Tuesday, April 30, 2013

အဓမ္မ ပြုကျင့်မှုနှင့် သတ်ဖြတ်မှု ပလောင် ဒေသတွင် ဖြစ်ပွား

(ရွှေဟင်္သာသတင်းဌာန)

ရှမ်ပြည်နယ် မြောက်ပိုင်း မန်တုံ မြို့နယ် ရေပုံကျေးရွာတွင် အခြေစိုက် နေသော အစိုးရ ခမရ (၅၀၂)တပ်ရင်း စစ်ကြောင်း မှ တပ်သား များသည် ရေပုံး ကျေးရွာရှိ တအာင်း( ပလောင်) အမျိုးသမီး နှစ်ဦးကို ဧပြီလ ၁၉-၂၀ ရက်နေ့တွင် အတင်း အဓမ္မ ပြုကျင့် ခဲ့ကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး P.S.L.Fသတင်း ပြန်ကြားရေးက ဆိုပါသည်။

 ဧပြီ ၁၉ ရက်နေ့က ည ၉ နာရီ အချိန်ပေါ့ ရေပုံးရွာနေ အသက် ၃၇ နှစ်လောက် ရှိတဲ့ မုဆိုးမ (----) အိမ်ထဲ ၀င်ပြီး သူ့မ ပါးစပ်ကို ပိတ်ပြီး အတင်း အဓမ္မပြု ခဲ့တယ်။ ခမရ (၅၀၂) တပ်ရင်းက စစ်သား တစ်ဦးပေါ့။ သတင်းဖေါ်ရင် သတ်ပစ် မယ်လို့ ခြိမ်ခြောက် ထားတယ်။ အဲဒီလိုဘဲ ဧပြီလ၂၀ ရက်နေ့ မှာလည်း ခလရ (၅၀၂)ကဘဲ နောက်ထပ် စစ်သား တစ်ဦးက (-----)(ခေါ်) ကလေးအမေ တစ်ဦး ကိုလည်း လက်ဖက်ခံမှာ လဖက် ခူးနေတုန်း အတင်း အဓမ္မ ပြုကျင့်တယ် ပြီးတော့ ချိန်းခြောက် ထားတယ်လေ။ဟု ဆိုပါသည်။ 


လက်ဖက်ခံတွင် လက်ဖက် ခူးနေသော (----)အား  ခမရ(၅၀၂) စစ်သား တစ်ဦး ရောက်ရှိ လာပြီးတော့ သူ့မအား ဓါးဖြင့် ထောက်ပြီး  အတင်း အဓမ္မပြုကျင့် ခဲ့တယ်။ မ---- က သူမမှာ အိမ်ထောင်နှင့် ကလေး ရှိကြောင်း ငိုပြီးတောင်း ပန် ခဲ့သော်လည်း  မရကြောင်းနှင့် ဤသတင်း ပေါက်ကြားပါက မိသားစု အားလုံးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ ပါသည်။
အစိုးရ တပ်များသည် တအာင်း လွတ်မြောက်ရေး တပ်မတော် TNLA အား လွန်ခဲ့သည့် ဇန္နာဝါရီလဆန်း ကတည်းက စစ်ဆင်ရေး အရှိန်မြှင့် လာခဲ့ပါသည်။ စစ်ဆင်ရေး ကြောင့်လည်း ဒေသခံများ ထောင်နှင့် ချီပြီး စစ်ပြေး ဒုက္ခသည်များ ဖြစ်ပွား ခဲ့ပါသည်။ ဤအချိန်သည် ပလောင် ဒေသ၌ လက်ဖက်ခူး ရာသီ ဖြစ်ပါသည်။ ဤရာသီမျိုးတွင် TNLA သည် တိုက်ပွဲ ရှောင်လေ့ ရှိပါသည်။ သို့သော် အစိုးရတပ်များသည် ဤရာသီ မျိုးကို အသုံးချပြီး တချက်ခုတ် နှစ်ချက်ပြတ်ဖြင့် TNLA အား တိုးမြှင့် စစ်ဆင်လေ့ ရှိခဲ့ပါသည်။ 

