Tuesday, November 19, 2013

အပစ်အခတ်ရပ်စဲရေးမူကြမ်း သဘောထားတင်းမာဟုဆိုကာအချက်အနည်းငယ်သာ မွန်ပြည်သစ်လက်ခံ

(Mizzima)

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးသို့ အစိုးရက ပေးပို့ထားသည့် ““တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူညီ ချက်စာချုပ်(မူကြမ်း)သည် သဘောထား တင်းမာလွန်း သည်ဆိုကာ ရာနှုန်းအ နည်းငယ်သာ လက်ခံနိုင်မည်ဟု မွန်ပြည် သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ဟံသာ ဗိုန်ခိုင်က ပြောဆိုလိုက်သည်။

မူကြမ်းတွင်ပါရှိသည် အချက်များ သည် တိုင်းရင်းသားလက်နက်ကိုင်တို့အတွက် လက်နက်စွန့်ရေးကို ရည် ညွှန်းနေပြီး “အရမ်းကို သဘောထား တင်းမာလွန်းပါတယ်။ အရင်ကလည်း လက်နက်စွန့်ရေးကြောင့် ပဋိ ပက္ခ (စစ်ပွဲ) တွေဖြစ်ခဲ့ကြတယ်။ အခုလည်း ဒီဘက်ပြန်လှည့်လာပြီဆိုတော့ ဒါက ကျွန်တော်တို့ တိုင်းရင်း သားတွေဘက်က လက်ခံနိုင်ဖို့ အလွန်ခဲယဉ်းပါတယ်” ဟု နိုင်ဟံသာ ဗိုန်ခိုင်က မဇ္ဈိမကိုပြောသည်။


မွန်ပြည်သစ်ပါတီ၏ နိုဝင်ဘာလ ၁၃ရက်မှ ၁၅ ရက်ထိ ပြုလုပ်သည့် ဗဟို ကော်မတီအစည်းအဝေးတွင်ပစ် ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီ ချက်စာချုပ် (မူကြမ်း) ကိုဆွေးနွေးပြီးနောက် မွန်ပြည်သစ်ပါတီ၏ သဘောထား ထွက်ပေါ်လာခြင်းဖြစ်သည်။

စာမျက်နှာ ၁၁ မျက်နှာပါရှိသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု စာချုပ် (မူကြမ်းတွင်) အခန်း ပေါင်း ၁၃ ခန်းပါဝင်ပြီး တိုင်းရင်းသားလက်နက်ကိုင် များအတွက် တပ်စခန်းသစ်များ ဆောက်လုပ်ခြင်း၊ တပ်သားသစ်များ စုဆောင်းခြင်းများ မပြုလုပ်ရန်ပါဝင်သည်။
အလားတူ အစိုးရတပ်နှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်တို့ နယ်မြေသတ်မှတ်ရေးအပါအ၀င် စစ်ပြေး ဒုက္ခများ ကို ပြန်လည်နေရာချထားရေးနှင့် အကူအညီပေးရေး စသည့်အသေးစိတ်အချက်အလက်များ ပါဝင်သည်။ 
သို့သော် ထိုအချက်အားလုံး၏ ၆၀ ရာခိုင်နှုန်းက ပြန်လည်ပြင်ဆင်ရန် လိုအပ်နေသည်ဟု နိုင်ဟံသာဗိုန် ခိုင်ကပြောသည်။

“အချက်အလက်အားလုံးရဲ့၆၀ ရာ ခိုင်နှုန်းဟာ ပြင်ဆင်ဖြည့်စွက်ရမယ်။ ၁၀ ရာခိုင်နှုန်းကတော့ ဝေါဟာရ တွေ ပြင်ဆင်ရမယ်။ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကတော့ လက်ခံနိုင်ပါတယ်” ဟုပြောသည်။ သို့သော်မွန်ပြည် သစ်ပါတီ၏ ဒု-ဥက္ကဋ္ဌ နိုင်ဟံသာကမူ အဆိုပါမူကြမ်းတွင် မည်သည့်အချက်ကို လက်မခံနိုင်ကြောင်းကို အ သေးစိတ် ထုတ်ဖော်ပြောကြားရန်ကိုမူ ငြင်းဆိုသည်။

မွန်ပြည်သစ်ပါတီ၏ အဆိုပါ စာချုပ် မူကြမ်းအပေါ် သဘောထားများကို တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့များ စုပေါင်း ဖွဲ့ထားသည့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းဆောင် ရွက်မှုအဖွဲ့ NCCT သို့တင်ပြရမည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များ၏သဘောထားကို ဃြဃွှ အဖွဲ့သို့ ယခုလ ၂၀ ရက်တွင် နောက်ဆုံးထားပေး ပို့ရမည်ဖြစ်ကာ ဃြဃွှမှ ညှိနှိုင်းဆွေး နွေးပွဲတစ်ရပ်ကိုလည်း ထိုင်းနိုင်ငံ၌ မကြာခင် ပြုလုပ်သွားမည်ဖြစ်သည်။

ထိုမှတစ်ဆင့်NCCT ထိန်းချုပ် နယ်မြေ၌ ဒီဇင်ဘာလအတွင်းကျင်းပရန် ရှိနေသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ ထိပ်သီးညီလာခံ၌ ဆက်လက်ဆွေးနွေးကြရန်ရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။