Tuesday, April 30, 2013

SSPP တပ်များနှင့် အစိုးရ တင်းမာမှု အခြေအနေ

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ တပ်များသည် ရှမ်းပြည် အရှေ့ မြောက်ပိုင်းရှိ တန့်ယန်း မြို့နယ်နှင့် မိုင်းရှုး မြို့နယ် အကြား၌ အခြေချ နေသော ရှမ်း ပြည် တိုးတက်ရေး ပါတီ SSPP/SSA အား လွယ်လန်း တောင်ကြောကနေ ဆုတ်ပေးရန် စစ်ရေး အရ ဆက်လက် ဖိအားပေးလျက် ရှိကြောင်း SSPP/SSA နိုင်ငံခြား ဆက်ဆံရေး တာ ဝန်ခံ ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။

“ အဲဒီ တန့်ယန်း မြို့နယ်နဲ့ မိုင်းရှုး မြို့နယ် အကြားက လွယ်လန်း၊ လွယ်စေး၊ လွယ်ခေါက်၊ လွယ်ချို ဘက်ကို အစိုးရ စစ်တပ် အင်အား ၂၀၀၀ ခန့် တိုးချဲ့ လာတယ်။ အဲတာကြောင့် ကျနော်တို့ ဘက်ကလဲ ပြန်ခုခံ တိုက်ခိုက်ဖို့ စစ်အင်အားတွေ ပြန် ဖြည့် ထားတော့ ရှိတယ်။ အဲတာကြောင့် တိုက်ပွဲ မဖြစ်သေး ပေမဲ့ နှစ်ဖက် စစ်ရေး အခြေအနေက တင်းမာနေဆဲပါ။” ဟု ဆိုပါသည်။

မြန်မာစစ်တပ်မှ T.N.L.A ခွင့်ပြန် ရဲဘော် ၃ ဦးအား သတ်ဖြတ်

၂၀ရက်နေ့ မတ်လ ၂၀၁၃ ခုနှစ် မနက်ပိုင်အချိန်တွင် မိဘများအား သွားရောက် ကူညီပေးရန် ခွင့်ရက်ဖြင့် ပြန်သွားသော တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်သား ၃ ဦးကို မြန်မာစစ်တပ် တပ်ရင်း (၅၀၄)မှ နမ့်ဆန်မြို့နယ်ရှိ ဆွန်ဟင်းကျေးရွာအနီးတွင် ကြိုးတုတ်ဖမ်း ဆီးခေါ်ဆောင်သွားပြီး ၎င်း ရဲဘော် ၃ ဦးကို ရက်ဆက်စွာ သတ်ပစ် လိုက်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။
 
မြန်မာစစ်တပ် တပ်ရင်း (၅၀၄)တပ်ရင်းမှ ၎င်းတို့ ဖမ်းဆီးခေါ်ဆောင်သွားသော T.N.L.A ရဲဘော် ၃ ဦးကို ညှင်းပန်းနှိပ် စက်မေးမြန်ပြီး ဧပြီလ ဒုတိယအပတ် နေ့လည် ၂ နာရီခန့် အချိန်တွင် သတ်ပစ် လိုက်ကြောင်း သိရှိရပါသည်။

ပစ်ခတ်မှု ပဋိပက္ခကို DKBA နှင့် BGF တို့ဖြေရှင်း

(ရွှေဟင်္သာသတင်းဌာန)

ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် DKBA နှင့်နယ်ခြားစောင့်တပ် BGF တို့သည်ဖြစ်ပေါ်ခဲ့သောပစ်ခတ်မှု ပပက္ခကို ဖြေရှင်းရန်ယနေ့ ညနေပိုင်းတွင်ကရင်ပြည်နယ်လှိုင်ပွဲမို့နယ်ရှိမိုင်ကီးငူကျေးရွာတွေ့ဆုံ ဆွေးနွေးကြမည်ဟု DKBA ပြောရေးဆိုခွင့် ရှိသူဗိုလ်မှူးကြီး စန်းအောင်က ဆိုပါသည်။

ည်ရွယ်ချက်ကတော့ ကျနော်တို့ ကရင်အချင်းချင်းကြားမှာ စစ်ကို ရပ်တန့်စေချင်ပီး အတိတ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ် တွေ ကို သွေးထွက်သံယို အဖြစ်ဆိုးနဲ့ အချင်းချင်း ပြန်သတ်ကြတာမျိုး မဖြစ်စေ ချင်တော့ဘူး။ ဒါကြောင့်တရားနည်း လမ်းကျကျနဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့အတွက် ဒီညနေမှာ တဖွဲ့နဲ့ တဖွဲ့ နတ်ကတိဖြစ်ဖြစ်၊ စာချွန်လွာ ဖြစ်ဖြစ် လက်မှတ်ရေးထိုးကြမှာပါဟု ဆိုပါသည်။ 

သံလွင်အရှေ့ခြမ်းသို့ တိုက်ပွဲပျံ့လာမည်ကို UWSA မလိုလား - စစ်ရေးအသင့်ပြင်နေ



သျှမ်းပြည်တပ်မတော်နှင့်မြန်မာ အစိုးရစစ်တပ်တို့အင်အား အပြိုင်တိုးချမှုကြောင့် တိုက်ပွဲများ သံလွင်အရှေ့ခြမ်းသို့ပျံ့နှံ့ လာမည့်အရေး ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှ စိုးရိမ်သဖြင့် ၎င်းတို့ဘက်မှလည်း အင်အားဖြည့်တင်း အသင့်ပြင် ဆင်ထားကြောင်း သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။

“အစိုးရက ပစ်မှတ်ထားတဲ့ သျှမ်းပြည်တပ်မတော်ရဲ့ လွယ်ခေါက်၊ လွယ်စေး၊ လွယ်ချို၊ လွယ်လန်းဘက်ကို အင်အားတွေ တိုး ချလာတယ်။ သျှမ်းပြည်တပ်မတော်ဘက်ကလဲ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ အင်အားတွေတိုးဖြည့်ထားတယ်။ နှစ်ဘက်တင်း မာနေတဲ့အခြေအနေမှာ UWSA ဘက်ကလဲ သူတို့ဘက်ကို တိုက်ပွဲပျံ့သွားမှာစိုးလို့ထင်တယ်။ အသင့်ပြင်နေတယ် ” ဟု သျှမ်းပြည်တပ်မတော် အရာရှိတဦးကပြောသည်။

အဓမ္မ ပြုကျင့်မှုနှင့် သတ်ဖြတ်မှု ပလောင် ဒေသတွင် ဖြစ်ပွား

(ရွှေဟင်္သာသတင်းဌာန)

ရှမ်ပြည်နယ် မြောက်ပိုင်း မန်တုံ မြို့နယ် ရေပုံကျေးရွာတွင် အခြေစိုက် နေသော အစိုးရ ခမရ (၅၀၂)တပ်ရင်း စစ်ကြောင်း မှ တပ်သား များသည် ရေပုံး ကျေးရွာရှိ တအာင်း( ပလောင်) အမျိုးသမီး နှစ်ဦးကို ဧပြီလ ၁၉-၂၀ ရက်နေ့တွင် အတင်း အဓမ္မ ပြုကျင့် ခဲ့ကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး P.S.L.Fသတင်း ပြန်ကြားရေးက ဆိုပါသည်။

 ဧပြီ ၁၉ ရက်နေ့က ည ၉ နာရီ အချိန်ပေါ့ ရေပုံးရွာနေ အသက် ၃၇ နှစ်လောက် ရှိတဲ့ မုဆိုးမ (----) အိမ်ထဲ ၀င်ပြီး သူ့မ ပါးစပ်ကို ပိတ်ပြီး အတင်း အဓမ္မပြု ခဲ့တယ်။ ခမရ (၅၀၂) တပ်ရင်းက စစ်သား တစ်ဦးပေါ့။ သတင်းဖေါ်ရင် သတ်ပစ် မယ်လို့ ခြိမ်ခြောက် ထားတယ်။ အဲဒီလိုဘဲ ဧပြီလ၂၀ ရက်နေ့ မှာလည်း ခလရ (၅၀၂)ကဘဲ နောက်ထပ် စစ်သား တစ်ဦးက (-----)(ခေါ်) ကလေးအမေ တစ်ဦး ကိုလည်း လက်ဖက်ခံမှာ လဖက် ခူးနေတုန်း အတင်း အဓမ္မ ပြုကျင့်တယ် ပြီးတော့ ချိန်းခြောက် ထားတယ်လေ။ဟု ဆိုပါသည်။ 

သျှမ်း/မြောက် ကျောက်မဲခရိုင်ဘက် အစိုးရတပ် ရိက္ခာ အင်အားတိုးချထား



 သျှမ်းပြည်မြောက်ပိုင်း   ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲရှိ တအာင်း တပ်စခန်းဟောင်းများတွင် အစိုးရတပ်က  ခြေကုပ်နေရာယူထားကာ စစ်အင်အားတိုးဖြည့်ချထား ကြောင်း သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။

“ခလရ ၁၁၄၊၁၁၅၊ ခမရ ၅၀၁၊ ၅၀၂၊ ၅၀၃ တို့ပေါ့။ ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲ ခွန်ခါ အုပ်စု ခွန်ခါရွာဘက်မှာပါ။ အင်အား ၄၀၀ ထက်မနည်း တိုးချလာတယ်။ အရင်နေသွားတဲ့ TNLA တပ်စခန်းဟောင်းတွေမှာ ခြေကုပ်နေရာယူထား တယ်။ စခန်းပြင်တယ်။ကျင်းတူးတယ်။ ရိက္ခဖြည့်တယ်။ အဲလိုလုပ်လာတာ ၃-၄ လ ရှိနေပြီ။ ခုထိဘဲ ” ဟု မိုင်းငေါ့မြို့နယ်ခွဲမှ လယ်သမားတဦးကဆိုပါသည်။

တရုတ်ထံမှ စစ်သုံး ရဟတ်ယာဉ်များ “ဝ” ရရှိ

(ဧရာဝတီ)

တရုတ်နိုင်ငံက  မြန်မာနိုင်ငံမှ “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) သို့ လက်နက် တပ်ဆင်ထားသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ပေးပို့ခဲ့ကြောင်း ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ Jane’s Intelligence Review မဂ္ဂဇင်းက ဖော်ပြလိုက်သည်။

UWSA အဖွဲ့သည် ပထမဆုံး အကြိမ်အဖြစ် တရုတ်နိုင်ငံမှ လက်နက်တပ်ဆင်ထားသည့် စွမ်းဆောင်ရည်မြင့် ကာကွယ်ရေးပစ္စည်းများ အကူအညီရခဲ့ကြောင်း၊ UWSA က လက်နက် အမြန်တပ်ဆင်ရေး နောက်ဆုံး ကြိုးပမ်းမှု အစီအစဉ်တခုလည်း ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ဗမာလူမျိုးများအားအဓမ္မမောင်းထုတ်နေမှုမဟုတ် မှန်ကြောင်း SSPP ပြော



SSPP/SSA သည်  သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် အတွင်းနေထိုင် သည့် ဗမာ လူမျိုးများအား အတင်း အဓမ္မရွှေ့ပြောင်းခြင်း ဖမ်းဆီးခြင်း များ ပြုလုပ်နေသည်ဆိုသည့် Myanmar Online News ၏သတင်း မှာ မဟုတ်မှန်ကြောင်း သျှမ်းပြည်တပ်မတော် SSPP/SSA က ပြောပါသည်။

