Friday, November 1, 2013

ရှမ်းပြည် မြောက်ပိုင်း SSPP/SSA ဒေသ ၌လည်း တိုက်ပွဲ ဖြစ်ပွား

(ရွှေဟင်္သာသတင်းဌာန)



ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင် မြို့နယ် ၌ လှုပ်ရှား နေသော ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) တပ်ဖွဲ့ များကိုမြန်မာ အစိုးရ တပ်ဖွဲ့ တို့က လိုက်လံ တိုက်ခိုက် ခဲ့ရာ အောက်တို ဘာလ (၂၈) ရက်နေ့က နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု SSPP စစ်ရုံးချုပ်မှ ဗိုလ်မှူးခန္တက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် မြို့နယ်နှင့် သိန္နီ မြို့နယ် ကြား ရှိ SSPP ၏ တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၃၇) နှင့် တပ်ရင်း (၂၅) ပူးပေါင်း တပ်ဖွဲ့ ပျောက်ကျား လှုပ်ရှားမှု တပ်ဖွဲ့ တို့နှင့် အစိုးရ၏ စစ်ရေး ကွပ်ကဲမှု ဌာနချုပ် (၁၆) နှင့် စကခ (၁) လက်အောက်ခံ ပူးပေါင်း တပ်ဖွဲ့ တို့ကြား နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။


ထိုဒေသရှိ အစိုးရ တပ်ဖွဲ့ တို့သည် စစ်ကြောင်း (၃) ကြောင်းဖြင့် ပြီးခဲ့သည့် အောက်တိုဘာ လဆန်းပိုင်းက နယ်မြေ ရှင်းလင်းရေး လှုပ်ရှား မှုများ စတင် လုပ်ဆောင် ခဲ့သောကြောင် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွား ခဲ့သည်ဟု SSPP ပြောခွင့်ရ ဗိုလ်မှုးကြီး ဖိန်ဖ က ပြောသည်။

ယခု ဖြစ်ပွား နေသည့် တိုက်ပွဲအား ရှမ်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးအောင်သူကို ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ပြန်လည် ဖြေကြား ပေးခြင်း မရှိ ခဲ့ပေ။

SSPP နယ်မြေခံ တပ်မှူး ဗိုလ်မှူးစိုင်းစု က သူတို့တပ်တွေ စစ်ကြောင်းနဲ့ လိုက်ထိုးနေတာ ကြားပါပြီးခင်ဗျ။တိုက်ပွဲ မဖြစ် ပွားရန် ကျနော်တို့ ဘက်က ရှောင်ထွက် ပေးခဲ့ ရလေ့ ရှိတယ်။ ရှောင်ရင်းနဲ့ သွားတိုး မိခဲ့ရင် မတတ်နိုင် ဘူးလေဟု ပြောကြား သွားသည်။

၎င်းအပြင် ဤကဲ့ သို့ပင် အစိုးရ တပ်ဖွဲ့ဘက်မှ စကခ (၁၆) လက်အောက်ခံ စစ်အင်းအား တပ်ရင်း (၇) ရင်းခန့် ချထားပြီး SSPP တပ်ဖွဲ့ များကို လိုက်လံ တိုက်ခိုက် နေသည်။

မိုင်းရှုး မြို့နယ်နှင့် တန့်ယန်းမြို့နယ် အကြားရှိ ကားလမ်းမကြီး တလျှောက်တွင်း အစိုးရ တပ်ဖွဲ့ စကခ (၁၇)နှင့် စကခ (၂) လက်အောက်ခံ တပ်ရင်း (၂၅) ရင်း အင်အား (၁၀၀၀) ခန့်တို့ကို ပြီးခဲ့သည့်၂၀၁၂ ခုနှစ် ဇန္နာဝါရီလ (၁၃) ရက်နေ့က အစိုးရနှင့် SSPP တို့၏ အပစ်အခတ် လက်မှတ် ရေးထိုးခဲ့ ပြီးနောက် တိုးချ ထားခဲ့သည်။

ယင်းတပ်ဖွဲ့ တို့ကို ရုပ်သိမ်း ပေးရန် SSPP ဘက်က ပြီးခဲ့သည့် စက်တင်ဘာလ (၂၀) ရက်နေ့က ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်း၌ အစိုးရ ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံ စဉ်က တောင်းဆို ခဲ့သော်လည်း အစိုးရ ဘက်ကလိုက်နာ မှုများ မပြုလုပ် ခဲ့သည့်အပေါ် SSPP နှင့် အစိုးရ တပ်ဖွဲ့ အကြား ယုံကြည်မှုများ တည်ဆောက် နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

SSPP အဖွဲ့သည် အစိုးရ ကိုယ်စားလှယ် အဖွဲ့နှင့် နှစ်ဖက် အပစ်ရပ် လက်မှတ် ထိုးထားခဲ့ သော်လည်းတပ်နေရာ ချထားရေးကို ယနေ့ အထိ ပြုလုပ် ပေးနိုင် ခဲ့ခြင်း မရှိ သောကြောင် နှစ်ဖက် တိုက်ပွဲပေါင်း (၁၀၀) ကျော် ဖြစ်ပွားခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။