါတယ်။
ဗမာ ပြည် ကွန်မြူနစ် ပါတီ က အရှေ့ မြောက် မြန်မာ-တရုတ်ပြည် နယ်စပ် မှာစစ်မျက်နှာ အသစ်ဖွင့် တဲ့
အခါ မှာတော့  ကိုးကန့်  စော် ဘွား နဲ့  အနွယ် တွေ လည်း မောင်း ထုတ် ခံ ရ ကာ   ဘိန်းဘုရင် မ
အိုလဗ်ယန် လည်း တစ်ဇာတ်သိမ်း သွား ပ့ါ  တော့ တယ်။
ဗမာပြည် ကွန် မြူ နစ် ပါတီ ကြောင့် ကိုးကန့်  စော် ဘွား လဲ မောင်း ထုတ် ခံ ရ ၊ ကိုးကန့်  ဘိန်းရာဇာ
ပေါက် စ တွေ လည်း ဖရို ဖရဲ  ဖြစ် တဲ့ အခါ မှာ လော်စစ်ဟန် လည်း နယ်စွန် နယ် ဖျား ဒေ သ
တွေ ကိုရောက် သွားပါတယ်။
နောက် တော့ ကိုးကန့်  ပြည်သူ့  စစ် အဖွဲ့  ကို ဖွဲ့  စည်း ပါတယ်။  ၁၉၆၀ ပြည့် လွန် နှစ်
တွေ မှာ သူ့  ရဲ့  ပြည့်သူ့  စစ် အဖွဲ့  ဟာ အင် အား ၂၀၀ ကျော် လောက် ဖြစ် လာ ပြီး ဘိန်းစိုက်
ပျိုး တဲ့ လုပ် ငန်း ကို အဓိ က လုပ် ဆောင် လာ ခဲ့ ပါတယ်။ သိပ် မကြာခင် မှာ ပဲ ဗိုလ်နေ၀င်း
အစိုးရ က အသိအမှတ် ပြု တဲ့ ဘိန်း မှောင် ခို ဘ၀ ရောက် သွား ပြီး ဒေသ တွင်း မှာ တရား
ဝင် ဘိန်းထုတ် လုပ် ရောင်းချ ခွင့် လိုင် စင် ရရှိ သွား ပါတယ်။
အာဏာရှင် ဦးနေ၀င်း ရဲ့  ခွင့် ပြု မှု နဲ့  တရားဝင် ဘိန်းသယ်ဆောင် ရောင်းချ နိုင်တာ ဟာ
လော်စစ်ဟန်  တစ်ယောက် ကျိကျိတက်  ချမ်းသာ ဖို့  နဲ့  ဘိန်းရာဇာ ဖြစ် လာ ဖို့  လမ်းစ ဖြစ်
လာ ပါတယ်။ ရွှေတြိဂံ ဒေ သ ဘိန်းထုတ် လုပ် မှု မြင့် တက် လာ တာ နဲ့  အတူ လော်စစ်ဟန်
လည်း ကိုး ကန့် နဲ့  ထိုင်း မြန်မာ နယ် စပ် မှာ ထင် ရှား သူ တစ် ယောက် ဖြစ် လာ ခဲ့ ပါတော့
တယ်။
တရုတ် ကွန်မြူနစ် အစိုးရ ထောက်ပံ့ တဲ့ လက် နက် တွေ  ဗမာ ပြည် ကွန်မြူနစ် ပါတီ ကိုရောက်
လာတဲ့ အခါ ၄၈၂၈ က   ရှမ်းမြောက် ဒေသ မှာ ရှိ တဲ့ တိုင်း ရင်းသား တွေ ကို တပ် ဆင် ပေး
တော့  မှာ လော်စစ်ဟန် ရဲ့  ကိုးကန့်  အဖွဲ့  လည်း တိုင်းရင်းသား လက်နက် ကိုင် တပ် ဖွဲ့  တစ်
ခု လို အင်အား ကြီး ထွား လာ ခဲ့ ပါတယ်။
၁၉၇0 ပြည့်လွန် နှစ် တွေ မှာ လော်စစ်ဟန် ရဲ့  ဘိန်းအင်ပါ ယာ ဟာ ပို ကြီးထွား လာခဲ့ ပါတယ်။
ကိုးကန့်  သာ မက ထိုင်း ၊ လာအို ၊ တရုတ် စတဲ့ ဒေသတွင်း မှာ ထင်ရှားတဲ့  မူးယစ် ရာ ဇာ တစ်ဦး
လည်း ဖြစ် လာခဲ့ ပါတယ်။ ၁၉၇၃ ခုနှစ် မှာ ထိုင်း အစိုးရ က  သူ့  ကို ဖမ်းမိ ပြီး  မြန်မာ အစိုးရ ထံ
လွှဲ ပြောင်းခဲ့ ပါတယ်။