“ဗမာလူမျိုးတွေကို ကျနော်တို့ အဓိက ပစ်မှတ်ထားမောင်းထုတ်တယ်ဆိုတဲ့သတင်းမဟုတ်မှန်ပါဘူး။ ဒါပေ မယ့် မိုင်းရှူးမြို့နယ်အတွင်း ရေဦး/ရေထွက်အနီး ကျောက်တူးတာ၊ မိုင်းခွဲတာ၊ သစ်ခုတ်၊ ဝါးခုတ်တာတော့ ကျနော်တို့ ခွင့်မပြုဘူး။ ဘယ်လူမျိုးမဆို ကျနော်တို့တားမြစ်ပါတယ်။  ဒေသခံ တွေက အဲဒီရေထွက်တွေ၊ ချောင်းရေတွေကို စိုက်ပျိုးရေးအတွက်  အားကိုးနေတယ်လေ” - ဟု SSPP ပြောခွင့် ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

SSPP နှင့် အစိုးရ နှစ်ဘက်တပ်အင်အား ၅၀၀၀ ထက်မနည်းအပြိုင်တိုးချနေ



သျှမ်းပြည်မြောက်ပိုင်း နှင့်   တောင်ပိုင်းကြားဒေသ တန့်ယန်း နှင့် မိုင်းရှူးမြို့နယ်အတွင်း အစိုးရတပ်နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့ တဘက်နှင့်တဘက် တပ်အင်အားထောင်ချီ အပြိုင်တိုးချ ကာ စစ်ရေးတင်းမာနေသည်ဟု ဒေသအတွင်းသတင်းရပ်ကွက်ကပြောပါသည်။

“တန့်ယန်း - မိုင်းရှူး ဒေသမှာ သူတို့တပ် နဲ့ ကျနော်တို့တပ်တွေ နှစ်ဘက် စုပေါင်းစစ်အင်အား ၅၀၀၀ နီးပါး အပြန်အလှန်ဖြန့်ကျက် နေရာယူထားတယ်။ စစ်ရေးပြင်ဆင်မှု အကြီးအကျယ်ဆောက်ရွက်နေပါတယ်။ မိမိ တို့ဘက်တော့ ရှောင်လမ်းမရှိတော့တဲ့အတွက် တိုက်ပွဲဝင်သွားရမှာဘဲ” - ဟု SSPP ဌာနချုပ် အရာရှိတဦး က ပြောပါသည်။

Monday, April 29, 2013

ပထမအကြိမ် တိုင်းရင်းမီဒီယာညီလာခံ သတင်းစာရှင်းလင်းပွဲမှ အမေးအဖြေများ



ပထမအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို ဧပြီလ ၂၅ ရက်မှ ၂၇ ရက်နေ့ထိ မွန်ပြည်နယ် မော်လမြိုင်မြို့ Mawlamyine Strand Hotel ၌ ကျင်းပခဲ့သည်။ ၂၇ ရက် ညီလာခံအပြီး၌ သတင်းစာ ရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့သည်။ပြည်တွင်းပြည်ပ သတင်းသမားများ၏ မေးမြန်းချက်များကို ကရင့်သတင်းဌာန ကေအိုင်စီမှ နန်းဖော့ဂေ၊ လွတ်လပ်သောမွန်သတင်း အေဂျင်စီမှ နိုင်ကဆော့မွန်နှင့် မွန်ပြည်နယ်အခြေစိုက် သံလွင်တိုင်းမ်ဂျာနယ် အယ်ဒီတာ ကိုမင်းလတ်တို့က ဖြေကြားပေးခဲ့သည်။

မေး။    ။ ဘီအဲန်အိုင်အဖွဲ့ဝင်တွေ ပြည်တွင်းမှာ ဝင်ရောက်လုပ်ကိုင်ဖို့ အလားအလာရှိလား။

ဖြေ။    ။ ဘီအဲန်အိုင်အဖွဲ့မှာ တချို့အဖွဲ့လည်း ပြည်တွင်းမှာ ဝင်ရောက်လုပ်ကိုင်နေပြီ။ တချို့က ဝင်ရောက်ဖို့ ပြင်ဆင်နေတာရှိပြီး အခြေအနေကို သုံးသပ်နေဆဲ ဖြစ်ပါတယ်။ (နန်းဖော့ဂေ)

မေး။    ။ တိုင်းရင်းမီဒီယာညီလာခံမှာ ဘယ်လိုအကျိုးအမြတ်ကို ရရှိတယ်လို့ သုံးသပ်ပါသလဲ။

နယ်ခြားစောင့်တပ်နှင့် ဖြစ်ပွားသောတိုက်ပွဲ ရပ်လိုက်ပြီဟု DKBA ပြော

(ဧရာဝတီ)

ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်(DKBA)နှင့် နယ်ခြားစောင့်တပ်(BGF) တို့အကြားဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကို ယနေ့ မွန်းတည့်ချိန်မှစ၍ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း DKBA ဘက်က ပြောဆိုလိုက်သည်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာ အနီးတွင် ၂၇ ရက်နေ့ညပိုင်းက စတင်ကာ DKBA ကလို့ထူးလားဗျူဟာမှ ဗိုလ်မှူးကြီး စောဘိ လက်အောက်ခံ တပ်ရင်းနှင့် နယ်မြေချင်းထိစပ်နေသည့် နယ်ခြားစောင့်တပ် (၁၀၁၇) တပ်ရင်းတို့ ယနေ့ မနက်ပိုင်း အထိ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက် တာဝန်ရှိသူများ နားလည်မှုရရှိပြီးနောက် တိုက်ပွဲများကို ရပ်တန့်လိုက်ကြခြင်း ဖြစ်ကြောင်း DKBA ကလို့ထူးဝါး ကွပ်ကဲရေးရုံးမှ ဗိုလ်မှူး စောဝေထူး က ပြောပြသည်။

မူစယ်အိမ်ရာစီမံကိန်း ကုမ္ပဏီနှင့် ပြည်သူ့စစ် ပဋိပက္ခဖြစ်ပွား



 ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ အိမ်ယာမြေ စီမံကိန်း ဧရိယာအတွင်း နယူးစတား လိုက် ကုမ္ပဏီမှ မြေညှိလုပ်ငန်း ဆောင်ရွက်နေစဉ် ပန်းဆေးပြည်သူ့စစ်အဖွဲ့မှ လာရောက် တားဆီးခဲ့သဖြင့် နှစ်ဘက် ပဋိ ပက္ခ ဖြစ်ပွားခဲ့ပြီး ကုမ္ပဏီ၏ မြေညှိလုပ်ငန်းများ ရပ်ဆိုင်းလိုက်ရကြောင်း သိရသည် ။


ပန်းဆေးပြည်သူ့စစ်အဖွဲ့ပိုင် မြေဧရိယာအတွင်း ကုမ္ပဏီ၏ မြေညှိလုပ်ငန်းများ ဆောင်ရွက်ခွင့်မပြုကြောင်း လာရောက် တားမြှစ်ရာမှ နှစ်ဘက် ပဋိပက္ခဖြစ်ပွားခြင်းဖြစ်ကြောင်း အကြားအမြင်များသည့် မူစယ်မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည် ။

T.N.LA တပ်နှင့် မြန်မာစစ်တ​ပ် ရင်ဆိုင်တို​က်ပွဲဖြစ်

သတင်းနှင့်ပြန့်ကြားရေးဌာန
တံပ်အွရ်ပိုန်လောတ်ကပီုန်တအာင်း

T.N.L.A ရဲဘော်များ
 
ဧပြီလ ၂၇ ရက်၊ ၂၀၁၃
 
ဧပြီလ ၂၅ ရက်နေ့ ညနေ့ ၂ နာရီ ၄၅ မီနစ်ခန့် နမ့်ဆန်မြို့ ပန်စရီကျေးရွာအနီးတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် T.N.L.A တပ်ရင်း (၂၅၆)နှင့်မြန်မာ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ T.N.LA တပ်ရင်း (၂၅၆)တပ်ခွဲမှူး..ဦးဆောင်သော တပ်ခွဲ မှ မြန်မာစစ်ကြောင်းကို ဟန့်တား တိုက်ခိုက်ရာ မြန်မာစစ်သား ၄ဦးခန့်ကျဆုံး သွားသည့်ဟုသိရသည်။ 

တအာင်းအမျိုးသားတို့၏ ဝမ်းနည်းဖွယ်ရာနေ့ နှစ်ပတ်လည် အထိမ်းအမှတ် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး - P.S.L.F ၏ သဘောထား ထုတ်ပြန်ချက်

၂၉ ရက်၊ ဧပြီလ၊ ၂ဝ၁၃ ခုနှစ်။
ထုတ်ပြန်ချက်အမှတ်။ ဝဝ၄/၀၅/ဌနခ-၁၃ ၁။
၂၀၁၃ ခုနှစ် ဧပြီလ ၂၉ ရက်နေ့သည် တအာင်းအမျိုးသား လွတ်မြောက်ရေးအတွက် တအာင်း မိဘပြည်သူတို့၏ အသက်၊ သွေး၊ ချွေး၊ စည်းစိမ် မြောက်များစွာဖြင့် ရင်းနှီး တည်ဆောက် ခဲ့သော “ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်မတော်-P.S.L.A” လက်နက်ကိုင် တပ်ဖွဲ့ကို မြန်မာစစ်အစိုးရက နိုင်ထက် စီးနင်း အင်အားသုံး လက်နက်ဖြုတ် သိမ်းခဲ့သည့် တအာင်းအမျိုးသားတို့၏ ၀မ်းနည်းဖွယ်ရာ နေ့ဖြစ်ပြီး အမျိုးသားအတွက် ကြီးမားသည့် ဆုံးရှုံးမှု လည်း ဖြစ်ပါသည်။ 
 

Sunday, April 28, 2013

တပ်အင်အားတိုးချဲ့ကာ တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်ဒေသများသို့ ၀င်ရောက်နေ၍ ကြိမ်ဖန်များစွာ တိုက်ပွဲ ဖြစ်ပွားနေမှုများ အမြန်ဆုံး ရပ်တန့်ပေးရန် SSPP/SSA နှင့် SNLD တောင်းဆို

(Eleven Media Group)

စစ်တပ်အင်အား တိုးချဲ့ကာ တိုင်းရင်းသားအဖွဲ့များ ထိန်းချုပ်ရာ ဒေသများသို့ ၀င်ရောက်နေသောကြောင့် လတ်တလော ထိတွေ့မှုများ ဖြစ်ပေါ်နေရကြောင်း ရှမ်းပြည်တိုးတက်ရေး ပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့၏ ဧပြီ ၂၅ ရက် ပူးတွဲထုတ်ပြန်သော ၀မ်ဟိုင်း ကြေညာချက်တွင် ပါရှိသည်။

အဆိုပါ ကြေညာချက်တွင် နိုင်ငံတော်အစိုးရမှ တည်ဆောက်လျက်ရှိသော ငြိမ်းချမ်းရေး ဖြစ်စဉ်များသည် ပိုမိုတိုးတက်ရန် လိုအပ်သည်ဟု ယူဆကြောင်း၊ အစိုးရမှ ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖော်ဆောင်နေသလို အခြားတစ်ဖက်တွင်လည်း တပ်အင်အား တိုးချဲ့၍ တိုင်းရင်းသား အဖွဲ့များ ထိန်းချုပ်ဒေသများသို့ ၀င်ရောက်နေသောကြောင့် ထိတွေ့မှုများ ဖြစ်ပေါ်နေပြီး တစ်ဖက်နှင့်တစ်ဖက် သံသယ ဖြစ်ပေါ်ကာ ယုံကြည်မှု ပျက်ပြားစေကြောင်း၊ နေရာအနှံ့အပြားတွင် ကြိမ်ဖန်များစွာ ထိတွေ့မှုများ ဖြစ်ပေါ်နေမှုများကို အမြန်ဆုံး ရပ်တန့်ပေးရန် တောင်းဆိုကြောင်း ဖော်ပြပါရှိသည်။

