Wednesday, November 6, 2013

ပလောင်နှင့် အစိုးရ တပ်တို့ ကွတ်ခိုင် မြို့နယ်တွင် တိုက်ပွဲ ထပ်ဖြစ်

(ရွှေဟင်္သာသတင်းဌာန)



ကွတ်ခိုင်မို့နယ် နမ့်ဖက်ကာ ကျေးရွာ အုပ်စု ဂျုံနန်းရွာ အနီးတွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ တပ်ရင်း (၁၁၂) TNLA အား မြန်မာ အစိုးရခလရ ၁၂၃၊ ၄၅၊ ၁၄၃ နှင့် ၁၄၅ ပူးပေါင်းပီး နိုဝင်ဘာလ (၅) ရက်နေ့တွင် သွားရောက် တိုက်ခိုက် ခဲ့ရာမှ နှစ်ဖက် အကြား (၂) ရီ အကြာ တိုက်ပွဲဖစ်ပွား ခဲ့သည်ဟု (TNLA) မှဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော်က ဆိုပါသည်။

ကျနောတို့ ရှိတဲ့ တပ်ကို အစိုးရ စစ်တပ်က နေပြီးတော့ ညနေ (၄) နာရီမှာ ၆၀မမ နဲ့ ၈၀ မမ လက်နက်ကီးနဲ့ ဆက်တိုက် ပစ်ပြီး ရှိတဲ့ နေရာကို တက်လာတယ်။ ကျနော်တို့လည်း အသင့် စောင့်နေပါတယ်။ (၅)နာရီ လောက်မှာ ကျနော်တို့ တပ်ဖွဲ့က လုံခြုံရေး အရ ထောင်ထားတဲ့ ရှေ့ထွကမိုင်းကိုသူတို့ ဘက်က နင်းမိ ချိန်က စလို့ နှစ်ဘက် အပြန် အလှန် တိုက်ပွဲ ဖြစ်တော့ တာပဲ” ဟု ၄င်းမှ ဆိုပါသည်။


အစိုးရ ဘက်မှ ပစ်လိုက်သော လက်နက် ကီးကြောင့် (TNLA) တပ်သား (၂) ဦးသည် ကျည်စ ထိမှန် သဖြင့်ဒါဏ်ရာ ရရှိ ခဲ့ပြီး အစိုးရ တပ်မှလည်း မိုင်းနင်းမိ ခဲ့သဖြင့် အထိအခိုက် ရှိခဲ့ ကြောင်းလည်း ဆိုပါသည်။

TNLA ၏ တပ်ရင်း (၁၁၂) ပျောက်ကျား တပ်ဖွဲ့သည်တိုက်ပွဲသံ ရပ်စဲ ပီးသည့် အချိန်တွင် တခြား တစ်နေ ရာသို့ ပြောင်းရွေ့ သွားခဲ့သ်ာလည်းအင်းအား (၃၀၀) ခန့် ရှိသော အစိုးရ စစ်တပ်သည် ယနေ့ နိုဝင်ဘာလ (၆) ရက်နေ့ နံနက်တွင် ကွတ်ခိုင်မို့နယ်ဂျုံနန်း ရွာတွင်ပင် ဆက်လက် နေရာယူ ထားဆဲဖြစ်ကြောင်း ဗိုလ်မှူး တာဘုန်းကျော်က ဆိုပါသည်။

TNLA တပ်ရင်း ၁၁၂သည် ယခင်က လွယ်ဂျရန်ရွာ အနီး၌ပင် လှုပ်ရှား နေသည့် တအာင်းတပ် ဖြစ်ကာ၎င်းမှ အစိုးရ တပ်၏ ထိုးစစ် ဆင်မှုကြောင့် တောတွင်းသို့ ဆုတ်ခွာကာ ပျောက်ကြား လှုပ်ရှား ရလာခြင်း ဖြစ်သည်
ပလောင် ဒေသ ဖြစ်သည့် နမ်ဆန်၊ ကွတ်ခိုင်၊ နမတူ၊ တန့်ယန်း၊ နမ့်ခမ်းနှင့် မန်တုန် မို့နယ် တလျှောက်၌ အစိုးရ တပ်များမှ ထိုးစစ်ဆင် နေလျှက် ရှိပါသည်။

ထို့ကြောင့်လည်း ထိုစစ်ဒဏ်ကို ထွက်ပြေး လာကြသည့် ပလောင် ဒုက္ခသည် များလည်း နေ့ရက် ရက်ဆက် တိုးပွား နေလျက် ရှိကြောင်း ပလောင် အမျိုးသမီး အဖွဲ့မှ တွဲဖက် အတွင်းရေးမှူး (၂) က ပြောသည်။