၁၉၇၅  ခုနှစ် မှာ မြန်မာ အစိုးရက သူ့  ကို သေဒဏ် ချမှတ် ခဲ့ ပြီး ငါးနှစ် အကြာ မှာ တော့ အထွေ
ထွေ လွတ် ငြိမ်းချမ်းသာ ခွင့် နဲ့  ပြန် လည် လွတ် မြောက် လာ ခဲ့ ပါတယ်။  သူ့  ကို သေဒဏ်
ချမှတ် ရာ မှာ ဘိန်း မှောင် ခို မှု နဲ့  ထောင် ချ တာ မဟုတ် ပဲ တရား မ၀င် လက်နက် ကိုင် အဖွဲ့ 
ထူထောင် မှု နဲ့  သေဒဏ် အပြစ် ပေး လိုက် တာ ဖြစ် ပါတယ်။
သေဒဏ် နဲ့  အင်းစိန် ထောင် တွင်း မှာ  အကျဉ်း ကျ ခံ ရ စဉ် သူ ဟာ တခြား အကျဉ်းသား
တွေ နဲ့  လည်း မတူ တဲ့ စည်းစိမ် အပြည့် အ၀ ခံစား ခဲ့ ရတယ် လို့  ၁၉၇၀ ပြည့် လွန် နှစ်
တွေ က နိုင်ငံ ရေး အကျဉ်းသား ဟောင်း တစ်ဦး က FNG ကို ပြော ပါတယ်။
MTA ခေါင်းဆောင် ခွန်ဆာ နဲ့  ကိုးကန့်  တပ် ဖွဲ့  ခေါင်းဆောင်  ဖုန်ကြားရှင် တို့ 
ဟာ ထင် ရှားတဲ့  ဘိန်းရာ ဇာ တွေ  ဖြစ် လာ ခဲ့ ပါတယ်။
၁၉၈၀ ခုနှစ်မှာ တော့ အထွေထွေ လွတ် ငြိမ်းချမ်းသာခွင့် အမိန် နဲ့  လော်စစ်ဟန် သေ
ဒဏ် က နေ လွတ် မြောက် လာခဲ့ ပါတယ်။
အကျဉ်း ထောင် ကနေ  ပြန်လွတ် လာတဲ့ လော်စစ်ဟန် အား  လားရှိုး ကို ပြန်
သွား ပြီး ပို စနစ် ကျ တဲ့ ကိုး ကန့်  ကာ ကွယ် ရေး တပ် ဖွဲ့  ဆိုတဲ့ လက်နက် ကိုင် တပ် ဖွဲ့  ကို
သူ့  ရဲ့  နောက် လိုက် နောက် ပါ တွေ နဲ့  ထူထောင်ခဲ့ ပါတယ်။
လော်စစ်ဟန် ဦး ဆောင်တဲ့  ကိုးကန့်  ကာကွယ်ရေး တပ် ဖွဲ့  ဟာ ရှမ်း ပြည့် အရှေ့  ဘက်
ပိုင်း မှာ အင်အာကြီး ဘိန်း စိုက် ပျိုး ထုတ် လုပ် တဲ့ ဂိုဏ် ဖြစ်လာ ပြီး ၁၉၈၀ ကနေ  ၁၉၉၀
အထိ ဘိန်း တန် ချိန် ထောင် ပေါင်း များ စွာကို ထုတ် လုပ် ခဲ့ ကြောင်း နိုင်ငံ တကာ မူးယစ် ဆေး ၀ါး တိုက် ဖျက် ရေး
အဖွဲ့  နှင့် စီအိုင်အေ မှတ် တမ်း တွေ မှာ ဖော် ပြထား ပါတယ်။
၁၉၈၀ ပြည့် လွန် ကာ လ တွေ မှာ ဗမာ ပြည် ကွန် မြူနစ် ပါတီ နဲ့  လော်စစ်ဟန် အဆက် အသွယ် ရှိ ပေမယ့် မြန်မာ အစိုး ရ တပ် တွေ နဲ့  ပို ပြီး နီးစပ် မှု ရှိ ခဲ့ ပါတယ်။ ရှမ်း ပြည်နယ် မှာ တာဝန် ကျ တဲ့ မြန်မာ စစ်တပ်
 က အဆင့် မြင့် အရာ ရှိ တွေ တိုင်း ဟာ လော်စစ်ဟန် နဲ့  ဂေါက် ရိုက် ဖူးသူ ၊ အရက် အတူ သောက်
ဖူးသူ တွေ ဖြစ် ပါတယ်။
လော်စစ်ဟန် နဲ့  တွေ့ ဆုံ ခဲ့ ဖူး တဲ့ မြန်မာ စစ်တပ် အရာ ရှိ ဟောင်း တစ်ဦး က တော့ ” ဗကပ ကြောင့်