မြိုင်ကြီးငူတွင် DKBA နှင့် BGF တိုက်ပွဲဖြစ်

(ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူရွာ ဘုန်းကြီးကျောင်းရှိ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် (DKBA)ကို နယ်ခြားစောင့်တပ်(BGF) မှ ယနေ့မနက် ၉နာရီတွင် တကြိမ်၊ ညနေ ၄နာရီကျော်တွင် တကြိမ် သွားရောက်ပစ်ခတ်၍ တိုက်ခိုက်ဖြစ်ပွားခဲ့သည်ဟု မြိုင်ကြီးငူ သတင်းရပ်ကွက်အရ သိရသည်။

BGF အမှတ် (၁၀၁၁)တပ်ရင်းမှူး ဗိုလ်မှူးစောစိုးနိုင် ဦးဆောင်သည့် လက်အောက်ခံတပ်ဖွဲ့ဝင်များက DKBA ကလို့ထူးလားဗျူဟာမှ ဗိုလ်မှူးကြီး စောဘိလက်အောက်ခံ တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး BGF ဘက်မှ ၁ဦး သေဆုံးပြီး ၁ဒဏ်ရာရရှိခဲ့သည်ဟု ဒီကေဘီအေနှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ခေတ်ဟောင်းမှာ ကျန်ခဲ့တဲ့ ဖိုးတခေတ် (သို့မဟုတ်) ကရင်အမျိုးသား ရွာကလေး

(ဧရာဝတီ)

ရွာထဲကို ၀င်လိုက်တာနဲ့ မြေနီလမ်းကလေး နှစ်ဘက်စလုံးမှာ ပျဉ်ထောင်ကာ ပျဉ်ခင်းနဲ့ ဆောက်လုပ်ထားတဲ့ အိမ်တွေနဲ့ အတူ ကရင်ရိုးရာဓလေ့ တခုဖြစ်တဲ့ ကရင်ဘာသာနဲ့ “ထမုဒ်” လို့ ခေါ်တဲ့ ၀ါးလုံးရှည် တလုံး ပေါ်မှာ ကရင်အမျိုးသား အလံနဲ့ အင်္ကျီကို ချိတ်ဆွဲထားတဲ့ နတ်စင်လေးတွေကိုပါ တွေ့မြင်ရပါတယ်။

အဲဒါကတော့ ကရင်ပြည်နယ်က “ကရင် အမျိုးသားရွာ” ဖြစ်ပြီး ဘားအံ ခရိုင် ဂျိုင်းမြို့နယ်ထဲမှာ ရှိတာပါ။
အနီးအနား ကျေးရွာမှာရှိတဲ့ လူတွေကတော့ “ဖိုးတခေတ်” ရွာလို့လည်း ခေါ်ကြပါတယ်။ ရွာတည်ထောင်ဖို့ နယ်မြေကို ယခင် စစ်အစိုးရ လက်ထက်က ဘားအံမြို့ ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌဟောင်း ဦးခင်ကြူးက ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်ချင်တာက စီးပွားရေးသမား၊ ဖြစ်လာတာက စစ်သား

(ဧရာဝတီ)

လူအတော်များများမှာ အနာဂတ်အတွက် စိတ်ကူးယဉ် မျှော်မှန်းချက်တွေ အမျိုးမျိုး ရှိတတ်ကြပါတယ်။ ကြီးလာရင် ဆရာဝန်ကြီး လုပ်မယ်၊ အင်ဂျင်နီယာကြီးဖြစ်အောင် ကြိုးစားမယ် စတဲ့ စိတ်ကူးယဉ် အိပ်မက်တွေ မက်ခဲ့ဖူးကြမှာပါ။ အဲဒီ စိတ်ကူးယဉ် အိမ်မက်တွေအတိုင်း ဖြစ်လာသူတွေရှိသလို အကြောင်းကြောင်းကြောင့် လွဲချော်သွားသူတွေလည်း ဒုနဲ့ဒေးပါပဲ။

လွဲချော်ခဲ့သူတွေထဲမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌနဲ့ ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းရဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်လည်း အပါအဝင်ဖြစ်ကြောင်း သူကိုယ်တိုင်က ပြောပြခဲ့ဖူးပါတယ်။

Friday, April 26, 2013

တအာင်း (ပလောင်) ဒေသ၌ စစ်ဆင်ရေး ပြင်းထန် လာနေ

(ရွှေဟင်္သာသတင်းဌာန)

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့နှင့်အစိုးရတပ်ဖွဲ့တို့သည်ရှမ်းပြည်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်တွင်ပြီလ (၂၄) ရက်နေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLA ပြောခွင့်ရဗိုလ်မှူးတာဘုန်းကျော်ကပြောပါသည်။
ဖြစ်တာက  နေ့ညနေညနေနာရီခွဲမှနာရီခွဲထိ  ဖြစ်ခဲ့တယ်။သူတို့တပ်ဖွဲ့ကကျနော်တို့ရှိတဲ့နေရာကိုတက်လာလို့  ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်။ထိခိုက်ဒဏ်ရာတွေတော့လောလောဆယ် မသိရသေးဘူးဟု ဆိုပါသည်။

ရိုးရာ ကရင်စာပေ ဖေါ်ထုတ်ရေး သင်တန်း ဆင်းပွဲ ကျင်းပ

(ရွှေဟင်္သာသတင်းဌာန)

ကရင် ရိုးရာစာေ ဖေါ်ထုတ်ရေး သင်တန်းကို ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ဆုံစည်းမြိုင် ကျေးရွာသင်တန်းသား (၂၀၀) ကျော်နှင့်အတူ ယနေ့ ကျင်းပခဲ့သည်ဟု ကရင်စာပေ ယဉ်ကျေးမှု ဖြန့်ပွားရေးဥက္ကဌ စောဘတိုး ကဆိုပါသည်။ 

ဒီသင်တန်းကတော့ ဒုတိယအကြိမ်မြောက် သင်တန်းဖြစ်တယ်။ ရည်ရွယ်တာကတော့ ကရင်စာပေကို ဖေါ်ထုတ် တဲ့ နေရာမှာ  မူလကရင် စာပေဖြစ်တဲ့ ကြက်ယက်စာပေကို ပြန်လည် ထိန်းသိမ်း တာလည်း ပါတယ်။ ဒီသင်တန်းကို မြ၀တီမြို့နယ်က ဆုံဆည်း မြိုင်၊ ၀ါ့မိထ၊ တောင်နီ၊ ဥကလိထရွာက လူတွေ တက်ပါတယ်။ဟု ဆိုပါသည်။ 

ရှမ်းမြောက်ပိုင်း အစိုးရတပ်နှင့် တအာင်းတပ် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေ

(Mizzima)

ရှမ်းပြည်နယ် မြောက်ပိုင်း တအာင်း (ပလောင်)ဒေသအတွင်း အစိုးရ စစ်ကြောင်းများ အင်အားဖြည့်တင်းနေ၍ လက်ရှိ အင်အား ၃,၀၀၀ ကျော်ရှိလာပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေဆဲဖြစ်သည်ဟု တအာင်းပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးမိုင်ဘုန်းကျော် က ပြောသည်။

ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းတွင် တအာင်းတပ်ရင်း ၁၁၂ နှင့် အစိုးရ စစ်တပ်များအကြား ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ အုပ်စုရှိ ကုန်ဆာရွာမှ နှစ်မိုင်အကွာတွင် တိုက်ပွဲ တနာရီကျော်ကြာ ဖြစ်ပွားခဲ့သည်ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံကြောင့် စစ်မှန်သောငြိမ်းချမ်းမှုလူထုမရနိုင်ဟု သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ပြော

 

ဖွဲ့စည်းပုံဥပဒေ၌ စစ်တပ်အတွက် အာဏာပိုပေးထားသဖြင့် တိုင်းရင်းသားတပ်ဖွဲ့အား မြန်မာစစ်တပ်ထိုးစစ်ဆင်နေသည့် အပေါ် သမ္မတကြီးက အာဏာမပေးနိုင်ခြင်းဖြစ်ကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် က ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း ( သျှမ်းပြည်တိုးတက်ရေးပါတီအား မြန်မာစစ်တပ်ထိုး စစ်ဆင်ရာဒေသ၌) ဒေသခံကျေးလက်လူထုအား မြန်မာအစိုးရ၏ စစ်ကြောင်းများက လူ့အခွင့်အရေး ချိုးဖောက်နေမှု ရပ့်တန့်ရေးအတွက် အစိုးရစစ်ကြောင်းများရုပ်ပေးရန်၊ ဒေသခံလူထုလူ့အခွင့်အရေးမချိုးဖေါက်ခံရရေးအတွက် သမ္မတကြီး ဦးသိန်း စိန်မှ တာဝန်ယူဆောင်ရွက်ရန်၊ နိုင်ငံတကာမှလည်း ဦးသိန်းစိန်အစိုးရအားဖိအားပေးရန် အဓိက ပါဝင်သည့် ကြေငြာချက် တစောင်ကို သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဧပြီလ ၂၂ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါသည်။

နိုင်ငံရေးဆွေးနွေးပွဲမူဘောင်နှင့်ပတ်သက်၍ RCSS/SSA မှ ဆွေးနွေးပွဲလုပ်



RCSS/SSA လွယ်တိုင်းလျဲန်းဌာနချုပ် ဗဟိုဦးဆောင်မှုကော်မတီအစည်းအဝေးတွင် တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ  WGEC မှ ရေးဆွဲသည့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်မူကြမ်း နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်သူများက ပြောသည်။

“ဆွေးနွေးတာက အကြောင်းရင်း နှစ်ရပ်ပါ။ ပထမ အချက်က ဦးသိန်းစိန်အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးရင် ဘယ်ခေါင်းစဉ်ပေါ် မူတည်ပြီးဆွေးနွေးမလဲ၊ နောက်ဒုတိယ တခုက WGEC မှ ရေးဆွဲသည့် Frame work က ဘာတွေရှိလဲ ကျနော်တို့ဆွေးနွေး လိုတဲ့ခေါင်းစဉ်နဲ့ ယှဉ်ပြီးဆွေးနွေးဖြစ်ကြတယ်” - ဟု တက်ရောက်သူ ဗဟိုဦးဆောင်မှုကော် မတီတွင်ပါဝင်သူတဦးက ပြော သည်။

Tuesday, April 23, 2013

ရွေးကောက်ပွဲဝင် တိုင်းရင်းသား ပါတီများနှင့် UNFC ဆွေးနွေး

(ရွှေဟင်္သာသတင်းဌာန)

တိုင်းရင်းသား လက်နက်ကိုင်များဖြင့် စုပေါင်း ဖွဲ့စည်းထားသည့် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အလုပ် အဖွဲ့ WGEC ( Working Group for Ethnic Co-ordinating)သည် ပြည်တွင်းရှိ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဝင် တိုင်းရင်း သား ပါတီများနှင့် ဧပြီလ ၂၂ ရက်နေ့ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် တွေ့ဆုံပွဲ တစ်ရပ် ကျင်းပခဲ့သည်ဟု အဖွဲ့ ခေါင်းဆောင်ဖြစ်သူ နိုင်ဟံသာက ပြောပါသည်။

“အစိုးရနဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးတဲ့ နေရာမှာ တိုင်းရင်းသား အားလုံး ပါဝင်နိုင်အောင် ရည်ရွယ်ပြီးတော့ ကျနော်တို့ WGEC အဖွဲ့က ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ပါတီတွေနဲ့ တွေ့ဆုံခဲ့ခြင်း ဖြစ်တယ်။” ဟု ဆိုပါသည်။

ဂိတ်များလျော့သွားသော်လည်း အခွန်အခ တိုးမြင့်ကောက်ခံ



သျှမ်းပြည်အရှေ့ပိုင်းမိုင်းခတ်မြို့နယ် မိုင်းနုန်းအုပ်စုတွင် မြန်မာစစ်တပ်နှင့် ပြည်သူ့စစ်တို့၏ဂိတ်များ ရုပ်သိမ်းသွားပြီဖြစ် သော်လည်း ၀ တပ်ဖွဲ့၏ဂိတ်များရုပ်သိမ်းခြင်းမရှိသေးသည့်အပြင် ယခင်ကထက်တိုး၍ အခွန်ကောက်ခံနေကြောင်း ဒေသတွင်း သတင်းရပ်ကွက်ကဆိုပါသည်။

“အရင်က မိုင်းကာ မိုင်းနုန်း ကားမှာ ၀ တပ်ဖွဲ့ထိန်းချုပ်နယ်မြေနဲ့ ဒီဘက်မြန်မာအစိုးရထိန်းချုပ် နယ်မြေကြားမှာဂိတ်တွေ ရှိတယ်လေ။ အဲတာ ရွာထဲကနေ ရွာပြင် ထွက်တာတောင် မြန်မာစစ်တပ်စောင့်တဲ့ဂိတ်၊ လားဟူပြည်သူ့စစ် ဂိတ်နဲ့ ၀ တပ်ဖွဲ့ရဲ့ ဂိတ်တွေမှာ ဂိတ်ဖြတ်သန်းခတွေ အဆမတန်ပေးရတယ်။ ဝက်ပ်ဆိုက်တခုကနေ ဒီအကြောင်းသတင်း ထွက်ပြီး တပတ်လောက်အကြာမှာ မြန်မာဂိတ်နဲ့ လားဟူပြည်သူ့စစ်ဂိတ်တွေက ရုပ်သိမ်းသွားပြီ။ အခု ၀ ဂိတ်ကျန်နေတယ်” ဟု မိုင်းနုန်းဒေသခံ တဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

RCSS/SSA ထိမ်းချုပ်နယ်မြေအသွားလမ်း ဂိတ်တခု ထိုင်းအစိုးရပိတ်ထား



သျှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့ဟု လူသိများသည့် RCSS/SSA ထိမ်းချုပ်နယ်မြေသို့ ဖြတ်ကျော် ရသည့် ထိုင်းဂိတ်တခုအား ထိုင်းအစိုးရက ပြီးခဲ့သည့်ရက်ပိုင်းက ပိတ်ပင်လိုက်ကြောင်း ကြားသိရပါသည်။


“နိုင်ငံရေးပြဿနာကြောင့်မဟုတ်ပါဘူး။ ဒေသခံ အကြီးအကဲတွေ နားလည်မှု လွှဲမှားလို့ဖြစ်တဲ့ အသေးအမွှား ကိစ္စပါ။ ဒါတွေကျနော်တို့ ဖြေရှင်းနေပါတယ်။ တခြားဒေသဆီကို ပြဿနာပြန့်ပွားသွားဖို့လဲမရှိနိုင်ပါဘူး” - ဟု RCSS/SSA ပြောခွင့်ရ စိုင်းဆိုင်မိန်းက ပြောသည်။

ရှမ်းမြောက်ပိုင်း အစိုးရတပ် လတ်တလော လူ့အခွင့်အရေး ချိုးဖောက်မှုများ ထုတ်ဖော်

(Mizzima)

သင်္ကြန်ကာလအတွင်း ရေကစားထွက်သည့် လူငယ်များကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အစိုးရတပ်က အသုံးပြုခဲ့ကြောင်း ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင် (SHRF) က ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်၊ မိုင်းကောင် မှ နမ့်ပန်ချောင်းကျေးရွာသို့ မော်တော်ဆိုင်ကယ်ဖြင့်
ရေကစားထွက်သည့် အမျိုးသမီး/သား လူငယ် ၅၀ ခန့်ကို ထိုဒေသတွင် လှုပ်ရှားနေသည့် စစ်ကြောင်းက ဖမ်းဆီးကာ ၎င်းတို့၏ လုံခြုံရေးအတွက် ဝမ့်မူးဆေး မှ နမ့်လောင်း ကျေးရွာထိ စစ်ကြောင်း ရှေ့ နောက်တွင် လျှောက်စေကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်ဟု ဆိုသည်။

Monday, April 22, 2013

အစိုးရ တပ်ဖွဲ့များ SSPP/SSA အား ဆက်လက် တိုက်ခိုက်နေ

(ရွှေဟင်္သာသတင်းဌာန)

အစိုးရတပ်များသည် ရှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်လန်း၊ လွယ်စေး တောင်တဝိုက်၌ လှုပ်ရှားနေသော ရှမ်း ပြည် တိုးတက်ရေး ပါတီ (SSPP/SSA) အား ယမာန်နေ့ အထိ တိုက်ခိုက်လျက် ရှိနေကြောင်း SSPP ၏ နိုင်ငံခြား ဆက်ဆံ ရေး တာဝန်ခံ ဗိုလ်မှုးကြီးဖိန်ဖ က ဆိုပါသည်။

“ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ လျှော့ချဖို့ အစိုးရနဲ့ တွေ့ခဲ့ကြတာ သိပ်မကြား သေးပါဘူး။ ကျနော်တို့ဘက်က တင်ပြချက်တွေကို သမ္မတဦးသိန်းစိန်ထံ တင်ပြပေးမယ် ဆိုပြီ အဆုံးသတ် ထားခဲ့တယ်။ ဒါပေမဲ့ အဲဒီ လွယ်လန်းနဲ့ လွယ်စေး တောင်တ ဝိုက်မှာတော့ လက်နက်ကြီးတွေနဲ့ ပစ်နေတာအခုထိပါဘဲ။ ပြီးတော့ စစ်တပ်နဲ့လဲ လာရောက်တိုက်ခိုက်နေတုန်းပါ။” ဟု ဆိုပါသည်။

အစိုးရတပ်ဖွဲ့သည် SSPP/SSA အား လွယ်လန်းတောင်ကြောမှ ဆုတ်ခွာပေးရန် တောင်းဆိုခဲ့ပါသည်။ သို့သော် SSPP က လည်း မည်သို့မှ ဆုတ်ခွာ၍ မဖြစ်နိုင်ကြောင်း ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလ က ဆိုပါသည်။  

ချင်းတိုင်းရင်းသားစာပေ ပြန်လည်သင်ကြားခွင့် ရတော့မည်

(ဧရာဝတီ)

လာမည့် ပညာသင်နှစ်မှ စတင်ကာ ချင်းပြည်နယ် အတွင်းရှိ အစိုးရကျောင်းများတွင် ချင်းတိုင်းရင်းသား စာပေကို ပြည်နယ်အစိုးရ အထောက်အပံ့ဖြင့် တရားဝင် သင်ကြားနိုင်ရန် ကြိုတင်ပြင်ဆင် နေပြီဖြစ်ကြောင်း ချိုးချင်း စာပေ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ထံမှ သတင်းရရှိသည်။

ချင်းပြည်နယ် ၉ မြို့နယ်ရှိ နယ်မြေဒေသအလိုက် ချင်းစကား အမျိုးအစား ကွဲပြားချက် အပေါ် မူတည်ကာ ချိုးစာပေ၊ ဟားခါးစာပေ၊ ဖလမ်း စာပေ၊ တီးတိန်စာပေနှင့် ခူမီစာပေဟူ၍ ၅ မျိုးခွဲ၍ သင်ကြားသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်ခရိုင်မှ ချိုးချင်း စာပေ ကော်မတီဥက္ကဋ္ဌ သိက္ခာတော်ရ ဘုန်းတော်ကြီး ထန်းငိုင်းအွမ်က ပြောသည်။

ရှမ်းပြည်နယ် တန့်ယန်း ဒုက္ခသည်စခန်း ရိက္ခာ အခက်ကြုံ

(RFA)

ထိုင်း-မြန်မာနယ်စပ်အနီး SSA နှင့် UWSA တပ်များ စခန်းချလှုပ်ရှားရာ နေရာတ၀ိုက်တွင် စောင့်ကြပ်နေသော SSA တပ်သားတစ်ဦးကို တွေ့ရပုံ။  RFA 
 
ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသမှာ အစိုးရတပ်နဲ့ SSA မြောက်ပိုင်းတပ်ဖွဲ့တွေအကြား စစ်ရေး တင်းမာနေ တဲ့ အတွက် တန့်ယန်းမြို့ အောင်မင်္ဂလာကျောင်းတိုက်မှာ ဖွင့်ထားတဲ့ ယာယီဒုက္ခသည်စခန်းကို ဒုက္ခသည် တွေ နေ့စဉ်ရက်ဆက် ခိုလှုံလာတာကြောင့် စားနပ်ရိက္ခာ အခက်အခဲ နဲ့ စတင်တွေ့ကြုံနေရပြီလို့ သိရပါတယ်။

Sunday, April 21, 2013

အစိုးရနဲ့ SSA တိုက်ပွဲ ဒေသခံတွေဒုက္ခရောက်

(VOA)

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့အနီးမှာ တရားဝင်အပစ်အခတ်ရပ်စဲထားတဲ့ ရှမ်းပြည်မြောက်ပိုင်းတပ်နဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်ဦးရေဟာ အခုဆိုရင် နှစ်ထောင်နီးပါးရှိသွားပြီလို့ ဒုက္ခသည်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။ ရာချီတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် သောက်သုံးရေပြတ်လပ်ပြီး စားနပ်ရိက္ခာတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ရှမ်းလူထုအခြေပြု လူမှုအဖွဲ့အစည်းတွေက ဆိုပါတယ်။ အသေးစိတ်ကို မဆုမွန်က တင်ပြထားပါတယ်။

အပစ်ရပ်ဖို့ နှစ်ဘက်သဘောတူထားတဲ့ကြားကပဲ SSA ရှမ်းပြည်မြောက်ပိုင်းတပ်မတော်နဲ့ မြန်မာစစ်တပ်ကြား အခုဆိုရင် ရင်ဆိုင်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး တိုက်ပွဲတွေက ပြင်းထန်လာနေတဲ့အတွက် ရာနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ထိုင်းနယ်စပ်၊ တရုတ်နယ်စပ်နဲ့ မြို့ပေါ်တွေကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရှမ်းလူထုအခြေပြုအဖွဲ့ ပြောခွင့်ရ စိုင်းခေးစိုင်က ပြောပါတယ်။

Saturday, April 20, 2013

တအာင်း (ပလောင်) ဘုံစာပေ တခုတည်းဖြစ်ရေး ဆွေးနွေး

(ရွှေဟင်္သာသတင်းဌာန)