ထို့အပြင် တချိန်ထဲ၌ စစ်ရေး ဗျူဟာ တခုဖြစ်သော ဒေသခံ လူထုအား ချုပ်ချယ် ညှင်းဆဲခြင်းနှင့် အဓမ္မပြုခြင်း နည်းကိုပါ ထပ်မံ အသုံးပြု လာခဲ့ပါသည်။ အစိုးရ တပ်များသည် စစ်ရေးနှင့် တွဲဖက်ပြီး သတ်ဖြတ် နှိပ်စက်ခြင်းနှင့် အဓမ္မပြုကျင့်သည့် နည်းကို စစ်ဗျူဟာ တခု အနေဖြင့် တိုင်းရင်းသား စစ်ပွဲ တိုင်း၌ ကျင့်သုံး လာခဲ့သည်မှာ ကြာလှပြီး ဖြစ်သည်ဟု စစ်ရေး အကဲခတ်များက ဆိုပါသည်။ အထူးသဖြင့် တိုက်ပွဲကြောင့် အစိုးရ ဖက်မထိခိုက်မှု များလေ ကျင့်သုံးလေ ဖြစ်ကြောင်း ဆိုပါ သည်။ 

စစ်ရေးနှင့် တွဲဖက်ပြီး ကျင့်သုံး လာသည့် အဓမ္မပြုကျင့်မှု များသည် ပေါ်လစီဖြစ်၍ အရေးယူမှု နည်းပါးကြောင်း ဆိုပါ သည်။ 
သတ်ဖြတ်မှု ပေါ်လစီတွင်လည်းမသင်္ကမှုအမည်ကို တပ်ပြီးနှိပ်စက် ညှင်းပမ်းပြီးသတ်ဖြတ်ပြလေ့ ရှိပါသည်။ဤအခြေအနေကိုကုလ သမဂ္ဂမှ စုံစမ်း အရေးယူ သင့်သည်ဟု ဒေသခံများက တောင်းဆို နေကြပါသည်။
နောက်ဆုံး ဖြစ်သော သတ်ဖြတ်မှုသည် ဧပြီလ ၂၀ရက်နေ့ မနက်ပိုင်အချိန်၌ ဖြစ်ပွား ခဲ့ပါသည်။  အစိုးရခမရ (၅၀၄) တပ်ရင်းမှ ၎င်းတို့ ဖမ်းဆီး ထားသော T.N.L.A ရဲဘော် ၃ ဦးကို ညှင်းပမ်း နှိပ်စက် စစ်ဆေးပြီး ဧပြီလ ဒုတိယ အပတ် နေ့လည် ၂ နာရီခန့် အချိန်တွင် သတ်ပစ် ခဲ့ပါသည်။

 “အဲဒီ ရဲဘော် ၃ ဦးရဲ့ အလောင်ကတော့   မိုင်းထွန်းတင် အသက်၂၀ ကျော်ကို ပန်စရီရွာမှာ တွေ့တယ်။ မိုင်းကျော်ခိုင် အသက် ၂၀ ကျော်ရဲ့ အလောင်ကိုတော့ နမ့်ဆန်မြို့နယ် မန်ဖတ် လမ်းမ ကြီးမှာ မြုပ်ထားပြီ:တော့ သူတို့ကိုယ်ပေါ်မှာ ရက်ရက် ဆက်ဆက် နှိပ်ဆက် ထားတဲ့ ဒဏ်ရာတွေ တွေ့တယ်။ ဟိုနမ်းကျေးရွာက မိုင်းပန်ဆေ အလောင်ကိုတော့  ခုထိ မတွေ့ရရှိသေးဟု ပြောပါသည်။

အစိုးရ တပ်များသည် TNLA အား တိုက်ခိုက်ခြင်း၊ ဒေသခံ လူထုအား မသင်္ကမှုဖြင့် နှိပ်စက် သတ်ဖြတ်ခြင်း၊ စစ်ပြေး ဒုက္ခသည် ဘ၀ဖြစ်စေခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် လူထု အကျိုး စီးပွားအား ထိခိုက် စေခြင်းသည် ၄င်းတို့ ကျင့်သုံးနေ သော စစ်ဆင်ရေး မဟာဗျူဟာ များသာ ဖြစ်ကြောင်း စစ်ရေး အကဲခတ်များက ဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။