သူ  ရဲ့   ကိုးကန့် စော် ဘွား လည်း ထွက် ပြေး ၊သူလည်း ကစဉ့်  ကလျှား ဖြစ် ခဲ့ ရတာ ကို စိတ်နာ ပုံ
ရမယ်။ တပ်မတော် က အရာ ရှိ တွေ ကို ဗကပ ရဲ့  စစ်ရေး လှုပ်ရှား မှု တွေ နဲ့  ပတ် သက် ပြီး သတင်း
တွေ ပေးတယ် ဗျ ” လို့  FNG ကို ပြောပါတယ်။
ထို့  အတွက် ကြောင့် ပင် ဖြစ် မည်။ မဆလ အစိုးရ တပ် များ က လော်စစ်ဟန် ၏ ဘိန်းမှောင်ခို
လုပ်ငန်း ကို မျက်နှာလွှဲ နေ ခဲ့သည်။ သူ က လည်း အစိုးရ တပ် များ ကို ငွေ ကြေး ၊ အရက် ၊ အခြား
တံစိုး လက် ဆောင် စသည် တို့  ပေး ပြီး အတုံ့  အလှည် ပြန် ပြု လေသည်။
၁၉၈၈ ခုနှစ် စစ်တပ် က အာဏာသိမ်း ပြီး နောက် ၊ တရုတ် အစိုးရ က ဗမာ ပြည် ကွန်မြူနစ် ပါတီ ကို
ထောက် ပံ့ မှု များ ရပ် တန့်  လိုက်သည့် အခါ တွင်တော့ စစ်အစိုးရ အတွက်  လော်စစ်ဟန် မှာ
အရေး ပါသူ တစ်ယောက် ဖြစ်လာခဲ့ ပါတယ်။
၁၉၈၈ ခုနှစ် နောက်ပိုင်း မှာ စစ်အစိုးရ က ဗမာ ပြည် ကွန် မြူနစ် ပါတီ ကို ဖြိုခွဲ တဲ့ အခါ မှာ
တော့ အိုလဗ်ယန်း၊ လော်စစ်ဟန် ၊ လော်စစ်မင်း နဲ့  ကိုးကန့်  ခေါင်း ဆောင် အချို့  ဟာ
အဓိက နေရာ က ပါဝင်ခဲ့ ပါတယ်။
ကိုးကန့် နဲ့  ၀တိုင်းရင်သား တပ် ဖွဲ့  တွေ ဟာ ဗကပ ကို လက် နက် ကိုင် တော် လှန် ပြီး
ဗကပ လက် အောက် က နေ လည်း ခွဲ ထွက် လာခဲ့ ပါတယ်။
လော်စစ်ဟန် ၊ သူ့  ညီ နဲ့  သူ့  သား နှစ်ဦးဟာ  ၀ နဲ့  ကိုးကန့် 
တပ် ဖွဲ့  တွေ ငြိမ်းချမ်းရေးယူ ဖို့  အတွက် အကြိမ်ကြိမ် တွေ့ ဆုံ ဆွေးနွေး ခဲ့ ကြ ပြီး
မြန်မာ စစ်ထောက် လှမ်းရေး အကြီး အကဲ နဲ့  ဗိုလ်ချုပ် ခင် ညွန့်  နဲ့  နောက် ဆုံး
အကြိမ် တွေ့ ဆုံ မှု မှာ ငြိမ်းချမ်းရေး ယူ နိုင် ခဲ့ ပါတယ်။
ဗကပ ချုပ်ငြိမ်းသွား တဲ့ အခါ  ၊  ကိုးကန့် နဲ့  ၀ တပ် ဖွဲ့  တွေ နဲ့  စစ် အစိုးရ နဲ့ 
နားလည် မှု ယူ  ပြီး အထူးဒေသ တွေ သတ် မှတ် ပြီး တဲ့ အခါ လော်စစ်ဟန် နဲ့  မိသားစု
ဟာ ရန်ကုန် မှာ အခြေ ချ ပါတယ်။
လော်စစ်ဟန် နဲ့  သူ့  ရဲ့  မိသားစု ကို စစ်ထောက်လှမ်း ရေး နဲ့   ရန်ကုန် တိုင်း အတွင်း မှာ ရှိတဲ့
တပ် တစ်ချို့  မှ  လက်နက် ကိုင် လုံခြုံရေး အစောင့် အရှောက် အတွက် အစော ပိုင်း နှစ် တွေ မှာ
တာ ၀န်ယူပေး  ထား ပါတယ်။
လော်စစ်ဟန် အပါ အ၀င် လော်စစ်ဟန် နဲ့  အတူ ပါလာ တဲ့  ဖုန်ကြားရှင် စတဲ့ ကိုးကန့် ခေါင်းဆောင်များ