တအာင်း (ပလောင်) ဘုံစာပေနှင့် ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေါ်လာရေး ညီလာခံ အပါအ၀င် ရွှေဖီလက်ဖက် ရာသီပွဲတော်ကို ရှမ်းပြည်မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် ကျင်းပ ပြီးစီးခဲ့ကြောင်း ညီလာခံ ဖြစ်မြောက်ရေး ဥက္ကဌ တာဝင်ကျော်က ပြောသည်။

တအာင်းဘုံစာပေနှင့် ဘာသာစကား၊ ယဉ်ကျေးမှုများ သတ်မှတ်ရန် မြန်မာနိုင်ငံ
...လုံးဆိုင်ရာ (၁၀) ကြိမ်မြောက် တအာင်းစာပေ ယဉ်ကျေးမှု ညီလာခံအား လွန်ခဲ့သည့် မတ်လ (၂၃) ရက်နေ့မှ (၂၆) ရက်နေ့အထိ ကျင်းပခဲ့ ရာ လူတစ်သောင်းကျော် တက်ရောက်ကြောင်း တာဝင်ကျော်က ပြောဆိုသည်။

လားဟူပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား အစိုးရတပ်လှုပ်ရှားစစ်ကြောင်းကရိုက်နှက်


သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် အခြေစိုက်စစ်ဗျူဟာမှူးက သျှမ်းပြည်တပ်မတော် တပ်စခန်း အား မရရအောင်တိုက်ယူရန် တပ်ရင်းမှူးအားအမိန့်ပေးညွှန်ကြားလိုက်ပြီး နောက်ပိုင်း လားဟူပြည်သူ့စစ်တပ်ဖွဲ့ဝင်များပါမကျန် ဒေသတွင်းလူထုအား ဖမ်းဆီးရိုက်နှက်ခြင်း၊ တခြားသို့ပြာင်းရွှေ့ ခိုင်း ခြင်း အစရှိခြိမ်းခြောက်မှုများပြုလုပ်နေကြောင်း ဒေသခံများ ကပြောသည်။

တိုက်ပွဲများနှင့် စစ်ရေးအခြေအနေ တင်းမာနေသော ဒေသပြမြေပုံ

ရေပက်ခံထွက်လူငယ်များအား လုံခြုံရေးအတွက် မြန်မာစစ်ကြောင်းအသုံးပြု



သင်္ကြန်ရက်အတွင်း ရေကစား၍  ရွာသို့ပြန်လာသော တန့်ယန်းမြို့နယ်မှ လူငယ်များအား မြန်မာ စစ်တပ်က ဖမ်းဆီးကာ ၎င်းတို့စစ်ကြောင်းနှင့်အတူ  ခေါ်ဆောင်သွားသည်ဟု အဖမ်းခံရသူများကပြန်လည်ပြောပြသည်။

စစ်ကြောင်းကြားညှပ်ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော သျှမ်းပြည်အလယ်ပိုင်းမှ ဒေသခံများပုံ

ပိုက်လိုင်းဖောက်မှုကို နမ့်ခမ်းလယ်သမားတွေ ငြင်းဆို

(RFA)

ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ ဖောက်လုပ်နေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ ပတ်သက်ပြီး ခုရက်ပိုင်းတွေအတွင်း အာဏာပိုင်တွေက ဒေသခံတွေအနေနဲ့ စီမံကိန်းအပေါ် သဘောတူကျေနပ်ကြောင်း လက်မှတ်ရေးထိုးခိုင်းတာကို ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်က လယ်သမားတွေက ငြင်းဆန်လိုက်တယ်လို့ သိရပါတယ်။
 
ဒေသခံအာဏာပိုင်တွေနဲ့ တရုတ်ကုမ္ပဏီတွေပူးပေါင်းပြီး လယ်သမားတွေကို အခုလိုသဘောတူညီချက် လက်မှတ်ရေးထိုးခိုင်းခဲ့တာဖြစ်ကြောင်း ရှမ်းလယ်သမားကော်မတီက ဦးစိုင်းစံအေးက RFA ကို ပြောပါတယ်။ ဒေသခံတောင်သူတွေအနေနဲ့ သူတို့ရဲ့တောင်းဆိုချက်တွေကို အာဏာပိုင်တွေဖက်က တစုံတရာ ညှိနှိုင်းဆောင်ရွက်ပေးတာ မရှိသေးတဲ့အတွက် ခုလိုငြင်းဆန်ကြတာဖြစ်တယ်လို့ဆိုပါတယ်။

တိုက်ပွဲကာလ ရွာသူလေးများ မုဒိန်းကျင့်ခံရ-တိုက်ပွဲလုံးဝရပ်တန့်ရေး သျှမ်းအမျိုးသမီးတောင်းဆို



တိုက်ပွဲဖြစ်ပွားသည့်ကာလအတွင်း ရွာသူနှင့်ကလေးငယ်များ မြန်မာစစ်တပ်၏ မုဒိန်းကျင့်ခံရမှုများ ရှိနေသဖြင့် ဖြစ်ပွါးနေဆဲ တိုက်ပွဲ လုံးဝ ရပ်တန့်ရေးအတွက် မြန်မာစစ်တပ်မှတိုးဖြည့်ချလာသော အင်အားများအားလုံး ပြန်လည်ရုပ်သိမ်းပေးရန် သျှမ်းအမျိုးသမီး ပူးပေါင်းဆောင်ရွက်ရေးအသင်းက တောင်းဆိုလိုက်ပါသည်။  

“ အရင်လတုန်းက တအာင်းအမျိုးသမီး ၃ ယောက်ကို သူတို့စစ်ကြောင်းနဲ့ ခေါ်သွားတဲ့ဆိုတဲ့ကိစ္စကိုလဲ ကျမတို့ဖုန်းဆက်မေး ကြည့် ပါသေးတယ်။ မြန်မာတပ်စခန်းမှာ ၃ ရက် အလုပ်သွားလုပ်ပေးရတယ်လို့ဘဲပြန်ဖြေတယ်။  အခြေအနေကြောင့် ပွင့်ပွင့်လင်းလင်းမဖြေရဲတာလားဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။ ဒီအခု မတ်လ ၂၁ ရက်နဲ့ ဧပြီလ ၁၄ ရက် အမျိုးသမီး လေးတွေ မုဒိန်းကျင့်ခံရတယ်ဆိုတဲ့သတင်း တန့်ယန်းမြို့က ပေးပို့လာတာ ကျမတို့တွေ့ရ ကြားရပါတယ်” ဟု သျှမ်းအမျိုး သမီးပူးပေါင်းဆောင်ရွက်ရေးအသင်း (SWAN ) မှ ယိင်းဟန်ဖှ က ပြောပါသည်။

Friday, April 19, 2013

ချစ်ကြည်ရေး ခရီးစဉ် အတွက် တိုင်းရင်းသားများကို တရုတ်ဖိတ်ကြား

(ရွှေဟင်္သာသတင်းဌာန)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီသည် တရုတ်ပြည်ကို လာရောက်လည်ပတ်ရန်  ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော တိုင်းရင်းသားပါတီ တချို့ကို ဖိတ်ကြားခဲ့သည်ဟု ဖိတ်ကြား ခံထားရသည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ မှ အထွေအထွေ အတွင်းရေးမှုး စိုင်းလှကျော်က ပြောပါသည်။

“မနက်ဖြန် သွားရမဲ့ တရုတ်နိုင်ငံ ခရီးစဉ်ဟာ တရုတ်ဘက်က ဘာပြောမှာလဲတော့ မသိသေးဘူး။ ကျနော်တို့ အစိုးရ ကိုယ် စားလှယ် အဖွဲ့ ဘက်ကတော့ ဒီဓါတ်ငွေ့ ပိုက်လိုင်းကြောင့် ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို တရုတ်အစိုးရက တာဝန်ယူ ဖြေရှင်း ပေးဖို့ သွားရောက် တင်ပြတဲ့ အစီစဉ်ရှိပါတယ်။” ဟုဆိုပါသည်။

အစိုးရတပ်ပစ်ခတ်မှုကြောင့် တန့်ယန်း၌ အိမ် ၂ လုံးပြာကျ လူ ၂ ဦးဒဏ်ရာရ



သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်စေးအုပ်စု အတွင်းရှိ ကျေးရွာနှစ်ရွာပေါ်အား မြန်မာစစ် တပ်မှ လက်နက်ကြီး ဖြင့် ပစ်ခတ်သဖြင့် ရွာသား ၂ ဦးဒဏ်ရာရကာ အိမ် ၂ လုံးပြာကျခဲ့ကြောင်း တန့်ယန်းဒေသခံများ က ပြော သည်။

“ လွယ်စေး(တရုတ်)ရွာထဲကို လွယ်ဖှာ့ဖာစခန်းကနေ မြန်မာ့စစ်တပ်က လက်နက်ကြီးနဲ့ပစ်ချတယ်။ လွယ်စေး(တရုတ်)ရွာက ရွာသားတွေက မြို့ဘက် သိပ်မပြောင်းကြဘူး။ ဆိုတော့ အသက် ၁၇ နှစ်အရွယ် ကောင်လေးတယောက်နဲ့ အသက် ၁ နှစ်အရွယ် ကလေးလေးတယောက် ကျည်စ ထိ ဒဏ်ရာရတယ်။ အခု ၂ ယောက်စလုံး တန့်ယန်းဆေးရုံမှာ ဆေးကုသမှုခံယူ နေ တယ်” တန့်ယန်းမြို့နေ စစ်ပြေးဒုက္ခသည် များအား ကူညီမှုပေးနေသော စိုင်းနောင့်က ပြောသည်။

သမိုင်းဝင် ပင်လုံ၌ နေ့ခင်းကြောင်တောင် ဗုံးပေါက်ကွဲ



ယနေ့မွန်းတည့်ချိန် သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ် ရွှေတိဂုံပုံတူစေတီတော်ဝင်းအတွင်း ဗုံးတလုံး ပေါက်ကွဲခဲ့ကြောင်း ပင်လုံမြို့ခံများကပြောသည်။

 
ပင်လုံမြို့ရွှေတိဂုံပုံတူစေတီတော်

မိုင်းနင်းမိသည့်မြန်မာ့စစ်ကြောင်းမကျေနပ်၍ ရွာသူကြီးအားဖမ်းဆီးခေါ်ဆောင်သွား



သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ၌ မိုင်းနင်းမိသည့် မြန်မာ့တပ်မတော်၏ စစ်ကြောင်း သေကြေ ဒဏ်ရာရပြီးနောက်ပိုင်း ကျေးရွာ်အတွင်းဝင်၍ ရွာသားများအား စစ်ဆေးကာရွာသူကြီးကိုပါ ဖမ်းဆီး သွားရာမှ သူကြီးပျောက်ဆုံးနေကြောင်း ရွာသားများပြောပြချက်အရသိရသည်။


“မတ်ခ်ျလတုန်းက သူတို့စစ်ကြောင်းလှည့်ရင်းမိုင်းနင်းမိတဲ့မြန်မာ့တပ်မတော်ရဲ့စစ်ကြောင်း ခမရ ၅၀၁ က ၁၀ ရက်နေ့တုန်းက နမ့်ပိုင်ကျေးရွာအုပ်စုဝင် နားကွန်ရွာထဲဝင်ပြီး သူကြီး ကိုဖမ်းသွားတယ်။ သူပုန် သတင်း သူတို့ကိုမပို့လို့ ဆိုပြီးဖမ်းသွားတာလေ။ ခုထိသူကြီးပျောက်နေတယ်” ဟုဒေသခံစိုင်းနုကပြော သည်။

