Wednesday, November 6, 2013

တအာင်းတပ် ၁၁၂ တပ်စခန်းသို့ မြန်မာတပ်ပေါင်းစု အပြင်းထန် ထိုးစစ်ဆင်


မြန်မာ တပ်မတော် ခလရ ၁၂၃၊ ၄၅၊ ၁၄၃ နှင့် ၁၄၅ ပူးပေါင်း စစ်ကြောင်းတို့ သည် ကွတ်ခိုင်မြို့နယ်နမ့်ဖက်ကာအုပ်စု ဂျုံနန်းရွာ အနီးတောတန်း တွင် ပျောက်ကျား အခြေစိုက်နေသော တအန်း တပ်မတော် တပ်ရင်း ၁၁၂ အား အပြင်းအထန် ထိုးစစ်ဆင်သဖြင့် ညနေ ၁၆း၃၅ နာရီခန့်မှ ၁၈း၀၀ နာရီ မိုးချုပ်သည်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

မြန်မာတပ်ရင်း ၂ ရင်းသည် နမ့်ဖက်ကာမှနေပြီး နေ့လယ်ပိုင်းတွင် ထိုတိုက်ပွဲဖြစ်ရာဒေသသို့ အင်အားဖြည့်ရန် ထွက်ခွာသွားပြီးနောက် ညနေမိုးချုပ်လုအချိန်တွင် စတင်ထိုးစစ်ဖွင့်ခြင်းဖြစ်သည်။အင်အား ၃၀၀ ခန့်ရှိ မြန်မာတပ်ပေါင်းစုသည် တအန်းတပ်ရင်း ၁၁၂ ကို အဝေးမှနေပြီး ၆၀မမ၊ ၈၀ မမ လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ကာ TNLA ပြောက်ကျားတပ်ရှိရာ စခန်းဆီသို့ အပြင်းထိုးစစ်ဆင်ခဲ့သည်။


TNLA ပြောက်ကျားတပ်ဖွဲ့တို့သည် မြန်မာတပ်ပေါင်းစုကို ပြောက်ကျားစခန်းတွင် အသင့် စောင့်ဆိုင်းခဲ့ကြပြီး ရန်သူမှလက်နက်ကြီးများ ဆက်တိုက်ပစ်ခတ် ရှင်းလင်းပြီးနောက် ၁၇း၀၀နာရီခန့် တအာင်းတပ်ဖွဲ့တို့ ထောင်ထားသည့် ရှေ့ထွက်မိုင်းများ နင်းမိကာ နှစ်ဘက် အပြန်အလှန် တိုက်ပွဲများ

စတင်ခဲ့ကြသည်။

လက်နက်ကြီးများ တရစပ်ပစ်ခတ်ကာ ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ညနေ ၁၈း၀၀ နာရီခန့် အလင်းရောင်ပျောက်လုချိန်တွင် တိုက်ပွဲသံများရပ်စဲခဲ့ပြီး တအန်းတပ်ဖွဲ့လည်း ထိုပြောက်ကျားစခန်းမှ ဆုတ်ခွာပြောင်းရွေ့ခဲ့ကြသည်။

သို့သော် မြန်မာတပ်များသည် တအန်းတပ်ဖွဲ့ ပျောက်ကျားစခန်းသို့ ဆက်မတက်ဝံ့ပဲ တဘက်တောင်ကုန်းတွင် ဆက်လက် နေရာယူနေဆဲရှိပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည့် အနေအထား ရှိနေဆဲဖြစ်သည်။

တိုက်ပွဲတွင် TNLA ပြောက်ကျားတပ်ဖွဲ့ ၁ ဦး ရန်သူလက်နက်ကြီး ကျည်စ ထိမှန်ပြီး လက်မောင်းတွင် အနည်းငယ်ဒါဏ်ရာရရှိသည်။ တိုက်ပွဲဖြစ်ပြီး ညမှောင်သွားသဖြင့် မြန်မာတပ်ဖက် ထိခိုက်ကျဆုံးမှုကို တိတိကျကျ မသိရှိရသေးပေ။

သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။