ကို လည်း လက်နက် ငယ်များ တရားဝင် ကိုင် ဆောင်ခွင့် ကို မြန်မာ စစ်ထောက်လှမ်းရေး အကြီး အကဲ ဗိုလ်ချုပ်ကြီး ကြီး ခင်ညွန့် ၏ အမိန့် နဲ့  ခွင့် ပြု ထား ပါတယ်။ ရန်ကုန် ၊ မန္တလေး လို  မြို့  ကြီး တွေ မှာ ကိုးကန့်  နဲ့  ၀တွေ အပစ် ရပ် တွေ ဟာ လက် နက် ကို ပေါ်ပေါ်ထင်ထင် ကိုင်လေ့ မရှိ ကြ ပါ ဘူး။
ရန်ကုန် တွင် အပြီး အပိုင် အခြေ ချ ချိန် မှာ  လော်စစ်ဟန် နဲ့  အတူ  အမေရိကန်  ဒေါ်လာ ၁၈ သန်း
ကျော်ခန့်  ပါလာ ပြီး ၊ တရုတ် ယွမ်ငွေ သန်း ပေါင်းများ စွာ နှင့် ထိုင်း ဘတ် ငွေ များ လည်း အတူ ပါ လာတယ် လို့  အမည် မဖော် လို  တဲ့ စစ်  ထောက် လှမ်းရေး အဖွဲ့  ၀င် ဟောင်း တစ်ဦး က FNG ကို ပြောပါတယ်။
၁၉၉၂ ခုနှစ် မှာ  လော်စစ်ဟန် ဟာ Asia World ကုမ္ပဏီ ကို စတင် တည် ထောင် ပါတယ်။  နောက်
နှစ် တွေ မှာ တော့ လှိုင်သာယာ စက်မှု ဇုန် ၊ ထရိတ်ဒါး ဟိုတယ် ၊ဆီဒိုးနား ဟိုတယ် တို့  ကို ဆောက်
လုပ် ခွင့် ရ ပြီး ၊ Leo Express လို  မော်တော် ကား လိုင်း ပြေး ဆွဲ မှု နဲ့  သွင်း ကုန် ထုတ် ကုန်
လုပ် ငန်း တွေ ကို လုပ် ကိုင် ခွင့် ရရှိ ခဲ့ ပါတယ်။
အမေရိကန် အစိုးရ မှ  ဆုငွေ ဒေါ်လာ သုံးသန်း ထုတ် ပြန် ခြင်းခံ ထား ရသည့် ဘိန်းဘုရင် လော် စစ်ဟန် ၏ ဘ၀ ဇာတ် ကြောင်း အပိုင်း ၁ ဖြစ် ပါသည်။ တစ်ဆင့် ပြန်လည် ကူးယူ ပုံ နှိပ် ခြင်း များ ရှိသည့် အတွက် ကျန် ရှိသည့် အပိုင်း ၂ နှင့် ဇာတ် သိမ်း ပိုင်း အား ဂရပ် ဖစ် ပြု လုပ် ပြီး ဇူလိုင် လ ၁၉ ရက်နေ့  ညနေ တွင် ဖော် ပြ မည် ဖြစ် ပါသည်။
ဇာတ်သိမ်းပိုင်း တွင် လော်စစ်ဟန် ၏ အင်ပါယာ ကြီးထွား လာ ပုံ ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင် ညွန့် ရာ
ထူး မှ ဖယ်ရှားခံ ရ ချိန် သူ ၏ အနေ အထား ၊ ၂၀၀၉ ခုနှစ် ကိုးကန့်  ခေါင်းဆောင် ဖုန်ကြားရှင် နဲ့ 
ပတ်သက် တဲ့ သူ့  သဘောထား ၊ နော် ခမ်းနဲ့  ပတ် သက် ပြီး သူ ၏ ပြောကြား ချက် ၊ အာဏာရှိ သူ တွေ နဲ့  ပေါင်း ပြီး ချမ်းသာ လာ တဲ့ ခရိုနီ တွေ နဲ့  ပတ် သက် ပြီး သူရဲ့  အမြင် ၊ ဘိန်း စိုက် ပျိုး မှု ကို သူ့  ရဲ့  ကာ ကွယ် ပြောဆို မှု တွေ ကို ဖတ်ရှု ရ မှာ ဖြစ်ပါတယ်။
No comments:
Post a Comment
Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။