တအာင်း ဒုက္ခ သည်များ နေရပ်ရင်း ပြန်ပို့ရေး ကိစ္စ တိုက်ပွဲကြောင့် ဆိုင်းငံ့

(ရွှေဟင်္သာသတင်းဌာန)

အစိုးရနှင့် သဘောတူ ထားသော တအာင်း (ပလောင်) ဒုက္ခ သည်များ နေရပ်ရင်း ပြန်ပို့ရေး ကိစ္စတွင် ၄င်းဒေသအား အစိုးရ ဖက်က ဆက်လက် စစ်ဆင် နေသေးသည့် အတွက် ဆိုင်းငံ့ ထားရ သည်ဟု တအာင်း အမျိုးသမီး အစည်းအရုံး တွဲဖက် အတွင်း ရေးမှူး လွေးပိုးငင် က ဆိုပါသည်။
“ သဘောတူ ထားတာ က ဧပြီလ (၁၁) ရက်နေ့မှာ အစမ်း ပို့ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်း မြို့နယ် လွယ်စေး တောင်တန်း ဒေသ မှာတော့ ကနေ့ အထိ အစိုးရနဲ့ SSPP/SSA တွေဟာ တိုက်ပွဲ ဖြစ်နေတုန်း ဆိုတော့ အစမ်း ပို့မယ်လို့ ပြောထား ပေမဲ့လည်း ရွာသား တွေက ဒီနေ့အထိ မပြန်ရဲ ကြဘူးလေ။ အတင်း အဓမ္မ ပြန်ခိုင်း လို့လည်း မဖြစ် ဘူးလေး။ တစ်ချို့ ကတော့ ပြန်ကြတာ ရှိပါတယ်။ သူတို့က ရွာကို ပြန်ကြတာ မဟုတ်ဘူး။ လုံခြုံမယ် ထင်တဲ့ တော၊ ခြံ၊ လယ် တွေမှာ တဲထိုးပြီး နေကြတယ်” ဟု ဆိုပါသည်။

မှန်းချက်နှင့် နှမ်းထွက် မကိုက်သော KNPP နှင့် အစိုးရ ဆွေးနွေးပွဲ

(ရွှေဟင်္သာသတင်းဌာန)

ပြီးခဲ့သည့် ရက်ပိုင်းက ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ဆက်ဆံ ရေးရုံး ကိုယ်စားလှယ်အား အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် များမှ အလွတ် သဘော တွေ့ဆုံ ဆွေးနွေး ခဲ့မှုသည် KNPP တောင်းဆို နေသော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မဟုတ်ကြောင်း KNPP အရာရှိ တဦးက ဆိုပါသည်။
“သူတို့ ဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်း ကော်မတီဝင် အဖွဲ့ တွေလို့ ပြောတယ်။ သူတို့က ကယားပြည်နယ် ကို လာလည် ရင်းနဲ့ ကျနော်တို့နဲ့ တွေ့ချင်တယ် ဆိုပြီး ဖိတ်ခေါ် လာတယ်။ အဲဒီ လွိုင်ကော် မှာ ရှိတဲ့ ကျနော်တို့ ဆက်ဆံရေး တာဝန်ခံ တွေနဲ့ သွားတွေ့ လိုက်တယ်” ဟု ဆိုပါသည်။

Thursday, April 18, 2013

PNLO ဥက္ကဋ္ဌ အနားယူ၍ လူငယ်များဖြင့် အစားထိုးလို

(Mizzima)

ချင်းမိုင်(မဇ္စျိမ)။     ။ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ဥက္ကဋ္ဌ ဦးခွန်ဥက္ကာသည် လက်ရှိ တာဝန်မှ အနားယူရန် ဆန္ဒရှိသည်ဟု နှစ်သစ်ကူး သဝဏ်လွှာတွင် ဖော်ပြထားသည်။

PNLO ၏ ဖွဲ့စည်းပုံအရ သုံးနှစ်တကြိမ် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်သည့် သက်တမ်း ပြည့်ခြင်းနှင့် ဒီမိုကရေစီ နည်းအရ ရွေးချယ်ပြီး လူငယ်လူရွယ်များ ပါဝင်လာနိုင်ရန် ရည်ရွယ်၍ ဥက္ကဋ္ဌ တာဝန်မှ အနားယူရန် စဉ်းစားခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

SSA မြောက်ပိုင်းနဲ့ မြန်မာစစ်တပ် သင်္ကြန်တွင်း တိုက်ပွဲဖြစ်

(VOA)

မြန်မာနိုင်ငံတ၀ှမ်း နှစ်သစ်ကူး ရေသဘင်ပွဲကို ခြိမ့်ခြိမ့်သဲသဲ ဆင်နွှဲခဲ့ကြတဲ့ သင်္ကြန်ကာလမှာ ရှမ်းပြည်နယ် မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းမှာ  အပစ်အခတ် ရပ်စဲထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်း တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေအကြား အနည်းဆုံး တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အခြေအနေက ဆက်လက် တင်းမာနေဆဲ ရှိနေပါတယ်။ လောလောဆယ် တန့်ယန်းမြို့ပေါ်မှာ ရောက်ရှိနေတဲ့ ရာနဲ့ချီတဲ့ စစ်ပြေး ဒုက္ခသည်တွေဟာ လည်း နေရပ်ကို မပြန်နိုင်ဘဲ ရှိနေကြပါတယ်။ ရှမ်းပြည်နယ်အတွင်းက နောက်ဆုံး အခြေအနေတွေကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နှစ်ဘက်တပ်တွေအကြား ကြိုးကြား ကြိုးကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းနိုင်ဖို့ လားရှိုးမြို့မှာ တွေ့ဆုံဆွေးနွေးပြီး ၁၀ ရက်ကျော်ကာလမှာ အခုလို တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွားခဲ့တာပါ။

Tuesday, April 16, 2013

အစိုးရ တပ်များ ပလောင် ဒေသခံ များအား နှိပ်စက်

(ရွှေဟင်္သာသတင်းဌာန)

အစိုးရ တပ်များသည် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင် ခရိုင် လွယ်စရမ်း ကျေးရွာသား (၅) ဦးကို တအာင်းလွတ် မြောက်ရေး တပ်မတော်၏ သတင်းပေးဟု စွပ်စွဲပြီး ဖမ်းဆီး နှိပ်စက် ခဲ့သည်ဟု မျက်မြင် လွယ်စရမ်း ရွာသား တဦးက ဆိုပါသည်။

 “ မနေ့ည (၁၀)နာရီ လောက်ပေါ့ဗျာ အဲဒီ လူ (၅) ဦးကို ကြိုးတုတ် ဖမ်းပြီး စစ်ဆေး နေတယ်။ စစ်ဆေးတဲ့ နေရာမှာ တနေကုန် ရိုက်နှက် ကြတယ်။ အခု ချိန်ထိ မလွှတ် သေးဘူး။ တကယ်တော့ ဒီနယ် တွေဟာ အမဲရောင် နယ်မြေလို့ အစိုးရ တပ်တွေက သတ်မှတ် ထားတယ်လေ။ ဟုတ်ဟုတ် မဟုတ်ဟုတ် ဖမ်းမယ်။ နှိပ်စက်မယ် သတ်ဖြတ်မယ် ထောင်ချမယ် လုပ်နေ ခဲ့တာ ကျနော်တို့ တသက် ပါဘဲ။ စီးပွားရေး အရ ကြည့်ပြန် ရင်လည်း ပလောင်ဆိုတာ လက်ဖက် စိုက်ပျိုးရေးကို အခြေခံတဲ့ လူတွေလေ။ ဒီလို လက်ဖက်ချိန် ရောက်ရင် စစ်ဆင် ကြတယ်။ လူထုကို မသွားဖို့ ကန့်သတ်တယ်။ အမျိုးမျိုး ပါဘဲ" ဟု ဆိုပါသည်။  

Friday, April 12, 2013

စစ်ရေးငြိမ်သက်မှုမရှိသေးသဖြင့် ဒုက္ခသည်များနေရပ်ပြန်ရေး စခန်းကော်မတီကန့်ကွက်



သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် အောင်မင်္ဂလာ ကျောင်း တိုက် ရောက် ဒုက္ခသည်များအားလုံး နေရပ်ပြန်ပို့မည့် အစီ အစဉ် မဖြစ်နိုင်သေးကြောင်း၊ ဒုက္ခသည်များအတွက် အာမခံချက်မရှိပဲ ပြန်ပို့မည့်အစီအစဉ်အား ကန့်ကွက်ကြောင်း ကူညီဆောင်ရွက် ပေးနေသည့် တန့်ယန်းလူငယ်များအဖွဲ့ကပြောပါသည်။

“စစ်မြေပြင်နဲ့ဝေးတဲ့ ဖာဖန် (ပန်မောင်ခယ် ၊ ကောင်းဆိုင်း၊ ဟွေ့ပူရွာ) က ရွာသား ၃၀ ကျော်ကျော်လေးဘဲပြန်သွားပြီ။ ကျန် တာ တော့ နောက်တပတ်လောက် အခြေအနေ စောင့်ကြည့်ဦးမယ်။ ဘာလို့လဲဆိုတော့ ဒေသခံတွေရွာပြန်သွားရင် လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ထပ်ရှိလာဦးမှာမလွဲဘူး။ ဒါကြောင့် ကျနော်တို့လူငယ်အဖွဲ့က သူတို့ကိုရွာပြန်ပို့မယ့်အရေး ကန့် ကွက် ကြတယ်။ တဖက်ကလဲ ရွာကိုနေ့တိုင်းပြန်ပြန်သွား ကြည့်တဲ့လူငယ်တွေက ပြန်လာပြောပြချက်အရ

တအာင်း(ပလောင်) လူမှုရေးအဖွဲ့ တန့်ယန်းဒုက္ခသည်များအား သွားရောက်ကူညီ



အစိုးရ တပ် နှင့် သျှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲကြောင့် သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ အောင်မင်္ဂလာ ကျောင်းတိုက်၌ရောက်ရှိနေသော စစ်ဘေးရှောင် ဒုက္ခသည်များအတွက် တအာင်း(ပလောင်) လူမှုရေးအဖွဲ့များက ထောက်ပံ့ မှု သွားရောက်ပေးကမ်းခဲ့ကြောင်း ကြားသိရသည်။

“ကျမတို့ တအာင်းအမျိုးသမီးအဖွဲ့အနေနဲ့ ခေါင်းအုန်း အလုံး ၁၀၀ ၊ အိပ်ယာခင်းအထည် ၁၀၀ ၊ ဆန်အိပ် ၂၀၀ ၊ ဆီပုံးတပုံး၊ ပိုက်ဆံ တသိန်းသွားရောက်ကူညီခဲ့တယ်။ စခန်းထဲမှာ အများအားဖြင့် တအာင်းလူမျိုးတွေများတယ်။ တခြားနေရာမှာကော ခိုလှုံ နေတာရှိတယ်။ ကျမတို့မရောက်ဖြစ်ခဲ့ဘူး။ အောင်မင်္ဂလာကျောင်းတိုက်မှာ ခိုလှုံနေတဲ့သူတွေအတွက်ဘဲ သွားရောက်ကူညီ နိုင်ခဲ့တယ်” - ဟု တအာင်းအမျိုးသမီးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ၁ လွေးပိုးဖိန်းက သျှမ်းသံတော်ဆင့်သို့ပြောသည်။