“မြို့ပေါ်က နီးစပ်သူ ဆွေမျိုး တွေဆီမှာ ထွက်ပြေး ခဲ့ကြသလို တောတွေမှာ တောင်ယာ တွေမှာ လယ်ယာ တွေမှာ ခံတွေမှာ တဲလေး ထိုးပီး နေနေကြ တာလည်း ရှိပါတယ်။ အဓိက ပြသနာက ပလောင် ဒေသမှာ တိုက်ပွဲ ခဏခဏ ဖြစ်တဲ့ ပြသနာကြောင့် ပါဘဲ” ဟု ပလောင် အမျိုးသမီး အဖွဲ့ (PWO) မှ တွဲဖက် အတွင်းရေးမှူး (၂) လွေပိုးညိုဝ်းက ပြောသည်။

ထိုစစ်ဒဏ်ကို ထွက်ပြေး နေရသဖြင့် လက်ရှိတွင် ပလောင် ဒေသ၌ ဒုက္ခသည် စခန်း (၉) ခု အထိ ရှိခဲ့ကာ ဒုက္ခသည် စုစုပေါင်း ၂၀၀၀ ဝန်းကျင် ခန့်အထိ ရှိနေပြီ ဖြစ်သည်။ ဒုက္ခသည် စခန်း (၉) ခုမှာ နမ္မတူ၊ တန့်ယန်း၊ ကွတ်ခိုင်တွင် နှစ်ခု ၊ နမ့်ခမ်းတွင် နှစ်ခု၊ မန်တုန်တွင် သုံးခု စသည်ဖြင့် စုစုပေါင်း ဒုက္ခသည် စခန်း (၉) ခု အထိ ရှိခဲ့ ပါသည်။

ပီးခဲ့သည့် အောက်တိုဘာ တွင်လည်း အစိုးရ ခလရ (၁၄၅) တပ်ဖွဲ့၊ ခလရ (၁၂၃) တပ်ဖွဲ့နှင့် ပန်ဆေး ပြည်သူ့စစ်များ ပူုးပေါင်း စစ်ကြောင်းသည်(TNLA) တပ်ရင်း တပ်ဖွဲ့ များအား နှစ်ရက် ဆက်တိုက် လိုက်လံ တိုက်ခိုက် နေရာ ကွတ်ခိုင် မြို့နယ် ကန်ပါဖို ရွာနှင့် နယ်မန်ကောင်ရွာ အကြားရှိ တောတန်း၌ ထပ်မံ တိုက်ပွဲ ဖြစ်ပွား ခဲ့သလို နမ့်စမ် မို့နယ် ပင်လုံရွာ အနီး တွင်လည်း အစိုးရ ခမရ ၅၀၄၊ ၅၀၅ စစ်ကြောင်း နှင့်လည်း တိုက်ပွဲဖစ်ပွား ခဲ့သည်။

၎င်းပြင် အောက်တိုဘာ (၁၄) ရက်နေ့ ၌ TNLA သည် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့၏ နည်းပညာ အထောက်အကူပြု အဖွဲ့နှင့် တရုတ် နိုင်ငံ ရွှေလီ မြို့တွင် တွေ့ဆုံ ဆွေးနွေး ခဲ့သော်လည်း ထိုနေ့ မှာပင်အစိုးရ ခမရ ၅၀၂ နှင့် ၅၀၃ တို့၏ ပူးပေါင်း စစ်ကြောင်းသည် နမ့်ခမ်း မြို့နယ်ရှိ ဆိုင်းလိန်ရွာ အနီးတွင် (TNLA) တပ်ရင်းအား လိုက်လံ တိုက်ခိုက် ခဲ့ပါသည်။

သို့သော်လည်း ယခု နိုဝင်ဘာလ အတွင်း အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦးတို့ ထပ်မံ တွေ့ဆုံ ဆွေးနွေး ကြရန် ရှိနေပြီး အပစ်အခတ် ရပ်စဲရေး အခြေအနေကို အဓိကထား ဆွေးနွေးမည် ဖြစ်သည်။
ပလောင် ဘက်ကမူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များ၏ လိုင်ဇာ ဘုံရပ်တည်ချက် မူကို ဆုပ်ကိုင်၍ ဆွေးနွေးရန် ရှိနေကြောင်း ထုတ်ဖော် ပြောကြား ထားပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။