ပလောင်ဒေသက တိုက်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းဖို့ တအောင်း အမျိုးသမီးအဖွဲ့တောင်းဆို

(RFA)

ပလောင်ဒေသမှာ အစိုးရတပ်နဲ့ SSA မြောက်ပိုင်းတပ်တွေရဲ့စစ်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းရေးအတွက် တအောင်း အမျိုးသမီးအဖွဲ့က မနေ့က ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစပြီး လားရှိုးမြို့နယ်အတွင်းဖြစ်ပွားတဲ့ စစ်ပွဲတွေကြောင့် ဒေသခံရွာသူ၊ ရွာသားအများအပြား ထွက်ပြေးခဲ့ကြရပါတယ်။

Thursday, April 11, 2013

(၄) ကြိမ်မြောက် ရက္ခိုင့် တပ်မတော်နေ့

(ရွှေဟင်္သာသတင်းဌာန)

(၄) ကြိမ်မြောက် ရက္ခိုင့် တပ်မတော် နေ့ကို ယမာန်နေ့ နံနက် ၆ နာရီ အချိန်တွင် ကချင်ပြည်နယ် KIO ထိန်းချုပ် နယ်မြေ လိုင်ဇာမြို့ အနီးရှိ ရက္ခိုင့် စစ်ဋ္ဌာနချုပ် စခန်း အတွင်း၌ ပြုလုပ် သွားကြောင်း အဖွဲ့၏ ပြန်ကြားရေး အဖွဲ့ဝင် တစ်ဦးက ဆိုပါသည်။
 “ကျနော်တို့က ရခိုင်မြေနဲ့ အလှမ်းဝေး နေပေမဲ့ ဘ၀တူ တိုင်းရင်းသား တွေနဲ့ လက်တွဲပြီး အမျိုးသား အကျိုး စီးပွားကို ပူးပေါင်း ဆောင်ရွက် သွားမှာပါ။ ရခိုင် လူမျိုး တွေရဲ့ ဘ၀ ဟာလည်း ရန်သူ နှစ်ဖက် ညှပ်ပြီး အတိုက်ခံ နေရ သလို ခံစား နေခဲ့ ရပါတယ်၊ ဒါကို ကျရာ အခြေအနေ ကနေ တိုက်ပွဲ ၀င်သွား မှာပါ” ဟု ဆိုပါသည်။

ရှမ်းမြောက်ပိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး SSA ဦးဆောင်လုပ်ကိုင်နေ

(ဧရာဝတီ)

ရှမ်းပြည်နယ်မြောက်ပိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများနှင့် စာရိတ္တပြုပြင်ရေးစခန်းများ ဆေးဖြတ်ရန် ဆေးရုံများ ဆောက်လုပ်ခြင်း လုပ်ငန်းများကို ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (RCSS/ SSA) တပ်ရင်း ၇၀၁ က ဦးစီး၍ ဆောင်ရွက် နေကြောင်း သိရသည်။

မူးယစ်ဆေးတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပြည်သူများ ပါဝင်ရန် အရေးကြီးကြောင်း၊ ယခုအခါ ရှမ်းပြည်မြောက်ပိုင်းရှိ RCSS/SSA တပ်ရင်း ၇၀၁ ထိန်းချုပ်နယ်မြေတွင် မူးယစ်ဆေးစွဲသည့် လူငယ်များ၏ စာရိတ္တ ပြုပြင်ရေး စခန်းနှင့် ဆေးစွဲသူများ ဆေးဖြတ်ရန် အတွက် ဆေးရုံကို တည်ဆောက် နေကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုကိုလည်း ရှေ့ဆက် တိုက်ဖျက် သွားမည် ဖြစ်ကြောင်း အဆိုပါ တပ်ရင်းမှ ဦးစ၀်ကမ့်ခေးက ဧရာဝတီသို့ ပြောသည်။

ရေချိုးဆင်းသည့်မိန်းမပျိုအား BGF ခေါင်းဆောင်၏သား ကိုယ်ထိလက်ရောက်စော်ကား



သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် အမှတ် ၁၀၀၇ နယ်ခြားစောင့်တပ် ခေါင်းဆောင်၏မွေးစားသားက ရေဆိပ်ဆင်းသည့် ဒေသခံအမျိုးသမီးငယ်အား ကိုယ်ထိလက်ရောက် စော်ကားခဲ့ကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

“အရင်က လားဟူပြည်သူ့စစ်တပ်ဖွဲ့ပေါ့။ အခုတော့ အမှတ် ၁၀၀၇ နယ်ခြားစောင့်တပ် ခေါင်းဆောင် ဂျပီးကွယ်။ သူ့ရဲ့ မွေးစား သားပေါ့။ ထိုင်းကပြန်လာတာမကြာသေးဘူး။ ဗမာစကားလဲကောင်းကောင်းမပြော တတ်၊ သျှမ်းစကားကောဘဲ။ ထိုင်းစကား တော့မွှတ်နေတာဘဲ။ နမ့်ဟူးရေဆိပ်မှာ ရေဆင်းချိုးတဲ့ ရပ်ကွက် ၄ က အသက် ၁၉ နှစ်အရွယ် ကောင်မလေးကို လိုက်ဆွဲတယ်။ ဖက်တယ်။ ဘော်ဒီဂတ် ၂ ယောက်လဲ ပါလာတယ်လေ။ ကောင်မလေးက အော်တော့ နောက်တဆိပ်မှာ ရေချိုးနေတဲ့ အမျိုးသားတွေက ရောက်လာတော့မှ ထွက်ပြေးကုန်တာ။ သူ့နောက်လိုက်တယောက်ဘဲဖမ်းမိတယ်” - ဟု ပုံပါကျင်မြို့ခံ တဦးက သျှမ်းသံတော် ဆင့်အားပြောပြသည်။

တိုင်းရင်းသား အသံ မြှင့်တင်ရန် တိုင်းရင်းသား မီဒီယာများ ညီလာခံ

(Mizzima)

ပထမဆုံးအကြိမ် တိုင်းရင်းသား မီဒီယာ ညီလာခံ တခုကို နိုင်ငံတကာ မြန်မာ့ သတင်းအဖွဲ့ (BNI) က ဦးဆောင်ပြီး ပြည်တွင်းတွင် ကျင်းပမည် ဖြစ်ကြောင်း ဖြစ်မြောက်ရေး ကော်မတီက
ပြောသည်။

ဧပြီလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့ထိ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စထရင်းဟိုတယ်တွင် ကျင်းပမည်ဟု ညီလာခံ ပြန်ကြားရေး တာဝန်ခံ နိုင်ဗညားအောင် က ပြောသည်။

SSA နှင့် အစိုးရတပ်မတော် တိုက်ပွဲကြောင့် ပြေးရှောင်ရသည့် ဒုက္ခသည်များ နေရပ်ပြန်မည်

(ဧရာဝတီ)

မတ်လ ၂၈ ရက်နေ့က တန့်ယန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရှမ်းပြည်တပ်မတော် (SSA) နှင့် မြန်မာ့ တပ်မတော်တို့၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာသော ဒုက္ခသည်များသည် မနက်ဖြန် ဧပြီလ ၁၁ ရက်နေ့တွင် သက်ဆိုင်ရာ ကျေးရွာ များသို့ ပြန်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ကျနော်တို့ကတော့ တအား ပြန်ချင်တာပေါ့ဗျာ။ ဒီလမှာ တောင်ယာ လုပ်ငန်းတွေ မစနိုင်ရင် တနှစ်လုံးအတွက် နောက်ကျ သွားမှာ။ ၁ နှစ်စာ နစ်နာတာပေါ့။ တိုက်ပွဲ မရှိတော့ဘူး ကြားတာနဲ့ ပြန်ဖို့ ပြင်နေကြတာ” ဟု တန့်ယန်းမြို့ပေါ်သို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေသည့် ကောင်းကော် ကျေးရွာသား တဦးက ဧရာဝတီကို ပြောသည်။

Wednesday, April 10, 2013

ရေစ တဖက် မီးမှုတ် တဖက် ငြိမ်းချမ်းရေး မူဝါဒဟု ပလောင် စွပ်စွဲ

(ရွှေဟင်္သာသတင်းဌာန)

ယမာန်နေ့ နံနက် (၇) နာရီ ခွဲတွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကျောက်မဲ အခြေစိုက် ခလရ (၅၀၂) တပ်ရင်းတို့ မန်တုံမြို့နယ် ခိုမုန်း ကျေးရွာ အနီးတွင် မိနစ် ၃၀ ခန့် အပြန်အလှန် ပတ်ခတ် တိုက်ခိုက် ခဲ့ကြ သည်ဟု TNLA အရာရှိ တဦးမှ ဆိုပါသည်။

'' ဟိုးအရင် PSLA လက်ထက် ကတည်းက ကျနော်တို့ ပလောင် တွေရဲ့ အရေကြီးချိန် ဖြစ်တဲ့ ဧပြီလ လက်ဖက် ရာသီ ရောက်ပြီ ဆိုရင် အစိုးရ တပ်က အမြဲတမ်း လိုလို စစ်ရေး ဖိအား ပေးနေ ခဲ့တယ် အခုလည်း ဒီအတိုင်းပဲ ကျနော် တို့ပြည် သူတွေ လက်ဖက် ကောင်းကောင်း မခူး နိုင်မှာ စိုးလို့ ကျနော်တို့ ဘက်က တတ်နိုင် သမျှ ရှောင်နေ ခဲ့တာသူတို့က အတင်းကို လိုက်ပြီးတော့ တိုက်ခိုက် နေတယ် ကျနော် တို့ရဲ့ လမ်းကြောင်း တွေကို လိုက်ပိတ် နေတယ်။ ဒီတော့ မတိုက်ဘဲ နေလို့ မရတော့တဲ့ အနေအထား ဖြစ်လာတယ်'' ဟု ဆိုပါသည်။

ရှမ်းမြောက် ဘိန်း စိုက်ပျိုးရောင်းဝယ်ခြင်း များပြားလားမှု အစိုးရကို PWO ပြစ်တင်

(Mizzima)

ရှမ်းပြည်နယ် မြောက်ပိုင်း ဘိန်းစိုက်ပျိုးမှုနှင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှု ပိုမိုများပြား လာပြီး မြန်မာအစိုးရအနေဖြင့် ၎င်းကို အရေးတယူ ဆောင်ရွက်ပေးခြင်း မရှိသည့်အပေါ် ပလောင် (တအာင်း) အမျိုးသမီး အစည်းအရုံး PWO က ရှုတ်ချလိုက်သည်။

မူဆယ်၊ နမ့်ခမ်း၊ မန်တုံနှင့် ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသူများအား သမ္မတ ဦးသိန်းစိန် အစိုးရက အရေးယူမှုများ မလုပ်သည့်အပြင် ကာကွယ်ပေးနေသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် PWO က ကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

Tuesday, April 9, 2013

မြေမြှုပ်မိုင်းကြောင့် KNU နယ်မြေတွေမှာ သေဆုံးသူတွေ ရှိနေ

(RFA)


မြန်မာနိုင်ငံ အရှေ့ခြမ်းဒေသ KNU တပ်မဟာ (၃၊ ၅၊ ၆၊ ၇) နယ်မြေတွေမှာ  မြေမြှုပ်မိုင်းတွေကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိနေသေးတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ဒီကနေ့ပြောပါတယ်။

တပ်မဟာ (၇) နယ်မြေ တနေးချားဒေသ၊ တပ်မဟာ(၅) ဖာပွန်ဒေသ၊ တပ်မဟာ(၆) ဝေါလေဒေသနဲ့ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ မုံးမြို့နယ်တို့တွေမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုအများဆုံးတွေ့ရပြီး လူနဲ့ တိရိစ္ဆာန်တွေ ထိခိုက်သေဆုံးနေရတယ်လို့ KHRG အဖွဲ့ ကွင်းဆင်းဒါရိုက်တာ စောအဲလ်ဘတ် (Saw Albert) က ပြောပါတယ်။

ရှမ်းဒုက္ခသည်တွေ နေရပ် မပြန်နိုင်သေး

(VOA)


မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် (ခေါ်) ရှမ်းပြည်တိုးတက်ရေးပါတီ တပ်ဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်လာတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ အခုချိန်ထိ နေရပ်ရင်းကို မပြန်နိုင်သေးဘူးလို့ ဒေသခံတွေ က ပြောပါတယ်။ စစ်ပြေးဒုက္ခသည်တွေဟာ တန့်ယန်းမြို့က ဘုန်းကြီးကျောင်းမှာပဲ ခိုလှုံနေကြရတဲ့အကြောင်း ဒေသ ခံတွေက ပြောပါတယ်။ 
 ရှမ်းပြည်တပ်မတော် အခြေချတဲ့တပ်စခန်းကို ရုပ်သိမ်းပေးဖို့ မြန်မာစစ်တပ်ရဲ့ တောင်းဆိုချက်ကို လက်မခံနိုင်တဲ့အတွက် အခုလို စစ်ရေးတင်းမာမှု ဖြစ်ပွား ခဲ့လို့ ဒေသခံကျေးရွာသားတွေ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေရတာပါ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန် က တင်ပြထားပါတယ်။

ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်း သံလွင်မြစ်ကြောင်းတလျှောက် နေရာတွေကို အစိုးရတပ်တွေက ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့် ကျေးရွာပေါင်း ၁၆ ရွာက ရွာသားတွေဟာ စစ်ဘေးလွတ်ရာ တန့်ယန်းမြို့ထဲကို စစ်ပြေးဒုက္ခသည်အဖြစ် တိမ်းရှောင်လာခဲ့တာပါ။ ဒီစစ်ပြေးဒုက္ခသည်တွေဟာ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘူးလို့ တန့်ယန်းမြို့ခံတဦးက အခုလို ပြောပါတယ်။

ပြည်သူ့ စစ်ပိုင် ဘိန်းချက် စခန်း ကို TNLA ၀င်ရောက် တိုက်ခိုက်

(ရွှေဟင်္သာသတင်းဌာန)


တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့ တို့သည် ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ် ပန်းဆေး ဒေသရှိ  ဘိန်းချက် စခန်း ၂ ခုကို ယမာန်နေ့ နံနက်ပိုင်း အချိန်တွင် သွားရောက် တိုက်ခိုက် ဖျက် ဆီးခဲ့သည်ဟု အဖွဲ့၏ ဗဟို ကော်မတီဝင် တစ်ဦးက ပြောပါသည်။
 “အဲဒီ စခန်းကို ပိုင်တာက ပန်းဆေး ပြည်သူ့ စစ်တွေရဲ့ ဘိန်းချက် စခန်း ပေါ့ဗျာ။ အဲဒါကို သွားပြီး တိုက်ခိုက် ဖျက်ဆီး လိုက် တာပါ။ ဘိန်းတချို့နဲ့ ဘိန်းချက် ပစ္စည်းတွေ ကားတွေ မီးရှို့ ဖျက်ဆီး နိုင်ခဲ့တယ်” ဟု ဆိုပါသည်။

Saturday, April 6, 2013

TNLA အား ပိုက်စိတ်တိုက် စစ်ဆင် တော့မည်

(ရွှေဟင်္သာသတင်းဌာန)


ရှမ်းမြောက်ပိုင်း မန်တုံ မြို့နယ်နှင့် ကွတ်ခိုင် မြို့နယ်ရှိ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်စ ခန်း အနီးတွင် အစိုးရ တပ်ဖွဲ့တို့ နေရာ စိပ်စိပ် လာရောက် တပ်စွဲ ထားနေကြောင်း အဖွဲ့၏ ပြောခွင့် ဗိုလ်မှူး တာဘုန်းကျော်က ပြောသည်။

“ဒီ ၂ ရက် အတွင်း စကခမှူး ကိုယ်တိုင် နမ့်ဖက်ကာ အရှေ့ ဘက်သို့ တက်လာတယ်။ အဲဒီ မန်တုံ၊ ကွတ်ခိုင် မြို့နယ်မှာ ကျနော် တို့ စခန်းနဲ့ နာရီဝက် တစ်နာရီခန့် အကွာမှာ ကင်းထောက် စခန်း ၈ ခုအထိ တိုးချဲ့ ပြီး လာဆောက် ထားတယ်။ ဒီလို ကင်းစခန်း ငယ်တွေနဲ့ လာရောက် ဆောက်နေတာကို ကြည့်ခြင်း အားဖြင့် ကျနော်တို့ တပ်စခန်း တွေကို အနီးကပ် ခြေမှုန်းဖို့ ဖြစ် တယ်ဆိုတာ ထင်ရှားတယ်” ဟု ဆိုပါသည်။

RCSS ၏ ဗဟို စခန်း နေရာကို ကြားခံ ဒေသ အဖြစ် ထားရန် အစိုးရ သဘောတူ

(ရွှေဟင်္သာသတင်းဌာန)


ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA သည် ဆုတ်ခွာ ပေးရန် အစိုးရက တောင်းဆို ထားသော ရှမ်းပြည် တောင်ပိုင် မိုင်းထား မြို့နယ် ခွဲရှိ လွယ်မွတ်နန်းလျဲန်း တပ်စခန်း နေရာ ကိစ္စကို ဧပြီလ ၂ ရက်နေ့တွင် နှစ်ဖက် သဘော တူညီ ချက်ဖြင့် ဆုတ်ခွာ ပေးလိုက်ပြီး ဖြစ်ကြောင်း အဖွဲ့၏ ပြောခွင့် ရ ဗိုလ်မှုး စိုင်းလောက်ဆိုင်က ပြောသည်။

“ဒီစခန်းကို ပြီးခဲ့တဲ့ မတ်လ (၂၀) ရက်နေ့က ဆုတ်ခွာ ပေးဖို့ သူ့တို့ လာပြောတဲ့ အချိန်မှာ ကျနော်တို့ ဘက်က ဆုတ်ခွာ မပေးခဲ့ဘူး။ ဒီတော့ သူတို့က ကျနော် တို့ရဲ့ တာချီလိတ် မြို့ပေါ်က ဆက်ဆံရေးရုံး တာဝန်ခံကို တြိဂံတိုင်း တိုင်းမှူးက ခေါ်တွေ့ပြီး ပြန်လည် ညှိနှိုင်း ခဲ့တယ်။ ဖုန်းနဲ့လဲ အကြိမ်ကြိမ် ဆွေးနွေး ကြတယ်။ အဲဒါနဲ့ နောက်ဆုံး ကျတော့ အဲဒီ လွယ်မွတ်နန်းလျဲန်း တောင်တန်း ပေါ်မှာ ဘယ်တပ်မှ မထားကြ စတမ်းနဲ့ ဆိုပြီး ညှိနှိုင်း သဘောတူ ခဲ့ကြလို့ အငြင်းပွား နေတဲ့ အဲဒီ ပြသနာဟာ ပြေလည် သွားတယ်” ဟု ဆိုပါသည်။

ငြိမ်းချမ်းရေး ပျက်ပြယ်နိုင်ကြောင်း SSA မြောက်ပိုင်း သတိပေး

(ဧရာဝတီ)


စစ်ပွဲများ အရှိန်မြင့်လာမည် ဆိုပါက ငြိမ်းချမ်းရေးများ ပျက်ပြယ်ကာ ကြီးမားသည့် တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည်ဟု ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း) SSPP/SSA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး ဦးစိုင်းလ က ဧရာဝတီသို့ ပြော သည်။

အပတ်အခတ် ရပ်စဲရေး လက်မှတ် ထိုးထားသော်လည်း နယ်မြေလုံခြုံရေးအရ ဆိုပြီး နောက်ဆုတ် ခိုင်းသည့် ကိစ္စနှင့် ပတ်သက်၍ စစ်ပွဲများ ဆက်တိုက် ဖြစ်နေရခြင်း ဖြစ်ကြောင်း ဦးစိုင်းလ က ပြောသည်။

Friday, April 5, 2013

အစိုးရငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီ နှင့် SSPP လားရှိုးမြို့၌ တွေ့ဆုံ


သျှမ်းသံတော်ဆင့်
 
  အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး ကိုယ်စားလှယ် မှ အစိုးရဝန်ကြီး တချို့နှင့် သျှမ်းပြည်တပ်မတော် ကိုယ်စားလှယ် တို့ ယမန်နေ့က လားရှိုးမြို့၌ တွေ့ဆုံဆွေးနွေး ကြသည်။

“လျှပ်စစ်မီးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက ပြော တယ်။ ‘အစက ဦးအောင်မင်း ကိုယ်တိုင် လာမလို့ပါဘဲ။ သူ မအားလို့ ကျနော်လာတယ်။ ကျနော်လဲ သမ္မတ ညွှန်ကြားချက်အရလာတယ်။ အဓိက က တော့ ဖြစ်နေတဲ့ တိုက်ပွဲ မကျယ်ပြန့်ဖို့ ခင်ဗျားတို့ဘက်ကလဲ ထိန်းထိန်းသိမ်းသိမ်း လုပ်သွားဖို့ မေတ္တာရပ်ခံ ချင်တယ်’ တဲ့ ” - ဟု လားရှိုးရောက် SSPP/SSA အရာရှိ တဦးကပြောပြသည်။

WGEC ၏ နိုင်ငံရေးဆွေးနွေးရေးအတွက် မူဘောင် ဆုံးဖြတ်


သျှမ်းသံတော်ဆင့်
 
ပြီးခဲ့သည့်မတ်ခ်ျလကုန်ပိုင်းက ထိုင်းနိုင်ငံချင်းမိုင်တွင် လက်နက်ကိုင် (အပစ်ရပ်/မရပ်) အဖွဲ့အများအပြားတွေ့ဆုံ ဆွေး နွေးရာ တိုင်းရင်း သားပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့ WGEC ၏ နိုင်ငံရေး ဆွေးနွေးရေးအတွက် မူဘောင်ကို မြန်မာ အစိုးရနှင့် နိုင်ငံရေး အခြေခံ ဆွေးနွေးဖို့အတွက် လက်ခံခဲ့ကြကြောင်းသိရသည်။

တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့ WGEC ၏ နိုင်ငံရေး ဆွေးနွေးရေးအတွက် မူဘောင်တွင်-
၁- အခြေခံမူ (Core-Principle)
၂- လမ်းပြမြေပုံ ၆ ချက်( Road Map)
၃- ဆွေးနွေးမည့်ခေါင်းစဉ်များ(Agenda/ Talking Point)
၎- ပါဝင်မည့်သူများ (Composition)
၅- ဖွဲ့စည်းပုံ (Structure)  စသည်တို့ ပါဝင်ပါသည်။